ကျိုယိုစစ်မြေပြင်မှ မိစ္ဆာများ လွတ်မြောက်လာခြင်း (၂)...
Vol. 53 Ch. 794
~ထို့ကြောင့် ထိုကာလ နောက်ပိုင်းတွင် လုရီသည် ယခင်ကဲ့သို့ပင် ကျင့်ကြံခြင်း၊ တံခါးပိတ်ကျင့်ကြံခြင်း၊ သူ၏ တာအို လက်တွဲဖော်များနှင့် တာအိုဆွေးနွေးခြင်း၊ လျိုနင်ရွှမ်းနှင့် အခြားအနည်းငယ်တို့နှင့် နှစ်ကိုယ်တူ ကျင့်ကြံခြင်း
စသည့် ပုံမှန်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ခဲ့သည်။
အချိန်ကာလသည် ငြိမ်းချမ်းသာယာစွာဖြင့်
တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့၏။
မူလက အင်မော်တယ်ဧကရာဇ် နယ်ပယ်သို့ တက်လှမ်းခဲ့ပြီးဖြစ်သောကြောင့် သူ၏ကျင့်ကြံမှုအရှိန်မှာ သိသိသာသာ နှေးကွေးသွားသင့်သည်။ သို့သော် သူ၏ကိုယ်တွင်းရှိ အင်မော်တယ်ဝိညာဉ်ချီမှာ တာအိုစွမ်းအင်အဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲလာရာ ၎င်းမှာ အင်မော်တယ်ဝိညာဉ်ချီထက် ကဏ္ဍအားလုံးတွင် များစွာသာလွန်နေ၏။ အခြေခံအားဖြင့် ပိုမိုအားကောင်းရုံသာမက ကျင့်ကြံရာတွင်လည်း ပိုမိုထိရောက်သောကြောင့် သူ၏တိုးတက်မှုမှာ သိသိသာသာ မကျဆင်းခဲ့ပေ။
လုရီ၏ အတွင်းကမ္ဘာသည် တာအိုစွမ်းအင်များဖြင့် ပြည့်လျှံနေသည်။ ဤစွမ်းအင်များ ပြောင်းလဲလာသည်နှင့်အမျှ ကျင့်ကြံမှုအခြေခံကိုပါ တိုးတက်စေသောကြောင့် လုရီ၏ ကျင့်ကြံမှုအရှိန်မှာ များစွာ မကျဆင်းခဲ့ခြင်း ဖြစ်သည်။
ဤကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး သူသတိမထားမိခင်မှာပင် နှစ်တစ်ရာ ကြာမြင့်သွားခဲ့လေပြီ။
လုရီသည် အင်မော်တယ်ဧကရာဇ်အဆင့်ရှိ
တာအိုယင်ယန်အင်မော်တယ်ကျမ်းကို နားလည်သဘောပေါက်မှုတွင် အကန့်အသတ်သို့ ရောက်ရှိသွားည်က ယင်ယန်မူလဇာစ်မြစ်စွမ်းအားကို အခြေခံ၍ အင်မော်တယ်ဘုရင်အခန်းကိုပင် ကောက်ချက်ချကာ သူ့ကိုယ်ပိုင် အင်မော်တယ်ဘုရင်သိုင်းနည်းစနစ်ကို ဖန်တီးနိုင်ခဲ့သည်အထိ ဖြစ်လေ၏။
ဤသည်မှာ မီးလျှံနီ အင်မော်တယ်ဘုရင်၏ အကြွင်းအကျန်အရိပ်က သူ့အား ပေးခဲ့သော
