ချောက်ကမ်းပါးမှ ပြုတ်ကျခြင်း။
Vol. 13 Ch. 185
ယီယွင်မှာ ထင်ယောင်ထင်မှားအခြေအနေ အတွင်းတွင်ရှိနေဆဲဟု ဟန်ဆောင်ကာ ထိုရှေးဦးဆေးပင်ကို မည်သို့ခူးယူရမည်ကို တွေးနေလေသည်။
'နတ်အရိုင်းတော' စာအုပ်၏မှတ်တမ်းများအရ၊ ရှေးဦးဆေးဖက်ဝင်အပင် အများစုသည် မြေကြီး သို့မဟုတ် ရေထဲသို့ ဥမင်လိုဏ်ခေါင်းသဖွယ် တိုးဝင်နိုင်စွမ်းရှိသည်။ တချို့၀တ္တုစာအုပ်များမှ လူဂျင်ဆင်းမှတ်တမ်း များတွင် “ရေနှင့်ထိတွေ့ပြီး ပျော်ဝင်ကာ မြေဆီလွှာသို့ဝင်ရောက် နိုင်သည်…” ဟုပါရှိလေသည်။
ထိုအပင်အမျိုးစားတို့သည် ရေနှင့်ထိတွေ့သောအခါတွင် ပျော်ဝင်ပြီး မြေနှင့် ထိတွေ့သောအခါတွင် မြေအောက်ဥမင်လိုဏ်ခေါင်းပေါက်များ ကဲသို့ မြေအတွင်းသို့တိုး၀င်နိုင်စွမ်းရှိကြသည်။ ထို့ကြောင့် ၎င်းတို့သည် သမုဒ္ဒရာထဲတွင် ကူးခတ်နေသည့် ငါးများသဖွယ် အလွယ်တကူ ရှာမတွေ့နိုင်ချေ။
ရှေးဦးဆေးဖက်၀င်အပင်များကို ခူးဆွတ်ရန်မှာ တစ်ချက်တည်းဖြင့် အမိအရဖမ်းမိရန် လိုအပ်လှသည်။
အကယ်၍ ထိုဆေးပင်က ဆေးတောင်တန်းထဲသို့ ထွက်ပြေးပုန်းအောင်း သွားပါက လူသားပညာရှင်ပင် လာရောက်ကူညီနိုင်မည်မဟုတ်ပေ။
ယီယွင်၏ အရှိန်အဟုန်နှင့်အတွေ့အကြုံမှာ ရှေးဦးဆေးဖက်ဝင်အပင်များ ခူးယူရာတွင် လုံး၀ မပြည့်စုံသေးပေ။ အလျင်စလို ပြုမူမိပါက ကျရှုံးမှုသာ ကြုံရပေလိမ့်မည်။
ရှေးဦးဆေးပင်သည် ယီယွင် ၎င်းအား တွေ့မြင်နိုင်သည်ကို မသိရှိသေးပေ။ ယီယွင် သည် တပ်တစ်ထောင် ဓားမောက်ကို ဆွဲထုတ်ကာ အလျင်စလို ခုတ်ပိုင်းလိုက်မည်ဆိုလျှင်၊ ယခင်က ဟန်ဆောင်ထားမှုများလည်း ပေါ်ကုန်လိမ့်မည် ဖြစ်သည်။ထိုအခါ ရှေးဦးဆေးပင်မှာလည်း အပြည့်အ၀ သတိထားမိသွားပေလိမ့်မည်။
ယီယွင် ထိုကိစ္စများအား နတ်မြို့တော်သို့ အစီရင်ခံကာ လူသားပညာရှင် တစ်ဦးအား စီရင်ဆောင်ရွက်မှု ပြုခိုင်းသင့်သလော့။
ထိုအကြံအစည် အောင်မြင်ပါက ဆုလာဒ်များချီးမြှင့်ခံရနိုင်သည် သို့သော် အရေးကြီးဆုံးအချက်မှာ ယီယွင်နှင့်အတူလူသားပညာရှင် တစ်ဦး လိုက်ပါလာချိန်၌ ထိုရှေးဦးဆေးပင်သည် ၎င်းတို့ရောက်မှီပင် တခြားတစ်နေရာသို့ ရှောင်ထွက်သွားနိုင်ပေသည်။
