ပိုင်ချင်းချင်း ကိုယ်ဝန်ရှိသွားခြင်း
Vol. 60 Ch. 889
ပိုင်ချင်းချင်းသည် လုချန်း၏ အမျိုးသမီး ဖြစ်လာပြီးနောက် သူမ၏ အချိန်အများစုကို သူနှင့်အတူ ကုန်ဆုံးခဲ့၏။ မိဖုရားဘွဲ့ကို ချီးမြှင့်ခံရသော်လည်း သူမ၏ တာဝန်များမှာ အခြေခံအားဖြင့် လုချန်းကို ပြုစုလုပ်ကျွေးရန်သာ ဖြစ်သည်။
လုချန်းနှင့် အချိန်များစွာ အတူနေထိုင်ခဲ့သဖြင့် ပိုင်ချင်းချင်းသည်လည်း လူများကို မည်သို့ ဂရုစိုက်ရမည်ကို အတော်အတန် သင်ယူသိရှိလာခဲ့သည်။
ဤအခိုက်အတန့်တွင် လုချန်းက သူ၏လက်ထဲ၌ ချွမ်နိုင်ငံတော် စာလိပ်ကို ကိုင်ဆောင်ထားဆဲဖြစ်ပြီး သူ၏ရှေ့မှ မျက်နှာနီရဲနေသော အလှပဂေးကို မသိမသာ ကြည့်လိုက်၏။
ပိုင်ချင်းချင်းသည် အမှန်တကယ်ပင် စိတ်အားထက်သန်စွာ ဆောင်ရွက်နေခဲ့ပြီး လုချန်းလည်း သူမ၏ သိမ်မွေ့သော ကျွမ်းကျင်မှုများကို ကျေနပ်နေခဲ့သည်။
သူယခု ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦး ဖြစ်နေပြီဖြစ်သောကြောင့် အနာဂတ်တွင် ယခင်ကထက် ပို၍ပင် ကလေးရရန် ခက်ခဲလာမည်လားဟု ထိုအချိန်တွင် လုချန်း သူ့ဘာသာသူ တွေးနေမိ၏။
အတွေးထဲနစ်မြောနေစဉ် ပိုင်ချင်းချင်းက ရုတ်တရက် ချောင်းဆိုးလိုက်ပြီး အလွန်အဆင်မပြေဖြစ်နေပုံရသဖြင့် လုချန်းက သူမ၏ကျောကို အလျင်အမြန် ပုတ်ပေးလိုက်ရသည်။
သက်သာသွားပြီးနောက် ပိုင်ချင်းချင်းက မျက်နှာနီရဲလျက်
“ကျေးဇူးတင်ပါတယ် မင်းကြီး”
ဟု ကျေးဇူးတင်စကား ဆိုလိုက်သည်။
လုချန်းသည် ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး
“ကောင်းပါပြီ။ ဒီလောက်ပါပဲ”
ဤစကားကိုကြားသောအခါ လုချန်းက ကိစ္စကို အဆုံးသတ်ရန် ဆိုလိုသည်ဟု ထင်မှတ်ပြီး ချက်ချင်းပင်
“ဟုတ်ကဲ့ပါ မင်းကြီး။”
သူမ၏ စကားဆုံးသည်နှင့် ပိုင်ချင်းချင်း ထပြီးထွက်သွားတော့မည်အပြုတွင် လုချန်းက သူမ၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ သူမ၏ တစ်ကိုယ်လုံးကို သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
ပိုင်ချင်းချင်း၏ စိတ်များ ခဏခန့် ဗလာဖြစ်သွား၏။ သူမက ရုန်းကန်ခြင်းမပြုပဲ လုချန်းအား လုပ်ချင်တာလုပ်ခွင့် ပြုထားလိုက်သည်။
လုချန်းက ပိုင်ချင်းချင်း၏ နားနားသို့ ကပ်၍
“ပိုင်။ မင်းရဲ့အစ်မတွေအားလုံး ကလေးတွေရကုန်ကြပြီ။ မင်းကရော ဘယ်တော့ ကိုယ့်အတွက် တစ်ယောက်မွေးပေးမှာလဲ။”
