← Chapters

ရှင်ဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတာ မသိဘူး ထင်နေတာလား

Vol. 60 Ch. 892

ရှင်ဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတာ မသိဘူး ထင်နေတာလား

Vol. 60 Ch. 892

ယခုအခါ ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးဖြစ်နေပြီဖြစ်သော လျှိုချင်းချို၏ ဓားစွမ်းအင်ကြောင့် လုချန်း ထိခိုက်ဒဏ်ရာမရခဲ့ပေ။ သူ အားမစိုက်ရပဲ ရှောင်တိမ်းနိုင်လိုက်သည်။

လျှိုချင်းချို၏ ဓားစွမ်းအင်ကို ဘေးသို့ခြေတစ်လှမ်းလှမ်း၍ ရှောင်တိမ်းပြီးနောက် သူက ပြုံးလျက်

“ကျွန်‌တော်က ညစာစားဖို့ပဲ လာတာပါ။ နတ်သမီးလျှိုက ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ။”

လျှိုချင်းချိုက အေးစက်စွာဖြင့်

“ရှင်ဘာကြံနေလဲဆိုတာ ကျွန်မ မသိဘူးလို့ မထင်နဲ့။”

ဒီလူက ညစာစားဖို့ လာတာမဟုတ်ပဲ သူမအတွက် လာတာ ထင်ရှားသည်။ အကယ်၍ သူမ မလှုပ်ရှားခဲ့ပါက မကြာမီမှာပင် ဤလူ၏ ကစားစရာ ဖြစ်သွားပေလိမ့်မည်။

အစွမ်းထက်သော ကိုယ်ပွားတစ်ဦးအနေနှင့် ထိုသို့သော စော်ကားမှုကို သူမ လုံးဝ သည်းမခံနိုင်ပေ။

လျှိုချင်းချို စကားဆုံးသည်နှင့် သူမ၏ ဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ရာ နောက်တစ်ခဏတွင် ဓားစွမ်းအင် လှိုင်းများ လုချန်းထံသို့ အဆက်မပြတ် ပျံသန်းသွားသည်။ လုချန်းက ပြန်မတိုက်ခိုက်ခြင်း မပြုပဲ လျှိုချင်းချိုထံမှ ဓားစွမ်းအင်များကို ရှောင်တိမ်း၍သာ နေခဲ့သည်။

လုချန်း ပြန်မတိုက်သည်ကို မြင်သောအခါ ဤကာမဘီလူးက သူမကို သတ်ရန် အကြံအစည်မရှိသေးကြောင်း လျှိုချင်းချို သိလိုက်သည်။ သူ၏စိတ်သည် သူမ၏ ခန္ဓာကိုယ်အပေါ်တွင်သာ ရှိနေသောကြောင့် သူမကို သတ်ရန် အမှန်တကယ် မလိုလားပေ။

ဤလူက သူမကို သတ်ရန် ရည်ရွယ်ချက်မရှိပါက သူမ ထွက်ပြေးနိုင်ရန် ပို၍ကြီးသော ရှုပ်ထွေးမှု တစ်ခုကို ဖန်တီးရန် လိုအပ်သည်။ ပရမ်းပတာအခြေအနေတွင်သာ သူမအတွက် ထွက်ပြေးရန် အခွင့်အရေး ရရှိမည်ဖြစ်သည်။

ထိုသို့စိတ်ထဲ တွေးလျက် သူမ၏ စိတ်ဝိညာဉ် စွမ်းအားအားလုံးကို ချက်ချင်းစုစည်းကာ သူမ၏ အစွမ်းထက်ဆုံး ကျင့်စဉ်ကို ထုတ်ဖော်လိုက်သည်။

သက်တံ့ လရောင်ရှုစား...

