← Chapters

လျှို့ဝှက်ဆန်းကြယ် မိန်းမပျိုကျင့်စဉ်

Vol. 60 Ch. 895

လျှို့ဝှက်ဆန်းကြယ် မိန်းမပျိုကျင့်စဉ်

Vol. 60 Ch. 895

အကယ်၍ ယခင်က အခြေအနေသာဆိုပါက လျှိုချင်းချိုသည် သူမ၏ ပင်မကိုယ်က သတ်ဖြတ်ခြင်းနှင့် သူမ၏ နတ်အာရုံကို ပြန်လည်သိမ်းယူခံရမည်ကို စိုးရိမ်ပူပန်နေစရာ မလိုပေ။ သို့သော် ယခင်ညက လုချန်း ယူဆောင်လာပေးခဲ့သော သာယာမှုကို တွေ့ကြုံခံစားပြီးနောက်တွင်မူ သူမသည် ဇက်ကြိုးပြတ်နေသော မြင်းတစ်ကောင်ကဲ့သို့ ဖြစ်သွားခဲ့ပြီး သူမ၏ ပင်မကိုယ်ထံသို့ ပြန်သွားရန် ဆန္ဒမရှိတော့ပေ။

သူမ ယခု ဘာလုပ်နိုင်မည်နည်း။

အကောင်းဆုံးကတော့ ဤကမ္ဘာတွင် ဆက်လက်ပုန်းအောင်းနေပြီး ဘယ်သောအခါမှ အပြင်သို့ မထွက်ရန် ဖြစ်သည်။ သို့မှသာ သူမ၏ ပင်မကိုယ်က သူမကို ရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲပေလိမ့်မည်။

ဤကမ္ဘာတွင် ရှင်သန်ရန်အတွက် သူမသည် သူမ၏ နောက်တွင် ရပ်နေသော ယောက်ျားကို ခွဲခွာ၍ မရနိုင်ပေ။ ယခု ထိုသူသည် ဤကမ္ဘာ၏ အုပ်စိုးရှင်ဟု သတ်မှတ်နိုင်သည်။

ကောင်းကင်နတ်ဆိုးကဲ့သို့ သဘာဝတရားကို ဆန့်ကျင်သော ဖြစ်တည်မှုတစ်ခုပင် လုချန်း၏ လက်ဖြင့် ဖယ်ရှားခံခဲ့ရသည်။ ကောင်းကင်တာအိုလမ်းစဉ်ပင် လုချန်းကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုကို ကြောက်ရွံ့နေပါက ကောင်းကင်လမ်းစဉ်ကလည်း သူ့ကို မည်သည့်ဒဏ်ခတ်မှ ပြုလုပ်ဝံ့မည်မဟုတ်ပေ။ ယခုမှစ၍ လုချန်းကို ဤကမ္ဘာတွင် သူအလိုရှိသမျှကို ပြုလုပ်ခွင့်ပြုပေးလိမ့်မည်။

လျှိုချင်းချို၏ စကားကို ကြားပြီးနောက် လုချန်းသည် သူမ၏ နားနားကပ်၍

“အိမ်မွေးတိရစ္ဆာန် ဟုတ်မဟုတ်ဆိုတာတွေထားပါ။ ကိုယ်က မင်းကို ကိုယ့်ရဲ့ဇနီးအဖြစ် တကယ်ပဲ ရည်ရွယ်ထားတာ။”

လျှိုချင်းချိုက အေးစက်စွာဖြင့်

“ရှင် ဟန်ဆောင်နေစရာမလိုပါဘူး။ အခု ရှင့်က ကျွန်မရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးသွားပြီဆိုတော့ ကျွန်မသာ ဒီကမ္ဘာကနေ ထွက်သွားခဲ့ရင်တောင် ပင်မကိုယ်က လိုက်သတ်တာကို ခံရမှာပဲ။ ကျွန်မမှာ အခုသွားစရာနေရာမရှိတော့ဘူး။ ကျွန်မကို ရှင်လုပ်ချင်တာသာ လုပ်ပါ။”

လျှိုချင်းချို သူမ၏အခြေအနေကို ကောင်းသဘောပေါက်သွားပြီဖြစ်သည်။ ယခုအခါတွင် သူမ၌ အခြားသွားစရာနေရာ မရှိတော့သောကြောင့် ဤယောက်ျား၏ ဘေးတွင်သာ နေလိုက်လျှင်ကော ဘာဖြစ်မည်နည်း။

