← Chapters

တစ္ဆေမိစ္ဆာဂိုဏ်း၏လျှို့ဝှက်အကြံအစည်၊ မိစ္ဆာလမ်းစဉ်၏တိမ်တိုက်မည်းများ။

Vol. 3 Ch. 45

တစ္ဆေမိစ္ဆာဂိုဏ်း၏လျှို့ဝှက်အကြံအစည်၊ မိစ္ဆာလမ်းစဉ်၏တိမ်တိုက်မည်းများ။

Vol. 3 Ch. 45

ညဉ့်နက်သန်းခေါင်ယံ၊ အိမ်တစ်လုံးအတွင်း။

ဤသည်မှာ ရှုထျန်းဇယ်၏နေအိမ်ဖြစ်ပြီး၊ အိမ်အတွင်း၌ ကျင့်ကြံသူ နှစ်ယောက်၊သုံးယောက်ခန့်ရှိနေကာ ၎င်းတို့ပတ်ဝန်းကျင်လေထုထဲတွင် ကြောက်မက်ဖွယ် သေခြင်းတရား၏အငွေ့အသက်တစ်ခု လွှမ်းခြုံနေလေသည်။ တစ်ချက်ကြည့်ရုံမျှဖြင့် ၎င်းတို့သည် လူသတ်သမားများဖြစ်ကြောင်း သိနိုင်ပြီး ကျောချမ်းသွားကြမည် ဖြစ်၏။

“ဂျူနီယာညီလေးရှု၊ ဒီဝန်းကျင်က ကျင့်ကြံသူတွေရဲ့အခြေအနေကို စုံစမ်းပြီးပြီလား။”

အနက်ရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူတစ်ဦးက မေးလိုက်သည်။

“စိတ်မပူပါနဲ့ စီနီယာအစ်ကိုကြီး၊ ကျုပ် ဒီလမ်းပေါ်က ကျင့်ကြံသူတိုင်းရဲ့နောက်ခံကို စုံစမ်းပြီးပါပြီ။”

“ဒီလမ်းပေါ်မှာ နေထိုင်တဲ့ ကျင့်ကြံသူ အားလုံးပေါင်း ရှစ်ဆယ့်ခြောက်ယောက်ရှိတယ်။ သူတို့တစ်ယောက်ချင်းစီက အနည်းဆုံး ချီသန့်စင်ခြင်း အဆင့်(၇)မှာ ရှိပါတယ်။”

“ဒီကျင့်ကြံသူအများစုက အင်မော်တယ်ရှားဂိုဏ်းက ဖိတ်ခေါ်ခဲ့တဲ့ မိသားစုတွေကဖြစ်ပြီးတော့ အားလုံးက အခြေတည်ဆေးလုံးအတွက် ရောက်လာကြတာပဲ။”

“ဘာလိုပဲဖြစ်ဖြစ်၊ အင်မော်တယ်ရှားဂိုဏ်းက ဆုကြေးတွေကို တိုးမြှင့်ထားတယ်လေ။ လုံလောက်တဲ့ အကျိုးပြုမှုကိုသာ လုပ်နိုင်ရင် အခြေတည်ဆေးလုံးနဲ့ လဲလှယ်နိုင်မှာပဲ။”

ရှုထျန်းဇယ်က အနည်းငယ် ပြုံးလိုက်သည်။

“ကောင်းတယ်။”

အနက်ရောင်ဝင်ရုံနှင့် ကျင့်ကြံသူက ထိုသတင်းကို ကြားရ၍ ကျေနပ်သွားကာ “မီယွင်မြို့က တိမ်မြူခိုးတောင်တန်းတစ်ဝိုက်မှာ အင်မော်တယ်ရှားဂိုဏ်းရဲ့ အကြီးဆုံးအခြေစိုက်မြို့တစ်ခုပဲ။ ဒီနေရာက အရမ်းကို အရေးပါတယ်။”

“မီယွင်မြို့ကို သိမ်းပိုက်နိုင်ရင် ငါတို့ တစ္ဆေမိစ္ဆာဂိုဏ်းအတွက် အရမ်းကိုအကျိုးရှိမှာဖြစ်သလို၊ အင်မော်တယ်ရှားဂိုဏ်းကို ဆန့်ကျင်တိုက်ခိုက်ဖို့ အားသာချက်အနေနဲ့လည်း သုံးလို့ရတယ်။”

