← Chapters

မီးလျှံနီ မျိုးနွယ်၏ ကျိန်စာ...

Vol. 53 Ch. 781

မီးလျှံနီ မျိုးနွယ်၏ ကျိန်စာ...

Vol. 53 Ch. 781

~မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲသည် မကြာမီမှာပင် မြင့်မားသော မျှော်စင်၏ အောက်ခြေသို့ ဆိုက်ရောက်သွားခဲ့၏။ ထိုနေရာတွင် အမွေအနှစ်များကို ရှာဖွေနေကြသော အနီရောင်မျိုးနွယ်ဝင်များနှင့် ယွီမျိုးနွယ်မှ ကျင့်ကြံသူများစွာ ရှိနေခဲ့သည်။ မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲ ရုတ်တရက် ပေါ်ထွက်လာသောအခါ သူတို့အားလုံးမှာ အချင်းချင်း ကြည့်လိုက်ကြပြီး တီးတိုးစကားဆိုသံများ ညံသွားတော့သည်။

"ဒါ မင်းတို့ မျိုးနွယ်ဝင်တစ်ယောက်လား။ ငါ ဘာလို့ သူ့ကို တစ်ခါမှ မမြင်ဖူးရတာလဲ။"

မီးလျှံတာအိုကို ကျင့်ကြံသော ယွီမျိုးနွယ်မှ ပါရမီရှင်လူငယ်တစ်ဦးက သူ၏ အနီရောင်မျိုးနွယ်မှ မိတ်ဆွေကို မေးလိုက်သည်။

အနီရောင်မျိုးနွယ်မှ ကျင့်ကြံသူက ရှုပ်ထွေးစွာဖြင့် ခေါင်းခါပြလိုက်သည်။

"ငါ အနီရောင်မျိုးနွယ်မှာ ဒီလောက်ကြာကြာနေလာတာ ဒီပုဂ္ဂိုလ်ကို တစ်ခါမှ မမြင်ဖူးဘူး။"

"အာ။ ဒါဆို မင်းတို့မျိုးနွယ်က ကမ္ဘာနဲ့အဆက်ဖြတ်ကျင့်ကြံနေတဲ့ ဘိုးဘေးတွေထဲက တစ်ပါးများလား။ ဒီအရှိန်အဝါက လုံးဝ ထောက်လှမ်းလို့မရဘူး၊ အရမ်း အားကောင်းမှာပဲနော်" ဟု ယွီမျိုးနွယ်မှ ပါရမီရှင်က အနည်းငယ် အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်၏။

"အဲ့ဒီလို ဖြစ်နိုင်လောက်တယ်" ဟု အနီရောင်မျိုးနွယ်မှ ကျင့်ကြံသူက အနည်းငယ်တွေဝေစွာဖြင့် ပြန်လည်ဖြေကြားလိုက် လေသည်။

ဤသို့သော စကားဝိုင်းမျိုးသည် မျှော်စင်အောက်ခြေရှိ နေရာအသီးသီးတွင် ဖြစ်ပွားနေခဲ့သည်။

အနီရောင်မျိုးနွယ်နှင့် ယွီမျိုးနွယ်မှ ကျင့်ကြံသူများ အလုပ်ရှုပ်စွာ ဆွေးနွေးနေကြစဉ်မှာပင် မျှော်စင်၏ ထိပ်တွင် အနီဖျော့ရောင် အလင်းတန်းတစ်ခု တဖျပ်ဖျပ်လင်းလက်သွားပြီး အရိပ်အကြွင်းအကျန်တစ်ခု ပေါ်ထွက်လာခဲ့သည်။

ထိုအရိပ်အကြွင်းအကျန်ကို မြင်သောအခါ အနီရောင်မျိုးနွယ်နှင့် ယွီမျိုးနွယ်မှ ကျင့်ကြံသူများသည် ချက်ချင်းပင် ရိုသေလေးစားသော အမူအရာများသို့ ပြောင်းလဲသွားကြသည်။

