အလိုက်သိတတ်သော ပိုင်
Vol. 60 Ch. 888
မုယန်စီနှင့် လျှိုချင်းချိုတို့လည်း ကောင်းကင်နတ်ဆိုး၏ နတ်ဆိုးအငွေ့အသက်ကို ခံစားမိခဲ့ကြပြီး ထိုနတ်ဆိုးအငွေ့အသက်၏ ပြင်းအားကို ကြည့်ခြင်းအားဖြင့် ၎င်းသည် မူလအစကမ္ဘာ နယ်ပယ်အဆင့်အင်အားကို ပိုင်ဆိုင်ထားကြောင်းထင်ရှားကြောင်း အတည်ပြုနိုင်လိုက်ကြသည်။
မူလအစကမ္ဘာ၏ နယ်ပယ်အဆင့်ရှိ အင်အားဖြင့် ကောင်းကင်နတ်ဆိုးသည် အဆင့်တူ ကျင့်စဉ်ကျင့်သူများကို ရင်ဆိုင်ရလျှင်ပင် အနိုင်မခံ အရှုံးမရှိနိုင်သော ဖြစ်တည်မှုတစ်ခုဟု သတ်မှတ်နိုင်၏။ သို့သော် အံ့အားသင့်ဖွယ် ကောင်းစွာပင် သူသည် သာမန် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးဖြစ်သော လုချန်း၏ လက်ထဲတွင် ရှုံးနိမ့်ခဲ့ရသည်။
ထို့ပြင် ပြန်လည်ခုခံနိုင်စွမ်းပင် မရှိခဲ့ပေ။ တစ်ဖက်သတ် အနိုင်ကျင့်ခံရခြင်းဖြစ်၏။ အဓိကအချက်မှာ လုချန်းကလက်ဝါးချက်အနည်းငယ်မျှဖြင့် တိုက်ပွဲကို အဆုံးသတ်နိုင်ခဲ့ခြင်း ဖြစ်၏။
ကောင်းကင်နတ်ဆိုး ပေါ်ထွက်လာချိန်မှ သုတ်သင်ခံရသည့် အချိန်အထိ နှစ်နာရီပင်မကြာလိုက်ပေ။
မဟုတ်ပါ။ တိတိကျကျဆိုရလျှင် တစ်နာရီပင် မပြည့်သေးချေ။ လုချန်း၏ အင်အားက ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသွားခဲ့ပြီလား။
သူတို့၏အင်အားများ ပြန်လည်ရရှိလာသည်နှင့်တစ်ပြိုင်နက် လုချန်းကို လုပ်ကြံရန် အခွင့်အရေး ရလိမ့်မည်ဟု တွေးထင်ထားခဲ့ကြသော အမျိုးသမီးနှစ်ဦးလည်း ထပ်မံထိတ်လန့်သွားကြသည်။ ယခုကြည့်ရတာ လုချန်း၏ အင်အားက ကောင်းကင်လူသားအဆင့်ကိုပင် ကျော်လွန်နေပုံရသည်။
အမှန်တော့ ထိုအရာက လျှိုချင်းချိုနှင့် မုယန်စီတို့၏ အထင်အမြင်လွဲမှားမှုတစ်ခုသာ ဖြစ်၏။ လုချန်း၏ အင်အားသည် ထူးထူးခြားခြား ကောင်းနေခြင်းတော့ မဟုတ်ပေ။ သူသည် သာမန် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးသာ ဖြစ်သည်။
ကောင်းကင်နတ်ဆိုးကို အလွယ်တကူ ချေမှုန်းနိုင်ခဲ့ခြင်းမှာ နတ်ဆိုးနှင် တံခွန်နှင့် နတ်ဆိုးမြေမြုပ်ကျင့်စဉ်တို့ကြောင့် ဖြစ်၏။ ထိုအရာများသာ မရှိပါက သူသည် ကောင်းကင်နတ်ဆိုးကို အလွယ်တကူ အနိုင်ယူနိုင်မည် မဟုတ်ပါ။ သတ်ဖြတ်ရန်မှာမူ ပို၍ပင် မဖြစ်နိုင်ချေ။ အမှန်ဆိုရလျှင် သူကိုယ်တိုင်ပင် နတ်ဆိုး၏ ဝါးမြိုခြင်းကို ခံလိုက်ရနိုင်ဖွယ်ရှိသည်။
