← Chapters

ကျိုယိုကို မြင်ခဲ့တယ် (၂)...

Vol. 53 Ch. 792

ကျိုယိုကို မြင်ခဲ့တယ် (၂)...

Vol. 53 Ch. 792

~ယွီချန် မျက်လုံးများ ဖွင့်လိုက်သည်ကို မြင်သောအခါ၊ ယွီမိသားစုမှ ကျင့်ကြံသူအားလုံးမှာ အံ့အားသင့်ဝမ်းမြောက်သောအပြုံးများဖြင့် ပြုံးလိုက်ကြသည်။

"အောင်မြင်သွားပြီ။ တကယ်ကို အောင်မြင်သွားခဲ့ပြီပဲ။"

"ဟားဟားဟား၊ ငါတို့ ယွီမိသားစုဘိုးဘေးက မူလဇာစ်မြစ်စွမ်းအားကို ကျွမ်းကျင်သွားခဲ့ပြီ။ အင်မော်တယ်ဘုရင်အဆင့်က လက်တစ်ကမ်းအလိုမှာပဲ။"

ယွီမိသားစု၏ အဆင့်မြင့် အဖွဲ့ဝင်တစ်စုမှာ

အံ့အားတသင့် အော်ဟစ်လိုက်ကြသည်။

ထို့နောက် သူတို့သည် လုရီဘက်သို့ လက်အုပ်ချီကာ ကျေးဇူးတင်စကားဆိုလိုက်ကြရာ

သူတို့၏ မျက်နှာများမှာ ကျေးဇူးတင်စိတ်များဖြင့် ပြည့်လျှံနေ၏။

"ရီအာ၊ မင်းကို ငါတို့ ကျေးဇူး အကြီးကြီးတင်သွားပြီ။ မဟုတ်ရင် အခြေအနေက ဘယ်လို

ဖြစ်မလဲ မခန့်မှန်းနိုင်ဘူး။"

ရွှေအင်မော်တယ်နှင့် အင်မော်တယ်ဧကရာဇ်အဆင့် ကျင့်ကြံသူများဖြစ်သော ယွီမိသားစု၏ အဆင့်မြင့် ပုဂ္ဂိုလ်များမှာ အခြေအနေ မည်မျှ အန္တရာယ်များခဲ့သည်ကို သဘာဝအတိုင်း နားလည်ကြသည်။ အကယ်၍ လုရီသာ ကြား

မဝင်ခဲ့ပါက၊ ယွီမိသားစုဘိုးဘေး နှလုံးသားမိစ္ဆာမှ လွတ်မြောက်ခဲ့လျှင်ပင် သူ၏ ကျင့်ကြံမှု အခြေခံမှာ ကြီးမားစွာ ထိခိုက်သွားဖွယ် ရှိ၏။

လုရီက ပြုံးလိုက်သည်။

"ဦးလေးယွီ၊ ဒါက မြှောက်ပင့်လွန်းပါတယ်။"

ဤအချိန်တွင် ယွီချန်မှာ ပျံသန်းရောက်ရှိလာခဲ့ပြီဖြစ်သည်။ သူက လုရီကို လေးနက်သော အမူအရာဖြင့် ကြည့်ကာ လက်နှစ်ဖက်အား ဆုပ်၍ ကျေးဇူးတင်စကား ဆိုသည်။

"ရီအာ၊ ခုနက ငါ့နှလုံးသားမိစ္ဆာထဲမှာ

နက်နက်ရှိုင်းရှိုင်း နစ်မြုပ်နေခဲ့တာ၊ မင်းကို အကြွေးအကြီးကြီး တင်သွားပြီ။ မဟုတ်ရင် ငါ့အတွက် ကောင်းတာထက် ဆိုးတာက ပိုများသွားနိုင်တယ်။"

ယွီချန်၏ လေးနက်တည်ကြည်သော ကျေးဇူးတင်မှုကို မြင်လျှင် လုရီက အလျင်အမြန်ပင် သူ့ကို ထူမလိုက်သည်။

"ဘိုးဘေး၊ အခုလို ပြောတာက ယဉ်ကျေးလွန်းပါတယ်ဗျ၊ ဒါက ကျွန်တော် လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်ပါ။"