ထိုအခါတွင် ယီယွင်မှာ မှားယွင်းစွာသတင်းပို့မှာ ပြစ်မှုဖြင့်ပင် တရားစွဲဆိုခံရနိုင်သည်။
လူသားပညာရှင်တွင် ရှေးဦးဆေးပင်ကို ဖမ်းယူရန် ထူးခြားသောနည်းလမ်း တချို့ရှိလျှင်ပင်၊ ရှေးဦးဆေးပင်၏တည်နေရာကို ရှာဖွေတွေ့ရှိပုံကို ယီယွင်မည်သို့ရှင်းပြမည်နည်း။များစွာသော အကြောင်းအရာများက သံသယစိတ်ကို အလွယ်တကူ နှိုးဆွနိုင်သည်။
အကြိမ်အကြိမ်အခါခါစဉ်းစားပြီးနောက် ယီယွင်ကိုယ်တိုင် တစ်ကြိမ်ထဲသော အခွင့်အရေးကို အပြည့်အ၀အသုံးချရန် ဆုံးဖြတ်လိုက်လေသည်။
“ဒါပေမယ့်... ဒီနေ့တော့ မဟုတ်ဘူး”
လက်ရှိအချိန်တွင် ကြိုတင်ပြင်ဆင်မှု အားနည်းလျှက်ရှိနေသေးသည်။ အလျင်စလို လှုပ်ရှားခြင်းက ရန်သူကို သတိထားမိစေနိုင်သည်။
သို့တိုင်... ထိုရှေးဦးဆေးပင် ထွက်ပြေးသွားပါက ထပ်မံရှာဖွေတွေ့ရှိရန် မဖြစ်နိုင်ဟုထင်ရသော်လည်း၊ယီယွင်မှာမူ ထိုဆေးပင်ကြီး၏ တည်နေရာကို ပြန်လည်ရှာဖွေနိုင်ရန် ယုံကြည်ချက်ရှိနေသည်။ အကြောင်းမှာ... ယန်သွေးပန်းတွင် ရေထဲတွင်ပျော်ဝင်နိုင်ခြင်း သို့မဟုတ် မြေကြီးထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်သော အစွမ်းမရှိသောကြောင့် ဖြစ်သည်။
ယန်သွေးပန်းကိုရှာတွေ့ခြင်းသည် ရှေးဦးဆေးပင်ကိုရှာတွေ့သည်နှင့် အတူတူပင် ဖြစ်သည်။ယီယွင်သည် ရှေးဦးဆေးပင်၏ 'ပိုင်ဆိုင်မှု'ဖြစ်သော ယန်သွေးပန်းတစ်ဝိုက်တွင် ပုန်းအောင်းနေနိုင်သည်ဟု စဉ်းစားမိခဲ့သည်။
"ရှေးဟောင်းဆေးပင်ရဲ့ ပုန်းတဲ့နေရာမှာ ကျွမ်းတာ သေချာတယ်။ အရင်က ငါ့ရဲ့စိတ်ဝိညာဉ်စွမ်းအင်ကို ခရမ်းရောင် သလင်းကျောက်နဲ့ ပေါင်းစပ်ပြီးရှာတာတောင် ယန်သွေးပန်းကိုပဲ ရှာတွေ့တယ်၊ ရှေးဦးဆေးပင်ရဲ့ အရိပ်တောင်မတွေ့မိဘူး အကွာအဝေးကတော့ သိပ်မဝေးလောက်နိုင်ဘူး။အဲဒါတောင် ငါအဲဆေးပင်ကို ရှာမတွေ့ဘူး၊ မှော်ပညာကို သုံးလိုက်တော့မှ အဲအပင်ကိုရှာတွေ့နိုင်တယ်”