ကောင်းကင်နတ်ဆိုးများကို ပစ်မှတ်ထားသော ကျင့်စဉ်နှင့် လက်နက်စုံလင်နေသော လုချန်းသည် အနာဂတ်တွင် သူ၏အဆင့်ထက် များစွာသာလွန်သော ကောင်းကင်နတ်ဆိုးများကိုပင် တိုက်ခိုက်ရန် အခွင့်အရေးရှိလာမည်ဖြစ်သည်။ ယခုအခါတွင် သူသည် ကောင်းကင်နတ်ဆိုးများအတွက် ရန်သူတော်တစ်ဦးဟု သတ်မှတ်နိုင်သည်။
ကောင်းကင်နတ်ဆိုးကို ဖြေရှင်းပြီးနောက် လုချန်းက လျှိုချင်းချိုနှင့် မုယန်စီတို့ဘက်သို့ ပြုံးလျက် လှည့်ကြည့်ကာ
“အခု ကောင်းကင်နတ်ဆိုးကို ရှင်းလင်းပြီးသွားပြီဆိုတော့ ဒီကမ္ဘာက လောလောဆယ်တော့ ဘေးကင်းသွားပြီပေါ့။”
လုချန်း၏ အသံကိုကြားသောအခါ ထိုအမျိုးသမီးနှစ်ဦး သတိပြန်ဝင်လာကြပြီး လုချန်းထံမှ အဓိပ္ပာယ်ပါသော အပြုံးကို မြင်လိုက်ရသောအခါတွင်မူ သူတို့ကိုယ်သူတို့ မထိန်းနိုင်ပဲ တုန်လှုပ်သွားကြ၏။
ချွမ်နိုင်ငံတော် ကျဆုံးပြီး ကပ်ရောဂါလည်း ပြီးဆုံးသွားသည့်အပြင် ကပ်ရောဂါ၏ အရင်းအမြစ်ဖြစ်သော ကောင်းကင်နတ်ဆိုးကိုလည်း ဖျက်ဆီးပြီးဖြစ်ရာ လုချန်းအတွက် နောက်ထပ်လုပ်ဆောင်ရန် အရေးကြီးသည့်ကိစ္စများ မရှိတော့ဟု ဆိုလိုခြင်း မဟုတ်ပါလား။
သူ အားလပ်ချိန်တွင် ဘာလုပ်မယ် ဆိုတာကတော့ အတော်လေး ထင်ရှားနေ၏။ အမျိုးသမီးနှစ်ဦးလည်း ချက်ချင်းပင် ထွက်ပြေးရန် စဉ်းစားမိကြ၏။
သို့သော် သူတို့၏ အကျိုးအကြောင်းဆင်ခြင်တုံတရားကို ဆက်လက်ထိန်းသိမ်းထားကြသေးသည်။ အကယ်၍ ယခု ထွက်ပြေးမည်ဆိုပါက လုချန်း၏ အင်အားဖြင့် သူတို့သည် ချွမ်နိုင်ငံတော် နေပြည်တော်မှ မထွက်ခွာမီမှာပင် ထိုထူးခြားသော မြေအဆင့် စိတ်ဝိညာဉ် လက်နက်ဖြင့် အသတ်ခံရဖွယ်ရှိသည်။
လောလောဆယ်တွင် သူတို့၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ ဤကာမဘီလူးကို ယာယီနှစ်သိမ့်ထားပြီး သူ သတိလစ်ဟင်းနေသည့်အချိန်တွင် ထွက်ပြေးရန် နည်းလမ်းရှာဖွေရန်သာဖြစ်သည်။
ထိုအခိုက်တွင် မုယန်စီက အလွန်တည်ငြိမ်ဟန်ဆောင်ကာ ပြုံးလျက်
“မင်းကြီးက ကောင်းကင်နတ်ဆိုးတစ် ယောက်ကို လက်ညှိုးတစ်ချောင်းတည်းနဲ့တင် ချေမှုန်းနိုင်လောက်အောင် အစွမ်းထက်လိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားခဲ့ဘူး”
မုယန်စီ၏ ချီးကျူးစကားကို ကြားသောအခါ လုချန်းက ရယ်မောလိုက်ပြီး
“ ကျွန်တော်က အဲ့ဒီလောက် အစွမ်းထက်တယ်ဆိုရင် ကျွန်တော့်ရဲ့အမျိုးသမီးတွေ ဖြစ်လာရတာက ခင်ဗျားတို့အတွက် သိပ်ပြီးတော့ ခက်ခဲတဲ့အရာတော့ မဟုတ်လောက်ပါဘူးနော်။”
ဒါက…
မုယန်စီက အလျင်အမြန်ပင်