ထိုစကားကို ကြားသောအခါ ပိုင်ချင်းချင်း၏ ခန္ဓာကိုယ် ပို၍ပင် ပူနွေးလာပြီး လုချန်း၏ လက်မောင်းများထဲတွင် အရည်ပျော်ကျသွားသလို ခံစားလိုက်ရသည်။ အကယ်၍ သူသာ သူမကို မထိန်းထားပါက သူမ ကြမ်းပြင်ပေါ်သို့ ပုံကျသွားနိုင်သည်။
ထို့နောက် ပိုင်ချင်းချင်းက ညင်သာစွာဖြင့် “ကျွန်မတော် ကိုယ်ဝန်ရနိုင်သမျှ ကာလပတ်လုံး မင်းကြီးအတွက် ကလေးမွေးပေးမှာပါ “
ပိုင်ချင်းချင်းသည် အမှန်တကယ်တွင်တော့ လုချန်း၏ ကလေးများကို မွေးဖွားပေးရန် အထူးတလည် စိတ်အားထက်သန်ခြင်းတော့ မရှိပေ။
ဟုတ်ပါသည်။ သူမက လုချန်းကို မကြိုက်၍တော့ မဟုတ်ပါ။ သို့သော် သူမ ကလေးမွေးဖွားပါက ယခင်ကကဲ့သို့ လုချန်း၏ ဘေးတွင် အမှုတော်ထမ်းနိုင်တော့မည် မဟုတ်ဟု ခံစားရသောကြောင့် ဖြစ်၏။
အကယ်၍ သူမတွင် ကလေးတစ်ယောက်ရှိပါက သူမ၏ ကလေးကို ကြည့်ရှုစောင့်ရှောက်ရန် မလွဲမသွေ လိုအပ်မည်ဖြစ်သည်။ ကလေးတစ်ယောက်ကို ပြုစုရခြင်းနှင့် နှိုင်းယှဉ်ပါက လုချန်း၏ ဘေးတွင် နေထိုင်ခြင်းကို သူမ ပို၍နှစ်သက်သည်။
သူမ၏ စိတ်ခံစားချက်များ ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ လုချန်းအပေါ်တွင် ပြင်းထန်သော မှီခိုအားထားမှုတစ်ခု သူမ၏စိတ်ထဲ ဖြစ်ပေါ်လာခဲ့သည်။
သို့သော် လုချန်းသည် ကလေးများနှင့် ပတ်သက်၍ စွဲလမ်းမှုတစ်ခု ရှိပုံရကြောင်းကိုလည်း သူမ နားလည်သည်။ လုချန်းက ထိုမျှစိတ်အားထက်သန် နေသောကြောင့် သူ့အတွက် တစ်ယောက်မွေးပေးခြင်းက ပြဿနာမဟုတ်ဟု သူမ တွေးထင်မိ၏။
သူမ ကိုယ်ဝန်ရနိုင်မလားဆိုသည်ကိုတော့ သူမ မသိခဲ့ပေ။ သိုင်းပညာ အဆင့်မြင့်လေလေ သားသမီးရရန် ခက်ခဲလေလေဖြစ်၏။ ယခု လုချန်းသည် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးဖြစ်နေပြီဖြစ်ရာ ကလေးရရန်အခက်အခဲက ပို၍ပင် ကြီးမားလာနေသည်။
ပိုင်ချင်းချင်း၏ စကားကို ကြားပြီးနောက် လုချန်းက ရယ်မောလိုက်ပြီး
“ဟုတ်လား ပိုင်။ ကိုယ်တို့နှစ်ယောက်တည်းရှိတဲ့အခါ ချစ်သူလို့ခေါ်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ကျွန်တော်မျိုးမလို့ မသုံးနှုန်းဖို့ ကိုယ်မပြောထားဘူးလား။”
ပိုင်ချင်းချင်းက ချက်ချင်းပင်
“ ကျွန်တော်မျိုးမ အမှားသိပါပြီ။”
လုချန်းက
“ကျွန်တော်မျိုးမ ဟုတ်လား”
ဟု ထပ်မေးလိုက်သည်။
ပိုင်ချင်းချင်း အလျင်အမြန်ပင် တစ်ဖန်ပြင်ပြောလိုက်သည်။
