ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း
Vol. 13 Ch. 186
စာကြည့်တိုက်သည် တိုင်အာ နတ်မြို့တော် ၏ အရှေ့မြောက်ထောင့်တွင် တည်ရှိသည်။ ဗဟိုနတ်မျှော်စင် သို့မဟုတ် နတ်အရိုင်းမြေခန်းမ နှင့် နှိုင်းယှဉ်ပါက စာကြည့်တိုက်၏ပုံစံမှာ ပိုမို ရိုးရှင်းလှသည်။
ယီယွင် စာကြည့်တိုက်ဆီသို့ရောက်ရှိလာသောအခါ အနက်ရောင် ကျောက်တုံးများဖြင့် အဆင့်ဆင့် ဆောက်လုပ်ထားသည့် တွေ့လိုက်ရသည်။ အနက်ရောင် အဆောင်တစ်ခုစီသည် ခုနစ်လွှာဆီ မြင့်ကြသည်။
“ဒီမှာပဲ၊ အနက်ရောင်အဆောင်တွေရဲ့ အနောက်ကိုရောက်လေလေ စာအုပ်တွေက ပိုတန်ဖိုးကြီးလေပဲ၊ တချို့စာအုပ်တွေဖတ်ဖို့ ဂုဏ်မှတ်တွေတောင်လိုတယ်။ ဒါပေမယ့် အဲဒါတွေအားလုံးက ကျင့်ကြံခြင်းနည်းစနစ်လက်စွဲတွေပါပဲ။ အချက်အလက်တွေကို စုံစမ်းရုံပဲဆိုရင်တော့ မှော်နဂါးကြေးပြားတွေ အများကြီး မလိုပါဘူး”
ကျောက်ချင်ချန်း က ယီယွင် ကို တံခါးပေါက်ဆီသို့ ခေါ်သွားလေသည်။ စာကြည့်တိုက်မှူးကို မေးပြီးနောက် ယီယွင် သည် တတိယအနက်ရောင် အဆောင်သို့ လျှောက်သွားခဲ့သည်။
အနက်ရောင် အဆောင်၏ အတွင်းတွင် တန်းစီနေသော စာအုပ်စင်ဟောင်းများရှိသည်။
စင်ပေါ်၌ ရှေးခေတ်စာအုပ်များ အစုံရှိသည်။ တချို့မှာ စက္ကူ၊ တိရိစ္ဆာန်အရေခွံများနှင့် သတ္တုလွှာများဖြင့်ပင် ပြုလုပ်ထားသည်။
ရှေးဟောင်းစာအုပ်များအပြင်၊ ကျောက်စိမ်းပုရပိုက်များနှင့် ပုံမှန်စာလိပ် အမျိုးအစားများလည်း ရှိသေးသည်။ လက်ဖဝါးအရွယ်အစားရှိ ကျောက်စိမ်းပုရပိုက်တစ်ခုတွင် မှတ်သားဖွယ်ရာ အချက်အလက်များစွာ ပါရှိသည်။
မကြာခင်မှာပဲ ယီယွင်မှာ ၎င်းရှာနေသော စာအုပ်ကို တွေ့ရှိလိုက်ရသည်။
"နတ်အရိုင်းမြေစာစု" ဤသည်မှာ နတ်အရိုင်းတော၌ ရတနာများအားလုံး၏ အကြောင်းကိုဖော်ပြပေးရန်အတွက် ရည်စူးထားသော စာအုပ်ဖြစ်သည်။
စာအုပ်သည် အုတ်ခဲသဖွယ် ထူထဲလှသည်။ စာမျက်နှာတိုင်းသည် 'နတ်အရိုင်းတော' စာအုပ်နှင့် ဆင်တူသည်။ထိုစာအုပ်ထဲတွင် အချက်အလက်ပေါင်းများစွာ ပါ၀င်ပြီး ၎င်းမှာ သီးသန့်ပုံစံ ရှိသည်။စာအုပ်အတွင်းမှ စာများကိုဖတ်ရန် အတွက် စိတ်ဝိညာဉ်စွမ်းအင် လိုအပ်သည်။စာမျက်နှာတိုင်းတွင် မတူညီသော ရတနာများအကြောင်းကို ရေးသားထားသည်။
ယီယွင်သည် မာတိကာကို လှန်လိုက်လေသည်။ “နတ်အရိုင်းမြေစာစု” ထဲတွင် ပါ၀င်သော အရာများသည် လူသားပညာရှင်များ (ဝါ) လူသားအရှင်သခင်များ စိတ်ဝင်စားသည့် အရာများဖြစ်သည်။
