← Chapters

ကောင်းကင်နတ်ဆိုးကို သုတ်သင်ခြင်း

Vol. 60 Ch. 887

ကောင်းကင်နတ်ဆိုးကို သုတ်သင်ခြင်း

Vol. 60 Ch. 887

ယခုအချိန်တွင် နန်းတွင်းစာကြည့်ခန်းထဲ၌ အကြောက်ရွံ့နေဆုံးသူမှာ ကောင်းကင်နတ်ဆိုးလည်း မဟုတ်သလို လျှိုချင်းချိုနှင့် မုယန်စီတို့လည်း မဟုတ်ကြပေ။ ထိုသူက တိုင်ယင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည်။

လုချန်းတွင် နတ်ဆိုးစွမ်းအင်ကို ထိရောက်မှုနှင့် ကြီးမားစွာ ဖိနှိပ်နိုင်သည့် ထိုသို့သော အစွမ်းထက်ပစ္စည်းတစ်ခု ပိုင်ဆိုင်လိမ့်မည်ဟု သူ တစ်ခါမှ မတွေးဖူးပေ။ ယခုအခြေအနေအရ သူတို့မသေလျှင်တောင်မှ ထွက်ပြေးရန် ကြိုးစားသည်နှင့် ကောင်းကင်နတ်ဆိုးက သူ့ကို သတ်မှာ သေချာသည်။

ကောင်းကင်နတ်ဆိုးကို ဤအန္တရာယ်ရှိသောနေရာသို့ ခေါ်ဆောင်လာခဲ့သူမှာ သူဖြစ်ပြီး ကောင်းကင်နတ်ဆိုးက သူနှင့် လုချန်းပူးပေါင်းကြံစည်သည်ဟု သံသယဝင်ကောင်း ဝင်သွားနိုင်သည်။

ထိုသို့တွေးမိရင်း တိုင်ယင်ဂိုဏ်းချုပ်၏ မျက်နှာသည် သွေးမရှိတော့သလို ဖြူဖျော့သွားသည်။

ဒီလိုဆက်သွားလို့မဖြစ်ပါ။

သူ ဤကျိန်စာသင့်သောနေရာမှ ထွက်သွားရမည်။ အကြောင်းမှာ လုချန်း သို့မဟုတ် ကောင်းကင်နတ်ဆိုးတို့ ဖြစ်ပျက်နေသည့်အရာကို နားလည်သွားသည်နှင့် သူ သေလျှင်ပင် မြေမြှုပ်စရာပင် ရှိတော့မည် မဟုတ်ပေ။

လုချန်း၏လက်ထဲမှ အလံသည် နတ်ဆိုးစွမ်းအင်ကို ဖိနှိပ်ရာတွင် အလွန်အားကောင်းလွန်းသဖြင့် ကောင်းကင်နတ်ဆိုးပင်လျှင် သူ့ကို ယှဉ်နိုင်မည်မဟုတ်ပေ။

ထိုသို့တွေးလိုက်သည်နှင့် တိုင်ယင်ဂိုဏ်းချုပ် ရုတ်တရက် ဓားဆွဲထုတ်ကာ မိမိကိုယ်ကို အဆုံးစီရင်လိုက်သည်။

ဤရုတ်တရက် လုပ်ရပ်က နန်းတွင်းစာကြည့်ခန်းရှိ လူတိုင်းကို မှင်တက်သွားစေခဲ့၏။ လုချန်းအပါအဝင် အခြားသူအားလုံးက တိုင်ယင်ဂိုဏ်းချုပ် ကြောက်လန့်ပြီး မိမိကိုယ်ကို အဆုံးစီရင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သို့သော်…