နေလောင်ကြယ်ကြွေ သိုင်းနည်းစနစ်ကြောင့် ဖြစ်ပေသည်။ ထိုအင်မော်တယ်ဘုရင် သိုင်းနည်းစနစ်ကို ကိုးကားစရာအဖြစ် မရှိခဲ့ပါက ဤအဆင့်သို့ ရောက်ရှိရန် သူ့အတွက် အချိန်ပိုကြာပေလိမ့်မည်။
ထို့အပြင် သူ၏ ကပ်ဘေးဖြတ်ကျော်စဉ် တာအိုနှင့် ဖရိုဖရဲတို့၏ တုံ့ပြန်မှုမှတစ်ဆင့် သဘောပေါက်ခဲ့သော မူလဇာစ်မြစ်စွမ်းအားအမျိုးမျိုးကလည်း အရေးကြီးသော ကဏ္ဍမှ ပါဝင်ခဲ့သည်။ လုရီသည် သူ ကျွမ်းကျင်သော မူလဇာစ်မြစ် စွမ်းအားအားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ပြီး တာအိုယင်ယန်
အင်မော်တယ်ကျမ်းထဲသို့ ထည့်သွင်းခဲ့သည်။
အကယ်၍ လုရီသာ အင်မော်တယ်ဘုရင်နယ်ပယ်သို့ တက်လှမ်းပြီး တာအိုယင်ယန် အင်မော်တယ်ကျမ်း၏ အင်မော်တယ်ဘုရင် အခန်းကို ကျင့်ကြံခဲ့ပါက သူသည် တစ်ခုတည်းသော မူလဇာစ်မြစ်စွမ်းအားကိုသာ ကျင့်ကြံခြင်း မဟုတ်ဘဲ၊ တာအိုမူလဇာစ်မြစ်၏ ပေါင်းစည်းထားသော အမာခံဖြစ်သည့် တစ်ခုတည်းသော အနှစ်သာရကို ကျင့်ကြံခြင်း ဖြစ်ပေလိမ့်မည်။
လက်ရှိ အင်မော်တယ် ဧကရာဇ် နယ်ပယ်တွင်
လုရီသည် ဤသို့ မစွမ်းဆောင်နိုင်သေးပေ။ သို့သော် သူ၏ ကောက်ချက်များအရ သူသာ အင်မော်တယ် ဘုရင် နယ်ပယ်သို့ တက်လှမ်းပြီး သူ၏ အတွင်းကမ္ဘာကို တာအိုနှင့် အပြည့်အဝပေါင်းစပ်ကာ တာအို မူလဇာစ်မြစ် ပေါင်းစည်းခြင်းကို လုပ်ဆောင်နိုင်ခဲ့ပါက သူသည် ဤစွမ်းဆောင်မှုကို ပြုလုပ်နိုင်ပေလိမ့်မည်။
ထိုအချိန် အမှန်တကယ် ရောက်လာသောအခါ သူ မည်မျှ အားကောင်းလာမည်ကို လုရီ
မသေချာပေ။ တာအို ယင်ယန် အင်မော်တယ်ကျမ်းကို ထိုးထွင်းသိမြင်ပြီး ကောက်ချက်ချခြင်းအပြင် လုရီသည် တာအိုစွမ်းအင် ပေါင်းစပ်မှုတွင်လည်း ကြီးမားသော တိုးတက်မှုများ ရရှိခဲ့သည်။ ဤအခိုက်တွင် သူ၏ကိုယ်တွင်းရှိ အင်မော်တယ်ဝိညာဉ်ချီ၏ ထက်ဝက်ကျော်မှာ တာအိုစွမ်းအင်အဖြစ်သို့ ပြောင်းလဲပြီး ဖြစ်၏။
ဤနှုန်းအတိုင်းဆိုလျှင် နောက်ထပ်နှစ်တစ်ရာထက် မပိုသော အချိန်တွင် သူ၏ အင်မော်တယ်ဝိညာဉ်ချီကို တာအို စွမ်းအင်အဖြစ်သို့