ယီယွင် လည်း ကံကောင်းနေသည်ဟု ခံစားလိုက်ရသည်။ ယီယွင်အတွက် ရှေးဦးဆေးပင်တစ်ပင်ကို ရှာတွေ့ခဲ့သည်မှာ တိုက်ဆိုင်မှုသက်သက်သာ ဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ ယီယွင်က မိမိ၏ စိတ်ဝိညာဉ်စွမ်းအင်ကို မြှင့်တင်နိုင်ရန်အတွက် ပိုမိုကျင့်ကြံ အားထုတ်လေ့ကျင့်ရန် လိုအပ်သည်ဟု ခံစားမိသည်။လုံလောက်သော စိတ်ဝိညာဉ်စွမ်းအင်မရှိပါက၊ ရှေးဦးဆေးပင် ဖြစ်စေ၊ မသေမျိုးဆေးပင် ဖြစ်စေ သို့မဟုတ် မူလဆေးပင် ဖြစ်စေ၊ မည်သည့်ဆေးပင်ကိုမျှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။
ယီယွင် ထိုသို့တွေးနေစဉ် ထင်ယောင်ထင်မှားဖြစ်ရပ်များတွင်၊ ဒီရေလှိုင်းကဲ့သို့ ယီယွင်ဆီသို့ လူသေကောင်များ ပိုများလာကာ ထောင့်တစ်နေရာသို့ တွန်းပို့နေသည်ကို ရုတ်တရက် သတိထားလိုက်မိသည်။
လွင်ပြင်ကျယ်ကြီးတစ်ခုကို ဝန်းရံထားသော စွန့်ပစ်ခံသင်္ချိုင်းတစ်ခု အတွင်း၌ ယီယွင်ရောက်ရှိနေသည်ဟု ထင်ရသည်။သို့သော်... ယီယွင်ကိုယ်တိုင်ပင် ၎င်းနောက်ကျောတွင် ချောက်ကမ်းပါးတစ်ခု ရှိကြောင်း ကောင်းစွာသိထားသည်။
တစ်ဖက်သို့ ခြေတစ်လှမ်းမျှ ပို၍ဆုတ်လိုက်ပါက ထိုချောက်ကမ်းပါးမှ အောက်သို့ကျရောက်သွားနိုင်သည်။မီတာ ၃၀ အကွာအဝေးမှာ အရမ်းမမြင့်သော်လည်း ထင်ယောင်ထင်မှား ဖြစ်နေသော လူတစ်ယောက်အဖို့၎င်းကို သတိမပြုမိနိုင်ပေ။
ယီယွင်သည် ကျောက်ဆောင်ပေါ်သို့ ဦးခေါင်းဖြင့်ကျရောက်ပါက လေးလံသော ပြဒါးစီး ၀တ်ရုံ ကြောင့် ယီယွင်၏ ဦးခေါင်းနှင့် လည်ပင်းတို့သည် ပြင်းထန်သော အလေးချိန်၏ စွမ်းအားကြောင့် ဒဏ်ရာအပြင်းအထန်ရနိုင်ကာ လည်ပင်းရိုးကျိုး၍ပင် သေဆုံးနိုင်ပေသည်။
၎င်းကိုတွေးမိပြီး ယီယွင်၏ရှေးဦးဆေးပင်ကို အရယူမည့် ဆုံးဖြတ်ချက်မှာ ပိုအားကောင်းလာလေသည်။
ရှေးဦးဆေးဖက်ဝင်အပင်များသည် သတ်ဖြတ်စွမ်းမရှိသော်လည်း၊ ကျင်ကြံသူအား ဖြားယောင်းရန် ၎င်းတို့၏ မှော်ပညာကို အသုံးပြုကာ ကျင့်ကြံသူအား သေဆုံးစေနိုင်သည်။
ယီယွင် သည် နောက်သို့ဆုတ်ရန် နေရာမရှိပေ။ပြဒါးစီး ၀တ်ရုံ ၏ အလေးချိန်ကို အနိမ့်ဆုံးအထိ လျှော့ချလိုက်ပြီး ချော်လဲဟန်ဆောင်ကာ အော်ဟစ်လျှက်ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျလိုက်လေသည်။
