← Chapters

ပင်မခန္ဓာကိုယ်နဲ့ ကိုယ်ပွားရဲ့ နတ်အာရုံက ဆက်သွယ်နေတယ်လို့ ကြားဖူးတယ်

Vol. 60 Ch. 896

ပင်မခန္ဓာကိုယ်နဲ့ ကိုယ်ပွားရဲ့ နတ်အာရုံက ဆက်သွယ်နေတယ်လို့ ကြားဖူးတယ်

Vol. 60 Ch. 896

ဂိုဏ်းချုပ်၏ စကားကို ကြားပြီးနောက် လင်ဟူဂိုဏ်းဝင်များသည် ချက်ချင်းပင် ပုံစံလည်ပတ်ခြင်းကို ရပ်တန့်လိုက်ပြီး ဆက်လက်မတိုက်ခိုက်တော့ချေ။

အဝေးမှ အက်ကွဲကြောင်းကို ကြည့်ရင်း လင်ဟူဂိုဏ်းချုပ် ကျန်းဟုန်က သူ၏မုတ်ဆိတ်ကို ပွတ်သပ်ကာ ရယ်မောလျက်

“မြူခိုးဒေသရဲ့ ကန့်သတ်ချက်တွေ မပျောက်ကွယ်ခင်မှာ ကျုပ်တို့က ထျန်းချန်တိုက်ကြီးကို ရောက်ဖို့ နည်းလမ်းတစ်ခုကို ရှာတွေ့ပြီးသားဖြစ်လိမ့်မယ်လို့ အဲ့ဒီလူတွေ ဘယ်တော့မှ မျှော်လင့်ထားမှာ မဟုတ်ဘူး။”

ဤအခိုက်တွင် လင်ဟူဂိုဏ်းမှ အကြီးအကဲတစ်ဦးက ကျန်းဟုန်ကို

“ဂိုဏ်းချုပ်က တကယ်ပဲ ပညာရှိပါပေတယ်။ မြူခိုးဒေသရဲ့ ပိတ်ပင်မှုတွေ မဖယ်ရှားခင် ကျုပ်တို့လူတွေသာ ထျန်းချန်တိုက်ကြီးထဲကို အချိန်မီ ဝင်ရောက်နိုင်ခဲ့ရင်ကျယ်ပြောလှတဲ့ နယ်မြေပမာဏကို သိမ်းပိုက်နိုင်မှာပဲ။”

ထို့နောက် အခြားအကြီးအကဲတစ်ဦးက “တစ်နေ့မှာ မြူခိုးဒေသရဲ့ ပိတ်ပင်မှုတွေ ပျောက်ကွယ်သွားပြီး မြူခိုးဒေသက ဂိုဏ်းအင်အားစုတွေ ထျန်းချန်တိုက်ကြီးထဲကို ဝင်လာတဲ့အခါ နယ်မြေအားလုံးက ကျုပ်တို့ လင်ဟူဂိုဏ်းပိုင် ဖြစ်နေတာကိုတွေ့ပြီး သူတို့ အံ့အားသင့်သွားကြလိမ့်မယ်။”

ဤစကားကို ကြားသောအခါ လင်ဟူဂိုဏ်းမှ လူများ အားရပါးရ ရယ်မောလိုက်ကြ၏။ တောအုပ်ကြီးသည် ပျော်ရွှင်ဖွယ်ရာ လေထုဖြင့် ခဏခန့် ဖုံးလွှမ်းသွားသည်။

ရယ်သံများ ငြိမ်သက်သွားပြီးနောက် ကျန်းဟုန်က

“နောက်မှဖြစ်လာမဲ့ ကိစ္စတွေထားလိုက်ပါ။ ပိတ်ပင်မှုက ရှိနေတုန်းပဲ။ ကျုပ်တို့က အာကာသအက်ကွဲကြောင်းတစ်ခုကို ရှာတွေ့ခဲ့ပေမယ့် ကောင်းကင်လူသားအဆင့်အထက် လူတွေ ဖြတ်သန်းနိုင်ပါ့မလားလို့ ကျုပ်စိုးရိမ်တယ်။”