ကောင်းကင်တွင် သွေးနီရောင်လကို မြင်သောအခါ လုချန်း၏ မျက်ခုံးများ အနည်းငယ် ကျုံ့သွားသည်။ ဤအမျိုးသမီးသည် ချွမ်နိုင်ငံတော်၏ နေပြည်တော်တွင်ပင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ကွက်ကို အသုံးပြုဝံ့မည်ဟု လုချန်း မထင်ထားခဲ့ပေ။ ထွက်ပြေးရန်အတွက် မည်သည့်နည်းလမ်းကိုမဆို သူမ အမှန်တကယ် အသုံးပြုမည်သာဖြစ်သည်။

ထိုသို့သော အဆင့်မြင့် တိုက်ကွက်သည် ချွမ်နေပြည်တော် တစ်ခုလုံးကို ဘေးအန္တရာယ် ကျရောက်စေနိုင်သည်။

လုချန်းလည်း မတတ်သာတော့ပဲ လှံတံကို ချက်ချင်းထုတ်ယူကာ အပေါ်မှလကို ချိန်ရွယ်ပြီး ပစ်ခတ်လိုက်သည်။

လုချန်း ကောင်းကင်မှ အနီရောင်လကို တိုက်ခိုက်သောအခါ လျှိုချင်းချိုလည်း အခွင့်အရေးကို မြင်ပြီး မြို့တံခါးများဆီသို့ ချက်ချင်း ပြေးထွက်သွားသည်။

မကြာမီတွင် လှံတံမှ အပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အနီရောင်လကို ချေမှုန်းလိုက်သည်။

ခေါင်မိုးပေါ်တွင် လျှိုချင်းချို၏ အရိပ်အယောင်ကို မတွေ့ရသောအခါ လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားသည်။

အကြောင်းတစ်ခုခုကြောင့် သူ၏ စိတ်အတွင်းမှ အမဲလိုက်ဗီဇတစ်ခု ပေါ်ပေါက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

ထိုအချိန်တွင် လျှိုချင်းချိုသည် ချွမ်နေပြည်တော် အပြင်ဘက်သို့ ထွက်ပြေးသွားခဲ့ပြီးဖြစ်သည်။ သူမ၏ စွမ်းအားအပြည့်အဝ ပြန်မရသေးသော်လည်း သူမသည် မျက်စိတစ်မှိတ်အတွင်း အကွာအဝေးများစွာကို သွားလာနိုင်သော ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦး ဖြစ်သည်။

သူမသည် နေပြည်တော်မှ ထွက်ခွာခဲ့သော်လည်း လျှိုချင်းချို စိတ်မအေးနိုင်သေးပေ။ လုချန်းသည် ယခင်ကပင် သူတို့ကို လိုက်မီနိုင်ခဲ့ပြီး ယခုအခါ သူကိုယ်တိုင် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦး ဖြစ်နေပြီဖြစ်ရာ သူ၏ အမြန်နှုန်း သိသိသာသာ တိုးလာရမည်ဖြစ်သည်။

ဤသို့တွေးရင်း လျှိုချင်းချို ဆက်လက် အရှိန်မြှင့်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် တစ်စုံတစ်ခုနှင့် ရုတ်တရက် တိုက်မိသွားပြီး ယောက်ျားတစ်ဦး၏ ပြင်းထန်သော ရနံ့တစ်ခုကို ခံစားလိုက်ရကာ သူမ၏ ခန္ဓာကိုယ်လည်း အားနည်းသွားသည်။

လျှိုချင်းချို မှင်တက်သွားသည်။ ဘာတွေဖြစ်နေတာလဲ။

ချက်ချင်း မော့ကြည့်လိုက်သောအခါ သူမ လုချန်းနှင့် တိုက်မိသွားကြောင်း လျှိုချင်းချို သိလိုက်သည်။ အရှိန်ကြောင့် နှစ်ဦးစလုံး လွင့်ထွက်သွားသော်လည်း လုချန်းက သူ၏ လက်များကို ဖြန့်ကျက်ထားပြီး လျှိုချင်းချို၏ ခန္ဓာကိုယ်ကို သူ၏ ရင်ခွင်ထဲသို့ ပွေ့ဖက်ထားလိုက်သည်။

လျှိုချင်းချို ဇဝေဇဝါ ဖြစ်သွားသည်။ လုချန်း မြန်ကြောင်း သူမသိသော်လည်း ဒီလောက်မြန်မြန် လိုက်လာနိုင်လိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။