“ကျွန်မမှားပါတယ်။ အပြစ်ပေးပါ မင်းကြီး။”
ထိုသို့ပြောရင်း ပိုင်ချင်းချင်းသည် လုချန်း၏ ချောမောသော မျက်နှာကို မော့ကြည့်လိုက်ရာ ထိုအခိုက်တွင် သူက သူမကို စိုက်ကြည့်ရင်း အဓိပ္ပါယ်ပါသော အပြုံးတစ်ခုကို ပြုံးနေခဲ့သည်ကို တွေ့မြင်လိုက်ရသည်။
လုချန်း၏ လက်သည် ပိုင်ချင်းချင်း၏ အဝတ်အစားများကို ရောက်သွားပြီး သူက သူမ၏ မျက်နှာနားကပ်၍
“ဟုတ်တယ်။ မင်း ကိုယ့်စကားကို မမေ့အောင် အပြစ်ပေးသင့်တယ်။”
ထိုသို့ပြောပြီး လုချန်းက ပိုင်ချင်းချင်း၏ နီရဲသော နှုတ်ခမ်းများကို နမ်းလိုက်၏။ ထို့နောက်တွင် သူမလည်း လုချန်းကို သူ့သဘောအတိုင်း ပြုမူခွင့်ပေးလိုက်သည်။
မကြာမီတွင် နန်းတွင်းစာကြည့်ခန်းမှ ပိုင်ချင်းချင်း၏ “ချစ်သူ” ဟု ခေါ်သံများ ထွက်ပေါ်လာတော့သည်။
အချိန်မည်မျှကြာသွားသည်မသိ လုချန်းလည်း ပိုင်ချင်းချင်းကို အပြစ်ပေးခြင်းအား နောက်ဆုံးတွင် ရပ်တန့်လိုက်ပြီး သူ၏ စနစ်မျက်နှာပြင်ကို ကြည့်လိုက်သည်။ ယခုလေးတင် စနစ်အသိပေးချက် အသံတစ်ခု ကြားလိုက်ရသည်ဟု ထင်မိ၏။
[သခင်သည်ဇနီးနဲ့ ချစ်ခင်ကြင်နာမှုကို တစ်ကြိမ်ကျင့်ကြံခဲ့ပြီး အတွင်းအားမန္တာန်ကျင့်စဉ် အတွေ့အကြုံအမှတ်များ တိုးတက်သွားသည်…]
[သခင်သည် ပိုင်ချင်းချင်းကို ကိုယ်ဝန်ရရှိအောင် ကူညီပေးခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ နဂါးသလင်းကျောက်ကို ဆုချီးမြှင့်လိုက်သည်။]
သူ၏ရှေ့မှ စနစ်မျက်နှာပြင်ကို မြင်သောအခါ လုချန်း ခပ်ဖွဖွရယ်လိုက်သည်။ သူ၏ ကျင့်စဉ်အများစုသည် အပြီးသတ်ပြည့်စုံလုနီးပါးဖြစ်နေပြီး တိုးတက်ရန် နေရာများစွာ မကျန်တော့ချေ။
ဤအချိန်တွင် လုချန်း၏ အကြည့်က ပိုင်ချင်းချင်း ကိုယ်ဝန်ရရှိခြင်းအတွက် ပေးအပ်လာသော ဆုလာဘ်ပေါ်သို့ ကျရောက်သွားပြီး အတိုင်းအတာတစ်ခုအထိ ကျေနပ်သွားမိသည်။ ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦး ဖြစ်လာခြင်းက သူ၏ဇနီးများကို ကိုယ်ဝန်ရရှိစေရန် ပို၍ပင် ခက်ခဲစေလိမ့်မည်ဟု အစက သူထင်ထားခဲ့၏။
ပိုင်ချင်းချင်းသည် သူအဆင့်တက်ပြီး မကြာမီပင် ကိုယ်ဝန်ရရှိခဲ့သည်။ ဤကိစ္စနှင့် ပတ်သက်၍ နောက်ထပ်စိုးရိမ်စရာများ မရှိတော့ဟု ထင်ရသည်။