ထိုစကားကို ကြားသောအခါ အကြီးအကဲတစ်ဦးက ချက်ချင်းပင်

“ဂိုဏ်းချုပ် စိတ်ပူစရာမလိုပါဘူး။ ပိတ်ပင်မှုတည်ရှိနေတာကြောင့် ထျန်းချန်တိုက်ကြီးက လက်ရှိမှာ စိတ်ဝိညာဉ်စွမ်းအင် ကုန်ခမ်းနေတဲ့ ကမ္ဘာတစ်ခုပါ။ အဲ့ဒီမှာ ကျင့်စဉ်ကျင့်သူတစ်ယောက်တောင် ရှိမှာမဟုတ်ဘူး။ ညီညွတ်ခြင်းနယ်ပယ်ရောက်နေ အရိပ်အယောင် ကောင်းကင်လူသားအဆင့်နတဝိုက်တပည့်တွေကို လွှတ်လိုက်ရင်တောင် သူတို့က ဒေသခံတွေကို လွှမ်းမိုးနိုင်မှာ သေချာပါတယ်။”

အကြီးအကဲ၏ မှတ်ချက်ကို ကြားသောအခါ ကျန်းဟုန်က အနည်းငယ် ခေါင်းညိတ်ကာ ပြုံးလျက်

“ဒါလည်းဟုတ်သားပဲ”

“ကောင်းပြီ။ ကျုပ်တို့ အက်ကွဲကြောင်းတစ်ခုကို ဖွင့်ပြီးပြီဆိုတော့ အရင်ဆုံး ကင်းထောက်ဖို့ လူတစ်ချို့ကို လွှတ်လိုက်ကြရအောင်။”

ထို့နောက် လင်ဟူဂိုဏ်းသည် ညီညွှတ်ခြင်း နယ်ပယ်အဆင့်ရှိ အပြင်စည်းတပည့် ဒါဇင်ပေါင်းများစွာနှင့် အဆင့်လွန် ပညာရှင်များနှင့် နှိုင်းယှဉ်နိုင်သော အင်အားရှိသည့် အစေခံ ရာပေါင်းများစွာကို ထျန်းချန်တိုက်ကြီးသို့ စေလွှတ်ခဲ့သည်။

သူတို့၏ တာဝန်မှာ ရိုးရှင်းသည်။ ၎င်းမှာ ထျန်းချန်တိုက်ကြီး၏ မင်းဆက်အမျိုးမျိုးကို သိမ်းပိုက်ပြီး နယ်မြေတစ်ခုလုံးကို လွှမ်းမိုးရန် ဖြစ်သည်။

စိတ်ဝိညာဉ် စွမ်းအင် ကုန်ခမ်းနေသော ကမ္ဘာဖြစ်သည့် ထျန်းချန်တိုက်ကြီးကို မြူခိုးဒေသမှ လူများ စိတ်ဝင်စားရသည့် အကြောင်းရင်းက အလွန်ရိုးရှင်းသည်။ ထျန်းချန်တိုက်ကြီးသည် မပြည့်စုံသော ကောင်းကင်ဘုံ တာအိုနိယာမများရှိသော ကမ္ဘာတွင် ရှိနေသော်လည်း ၎င်း၏ အာကာသသည် မြူခိုးဒေသထက် ပိုမိုတည်ငြိမ်သည်။

မြူခိုးဒေသသည် အချိန်နှင့်အာကာသ ပရမ်းပတာဖြစ်သော နေရာတွင် တည်ရှိသည်။ အချို့ မတည်ငြိမ်သော ဒေသများတွင်ဆိုလျှင် ဂိုဏ်းအင်အားစုများ မကြာခဏဆိုသလို ထူးဆန်းစွာ ပျောက်ကွယ်သွားတတ်သည်။

ဟုတ်ပါသည်။ အရေးကြီးဆုံးအချက်က မြူခိုးဒေသ၏ ပိတ်ပင်မှုများ ပျောက်ကွယ်သွားပြီးနောက် မြူခိုးဒေသမှ စိတ်ဝိညာဉ်စွမ်းအင်များ ထျန်းချန်တိုက်ကြီးထဲသို့ စီးဝင်လာမည်ဖြစ်ပြီး မကြာခင်တွင် ထျန်းချန်တိုက်ကြီးအတွင်း၌ စိတ်ဝိညာဉ်စွမ်းအင် ပြန်လည်နိုးကြားမှုဖြစ်စဉ် ဖြစ်ပေါ်လာမည်ဖြစ်သည်။

