← Chapters

လုရီ၏ မှန်းဆချက်၊ သတ္တဝါအားလုံး၏ ကျိန်စာ...

Vol. 53 Ch. 783

လုရီ၏ မှန်းဆချက်၊ သတ္တဝါအားလုံး၏ ကျိန်စာ...

Vol. 53 Ch. 783

~စကြဝဠာထဲတွင် ကျန်ရစ်ခဲ့သော အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ် အင်ပါယာများ၏ မျိုးဆက်များအားလုံး ကျိန်စာတိုက်ခံခဲ့ရသည်ဆိုလျှင် အခြားသော ကျင့်ကြံသူများလည်း ကျိန်စာတိုက်ခံခဲ့ရသလော။

မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲ၏ အဓိပ္ပာယ်သက်ရောက်မှုအရ သူတို့သည် ကျိန်စာတိုက်ခံခဲ့ရခြင်း မရှိသည့်အလား ထင်မှတ်ရ၏။

သို့သော် ရှေးခေတ်ကာလများတွင် အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ် အင်ပါယာများ ပျောက်ကွယ်သွားပြီးနောက် စကြဝဠာတစ်ခုလုံးတွင် အင်မော်တယ် ဘုရင်အဆင့်ထက် မြင့်သော ကျင့်ကြံသူများ တစ်ဦးတစ်ယောက်မျှ ထပ်မံပေါ်ပေါက်လာခြင်း မရှိခဲ့ပေ။

အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်

အင်ပါယာများသည် စကြဝဠာ တစ်ခုလုံးတွင် ရှားပါးသော တည်ရှိမှုများဖြစ်ပြီး အဆင့်

ချိုးဖြတ်ရန် အလွန်တရာ မြင့်မားသော ပါရမီနှင့် အရည်အချင်းများ လိုအပ်ရာ သူတို့၏ အရေအတွက်မှာ များပြားနိုင်မည် မဟုတ်ပေ။

သို့သော်ငြားလည်း နှစ်သန်းပေါင်းရာချီတိုင်းတွင် အင်မော်တယ် ဘုရင် တစ်ပါး ဖြစ်လာနိုင်ခြေရှိသော ပါရမီရှင် တစ်ဦး ပေါ်ထွက်လာသင့်သည် မဟုတ်လော။

သို့ပါလျက် အင်မော်တယ်ဘုရင်များနှင့်

အင်မော်တယ် အင်ပါယာများ ပျောက်ကွယ်သွားချိန်မှ ယခုအထိ အနှစ်..သန်းပေါင်းများစွာ ကြာမြင့်ခဲ့ပြီ မဟုတ်လော။ အင်မော်တယ် ဘုရင် တစ်ပါးမျှပင် ပေါ်ထွက်မလာခဲ့ပေ။

ဤသည်မှာလည်း ကျိန်စာ တစ်မျိုးပင် မဟုတ်လော။ စကြဝဠာ တစ်ခုလုံးရှိ သတ္တဝါ အားလုံးကို ရည်ရွယ်သော ကျိန်စာ တစ်ခုပင်တည်း။

ကျိုယိုမိစ္ဆာများက အင်မော်တယ်ဘုရင်များနှင့် အင်ပါယာများ၏ မျိုးဆက်များအပေါ် သက်ရောက်စေခဲ့သော ကျိန်စာသည် ကြီးမားသော ပျက်စီးမှုကို ဖြစ်စေခဲ့ပြီး သာမန်ကျင့်ကြံသူများအပေါ်တွင် အကျိုးသက်ရောက်မှုမရှိဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ၎င်းသည် ကွယ်ဝှက်ထားသော ကျိန်စာ တစ်ခုကိုလည်း သယ်ဆောင်လာခဲ့ဟန်တူသည်။