ထို့နောက် သူက အတော်ပင် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ဘိုးဘေး၊ ဘယ်လိုဖြစ်ပြီး နှလုံးသားမိစ္ဆာ ပေါ်လာခဲ့ရတာလဲ။ နှလုံးသားမိစ္ဆာမပေါ်ခင်က ဘာလက္ခဏာမှတောင် မပြခဲ့ဘူးလေ။"

လုရီ၏ မေးခွန်းကို ကြားသောအခါ အခြားသူများကလည်း ယွီချန်ကို စူးစမ်းလိုသော မျက်နှာများဖြင့် ကြည့်လိုက်ကြသည်။

"ဟုတ်တယ် ဘိုးဘေး၊ ခုနက ကျွန်တော်တို့ တကယ်ကို လန့်သေမတတ်ပါပဲ။"

"ဘိုးဘေးရဲ့ နတ်ဘုရားအာရုံ ကျင့်ကြံမှုနဲ့တောင် ဘယ်လိုလုပ်ပြီး နှလုံးသားမိစ္ဆာ ပေါ်လာနိုင်သေးတာလဲ။"

လူအများ၏ စကားကိုကြားလျှင် ယွီချန်က သူ ခုနက မြင်တွေ့ခဲ့ရသော မြင်ကွင်းများကို ပြန်လည်စဉ်းစားမိပြီး သူ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင် တစ်ခု ပေါ်လာသည်။ သူက ဖြည်းညင်းစွာ ဆိုသည်။

"ခုနက... ကျွန်တော် ထူးဆန်းတဲ့ မြင်ကွင်းတချို့ကို မြင်ခဲ့မိသလိုပဲ။"

ဤစကားကို ကြားလျှင် လုရီနှင့် ယွီမိသားစုမှ စွမ်းအားရှင်များမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

မူလဇာစ်မြစ် စွမ်းအားကို ထိန်းချုပ်ထားသော အထွတ်အထိပ်အဆင့် အင်မော်တယ်အရှင်သခင်တစ်ဦးကိုပင် ကြောက်ရွံ့စေနိုင်သော မြင်ကွင်းမျိုးမှာ အဘယ်သို့သော မြင်ကွင်းမျိုး ဖြစ်နိုင်မည်နည်း။

"ဘိုးဘေး ဘာမြင်ခဲ့တာလဲဗျ။"

ယွီရှင်းက မေးလိုက်သည်။

ယွီမိသားစု ဘိုးဘေး၏ မျက်လုံးများမှာ အဝေးတစ်နေရာသို့ ငေးကြည့်နေပြီး ယခင် မြင်ကွင်းများကို ပြန်လည် အမှတ်ရနေသည့်အလား ဆိုလိုက်သည်။

"ငါ... ကျိုယိုကို မြင်ခဲ့မိသလိုပဲ။"

ယွီမိသားစု ဘိုးဘေး၏ လေသံမှာ အနည်းငယ်

မသေမချာဖြစ်နေသော်လည်း လုရီနှင့် ယွီရှင်းအပါအဝင် အခြားသူများ အားလုံးမှာ အံ့အားသင့်သော အမူအရာများဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

"ကျိုယိုကို မြင်ခဲ့တယ် ဟုတ်လား။"

ယွီမိသားစုဘိုးဘေးက ခေါင်းညိတ်လိုက်၏။

"ဟုတ်တယ်၊ ကျိုယိုနဲ့ တူတယ်။ အဲ့ဒါက ကျိုယိုချီတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီးတစ်ခုပဲ။ ပြီးတော့ အဲ့ဒီထဲမှာ အလွန်အမင်း တန်ခိုးကြီးမားလှတဲ့ ကျိုယိုမိစ္ဆာတွေရဲ့ တည်ရှိမှုကို ခံစားလိုက်ရတယ်။ ငါ မူလဇာစ်မြစ် စွမ်းအားကို အာရုံခံမိတဲ့အချိန်မှာ ကျိုယိုရဲ့ နက်ရှိုင်းတဲ့ နေရာကနေ အသည်းထိတ်စရာ အကြည့် တစ်ချက် ရောက်လာတယ်ကွ။ အဲ့ဒီအကြည့်က သိပ်ကို ကြောက်ဖို့ ကောင်းတာ၊ တစ်ခဏလေး အကြည့်ခံလိုက်ရုံနဲ့ ငါ့မှာ နှလုံးသားမိစ္ဆာ ဝင်သွားခဲ့တာပဲ။"

"ဒါက..."