ပျက်စီးခြင်း သားရဲများအားလုံးသည် ဘုရင်အဆင့်နှင့် အထက် သို့မဟုတ် ရှေးဦးမျိုးစိတ်များဖြစ်သည်။ မှတ်တမ်းတင် ထားသော အဆိုးဆုံးသောဆေးပင်များမှာ ကောင်းကင်အဆင့် သို့မဟုတ် ရှေးဦးဆေးပင်များဖြစ်သည်။
ယီယွင် စာများကိုဖတ်နေစဉ် တိုင်အာ နတ်မြို့တော်ကို တည်ထောင်သူက ချီမယ်ရာသားရဲကို သတ်ဖြတ်ခဲ့သော အကြောင်းကိုပါ တွေမြင်ခဲ့ရသည်။
"အိုး ချီမယ်ရာ" ယီယွင် ခဏရပ်လိုက်သည်။ ချီမယ်ရာ သည် ရှေးဦးမျိုးစိတ်များထဲတွင် အသန်မာဆုံး သားရဲတစ်မျိုးဖြစ်သည်။ ယီယွင်တွေ့ရှိခဲ့သော ရှေးဦးဆေးပင်သည် ချီမယ်ရာကဲ့သို့ သန့်စင်သော စွမ်းအင်ရှိသော်လည်း ပမာဏမှာ လွန်စွာနည်းပါးလှသည်။
ချီမယ်ရာ သားရဲသည် တောင်များကိုဖြိုခွဲ နိုင်ပြီး ပင်လယ်ကို မှောက်ပစ်နိုင် စွမ်းရည်ရှိသဖြင့် ထိုသားရဲ၏စွမ်းရည်များကို ဆေးပင်မှာ နှိုင်းယှဉ်နိုင်မည့် မဟုတ်ပေ။
ယီယွင်က ဆက်လက်၍ မှတ်တမ်းတင်ထားသည့် နတ်ဆေးပင်တိုင်း၏ အကြောင်းအရာများကို ဂရုတစိုက် ရှာဖွေဖတ်ရှုနေသည်။
သန်းခေါင်ယံမှသည် ညနက်သွားသည်အထိ စူးစမ်းလေ့လာနေခဲ့သည်။ နတ်ဆေးအပင်ပေါင်း တစ်ရာကျော်ကို နှိုင်းယှဉ်ကြည့်ပြီးနောက်တွင် ယီယွင်ကြုံတွေ့ခဲ့ရသော ရှေးဦးဆေးပင်ကို ဖြည်းဖြည်းချင်း သိရှိလာခဲ့သည်။
"ကောင်းကင်ခရမ်းရောင် ယန်ဂျင်ဆင်း၊ ဒါဟာ ဖြစ်ရမယ်။"
တိုင်အာ နတ်မြို့တော် ဆေးတောင်တန်းတွင်ရှိစဉ်က၊ ယီယွင် သည် ၎င်း၏ စွမ်းအင်ကို အသုံးပြု၍ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း၏ ပုံသဏ္ဍာန်ကို မြင်တွေ့ခဲ့ရသည်။ တုတ်ချောင်း နှင့်ဆင်တူပြီး လက်ကောက်ဝတ်ခန့်ရှိကာ တစ်ပေခန့်ရှည်သည်။ ၎င်းသည် “နတ်အရိုင်းမြေစာစု” စာအုပ်မှ ဖော်ပြချက်နှင့် အလွန်ဆင်တူသည်။
ထို့အပြင် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း သည် ကောင်းကင်အဆင့် ယွမ်ချီ စွမ်းအားကို ပုံရိပ်ယောင်များ အဖြစ်ဖန်တီးကာ ထိန်းချုပ်နိုင်သည်။ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း ကို ခူးယူသူများဟာ ပုံရိပ်ယောင်အတွင်း ထင်ယောင်ထင်မှား ဖြစ်သွားကြပြီး စိတ်ကူးနဲ့ လက်တွေ့ကို ပိုင်းခြားနိုင်တော့မည် မဟုတ်ပေ။
ထို့အပြင် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း သည် ယန်ဓာတ်ကြီးစိုးမှု မြင့်မားလှသည်။ ဆေးပင်၏ကြီးထွားမှုကို အထောက်အကူ ဖြစ်စေရန်အတွက် ယွမ်ချီဓာတ်ပါ၀င်သော အရာများကို စားသောက်ရသည်ကို နှစ်သက်လေသည်။