ယခု စနစ်မှ ဆုချီးမြှင့်သော နဂါးသလင်းကျောက်၏ အသုံးဝင်ပုံကို သူ စစ်ဆေးကြည့်သင့်သည်။ ထိုအတွေးနှင့်အတူ လုချန်းလည်း နဂါးသလင်းကျောက်၏ အကြောင်းအရာကို ဖွင့်ကြည့်ရန် နှိပ်လိုက်သည်။
[နဂါးသလင်းကျောက် : ရှေးဟောင်းနတ်နဂါးတစ်ကောင်ထံမှ အကြေးခွံဖြစ်ပြီး ဤကမ္ဘာ၏ ကောင်းကင်တာအိုလမ်းစဉ် ဥပဒေကို ပြုပြင်ရန် လိုအပ်သော ပစ္စည်းဖြစ်သည်။]
ဖော်ပြချက်ကို ဖတ်ပြီးနောက် လုချန်း မှင်တက်သွား၏။
ဤကမ္ဘာ၏ ကောင်းကင်လမ်းစဉ် ဥပဒေသကို ပြုပြင်ရန်လား။
ဘဝသံသရာကျောက်တုံးကို တံဆိပ်ဖွင့်ပြီးနောက် ၎င်းကိုလည်း ကောင်းကင်ဥပဒေသကို ပြုပြင်ရန် အသုံးပြုနိုင်ကြောင်း သူ မှတ်မိနေသည်။ ဤကမ္ဘာ၏ ကောင်းကင်ဥပဒေသကို ပြုပြင်ပြီး ၎င်း၏ သဘာဝနိယာမများကို တိုးတက်ကောင်းမွန်စေရန်အတွက် ဘဝသံသရာကျောက်တုံးတစ်ခုတည်းသာမက များပြားသော အခြားပစ္စည်များလည်း လိုအပ်နေတာလား။
ယခုလောလောဆယ်တွင်တော့ သူ၏ ကလေးသုံးယောက် မွေးဖွားလာသည်အထိ စောင့်ဆိုင်းပြီး ထိုအခါတွင် စနစ်က သူ့ကို ဘာများ ဆုချီးမြှင့်မည်ကို စောင့်ကြည့်ရုံသာရှိတော့ သည်။
ဆယ်စုနှစ်အနည်းငယ်အတွင်း မြူခိုးဒေသ၏ အတားအဆီးများ ပျောက်ကွယ်သွားလိမ့်မည်။ ထိုအခါတွင် အသုံးမဝင်သော အရာတစ်ခုခုကို ဆုချီးမြှင့်ခြင်း မခံရဖို့သာ သူမျှော်လင့်သည်။
ထိုသို့တွေးလိုက်မိရင လုချန်း သတိပြန်ဝင်လာပြီး သူ၏ရင်ခွင်တွင် လဲလျောင်းနေသော အေးစက်စက် အလှပဂေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ပိုင်ချင်းချင်း၏ လက်မောင်းများသည် လုချန်းကို ရစ်ပတ်ထားပြီး သူမ၏ မျက်နှာအား သူ၏ ရင်ဘတ်ပေါ်တွင် မှီထားသည်။
ဤယောက်ျား၏ ရနံ့သည် သူမအား ကြီးမားသော စိတ်ချလုံခြုံမှုကို ပေးခဲ့သည်။
လုချန်းက ပြုံးလျက်
“ပိုင်။ မင်း ရန်ခရိုင်ကို ပြန်သင့်တယ်။”
ဤစကားကို ကြားသောအခါ ပိုင်ချင်းချင်းလည်း သူမ၏ မိန်းမောနေ အခြေအနေမှ ချက်ချင်း လန့်နိုးသွား၏။
ရန်ခရိုင် ပြန်ရမှာလား....
လုချန်းက သူမကို အဘယ်ကြောင့် ရုတ်တရက် ရန်ခရိုင် ပြန်လွှတ်နေရသနည်း။
သူမ သူမနှစ်မြို့စေမည့် တစ်စုံတစ်ရာကို ပြုလုပ်မိခဲ့လို့လား။
စိုးရိမ်စိတ်များ တဟုန်ထိုး တက်လာသည်ကို ပိုင်ချင်းချင်း ခံစားလိုက်ရသည်။
သူမက အလျင်အမြန် မော့ကြည့်လိုက်ပြီး လုချန်း၏ မျက်လုံးများထဲသို့ စေ့စေ့ကြည့်ကာ
“မင်းကြီး။ ကျွန်မက မင်းကြီး မနှစ်မြို့တာ တစ်ခုခုလုပ်မိခဲ့လို့လား။ ကျွန်မက...”