မြူခိုးဒေသ၏ ပိတ်ပင်မှုများ ကွယ်ပျောက်သွားသည်နှင့် ထျန်းချန်တိုက်ကြီးသည် ကျင့်စဉ်ကျင့်သူများ ကျင့်စဉ်ကျင့်ကြံရန် သင့်တော်သော ကမ္ဘာတစ်ခု ဖြစ်လာပေလိမ့်မည်။ သဘာဝအတိုင်းပင် မြူခိုးဒေသ၏ အဓိကအင်အားစုအားလုံးသည် ၎င်းဒေသကို ထိန်းချုပ်ရန် ကြိုးပမ်းကြပေလိမ့်မည်။

ကောင်းကင်လူသား စွမ်းအားရှင်များ မဆိုထားနှင့် မူလအစကမ္ဘာ နယ်ပယ်အဆင့်များပင် ထျန်းချန်တိုက်ကြီးတွင် ပေါ်ထွက်နေပြီဖြစ်ကြောင်း ထိုအချိန်အထိ လင်ဟူဂိုဏ်း လုံးဝ မသိခဲ့ပေ။

သူတို့ ပို၍ပင် မမျှော်လင့်ထားသည်မှာ ထို “ဒေသခံများ” သည် ကောင်းကင်လူသား စွမ်းအားရှင်များကိုပင် ချေမှုန်းနိုင်သော ယမ်းလက်နက်များကို သုတေသနပြုနေကြပြီဆိုသော အချက်ဖြစ်သည်။

………

နေ့ရောညပါ ကျင့်ကြံပြီးနောက် လုချန်းနှင့် လျှိုချင်းချိုတို့ နှစ်ဦးစလုံး များစွာသောအကျိုးကျေးဇူးများကို ရရှိခဲ့ကြသည်။ လျှိုချင်းချို၏ စွမ်းအားသည် မူလအစကမ္ဘာ နယ်ပယ်အဆင့်နီးပါးသို့ အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့ပြီး လုချန်းကိုယ်တိုင်သည်လည်း ကောင်းကင်လူသားအဆင့်၏ ပထမအဆင့်သို့ တက်လှမ်းသွားခဲ့သည်။

လုချန်းထံမှ ထွက်ပေါ်လာသော စိတ်ဝိညာဉ် ဖိအားကို ခံစားမိသောအခါ လျှိုချင်းချို မယုံနိုင်လောက်အောင် ဖြစ်သွားသည်။ ဤလူသည် မကြာသေးမီကမှ ကောင်းကင်လူသား တစ်ဦး ဖြစ်လာခဲ့သည် မဟုတ်ပါလား။ ယခုမူ ခြောက်လမပြည့်မီမှာပင် သူသည် ကောင်းကင်လူသားနယ်ပယ်၏ ပထမအဆင့်သို့ ကျော်ဖြတ်သွားခဲ့ပြီလား။

သူမနှင့် နှစ်ယောက်တွဲ ကျင့်ကြံခြင်းကြောင့်လား။ သူမက သူ့ကို အသုံးချနေခြင်းမဟုတ်ပဲ လုချန်းကသာ သူမကို အသုံးချနေသည်ဟု အဘယ့်ကြောင့် ခံစားနေရသနည်း။

ထိုအခိုက်တွင် လုချန်းက လျှိုချင်းချို လှပသော မျက်နှာကို စိုက်ကြည့်ကာ အသက်ပြင်းပြင်း အကြိမ်ကြိမ်ရှူပြီး

“ကိုယ်က မင်းကို လျှို့ဝှက်ဆန်းကြယ် မိန်းမပျို ကျင့်စဉ်ကို သင်ပေးပြီးပြီးချင်းမှာပဲ မင်းက အဲ့ဒါကို ကိုယ့်အပေါ် ပြန်သုံးဖို့ စဉ်းစားတယ်။ မင်းကိုယ့်ကို တကယ်ပဲ အထင်သေးတာပဲ။”

ယခုအချိန်တွင် လျှိုချင်းချိုသည် လုံးဝ အားနည်းနေပြီး သူမ၏ လှပသော မျက်လုံးများ ဝေဝါးနေကာ ပါးပြင်များလည်း နီရဲနေသည်။ လုချန်းသည် အစွမ်းထက်သော်လည်း သူ့တွင် ကန့်သတ်ချက်များရှိမည်ဟု သူမထင်ခဲ့သည်။ လျှို့ဝှက်ဆန်းကြယ် မိန်းမပျို ကျင့်စဉ်သည် အလွန်အစွမ်းထက်သောကြောင့် သူမက…