လေထဲလွင့်နေစဉ်တွင် ယီယွင် သည် ထိတ်လန့်တုန်လှုပ်သွားပုံ ရသော်လည်း လျှို့ဝှက်စွာ ဟန်ချက်ထိန်းထားသည်။
"ဗုမ်း"
ယီယွင် သည် မြေပြင်ပေါ်သို့ လဲကျသွားကာ ကျောက်တုံးများလည်း လွင့်စင်ပျံတက်သွားသည် ။
ပြဒါးစီး ၀တ်ရုံ ၏ အနိမ့်ဆုံးအလေးချိန်ဖြင့်ပင် မီတာသုံးဆယ်မှ ပြုတ်ကျခြင်းကြောင့် သက်ရောက်မှုမှာ ကြီးမားဆဲဖြစ်သည်။ယီယွင် သည် မြေပြင်ပေါ်သို့ ခြေပစ်လက်ပစ် ပြုတ်ကျသွားခဲ့သည်။ ယီယွင်၏ခန္ဓာကိုယ်ကြောင့် လူအရွယ်အစားခန့် ကြီးမားသော တွင်းတစ်ခု ဖြစ်ပေါ်စေခဲ့သည်။
တကယ်တမ်းတွင် ယီယွင် အောက်သို့ပြုတ်မကျမီကတည်းကပင် ကောင်းကင်အဆင့် ယွမ်ချီစွမ်းအားများကို စုစည်းကာ ကျဆင်းမှုကို အားလျော့စေခဲ့သည်။သို့တိုင်အောင် ယီယွင်၏ခန္ဓာကိုယ်မှာ နာကျင်မှုဒဏ်ကို ခံစားခဲ့ရသည်။
ယီယွင် ဒဏ်ရာမရရှိခဲ့သော်လည်း သတိလစ်မေ့မြောသည်ပုံ ဟန်ဆောင်နေလေသည်။ တစ်ချိန်တည်းမှာပင် ခရမ်းရောင်သလင်းကျောက်၏ အာရုံကို အသုံးပြု၍ ချောက်ကမ်းပါးထိပ်ရှိ ရှေးဦးဆေးပင်ကို တိတ်တဆိတ် ကြည့်ရှုနေခဲ့သည်။
ယီယွင် သည် ဆေးပင်မှ ထွက်လာသော သေးငယ်သော လှောင်ရယ်သံကို ခံစားလိုက်ရသည်။
“ရှေးဦးဆေးပင်၊ ဒီအပင်ယုတ်မာ…”
ယီယွင် သည် ယခုခံစားရသည့်အတွက် ရှေးဦးဆေးဖက်ဝင်အပင် ပြန်ပေးဆပ်ရမည်ဟု တွေးနေလေသည်။
များမကြာမီပင် ရှေးဦးဆေးပင်သည် ယီယွင်အား အာရုံပင်မစိုက်တော့ပဲ ၎င်း၏နေမြဲအတိုင်း ပူပင်ကြောင့်ကြမဲ့စွာပင်နေလေ၏။ ရှေးဦးဆေးပင်မှာ ယီယွင်အား ပုရွက်ဆိတ်တစ်ကောင်လိုပင် သဘောထားနေလေ၏။
ဤရှေးဟောင်းဆေးပင်သည် နာမ်ဝိညာဉ်ဖြစ်တည်လာချိန်မှစ၍ တိုင်အာနတ်မြို့တော်၏ ဆေးပင်တောင်တန်းတွင် နှစ်ထောင်ပေါင်းများစွာ ရှင်သန်ကြီးထွားလာခဲ့ခြင်းဖြစ်သည်။
နှစ်ထောင်ပေါင်းများစွာအတွင်း ရှေးဦးဆေးပင်မှာ တိုင်အာနတ်မြို့တော်၏ မရေတွက်နိုင်အောင် များပြားသော ကျင့်ကြံသူများကို တွေ့ခဲ့ရသည်။
ထိုကျင့်ကြံသူအားလုံးကို ပုရွက်ဆိတ်များကဲ့သို့ အရေးမကြီးသော တိရစ္ဆာန်များအဖြစ် ရှေးဦးဆေးပင်များက သဘောထားကြသည်။