"စီနီယာ အရိပ်အကြွင်းအကျန်ပဲ။"

"စီနီယာ အရိပ်အကြွင်းအကျန် ထွက်လာပြီလား။ ဒီအနီရောင်မျိုးနွယ်က အကြီးအကဲကြောင့်များလား။"

"…"

မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲနှင့် အနီဖျော့ရောင် အရိပ်အကြွင်းအကျန် နှစ်ဦးစလုံးသည် အောက်ခြေမှ ဆွေးနွေးသံများကို အာရုံမစိုက်ခဲ့ကြပေ။

အနီဖျော့ရောင် အရိပ်အကြွင်းအကျန်ကို မြင်သောအခါ မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲ၏ ကိုယ်သည် တုန်ယင်သွားပြီး သူ၏ မျက်ဝန်းများမှာ ချက်ချင်းပင် စိုစွတ်လာခဲ့၏။ သူ၏ အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော မျက်နှာမှာ

တုန်ခါနေပြီး အက်ကွဲနေသော အသံဖြင့် မေးမြန်းလိုက်သည်။

"ဘိုးဘေးအင်မော်တယ်… တကယ်ပဲ… တကယ်ပဲ ဘိုးဘေးကိုယ်တိုင်လား "

ထိုသို့ လျှောက်တင်ရင်း မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲသည် လေထဲတွင်ပင် ဒူးထောက်လိုက်ပြီး ရိုသေစွာ လျှောက်တင်လိုက်သည်။

"အသုံးမကျတဲ့ မီးလျှံနီ မျိုးနွယ် မျိုးဆက်က ဘိုးဘေးအင်မော်တယ်ကို ဂါရဝပြုပါတယ်။"

အင်မော်တယ်ဘုရင်၏ အရိပ်အကြွင်းအကျန်မှာလည်း စိတ်လှုပ်ရှားသွားပြီး သက်ပြင်းကို ညင်သာစွာ ချလျက်

"ထပါတော့ကွယ်၊ မျိုးဆက်သစ်လူငယ်တွေ ဒီလောက်များများ ရှိနေတာ၊ ငါတို့ ရယ်စရာအဖြစ် မခံကြရအောင်" ဟု မိန့်ကြားလိုက်သည်။

မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲသည် မတ်တပ်ရပ်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

အင်မော်တယ်ဘုရင် အရိပ်အကြွင်းအကျန်သည် မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲကို တစ်ချက်ကြည့်လိုက်ပြီးနောက် ယခုလေးတင် ရောက်ရှိလာသော လုရီနှင့် အခြားသူများဘက်သို့ လှည့်လိုက်၏။ သူက လုရီကို ကျေးဇူးတင်သော အပြုံးဖြင့် ပြုံးပြရင်း ဆို၏။

"မိတ်ဆွေလု၊ မင်း တကယ်ပဲ ငါ့ရဲ့ မျိုးနွယ်ဝင်တွေကို ရှာတွေ့လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ

မမျှော်လင့်ခဲ့ဘူး။ ကျေးဇူးတင်ပါတယ်ကွာ" ဟု ဆို၏။

လုရီက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး စီနီယာ။

စီနီယာက ကျွန်တော့်ကို ဒီလောက် တန်ဖိုးကြီးတဲ့ အင်မော်တယ် ဘုရင်သိုင်းကျမ်းကို လက်ဆင့်ကမ်းပေးခဲ့တာက ကြီးမားလှတဲ့ ကျေးဇူးတရား တစ်ခုပါပဲ။ ဒီလို သာမန် ကိစ္စလေးက အဲ့ဒါနဲ့ နှိုင်းယှဉ်ရင် ဘာမှ မဟုတ်ပါဘူး။"