“မင်းကြီး။ ယောက်ျားနဲ့မိန်းမ ချစ်ခင်စုံမက်တဲ့ ကိစ္စတွေက နှစ်ဦးသဘောတူဖြစ်ဖို့ လိုအပ်ပါတယ်။ အတင်းအကျပ်လုပ်တာက ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရရင်တောင် နှလုံးသားကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး။”
“ခန္ဓာကိုယ်ကိုပဲ ပိုင်ဆိုင်ပြီး နှလုံးသားက ကိုယ့်ဆီမှာမရှိရင် အရုပ်တစ်ရုပ်ကို ပိုင်ဆိုင်ထားတာနဲ့ ဘာမှမထူးပါဘူး။”
လုချန်းသည် သဘောတူဟန်ဆောင်ကာ
“နတ်မိမယ် ယန်စီ ပြောတာလည်း အဓိပ္ပာယ်ရှိသားပဲ။ ဒါဆိုရင် ခင်ဗျားတို့နှစ်ယောက်လုံး ကျွန်တော်ရဲ့မိဖုရားဆောင်မှာ အေးအေးဆေးဆေး အနားယူကြပေါ့။ အဲ့ဒီမှာဆိုရင် ကျွန်တော်တို့လည်း ပိုပြီးရင်းနှီးတဲ့ ဆက်ဆံရေးကို ထူထောင်နိုင်တာပေါ့။ အချိန်တန်လို့ ကျွန်တော်တို့ရဲ့ ချစ်ခင်စုံမက်မှုတွေက စစ်မှန်ပြီး နက်ရှိုင်းလာတဲ့အခါကျမှ လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လုပ်ကြတာပေါ့။”
လုချန်း၏ စကားကို ကြားသောအခါ ထိုအမျိုးသမီးနှစ်ဦးလည်း ဤကာမဘီလူးက သူတို့ကို ပိုင်ဆိုင်ရန် လုံးဝရည်ရွယ်ထားကြောင်း သိလိုက်ကြ၏။ သို့သော် ဤအချိန်တွင် ပြင်းပြင်းထန်ထန် တုံ့ပြန်ခြင်းက ပညာမဲ့ရာကျပေမည်။
အကယ်၍ ယခုအချိန်တွင် ခုခံမှုများစွာ ပြသလိုက်ပါက သူတို့ ထွက်ပြေးရန် ကြံစည်နေကြောင်း လုချန်း အသေအချာ ခန့်မှန်းမိပေလိမ့်မည်။ ထိုအခါ သူက သူမတို့ကို အမြဲမပြတ် စောင့်ကြည့်နေမည်ဖြစ်ပြီး အောင်မြင်စွာ ထွက်ပြေးနိုင်ခြေအား များစွာ လျော့ကျသွားစေမည် ဖြစ်သည်။
ထိုအချိန်တွင် လုချန်းက နန်းတွင်းစာကြည့်ခန်းရှိ စားပွဲတွင် ထိုင်လိုက်ပြီး မုယန်စီနှင့် လျှိုချင်းချိုတို့အား စနောက်လိုသည့်ဟန်ဖြင့်
“နတ်မိမယ်တို့။ ညဉ့်နက်နေပြီ။ ခင်ဗျားတို့နှစ်ယောက် သွားနားကြတော့။”
အမျိုးသမီးနှစ်ဦးလည်း နောက်ထပ်စကားများများ မပြောတော့ပဲ ချက်ချင်း လှည့်ထွက်သွားကြသည်။
အမျိုးသမီးနှစ်ဦး နန်းတွင်းစာကြည့်ခန်းမှ ထွက်ခွာပြီး အကွာအဝေးတစ်ခုသို့ ရောက်သောအခါ လျှိုချင်းချိုက မုယန်စီထံသို့ စိတ်ချင်းဆက်သွယ်၍
“ရှင်က တကယ်ပဲ သူ့ရဲ့မိန်းမ ဖြစ်လာဖို့ ရည်မှန်းချင် နေတာလား။”
မုယန်စီက အနည်းငယ်ပြုံးလိုက်ပြီး “လောလောဆယ်တော့ သူ့ကို ယာယီ ငြိမ်သက်သွားအောင်လုပ်ထားရုံပဲ တတ်နိုင်တယ်။ ရှင်လည်း မြင်သားပဲ။ သူက သာမန်လူမဟုတ်ဘူး။ ကောင်းကင်နတ်ဆိုးတောင် သူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး။ တကယ်လို့သာ ကျွန်မတို့က သူ့ကို တကယ်တိုက်ခိုက်မယ်ဆိုရင် ကျွန်မတို့ရဲ့အဆုံးသတ်က ခုနက ကောင်းကင်နတ်ဆိုးလိုပဲ ဖြစ်သွားမှာ စိုးရိမ်မိတယ်။”