ထိုအရာမှာ စကြဝဠာ တစ်ခုလုံးရှိ ကျင့်ကြံသူများသည် အင်မော်တယ်ဘုရင် သို့မဟုတ်

အင်မော်တယ် အင်ပါယာ ၏ အဆင့်အတန်းကို ရရှိနိုင်စွမ်း မရှိတော့ခြင်းပင် ဖြစ်သည်။

ထိုလမ်းကြောင်းမှာ ဖြတ်တောက်ခံလိုက်ရလေပြီ။

လုရီ၏ ရင်ထဲ၌ အနည်းငယ် စိုးရိမ်ပူပန်သွားမိသည်။ ယုတ္တိတန်စွာ ပြောရလျှင် အင်မော်တယ်ဘုရင်အဆင့်သို့ အဆင့်ချိုးဖြတ်တက်ရောက်ရန် အခွင့်အရေးရှိသော ပါရမီရှင်တစ်ဦး ရှိခဲ့သည့်တိုင် သူ ကြိုးစားသင့်ပေသည်။

ဤသို့သော ပါရမီရှင်များသည် ရှေးခေတ်ကာလမှစ၍ အရေအတွက် မနည်းလှသင့်ပေ။ မွေးရာပါ အဆင့်ချိုးဖြတ်တက်ရောက်နိုင်စွမ်းမရှိသူ အချို့မှလွဲ၍ ကျန်သူများ အဘယ်ကြောင့်

အင်မော်တယ်ဘုရင်များ ဖြစ်မလာခဲ့ကြသနည်း။မော်တယ်ဘုရင်များ ဖြစ်မလာခဲ့ကြသနည်း။

ဤကိစ္စထဲတွင် လျှို့ဝှက်ချက်အချို့ ကိန်းအောင်းနေနိုင်သည်ဟု လုရီ ခံစားလိုက်ရ၏။

သူသည် နောက်ကျိနေသော လေထုတစ်စကို မှုတ်ထုတ်လိုက်ပြီး ဆက်လက်မတွေးတောတော့ပေ။

လက်ရှိတွင် သူသည် အင်မော်တယ် ဧကရာဇ်အဆင့်သို့ပင် မရောက်သေးရာ အင်မော်တယ်ဘုရင်အဆင့်မှာ အလွန်တရာ ဝေးကွာနေသေးသည်။ ဤအကြောင်းအရာများကို တွေးတောနေခြင်းမှာ အချည်းနှီးပင် ဖြစ်သည်။

သူ ခြေလှမ်းတစ်လှမ်းချင်းစီကို ကောင်းမွန်စွာ လှမ်းပြီး မိမိကိုယ်ကို ခိုင်မာစွာ အမြစ်တွယ်ထားသမျှ ကာလပတ်လုံး သူသည် မည်သည့်စိန်ခေါ်မှုကိုမျှ ကြောက်ရွံ့နေမည် မဟုတ်ပေ။

အနီရောင်မျိုးနွယ် အင်မော်တယ်ဘုရင်၏ ပုံရိပ်ယောင်သည် မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲ ပေးသော ဖော်ပြချက်မှတစ်ဆင့်

မီးလျှံနီ မျိုးနွယ်၏ လက်ရှိ အခြေအနေကို သိရှိသွားရာ သူ၏ မျက်နှာ အမူအရာမှာ ခဏမျှ ရှုပ်ထွေးသွားပြီးနောက် ဖြည်းညင်းစွာ မိန့်ကြားလိုက်သည်။

"အခု မီးလျှံနီ မျိုးနွယ်တစ်ခုလုံးမှာ လူ

ဘယ်နှစ်ယောက် ကျန်သေးလဲ"

မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲ၏ မျက်နှာတွင် ဝမ်းနည်းပူဆွေးသော အမူအရာတစ်ခု ထင်ဟပ်လာပြီး သူက သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချလိုက်သည်။

"တပည့်ကလွဲရင် တခြားသုံးယောက်ပဲ ကျန်ပါတော့တယ်ဘုရား၊ သူတို့အားလုံးကလည်း အိုမင်းနေကြပါပြီ။ တပည့်တို့ မရေမတွက်နိုင်တဲ့ နည်းလမ်းပေါင်းစုံကို ကြိုးစားခဲ့ပေမဲ့ မျိုးဆက်သစ်တွေ ချန်ထားနိုင်ဖို့ နည်းနည်းမှ