“ပြီးတော့ မြို့က တိမ်မြူခိုးတောင်တန်းအနီးမှာ ရှိပြီး နှစ်တစ်ရာကျော်ပြီဆိုတော့ ဘယ်လောက်တောင်များတဲ့ အရင်းအမြစ်တွေ စုဆောင်းထားလဲဆိုတာ ငါတို့ မသိနိုင်ဘူး။ မြို့ကိုသာ သိမ်းနိုင်ရင် ဒီမှာရှိသမျှအရင်းအမြစ်အားလုံး ငါတို့တစ္ဆေမိစ္ဆာဂိုဏ်းအပိုင် ဖြစ်လာမှာပဲ။ အဲ့ဒီအခါကျရင် အခြေတည်ဆေးလုံးတစ်လုံးဝယ်ဖို့ လုံလောက်တဲ့ ဝိညာဉ်ကျောက်တုံးတွေကို ငါတို့ စုဆောင်းနိုင်လောက်တယ်။”

သူ၏မျက်လုံးများထဲတွင် ရူးသွပ်မှုဖြင့် စိတ်လှုပ်ရှားနေသောအရောင်များ တောက်ပနေလေသည်။

အခြားကျင့်ကြံသူများသည်လည်း ထိုအတိုင်းပင် ခံစားနေရလေသည်။

မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများအတွက် အခြေတည်အဆင့်သို့ တက်လှမ်းရန်မှာ မယုံနိုင်လောက်အောင် ခက်ခဲ၍၊ လမ်းမှန်ဂိုဏ်းမှ ကျင့်ကြံသူများထက်ပင် ပိုပေသည်။

“ဒါပေမဲ့ စီနီယာအစ်ကိုကြီး၊ အိမ်နီးချင်းတွေနဲ့ ပတ်သက်ပြီး ထူးဆန်းတာတစ်ခုတော့ရှိတယ်။ ချီသန့်စင်ခြင်း အဆင့်(၄)ကျင့်ကြံသူတစ်ယောက်မှာ ချီသန့်စင်ခြင်း အဆင့်(၉)နဲ့ အဆင့်(၈) မိန်းမနှစ်ယောက်တောင် ရှိနေတယ်။ ဒါက တကယ်ကို စိတ်ကူးမယဉ်နိုင်လောက်စရာပဲ။”

ရှုထျန်းဇယ်က ရုတ်တရက် ကျိုးစွေ့အကြောင်းအား ဖောက်သည်ချလိုက်သည်။

“ဘာ၊ တကယ် ဒီလိုမျိုးရှိသေးတာလား။ ဒါပေမဲ့ ဒီလောကမှာ ထူးဆန်းတဲ့အရာတွေ များတော့ ၊ တွေးကြည့်ရင် အံ့ဩစရာတော့လည်း မဟုတ်ပါဘူး။ ပိုထူးဆန်းတဲ့ဖြစ်ရပ်တွေတောင် ဖြစ်တတ်သေးတာပဲ၊ ကြည့်ရတာ အဲ့ဒီကောင်လေးက စကားပြောကောင်းပြီး မိန်းမကျမ်းကြေလို့ နေမှာပေါ့ကွာ။”

“ဘာလဲ။ မင်းက အဲဒီမိန်းမနှစ်ယောက်ကို စိတ်ဝင်စားနေလို့လား။”

အနက်ရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူက ခပ်ဟဟရယ်မောလိုက်ပြီး သူသိပါတယ်ဟူသော အမူအရာအား ပြသလိုက်သည်။

မိစ္ဆာလမ်းစဉ်မှ တပည့်များအတွက် မယုံကြည်နိုင်စရာအရာများကိုပင် မြင်တွေ့ဖူးကြလေသည်။ သူတို့၏နည်းလမ်းများသည် သာမန်ကျင့်ကြံသူများထက် များစွာ ပို၍ ကြမ်းတမ်းရက်စက်လှပေသည်။

“ဟုတ်တယ်။ ကျွန်တော့်မှာ တခြားသူတွေဆီက စွမ်းအားစုပ်ယူနိုင်တဲ့ နည်းစနစ်တစ်ခုရှိတယ်။ ကျွန်တော်သာ အဲ့ဒီမိန်းမနှစ်ယောက်ဆီက စုပ်ယူနိုင်လိုက်လို့ကတော့ အခြေတည်အဆင့်ကို အောင်မြင်နိုင်ခြေ ဆယ်ရာခိုင်နှုန်းလောက် တိုးလာနိုင်တယ်။”

