နတ်သမီးလျှိုက ဘယ်ကိုသွားမလို့ ကြံနေတာလဲ
Vol. 60 Ch. 891
နေလုံးသည် မိုးကုပ်စက်ဝိုင်းထဲသို့ ဝင်ရောက်သွားပြီဖြစ်ပြီး ကောင်းကင်တွင် နီဆွေးသောနေဝင်ဆည်းဆာအလင်းရောင်သာ ကျန်တော့သည်ကို မြင်သောအခါ အဆောင်ငယ်အတွင်း ထိုင်နေသော လျှိုချင်းချို တစ်ယောက် သူမ၏ စိတ်နှလုံးထဲမှ ထွက်ပြေးလိုသော ဆန္ဒကို ဆက်လက် မထိန်းချုပ်နိုင်တော့ပေ။
သို့သော် ယခုလောလောဆယ်တော့ သူမ မလှုပ်ရှားရဲသေးပေ။ ယခုထွက်ပြေးလျှင် လုချန်းကို ချက်ချင်း သတိပေးသလိုဖြစ်သွားနိုင်ပြီး သူမနောက်သို့ ချက်ချင်းလိုက်လာလိမ့်မည်။
လုချန်း အိပ်ပျော်သွားသည်အထိ စောင့်ဆိုင်းပြီးမှသာ သူမ၏ အခွင့်အရေး ရောက်လာပေလိမ့်မည်။ ထိုအခါ သူမထွက်ပြေးသည်ကို သူအာရုံခံစားမိလျှင်ပင် သူ အနေနှင့် ချက်ချင်း တုံ့ပြန်နိုင်မည် မဟုတ်ပေ။
သို့သော် လျှိုချင်းချို ထွက်ပြေးရန် ပြင်ဆင်နေစဉ်မှာပင် အမျိုးသမီးကိုယ်ရံတော်တစ်ဦးချွမ်နင်နန်းဆောင်သို့ ဝင်ရောက်လာသည်။ ဤအမျိုးသမီးကိုယ်ရံတော်ကို မြင်သောအခါ လျှိုချင်းချို၏ မျက်ခုံးများ ချက်ချင်း တွန့်သွားသည်။
ဤအမျိုးသမီးကိုယ်ရံတော်သည် လုချန်းကို ပြုစုပေးပြီး ကာကွယ်ပေးသော သူ၏ ကိုယ်ပိုင်ကိုယ်ရံတော်များထဲမှ တစ်ဦးဖြစ်သည်။ သူမ ချွမ်နင်နန်းဆောင်သို့ ရောက်ရှိလာခြင်းက တစ်စုံတစ်ခု မှားယွင်းနေကြောင်း သံသယဖြစ်ဖွယ်မရှိဟု ဆိုလိုပေသည်။
လျှိုချင်းချို မေးရန် အခွင့်အရေး မရမီ အမျိုးသမီးကိုယ်ရံတော်က သူမကို ဂါရဝပြုကာ
“ လျှိုသခင်မကို ဂါရဝပြုပါတယ်။”
လျှိုချင်းချိုနှင့် မုယန်စီတို့သည် တရားဝင် ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်း မခံရသေးသောကြောင့် နန်းတော်ထဲမှ လူတိုင်းက သူတို့နှစ်ဦးလုံးကို “သခင်မ” ဟု ခေါ်ကြသည်။
တရားဝင် ဘွဲ့ချီးမြှင့်ပွဲ အခမ်းအနားပြီးမှသာ သူတို့ကို မိဖုရားလျှိုနှင့် မိဖုရားမုဟု စတင်ခေါ်ဝေါ်ကြမည် ဖြစ်သည်။