မစွမ်းဆောင်နိုင်ခဲ့ပါဘူး… တပည့်တို့ သေဖို့ကိုတောင် မဝံ့ရဲကြပါဘူး။ အကယ်၍သာ တပည့်တို့ သေဆုံးသွားခဲ့ရင် မီးလျှံနီ မျိုးနွယ်ဟာ အမှန်တကယ်ပဲ အဆုံးသတ်သွားမှာပါ၊ ဘိုးဘေး။"

မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲ၏ စကားများမှာ မျှော်လင့်ချက်ကင်းမဲ့နေပြီး အနီးအနားမှ ယွင်ရှီးနှင့် အခြားသူများမှာမူ ကရုဏာ သက်သော အကြည့်များဖြင့် ကြည့်မိကြလေသည်။

မီးလျှံနီ မျိုးနွယ် အင်မော်တယ်ဘုရင်သည်

တစ်ဖန် တိတ်ဆိတ်သွားပြီးမှ မိန့်ကြားလေ၏။

"ဝမ်းနည်းစရာပဲ၊ ငါ့မှာ စွမ်းအားတွေ ဆုံးရှုံးသွားခဲ့ပြီဖြစ်လို့ မင်းတို့ကို များများစားစား မကူညီနိုင်တော့ဘူး… ဒါပေမဲ့ မင်းတို့ ဆုံးရှုံးသွားခဲ့တဲ့ ကျင့်ကြံခြင်းနည်းစနစ် အမွေအနှစ်ကိုတော့ ငါ မင်းတို့ဆီ လက်ဆင့်ကမ်းပေးနိုင်တယ်။ မင်းတို့သာ အင်မော်တယ် ဘုရင် အဆင့်ကို အဆင့်

ချိုးဖြတ်တက်ရောက်နိုင်ခဲ့ရင် ဒီကျိန်စာကို ချေဖျက်နိုင်လောက်တယ်"

ပြောပြောဆိုဆိုပင် မီးလျှံနီ မျိုးနွယ်

အင်မော်တယ် ဘုရင်၏ ပုံရိပ်ယောင်သည် ကျောက်စိမ်းပေလွှာတစ်ခုကို လေထဲမှ ထုတ်ယူလိုက်ပြီး မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲထံသို့ လွင့်မျောစေလိုက်၏။

မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲသည် ကြီးမားသော ဝမ်းမြောက်မှုဖြင့် ၎င်းကို ဖမ်းယူလိုက်ပြီး ကျေးဇူးတင်ကြောင်း လျှောက်တင်လိုက်သည်။

" ကျေးဇူးတင်ပါတယ်၊

ဘိုးဘေးအင်မော်တယ်ခင်ဗျာ။ မျှော်လင့်ချက် အမျှင်တစ်စလေးပဲ ရှိရင်တောင် တပည့်တို့

အင်မော်တယ်ဘုရင်အဆင့်ကို အဆင့်ချိုးဖြတ်တက်ရောက်ဖို့ အစွမ်းကုန် ကြိုးစားအားထုတ်သွားပါ့မယ်။"

"အစွမ်းကုန် ကြိုးစားကြပေါ့ကွယ်"

ဘိုးဘေးဆီမှ အဖြေပြန်လာခဲ့လေသည်။

ရုတ်တရက် မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲမှာ တစ်စုံတစ်ခုကို အမှတ်ရသွားသည့်အလား သူ၏ မျက်နှာအမူအရာမှာ ပေါ့ပါးသွားပြီး ခပ်ဖွဖွရယ်မောလိုက်သည်။

"အရင်တုန်းကသာဆိုရင် ကျွန်တော် သေဆုံးချိန်မှာ နောင်တတွေ ရှိနေမှာပဲ၊ ဒါပေမဲ့ အခု အပြင်ဘက်က မီးလျှံနီ မျိုးနွယ်က ဟိုးအရင်တုန်းက

ကျွန်တော်တို့နဲ့ တကယ်ပဲ တော်တော်လေး တူတာပဲ… ဖြစ်နိုင်တာက အနီရောင်မျိုးနွယ်က

ကျွန်တော်တို့ မီးလျှံနီ မျိုးနွယ်ရဲ့ အဆက်အနွယ် ဖြစ်လောက်တယ်။"