ပိုင်ချင်းချင်း၏ စကားကို ကြားသောအခါ လုချန်းက အနည်းငယ်ပြုံးလိုက်ပြီး သူ၏လက်ကို မြှောက်ကာ သူမ၏ ပါးပြင်ကို ပွတ်သပ်ရင်း
“အဲ့လိုမဟုတ်ပါဘူး။ မင်းက ကိုယ့်ရဲ့ရင်သွေးကို လွယ်ထားရပြီ။ ပြီးတော့ ကိုယ်က ခဏတာတော့ ရန်ခရိုင်ကို ပြန်ဖြစ်မှာမဟုတ်ဘူး။ ကိုယ်တို့ရဲ့ရင်သွေးကို မတော်တဆမှု တစ်ခုခုဖြစ်မှာ ကိုယ်မလိုလားဘူး။ ဒါကြောင့် ကိုယ်ဝန်ကို စောင့်ရှောက်ဖို့အတွက် မင်းကို အရင်ပြန်လွှတ်ဖို့ ကိုယ်စီစဉ်နေတာ။”
လုချန်းသည် ချွမ်နိုင်ငံတော်တွင် ခဏတာနေထိုင်ပြီး အခြေအနေများကို တည်ငြိမ်အောင် ပြုလုပ်ရန် လိုအပ်သည်။ ထို့နောက်တွင် သူ့၌ နောက်ထပ် လုပ်ဆောင်ရန် တာဝန်တစ်ခုရှိသေးသည်။ ၎င်းမှာ ဖုန်းယင်ကျွန်းသို့ သွားရောက်ရန် ဖြစ်သည်။
သူသည် ဖုန်းယင်ကျွန်းကို မြင်ချင်နေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ကမ္ဘာကြီးသကို မပေါင်းစည်းသေးသောကြောင့် အချိန်မရခဲ့ပေ။ ယခု ကမ္ဘာကြီး စည်းလုံးညီညွတ်သွားပြီဖြစ်ပြီး နိုင်ငံတော်ရေးရာများကို သူ၏အရာရှိများက စီမံခန့်ခွဲနိုင်ပြီဖြစ်သောကြောင့် သူ့အတွက် နောက်ဆုံးတွင် အားလပ်ချိန်အချို့ ရရှိခဲ့သည်။
ဖုန်းယင်ကျွန်းပေါ်ရှိ သတ္တုအဆောက်အအုံက အာကာသယာဉ်တစ်ခု ဟုတ်မဟုတ်အား သူ ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ချင်ခဲ့သည်။
လုချန်း၏ စကားကို ကြားပြီးနောက် ပိုင်ချင်းချင်းသည် ခဏခန့် အတွေးထဲနစ်မြောသွားသည်။
သူမ၏ ဝမ်းထဲတွင် ကလေးတစ်ယောက် ရှိနေပြီလား....
ဒီလောက်မြန်မြန်…
ကောင်းပြီ။ ဘာမှလုပ်စရာမရှိတော့ပေ။
ပိုင်ချင်းချင်း ရုတ်တရက် အလွန်စိတ်ပျက်သွားသော်လည်း
“ နားလည်ပါပြီ။”
လုချန်းက
“မင်းပြန်ရောက်ရင် ကျိရွှမ်းတို့ကို ကိုယ့်အတွက် အရမ်းစိတ်မပူဖို့ ပြောလိုက်ပါ။ ကိစ္စတွေ ပြီးတာနဲ့ ရန်ခရိုင်ကို ပြန်လာခဲ့မယ်။”
ပိုင်ချင်းချင်းက
“ဟုတ်ကဲ့ပါ မင်းကြီး။”
ဤအချိန်တွင် လုချန်း ပြတင်းပေါက်အပြင်ဘက်မှ ညကောင်းကင်ကို ကြည့်လိုက်ပြီး
“ကိုယ်တို့လည်း နားသင့်ပြီ။ နေရာပြောင်းကြစို့။”
သူပြောနေစဉ်မှာပင် လုချန်းက ပိုင်ချင်းချင်းကို ပွေ့ချီလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။ နောက်တစ်ခဏတွင် အလင်းအရိပ်ကို အသုံးပြု၍ သူ၏ ယာယီအိပ်ဆောင်သို့ ရောက်ရှိသွားပြီး ပိုင်ချင်းချင်းကို သူ၏အိပ်ရာပေါ်တွင် ချပေးလိုက်သည်။
လုချန်း၏ ပြင်းထန်သော အကြည့်ကို ခံစားမိသောအခါ ပိုင်ချင်းချင်းလည်း သူ၏ ရည်ရွယ်ချက်များကို ချက်ချင်း နားလည်သွားသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် ယခုလေးတင် ရပ်တန့်ထားခဲ့ခြင်းဖြစ်သောကြောင့် ယခင်က စတင်ခဲ့သည်များကို ဆက်လက်လုပ်ဆောင်နိုင်သည်။