ပြီးခဲ့သောညက ဤယောက်ျားသည် သူမ၏ စွမ်းအားကို လျင်မြန်စွာ မြှင့်တင်ပေးနိုင်သော စုံတွဲကျင့်စဉ်တစ်မျိုးမျိုးကို ကျင့်ကြံထားကြောင်း သူမ အာရုံခံမိခဲ့သည်။

သူမ၏ ခန္ဓာကိုယ်ကို ကစားစရာအဖြစ် သဘောထားခြင်းမှလွဲ၍ လုချန်းတွင် အခြားပြစ်ချက်များ မရှိဟု ထင်ရသည်။

သူမကဲ့သို့ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူတစ်ဦးအတွက် ပထမဦးစားပေးမှာ ရှင်သန်ရေးဖြစ်၏။ ထို့နောက်မှ ဂုဏ်သိက္ခာလာသည်။ ယခုအခါတွင် သူမ၏ ဂုဏ်သိက္ခာ ပျောက်ဆုံးသွားပြီဖြစ်သောကြောင့် သူမ၏ အသက်ကိုပါ ထပ်မံဆုံးရှုံးခံ၍ မဖြစ်တော့ပေ။

ထို့ပြင် ဤယောက်ျားသည် ထူးခြားသည်။ သူသည် ကြမ်းတမ်းသော်လည်း သူမ သူ့ကို လုံးဝ မုန်းတီး၍မရပေ။

သူမ၏ နှလုံးသားထဲတွင် လုချန်းကို မကြိုက်နှစ်သက်သော်လည်း သူမ၏ ခန္ဓာကိုယ်ကမူ သူ့ကို လက်ခံနှင့်ပြီးသား ဖြစ်သည်။ ထိုသို့ဖြင့် လုချန်း၏ မိဖုရားဆောင်တွင် နေထိုင်ရန် လျှိုချင်းချို ဆုံးဖြတ်လိုက်သည်။

လုချန်းက

“အိုး။ ဒါဆို မင်းက ကိုယ့်ရဲ့မိန်းမဖြစ်ဖို့ သဘောတူလိုက်ပြီပေါ့။”

လျှိုချင်းချိုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး နောက်ထပ်ဘာမှမပြောတော့ပေ။ ဤလူယုတ်မာသည် သူမထံမှ အရာအားလုံးကို ယူဆောင်သွားပြီးပြီ ဖြစ်သည်။ ဘာများထပ်မေးစရာ ရှိသေးသနည်း။ သူမ ယခု ထွက်ပြေးနိုင်မှာလား။ သူမ ထွက်ပြေးနိုင်လျှင်ပင် ဘယ်ကိုသွားရမည်နည်း။

လျှိုချင်းချို ကံကြမ္မာကို လက်ခံလိုက်သည်ကို လုချန်း မြင်သောအခါ သူက

“ကိုယ်နောက်မှ မင်းကို မိဖုရားကြီးဘွဲ့ ချီးမြှင့်ဖို့ နန်းတွင်းအမိန့်ထုတ်ပြန်ပေးမယ်။”

လျှိုချင်းချို ဆက်လက်တိတ်ဆိတ်နေဆဲဖြစ်သည်။ ဘွဲ့တံဆိပ်များနှင့် ထိုသို့သောအရာများသည် ယခု သူမအတွက် ဘာမှအဓိပ္ပာယ်မရှိတော့ပေ။ သူမလိုချင်သမျှမှာ အလျင်အမြန် အားကောင်းလာရန်သာ ဖြစ်သည်။

အားကောင်းလာမှသာ သူမ ဤကမ္ဘာမှ ထွက်ခွာသွားပါက သူမ၏ ပင်မကိုယ်နှင့် ယှဉ်ပြိုင်နိုင်ပြီး ၎င်း၏ သတ်ဖြတ်ခြင်းကို ရှောင်ရှားနိုင်မည် ဖြစ်သည်။

လျှိုချင်းချို ဆက်လက်တိတ်ဆိတ်နေသည်ကို မြင်သောအခါ လုချန်း အနည်းငယ် လှုပ်ရှားလိုက်ရာ လျှိုချင်းချိုထံမှ ညည်းညူသံတစ်ခု ထွက်ပေါ်လာပြီး ချက်ချင်းပင်

“ရှင်က တကယ်ပဲ သားရိုင်းတစ်ကောင်ပဲ။”

လုချန်းက ရယ်မောလိုက်ပြီး

“သားရိုင်း ဟုတ်လား။ သားရိုင်းတစ်ကောင်တောင် ကိုယ်နဲ့ မယှဉ်နိုင်လောက်ဘူးထင်တယ်။”