ထို့နောက် ထိုအဖွဲ့သည် မီးလျှံစွန့်ခွာခြင်းဂိုဏ်းနှင့် မီးလျှံနီ မျိုးနွယ် အင်မော်တယ်ဘုရင်အကြောင်းကို ပိုမိုဆွေးနွေးကြလေသည်။

လုရီသည်လည်း ကျိုယိုငရဲနှင့် အခြားသော

အင်မော်တယ်ဘုရင်များ၊ အင်ပါယာများ ပါဝင်သည့် ရှေးခေတ်ကာလမှ သတင်းအချို့ကို စုံစမ်းမေးမြန်းခဲ့သည်။

ဤသတင်းအပိုင်းအစများကို ယွီမျိုးနွယ်ပင်လျှင် သိရှိမည် မဟုတ်ပေ။

သို့သော် မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲမှာမူ အလွန်ရှည်လျားစွာ အသက်ရှင်ခဲ့ပြီး သူ၏ ရှည်လျားလှသော သက်တမ်းတစ်လျှောက် များစွာ မြင်တွေ့ကြားသိခဲ့ရာ သူ သိရှိသည်များမှာ သမိုင်းနှင့် လက်တွေ့တွင် ခွဲခြားမရနိုင်တော့ဘဲ လျှို့ဝှက်ချက်များစွာကို နားလည်ထားခဲ့ပေသည်။

မီးလျှံနီ မျိုးနွယ် အင်မော်တယ်ဘုရင်၏ ပုံရိပ်ယောင်ကိစ္စကြောင့် မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲသည် လုရီအပေါ် များစွာ ပိုမိုယုံကြည်လာခဲ့သည်။

အကြီးအကဲသည် အနီရောင်မျိုးနွယ်က လုရီနောက်သို့ လိုက်နေခြင်းကြောင့် အနည်းငယ်

မကျေမနပ်ဖြစ်နေသော်လည်း ၎င်းက လုရီအပေါ် သူ၏ ကောင်းသော အထင်အမြင်ကို

မထိခိုက်ခဲ့ပါပေ။

လုရီ၏ စုံစမ်းမေးမြန်းမှုများကို ရင်ဆိုင်ရသောအခါ သူသည် သဘာဝအတိုင်းပင် ပွင့်ပွင့်လင်းလင်း ရှိနေခဲ့သည်။

လုရီသည် သူ၏ အကျိုးအမြတ်များမှာ သိသာထင်ရှားလှသည်ဟု ခံစားလိုက်ရ၏။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ သူတို့၏ စကားဝိုင်းမှာ သဘာဝအတိုင်း တဖြည်းဖြည်း နိဂုံးချုပ်သွားပြီး အနီရောင်နယ်မြေအတွင်း ခေတ္တမျှ တိတ်ဆိတ်သွားသောအခါ လူတိုင်းသည် ထိုနေ့အတွက် ဆွေးနွေးမှု ပြီးဆုံးသွားပြီဖြစ်ကြောင်း နားလည်လိုက်ကြသည်။

ထိုအခိုက်အတန့်မှာ မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲသည် လုရီကို ကြည့်ကာ လေးနက်စွာ တောင်းဆိုလိုက်သည်။

"မိတ်ဆွေလု၊ နောက်ရက်အနည်းငယ်အတွင်းမှာ ငါ ဒီကြယ်နီဂြိုဟ်ပေါ်မှာ နေခွင့်ရနိုင်မလား။ ငါ ဘိုးဘေးအင်မော်တယ်နဲ့ အချိန်အနည်းငယ် အတူကုန်ဆုံးချင်လို့ပါ။"

လုရီက ခပ်ဖွဖွရယ်မောရင်း အသာအယာ ခေါင်းညိတ်လိုက်သည်။

"ရပါတယ်၊ ပြဿနာမရှိပါဘူး။ အကြီးအကဲ ကြယ်နီဂြိုဟ်ပေါ်မှာ ကြိုက်သလောက် နေနိုင်ပါတယ်။"