ထိုအခိုက်တွင် လျှိုချင်းချိုက ခပ်ပြတ်ပြတ်ပင်
“ဘာကိစ္စလဲ”
အမျိုးသမီးကိုယ်ရံတော်က မော့ကြည့်ကာ “မင်းကြီးက ဒီည သခင်မနဲ့အတူ ညစာသုံးဆောင်မယ်လို့ ညွှန်ကြားလိုက်ပြီး ကြိုတင်ပြင်ဆင်ထားဖို့ ပြောခိုင်းလိုက်ပါတယ်။”
ထိုစကားကို ကြားသောအခါ လျှိုချင်းချို၏ မျက်နှာ ချက်ချင်းပင် နဂိုကထက်ပို၍ အေးစက်သွားပြီး ထိတ်လန့်မှု အရိပ်အယောင် အနည်းငယ် ယှက်သန်းသွားသည်။
သူမ သံသယဝင်ခဲ့သည့်အတိုင်းပင် ထိုလူသည် သူမကို မျက်စိကျနေခဲ့သည်။
သူ၏ ကစားစရာ ပျောက်ဆုံးသွားပြီး ရှည်လျားသော ညတာအတွက် သူ့ကို အဖော်ပြုရန် မည်သူမှ မရှိသောအခါ ပစ်မှတ်အသစ်ကို သဘာဝကျကျ ရှာဖွေခဲ့သည်။
လုချန်း၏ ကစားစရာဖြစ်လာရန် လျှိုချင်းချို၏ စိတ်ထဲလုံးဝ ငြင်းဆန်သည်။ အကယ်၍ သူမ၏ ပင်မခန္ဓာကိုယ်က သူမ၏ အပျိုစင်ဘဝ ဆုံးရှုံးခဲ့ကြောင်း သိရှိသွားပါက သူမကိုသေချာပေါက် စွန့်ပစ်ပေလိမ့်မည်။
ထိုအချိန်တွင် သူမ၏ စိတ်ခံစားချက်များကို တည်ငြိမ်အောင် အတင်းအကျပ် ထိန်းချုပ်လိုက်ပြီးနောက်
“ငါနားလည်ပြီ။”
ထို့နောက် အမျိုးသမီးကိုယ်ရံတော်က
“ဒါဆိုရင် ကျွန်မကို ပြန်ခွင့်ပြုပါ”
သူမ၏ စကားဆုံးသည်နှင့် အမျိုးသမီးကိုယ်ရံတော် လှည့်ထွက်သွားသည်။
အမျိုးသမီးကိုယ်ရံတော်၏ ကျောပြင်ကို ကြည့်ရင်း သူမ ဆက်လက် မစောင့်ဆိုင်းသင့်တော့ကြောင်း လျှိုချင်းချို သိလိုက်သည်။
အကယ်၍ သူမ ဆက်လက်စောင့်ဆိုင်းနေပါက သူမသည် ယနေ့ညတွင် ထိုလူ၏ အရသာရှိသော အစားအစာ ဖြစ်သွားမည်ကို စိုးရိမ်မိသည်။
ထိုသို့တွေးမိသောအခါ အောင်မြင်စွာ ထွက်ပြေးလွှတ်မြောက်နိုင်ဖို့ သေချာစေရန်အတွက် အချိန်ရတုန်း သူမ၏ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ် စွမ်းအင်များကို ချက်ချင်း စတင်စုပ်ယူလိုက်သည်။
…….