အပြည့်အဝ ပြောင်းလဲနိုင်မည် ဖြစ်ပြီး သူ၏ အစွမ်းမှာ နောက်တစ်ကြိမ် ခုန်တက်သွားပေလိမ့်မည်။ ထို့အပြင် ဤအချိန်များအတွင်း လုရီသည် မှော်ဆေးပညာတာအိုနှင့် အခင်းအကျင်းတာအိုကဲ့သို့သော အခြားနယ်ပယ်များရှိ သုတေသနနှင့် နားလည် သဘောပေါက်မှုကိုလည်း လျစ်လျူမရှုခဲ့ဘဲ ဤတာအိုကဏ္ဍများတွင်လည်း များစွာသော ထိုးထွင်းသိမြင်မှုနှင့် တိုးတက်မှုများ ရရှိခဲ့လေသည်။
…
တစ်နေ့တွင် လုရီ ကျင့်ကြံနေစဉ် သူ၏ ဂူစံအိမ်အပြင်ဘက်သို့ ရင်းနှီးသော အရှိန်အဝါ တစ်ခု ရောက်ရှိလာသည်ကို ရုတ်တရက် အာရုံခံလိုက်မိသည်။ သူက မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီး မျက်လုံးများကို ဖွင့်ကာ သူ၏ မူလ နေရာမှ ပျောက်ကွယ်သွားတော့၏။ ဂူစံအိမ် အပြင်ဘက်တွင် ယွီဟန်ကွမ်းသည် ယခုမှပင် ဆင်းသက်ရုံ ရှိသေးရာ လုရီက အဝင်ဝတွင် ရုတ်တရက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
သူ လန့်သွားသဖြင့် နောက်သို့ ခြေလှမ်းနှစ်လှမ်းဆုတ်လိုက်ပြီး ကူကယ်ရာမဲ့သော အပြုံးဖြင့် ဆိုလိုက်သည်။
"လုရီ၊ မင်း ငါ့ကို လန့်သေအောင် လုပ်နေတယ်ကွာ။"
လုရီ အင်မော်တယ်ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းခဲ့စဉ်က ယွီဟန်ကွမ်းသည်လည်း အနီးအနားတွင် တာအိုကို နားလည်သဘောပေါက်နေခဲ့သည်။
ထို့ကြောင့် သူက လုရီမှာ ယခုအခါ အလွန်အမင်း အစွမ်းထက်သော အင်မော်တယ်ဧကရာဇ်တစ်ဦးဖြစ်နေပြီကို သဘာဝအတိုင်း သိရှိသောကြောင့် သူ၏ အသံတိတ်ပေါ်လာခြင်းကို အံ့အားမသင့်တော့ပေ။
သို့သော် လုရီမှာတော့ အနည်းငယ် အံ့အားသင့်သွားသည်။ သူက ယွီဟန်ကွမ်းကို ကြည့်လိုက်ပြီး ရယ်မောလိုက်သည်။
"အစ်ကိုဟန်ကွမ်း၊ မတွေ့ရတာကြာပြီပဲ။ ဘာကိစ္စနဲ့ ရုတ်တရက် လင်းလောင်တောင်ထိပ်ကို ပြန်ရောက်လာတာလဲဗျ"
မကြာသေးမီကာလများအတွင်း ယွီဟန်ကွမ်းမှာ တာဝန်ကြောင့် ကြယ်တာရာနယ်မြေတပ်မတော် သို့မဟုတ် ကျိုယိုစစ်မြေပြင်တို့တွင် အလုပ်များနေပြီး လင်းလောင်တောင်ထိပ်သို့ ပြန်လာခဲသည်။ သူပြန်လာလျှင်ပင် ကြာကြာမနေနိုင်ဘဲ ပြန်ထွက်သွားရပြန်သည်။
လုရီ နောက်ဆုံးအကြိမ် ယွီဟန်ကွမ်းကို တွေ့ခဲ့သည်မှာ လွန်ခဲ့သော နှစ်ငါးဆယ်နီးပါးက ဖြစ်၏။
ယွီဟန်ကွမ်းက ခါးသီးစွာပြုံးလိုက်ပြီး ဖွင့်လေသည်။
