မြူခိုးဒေသမှ ရန်သူများ
Vol. 60 Ch. 897
ကိစ္စရပ်မှာ ပြီးဆုံးသွားပြီဖြစ်သော်
လည်း လုချန်းသည် အချိန်အတော်ကြာသည်အထိ မထသေးပဲ သူ၏ စကားလုံးများဖြင့် လျှိုချင်းချိုအား အဆက်မပြတ် စနောက်နေခဲ့သည်။
ဤလှပသော နတ်သမီးလေး လျှိုချင်းချိုတစ်ယောက် ရှက်ရွံ့ဒေါသထွက်နေသော်လည်း သူ့အား မည်သို့မှ မတတ်နိုင် ဖြစ်နေသည့် ပုံစံကို လုချန်း အမှန်တကယ် သဘောကျသည်။
အချိန်မည်မျှကြာသွားသည်မသိ လျှိုချင်းချိုလည်း လုချန်း၏ ရည်ရွယ်ချက်ကို ရိပ်မိသွားဟန်တူသောကြောင့် စကားပြောဆိုခြင်းကို ရပ်တန့်လိုက်ပြီး ထိုအတိုင်းပင် လှဲလျောင်းနေလိုက်သည်။
လျှိုချင်းချိုက ရေနွေးပူကို မကြောက်သော ဝက်သေကဲ့သို့ ပြုမူနေသည်ကိုမြင်သောအခါ လုချန်းက ပြုံးလျက် မေးလိုက်သည်မှာ
“ကိုယ့်ရဲ့အလှလေးက ဘာလို့ စကားမပြောတော့တာလဲ”
လျှိုချင်းချိုက စကားတစ်ခွန်းမှ မပြောတော့ပေ။
သူမ၏ ခေါင်းကိုသာ ဘေးသို့ လှည့်ထားလိုက်၏။ သူမသာ စကားမပြောလျှင် ဤလူ သူမအပေါ် ဘာမှ လုပ်နိုင်မည်မဟုတ်ပေ။
သို့သော် လျှိုချင်းချိုက “သေဟန်ဆောင်” ပြီး ဘာမှမပြောရန် ဆုံးဖြတ်လိုက်စဉ်မှာပင် လုချန်းက ရုတ်တရက် လှုပ်ရှားလိုက်ရာ လျှိုချင်းချို၏ လည်ချောင်းမှ အသံများ ထိန်းမနိုင်သိမ်းမရ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သူမက ခေါင်းလှည့်ကာ လုချန်းကို ကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင် လုချန်းသည် သူမအား စိုက်ကြည့်ရင်း ကောက်ကျစ်သော အပြုံးတစ်ခုကို ပြုံးနေခဲ့သည်။
လျှိုချင်းချိုက အေးစက်စွာ ပြောလိုက်သည်မှာ
“အခု ကျွန်မက ရှင့်ရဲ့မိန်းမ ဖြစ်နေပြီ။ ရှင့်ရဲ့လက်ကနေလည်း လွတ်နိုင်မှာ မဟုတ်တော့ဘူး။ ရှင့်စိတ်ကြိုက်သာ ကစားပါတော့။ ကျွန်မကို အရှက်ခွဲနေလို့ ဘာအဓိပ္ပာယ်ရှိမှာလဲ။”
လုချန်းက
“အရှက်ခွဲတယ်ဟုတ်လား။ ဒါက ကိုယ့်တို့နှစ်ယောက် သံယောဇဉ်ဖြစ်အောင် လုပ်နေတာလေ။”
လျှိုချင်းချိုက နှာခေါင်းရှုံ့လိုက်ပြီး
“ရှင့်လို တဏှာများတဲ့လူနဲ့ ဘယ်သူက သံယောဇဉ်ဖြစ်ချင်မှာလဲ။ ကျွန်မပြောပြီးသားပဲ။ ရှင်ကျွန်မရဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရင်တောင် ကျွန်မနှလုံးသားကိုတော့ ဘယ်တော့မှ ပိုင်ဆိုင်ရမှာ မဟုတ်ဘူး။”
လုချန်းက
“ကောင်းပါပြီ။ နားလည်ပြီ။”
ထိုသို့ပြောပြီးနောက် လုချန်းက ကိုယ်ကို ကိုင်းညွှတ်ကာ လျှိုချင်းချို၏ နှုတ်ခမ်းများကို နမ်းလိုက်၏။