ဟု ပြန်လည် စိတ်ချင်းဆက်သွယ်လိုက်သည်။
မုယန်စီသည်လည်း ထိုသို့ တွေးနေသည်ကို မြင်သောအခါ လျှိုချင်းချိုလည်း သူမ၏ စိတ်ထဲမှ လက်တွေ့မကျသော အတွေးများကို လက်လွှတ်လိုက်ရတော့သည်။ သူမသည် ယနေ့ညတွင်ပင် ထွက်ပြေးဖို့ ကြိုးစားရန် စီစဉ်ထားခဲ့ပြီး အကယ်၍ မုယန်စီက အာရုံလွှဲပေးနိုင်ပါက သူမ၏ အောင်မြင်စွာ ထွက်ပြေးနိုင်ခြေက ပို၍ပင် များလာမည် ဖြစ်၏။
သို့သော် မုယန်စီ၏ အတွေးကိုမြင်ရသောအခါ မုယန်စီ သတိကြီးပုံရကြောင်း သဘောပေါက်လိုက်သည်။ သူမ၏ ဖြားယောင်းမှုကို မုယန်စီ နားထောင်မည် မဟုတ်ပေ။
ထိုအတိုင်းသာဖြစ်ပါက သူမလည်း စောင့်ဆိုင်းရုံသာ ရှိတော့သည်။ အချိန်အခါကောင်းဆိုသည်က အမြဲတမ်း ရှိနေမည်သာ ဖြစ်၏။
ထိုအခိုက်တွင် မုယန်စီ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး သူတို့၏ စိတ်ချင်းဆက်သွယ်မှုမှတစ်ဆင့် နောက်ပြောင်လိုက်သည်။
“စွမ်းအားကြီးတဲ့သူတစ်ယောက်ရဲ့ ကိုယ်ပွားဖြစ်တဲ့ရှင်က အခုတော့ အောက်ဘုံက ဧကရာဇ်တစ်ပါးရဲ့ မိန်းမအဖြစ် လှောင်ပိတ်ခံထားရတယ်။ ရှင့်ရဲ့ပင်မကိုယ်သာ ဒီအကြောင်းကို သိသွားရင် ဘယ်လောက်တောင် ဒေါသထွက်လိုက်မလဲလို့ ကျွန်မ တွေးမိတယ်။”
“ရှင့်ရဲ့အပျိုစင်ဘဝကိုပါ လုချန်းက ယူသွားခဲ့ရင် ရှင့်ရဲ့ပင်မကိုယ်က ရှင့်ကို အဲ့ဒီနေရာမှာတင် သတ်ပစ်လိုက်မလားပဲ။”
မုယန်စီ၏ နောက်ပြောင်မှုကို ရင်ဆိုင်ရသောအခါ လျှိုချင်းချိုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး နောက်ထပ်စကားများများ မပြောတော့ချေ။ ထို့နောက် သူမ၏ ခြေထောက်ကို ဆောင့်လိုက်ပြီး ခုန်တက်သွားကာ သူမ၏ပုံရိပ်သည်လည်း ထိုနေရာမှ ပျောက်ကွယ်သွားတော့၏။ မကြာမီတွင် သူမ၏ အိပ်ဆောင်သို့ ပြန်ရောက်သွားခဲ့သည်။
လျှိုချင်းချို ထွက်ခွာသွားသည်ကိုမြင်သောအခါ မုယန်စီ၏ မျက်နှာပေါ်မှ အပြုံးက ပို၍ပင် ရွှင်လန်းတက်ကြွလာ၏။ သူမတွင်းလည်း လောလောဆယ် လုချန်းထံမှ လွတ်မြောက်ရန် နည်းလမ်းမရှိသေးသော်လည်း အစွမ်းထက်သော ကိုယ်ပွားတစ်ခုက သူမနှင့်အတူ အဖော်ပြုပေးနေသည်ဟူသော အတွေးက သူမကို များစွာ နှစ်သိမ့်မှုပေးခဲ့သည်။
ထို့နောက် မုယန်စီလည်း သူမ၏ အိပ်ဆောင်သို့ ပြန်သွားပြီး သူမ၏ နဂို အခြေအနေကို ပြန်လည်ရရှိရန် တရားထိုင်ခြင်းကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။