ရှုထျန်းဇယ်၏ မျက်ဝန်းများမှ အေးစက်စက် အလင်းတစ်ချက် လက်သွားလေသည်။

“မဆင်မခြင် မလုပ်နဲ့။ ငါတို့တစ္ဆေမိစ္ဆာဂိုဏ်း မလှုပ်ရှားခင် ရန်သူကို တပ်လှန့်လိုက်သလို ဖြစ်သွားမယ်။ မတော်လို့ မင်းသာ ဂိုဏ်းရဲ့အစီအစဉ်ကို ပျက်ဆီးစေမိလိုက်လို့ကတော့ မင်းကို အလွတ်ပေးမယ် မထင်ဘူး။”

အနက်ရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူက သတိပေးလိုက်သည်။

“စိတ်ချပါ စီနီယာအစ်ကိုကြီး၊ ကျွန်တော် မဆင်မခြင် မလုပ်ပါဘူး။”

အကျိုးအပြစ်များအား ရှုထျန်းဇယ် ကောင်းစွာသဘောပေါက်သည်။ ဂိုဏ်း၏ကိစ္စရပ်များနှင့် နှိုင်းယှဉ်လျှင်၊ သူ့ကိုယ်ပိုင်ရည်မှန်းချက်များက အရေးမပါချေ။

“မင်းနားလည်တာ ကောင်းတယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့ကွာ။ မီယွင်မြို့ကျဆုံးသွားတာနဲ့ မင်းရဲ့စီနီယာအစ်ကိုကြီးက အဲ့ဒီအမျိုးသမီးကျင့်ကြံသူတွေကို ဖမ်းဆီးဖို့ ကူညီပေးမှာပါကွ။ အဲ့ဒီအချိန်ကျရင် သူတို့ မလွတ်နိုင်ပါဘူး။”

အနက်ရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူက နှစ်သိမ့်လိုက်သည်။

“စီနီယာအစ်ကိုကြီး၊ ကျွန်တော့်တို့ဂိုဏ်း ဘယ်အချိန် စစ်ဆင်ရေးစမှာတဲ့လဲ။”

ရှုထျန်းဇယ်က စူးစမ်းလိုက်သည်။

“မပြောတတ်သေးဘူး”

အနက်ရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူက ခေါင်းခါပြလိုက်ပြီး “ဂိုဏ်းက အသင့်မဖြစ်သေးဘူး၊ ဒါပေမဲ့ ကြာတော့ ကြာမှာမဟုတ်ဘူး။ ငါတို့ တစ္ဆေမိစ္ဆာဂိုဏ်းက အင်မော်တယ်ရှားဂိုဏ်း ရွှေနီသ‌တ္တုကြောနဲ့ ဝိညာဉ်ကျောက်တုံးကြောကို အောင်အောင်မြင်မြင် တူးဖော်သွားမှာကို လက်ပိုက်ကြည့်နေကြမှာမဟုတ်ဘူး။”

“သူတို့သာ အောင်မြင်သွားလို့ကတော့ အရင်းအမြစ်တွေ ပိုများလာပြီး နောက်ထပ်ရွှေအမြုတေအဆင့်တစ်ယောက် မွေးထုတ်နိုင်လိမ့်မယ်…။ အဲ့လိုကိစ္စမျိုး ဖြစ်ခွင့်ပေးလို့မဖြစ်ဘူး…။ ငါတို့တစ္ဆေမိစ္ဆာဂိုဏ်းအနေနဲ့ အင်မော်တယ်ရှားဂိုဏ်းရဲ့ လှုပ်ရှားမှုတွေကို နှောင့်ယှက်ရမယ်။”

“တကယ်တော့ အင်မော်တယ်ရှားဂိုဏ်း ပိုအားကောင်းလာမှာကို မမြင်ချင်တာ ငါတို့ တစ္ဆေမိစ္ဆာဂိုဏ်းတစ်ခုတည်း မဟုတ်ဘူး။ လမ်းမှန်ဂိုဏ်းတချို့ကလည်း ငါတို့နဲ့သဘောတူထားပြီး ငါတို့ကို အတော်လေး အကူအညီပေးခဲ့တယ်ကွ။”

“ဒီလိုဆိုရင် ကျုပ်တို့လုပ်ဖို့လိုတာက အချိန်စောင့်ဖို့ပဲပေါ့။ ဂိုဏ်းရဲ့တိုက်ခိုက်မှုစတာနဲ့ ကျုပ်တို့က ဒီကနေပြီး ပူးပေါင်းဆောင်ရွက်လို့ရတယ်။ မီယွင်မြို့ကို သေချာပေါက် သိမ်းနိုင်မှာပဲ။”