ယွီမိသားစုမှ ကျင့်ကြံသူ အားလုံးမှာ နားမလည်နိုင်အောင် ဖြစ်သွားကြသည်။

သူတို့သည် ဒဏ္ဍာရီ ပုံပြင် တစ်ပုဒ်ကို နားထောင်နေရသည့်အလား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

မည်သို့ပင်ဆိုစေကာမူ မူလဇာစ်မြစ်ကို အာရုံခံမိရုံဖြင့် ကျိုယိုကို မြင်ပြီး ၎င်း၏ နက်ရှိုင်းသောနေရာမှ အကြည့် တစ်ချက်ကို ခံစားရသည်ဆိုခြင်းမှာ အလွန်အမင်း လွန်ကဲလှပေသည်။

မည်သို့ပင်ဖြစ်စေ ကျိုယို စစ်မြေပြင်များစွာ ရှိသော်လည်း မည်သည့် စစ်မြေပြင်ကမှ သူတို့အား စစ်မှန်သော ကျိုယိုကမ္ဘာကို အမှန်တကယ် မပြသခဲ့ဖူးပေ။ သမိုင်းတစ်လျှောက်တွင် ကျိုယိုဥမင်လမ်းကြောင်းထဲသို့ ဝင်ရောက်သွားသော ကျင့်ကြံသူအားလုံးမှာ ဘယ်တော့မှ ပြန်မလာခဲ့သောကြောင့် ကျိုယိုဥမင်လမ်းကြောင်း၏ တစ်ဖက်တွင် အမှန်တကယ် ဘာရှိသည်ကို ဆုံးဖြတ်ရန် မဖြစ်နိုင်ပေ။

ဤသို့သော အခြေအနေမျိုးတွင် ယွီမိသားစု

ဘိုးဘေးက ကျိုယိုကို မည်သို့ မြင်နိုင်မည်နည်း။

လုရီ ကိုယ်တိုင်ပင်လျှင် ယုံရခက်နေ၏။

မည်သို့ပင်ဖြစ်စေ သူ မူလဇာစ်မြစ်ကို အာရုံခံမိစဉ်က ဘာတုံ့ပြန်မှုမှ လုံးဝ မရှိခဲ့ပေ။ သူ့အတွက်မူ မူလဇာစ်မြစ်ကို အာရုံခံခြင်းသည် နိယာမစွမ်းအားကို အာရုံခံခြင်းနှင့် များစွာ မကွာခြားပေ။ အကြီးမားဆုံး ကွာခြားချက်မှာ မူလဇာစ်မြစ်ကို အာရုံခံခြင်းသည် နိယာမစွမ်းအားကို အာရုံခံခြင်းထက် များစွာ ပိုခက်ခဲခြင်းပင် ဖြစ်ပေမည်။

သို့သော် ကျိုယိုကို မြင်ပြီး ကျိုယိုမှ အကြည့်

တစ်ချက်ကို ခံစားရသည် ဆိုခြင်းကိုမူ သူ လုံးဝ

မကြုံတွေ့ခဲ့ရပေ။

ပတ်ဝန်းကျင်မှာ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဆံပင်ဖြူနှင့် ယွီမိသားစု အကြီးအကဲ

တစ်ဦးက စဉ်းစားပြီးမှ ဆိုလိုက်သည်။

"ဘိုးဘေး၊ ဒါက ဘိုးဘေးက ကျိုယိုစစ်မြေပြင်ကို အမြဲတမ်း စိတ်စွဲလန်းနေတာကြောင့် ကျိုယိုကမ္ဘာကိုမြင်ပြီး ကျိုယိုကနေ အကြည့်တစ်ချက်ကို ခံစားရတယ်လို့ စိတ်ထဲမှာ ထင်ယောင်ထင်မှား ဖြစ်သွားတာ ဖြစ်နိုင်မလား။"