"ငါက မင်းလိုမှ မဟုတ်တာ။ မင်းက ကျင့်ကြံဖို့ပဲလိုတဲ့ အေးဆေးသမားကြီး။ ငါ့မှာ တာဝန်တွေအများကြီးရှိနေတာကွ။ ယွီမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တစ်ယောက်အနေနဲ့ ငါ့မှာ အခွင့်အရေးတွေသာမက သက်ဆိုင်ရာ တာဝန်တွေလည်း ရှိသေးတယ်လေကွာ"
လုရီက ဤအချက်ကို ကောင်းစွာနားလည်သောကြောင့် သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။ သို့သော် သူက ခပ်ဟဟရယ်မောလိုက်သည်။
"ဟဲဟဲ၊ ဒီတစ်ခေါက် ခွင့်ယူပြီး ပြန်လာတာလား။"
ယွီဟန်ကွမ်း၏ မျက်နှာအမူအရာမှာ ပိုမိုလေးနက်တည်ကြည်သွားပြီး သူက ခေါင်းကိုအသာခါလိုက်သည်။
"မဟုတ်ဘူး၊ မင်းရဲ့ အကူအညီလိုတဲ့ ကိစ္စတစ်ခုရှိလို့။"
ယွီဟန်ကွမ်း၏ လေးနက်သော အမူအရာကိုမြင်လျှင် လုရီက မျက်ခုံးအနည်းငယ်ပင့်လိုက်ပြီး သူ၏မျက်နှာပေါ်မှ အပြုံးမှာ အနည်းငယ် လွင့်ပြယ်သွား၏။ သူက အနည်းငယ် နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"ဘာကိစ္စလဲ။ ကြယ်တာရာနယ်မြေတပ်မတော်တောင် မကိုင်တွယ်နိုင်တဲ့ ကိစ္စ ရှိလို့လား။"
ယွီဟန်ကွမ်းက ခါးသီးစွာ ပြုံးလိုက်ပြီးနောက် အနည်းငယ် ဒေါသထွက်ဟန်ဖြင့် ဆိုလိုက်သည်။
"ဒီရှုပ်ထွေးမှုတွေ အကုန်လုံးက ရာရှိုမွန်မျိုးနွယ်ကြောင့်ပဲ။"
"ရာရှိုမွန်မျိုးနွယ်။"
လုရီက ယွီဟန်ကွမ်းကို
နားမလည်နိုင်စွာဖြင့် ကြည့်လိုက်သည်။
ယွီဟန်ကွမ်းက ခေါင်းညိတ်လိုက်သည်။
"အင်း၊ ရာရှိုမွန်မျိုးနွယ်မှာ ဘာတွေဖြစ်ခဲ့လဲတော့ ဘယ်သူမှ အတိအကျမသိပါဘူး။ သူတို့ရဲ့ပိုင်နက်ထဲက ကျိုယိုစစ်မြေပြင်တစ်ခုမှာ ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုဖြစ်ပြီး ကျိုယိုမိစ္ဆာတချို့က တံဆိပ်ကို ဖောက်ထွက်လွတ်မြောက်သွားတယ်ကွ။"
"ဗျာ.. ကျိုယိုမိစ္ဆာတွေ တံဆိပ်ကို ဖောက်ထွက်သွားတယ်ဟုတ်လား။" ယ
လုရီ ဤစကားကိုကြားလျှင် မျက်လုံးများပြူးကျယ်သွားပြီး သူ၏မျက်နှာမှာ တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