အင်မော်တယ်ဘုရင် အရိပ်အကြွင်းအကျန်ကို မြင်သောအခါ မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲသည် လုရီ ယခင်က ပြောခဲ့သမျှအားလုံးမှာ အမှန် ဖြစ်ကြောင်း စိတ်ချသွားပြီး

လုရီအပေါ် သူ၏ သဘောထားမှာ သိသိသာသာ ပိုမို ကောင်းမွန်လာခဲ့သည်။

သူက ကျေးဇူးတင်စွာဖြင့် တုံ့ပြန်လိုက်သည်။

"မိတ်ဆွေလုရဲ့ ကြိုးပမ်းမှုတွေက သာမညတော့ မဟုတ်ခဲ့ပါဘူး၊ အကယ်၍သာ မိတ်ဆွေလုက ဒီအဘိုးကြီးကို ရှာဖွေဖို့ ကြိုးပမ်းမပေးခဲ့ဘူးဆိုရင် ဘိုးဘေးအင်မော်တယ်က ဒီစကြဝဠာထဲမှာ ခြေရာတွေ ကျန်နေသေးတယ်ဆိုတာကို

ဒီအဘိုးကြီး ဘယ်တော့မှ သိမှာ မဟုတ်ဘူး။ ဒီနေရာမှာတော့ ငါက မင်းကို ကျေးဇူးတင်ရမှာပါ"

ထိုသို့ ဆိုရင်း မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲသည် လုရီကို ခါးကိုင်း၍ ဦးညွှတ်လိုက်လေသည်။

လုရီက လျင်မြန်စွာ ကြားဝင်လိုက်၏။

"စီနီယာ၊ ဘာလို့ ဒီလောက် အရေးပါတဲ့ အရိုအသေပြုမှုကို ပေးနေရတာလဲ။"

ထိုအခါ မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲမှာမူ ခေါင်းမာစွာဖြင့် လေးနက်စွာ ဆို၏။

"ငါ့ဘဝမှာ ဘိုးဘေး အင်မော်တယ်ကို မြင်တွေ့ခွင့်ရလိုက်တာက ငါ့ဘဝကြီး တစ်ခုလုံး အလဟဿ မဖြစ်ခဲ့ဘူးလို့ ခံစားရတယ်ကွယ်။ ဒါက ငါတို့ မီးလျှံနီ မျိုးနွယ်အတွက် ကြီးမားတဲ့ အဓိပ္ပာယ် ရှိတယ်၊ မင်း ဒီဂါရဝပြုမှုကို ခံယူထိုက်ပါတယ်။"

မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲ မည်မျှ စိတ်ပိုင်းဖြတ်ထားသည်ကို မြင်သောအခါ လုရီသည် သူ့ကို ဆက်လက်၍ မဖျောင်းဖျတော့ပေ။

အခမ်းအနားပြီးဆုံးပြီးနောက် အနီဖျော့ရောင် အရိပ်အကြွင်းအကျန်က နောက်ဆုံးတွင် မိန့်ကြားလိုက်သည်။

"မျှော်စင်ထဲ ဝင်ကြစို့၊ ငါ မီးလျှံနီ မျိုးနွယ်ရဲ့ လက်ရှိအခြေအနေကို နားလည်ချင်တယ်"

မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲက အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။

လုရီသည်လည်း သူတို့၏ နောက်သို့ မျှော်စင်ထဲသို့ လိုက်ပါသွားပြီး သူ ပထမဆုံးဝင်ရောက်စဉ်က သွားရောက်ခဲ့သော ကျယ်ဝန်းသည့် နေရာသို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားသည်။

အနီဖျော့ရောင် အရိပ်အကြွင်းအကျန်သည် လူတိုင်းကို စားပွဲ တစ်လုံးတွင် ထိုင်စေပြီးနောက် မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲဘက်သို့ လှည့်လိုက်သည်။

"ပြောပြပါဦး၊ မီးလျှံနီ မျိုးနွယ် အခု ဘယ်လိုအခြေအနေ ရှိနေလဲ။"