တစ်ခုခုတော့ မမှန်သလိုဖြစ်နေသည်။

တိုင်ယင်ဂိုဏ်းချုပ်သည် မိမိကိုယ်ကို အဆုံးစီရင်မည့် အမျိုးအစားဟု လုချန်း မထင်ပါ။

ဒီလူက…

တိုင်ယင်ဂိုဏ်းချုပ်က အဘယ်ကြောင့် ဤသို့လုပ်ခဲ့သည်ကို လုချန်း မတွေးတတ်မီတွင် ကောင်းကင်နတ်ဆိုးက ရုတ်တရက် ဟိန်းဟောက်လိုက်သည်ကို ကြားလိုက်ရသည်။

“မင်းက ငါ့ကို ဒီကိုခေါ်လာပြီးတော့ ထွက်ပြေးနိုင်မယ် ထင်နေတုန်းပဲလား။”

သူစကားပြောနေရင်းပင် ကောင်းကင်နတ်ဆိုးက လေထဲသို့ လက်လှမ်းလိုက်၏။ နောက်တစ်ခဏတွင် တိုင်ယင်ဂိုဏ်းချုပ်၏ အနီရောင် ဝိညာဉ်ပုံရိပ် သူ၏လက်ထဲတွင် ပေါ်လာသည်။

ကောင်းကင်နတ်ဆိုး၏လက်ထဲတွင် တိုင်ယင်ဂိုဏ်းချုပ်၏ ဝိညာဉ်ပုံရိပ်ကို မြင်သောအခါမှ ထိုလူက မိမိကိုယ်ကို သတ်သေခြင်းဖြင့် သူ၏ဝိညာဉ်ကို ခန္ဓာကိုယ်မှ လွတ်မြောက်စေခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။ ဤဒုက္ခများသောနေရာမှ တိတ်တဆိတ် ထွက်ပြေးရန် သူ ရည်ရွယ်ခြင်းဖြစ်သည်။

သို့သော် ဝိညာဉ်များနှင့် နတ်ဆိုးစွမ်းအင်ကို အာရုံခံနိုင်စွမ်းအားကောင်းသော ကောင်းကင်နတ်ဆိုးက တိုင်ယင်ဂိုဏ်းချုပ် ထွက်ပြေးရန်ကြိုးစားနေသည်ကို မည်သို့ မခံစားမိပဲ နေမည်နည်း။ တိုင်ယင်ဂိုဏ်းချုပ်၏ အစီအစဉ် လုံးဝ မအောင်မြင်ခဲ့ပေ။

ယခု ကောင်းကင်နတ်ဆိုး၏ လက်ထဲတွင် အဖမ်းခံထားရသော တိုင်ယင်ဂိုဏ်းချုပ်က ထိတ်လန့်စွာဖြင့်

“သနားပါ ကောင်းကင်နတ်ဆိုးသခင်။ လုချန်းမှာ နတ်ဆိုးစွမ်းအင်ကို ဖိနှိပ်နိုင်တဲ့ ဒီလို အစွမ်းထက်ပစ္စည်း ရှိနေမှန်း ကျွန်တော် မသိခဲ့ပါဘူး။”

ကောင်းကင်နတ်ဆိုးက တိုင်ယင်ဂိုဏ်းချုပ်၏ ဆင်ခြေများကို နားမထောင်ခဲ့ ပေ။ မဆိုင်းမတွပင် သူ၏ပါးစပ်ကိုဖွင့်ကာ ဝိညာဉ်ပုံရိပ်ကို ထိုးထည့်လိုက်ပြီးနောက် ကိုက်ဖြတ်ဆွဲဆုတ်ကာ တိုင်ယင်ဂိုဏ်းချုပ်၏ ဝိညာဉ်ပုံရိပ်ကို အစိိတ်စိတ်အမွှာမွှာ ဖြစ်သွားစေခဲ့သည်။

နောက်တစ်ခဏတွင် တိုင်ယင်ဂိုဏ်းချုပ်၏ အော်ဟစ်သံများသည် နန်းတွင်းစာကြည့်ခန်းတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

“အား....”