တစ်ချိန်တည်းမှာပင်။
မုယန်စီ နေထိုင်သော အဆောင်အတွင်း၌ ဖြစ်သည်။
မုယန်စီသည် ကိုယ်လုံးပေါ်မှန်ရှေ့တွင် ရပ်ကာ သူမ၏ ကျော့ရှင်းသော ကိုယ်ဟန်ကို ကြည့်ရင်း သဘောကျနေသည်။ သူမသည် သူမ၏ သွယ်လျသောခါးနှင့် ရှည်လျားဖြူဖွေးသော ခြေတံများကို ဖော်ပြနေသော ရင်စည်းပါသည့် အနီရောင် ပိုးဝတ်စုံကို ဝတ်ဆင်ထားသည်။
မုယန်စီ သူမဘာသာရေရွတ်လိုက်၏။
“အရမ်းလှတာကလည်း အမှားတစ်ခုပဲ။ ငါသာ ဆွဲဆောင်မှုနည်းခဲ့ရင် ဒီနေရာမှာ အကျဉ်းချခံရမှာ မဟုတ်ဘူး။”
မုယန်စီ၏ စကားဆုံးသည်နှင့် အစေခံတစ်ဦး အလျင်အမြန် ဝင်လာပြီး
“မုသခင်မ။ မင်းကြီးက ဒီည သခင်မနဲ့အတူ ညစာသုံးဆောင်မယ်လို့ သတင်းပို့ခိုင်းလိုက်ပြီး ပြင်ဆင်မှုတွေ လုပ်ထားဖို့ ညွှန်ကြားလိုက်ပါတယ်။”
ထိုစကားများကို ကြားသောအခါ မှန်ထဲမှ မုယန်စီ၏ ပုံရိပ် တောင့်တင်းသွားသည်။
ဒီည သူမနဲ့ ညစာစားမယ် ဟုတ်လား။
လုချန်း ဘာတွေစဉ်းစားနေတာလဲ။
ဘာဖြစ်လို့ ရုတ်တရက်ကြီး ဒီနေ့ သူမနေရာမှာ အစာစားဖို့ ဆုံးဖြတ်လိုက်ရတာလဲ။
သူက ညစာစားဖို့ပဲလာတာ မဟုတ်လောက်ဘူးမလား။
မုယန်စီ၏ မျက်ခုံးများ အနည်းငယ်ကျုံ့သွား၏။ သူမ၏ စိတ်ထဲတွင် သေချာသော ခန့်မှန်းချက်တစ်ခု ရှိနေသည်။ လုချန်းသည် အမှန်တကယ်ပင် အစာစားရန် လာခြင်းဖြစ်နိုင်သော်လည်း လုချန်းပြောသော အစာသည် သာမန်ညစာမဟုတ်ပဲ သူမကိုယ်တိုင် ဖြစ်နေနိုင်သည်။ သူမသည် လုချန်း၏ ညစာဖြစ်သည်။
သူက သူမအပေါ် လှုပ်ရှားရန် အမှန်တကယ် ကြံစည်နေပြီဖြစ်သည်။
မဖြစ်ပါ။ သူမ ဤနေရာမှ ချက်ချင်း ထွက်ပြေးရမည်။ သူမသည် ဤနိမ့်ကျသော ကမ္ဘာတွင် သူမ၏ ဖြူစင်မှုကို မဆုံးရှုံးလိုပေ။
ထိုသို့တွေးမိရင် မုယန်စီက သူမ၏ အစေခံကို ချက်ချင်းပင်
“ငါ့ကိုအကြောင်းကြားပြီးပြီလို့ သတင်းပို့တဲ့ အစေခံကို ပြောလိုက်။ ပြီးတော့ ငါ အခုပဲ ပြင်ဆင်မှုတွေ စလုပ်တော့မယ်။”
“ဟုတ်ကဲ့ပါ သခင်မ။”
အစေခံ မုယန်စီ၏ အဆောင်မှ ထွက်သွားပြီးနောက် မုယန်စီ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ဤကာမဘီလူးသည် သူမ၏ ခန္ဓာကိုယ်ကို လိုချင်နေသည်။
သို့သော် အဲ့ဒီလောက်တော့ လွယ်ကူမည် မဟုတ်ပေ။
သူမ၏ အင်အားသည် အထွတ်အထိပ်သို့ အပြည့်အဝ ပြန်မရောက်သေးသော်လည်း လုချန်း မကြာသေးမီက သူမထံ ပို့ပေးခဲ့သော စိတ်ဝိညာဉ်လက်ဖက်ရည်က သူမအား ကောင်းကင်လူသားအဆင့် နီးပါး စွမ်းအားများကို ပြန်လည်ရရှိစေခဲ့သည်။