မဖြစ်ပါ။ သူမ၏ အပျိုစင်ဘဝကို ဆုံးရှုံးရမည့်အစား သေခြင်းကိုသာ ရွေးချယ်မည်။

ထို့ကြောင့် လွတ်မြောက်ရန် ရုန်းကန်ရန်ရင်း သူမ၏ စိတ်ဝိညာဉ် စွမ်းအားကို ချက်ချင်း စုစည်းရန် ကြိုးစားသော်လည်း စွမ်းအားများ ပျောက်ကွယ်သွားပုံရပြီး လုံးဝ စုစည်း၍ မရနိုင်တော့ကြောင်း တွေ့ရှိလိုက်ရသည်။

သူမ၏ စိတ်ဝိညာဉ် စွမ်းအား ပိတ်ဆို့ခံထားရကြောင်း သိလိုက်ရသောအခါ ဒါက လုချန်း၏ လက်ချက်ဖြစ်ကြောင်း လျှိုချင်းချို ချက်ချင်း ခန့်မှန်းမိလိုက်သည်။

သူမတွင် ရုန်းကန်ရန် ခွန်အားမရှိတော့သော်လည်း လျှိုချင်းချိုက သူ့ကို ခြိမ်းခြောက်လိုက်သည်။

“ရှင်ဘာလုပ်နေတာလဲ။ ကျွန်မကို ချက်ချင်းလွှတ်။ ကျွန်မက နေကြွေကမ္ဘာက ယန်ယန်ဂိုဏ်းရဲ့ သူတော်စင်ရဲ့ ကိုယ်ပွားပဲ။ ရှင်သာ ကျွန်မကို ဒီလိုလုပ်ရဲရင် ကျွန်မရဲ့ တကယ့်ခန္ဓာကိုယ်က သူ့လူတွေကိုလွှတ်ပြီး စကြာဝဠာ အဆုံးထိ ရှင့်ကို လိုက်ရှာခိုင်းလိမ့်မယ်။”

လုချန်းက ရယ်မောပြီးနောက်

“ကျွန်တော်ခင်ဗျားကို အဲ့လိုကိစ္စမျိုး လုပ်ချင်တယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ ကျွန်တော်က ခင်ဗျားရဲ့ အိပ်ဆောင်ကို ညစာစားဖို့ လာမယ်လို့ပဲ ပြောခဲ့တာ။ ခင်ဗျားက ကြောက်ပြီး ထွက်ပြေးသွားတာပဲ။”

လျှိုချင်းချိုက အေးစက်စွာဖြင့်

“ရှင်ကကျွန်မကို အရူးလို့ ထင်နေတာလား”

သူမနှင့် မုယန်စီတို့ နန်းတော်တွင် အကျဉ်းချခံထားရသည်မှာ အတော်ကြာနေပြီဖြစ်သော်လည်း လုချန်းက သူတို့နှစ်ဦးနှင့် ညစာစားရန် လာမည်ဟု ဘယ်တုန်းကမှ မပြောခဲ့ပေ။ သို့သော် ယနေ့တွင် ဤလူသည် ရုတ်တရက် လူတစ်ယောက်ကို လွှတ်ကာ သူမ၏နေရာတွင် ညစာစားလိုသည်ဟု ပြောခိုင်းခဲ့သည်။

သူ့တွင် မကောင်းသော ရည်ရွယ်ချက် မရှိဟု သူမ လုံးဝ ယုံကြည်လိမ့်မည် မဟုတ်ပေ။

သူသည် ညစာကို စားလိုခြင်းမဟုတ်ပဲ သူမကို စားလိုခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် လုချန်း၏ စကားအတိုင်းဆိုလျှင် သူမသည် “ညစာ” ဖြစ်သည်။

ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် လုချန်းက လျှိုချင်းချို၏ လက်များကို ထိန်းချုပ်ကာ သူမ၏ လက်များကို နောက်ကျောတွင် ဖိကပ်ထားလိုက်ပြီးနောက် ပွေ့ဖက်ကာ အလင်းအရိပ် ကျင့်စဉ်ကို အသုံးပြု၍ နန်းတော်ဘက်သို့ တိုက်ရိုက် ပြန်သွားလိုက်သည်။

သူတို့ နန်းတော်နှင့် နီးကပ်လာသည်နှင့်အမျှ လျှိုချင်းချို၏ ထိတ်လန့်မှုများ ပိုမိုပြင်းထန်လာသည်။ သူမသည် ခန္ဓာကိုယ်ကို လှုပ်ယမ်းကာ