ကောင်းကင်နတ်ဆိုးသည် တိုင်ယင်ဂိုဏ်းချုပ်၏ အော်ဟစ်သံများကို လျစ်လျူရှုကာ ဝိညာဉ်ကို သူ၏ဝမ်းဗိုက်ထဲသို့ လျင်မြန်စွာ မျိုချလိုက်သည်။

မကြာမီတွင် တိုင်ယင်ဂိုဏ်းချုပ်၏အသံ လုံးဝတိတ်ဆိတ်သွားသည်။

ဤမြင်ကွင်းကိုမြင်သောအခါ တိုင်ယင်ဂိုဏ်းမှ အခြားအဖွဲ့ဝင်များလည်း ကြောက်လန့်တုန်လှုပ်သွားကြသည်။ သူတို့၏ခေါင်းဆောင် အစားခံရသည်ကို မျက်မြင်ကိုယ်တွေ့ တွေ့ပြီးနောက် သူတို့လည်း......

ထိုအခိုက်တွင် တစ်စုံတစ်ယောက်က “ပြေး” ဟု အော်လိုက်ရာ တိုင်ယင်ဂိုဏ်းမှ အဖွဲ့ဝင်များသည် ထိတ်လန့်တကြားဖြင့် နန်းတွင်းစာကြည့်ခန်း၏ အပြင်ဘက်သို့ အလျင်အမြန် ထွက်ပြေးကြသည်။

သို့သော် ကောင်းကင်နတ်ဆိုးတွင် သူတို့ကို လွှတ်ပေးရန် အစီအစဉ်မရှိပေ။ သူ၏ နတ်ဆိုးစွမ်းအင်သည် နောက်တစ်ကြိမ် တိုးမြင့်လာပြီး ထွက်ပြေးနေသော တိုင်ယင်ဂိုဏ်းမှ အဖွဲ့ဝင်များကို လျင်မြန်စွာ ဝါးမြိုလိုက်သည်။

ထို့နောက် ကောင်းကင်နတ်ဆိုးသည် သူ၏ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ သူ၏နတ်ဆိုးစွမ်းအင်နှင့် တိုင်ယင်ဂိုဏ်းအဖွဲ့ဝင်များ နှစ်ခုလုံးကို သူ၏ဝမ်းဗိုက်ထဲသို့ လျင်မြန်စွာ ဆွဲသွင်းလိုက်သည်။

ဤဖြစ်စဉ်တစ်လျှောက်လုံးအတွင်း လုချန်းက ကောင်းကင်နတ်ဆိုးကို အရေးမယူခဲ့ ပေ။ သူ့အတွက်မူ တိုင်ယင်ဂိုဏ်းသည်လည်း ဖြေရှင်းရမည့် ပြဿနာတစ်ခုဖြစ်ပြီး ကောင်းကင်နတ်ဆိုးက သူ့အတွက် ကိုင်တွယ်ပေးနေသောကြောင့် သူလုပ်ရမည်မှာ ဘေးမှကြည့်နေရန်သာ ဖြစ်သည်။

ကောင်းကင်နတ်ဆိုးက တိုင်ယင်ဂိုဏ်း၏ အဖွဲ့ဝင်များကို ရှင်းလင်းပြီးနောက် သူ၏အကြည့်သည် လုချန်းထံသို့ ပြန်ရောက်လာပြီး

“ခင်ဗျား ခုနက ဝင်မပါတာ အဲ့ဒီလူတွေကို ရှင်းပစ်ဖို့ ကျုပ်ကိုအသုံးချချင်လို့ မဟုတ်လား”

ဟု လှောင်ပြောင်သလိုပြောလိုက်၏။

လုချန်းက ဂရုမစိုက်ဟန်ဖြင့်

“ဟုတ်တယ်။ ကျွန်တော့်ရဲ့ နန်းတွင်းစာကြည့်ခန်းကို သွေးတွေနဲ့ ပေကျံနေတာ မမြင်ချင်တာတော့ အမှန်ပဲ။”