၎င်းတို့ဟာ ငယ်ရွယ်ပြီး အလွန်အားနည်းလှသည်။ ထို့အပြင်၊ ထိုလူများမှ အလွန်မိုက်မဲကြပေသည်။ ဆေးဖက်၀င်အပင်များ ရှာနေကြသည် ဆိုသော်ငြားလည်း ခေါင်းမပါတဲ့ ယင်ကောင်တွေလို ကြုံရာကျပန်း ပျံဝဲဖြတ်သန်းလျှက်သာရှိသည်။
မျက်စိအောက်၌ ဆေးဖက်ဝင်အပင်များစွာရှိသော်လည်း မြင်နိုင်စွမ်း မရှိကြပေ။
ဤကျင့်ကြံသူများကို ကျီစားချင်သော်လည်း၊တိုင်အာနတ်မြို့တော် တွင် လူသားပညာရှင်များ ရှိသည်ကို ရှေးဦးဆေးပင်များ သိကြသည်။
တချို့သော လူအနည်းငယ်ကို မတော်တဆ သတ်မိပါက၊ တိုင်အာနတ်မြို့တော်၏ လူသားပညာရှင်များကို သတိပေးလိုက်သလို ဖြစ်ပေလိမ့်မည်။ထိုသို့ဖြစ်ခဲ့ပါက ထိုရှေးဦးဆေးဖက်၀င်အပင်၏ နေ့ရက်များမှာ ကုန်ဆုံးသွားပြီ ဖြစ်သည်။
အကယ်၍ ၎င်းဆေးပင်ကို လူသားပညာရှင်တစ်ဦးမှ ပစ်မှတ်ထားခံရပါက၊ ၎င်းသည် သတိကြီးစွာဖြင့်မြေအောက်၌ နေထိုင်ရမည်ဖြစ်ပြီး အပြင်ဘက်တွင် ၎င်း၏ ကြီးထွားမှုကို လျှော့ချရမည်ဖြစ်သည်။
လူသားပညာရှင်များစွာသည် ၎င်းတို့၏တည်ရှိမှုကို ဖုံးကွယ်ထားနိုင်စွမ်း ရှိကြောင်း သိထားရမည်ဖြစ်သည်။ ရှေးဦးဆေးပင်သည် မည်မျှပင် ဂရုတစိုက်ရှိပါစေ သို့မဟုတ် မည်မျှပင် ၎င်း၏အာရုံခံစွမ်း ထက်သန်နေပါစေ၊ ၎င်းတို့အနား တိတ်တဆိတ်ချဉ်းကပ်လာသော လူသားပညာရှင်တစ်ဦးကို လွဲချော်သွားပါက ဆေးပင်၏ကံကြမ္မာမှာ ကုန်ဆုံးသွားမည်ဖြစ်သည်။
ယီယွင် မထခင် တစ်နာရီခန့်မျှ ချောက်ကမ်းပါးအောက်ခြေတွင် လှဲနေလေသည်။
ယီယွင် သည် ချောက်ကမ်းပါး၏ အနေအထားကို သတိရမိသည်။ ခရမ်းရောင် သလင်းကျောက်၏ အမြင်တွင် ထိုယန်သွေးပန်းမှာ နဂိုနေရာ၌ပင် ကျန်ရှိနေသေးသည်။၎င်းပန်းမှာ ပတ်၀န်းကျင် အခြေအနေကြောင့် တုန်လှုပ်သွားကာ မြေအောက်အတွင်း၌ ပုန်းအောင်းနေကာ သန့်စင်သော ယွမ်ချီ စွမ်းအင် ကို ရက်တော်အကြာအထိ စုပ်ယူမည့်ပုံ မပေါ်ချေ။ထိုအခြေအနေကြောင့် ယီယွင်မှာ စိတ်သက်သာရာရသွားလေသည်။
ယီယွင် သည် ထိုချောက်ကမ်းပါးပေါ်သို့ မတက်တော့ပေ။ ယီယွင် ဆန့်ကျင်ဘက်သို့ လျှောက်လှမ်းပြီး ဆေးတောင်တန်းပေါ်မှ မထွက်ခွာမီ ဆေးပင်အနည်းငယ်ကို ရှာဖွေခူးယူခဲ့သည်။