ယွီမိသားစုမှ နောက်ထပ်အဘိုးအို အင်မော်တယ်ဧကရာဇ်တစ်ဦးကလည်း ဤသို့ မေးလာလေသည်။

"ဖြစ်နိုင်တာက နှလုံးသားမိစ္ဆာက ဘိုးဘေးကို

အရင်တိုက်စားသွားပြီး ဘိုးဘေး အစိုးရိမ်ဆုံးအရာဖြစ်တဲ့ ကျိုယိုရဲ့ ပုံရိပ်ယောင်ကို ဖြစ်ပေါ်စေခဲ့တာများလား။"

ဖြစ်နိုင်ခြေ နှစ်ခုစလုံးမှာ ကျိုးကြောင်း ဆီလျော်ပေသည်။

နှစ်ဦးသား၏ စကားကို ကြားပြီးနောက် ယွီမိသားစုဘိုးဘေးမှာ ခဏတာ တိတ်ဆိတ်သွားသည်။

သူက ချီတုံချတုံဖြစ်သွားပြီးနောက် ဖြည်းညင်းစွာ ခေါင်းခါလိုက်၏။

"ဖြစ်နိုင်ပါတယ်... ငါလည်း မသေချာဘူး။"

ဤသည်မှာ သူက သူ၏ နှလုံးသားမိစ္ဆာအကြောင်းကို အစောပိုင်းက ပြောစဉ်က ဤမျှ

မသေမချာ ဖြစ်နေရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။

ထိုအချိန်က သူသည် နှလုံးသားမိစ္ဆာ၏ လွှမ်းမိုးခြင်းကို ခံခဲ့ရပြီး အကယ်၍ ရီအာသာ မကူညီခဲ့ပါက သူသည် ဘယ်တော့မှ သတိပြန်လည်ရလာမည်မဟုတ်ဘဲ မိစ္ဆာအဖြစ်သို့ လုံးဝကူးပြောင်းသွားရပေလိမ့်မည်။ ထိုဖြစ်နိုင်ခြေကို စဉ်းစားကြည့်ရုံဖြင့်ပင် ယွီချန်မှာ တုန်လှုပ်သွား၏။

အကယ်၍သာ ထိုသို့ ဖြစ်ခဲ့ပါက သူသည် ယွီမိသားစု တစ်ခုလုံး၏ သစ္စာဖောက် ဖြစ်သွားပေလိမ့်မည်။

*တော်သေးတာပေါ့... တော်သေးတာပေါ့။ ရီအာ ဒီမှာရှိနေလို့။*

ယွီမိသားစု ဘိုးဘေးက သူ၏ ဘေးမှ လုရီကို ကြည့်လိုက်ပြီး သက်ပြင်း တစ်ချက် ချလိုက်သည်။

ထို့နောက် သူက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မေးလိုက်သည်။

"ရီအာ၊ မင်း မူလဇာစ်မြစ်စွမ်းအားကို သိမြင်ခဲ့တုန်းက ထူးခြားတာ တစ်ခုခု သတိထားမိခဲ့သေးလား။"

လုရီက ခဏတာ ချီတုံချတုံဖြစ်သွားသော်လည်း ရိုးသားစွာ ခေါင်းခါလိုက်၏။

"ဘာမှထူးခြားတာ မရှိခဲ့ပါဘူး။"

ဤစကားကို ကြားလျှင် ယွီမိသားစု ဘိုးဘေးက ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။

"ဒါဆိုရင်တော့ တကယ်ပဲ ငါ့ရဲ့ အခြေခံအုတ်မြစ် မခိုင်လုံသေးလို့ နှလုံးသား မိစ္ဆာပေါ်လာတာ ဖြစ်လိမ့်မယ်။"

ယွီမိသားစု၏ အခြားအဆင့်မြင့်အဖွဲ့ဝင်များကလည်း ပြုံးလိုက်ကြသည်။

"ဘိုးဘေး၊ အဲ့ဒီလိုမပြောပါနဲ့။ အခု ဘိုးဘေးက မူလဇာစ်မြစ်စွမ်းအားကို ဆုပ်ကိုင်နိုင်ခဲ့ပြီဆိုတော့ အင်မော်တယ်ဘုရင်ဖြစ်ဖို့ သိပ်မဝေးတော့ပါဘူး။"