“အခု အနှောင့်အယှက်တွေ ရှင်းသွားပြီဆိုတော့ ကျွန်တော်တို့အလှည့်ပဲ။”

ကောင်းကင်နတ်ဆိုးက

“ခင်ဗျားမှာ နတ်ဆိုးစွမ်းအင်ကို ဖိနှိပ်နိုင်တဲ့ အစွမ်းထက်ပစ္စည်းတစ်ခု ရှိရုံနဲ့ ကျုပ်ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား။”

လုချန်းက

“မစမ်းကြည့်ပဲနဲ့ ဘယ်လိုသိနိုင်မှာလဲ။”

သူ၏စကားဆုံးသည်နှင့် လုချန်းလည်း အချိန်မဖြုန်းတော့ပဲ နတ်ဆိုးနှင်တံခွန်ကို တိုက်ရိုက်လှုံ့ဆော်ကာ ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်ပြီး ကောင်းကင်နတ်ဆိုး၏ နတ်ဆိုးစွမ်းအင်ကို နောက်တစ်ကြိမ် ဖိနှိပ်လိုက်သည်။

ထိုအခိုက်တွင် ကောင်းကင်နတ်ဆိုးသည် နတ်ဆိုးနှင်တံခွန်၏ ထောင်ချောက်မိနေသကဲ့သို့ အလွန်မသက်မသာ ခံစားနေရသည်။ သူသည် နတ်ဆိုးဝိညာဉ်အဖြစ်ပင် မလွတ်မြောက်နိုင်ခဲ့ပေ။

အခြားရွေးချယ်စရာမရှိသဖြင့် ကောင်းကင်နတ်ဆိုးလည်း လုချန်းကို တိုက်ခိုက်ရန် ရွေးချယ်လိုက်သည်။

ချက်ချင်းပင် ကောင်းကင်နတ်ဆိုး စတင် ထိုးစစ်ဆင်လိုက်သည်။ သူ၏ပုံရိပ်သည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး သူပြန်ပေါ်လာချိန်တွင် လုချန်း၏ရှေ့၌ ရောက်နေပြီဖြစ်သည်။ ဤတစ်ကြိမ်တွင် လုချန်းသည် လှံတံကို အသုံးမပြုပဲ ရုတ်တရက် လက်ကိုမြှောက်ကာ လက်ဝါးရိုက်ချက်တစ်ချက် ထုတ်လွှတ်လိုက်သည်။

အပြာရောင် လက်ဝါးစွမ်းအင်တစ်ခုသည် လုချန်း၏လက်မှ ပျံထွက်သွားပြီး ကောင်းကင်နတ်ဆိုး၏ ခန္ဓာကိုယ်လည်း အဝေးသို့ လွင့်စင်သွားသည်။

နောက်တစ်ခဏတွင် ကောင်းကင်နတ်ဆိုး၏ နတ်ဆိုးဝိညာဉ်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။

ကောင်းကင်နတ်ဆိုး မယုံနိုင်ခဲ့ပေ။ ရိုးရှင်းသော လက်ဝါးရိုက်ချက်တစ်ချက်က သူ့ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။ ဒါက မည်သို့ ဖြစ်နိုင်မည်နည်း။

ထိုမြင်ကွင်းကိုမြင်သောအခါ မုယန်စီနှင့် လျှိုချင်းချိုတို့သည် နောက်တစ်ကြိမ် တုန်လှုပ်သွားကြသည်။ ထိုသူမှာ ကောင်းကင်နတ်ဆိုးဖြစ်ပြီး လုချန်းက သူ့ကို လက်ဝါးတစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရစေခဲ့တာလား။

လုချန်းက ကောင်းကင်နတ်ဆိုး၏ နတ်ဆိုးစွမ်းအင်ကို ဖိနှိပ်ရန် ထိုအလံကဲ့သို့သော အစွမ်းထက်ပစ္စည်းကို အသုံးပြုခဲ့သော်လည်း ကောင်းကင်နတ်ဆိုး၏အစွမ်းကို လုံးဝဖိနှိပ်နိုင်မည်တော့ မဟုတ်ပေ။