ယင်းကြောင့် ယန်သွေးပန်းသည် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း၏ အစားအစာ ဖြစ်နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
အချက်အလက်အားလုံးကို သုံးသပ်ပြီးနောက်တွင် ယီယွင် သည် ထိုလျှို့ဝှက်ဆန်းကြယ်သောဆေးပင်မှာ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း ဖြစ်နိုင်ကြောင်း အတည်ပြုခဲ့သည်။
ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း ၏ အလေ့အထ၊ အားနည်းချက်များ၊ ဆေးပညာနှင့် စွမ်းရည်များကို “နတ်အရိုင်းမြေစာစု” တွင် ရှင်းလင်းစွာ မှတ်တမ်းတင်ထားသည်။
ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း သည် မြေဓာတ်နတ်ဆေးပင် ဖြစ်သောကြောင့် ၎င်းဆေးပင်မှာ မြေထဲသို့ ချက်ခြင်းတိုးဝင်နိုင်ပြီး မယုံနိုင်ဖွယ် အရှိန်ဖြင့် ဥမင်လှိုဏ်ခေါင်းများသဖွယ် ပုန်းအောင်းထွက်ပြေး နိုင်လေသည်။
သို့သော် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း မှာလည်း အားနည်းချက်များ ရှိသည်။ မိုးကြိုးနှင့် မီးတို့မှာ ၎င်း၏ အားနည်ချက်များ ဖြစ်ကြသည်။
မိုးကြိုးက ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း ကို ခဏတာ ရပ်တန့်သွားစေနိုင်သည်။ထို့ပြင် မီးတောက်သည် အပင်ကို လောင်ကျွမ်းစေနိုင်သည်။
“မိုးကြိုးနဲ့ မီး…” ယီယွင် အတွေးထဲတွင် နစ်မြှပ်သွားလေသည်။ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း ကို ဖမ်းယူနိုင်စေရန်အတွက် ၎င်း၏ အားနည်းချက်များကို အသုံးပြုရပေလိမ့်မည်။
သို့သော် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း ရဲ့ အရှိန်က အလွန်လျင်မြန်လွန်းသည်။ ယီယွင်မှာ ထိုအရှိန်အား မယှဉ်နိုင်ပေ။
ယီယွင်၏ အရှိန်က မြန်ကောင်းမြန်နိုင်သော်လည်း ၎င်းနှင့် အဆင့်တူသော စစ်သည်များဖြင့်သာယှဥ်နိုင်ပေသည်။ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း နဲ့ ယှဉ်လျှင် ယီယွင်မှာ များစွာနှေးကွေးသည်မှာ သေချာလှသည်။
အကယ်၍ ယီယွင်သည် တပ်တစ်ထောင် ဓားမောက်ကို လက်ထဲတွင် ကိုင်လိုက်ရုံဖြင့် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းက အခြေအနေကို သတိပြုမိကာ ထွက်ပြေးသွားပေလိမ့်မည်။
အရှိန်...