"ဟုတ်တယ်၊ ဟုတ်တယ် ဘိုးဘေး။ ဘိုးဘေးက မူလဇာစ်မြစ်စွမ်းအားကို ဆုပ်ကိုင်နိုင်ခဲ့ပြီဆိုတော့ အင်မော်တယ်ဘုရင်နယ်ပယ်ကိုရောက်ဖို့ အကြီးမားဆုံး အဟန့်အတားကို ကျော်လွှားနိုင်ခဲ့ပြီးပြီပဲ၊ တက်လှမ်းဖို့ဆိုတာ အချိန်ကိစ္စပဲရှိတော့တယ်။"

"ငါတို့ ယွီမိသားစုမှာ အင်မော်တယ်ဘုရင်စွမ်းအားရှင်တစ်ပါး ပေါ်ထွက်လာတော့မယ်၊ ဒါက တကယ်ကို ဝမ်းမြောက်စရာကောင်းတဲ့ အခါသမယပဲ။"

ယွီမိသားစုမှ ကျင့်ကြံသူတစ်စုမှာ တစ်ယောက်ပြီးတစ်ယောက် စကားဆိုကြပြီး ယွီမိသားစု

ဘိုးဘေးကို ဂုဏ်ပြုလိုက်ကြသည်။

ယွီမိသားစုဘိုးဘေးမှာလည်း မပြုံးဘဲမနေနိုင်တော့ပေ။ အင်မော်တယ် အရှင်သခင်အထွတ်အထိပ်တွင် နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ပြီးနောက် သူသည် နောက်ဆုံးတွင် တက်လှမ်းရန် မျှော်လင့်ချက်ကို မြင်တွေ့ခဲ့ရသဖြင့် သဘာဝအတိုင်း စိတ်လှုပ်ရှားနေမိ၏။

သူက လုရီဘက်သို့ ကြည့်လိုက်ရာ သူ၏မျက်လုံးများမှာ ကျေးဇူးတင်စိတ်များဖြင့် ပြည့်နှက်နေပြီး အာမေဋိတ်ပြုလိုက်မိသည်။

"ဒါတွေအားလုံးက ရီအာကြောင့်ပဲ၊ မဟုတ်ရင် ငါက မူလဇာစ်မြစ် စွမ်းအားကို အနားကပ်ဖို့တောင် နီးစပ်မှာမဟုတ်ဘူး။"

ဤစကားကို ပြောလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိလူများ၏ မျက်နှာအမူအရာများမှာ ထူးဆန်းသွားကြသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် လုရီက

ပုံရိပ်ယောင်မူလဇာစ်မြစ်ကိုပင် ဆုပ်ကိုင်ထားသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ကြသည် မဟုတ်ပါလား။

လူအများ၏ မျက်နှာအမူအရာများ

မူမမှန်သည်ကို မြင်လျှင် ယွီမိသားစုဘိုးဘေးက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"ဘာဖြစ်ကြတာလဲ။"

ယွီရှင်း၏ ပါးစပ်မှာ တွန့်သွားပြီး သူက လုရီကို မိမိဘဝအား သံသယဝင်နေသော မျက်နှာဖြင့် ကြည့်ကာ မေးလိုက်သည်။

"ရီအာ၊ မင်း... ပုံရိပ်ယောင်မူလဇာစ်မြစ်ကို သဘောပေါက်သွားခဲ့တာလား။"

ယွီချန်: "?????"