သို့သော် လုချန်း၏ လက်ဝါးတစ်ချက်က ကောင်းကင်နတ်ဆိုးကို ဤမျှပြင်းထန်သော ဒဏ်ရာကို မည်သို့ ရရှိစေနိုင်ခဲ့သနည်း။

ထိုအခိုက်တွင် ကောင်းကင်နတ်ဆိုးလည်း နောက်ထပ်ပြဿနာတစ်ခုကို သတိပြုမိလိုက်သည်။ လုချန်း၏ လက်ဝါးစွမ်းအင်သည် သူ၏နတ်ဆိုးဝိညာဉ်ကို ပြင်းထန်စွာ ဒဏ်ရာရစေရုံသာမက သက်ရောက်သွားသော လက်ဝါးစွမ်းအင်သည် သူ၏နတ်ဆိုးဝိညာဉ်ကို စဉ်ဆက်မပြတ် တိုက်စားနေသည်။ ဤအတိုင်းဆက်သွားပါက သူ သေရမည်မှာ သေချာနေပြီဖြစ်သည်။

သူ၏ နတ်ဆိုးဝိညာဉ်မှ နာကျင်မှုကို ခံစားရင်း ကောင်းကင်နတ်ဆိုးက မကျေမနပ်ဖြင့်

“ဒါ ဘယ်လို ကျင့်စဉ်နည်းစနစ်လဲ။”

လုချန်းက ပြုံးပြီး

“နတ်ဆိုးမြေမြုပ်ကျင့်စဉ်ပဲ။”

ဤအမည်ကို ကြားရုံဖြင့် ဤကျင့်စဉ်နည်းစနစ်သည် မည်သည့်အတွက်ဖြစ်ကြောင်း ရှင်းလင်းနေသည်။ ၎င်းသည် ကောင်းကင်နတ်ဆိုးကို တန်ပြန်ရန် အထူးတီထွင်ထားကြောင်း ထင်ရှားသည်။

ထိုအချိန်တွင် ကောင်းကင်နတ်ဆိုး ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် သူ၏နတ်ဆိုးစွမ်းအင်လည်း သိသိသာသာ တိုးမြင့်လာသည်။

“ဟားဟား။ ကျုပ်ကို သတ်ရတာ အဲ့ဒီလောက်လွယ်မယ် ထင်နေတာလား”

“ဒီလောကမှာ ကျုပ်ကို သတ်နိုင်တဲ့သူ တစ်ယောက်မှမရှိဘူး။”

“ခင်ဗျားက‌ ကျုပ်ကိုကို ဒဏ်ရာရအောင်လုပ်ရဲတယ်။ ပြီးတော့သေစေချင်တယ်။”

သူစကားပြောနေစဉ်တွင် ကောင်းကင်နတ်ဆိုးသည် သူယူထားသော လူ့ခန္ဓာကိုယ်နှင့် ချိတ်ဆက်မှုဖြတ်တောက်လိုက်ပြီး ချက်ချင်းပင် နတ်ဆိုးဝိညာဉ်အဖြစ် ပြောင်းလဲကာ လုချန်းထံသို့ တဟုန်ထိုးပြေးဝင်သွားသည်။

လုချန်းကလည်း ကောင်းကင်နတ်ဆိုး၏ နတ်ဆိုးစွမ်းအင်ကို ဖိနှိပ်ရန် နတ်ဆိုးနှင်တံခွန်ကို ချက်ချင်းအသုံးပြုလိုက်ပြီး၏။ ထို့နောက် နတ်ဆိုးမြေမြုပ်ကျင့်စဉ်ကို နောက်တစ်ကြိမ် လည်ပတ်ကာ ကောင်းကင်နတ်ဆိုးကို နောက်ဆုံးရိုက်ချက် တစ်ချက်ပေးရန် ပြင်ဆင်လိုက်သည်။