သူမထိုသို့ မျှော်လင့်မထားခဲ့သော်လည်း နောက်ဆုံးတွင် သူမပင် ရှုံးနိမ့်သွားခဲ့သည်။ လုချန်း၏ စိတ်ဝိညာဉ် စွမ်းအားသည် သူမ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ဝင်ရောက်လာသည်နှင့်အမျှ သူမ တဖြည်းဖြည်း သတိလစ်မေ့မြောသွားပြီး သူ၏ အသနားခံ ဘဝသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

လျှိုချင်းချို တိတ်ဆိတ်နေသည်ကို မြင်သောအခါ လုချန်းက ပြုံးလျက်

“ဒါပေမဲ့ အဲ့ဒီလို ဆိုပေမဲ့လည်း လျှို့ဝှက်ဆန်းကြယ် မိန်းမပျို ကျင့်စဉ်က တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီနေ့ကစပြီး မင်းနဲ့ကိုယ် နေ့တိုင်း လေ့ကျင့်နိုင်ပြီ။”

ထိုစကားကို ကြားသောအခါ စိတ်ရှုပ်ထွေးနေဆဲဖြစ်သော လျှိုချင်းချိုတစ်ယောက် မှင်တက်သွားသည်။

နေ့တိုင်း လေ့ကျင့်မယ် ဟုတ်လား။

ဒါက သူမအတွက် သေခြင်းတရားပဲ မဟုတ်လား။

ဤအချိန်တွင် လျှိုချင်းချိုက

“ရှင့်ရဲ့ ဇနီးတွေအားလုံးက ဒီကျင့်စဉ်ကို သိကြလား။”

လျှို့ဝှက်ဆန်းကြယ် မိန်းမပျို ကျင့်စဉ်တွင် ဤသို့သော အထူးရည်ရွယ်ချက် ရှိနေသောကြောင့် ဤလုချန်းက သူ့အား ပျော်ရွှင်စေရန် ရည်ရွယ်ချက် တစ်ခုတည်းဖြင့်ပင် သူ၏ ဇနီးများအားလုံးကို သင်ကြားပေးမည်ဟု လျှိုချင်းချိ တွေးလိုက်သည်။

လုချန်းက

“ကိုယ် သူတို့ကို မသင်ပေးရသေးဘူး။ မင်းက လျှို့ဝှက်ဆန်းကြယ် မိန်းမပျို ကျင့်စဉ်ကို သင်ယူရတဲ့ ပထမဆုံးအမျိုးသမီးပဲ။”

ဒါပ…

လျှိုချင်းချို လုချန်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

သူမက ပထမဆုံးလား။

အကြောင်းတစ်ခုခုကြောင့် သူ၏ စကားကို ကြားလိုက်ရသည့်အခါ လျှိုချင်းချို၏ စိတ်နှလုံးထဲတွင် တစ်စုံတစ်ခု အဖွင့်ခံလိုက်ရသကဲ့သို့ ထူးဆန်းသော လှိုင်းဂယက်တစ်ခု ပေါ်ပေါက်လာသည်။

သို့သော် လျှိုချင်းချို လျင်မြန်စွာ သတိပြန်ဝင်လာပြီး

“မင်းကြီးက တကယ်ပဲ စကား ချိုချိုပြောတတ်တာပဲ။ ကျွန်မတောင် လိမ်ညာခံရတော့မလို့။”

လုချန်းက

“ ကိုယ်က ရိုးရိုးသားသား ဖြေနေတာပဲ။ ဒါက ဘယ်လိုလုပ် စကားချိုချိုပြောတာ ဖြစ်သွားရတာလဲ။ မင်းမျက်လုံးထဲမှာ ကိုယ်က

မင်းကို လျှို့ဝှက်ဆန်းကြယ် မိန်းမပျို ကျင့်စဉ်ကို ပထမဆုံးအကြိမ် သင်ပေးတာက အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်နေလို့လား။”

သူစကားပြောနေစဉ် လုချန်း၏ အကြည့်သည် လျှိုချင်းချို၏ လှပသော မျက်လုံးများပေါ်တွင် စူးစိုက်နေပြီး သူမကို ထွင်းဖောက်မြင်ရန် ကြိုးစားနေသကဲ့သို့ ဖြစ်သည်။