မည်သို့ပင်ဖြစ်စေ စကြဝဠာတစ်ခွင်တွင် ကျိုယိုစစ်မြေပြင်များစွာ ပြန့်ကျဲနေသော်လည်း ကျိုယိုမိစ္ဆာများ တံဆိပ်ကို ဖောက်ထွက်လွတ်မြောက်ခြင်းမှာ အလွန်ရှားပါးသော အဖြစ်အပျက်ဖြစ်၏။ ယခုမူ ထိုအဖြစ်သည် သူတို့၏ကိုယ်ပိုင်ကြယ်တာရာနယ်မြေအစွန်းတွင် ဖြစ်ပွားခဲ့သည်တဲ့လား။
ယွီဟန်ကွမ်းက သက်ပြင်းချလိုက်သည်။
"အမှန်ပဲ... နောက်ဆုံးအကြိမ် ကျိုယိုမိစ္ဆာတွေ တံဆိပ်ဖောက်ထွက်ခဲ့တာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ဖြစ်လိမ့်မယ်။ အဲ့ဒီတုန်းက ကောင်းကင်ကြယ်တာရာ နယ်မြေအနီးမှာတော့ မဟုတ်ခဲ့ဘူး။ ငါသိတာကတော့ အဲ့ဒီကျိုယိုမိစ္ဆာတွေက ကြယ်တာရာနယ်မြေအတော်များများမှာ ပရမ်းပတာဖြစ်စေခဲ့ပြီး ဂြိုဟ်ပေါင်းသန်းချီ
ကျိုယိုညစ်ညမ်းမှုကို ခံခဲ့ရတယ်။ နောက်ဆုံးတော့ ငါတို့မှာ အဲ့ဒီဂြိုဟ်တွေကို လုံးဝဖျက်ဆီးပစ်ရုံကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး။ ဆုံးရှုံးခဲ့ရတဲ့ အသက်ပေါင်းကလည်း မရေမတွက်နိုင်အောင်ပါပဲ။"
ယွီဟန်ကွမ်း၏ စကားများကို နားထောင်ရင်း
လုရီ၏ မျက်မှောင်မှာ ပိုမိုကျုံ့သွားသည်။ သူက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"ရာရှိုမွန်မျိုးနွယ်မှာ ကျိုယိုမိစ္ဆာတွေ ကျိုယိုစစ်မြေပြင်ကနေ လွတ်မြောက်လာရလောက်အောင် ဘာတွေဖြစ်ခဲ့တာလဲ အစ်ကိုကြီး။ အဲ့ဒီဒေသရဲ့ ကာကွယ်ရေးတပ်မတော်ကရော ဘယ်မှာလဲ။"
ဤစကားကိုကြားလျှင် ယွီဟန်ကွမ်း၏ မျက်နှာအမူအရာမှာ အတော်ပင် ထူးဆန်းသွားသည်။
"ကြားရတာတော့ ကျိုယိုကို ကာကွယ်နေတဲ့ သွေးသတ်တပ်မတော်မှာ ကြီးမားတဲ့ အတွင်းပိုင်းပြဿနာတစ်ခုဖြစ်ပြီး သိသိသာသာ ပရမ်းပတာဖြစ်ခဲ့တယ်တဲ့။ အဲ့ဒီကျိုယိုစစ်မြေပြင်ရဲ့ ကာကွယ်ရေးက လုံးဝနီးပါး ပျက်စီးသွားတယ်။ အကယ်၍ ရာရှိုမွန်မျိုးနွယ်ရဲ့ အင်မော်တယ်အရှင်သခင်ဘိုးဘေးတွေသာ အချိန်မီမရောက်လာခဲ့ရင် အဲ့ဒီကျိုယိုစစ်မြေပြင်က ပျက်သုဉ်းသွားနိုင်ပြီး အခြေအနေက ပိုလို့တောင် ရှုပ်ထွေးသွားနိုင်တယ်။"
"ကျိုယိုကို ကာကွယ်နေတဲ့ တပ်မတော်က ပရမ်းပတာဖြစ်နေတယ်ဟုတ်လား။" လုရီ ဤစကားကိုကြားလျှင် ခဏတာ မှင်သက်သွားသည်။