ရှုထျန်းဇယ်၏ မျက်ဝန်းများတွင် အေးစက်စက် အလင်းတစ်ချက်လက်သွားပြီး ကိုယ်မှ မိစ္ဆာချီအငွေ့အသက်တစ်ချို့ ထွက်ပေါ်လာသည်။

…

သုံးလကြာပြီးနောက် မီယွင်မြို့တွင် ဆောင်းရာသီ ကျရောက်လာလေသည်။

အပြင်ဘက်တွင် နှင်းများထူထပ်စွာ ကျဆင်းနေလေသည်။ နှင်းဖုံးသော ရှုခင်းသည် မျက်စိပသာဒဖြစ်စရာကောင်းသော်လည်း အလွန်အမင်းထိုးကျသွားသော အပူချိန်မှာမူ ဟာသမဟုတ်ပေ။

အအေးဒဏ်အား မြင့်မားစွာခံနိုင်ရည်ရှိသော ကျင့်ကြံသူများပင်လျှင် ခိုက်ခိုက်တုန်နေရပေသည်။ အများစုသည် အိမ်တွင်း၌သာ နေထိုင်ရန် ရွေးချယ်ကြပြီး၊ အပြင်ထွက်သည်မှာ ရှားလှချေသည်။ ထိုသို့ဖြင့် လမ်းမများသည် အတော်လေးခြောက်ကပ်နေလေတော့သည်။

ဤသုံးလအတွင်း ကျိုးစွေ့သည် တစ်ကြိမ်မျှပင် အပြင်မထွက်ပဲ အိမ်တွင်းအောင်းကာ ကျင့်ကြံမှုအပေါ် အာရုံစိုက်ထားလေသည်။

အထောက်အပံ့များ ဝယ်ယူရန်လိုအပ်သည့်အခါတွင်ပင်၊ ကိုယ်ပွားတစ်ဦးအား စေလွှတ်၍ ကိုယ်တိုင်ကမူ ကျင့်ကြံမှုအား တိုးမြှင့်နိုင်ရန် အပြင်းအထန်ကျင့်ကြံနေလေသည်။

ယင်းက သူ၏အနာဂတ်ကျင့်ကြံမှုအတွက် အကျိုးရှိပေသည်။

“မဆိုးဘူး။”

ကိုယ်ပိုင်ကျင့်ကြံခန်းထဲတွင် ကျိုးစွေ့သည် ခြေချိတ်ထိုင်နေပြီး၊ အချက်အလက်ပြမျက်နှာပြင်အား ကြည့်ရှုနေသည်။

[ ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံမှု - ချီသန့်စင်ခြင်း အဆင့်(၆) (တိုးတက်မှု ၃၅%)၊ သက်တမ်း - ၂၀ (၁၂၀နှစ်) ]

[ ပင်ကိုယ်ပါရမီ - အဌမအဆင့်စိတ်ဝိညာဉ်အမြစ် (၉၅%) ]

[ ဓားသိုင်းပညာ - ပထမအဆင့် ထိပ်တန်းအဆင့် (၆၅%) ]

[ အဆောင်ပညာ - ပထမအဆင့် ထိပ်တန်းအဆင့် (၁၅%) ]

[ အစီအရင်ပညာ - ပထမအဆင့် အလယ်အလတ်အဆင့် (၁၅%) ]

[ နတ်ဆိုးအသွင်ပြောင်းပညာရပ် - ကျွမ်းကျင်ပိုင်နိုင်မှုအဆင့် (၅၅%) ]

[ မီးလုံးပညာ - အသေးစားအောင်မြင်မှုအဆင့် (၈၅%)၊ လေဓားသွားပညာ - ကနဦးအဆင့်၊ ရွှေအလင်းပညာ - ကနဦးအဆင့်၊ ရေခဲနှင်းပညာ - ကနဦးအဆင့်၊ နွေလေမိုးပညာ - ကနဦးအဆင့်၊… ]

တိုးတက်မှုများ ထပ်မံပြုလုပ်နိုင်ခဲ့ပြီး၊ သူသည် ချီသန့်စင်ခြင်း အဆင့်(၇)၏ နယ်နမိတ်နှင့် များစွာ မကွာဝေးတော့ပုံ ရလေသည်။