လုချန်း၏ မယိမ်းမယိုင် စိုက်ကြည့်နေမှုကို ခံစားမိသောအခါ သူမ၏ နှလုံးခုန်သံများ ပြင်းထန်လာသည်ကို လျိုချင်းချို ခံစားလိုက်ရသည်။ သူမ သူ့ကို ဆက်မကြည့်နိုင်တော့ပဲ အလျင်အမြန် ခေါင်းလွှဲလိုက်သည်။

ထိုအမျိုးသမီး၏ ရှက်သွေးဖြာနေသော အမူအရာကို မြင်သောအခါ လုချန်း၏ နှလုံးသားထဲတွင် နွေးထွေးမှုတစ်ခု ချက်ချင်း ခံစားလိုက်ရသော်လည်း သူ၏ အတွင်းစိတ်ဆန္ဒများကို နောက်ဆုံးတွင် ထိန်းချုပ်နိုင်ခဲ့သည်။

ဤနတ်သမီးနှင့် ဆက်ဆံရေး တိုးတက်ရန် ရှေ့တွင် အချိန်များစွာ ရှိသေးသည်။

ထိုအခိုက်တွင် လုချန်းက

“ကိုယ်နည်းနည်း စပ်စုချင်တာက မင်းရဲ့ ပင်မခန္ဓာကိုယ်က မင်းနဲ့ ရုပ်ချင်းတူလား။”

လျှိုချင်းချိုက ချက်ချင်းပင် သတိကြီးစွာထားကာ

“ရှင်ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။”

လုချန်းက အနည်းငယ် ပြုံးလိုက်သည်။ ဟုတ်ပါသည်။ သူက သူမကို သူ့ရဲ့ မိဖုရားဆောင်ထဲကို ထည့်သွင်းချင်နေခြင်းဖြစ်သည်။

လျှိုချင်းချိုက နှာခေါင်းရှုံ့ကာ

“ကိုယ့်ကိုယ်ကိုအထင်ကြီးလိုက်တာ။ ရှင့်ရဲ့ လက်ရှိအင်အားနဲ့ဆိုရင် သူက ရှင့်ကို လက်ညှိုးတစ်ချောင်းတည်းနဲ့တောင် ချေမွှပစ်နိုင်တယ်။”

လုချန်းက

“ကိုယ်က အချိန်နဲ့အမျှ ပိုအားကောင်းလာမှာပဲ။ အနာဂတ်မှာ ကိုယ်သူ့ထက် ပိုအားကောင်းနေမယ်ဆိုရင် အဲ့ဒီကိစ္စဆောင်ရွက်ဖို့ လုံလောက်ပြီ။”

ဤအချိန်တွင် လုချန်း တစ်စုံတစ်ခုကို စဉ်းစားမိလိုက်ပြီး

“ကိုယ်ပွားက တစ်ခုခုကြုံတွေ့ရတဲ့အခါ ပင်မခန္ဓာကိုယ်က အာရုံခံစားနိုင်တယ်လို့ ကိုယ်ကြားဖူးတယ်။

အဲ့ဒါ ဟုတ်လား။ ဒါဆို ကိုယ်တို့ ဒီကမ္ဘာက ထွက်သွားပြီး ကာမဂုဏ်ခံစားတဲ့အခါ မင်းရဲ့ ပင်မခန္ဓာကိုယ်က မင်းလိုပဲ ခံစားရမှာလား။”

လုချန်း၏ မေးခွန်းကို ကြားသောအခါ လျှိုချင်းချိုလည်း သူဘာကြံနေသည်ကို ချက်ချင်း ခန့်မှန်းမိလိုက်ပြီး အေးစက်စွာဖြင့်

“ရှင် ကိုယ့်သေတွင်းကိုယ် တူးချင်တယ်ဆိုရင် စမ်းကြည့်လို့ရတယ်။”

အမှန်စင်စစ် ကိုယ်ပွား၏ ခံစားချက်အချို့ကို ပင်မခန္ဓာကိုယ်က ခံစားနိုင်သည်။ ဟုတ်ပါသည်။ ပင်မခန္ဓာကိုယ်သည် ဤခံစားချက်များကို ဖြတ်တောက်ရန် ရွေးချယ်နိုင်သော်လည်း ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်နှင့် ကိုယ်ပွား၏ တည်နေရာကို ရှာမတွေ့နိုင်တော့သောကြောင့် ပုံမှန်အားဖြင့် ပင်မခန္ဓာကိုယ်က ထိုသို့ မလုပ်တတ်ပေ။

All Chapters