“ရှင်ကျွန်မကို ဘာလုပ်ထားတာလဲ။ ကျွန်မရဲ့ ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ် စွမ်းအားက ဘာလို့ အပိတ်ခံထားရတာလဲ။”

“ရှင် ကိုယ့်အတွက်ကိုယ် မစဉ်းစားရင်တောင် ရှင့်ရဲ့ ဇနီးတွေနဲ့ ကလေးတွေကို စဉ်းစားဦး။ ယန်ယန်ဂိုဏ်းက ဒီကမ္ဘာကို လူတွေလွှတ်လိုက်ပြီး သူတို့က ရှင်ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို သိသွားတဲ့အခါ ရှင့်ရဲ့မိသားစုထဲက ဘယ်သူမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။”

လျှိုချင်းချို၏ ခြိမ်းခြောက်မှုကို ကြားသောအခါ လုချန်းက ပြုံးလျက်

“ကျွန်တော်က ဒါ‌မျိုးတွေကို ဂရုမစိုက်တတ်ဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ ယန်ယန်ဂိုဏ်းလို့ခေါ်တဲ့ ဂိုဏ်းက ဒီကမ္ဘာကို တကယ်ရောက်လာတဲ့အချိန်မှာ ခင်ဗျားက ကျွန်တော့်မိန်းမ ဖြစ်နေလောက်ပြီ။ အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့မှာ ကလေးတွေ အများကြီးတောင် ရှိနေ လောက်ပြီ။”

လုချန်းက သူမအား သူ၏ကလေးများကို မွေးဖွားစေရန် ရည်ရွယ်ထားကြောင်း ကြားသောအခါ လျှိုချင်းချို ပို၍ပင် ပြင်းထန်စွာ ရုန်းကန်လာသော်လည်း လုချန်းနှင့် နီးကပ်စွာ ဖိကပ်ခံထားသောကြောင့် သူမ၏ ရုန်းကန်မှုများက သူ့ကို ပို၍ စိတ်လှုပ်ရှားစေရန်သာ ဖြစ်စေခဲ့သည်။

ခဏအကြာတွင် လုချန်းလည်း လျှိုချင်းချိုကို ချွမ်နင်နန်းဆောင်သို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ အခန်းထဲသို့ ဝင်ရောက်သည်နှင့် သူက သူမကို နူးညံ့သော အိပ်ရာပေါ်တွင် တင်လိုက်သည်။

သို့သော် ဤအချိန်တွင် လျှိုချင်းချိုလည်း ရုန်းကန်ခြင်းကို ရပ်တန့်လိုက်ပြီဖြစ်သည်။ သူမ၏ လှပသော မျက်လုံးများက သူ၏ နောက်ထပ်လှုပ်ရှားမှုကို စောင့်မျှော်နေသကဲ့သို့ လုချန်းကို စိုက်ကြည့်နေသည်။

လျှိုချင်းချို ခုခံခြင်းမပြုတော့သည်ကို မြင်သောအခါ လုချန်း စူးစမ်းချင်သွားပြီး

“ဘာဖြစ်တာလဲ။ ဘာလို့ ရုန်းကန်တာကို ရပ်လိုက်တာလဲ။”

လျှိုချင်းချိုက ခပ်ပြတ်ပြတ်ပင်

“ရှင်သေမှာ မကြောက်ရင် ဆက်လုပ်လေ။ ကျွန်မရှင့်ကို သတိပေးပြီးပြီ။ ကျွန်မရဲ့ တကယ့်ကိုယ်ခန္ဓာက ယန်ယန်ဂိုဏ်းရဲ့ သူတော်စင်မပဲ။ ရှင့်မှာ အစွမ်းထက်တဲ့ ကျင့်စဉ်မိသားစုရဲ့ နောက်ခံရှိရင်တောင် ရှင် ယန်ယန်ဂိုဏ်းနဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး။”

လုချန်းက စူးစမ်းလိုစိတ်ဖြင့်

“ကျွန်တော်တော်တော်လေး စပ်စုချင်တာကခင်ဗျားရဲ့ ပင်မခန္ဓာကိုယ်က အခု ဘယ်အဆင့်နယ်ပယ်မှာလဲ”