သူမ လုချန်းကို အနိုင်မတိုက်နိုင်လျှင်ပင် ထွက်ပြေးရန်က ပြဿနာ မရှိသင့်ပေ။ နှစ်ဦးစလုံးသည် ကောင်းကင်လူသားအဆင့်သာ ဖြစ်နေသဖြင့် လုချန်း သူမကို လိုက်မီနိုင်မည်ဟု သူမ မယုံကြည်ပေ။
ထိုအချိန်တွင် လုချန်းကတော့ နန်းတွင်းစာကြည့်ခန်းထဲတွင် အစိုးရစာရွက်စာတမ်းများကို လှန်လှောကြည့်ရှုနေဆဲဖြစ်၏။ သတင်းပို့ပြီးပြီဖြစ်၍ လျှိုချင်းချိုနှင့် မုယန်စီတို့ ထွက်ပြေးခြင်းကို လုချန်း စိတ်အေးလက်အေး စောင့်ဆိုင်းနေခဲ့သည်။
နီရဲသော ညနေဆည်းဆာရောင် မှေးမှိန်သွားသည်နှင့် ကမ္ဘာကြီးတစ်ခုလုံး ညအချိန်သို့ ကျရောက်သွားသည်။ နန်းတော်တွင်းရှိ လေထုသည် ထူးဆန်းစွာ ခြောက်ခြားဖွယ်ကောင်းနေပြီး ဖိအားကြီးမားနေကာ အသက်ရှူကျပ်စေသည်။
ပြတင်းပေါက်အပြင်ဘက်မှ အမှောင်ထုကို မြင်သောအခါ အမျိုးသမီးနှစ်ဦးကို လှုံ့ဆော်မှု အနည်းငယ် ပေးရန် အချိန်တန်ပြီဟု လုချန်း တွေးလိုက်သည်။
ထို့ကြောင့် သူလည်း ထရပ်လိုက်ကာ နန်းတွင်းစာကြည့်ခန်းအပြင်ဘက်သို့ လျှောက်သွားသည်။ လျှိုချင်းချိုနှင့် မုယန်စီတို့ နန်းတွင်းစာကြည့်ခန်းအတွင်းမှ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြကြောင်း လုချန်း ကောင်းစွာသိသည်။ သူထွက်လိုက်သည်နှင့် အမျိုးသမီးနှစ်ဦးလုံး သေချာပေါက် အာရုံခံစားမိကြပေလိမ့်မည်။
လုချန်း မျှော်လင့်ထားသည့်အတိုင်း သူထလိုက်သည်နှင့် မုယန်စီ၏ အဆောင်မှ ပြင်းထန်သော စိတ်ဝိညာဉ် စွမ်းအား လှိုင်းလုံးတစ်ခု ထွက်ပေါ်လာသည်။
မုယန်စီသည် အစွမ်းကုန် အမြန်နှုန်းဖြင့် တုန်းချန်မြို့ဘက်သို့ ထွက်ပြေးသွားသည်။ မုယန်စီ၏ အဆောင်မှ စိတ်ဝိညာဉ် စွမ်းအား တုန်ခါမှုများကို ခံစားမိသောအခါ လျှိုချင်းချိုသည် မှင်တက်သွားသည်။ လုချန်းသည် ယနေ့ည သူမထံသို့သာ လာရောက်ရန် ရှိသဖြင့် သူမ ချက်ချင်း နားမလည်နိုင် ဖြစ်သွားသည်။
သူမနှင့် မုယန်စီသည် မတူညီသော အဆောင်များတွင် ရှိနေကြခြင်းဖြစ်သည်။ အဘယ့်ကြောင့် မုယန်စီက သူမထက် ပို၍ စိုးရိမ်နေရသနည်း။
သို့သော် နောက်တစ်ကြိမ် စဉ်းစားကြည့်သောအခါ ဒါက သူမအတွက် အခွင့်အရေးကောင်းတစ်ခုကို ဖန်တီးပေးခဲ့သည်။ မုယန်စီ၏ ထွက်ပြေးမှုသည် လုချန်း၏ အာရုံကို သေချာပေါက် ဆွဲဆောင်ပေလိမ့်မည်။ လုချန်း မုယန်စီနောက်သို့ လိုက်သွားသည်နှင့် သူမလည်း ဆန့်ကျင်ဘက်အရပ်သို့ ပြေးမည်ဖြစ်သည်။ ထိုအခါ လုချန်း သူမကို လိုက်မီနိုင်တော့မည် မဟုတ်ပေ။