ထို့နောက် သူက တန်ရှကြယ်တာရာနယ်မြေသို့ သွားစဉ် မတူညီသောနေရာလပ်တစ်ခုတွင် ကြုံတွေ့ခဲ့ရသော ရာရှိုမွန်မျိုးနွယ်မှ စွမ်းအားရှင်များကို ပြန်လည်သတိရလိုက်သည်။
ထိုအချိန်က လုရီသည် ကျိုယို၏ တည်ရှိမှုကိုလည်း အာရုံခံခဲ့မိသည်။ သူ့ကို လိုက်လံဖမ်းဆီးနေသူများမှာ ကျိုယိုကို ကိုင်တွယ်နေသော ရာရှိုမွန်မျိုးနွယ်တပ်မတော်၏ အစိတ်အပိုင်းများ ဖြစ်နိုင်ပါသလော။
ထိုစဉ်က လုရီသည် မတူညီသောနေရာလပ်တစ်ခုတွင် ကျိုယို၏ တည်ရှိမှု ပေါ်လာသည်ကို ထူးဆန်းသည်ဟု ထင်ခဲ့မိသည်။ ဖြစ်နိုင်သည်မှာ ပြဿနာများသည် ထိုအချိန်ကတည်းက စတင်ပေါ်ပေါက်နေခဲ့ခြင်းလော။ ထိုအဖြစ်အပျက်မှာ လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လုရီ အတွင်းစိတ်ထဲတွင် စကားလုံးများပင် ပျောက်ဆုံးသွားသည်။ ဤမျှအချိန်ကြာပြီးသည့်တိုင် ရာရှိုမွန်မျိုးနွယ်သည် သူတို့၏အတွင်းပိုင်းပြဿနာများကို မဖြေရှင်းနိုင်သေးရုံသာမက ပိုကြီးမားသော ပြဿနာများဆီသို့ပင် ဦးတည်သွားစေခဲ့သည်။ ရာရှိုမွန်မျိုးနွယ်မှာ မည်သို့ဖြစ်နေကြပါသနည်း။
လုရီ အလွန်စိတ်ရှုပ်သွားပြီး သူ၏မျက်နှာမှာ တည်ကြည်လေးနက်လာသည်။
"အဲ့ဒီကျိုယိုမိစ္ဆာတွေကို ရှင်းလင်းပြီးပြီလား။"
ဤမေးခွန်းကိုကြားလျှင် ယွီဟန်ကွမ်းက ခါးသီးစွာ ရယ်မောလိုက်သည်။ "ဟင့်အင်း၊ တကယ်လို့သာ ရှင်းလင်းပြီးခဲ့ရင် ငါမင်းဆီကို လာမှာမဟုတ်ဘူး။"
*ထင်သည့်အတိုင်းပါပဲ...*
လုရီ အတွင်းစိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး မေးလိုက်သည်။
"လက်ရှိအခြေအနေက ဘယ်လိုရှိလဲဗျ။"
ယွီဟန်ကွမ်းက ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဟူးခနဲ သက်ပြင်းချလိုက်သည်။
"အခြေအနေမကောင်းဘူး။ အနည်းဆုံးတော့ ကျိုယိုမိစ္ဆာ တစ်ထောင်ကျော် ကျိုယိုစစ်မြေပြင်ကနေ လွတ်မြောက်သွားတယ်။ အဲ့ဒီကျိုယို စစ်မြေပြင်က အင်မော်တယ်ဧကရာဇ် နယ်ပယ်အဆင့် ဖြစ်ပြီး သူတို့ထဲမှာ အင်မော်တယ်ဧကရာဇ် နယ်ပယ်အဆင့် ကျိုယိုမိစ္ဆာ နှစ်ကောင်တောင် ပါနေတယ်။"
ဤနေရာသို့ရောက်သောအခါ ယွီဟန်ကွမ်း၏ နှုတ်ခမ်းများမှာ ထိန်းမနိုင်သိမ်းမရ တုန်ယင်သွားပြီး လုရီ၏ နှလုံးသားပေါ်သို့ လေးလံသောဝန်ထုပ်ဝန်ပိုးတစ်ခု ဖိတင်လိုက်သကဲ့သို့ ခံစားလိုက်ရ၏။