“အွန်း အွန်း…”
လျှိုချင်းချိုသည် ရုန်းကန်ချင်သော်လည်း လုချန်း၏ အပြုအမူအောက်တွင် လျင်မြန်စွာ နစ်မျောသွားပြီး ခုခံနိုင်စွမ်း လုံးဝ ကင်းမဲ့သွားခဲ့သည်။
ယခုအခါ သူမသည် ဤလူယုတ်မာအား ရင်ဆိုင်ရန် နည်းလမ်းလုံးဝမရှိတော့ပဲ သူ၏ စိတ်တိုင်းကျ ပြုမူသမျှကို နုနေရုံသာ တတ်နိုင်တော့သည်။
အချိန်မည်မျှကြာသွားသည်မသိ လုချန်းက သူမ၏ လှပသော မျက်နှာကို ကြည့်လိုက်ကာ
“ဘယ်လိုလဲ။ ကိုယ့်ရဲ့နည်းစနစ်တွေကို မင်းကျေနပ်ရဲ့လား။”
လျှိုချင်းချိုသည် အသက်ကို မနည်းရှူရင်း
“ကျွန်မ နားမလည်တာတစ်ခုရှိတယ်။ ရှင်မုယန်စီဆိုတဲ့ မိန်းမကို တကယ်ပဲ လွှတ်ပေးလိုက်ဖို့ စီစဉ်ထားတာလား။”
နောင်တွင် ဤယောက်ျား၏ လက်မှ ဘယ်တော့မှ လွတ်မြောက်နိုင်တော့မည် မဟုတ်ကြောင်း လျှိုချင်းချို သိ၏။ သို့သော် မုယန်စီ လွတ်မြောက်သွားသည့်အချက်က သူမအား အလွန်မသက်မသာ ဖြစ်စေသည်။
နှစ်ဦးစလုံး လုချန်း၏ ဖမ်းဆီးခြင်းကို ခံရသော်လည်း အဘယ်ကြောင့် မုယန်စီက ထွက်ပြေးလွတ်မြောက်သွားပြီး သူမကမူ လုချန်း၏ ကစားစရာ ဖြစ်နေရသနည်း။
လျှိုချင်းချို၏ အမေးကိုကြားသောအခါ လုချန်းက
“သူ ပြန်လာမှာပါ။”
လျှိုချင်းချိုက
“ပြန်လာမယ် ဟုတ်လား။ ဟားဟားဟား။ ဘာအတွက် ပြန်လာမှာလဲ။ ရှင့်ရဲ့အစေခံမလေးအဖြစ်နဲ့ ရှင့်ရဲ့ကစားတာကို ခံဖို့လား။”
“ရှင်က သူ့ကို အရူးလို့ ထင်နေတာလား။”
လုချန်းက ပြုံးလျက်
“ဘာလို့ မင်းက သူ့ကိုပါ ဆွဲချချင်နေသလို ခံစားနေရတာလဲ။”
လျှိုချင်းချိုက ငြင်းဆိုခြင်း အတည်ပြုခြင်း မပြုပဲ တိုက်ရိုက် ဝန်ခံလိုက်သည်။
“ကျွန်မက ရှင့်ကို ဆန့်ကျင်တိုက်ခိုက်ဖို့ သူနဲ့ မဟာမိတ်ဖွဲ့ခဲ့တာ။ ဒါပေမဲ့ ကျွန်မတစ်ယောက်တည်း ရှင့်ရဲ့ကစားစရာအဖြစ် ကျန်ခဲ့တယ်။ သူကတော့ ဒီအတိုင်း ထွက်ပြေးသွားနိုင်တာကို ကျွန်မ တကယ် မခံစားနိုင်ဘူး။”
လုချန်းက
“စိတ်ချပါ။ တစ်နှစ်အတွင်းမှာ သူ ပြန်လာလိမ့်မယ်။”
လုချန်း ထိုမျှ ယုံကြည်မှုရှိနေသည်ကို မြင်သောအခါ လျှိုချင်းချို နောက်ထပ် စကားမဆိုတော့ချေ။
သူမ၏ စိတ်ထဲတွင် ထိုမိန်းမ ဤလူယုတ်မာ လုချန်း၏ လက်ထဲ၌ မည်သို့ အဆုံးသတ်မည်ကို ကြည့်ရန် ဆုံးဖြတ်ထားလိုက်သည်။
ထိုအချိန်တွင် လုချန်း ဖြည်းညင်းစွာ ထရပ်လိုက်သည်။ လုချန်း ထရပ်လိုက်သည်ကို မြင်သောအခါ လျှိုချင်းချိုသည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချနိုင်ခဲ့သည်။
နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ထို့နောက် လုချန်းက
“လောလောဆယ်တော့ ဒီမှာပဲ ရပ်ကြတာပေါ့။ နောက်ပိုင်း အချိန်တွေအများကြီး ရှိပါသေးတယ်။ ကိုယ်က ချွမ်နိုင်ငံတော်မှာ ခဏလောက် နေဦးမှာဆိုတော့ ကိုယ့်တို့နှစ်ယောက်ရဲ့ လေ့ကျင့်ရေး အမြင်တွေကို ဖြည်းဖြည်းချင်း ဖလှယ်ကြတာပေါ့။”
လျှိုချင်းချို၏ မျက်ခုံးများ ချက်ချင်းပင် တွန့်ချိုးသွားပြီး သူမ၏ မျက်နှာလည်း အနည်းငယ် ဖြူဖျော့သွားသည်။
လုချန်းက သူမအား အချိန်အတော်ကြာ ကစားမည်ကို သိရှိထားသော်လည်း လုချန်းက ချွမ်နိုင်ငံတော်တွင် ခဏတာ နေထိုင်မည်ဟု ဆိုခြင်းမှာ ထိုကာလအတွင်း သူမတစ်ဦးတည်းသာ လုချန်းအား ရင်ဆိုင်ရမည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။
ယခုအခါ သူမသည် လုချန်း၏ အိမ်မွေးတိရစ္ဆာန် သို့မဟုတ် အစေခံမတစ်ဦး အမှန်တကယ် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
လျှိုချင်းချို မည်သို့တွေးနေသည်ကို လုချန်းက ဂရုမစိုက်ပေ။ သူက ချက်ချင်းပင် တစ် ယောက်အား ရေနွေးယူခိုင်းပြီးနောက် သူနှင့် လျှိုချင်းချိုတို့ အတူတကွ သက်သောင့်သက်သာ ရေချိုးခဲ့ကြသည်။
ရေချိုးပြီးနောက် နိုင်ငံ့အရေးရာများကို ဆက်လက်ကိုင်တွယ်ရန် နန်းတွင်းစာကြည့်တိုက်သို့ လုချန်း တိုက်ရိုက် သွားခဲ့သည်။
……
နောက်လများတွင် လုချန်းသည် ချွမ်နိုင်ငံတော်၌ နိုင်ငံ့အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ရန် ဆက်လက် နေထိုင်ခဲ့၏။ အကြောင်းမှာ ချွမ်နိုင်ငံတော်သည် မကြာသေးမီက ကပ်ရောဂါဒဏ်ကို အကြီးအကျယ် ခံခဲ့ရပြီး ပြဿနာများစွာ ရှိနေသောကြောင့် ဖြစ်သည်။
သူသည် အလုပ်အများစုကို ရန်ခရိုင်တွင် လေ့ကျင့်သင်ကြားပေးထားသော အရာရှိများထံ လွှဲအပ်ခဲ့သော်လည်း ကိစ္စများစွာသည် သူ၏ အခွင့်အာဏာဖြင့် စီမံခန့်ခွဲရန် လိုအပ်နေဆဲ ဖြစ်သည်။
ချွမ်နိုင်ငံတော်တွင် ရှိနေသည့် ဤလများအတွင်း ရန်ခရိုင်တွင် စမ်းသပ်နေသော အင်းကွက် လက်နက်များမှာလည်း တိုးတက်မှုများ ရှိခဲ့သည်။ မူလက သူပြန်ရောက်မှ အင်းကွက် လက်နက်များကို တီထွင်ရန် စီစဉ်ထားသော်လည်း ဤကိစ္စကို အချိန်အကြာကြီး မဆိုင်းငံ့သင့်ဟု လုချန်း ခံစားခဲ့ရသည်။ စစ်တပ်အား အင်းကွက် လက်နက်များကို စောစီးစွာ တပ်ဆင်ပေးနိုင်ခြင်းက သူတို့အတွက် ပိုမိုအကျိုးရှိမည် ဖြစ်သည်။