သို့သော် သူ၏လက်ဝါးချက် ထုတ်လွှတ်လိုက်ချိန်၌ တစ်ခုခုမှားယွင်းနေသည်ကို သူသတိပြုမိလိုက်သည်။ သူသည် ကောင်းကင်နတ်ဆိုး၏ နတ်ဆိုးဝိညာဉ်ကို အလွယ်တကူ ဖြိုခွင်းလိုက်နိုင်လိုက်သော်လည်း ကောင်းကင်နတ်ဆိုးထံမှ နာကျင်စွာ အော်ဟစ်သံတစ်ချက်ပင် မထွက်ပေါ်ခဲ့ချေ။

ဒါက အရမ်းကို ဟန်ဆောင်ကောင်းလွန်းနေသလိုဖြစ်နေသည်။

ထိုအခိုက်တွင် အနက်ရောင် စွမ်းအင်အမျှင်တစ်မျှင် ဝင်ပေါက်မှတဆင့် တိတ်တဆိတ် ထွက်သွားသည်။

ယခု လုချန်းသည် နတ်ဆိုးမြေမြုပ်ကျင့်စဉ်ကို ကျွမ်းကျင်နေပြီဖြစ်၍ နတ်ဆိုးစွမ်းအင်ကို အလွန်အာရုံခံနိုင်ပြီး ထိုအနက်ရောင် စွမ်းအင်မျှင်ကို ချက်ချင်း သတိပြုမိလိုက်သည်။

လုချန်း၏ နှုတ်ခမ်းများ အနည်းငယ်ကွေးတက်သွားပြီးနောက် အလင်းအရိပ် ကျင့်စဉ်ဖြင့် ထွက်ပြေးနေသော အနက်ရောင်စွမ်းအင်မျှင်၏ လမ်းကြောင်းကို တိုက်ရိုက် ပိတ်ဆို့လိုက်သည်။

“တောင်းပန်ပါတယ်။ ဒီကနေ ဖြတ်သွားလို့မရဘူး”

သူစကားပြောနေစဉ်တွင် နောက်ထပ်လက်ဝါးရိုက်ချက်တစ်ချက်ကို ဆက်တိုက်ထုတ်လွှတ်လိုက်၏။ အပြာရောင်လက်ဝါးစွမ်းအင်သည် အနက်ရောင်စွမ်းအင်မျှင်ကို ချက်ချင်းထိမှန်သွားသည်။ နောက်တစ်ခဏတွင် ကောင်းကင်နတ်ဆိုး၏ အော်ဟစ်သံကို ကြားလိုက်ရသည်။

“အား။

ကျုပ်ကို သတ်လို့တော့ မရဘူး။”

ကောင်းကင်နတ်ဆိုး လုံးဝမသေဆုံးသေးသည်ကို မြင်သောအခါ လုချန်းလည်း သူ၏စိတ်ဝိညာဉ်စွမ်းအား အားလုံးကို စုစည်းပြီး နောက်ထပ်လက်ဝါးရိုက်ချက်တစ်ချက်ကို ပေးလိုက်၏။ ဤတစ်ချက်ကတော့ ကောင်းကင်နတ်ဆိုး၏ နတ်ဆိုးဝိညာဉ်ကို တိုက်ရိုက် ဖြိုခွဲဖျက်ဆီးလိုက်သည်။

လုချန်းက ကောင်းကင်နတ်ဆိုးကို လွယ်ကူစွာ သတ်ဖြတ်ခဲ့သည်ကို မြင်သောအခါ လျှိုချင်းချိုနှင့် မုယန်စီတို့နှစ်ဦးလုံးလည်း သူတို့နေရာတွင်ပင် မှင်တက် အံ့ဩနေခဲ့ကြသည်။

All Chapters