သို့သော် ခဏအကြာတွင် သူမ၏ တွက်ချက်မှုများ မှာယွင်းသွားကြောင်း လျှိုချင်းချို သိလိုက်သည်။ လုချန်းသည် မုယန်စီနောက်ကို မလိုက်ပဲ ချွမ်နင်နန်းဆောင်ဘက်သို့ တည့်တည့်မတ်မတ် ဦးတည်နေသည်။
လျှိုချင်းချို တောင့်တင်းသွားသည်။ ဘာတွေဖြစ်နေတာလဲ။
မုယန်စီက ထွက်ပြေးသွားပြီ။
လုချန်းက လိုက်မသွားဘူးလား။
သူက မုယန်စီကို ဒီအတိုင်းပဲ လွှတ်ပေးဖို့ တကယ်ဆန္ဒရှိနေတာလား။
အလှအပအရဆိုလျှင် မုယန်စီနှင့် သူမကြားတွင် ကွာခြားမှုများစွာ မရှိပေ။
အမှန်တော့ မုယန်စီ၏ ထွက်ပြေးမှုနှင့် ပတ်သက်၍ လုချန်း အလွန်အမင်း စိုးရိမ်ခြင်း မရှိပေ။ ယနေ့ညတွင် သူ၏ ကနဦးပစ်မှတ်က မုယန်စီ မဟုတ်ပဲ လျှိုချင်းချိုသာဖြစ်သည်။
အကယ်၍ မုယန်စီက ထွက်ပြေးလိုလျှင် သူမကို လွှတ်ပေးမည် ဖြစ်သည်။ ယခင်က ရွှီလင်လုံကဲ့သို့ပင် သူမဘာသာ ပြန်လာဖို့ အချိန်ကြာမည် မဟုတ်ပေ။
လုချန်း ချွမ်နင်နန်းဆောင်သို့ ပို၍ နီးကပ်လာသည်ကို ခံစားမိသည်နှင့် သူမ ဆက်လက် မစောင့်ဆိုင်းသင့်တော့ကြောင်း လျှိုချင်းချို သိလိုက်သည်။ လုချန်း သူမဆီ လာနေခြင်းမှာ ထင်ရှားသည်။
ချက်ချင်းပင် လျှိုချင်းချိုသည် သူမ၏ ခြေထောက်များကို တွန်းကန်ကာ အမိုးပေါ်သို့ ခုန်တက်လိုက်ပြီး နေပြည်တော်မှ ချက်ချင်း ထွက်ပြေးရန် အသင့်ဖြစ်နေသည်။
သို့သော် သူမ မမျှော်လင့်ထားသည်က သူမ အမိုးပေါ်သို့ ဆင်းသက်လိုက်သည်နှင့် သူမ၏ ရှေ့တွင် ပုံရိပ်တစ်ခု ပေါ်လာခြင်း ဖြစ်သည်။ လုချန်းက ပြုံးလျက်
“နတ်သမီးလျှိုက ဘယ်ကိုသွားမလို့ ကြံနေတာလဲ။”
လုချန်း အလွန်လျင်မြန်စွာ ရောက်ရှိလာသည်ကို မြင်သောအခါ လျှိုချင်းချို အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ မလိုအပ်သော စကားများ မပြောပဲ သူမ၏ ဓားကို ဝှေ့ယမ်းလိုက်ရာ ဓားစွမ်းအင်တစ်ခု လုချန်းထံသို့ တိုက်ရိုက် ပျံသန်းသွားသည်။
သူမ၏ အဓိကရည်ရွယ်ချက်မှာ လုချန်းကို တိုက်ခိုက်ရန်မဟုတ်ပဲ ထွက်ပြေးရန် ဖြစ်သည်။ သူမ ဦးစွာတိုက်ခိုက်လိုက်ခြင်းက လုချန်းကို တာဆီးရန်သာဖြစ်၏။ ထိုနည်းလမ်းဖြင့်သာ သူမ ထွက်ပြေးဖို့ အခွင့်အရေး ဖန်တီးနိုင်မည် ဖြစ်သည်။