ဤလများအတွင်း လုချန်း၏ ဘေးတွင် လျှိုချင်းချိုနှင့် ရွှမ်ယွမ်ယွမ်ချီဟူသော အမျိုးသမီးနှစ်ဦးသာ ရှိပြီး ရွှမ်ယွမ်ယွမ်ချီမှာ စစ်တပ်ထဲတွင်သာ ရှိတတ်ပြီး နန်းတော်သို့ လာရောက်လေ့ မရှိချေ။
ထို့ကြောင့် အချိန်အများစုတွင် လုချန်းအား ပြုစုရသူမှာ လျှိုချင်းချိုပင် ဖြစ်သည်။ သူတို့၏ ရင်းနှီးသော ဆက်ဆံမှုများ တိုးပွားလာသည်နှင့်အမျှ လျှိုချင်းချိုလည်း လုချန်းကို လက်ခံလာခဲ့ပြီ ဖြစ်သည်။ ယခုအခါ လုချန်းသူမထံ အချိန်အတော်ကြာ မလာရောက်ပါက သူမ မနေနိုင်မထိုင်နိုင် ဖြစ်လာသည်။
သို့သော် သူမ၏ စိတ်ထဲတွင်တော့ အကြိတ်အခဲတစ်ခု ရှိနေဆဲဖြစ်၏။ လုချန်းက မုယန်စီအား ဖမ်းဆီးသည်ကို မမြင်ရသေးခြင်းပင် ဖြစ်၏။ မုယန်စီတစ်ယောက် လုချန်း၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရပြီး စိတ်ပျက်စွာ အော်ဟစ်ငိုယိုနေသည်ကို သူမ မြင်လိုလှသည်။
……
ညနေစောင်းအချိန်။
ချွမ်နင်နန်းဆောင်အတွင်း၌ ဖယောင်းတိုင်မီးရောင်များ တဖျတ်ဖျတ် လင်းလက်နေပြီး အရိပ်နှစ်ခုသည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် တံခါးဝမှ အမျိုးသမီးကိုယ်ရံတော်တစ်ဦး၏ အသံထွက်ပေါ်လာသည်။
“မင်းကြီး။ တပ်မှုးလျှံဆီက အရေးကြီးသတင်း ရောက်ပါတယ်။ မြူခိုးဒေသမှာ ပုံမှန်မဟုတ်တာတွေ ဖြစ်နေပါတယ်။”
ထိုစကားကို ကြားသောအခါ စိတ်အားထက်သန်နေသော လုချန်းလည်း ချက်ချင်းပင် သတိပြန်ဝင်လာခဲ့သည်။
ကမ္ဘာကြီးသည် ယခုအခါ စည်းလုံးညီညွတ်သွားပြီ ဖြစ်၏။ သူ၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုနှင့် စိတ်ဝင်စားမှုမှာ အနောက်ဘက်ရှိ မြူခိုးဒေသ၏ အခြေအနေပင် ဖြစ်သည်။
မြူခိုးဒေသတွင် ပြဿနာများ ဤမျှစောစီးစွာ ဖြစ်ပွားလာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ချေ။
အကယ်၍ အထူးအရေးကြီးသော ထောက်လှမ်းရေးသတင်း မဟုတ်ပါက လျှိုကျိန့်ချူဘက်က သတင်းစကား ပေးပို့မည်မဟုတ်သကဲ့သို့ အမျိုးသမီးကိုယ်ရံတော်သည်လည်း ယခုလိုအချိန်တွင် အနှောင့်အယှက်ပေးမည် မဟုတ်ပေ။
လုချန်းလည်း ခဏမျှပင် မတုံ့ဆိုင်းတော့ပဲ သူလုပ်နေသည့် အမှုကို အမြန်ဆုံး အဆုံးသတ်ကာ ခုတင်ပေါ်မှ ထလိုက်သည်။
အစေခံတစ်ဦးက သူ့အား အဝတ်အစားများ ဝတ်ဆင်ပေးရန် အလျင်အမြန် ရောက်လာခဲ့ပြီးနောက် လုချန်းက ခုတင်ပေါ်တွင် လဲလျောင်းနေသော နတ်သမီးကဲ့သို့ လှပသည့်အမျိုးသမီးကို လှမ်းကြည့်ကာ
“ကိုယ့်မှာ အရေးကြီးကိစ္စတစ်ခု ရှိနေတယ်။ အဲဒါပြီးရင် မင်းဆီကို လာခဲ့မယ်။”