သို့သော် သူ၏အဌမအဆင့်စိတ်ဝိညာဉ်အမြစ်ကြောင့် တိုးတက်မှုသည် အတော်ပင် နှေးကွေးလေသည်။

ပင်ကိုယ်ကျင့်ကြံခြင်းဖြင့်သာ ကြိုးစားပမ်းစားကျင့်ကြံနေပါက၊ အနည်းဆုံး ငါးနှစ်မရှိဘဲ ချီသန့်စင်ခြင်း အဆင့်(၇)သို့ တက်လှမ်းရန် အိပ်မက်ပင်မမက်ရဲချေ။

မည်သို့ပင်ဖြစ်စေ၊ ချီသန့်စင်ခြင်း အဆင့်(၆)နှင့် အဆင့်(၇)ကြားရှိ နယ်နမိတ်သည် သာမန်ကျင့်ကြံသူများ များသောအားဖြင့် ဆယ်နှစ်ကျော်ကြာ ရုန်းကန်ရသော အတားဆီးငယ်တစ်ခုဖြစ်ပြီး အချို့ဆိုလျှင် နှစ်နှစ်ဆယ်ခန့်ပင် ကြာတတ်ပေသည်။

သို့သော် သူ၏အဌမအဆင့်စိတ်ဝိညာဉ်အမြစ်သည် တိုးတက်ပြောင်းလဲတော့မည်ဖြစ်၏။ သူ၏လက်တွဲဖော်သုံးဦးနှင့် မကြာခဏ ထပ်မံကျင့်ကြံလိုက်ပါက သူ၏စိတ်ဝိညာဉ်အမြစ်သည် သတ္တမအဆင့်စိတ်ဝိညာဉ်အမြစ်သို့ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားပေမည်။

ထိုအခါ၌ သူ၏ကျင့်ကြံမှုအရှိန်သည် များစွာတိုးတက်လာပေမည်။

“အင်း၊ လက်တွဲဖော်များများရှိတာက ကောင်းတဲ့အရာပဲ။ ငါ့ရဲ့စိတ်ဝိညာဉ်အမြစ်ရဲ့ တိုးတက်မှုအရှိန်ကလည်း သိသိသာသာကို မြန်ဆန်လာတယ်။”

ကျိုးစွေ့က မေးစေ့ပွတ်လိုက်သည်။

သူ၏သုံးသပ်ချက်အရ အချိန်တချို့ ကြာပြီးနောက်တွင် သူ၏စိတ်ဝိညာဉ်အမြစ်သည် ထပ်မံ၍တိုးတက်ပြောင်းလဲသွားပေမည်။ ထိုအရာအားလုံးအတွက် ရှားကျင်းယန်အား ကျေးဇူးတင်ရပေမည်။ လက်တွဲဖော် ပိုများလာခြင်းက သူ၏စိတ်ဝိညာဉ်အမြစ်အား ပို၍ပင် မြန်ဆန်စွာတိုးတက်စေသည်။

ကျိပင်းယွီနှင့် မုဇီယန်တို့ မတတ်နိုင်တော့သည်အခါများတွင် သူသည် ရှားကျင်းယန်ဆီသို့ အသာလေး အပြေးသွားကာ တူနှစ်ကိုယ်ကျင့်ကြံခဲ့လေသည်။

“ဟူး…ဒီအတိုင်း ဆက်သွားလို့တော့ မဖြစ်တော့ဘူး။ ငါ့ခန္ဓာကိုယ်က တောင့်မခံနိုင်တော့ဘူး။ ငါ ခန္ဓာကိုယ်ကြံ့ခိုင်ရေးပညာရပ်တစ်ခုတော့ ကျင့်ကြံဖို့ လိုနေပြီ။”

လက်တွဲဖော်သုံးဦးနှင့် နေ့မအား၊ညမအား ကျင့်ကြံခဲ့သည့်အချိန်များအား ပြန်စဉ်းစားလိုက်ကာ ကျိုးစွေ့၏မျက်နှာက ဖြူဖျော့သွားလေသည်။

သူ၏ရုပ်ခန္ဓာဖွဲ့စည်းပုံနှင့်တောင်မှ……။

ဤအတိုင်းသာ ဆက်သွားပါက၊ သူ ဆန္ဒမရှိလျှင်ပင် ခန္ဓာကိုယ်သည် ခြောက်ကပ်သွားပေတော့မည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံကို မြှင့်တင်ခြင်းသည် အရေးတကြီး လိုအပ်သော ကိစ္စတစ်ရပ်ဖြစ်လေသည်။

သို့သော် လက်ရှိတွင် သူ့၌ ခန္ဓာကိုယ်ကြံ့ခိုင်ရေး ပညာရပ်များစွာ မရှိသေးပေ။

All Chapters