ဤအရှက်မရှိသော လုချန်းကို ရင်ဆိုင်ရန် နောက်ထပ် နည်းလမ်းမရှိတော့ပေ။ ဤလူသည် အစွမ်းထက်ပြီး မျက်နှာပြောင်တိုက်တတ်သည်။ သူမအနေနှင့် ဖိနှိပ်ခံရရန်သာ ကျန်တော့သည်။

ထို့နောက် လျှိုချင်းချိုက အကြောင်းအရာပြောင်းလိုက်သည်။

“ရှင်က စုံတွဲကျင့်စဉ်တစ်မျိုးမျိုးကို ကျင့်ကြံထားတာလား။”

လုချန်းက

“ဟုတ်တယ်။ မင်းခံစားမိပုံပဲ။ မင်းက ဒီကျင့်စဉ်ကို မှီခိုပြီး မင်းရဲ့အင်အားကို မြှင့်တင်ဖို့၊ ပြီးတော့ မင်းအားကောင်းလာတာနဲ့ ဒီကမ္ဘာကနေ ထွက်ပြေးဖို့ စဉ်းစားနေတာလား။”

လျှိုချင်းချိုက

“ကျွန်မ ရှင့်ကို အသုံးချမှာ ရှင်ကြောက်ရင် နောက်ဆို ကျွန်မရဲ့ ခန္ဓာကိုယ်ကို မထိနဲ့တော့။”

လျှိုချင်းချိုသည် အမှန်တကယ်ပင် သူမ၏ စွမ်းအားကို မြှင့်တင်ရန် လုချန်း၏ စုံတွဲကျင့်စဉ်ကို အသုံးချလိုသော်လည်း သူက ထိုသို့ထုတ်ပြောသည်ကို ကြားသောအခါ အနည်းငယ် ဒေါသထွက်သွားသည်။ သူမသည် သူ၏ လက်ထဲတွင် လုံးလုံးလျားလျား ကျရောက်ပြီးသားဖြစ်သည်။ ထို့ကြောင့် စွမ်းအားအချို့ရရှိရန် သူ၏ စုံတွဲကျင့်စဉ်ကို အသုံးပြုခြင်းက ဘာများမှားသနည်း။

လုချန်းက ပြုံးလျက်

“မင်းက ကိုယ်ရဲ့ဇနီးပဲ။ မင်းရဲ့ စွမ်းအားကို မြှင့်တင်ဖို့ ကူညီပေးရမှာ ကိုယ့်တာဝန်ပဲလေ။ အဲ့ဒါကို အသုံးချတယ်လို့ ဘယ်လိုခေါ်နိုင်မှာလဲ။”

“အခုကိုယ့်ဆီမှာ ကောင်းကင်ဘုံအဆင့် ကျင့်စဉ်တစ်ခုရှိတယ်။ ဒီကျင့်စဉ်ကို ကျင့်ရင် မင်းရဲ့စွမ်းအားကို ပိုပြီးမြန်မြန် ကောင်းလာစေလိမ့်မယ်။”

“လှည့်လိုက်။ အဲ့ဒီကျင့်စဉ်ကို မင်းကို သင်ကြားပေးမယ်”။

ထိုစကားကို ကြားသောအခါ လျှိုချင်းချို သူမ၏ ခေါင်းကို အနည်းငယ် လှည့်လိုက်ပြီး မျက်လုံးထောင့်ကပ်ကာ လုချန်းကို သံသယဖြင့် ကြည့်လိုက်သည်။

နောက်တစ်ခဏတွင် လုချန်းက လျှို့ဝှက်ဆန်းကျယ် မိန်းမပျိုကျင့်စဉ်ကို လျှိုချင်းချို၏ ဦးနှောက်ထဲ တိုက်ရိုက် သင်ကြားပေးလိုက်သည်။

လျှို့ဝှက်ဆန်းကျယ် မိန်းမပျိုကျင့်စဉ် လျှိုချင်းချို၏ စိတ်ထဲသို့ ဝင်ရောက်သွားသည်နှင့် သူမလည်း ၎င်း၏ အသုံးပြုပုံကို ချက်ချင်း နားလည်သွား၏။ တပြိုက်နက်တည်းမှာပင် လုချန်းသည် ကျင့်စဉ် မိသားစုတစ်ခုမှ သခင်လေးတစ်ဦးဖြစ်ကြောင်း သူမကို ပို၍ပင် ယုံကြည်သွားစေသည်။