*အင်မော်တယ်ဧကရာဇ်အဆင့် ကျိုယိုမိစ္ဆာတွေလား။ ရာရှိုမွန်မျိုးနွယ်ကတော့ တကယ်ကို...*
လုရီ ကျိန်ဆဲချင်စိတ် ပေါက်သွားသည်။
"ကျိုယိုမိစ္ဆာတွေရဲ့ တိုက်စားနိုင်စွမ်းကို မင်းလည်းသိမှာပါ လုရီ။ ကျိုယိုစစ်မြေပြင်ကနေ လွတ်မြောက်သွားပြီးနောက် သူတို့က အရပ်မျက်နှာအသီးသီးကို ပြန့်ကျဲသွားကြတယ်။ ငါတို့သူတို့ကို လုံးဝမဖျက်ဆီးနိုင်ဘဲ တစ်ကောင်ပဲကျန်ခဲ့ရင်တောင် ကျယ်ပြန့်တဲ့ ကြယ်တာရာကောင်းကင်တစ်ခွင်လုံး ပျက်စီးသွားလိမ့်မယ်။ အရင်က ဖျက်ဆီးခံခဲ့ရတဲ့ ကောင်းကင်အပိုင်းအစက အခုထိ ပြန်လည်တည်ဆောက်နေတုန်းပဲ၊ အပြည့်အဝတောင် မကောင်းသေးပါဘူး"
ယွီဟန်ကွမ်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လုရီက ခေါင်းညိတ်လိုက်ပြီး မေးလိုက်တော့သည်။
"ဒါဆို ကျွန်တော်တို့ ရာရှိုမွန်ကြယ်တာရာနယ်မြေကို သွားပြီး ရာရှိုမွန်မျိုးနွယ်ကို ဒီကိစ္စကိုင်တွယ်ဖို့ ကူညီပေးရမှာလား၊ အစ်ကို
ဟန်ကွမ်း..."
အိမ်နီးချင်း၏ ရှင်သန်မှုနှင့် မိမိ၏ပျက်သုဉ်းမှုမှာ ဆက်စပ်နေသည်ဟူသော နိယာမကို နားလည်သော လုရီသည် ကောင်းကင်ကြယ်တာရာနယ်မြေနှင့် ရာရှိုမွန်ကြယ်တာရာနယ်မြေတို့ နယ်နိမိတ်ချင်း ထိစပ်နေသည်ကို သိ၏။
အကယ်၍ ရာရှိုမွန် ကြယ်တာရာ နယ်မြေသာ
ကျိုယိုမိစ္ဆာများနှင့် ကြီးမားသော ပြဿနာရင်ဆိုင်ရပါက ကျိုယို ညစ်ညမ်းမှု အရှိန်နှင့်ဆိုလျှင် ကောင်းကင်ကြယ်တာရာ နယ်မြေမှာလည်း လွတ်မြောက်နိုင်မည် မဟုတ်ပေ။ အကောင်းဆုံး ချဉ်းကပ်နည်းမှာ အန္တရာယ်ကို ကောင်းကင်ကြယ်တာရာ နယ်မြေသို့ မပျံ့နှံ့လာခင် အစဖျောက်ဖျက်ပစ်ရန် ဖြစ်သည်။
ထိုအခါ ယွီဟန်ကွမ်း၏ ပါးစပ်မှာ ပြင်းထန်စွာ တုန်ယင်သွားပြီး သူက ခေါင်းခါလိုက်၏။
"မဟုတ်ဘူး... အဲ့ဒီကျိုယို စစ်မြေပြင်က ငါတို့ကောင်းကင် ကြယ်တာရာ နယ်မြေနဲ့ သိပ်မဝေးဘူး။ ကျိုယို မိစ္ဆာတချို့က ငါတို့ကောင်းကင်ကြယ်တာရာ နယ်မြေထဲကို ဝင်ရောက်လာနှင့်နေပြီ။ ငါတို့က ကိုယ့်ပြဿနာကို အရင်ရှင်းရမှာ။"
လုရီ: "..."