မြန်နှုန်းကန့်သတ်ချက်တွေကို ဘယ်လိုကျော်ဖြတ် ရမလဲ။
ယီယွင် သည် အစပိုင်းတွင် ဖြေရှင်းရခက်သော ပြဿနာတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။အရှိန်ကို နေ့ချင်းညချင်း မြှင့်တင်ရန်မှာ မဖြစ်နိုင်ပေ။
ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းကို အမီလိုက်နိုင်အောင် မိမိ၏ လှုပ်ရှားမှုနည်းစနစ်များကို လေ့ကျင့်ရန်မှာ မဖြစ်နိုင်ပေ။ ထိုသို့အခြေအနေမျိုးတွင် ယီယွင် မည်သို့ဖြေရှင်းရမှန်းမသိ ဖြစ်နေလေသည်။
အတွေးများအတွင်းနစ်နေသော ယီယွင်၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။
ယီယွင်အမြန်နှုန်းမှာ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း ထက် နိမ့်နေနိုင်သော်လည်း အရေးမကြီးပေ။ယီယွင်၏ တိုက်ခိုက်မှုသည် ဆေးပင်၏ အရှိန်နှုန်းကို လိုက်နိုင်သရွေ့ အဆင်ပြေမည်ဖြစ်သည်။
သို့သော် ထိုသို့ပြုလုပ်ရန်မှာလည်း အခက်အခဲများရှိသည်။
စစ်သည်တစ်ဦးအတွက်၊ ၎င်း၏တိုက်ခိုက်မှုအရှိန်မှာ ခန္ဓာကိုယ်၏အမြန်နှုန်းထက် ပိုမြန်မှာသေချာလှသည်။
တချို့သော အရွယ်အစားကြီးမားသော မူလ သတ္တဝါများသည် နှေးကွေးသွားသော်လည်း ၎င်းတို့၏ တိုက်ခိုက်မှုအရှိန်မှာ ကြောက်စရာကောင်းသည်။ ထိုအချက်မှာ ၎င်းတို့ကို ကြောက်ရွံ့ရခြင်း အကြောင်းရင်းဖြစ်သည်။
ယီယွင်၏ တိုက်ခိုက်မှု အရှိန်ကို မြှင့်တင်ခြင်းသည် ၎င်း၏ ခန္ဓာကိုယ် အရှိန်ကို မြှင့်တင်ခြင်းထက် ပိုမိုလွယ်ကူမည်ဖြစ်သည်။
သို့သော် ယီယွင်မှာ ၎င်း၏အကောင်းဆုံးတိုက်ခိုက်မှုကို တွေးတောနေသည်။ မြှားတွေနဲ့ပဲ…
ယီယွင် သည် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း အနားသို့ ချဉ်းကပ်ရန် အခွင့်အရေးမရှိပေ။ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း အနားသို့ ယီယွင်ရောက်နိုင်သည့် အနီးစပ်ဆုံးအကွာအဝေးမှာ မီတာသုံးဆယ်ဟု ခန့်မှန်းရသည်။ ပိုနီးလာလေလေ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းက ယီယွင်ကို သတိထားမိသွားမည် ဖြစ်သည်။
မီတာသုံးဆယ်အကွာအဝေးတွင် ရှေ့သို့ အပြေးသွားခြင်းသည် ထင်သလောက်မမြန်လှပေ သို့သော် ယီယွင် မြှားတစ်စင်းကို ပစ်ခွင်းပါက အမြန်နှုန်းမှာ ပိုမိုထိရောက်မည်ဖြစ်သည်။
ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း ကို ခက်ခက်ခဲခဲ ခူးယူရန် ကြိုးစားရသော်လည်း မျှော်လင့်ချက်ရှိ နေသေးသည်။
ထိုက်ခန်း လေး ကို လေစီးမြှားဖြင့်အသုံးပြုတိုက်ခိုက်ခြင်းမှာ ယီယွင် ၏ အပြင်းထန်ဆုံးတိုက်ခိုက်မှုဖြစ်သည်။
"ထိုက်ခန်း လေး... နောက်ဆုံးတော့ ဒီလေးကို သုံးဖို့ အချိန်ရောက်ပြီ"