ကောင်းကင်ဘုံအဆင့် ကျင့်စဉ်တစ်ခုကို ပေါ့ပေါ့တန်တန် ထုတ်ပေးနိုင်ခြင်းကြောင့် သူသည် သာမန်လူ လုံးဝမဖြစ်နိုင်ပေ။ ဤယောက်ျားကို အားကိုးခြင်းဖြင့် အနာဂတ်တွင် ပင်မကိုယ်မှ ခွဲထွက်ပြီး လွတ်လပ်သော ဖြစ်တည်မှုတစ်ခုအဖြစ် ရပ်တည်နိုင်ရန် အမှန်တကယ်ပင် ဖြစ်နိုင်ခြေရှိသည်။

လျှိုချင်းချို အတွေးထဲနစ်မြောနေစဉ် လုချန်း ဖြည်းညင်းစွာ ထရပ်လိုက်၏။ ဟာတာတာ ခံစားချက်တစ်ခုကို ခံစားမိမှသာ သူမသည် သတိပြန်ဝင်လာခဲ့သည်။

သို့သော် လုချန်းက ထွက်ခွာမသွားပဲ သူမကို လှန်လိုက်ပြီး တစ်ဖန် ပြန်ကိုင်းလိုက်ရာ သူတို့၏ နှာခေါင်းများ တစ်ခုနှင့်တစ်ခု ထိသွားကြသည်။

သူမ၏ လှပသော မျက်လုံးများကို အနီးကပ်စိုက်ကြည့်ရင်း လုချန်းက

“ကိုယ်အခု လျှို့ဝှက်ဆန်းကျယ် မိန်းမပျိုကျင့်စဉ်ကို မင်းကို သင်ကြားပေးပြီးပြီ။ အဲ့ဒါ ဘယ်လောက်ထိရောက်မှုရှိလဲဆိုတာ သိရအောင် မင်း ကျင့်ကြည့်ပါလား။”

လျှိုချင်းချိုလည်း ဟန်ဆောင်မနေပဲ

“ကောင်းပါပြီ။”

နောက်တစ်ခဏတွင် လျှို့ဝှက်ဆန်းကျယ် မိန်းမပျိုကျင့်စဉ်ကို စတင်လည်ပတ်လိုက်၏။ ထိုသို့ပြုလုပ်သည်နှင့် သူမ၏ ခန္ဓာကိုယ်သည် မယုံနိုင်လောက်အောင် ပူပြင်းလာကာ သူမ၏ ခန္ဓာကိုယ်အနှံ့ရှိ သွေးကြောအားလုံး ကျုံ့သွား၏။

လုချန်းလည်း အေးစက်သော လေတစ်မျိုးကို ရှူသွင်းလိုက်ရသည်။ ဒါက လျှို့ဝှက်ဆန်းကျယ် မိန်းမပျိုကျင့်စဉ်ဖြစ်သည်။

စနစ်က လျှို့ဝှက်ဆန်းကျယ် မိန်းမပျိုကျင့်စဉ်နှင့် နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို အတူတကွ ကျင့်ကြံရန် ပြောခဲ့သည်မှာ အံ့ဩစရာမရှိပေ။ လျှို့ဝှက်ဆန်းကျယ် မိန်းမပျိုကျင့်စဉ် လည်ပတ်ပြီး သူ၏ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို ဆက်လက် လည်ပတ်ခြင်းက သူ့ကို...

လျှိုချင်းချိုသည်လည်း သူမ၏ ခန္ဓာကိုယ်ထဲမှ အပြောင်းအလဲများကို ခံစားမိခဲ့သည်။ ဒါက လျှို့ဝှက်ဆန်းကျယ် မိန်းမပျိုကျင့်စဉ်လား။

စိတ်ဝိညာဉ် စွမ်းအား အလွန်နည်းပါးသော ကမ္ဘာတစ်ခုတွင်ပင် ၎င်းသည် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်ပင်လယ်ကို ချက်ချင်း ချဲ့ထွင်နိုင်ပြီး လုချန်း၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ် စွမ်းအားကိုပင် အတင်းအကျပ် စုပ်ယူနိုင်ခဲ့သည်။

လုချန်း၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ် စွမ်းအားကို စုပ်ယူနိုင်သည်ဟု တွေးမိသောအခါ လျှိုချင်းချို၏ရင်ထဲ ပြင်းထန်သော လက်စားချေလိုစိတ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဤယောက်ျားသည် ပြီးခဲ့သောညက သူမအပေါ် အလွန်ကြမ်းတမ်းခဲ့သည်။ ယခု နောက်ဆုံးတွင် သူမ ပြန်လည်တိုက်ခိုက်ရမည့် အလှည့်ရောက်ပြီ ဖြစ်သည်။ သူမထံသို့ ကောင်းကင်ဘုံအဆင့် ကျင့်စဉ်တစ်ခုကို သင်ကြားပေးဝံ့သော သူ့ကို နောင်တရခြင်းဆိုတာ အဘယ်အရာဖြစ်ကြောင်း သိစေမည်။