ထိုဆေးဖက်၀င်အပင်များအား လွှဲပြောင်းပေးသောအခါ ကျောက်ချင်ချန်း နှင့် တွဲဖက်မိန်းမပျိုလေးတို့လည်း ရှိနေကြသည်။
ယီယွင် ကိုမြင်တော့ ကျောက်ချင်ချန်း က ရှက်ရွံ့စွာ ပြုံးလိုက်သည်။ လွန်ခဲ့သောရက်များက ယီယွင် ဆီမှ ပိုက်ဆံချေးထားသော ကိစ္စကြောင့် ကျောက်ချင်ချန်း၏ မျက်နှာတွင် ရှက်စိတ်ကြောင့် နီမြန်းနေလေသည်။
"မင်္ဂလာပါ အစ်မ ချင်ချန်း" ယီယွင် က နှုတ်ဆက်သည်။
ယနေ့တွင် ယီယွင် ၏ ရှာဖွေမှုမှ မှော်နဂါးကြေးပြား ၁၀၀ မျှသာရရှိလေသည်။
ဆေးပင်များကို ချိန်ဆပြီးနောက် ၀မ် သည် ယီယွင် ကို အနည်းငယ် အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ သို့သော် ဘာမှတော့မပြောပေ။ ကျွမ်းကျင်သူတစ်ဦးသည်ပင် ရံဖန်ရံခါ ကံဆိုးခြင်းဒဏ်ကို ခံရလျှက်ရှိသေးသည်။ ဆေးဖက်၀င်အပင်နည်းနည်းပါးပါးသာ ရှာတွေ့သည်မှာ ပုံမှန်ပင်ဖြစ်သည်။ သို့သော် ဤနှုန်းဖြင့် ယီယွင် သည် ကျုံးယီ ၏စံချိန်ကို ချိုးဖျက်ရန် အခွင့်အရေးမရှိပေ။
"ဒီအကြောင်းနဲ့ ပတ်သက်ပြီး အစ်မ ၀မ် မေးချင်တာက ရှေးဦးဆေးဖက်ဝင်အပင်တွေနဲ့ မိတ်ဆက်ပေးတဲ့ စာအုပ်ရှိလား" ဆေးပင်များကို ပေးအပ်ပြီးသောအခါ ယီယွင် အားပျော့စွာ မေးလိုက်သည်။ 'နတ်အရိုင်းတော' စာအုပ်သည် တိုင်အာနတ်မြို့တော်ရှိ လူသစ် များဖတ်ရန် အဓိကဖြစ်သည်။
နတ်မြို့ရှိ လူသစ်များသည် ရှေးဦးဆေးပင်နှင့် အချိတ်ဆက်မိရန် အခွင့်အလမ်းမရှိသဖြင့် 'နတ်အရိုင်းတော' စာအုပ်တွင် အတိုချုံးမှတ်တမ်းများသာ ပါရှိသည်။ထိုကြောင့် ယီယွင်သည် ၎င်းကြုံတွေ့ခဲ့ရသည့် ရှေးဦးဆေးပင်ကို မသိနိုင်ပေ။ထိုအချက်မှာ ယီယွင်အား ရှေးဦးဆေးပင်ကို အမိအရဖမ်းယူရန် ကြီးမားသော အတားအဆီးတစ်ခုဖြစ် စေသည်။
ယီယွင် ၏မေးခွန်းကိုကြားသောအခါ ၀မ် သည် စကားမပြောနိုင်။ “ဒီကောင်က အိပ်မက်မက်နေတုန်းပဲလား”