လျှိုချင်းချိုက

“နတ်ဘုရားအဆင့် ပြောင်းလဲခြင်း ဒဿမအဆင့်။ ပြန်လည်ပျက်စီးခြင်းနယ်ပယ်နယ်ပယ်ကို တက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။”

ဒါက…

ခဏခန့် အံ့အားသင့်သွားပြီးနောက် လုချန်းက အနည်းငယ်ပြုံးပြကာ

“ခင်ဗျားရဲ့ ပင်မခန္ဓာကိုယ်ကသာ သူတော်စင် နယ်ပယ် ဒါမှမဟုတ် ဧကရာဇ်နယ်ပယ် ဖြစ်ခဲ့မယ်ဆိုရင်တော့ ကျွန်တော် နည်းနည်းတော့ ထိတ်လန့်သွားနိုင်တယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ ပင်မခန္ဓာကိုယ်က နတ်ဘုရားအဆင့် ပြောင်းလဲခြင်း နယ်ပယ်မှာပဲ ရှိတယ်ဆိုတော့....”

“နောက်ပိုင်းဆို ကျွန်တော်ခင်ဗျားရဲ့ ပင်မခန္ဓာကိုယ်နဲ့ တွေ့တဲ့အခါ သူ့ကိုလည်း မိဖုရားဆောင်ထဲကို ခေါ်သွားမှာပဲ။”

လုချန်း၏ စကားကို ကြားသောအခါ လျှိုချင်းချို တိတ်ဆိတ်သွားသည်။ သူ၏စကားများမှတစ်ဆင့် ထိတ်လန့်ဖွယ်ရာ အချက်တစ်ခုကို သူမ သိလိုက်ရသည်။

လုချန်းသည် နတ်ဘုရားအဆင့် ပြောင်းလဲခြင်းနယ်ပယ် သို့မဟုတ် ပြန်လည်ပျက်စီးခြင်းနယ်ပယ်ရှိ သူများကို မကြောက်ပေ။ ၎င်းက သူ၏နောက်ကွယ်မှ အင်အားစုတွင် ပြန်လည်ပျက်စီးခြင်းနယ်ပယ်အဆင့်ရှိ သူများထက်ပင် ပိုမိုအားကောင်းသော ပုဂ္ဂိုလ်များ ရှိပြီး သူတော်စင် နယ်ပယ် ရောက်နေသူများပင် ရှိနိုင်သည်ဟု ဆိုလိုသည်။

အကယ်၍ ထိုအတိုင်းသာ အမှန်ဖြစ်ပါက သူမ၏ ပင်မခန္ဓာကိုယ်က သူမ၏ အပျိုစင်ဘဝ ဆုံးရှုံးသွားကြောင်း သိရှိသွားလျှင်ပင် ဤလူကို မယှဉ်နိုင်ပဲ ရှိနေမည် မဟုတ်ပါလား။

လျှိုချင်းချို လုံးဝ စိတ်ပျက်အားငယ်စွာ လှဲလျောင်းနေသည်ကို မြင်သောအခါ လုချန်းက ပြုံးလျက်

“ခင်ဗျားက ခွင့်ပြုချက်မရှိပဲ ထွက်ပြေးခဲ့တဲ့အတွက် ဒီညမှာ အပြစ်ပေးတာကို ရှောင်လို့မရနိုင်တော့ဘူး။”

လျှိုချင်းချိုက အေးစက်စွာဖြင့်

“ရှင် ကျွန်မရဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရင်တောင်မှ ကျွန်မရဲ့နှလုံးသားကို ဘယ်တော့မှ ပိုင်ဆိုင်ရမှာ မဟုတ်ဘူး။”

လုချန်းက

“ကျွန်တော်က လောဘမကြီးတတ်ဘူး။ ခင်ဗျားရဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရတာနဲ့တင် ကျွန်တော့် အတွက် လုံလောက်ပြီ။”

လုချန်း၏ စကားကို ကြားသောအခါ လျှိုချင်းချို စကားမပြောနိုင်တော့ပေ။

All Chapters