ထိုက်ခန်းလေး ကို ခန်း ပြည်နယ်ရှိ သီးခြားမိသားစုတစ်စုဖြစ်သော ကျန်း မိသားစုမှ ပြုလုပ်ထားသော ရတနာ လေးဖြစ်ကြောင်း ဗိုလ်ချုပ် ယန် ယခင်ကပြောခဲ့ဖူးသည်။
သီးခြားမိသားစုမျိုးရိုးဖြစ်ရခြင်းက ဘာကိုဆိုလိုသည်ကို ယီယွင် မသိပေ။ ကြီးမားသော မိသားစုမျိုးရိုးတစ်ခုဟုသာ နားလည်ထားလေသည်။ မည်မျှကြီးမားသည်နှင့် မရေရာသော နားလည်မှုတစ်ခုရှိသည်။
သို့သော် ယခု ကတုံးချင် မိတ်ဆက်ပြီးနောက်၊ သီးခြားမိသားစုမျိုးရိုးသည် ရှည်လျားသောသမိုင်းကြောင်းရှိသည်ကို ယီယွင် သိလိုက်သည်။ သူတို့သည် နယ်မြေများကို သိမ်းပိုက်ရန်အတွက် တိုင်အာ နတ်ပြည်ထောင် ကို တည်ထောင်သူ ဧကရာဇ်မင်းနှင့်အတူ လိုက်ပါခဲ့သော သာလွန်ကောင်းမွန်သော မိသားစုများပင် ဖြစ်သည်။ ၎င်းတို့သည် တိုင်အာ နတ်ပြည်ထောင်၏ တော်ဝင်မိသားစုနှင့် ရှုပ်ထွေးသောဆက်ဆံရေးရှိခဲ့ပြီး ၎င်းတို့၏အမွေအနှစ်များသည် တိုင်အာ တော်ဝင်မိသားစုထက်တော့ အားနည်းမည်မဟုတ်ပေ။
ခရမ်းရောင်အဖြိုက်နက်နံရံကို ခုနစ်ကြိမ်တိုင်တိုင် ဓားဖြင့်ထိုးခဲ့သော 'ချိုးနျို' ဟု နာမည်ပြောင်ပေးထားသော လူဟာ သီးခြားမိသားစုမှ ဆင်းသက်လာသူဖြစ်သည်။
ထိုသို့သော မိသားစုမျိုးရိုးမှ ပြုလုပ်ထားသော လေးသည် ထင်ရှားပြီး ထူးခြားလှသည်။
တပ်တစ်ထောင် ဓားမောက် နှင့် ထိုက်ခန်းလေး တို့ကို လက်ခံရရှိပြီးနောက်တွင် ယီယွင်သည် တပ်တစ်ထောင် ဓားမောက်ကို အဓိကအသုံးပြုခဲ့သည်။ နောက်ဆုံးတွင်၊ အခြားစစ်သည်များနှင့် တိုက်ခိုက်ရာတွင် အနီးကပ် လက်နက်များကို အသုံးပြုခဲ့သည်။ လေးကို စစ်လက်နက်အဖြစ်သာ အဓိကအသုံးပြုခဲ့သည်။
ယနေ့အချိန်အထိ ယီယွင် သည် ထိုက်ခန်း လေး ကို အကြိမ်အနည်းငယ်သာ ကြိုးစား အသုံးပြုခဲ့ဖူးသည်။ ယီယွင်တွင် အလွန်ကောင်းမွန်သော လေးပစ်စွမ်းရည်မရှိသော်လည်း၊ ၎င်းကဲ့သို့ စစ်သည်တော်အတွက် စိတ်ဝိညာဉ်ရေးစွမ်းအင်၊ အမြင်အာရုံ သို့မဟုတ် ကြွက်သားများကို ထိန်းချုပ်နိုင်စေသည့်အတွက် ၎င်းတို့သည် သာမန်လူများထက်တော် သာလွန်စွာ အသုံးပြုနိုင်ပေသည်။ ပေ ရာချီဝေးသော ပစ်မှတ်ကို ထိရောက်အောင် အလွယ်တကူပစ်ခတ်နိုင်ပေသည်။ ထို့အပြင် ယီယွင် နှင့် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းမှာလည်း မီတာသုံးဆယ်သာ ကွာဝေးသည်။
မီတာသုံးဆယ်အကွာအဝေးဆိုပါက ယီယွင် သည် မိုးမခသစ်ရွက်ကိုပင် လေစီးမြှားဖြင့် ထိမှန်အောင်ပစ်ခတ်နိုင်ပေသည်။
"လေး ကိုသုံးရမယ်" ယီယွင် ၏ မျက်လုံးများ တောက်ပလာသည်။ ရှေးဦးဆေးဖက်ဝင်အပင်ကို ဖမ်းဖို့ စိတ်ကူးဖြင့်ပင် ၎င်း၏သွေးများမှာ ဆူပွက်လာလေသည်။