ဤစကားကို ကြားသောအခါ မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲ၏ မျက်နှာအမူအရာမှာ အနည်းငယ် ခါးသက်သွားပြီး ခြောက်ကပ်သော အသံဖြင့် လျှောက်တင်လိုက်သည်။

"ဘိုးဘေး အင်မော်တယ်ကို ပြန်လည် လျှောက်တင်ရမယ်ဆိုရင်… မီးလျှံနီ မျိုးနွယ်ဟာ မျိုးတုံးလုနီးပါး အခြေအနေကို ရောက်နေပါပြီ"

ထိုစကားကို ကြားရသောအခါ အနီဖျော့ရောင် အရိပ်အကြွင်းအကျန်၏ ပုံရိပ်မှာ ခေတ္တမျှ လှုပ်ခတ်သွားသော်လည်း မကြာမီမှာပင် ပြန်လည်တည်ငြိမ်သွားသည်။

သူက သက်ပြင်းကို ညင်သာစွာ ချလျက်

"ရိုးရိုးသားသား ပြောရရင် ငါ ထွက်ခွာသွားပြီးနောက် မင်းတို့ ငါတို့ရဲ့ မျိုးရိုးစဉ်ဆက်ကို အခုချိန်အထိ ထိန်းသိမ်းထားနိုင်လိမ့်မယ်လို့ ငါ

မမျှော်လင့်ခဲ့ပါဘူး… ပြောပြပါဦး၊ မင်းတို့ ဘာလို့ မျိုးတုံးလုနီးပါး ဖြစ်သွားရတာလဲ"

ထိုအခါ မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲ၏ မျက်နှာအမူအရာမှာ ထူးဆန်းသွားပြီး ပြန်ဖြေလေ၏။

"တိကျတဲ့ အခြေအနေကိုတော့ ဒီအဘိုးကြီးက ရှင်းရှင်းလင်းလင်း မသိပါဘူး၊ ကျွန်တော်တို့

မျိုးနွယ် စတင် ကျဆုံးချိန်တုန်းက ကျွန်တော်

မမွေးသေးလို့ပါပဲ။ တပည့် ငယ်စဉ်က အကြီးအကဲတွေဆီကနေပဲ ကြားသိခဲ့ရတာပါ။ ဘိုးဘေးအင်မော်တယ် ကျိုယို ငရဲထဲကို ဝင်ရောက်သွားပြီးနောက် ကျွန်တော်တို့ မီးလျှံနီ

မျိုးနွယ်ဟာ ဘိုးဘေးအင်မော်တယ်ရဲ့ အမွေအနှစ်နဲ့ ကျွန်တော်တို့ ကိုယ်ပိုင် အမွေအနှစ်တွေကို အားကိုးပြီး စကြဝဠာထဲမှာ နှစ်ပေါင်းများစွာ ထိပ်တန်း အင်အားစု တစ်ခုအဖြစ် ဆက်လက် တည်ရှိနေခဲ့ပါတယ်"

"ဘိုးဘေး အင်မော်တယ်နဲ့ တခြား အင်မော်တယ်ဘုရင်တွေ၊ ဧကရာဇ်တွေ ကျိုယိုငရဲထဲကို ဝင်ရောက်သွားပြီးနောက် ကျိုယိုငရဲက ကျူးကျော်မှုတွေကို ဟန့်တားထားနိုင်ခဲ့ပါတယ်၊ အကြီးအကဲတွေရဲ့ ပြောစကားအရ အဲ့ဒီအချိန်ကာလက စကြဝဠာ တစ်ခုလုံးမှာ အတည်ငြိမ်ဆုံးသော ခေတ်ကာလ တစ်ခု ဖြစ်ခဲ့ပါတယ်ခင်ဗျာ။"

မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲသည် ခေတ္တရပ်တန့်သွားပြီး သူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားကာ ဆက်လက်၍

"ဒါပေမဲ့ နောက်ပိုင်းမှာတော့ အရာအားလုံး ပြောင်းလဲသွားခဲ့တယ်။ ကျိုယိုငရဲမှာ ပုံမှန်မဟုတ်တဲ့ အဖြစ်အပျက် တစ်ခု ဖြစ်ပွားခဲ့ပုံ ရပြီး ကျိုယိုမိစ္ဆာအများအပြား ကျိုယိုကမ္ဘာကနေ

ကျွန်တော်တို့ စကြဝဠာထဲကို ရောက်ရှိလာခဲ့ပေ

မယ့် ဘိုးဘေးအင်မော်တယ်နဲ့ တခြား

အင်မော်တယ်ဘုရင်တွေ၊ ဧကရာဇ်တွေကတော့ ပြန်မလာခဲ့ကြပါဘူး။ တစ်ချိန်က တည်ငြိမ်ခဲ့တဲ့ ဒီစကြဝဠာဟာ နောက်တစ်ကြိမ် မငြိမ်မသက်မှုတွေထဲကို ထိုးကျသွားခဲ့ပြီး ဒီတစ်ခါမှာတော့

ဘိုးဘေးတို့ မရှိတော့တဲ့အတွက် အစွမ်းထက်တဲ့ ကျိုယိုမိစ္ဆာတွေကို ရင်ဆိုင်ရင်း စကြဝဠာထဲက အဓိက အင်အားစုတွေဟာ ပိုပြီးတော့တောင် ပရမ်းပတာ ဖြစ်သွားခဲ့ကြတယ်။ အဲ့ဒီအချိန်အတောအတွင်းမှာ ကျွန်တော်တို့ အနီရောင် မျိုးနွယ်လည်း ဆုံးရှုံးမှုအကြီးအကျယ် ခံစားခဲ့ရပါတယ်။ ဒါ့အပြင် တခြားအင်အားစုတွေက ကျွန်တော်တို့ ကိုင်စွဲထားတဲ့ အရင်းအမြစ် အမျိုးမျိုးနဲ့ အင်မော်တယ်ဘုရင် သိုင်းကျမ်းတွေကို မျက်စိကျနေခဲ့တော့ အဲ့ဒီအင်အားစုတွေက အခွင့်ကောင်းယူပြီး ကျွန်တော်တို့ကို လုယက်တိုက်ခိုက်ခဲ့ကြတယ်။ အဲ့ဒါက ကျွန်တော်တို့ အနီရောင် မျိုးနွယ်အတွက် အမှောင်မိုက်ဆုံးသော အချိန်ကာလတစ်ခုပါပဲ၊ဘိုးဘေး"

ဤစကားကို ကြားသောအခါ အနီဖျော့ရောင် အရိပ်အကြွင်းအကျန်သည် မျက်မှောင်ကို နက်ရှိုင်းစွာ ကြုတ်လိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ လေးနက်တည်ကြည်သွားသည်။

လုရီနှင့် လျိုနင်ရွှမ်းတို့သည်လည်း ဤစကားကို ကြားရသောအခါ မျက်မှောင်အနည်းငယ် ကြုတ်မိလိုက်ကြသည်။

အင်မော်တယ်ဘုရင်သည် ဤသို့သော

မငြိမ်မသက်မှုများကြားတွင် ကျိုယိုမိစ္ဆာများကို ကိုယ်ကျိုးမဖက် ခုခံကာကွယ်ရန် ကျိုယိုငရဲသို့ သွားရောက်ခဲ့သည်။ ဤသို့သော အချိန်မျိုးတွင် အနီရောင်မျိုးနွယ်ကို ပစ်မှတ်ထားသော အင်အားစုများ ရှိနေလိမ့်မည်ဟုတော့ မမျှော်လင့်ခဲ့ကြပေ။

All Chapters