ကျုံးယီ ပင်လျှင် ရှေးဦးဆေးပင်ကို ရှာဖွေနိုင်ခြင်းမရှိပေ။ ကြီးကျယ်ခမ်းနားသော လူသားပညာရှင်များပင်လျှင် ထိုရှေးဦးဆေးပင် များအတွက် ဂရုတစိုက် စီစဉ်ရပေမည်။ထိုကဲ့သို့ အစီအစဉ်များဖြင့်ပင် တစ်ခါတလေမှ ကံကောင်းထောက်မစွာ ခူးယူနိုင်ခြင်းဖြစ်သည်။ ယီယွင်ကဲ့သို့ ကောင်လေးတစ်ဦးအတွက် ဘယ်လိုမျှ မဖြစ်နိုင်ပေ။
လွန်ခဲ့သည့် ရက်အနည်းငယ်က ယီယွင်၏ စိတ်အားထက်သန်သော စူးစမ်းမှုစွမ်းအားများကို သက်သေမပြနိုင်ပါက၊ ဝမ်မှာ ကျိန်ဆဲနေပေလိမ့်မည်။ သို့သော်ငြားလည်း သူမ၏ လေသံမှာ အလွန်ကြမ်းတမ်းနေဆဲပင်ဖြစ်သည်။
"ကောင်လေး၊ မင်းဆေးဖက်ဝင်အပင်တွေကို ရှာနိုင်တဲ့ အရည်အချင်းတစ်ချို့ရှိပြီး နည်းနည်းပိုကောင်းတဲ့ မျက်လုံးတစ်စုံရှိလို့ မင်းကိုယ်မင်း အံမခန်းလို့ထင်နေတာလား၊ ရှေးဦးဆေးပင်တွေကိုလား နောက်ထပ် ၇နှစ် ၈နှစ် လောက်စောင့်ပါဦး အဲအကြောင်းနဲ့ ပတ်သက်ပြီး မင်းဘာမှမသိပါဘူး”
"အိုး...ကျွန်တော် ဖတ်ချင်တယ်" ယီယွင် က ပြောလိုက်သည်။
“ဘာဖတ်ချင်တာ 'နတ်အရိုင်းတော' စာအုပ်မှာပါတဲ့ဟာတွေပဲ ဖတ်စမ်းပါ၊ အဲဟာနဲ့ လုံလောက်တယ်၊ အဲထဲက အကြောင်းအရာတွေ အားလုံးကိုနားလည်ရင် ကောင်းမယ်”ဟု ၀မ်က ကြမ်းတမ်းစွာ ပြောလိုက်လေသည်။
ယီယွင် ဘာမှဆက်မပြောနိုင်တော့ပေ။ ဝမ်ကို ထပ်မမေးတော့ပဲ။ သူ့ကိုယ်သူ နားမလည်နိုင်သော မေးခွန်းကို မေးခဲ့ခြင်းအတွက် မိမိကိုယ်မိမိသာ အပြစ်တင်နေလျှက် ရှိသည်။ ဒုက္ခများ တောင်းခံနေခြင်းနှင့် အတူတူပဲ မဟုတ်ပေဘူးလား။
"မောင်လေး ယီယွင်၊ မင်းက ရှေးဦးဆေးဖက်ဝင်အပင်တွေနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ရှာချင်နေတာလား။" ထိုအချိန်တွင် ကျောက်ချင်ချန်း ထံမှ အသံကို ကြားလိုက်ရသည်။
"ဟုတ်တယ် အစ်မ အဲဒီအကြောင်းတွေသိလား" ယီယွင် အံ့အားသင့်စွာ မေးလိုက်သည်။
"သိတယ်...တိုင်အာနတ်မြို့တော်ရဲ့ မှာ စာကြည့်တိုက်မှာရှိတယ်၊ အဲဒါကို မသိဘူးလား။ စာကြည့်တိုက်မှာ သတင်းအချက်အလက် မျိုးစုံနဲ့ ကျင့်ကြံခြင်းနည်းစနစ် လက်စွဲတွေ ရှိတယ်။ စာကြည့်တိုက်မှာ နယ်မြေတွေ အများကြီးရှိတယ်။အဲဒီထဲကကန့်သတ်နယ်မြေထဲမှာ ကျင့်ကြံခြင်းနည်းစနစ်တွေ ပါပြီး အဲဒါတွေ အရမ်းတန်ဖိုးကြီးတယ်"