မုယန်စီနှင့် လျှိုချင်းချိုတို့ ထွက်သွားပြီးနောက် ပိုင်ချင်းချင်း နန်းတွင်းစာကြည့်ခန်းသို့ ဝင်လာ၏။ အချိန်တွင် လုချန်းသည် စာလိပ်ကို ကြည့်နေဆဲဖြစ်၏။ ထိုမြင်ကွင်းကိုမြင်လိုက်သောအခါ ပိုင်ချင်းချင်းက
“မင်းကြီး။ ဒီည အိပ်ယာထဲမှာ ပြုစုဖို့ လိုအပ်ပါသလား။ ကျွန်မ ပြင်ဆင်လိုက်ပါ့မယ်။”
လုချန်းအတွက် အခြားအရေးကြီးသည့် ကိစ္စများစွာ မရှိတော့ချေ။ ချွမ်နိုင်ငံတော်အား အုပ်ချုပ်ပုံနှင့် ပတ်သက်၍ သူ၏ ယေဘုယျလမ်းညွှန်ချက်တစ်ခုကိုသာ ပေးရန်လိုအပ်သည်။ မကြာမီတွင် မြောက်ပိုင်းပြည်နယ်၌ နိုင်ငံကို အုပ်ချုပ်ရန် သူလေ့ကျင့်ပေးခဲ့သော အရာရှိများ ချွမ်နိုင်ငံတော်သို့ ရောက်ရှိလာကြတော့မည် ဖြစ်သည်။
တစ်နည်းဆိုရလျှင် လုချန်း ယခု အားလပ်နေပေပြီ။ အချိန်အတော်ကြာအောင် ဖိစီးမှုများစွာ စုပုံနေပြီးနောက် ၎င်းတို့ကို ထုတ်လွှတ်ရန် အချိန်တန်ပြီဟု ပိုင်ချင်းချင်း တွေးထင်မိ၏။
လုချန်းက ညအခါတွင် သူ့ကိုပြုစုရန် ဖမ်းဆီးခံထားရသော နတ်မိမယ်နှစ်ဦးထဲမှ တစ်ဦးကို ရွေးချယ်လိမ့်မည်ဟု ပိုင်ချင်းချင်း ထင်ထားခဲ့သော်လည်း မမျှော်လင့်ပဲ သူက တစ်ဦးတစ်ယောက်ကိုမှ မရွေးချယ်ခဲ့ချေ။
သူသည် ထိုနှစ်ဦးထဲမှ တစ်ဦးကိုမှ မရွေးချယ်ခဲ့သောကြောင့် ပိုင်ချင်းချင်းလည်း လုချန်း၏ ကိုယ်ပိုင်အစေခံတစ်ဦးအနေနှင့် လုချန်း၏ ဖိစီးမှုများကို ဖြေလျှော့ပေးရန် သူမက အစပြု ကမ်းလှမ်းသင့်သည်ဟု တွေးလိုက်သည်။
ပိုင်ချင်းချင်း၏ စကားကို ကြားသောအခါ လုချန်းက သူ၏လက်ထဲမှ စာလိပ်ကို ချလိုက်ပြီး ရေခဲတမျှ အေးစက်နေသော်လည်း ရှက်သွေးအနည်းငယ် ဖြန်းနေသော ပိုင်၏ မျက်နှာကို မော့ကြည့်လိုက်သည်။
လုချန်းက ပြုံးလျက်
“ပိုင်။ ဘာလို့ ဒီနေ့ အရမ်း အလိုက်သိနေရတာလဲ။”
ထိုစကားကိုကြားသောအခါ ပိုင်ချင်းချင်းက အလျင်အမြန်ပင်
“မင်းကြီးက ရက်ပေါင်းများစွာ ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့ရပါတယ်။ ကျွန်မက မင်းကြီးကို စိတ်ပူလို့ပါ...”
ပိုင်ချင်းချင်း စကားမဆုံးမီမှာပင် လုချန်းက
“ဟုတ်တယ်။ ကိုယ်မကြာသေးခင်က တော်တော်လေး ဖိစီးမှုများနေခဲ့တာ။ ဒီကိုလာခဲ့။”
လုချန်း၏ အမိန့်ကို ကြားသောအခါ ပိုင်ချင်းချင်းလည်း တွန့်ဆုတ်မှုတစ်စုံတစ်ရာ မပြပဲ လုချန်းထံသို့ တည့်တည့်မတ်မတ် လျှောက်သွား၏။
ပိုင်ချင်းချင်း၏ မျက်နှာသည် လျင်မြန်သော အရှိန်အဟုန်ဖြင့် သိသိသာသာ နီရဲလာ နေသည်။ သူမသည် လုချန်း၏ ရှေ့သို့ ရောက်သွားပြီးနောက် စကားတစ်ခွန်းမှ မဆိုပဲ ဒူးတစ်ဖက်ကို တိုက်ရိုက်ထောက်လိုက်ပြီး လုချန်းထံသို့ ပို၍ တိုးကပ်လိုက်သည်။