သူက လုရီကို ကြောင်ငေးသော မျက်နှာဖြင့် ကြည့်လိုက်ပြီး လုံးဝတုန်လှုပ်သွားသည်။

သူ ပုံရိပ်ယောင် မူလဇာစ်မြစ်ကို သိမြင်ရန် ဤမျှ ကြိုးစားခဲ့ရသည်။

ရီအာက မည်သည့်အချိန်က ပြုလုပ်နိုင်ခဲ့သနည်း။ သူ ဘယ်လိုလုပ်ပြီး ဘာမှမသိခဲ့ရသနည်း။ ယွီမိသားစု ဘိုးဘေးမှာ လုံးဝ ထုံကျင်သွားသလို ခံစားလိုက်ရသည်။

လုရီက ခဏတာ အံ့အားသင့်သွားပြီးနောက် ခပ်ဖွဖွရယ်မောလျက် ခေါင်းညိတ်လိုက်၏။

"ဟုတ်ကဲ့၊ ကပ်ဘေးဖြတ်ကျော်တုန်းက တာအိုကို သိမြင်ခဲ့တော့ ပုံရိပ်ယောင်မူလဇာစ်မြစ်ကိုလည်း အမှတ်မထင် သဘောပေါက်သွားခဲ့တာပါ။ ကံကောင်းလို့ပဲ၊ မဟုတ်ရင် ဒီတစ်ခေါက်တော့ ပြဿနာကြီးသွားနိုင်ပါတယ်။"

"အမှတ်မထင်..."

ယွီမိသားစု၏ အဆင့်မြင့်အဖွဲ့ဝင်များ၏ မျက်နှာအမူအရာများမှာ တဖြည်းဖြည်း ညှိုးငယ်သွားပြီး သူတို့၏ စိတ်အခြေအနေများမှာ ပြိုလဲလုနီးပါး ဖြစ်သွားကြသည်။

လူအများစုအတွက် ကပ်ဘေးဖြတ်ကျော်ခြင်းသည် သတိကြီးစွာ ပြင်ဆင်ပြီး အစွမ်းကုန်ခုခံရသော ကိစ္စဖြစ်သည်။ သို့သော် ဤကောင်လေးမှာ အလွန်အမင်း လွန်ကဲသော ကောင်းကင်ကပ်ဘေးကို ရင်ဆိုင်ရရုံသာမက 'အမှတ်မထင်' နှင့်ပင် မူလဇာစ်မြစ်စွမ်းအားကို သိမြင်သွားခဲ့သည်တဲ့လော။

*သူက လူမှဟုတ်သေးရဲ့လား။*

အထူးသဖြင့် မူလဇာစ်မြစ်ကို သိမြင်ရန် မည်မျှခက်ခဲသည်ကို အကောင်းဆုံးနားလည်သော

ယွီချန်မှာ လုရီ၏စကားကို မကြားခင်အထိ သူ၏စိတ်ဓာတ်မှာ မြင့်တက်နေခဲ့သော်လည်း ယခုမူ သူ၏ကိုယ်ပိုင်ကျင့်ကြံမှုအခြေခံပင် ပြိုလဲလုနီးပါး ခံစားလိုက်ရသည်။

အာ...လူအချင်းချင်း နှိုင်းယှဉ်ခြင်းက တကယ်ကို ရူးသွပ်သွားစေနိုင်တာပဲ။

ပတ်ဝန်းကျင် တိတ်ဆိတ်သွားစဉ် လုရီက

နားမလည်နိုင်စွာဖြင့် ကြည့်လိုက်သည်။

"ဦးလေးယွီ၊ ဘိုးဘေး၊ ဘာဖြစ်ကြတာလဲ။"

လူအုပ်ကြီးမှာ ထုံကျင်စွာဖြင့် ခေါင်းခါလိုက်ကြပြီး ဖုတ်ကောင်များသဖွယ် သက်ဝင်လှုပ်ရှားမှု

မရှိတော့ပေ။

"ဘာမှ မဖြစ်ပါဘူး။"

ယွီချန်က ပထမဆုံး သတိပြန်ဝင်လာပြီး ခပ်ဖွဖွရယ်မောလိုက်၏။

"သွားကြစို့၊ ပြန်ကြစို့။"

ယွီရှင်းကလည်း သတိပြန်ဝင်လာပြီး ပြုံးလိုက်၏။

"အခုဆို ငါတို့မှာ ဝမ်းမြောက်စရာ နှစ်ခုရှိပြီ။

ရီအာက အင်မော်တယ် ဧကရာဇ် နယ်ပယ်ကို တက်လှမ်းနိုင်ခဲ့ပြီး ဘိုးဘေးကလည်း မူလဇာစ်မြစ်စွမ်းအားကို သိမြင်နိုင်ခဲ့ပြီ။ ငါတို့ သေချာပေါက် အောင်ပွဲခံရမယ်။"