"မင်းက ရှေးဦးဆေးဖက်ဝင်အပင်တွေအကြောင်း အချက်အလက်တွေကို ဖတ်ရှုချင်တယ်ဆိုရင်တော့ အလယ်အလတ်တန်းစားနယ်မြေမှာ ရှိမယ်ထင်တယ်။ အဲဒါကို ငှားဖို့ဆို မှော်နဂါးကြေးပြား အနည်းငယ် ပေးဆောင်ပြီး ဖတ်နိုင်တယ်"
"ဟား၊ ကျွန်တော်သိပြီ၊ ကျေးဇူးတင်ပါ အစ်မ ချင်ချန်း" ယီယွင် ဝမ်းသာသွားသည်။ စာကြည့်တိုက်သည် ၎င်းအတွက် အသင့်တော်ဆုံးဖြစ်သည်။ တခြားသူများဖြင် စကားပြောရပါက အဆင်မပြေတာတွေ ဖြစ်နိုင်ပေသည်။
"မောင်လေး ယီယွင် ၊ ငါကိုစပ်စုတယ်လို့ မထင်လိုက်ပါနဲ့ ၊ မင်းဘာလို့ ရှေးဦးဆေးဖက်ဝင်အပင်တွေအကြောင်းမေးနေတာလဲ ၊ မင်းဟာ ရှေးဦးဆေးဖက်ဝင်အပင်တွေကို မျက်စိနဲ့ရှာလို့မတွေ့နိုင်ဘူးလေ ၊ ရှေးဦးဆေးဖက်ဝင်အပင်တွေ ရှာတွေ့ဖို့ဆိုတာ မလွယ်ဘူး " ကျောက်ချင်ချန်း သည် ယီယွင် သည် အန္တရာယ်များသည်ကို သတိမထားမိဘဲ ရှေးဦးဆေးဖက်ဝင်အပင်များကို အထင်သေးမည်ကို စိုးရိမ်နေလေသည်။ ထိုအကြောင်းအရာများကို ကြားသိပြီးနောက် ယီယွင် သည် စိတ်လှုပ်ရှားစွာခံစားရပြီး ရှေးဦးဆေးဖက်ဝင်အပင်များ၏ အပြေးအလွှားရှာဖွေရန် စိတ်အားထက်သန်လာသည်။ မဟုတ်ပါက အချိန်ဖြုန်းနေခြင်းသာ ဖြစ်ပေလိမ့်မည်။
လူများစွာအတွင် အသက်ဆယ့်နှစ်နှစ် သို့မဟုတ် ဆယ့်သုံးနှစ်အရွယ်ရှိသူများ အထူးသဖြင့် အောင်မြင်မှုတချို့ ရရှိထားသူများ၊ ၎င်းတို့သည် ကမ္ဘာ၏ဗဟိုချက် ဖြစ်သည်ဟု ယူဆထားကြလေသည်။ထိုသူများသည် ၎င်းတို့မှာ အကန့်အသတ်မရှိပဲ တခြားသူများနှင့် မတူညီနိုင်ဟု ထင်ကြကာ ကြီးကျယ်သော အရာများကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်သည်ဟု ယုံကြည်ကြသည်။
သို့သော် လက်တွေ့ဘ၀မှာ ရက်စက်လွန်းလှသည်။ ထိုအတွေးမျိုးရှိသူများသည် များသောအားဖြင့် ပြင်းထန်စွာ ရှုံးနိမ့်ကျဆုံးတတ် လေသည်။
"စိတ်မပူပါနဲ့၊ကွန်တော်သိပါတယ် ၊စိတ်ဝင်စားလို့ နည်းနည်း လေ့လာချင်ရုံပါ" ယီယွင် သည် ကျောက်ချင်ချန်း ပြောသည်များကို ကောင်းစွာသိသည်။ ပါးစပ်ကြမ်းသော ၀မ် ပင် ထိုသို့ တားမြစ်ခြင်းမှာ ကြင်နာသောစိတ်ဖြင့် တားမြစ်ခြင်းပင်ဖြစ်နိုင်သည်။