လုရီ အတိုင်းအတာတစ်ခုအထိ နားလည်ပေးနိုင်ပါသည်။ မည်သို့ပင်ဆိုစေ သူသည် အပြင်လူတစ်ဦးဖြစ်ပြီး မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲမှာ အင်မော်တယ်ဘုရင်၏ ပုံရိပ်ယောင်နှင့် နှစ်ယောက်တည်း သီးသန့် ပြောဆိုလိုသော စကားအချို့ ရှိနေဖွယ်ရှိပြီး မီးလျှံနီ

မျိုးနွယ်၏ လျှို့ဝှက်ချက်အချို့ အပါအဝင် သူ သိခွင့်မရှိသော အရာများလည်း ပါဝင်နေပေမည်။

ဤအပေါ်တွင် လုရီ စိတ်ပျက်ခြင်း မရှိခဲ့ပေ။ ဤရက်များအတွင်း သူ ရရှိခဲ့သည်များမှာ များပြားလှပြီး ဖြစ်သည်။

မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲသည် မီးလျှံနီမျိုးနွယ်နှင့် ယွီမျိုးနွယ်မှ ပါရမီရှင်များ၏ ပုံမှန်ကျင့်ကြံမှုနှင့် ထိုးထွင်းဉာဏ်များကို

မထိခိုက်သမျှ ကာလပတ်လုံး အကြီးအကဲ ဤနေရာတွင် နေသည်ဖြစ်စေ၊ မနေသည်ဖြစ်စေ သူ ဂရုမစိုက်ခဲ့ပေ။

အမှန်တကယ်တွင် မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲ ဤနေရာတွင် နေထိုင်ပါက ပို၍ပင် ကောင်းသေးသည်။

မည်သို့ပင်ဆိုစေ၊ မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲသည် အထွတ်အထိပ် အင်မော်တယ်အရှင်သခင် စွမ်းအားရှင်တစ်ဦး ဖြစ်သည်။

မီးလျှံနီမျိုးနွယ်၏ မျိုးနွယ်ဝင် တစ်ဦး ဖြစ်သည့်အလျောက် သူသည် ဤအမွေအနှစ် နယ်မြေကို သဘာဝအတိုင်း စောင့်ကြပ်ပေလိမ့်မည်။ ဤသည်မှာ အလွန်တရာ အစွမ်းထက်သော ကိုယ်ရံတော် တစ်ဦးကို ရရှိထားခြင်းနှင့် တူညီနေ၏။

ဤသို့ဆိုလျှင် အခြားသော အားကောင်းသည့် ကျင့်ကြံသူများက ဤအမွေအနှစ်နယ်မြေကို ရှာဖွေတွေ့ရှိပြီး သိမ်းပိုက်လိုသည့်တိုင် သူ ဘာတစ်ခုမှ စိုးရိမ်ပူပန်နေစရာ မလိုတော့ပေ။

ထို့နောက် လုရီသည် လျိုနင်ရွှမ်းနှင့် အဖွဲ့ကို အနီရောင်နယ်မြေမှ ဦးဆောင်ခေါ်ထုတ်သွားပြီး မီးလျှံစွန့်ခွာခြင်းဂိုဏ်းမှ အကြီးအကဲနှင့် မီးလျှံနီမျိုးနွယ် အင်မော်တယ်ဘုရင်၏ ပုံရိပ်ယောင်ကို နှစ်ယောက်တည်း ထားခဲ့လေသည်။

-----

သူတို့ အနီရောင်နယ်မြေမှ ပျံသန်းထွက်လာသည်နှင့် သူတို့၏ ရှေ့မှောက်တွင် အနီရောင်အရိပ်တစ်ခု ပေါ်ထွက်လာခဲ့၏။ ၎င်းမှာ လိပ်ပြာနီပင်တည်း။

ဤနှစ်များတစ်လျှောက် လိပ်ပြာနီသည် ဤအမွေအနှစ်နယ်မြေအတွင်း၌ ကျင့်ကြံနေခဲ့သည်။ သူမ၏ ပါရမီကို အနီရောင်မျိုးနွယ်

အင်မော်တယ်ဘုရင်၏ ပုံရိပ်ယောင်က အသိအမှတ်ပြုခဲ့ပြီး သူမအား နေလောင် ကြယ်ကြွေသိုင်းနည်းစနစ်၏ အမွေအနှစ်ကို ချီးမြှင့်ခဲ့လေသည်။

All Chapters