လျှိုချင်းချိုက အသက်ကို ပြင်းစွာရှူရှိုက်ရင်း လုချန်း၏ စကားများကို လျစ်လျူရှုထားလိုက်သည်။
လုချန်းလည်း နောက်ထပ် မဆိုင်းငံ့တော့ပဲ အဝတ်အစားများ ဝတ်ဆင်ပြီးနောက် ချွမ်နင်နန်းဆောင်မှ ထွက်ခွာကာ သူ၏ စာကြည့်ခန်းသို့ အလျင်အမြန် သွားခဲ့သည်။
လုချန်းသည် ချွမ်နိုင်ငံတော်၏ နန်းတွင်းစာကြည့်တိုက်သို့ ရောက်သောအခါ ချင်ယူရှန်နှင့် လျှံဇွန်းတို့သည် ထိုနေရာတွင် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
တပ်မှူးနှစ်ဦးက လုချန်းကို မြင်သောအခါ ချက်ချင်းပင် ဂါရဝပြုလိုက်ကြသည်။
“မင်းကြီးကို ဂါရဝပြုပါတယ်။ မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ။”
လုချန်းသည် စားပွဲဘေးရှိ ထိုင်ခုံဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားကာ
“ထုံးစံတွေ မလိုဘူး။ အရေးကြီးတဲ့ကိစ္စကို ဆွေးနွေးကြရအောင်။”
မူလက ရန်ခရိုင်တွင် ကျန်နေခဲ့သော လျှံဇွန်း ယခုချွမ်နိုင်ငံတော်သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခြင်းက ဤကိစ္စမှာ အရေးပါပြီး လျှံဇွန်း၏ ကိုယ်တိုင် အစီရင်ခံရန် လိုအပ်ကြောင်းကို ဆိုလိုနေသည်။
လျှံဇွန်းက လျှိုကျိန့်ချူထံမှ ပေးပို့လိုက်တော့စီရင်ခံစာကို လုချန်းထံ ပေးအပ်ပြီးနောက် စတင်ပြောဆိုလိုက်သည်။
“မင်းကြီး၊။မြူခိုးဒေသရဲ့ တားမြစ်နယ်မြေမှာ အက်ကွဲကြောင်းတစ်ခု ပေါ်လာပါတယ်။ မြူခိုးဒေသက ကျင့်စဉ်ကျင့်သူအများအပြား ဒီကမ္ဘာထဲကို ဝင်ရောက်လာပြီး သူတို့ဝင်ရောက်လာပြီးချင်းချင်း နဂါးနက်နိုင်ငံတော်ရဲ့ နယ်မြေကို ချက်ချင်းသိမ်းပိုက်လိုက်ပါတယ်။ ပြီးတော့ ဒီကမ္ဘာက အုပ်ချုပ်သူအားလုံး သူတို့ဆီမှာ လက်နက်ချရမယ်လို့ ကြေညာခဲ့ပါတယ်။”
ထိုစကားကို ကြားသောအခါ လုချန်းလည်း လျှံဇွန်း၏ လက်ထဲမှ စာကို ယူကာ ချက်ချင်းပင် ဖတ်ရှုလိုက်သည်။
စာပါ အကြောင်းအရာကို မြင်သောအခါ လုချန်း မျက်မှောင်ကြုတ်သွား သည်။
လျှိုကျိန့်ချူ၏ ထောက်လှမ်းရေး အစီရင်ခံစာအရ ဤကမ္ဘာသို့ ဝင်ရောက်လာသော ကျင့်စဉ်ကျင့်သူများသည် ညီညွှတ်ခြင်းနယ်ပယ်အောက်များဖြစ်ကြသည်။ တစ်နည်းအားဖြင့် အရိပ်အယောင် ကောင်းကင်လူသားအဆင့်နီးပါးများ ဖြစ်ကြသည်။
သို့သော်လည်း အရိပ်အယောင် ကောင်းကင်လူသားတစ်ဦးသည်ပင် ဤကမ္ဘာ၏ သိုင်းပညာရှင် အများစုအတွက် ကြောက်မက်ဖွယ်ကောင်းသော ရန်သူတစ်ဦးအဖြစ် ရှိနေဆဲ ဖြစ်သည်။