ယွီချန်က ခေါင်းခါလျက် ခပ်ဟဟရယ်မောလိုက်သည်။

"ငါ့အတွက်တော့ မလိုပါဘူး။ ငါ အင်မော်တယ်ဘုရင်နယ်ပယ်ကို တက်လှမ်းတဲ့အခါမှ ကောင်းကင်ကြယ်တာရာ နယ်မြေက အင်အားစုတွေကို ဖိတ်ပြီး အောင်ပွဲခံကြတာပေါ့။ ဒါပေမယ့် ဒီတစ်ခါတော့ ရီအာအတွက် အောင်ပွဲခံပေးလို့ ရတာပဲ။"

လုရီက အနည်းငယ် ရှုပ်ထွေးသွားပြီး အံ့အားသင့်စွာဖြင့် ဆိုလိုက်သည်။

"ကျွန်တော့်အတွက်တော့ မလုပ်ပါနဲ့တော့လား။"

သူက ထိုသို့သော စည်ကားသော အခမ်းအနားများကို သိပ်မနှစ်သက်ပေ။ ထိုအချိန်နှင့်စာလျှင် သူ ထျန်းမင်သို့ ပြန်ချင်နေလေပြီ။ သူ့မှာ လက်ခံရယူရန် ကျင့်ကြံမှုတက်လှမ်းခြင်း ဆုလာဘ်တစ်ခု ကျန်သေးပြီး ယခု သူ အင်မော်တယ်ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းခဲ့ပြီဖြစ်သောကြောင့် အင်မော်တယ်ဧကရာဇ် နယ်ပယ်၏ တာအိုယင်ယန်အင်မော်တယ်ကျမ်းကို ကျင့်ကြံနိုင်ပြီ ဖြစ်သည်။

သူ၏အစွမ်းမှာ သိသိသာသာ တိုးတက်နိုင်ပြီး သူ့တွင် လုပ်စရာများစွာ ရှိနေ၏။

"ဘယ်ဖြစ်မလဲ။ အရင်ကဆို ထားလိုက်ပါတော့၊ ဒီတစ်ခါတော့ မင်းက အင်မော်တယ်ဧကရာဇ်နယ်ပယ်ကို တက်လှမ်းခဲ့တာလေ။ ကောင်းကင်ကြယ်တာရာ နယ်မြေတစ်ခုလုံးကို ခြုံကြည့်လိုက်ရင် မင်းက ထိပ်တန်း စွမ်းအားရှင်တွေထဲက တစ်ယောက်ပဲ။ ငါတို့ကကောင်းကောင်းမွန်မွန် အောင်ပွဲ မခံဘဲ၊ ကောင်းကင်ကြယ်ဝာာရာနယ်မြေက တခြား အင်အားစုတွေရဲ့ ခေါင်းဆောင်တွေကို မင်းနဲ့ သိကျွမ်းခွင့် မပေးဘဲ နေလို့ ဖြစ်မလားကွာ။"

ယွီရှင်းက ကန့်ကွက်လိုက်၏။

"ဒါက မှန်တယ်လေ။ ရီအာ အင်မော်တယ်ဧကရာဇ်အဖြစ် အောင်မြင်ခဲ့တာက သူ့ရဲ့ထူးခြားတဲ့ ပါရမီနဲ့ ကြောက်စရာ ကောင်းတဲ့ အစွမ်းကြောင့်ပဲ။ ပြီးတော့ သူက ငါတို့ယွီမိသားစုနဲ့လည်း ဒီလောက် ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်။ စိတ်ခံစားမှုအရရော ကျိုးကြောင်း ဆီလျော်မှုအရပါ တခြား အင်အားစုတွေက လူတွေကို

ရီအာနဲ့ တွေ့ဆုံခွင့်ပေးတာက ပညာရှိရာကျတယ်။"

ယွီချန်ပင်လျှင် သဘော တူညီစွာ ခေါင်းညိတ်လိုက်တော့သည်။

All Chapters