လျှိုချင်းချို လျှို့ဝှက်ဆန်းကျယ် မိန်းမပျိုကျင့်စဉ်ကို ဆက်လက်လည်ပတ်နေစဉ် လုချန်းက

“ခဏနေဦး”

ဟု အလျင်အမြန် ပြောလိုက်သည်။

လျှိုချင်းချိုက လုချန်း၏ စကားကို လျစ်လျူရှုလိုက်သည်။ လုချန်းကို လက်စားချေရန် အခွင့်အရေးသည် သူမ၏ မျက်စိရှေ့တွင် ရှိနေသည်။ သူမက ထိုအခွင့်အရေးကိုအဘယ်ကြောင့် လက်လွတ်သွားစေနိုင်မည်နည်း။

လျှိုချင်းချို မရပ်တန့်သည်ကို မြင်သောအခါ လုချန်းလည်း လျှိုချင်းချို၏ အကြံအစည်ကို သိရှိသွားပြီး စိတ်ထဲတွင် ပြုံးလိုက်သည်။ သူသည် အမြဲတမ်း အခြားသူများအပေါ်တွင် အသာစီးရနေခဲ့၏။ ထိုအရာကို မကျေနပ်သော လျှိုချင်းချိုက ယခု သူ့ကို သင်ခန်းစာပေးနိုင်မည်ဟု ထင်နေတာလား။

ထို့နောက် လုချန်းက လျှိုချင်းချို၏ နှုတ်ခမ်းများကို သူ၏ ပါးစပ်ဖြင့် တိုက်ရိုက် ပိတ်ဆို့လိုက်သည်။

“အွန်း...”

ချက်ချင်းပင် လုချန်းဘက်ကလည်း နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို စတင်လည်ပတ်လိုက်သည်။

…….

တစ်ချိန်တည်းမှာပင်။

မြူခိုးဒေသ။

မြူခိုးများဖြင့် ဖုံးလွှမ်းနေသော တောအုပ်တစ်ခုအတွင်းတွင် မီးခိုးရောင်ဝတ်ရုံများ ဝတ်ဆင်ထားသော လူတစ်စုသည် ပုံစံတစ်ခုကို ဖွဲ့စည်းနေခဲ့ကြသည်။

ထိုအခိုက်အတန့်တွင် သူတို့၏ ခြေထောက်များမှ အပြာရောင်အလင်းတန်းများကို ရုတ်တရက် ထုတ်လွှတ်လိုက်ပြီး နောက်တစ်ခဏတွင် အပြာရောင် မြေခွေး ပုံရိပ်တစ်ခုသည် သူတို့၏ ခေါင်းများအထက်တွင် ပေါ်လာခဲ့သည်။

ခဏအကြာတွင် အပြာရောင် မြေခွေး ပုံရိပ်သည် အဝေးရှိ နေရာလွတ်တစ်ခုသို့ အပြာရောင်မီးလျှံတစ်ခုကို ရုတ်တရက် ထွေးထုတ်လိုက်သည်။ အပြာရောင်မီးလျှံများ ထွက်ပေါ်လာသည်နှင့် အဝေးမှ ဖန်ကွဲသံတစ်ခုကဲ့သို့ အသံတစ်မျိုး ထွက်ပေါ်လာခဲ့သည်။

သို့သော် မြေခွေး ပုံရိပ်က ၎င်း၏ တိုက်ခိုက်မှုကို ရပ်တန့်လိုက်သောအခါ ထိုနေရာသည် မည်သည့်အရာမျှ မဖြစ်ခဲ့သကဲ့သို့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပုံရသည်။

လူများသည် အဝေးရှိ နေရာလွတ်ကို တိုက်ခိုက်ရန် ပုံစံကို ဆက်လက်ထိန်းချုပ်နေကြပြီး အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက် နောက်ဆုံးတွင် အရာတစ်ခု ကောင်းကင်မှ ကျဆင်းလာခဲ့သည်။

ချက်ချင်းပင် လူများ၏ ရှေ့တွင် အနက်ရောင် အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့သည်။

ထိုအချိန်တွင် အဝါရောင်ဝတ်ရုံ ဝတ်ဆင်ထားသူတစ်ဦးက

“ရပ်လိုက်တော့။ ဆက်ပြီး လည်ပတ်နေရင် ဒီကမ္ဘာရဲ့ တည်ငြိမ်မှုကို ထိခိုက်နိုင်တယ်။ ဒီအက်ကွဲကြောင်းက လုံလောက်ပြီ။”

All Chapters