← Chapters

မြားပစ်စွမ်းရည်

Vol. 13 Ch. 187

မြားပစ်စွမ်းရည်

Vol. 13 Ch. 187

တိုင်အာ နတ်မြို့တော်တွင် လေးပစ်လေ့ကျင့်‌‌ရေးကွင်း တစ်ခုတည်ရှိ လေသည်။

ယီယွင် ထိုနေရာသို့ ရောက်ရှိသောအခါတွင် လူအနည်းငယ်သာ ရှိသည်ကို တွေ့ရှိရသည်။

လေ့ကျင့်ရေးကွင်းသည် စတုဂံပုံစံဖြစ်ကာ အကျယ် ၃၀၀ မီတာ နှင့် အကွာအဝေးအရှည်မှာ မီတာ ၃၀၀၀ ခန့် ရှိသည်။ ရှည်လျားသောအစွန်းတစ်ဖက်တွင် လေးပစ်သမားများရှိကြပြီး ကျန်တစ်ဖက်တွင် ပစ်မှတ်များရှိကြသည်။ ထိုပစ်မှတ်များသည် ခရမ်းရောင်အဖြိုက်နက်ဖြင့်ပြုလုပ်ထားပြီး ယီယွင် သည် ယခင်ကကြုံတွေ့ခဲ့ရသော ခရမ်းရောင်အဖြိုက်နက်နံရံနှင့် ဆင်တူလှသည်။

ခရမ်းရောင်အဖြိုက်နက်သည် အလွန်မာကြောသော ဒြပ်စင်တမျိုးအဖြစ် ယီယွင် စိတ်ထဲတွင် စွဲထင်နေလေသည်။

တိုင်အာ နတ်မြို့တော် ၏ လေ့ကျင့်ရေးကွင်းထဲတွင်၊ ပစ်မှတ်များ တန်းစီလျက် ရှိသည်။ပစ်မှတ်များ၏ အပါးဆုံးပစ်မှတ်သည် ပေဝက်ခန့် အထူ ရှိသည်။ အထူဆုံး ပစ်မှတ်များမှာ ခြောက်ပေခန့် အထူရှိကာ တပ်တစ်ထောင် ဓားမောက်နီးပါးခန့် ရှည်လေသည်။

အထူဆုံးပစ်မှတ်ကို ရှေးဦးမြားပစ်ခတ်ရန်မှာ ယီယွင် ခရမ်းရောင်အဖြိုက်နက်နံရံအား ဖောက်ထွင်းရန်ကြိုးစားတုန်းကထက်ပင် ရယ်ချင်စဖွယ်ကောင်း‌ နေပေလိမ့်မည်။

ထိုပစ်မှတ်များအား တုန့်လှုပ်ဖွယ်ကောင်းလောက်အောင် ထူထဲလှသော မဟူရာသံဘောင်များဖြင့် မြေပြင်ပေါ်တွင် ခိုင်ခံ့စွာ ပြုလုပ်ထားလေသည်။

ယီယွင် သည် ပစ်မှတ်များကို မျက်မြင်‌‌ တွေ့ရှိလိုက်ရသောအခါတွင် ပတ်၀န်းကျင်မှ လေအေးများကိုပင် ခံစားလိုက်ရသည်။

ပစ်မှတ်၏ အလယ်ဗဟို၌ မြားများစွာစိုက်၀င်နေလျှက်ရှိသည်။ မြားတစ်စင်းစီသည် အတွင်းပိုင်းတစ်လျှောက်လုံး ထိုးဖောက် ဝင်ရောက်လျှက် မြားတောင်အစွန်းလေးသာ ကျန်နေသဖြင့် နံရံတွင် ရိုက်ထားသော သံချောင်းသဖွယ်ဖြစ်နေလေသည်။

ဤမြားများသည် ပစ်ကွင်းရှိ စံမီမြားများဖြစ်သည်။ ထိုမြားတံအား ရှည်လျားလှသော လေးများဖြင့်သာ တွဲဖက်အသုံးပြုသည်။ မြားအရှည်မှာလေးပေ နှစ်လက်မခန့်ရှိသည်။

ခရမ်းရောင် အဖြိုက်နက်နံရံအတွင်းသို့ လေးပေနှစ်လက်မအရှည်ရှိသော မြား တစ်ချောင်လုံးစိုက်၀င်ရန် အားမည်မျှအသုံးပြုရမည်‌လော့။

ထို့အပြင်၊ ယီယွင် သည် မြားတချို့မှာ ပစ်မှတ်မှတဆင့် အပြည့်အ၀ ထိုးဖောက်၀င်ရောက်သွားက အခြားတစ်ဖက်မှ မြားခေါင်းထွက်ပေါ် လာသည်ကိုပင် သတိပြုမိသည်။

ယီယွင် လန့်ဖြန့်သွား‌လေသည် ။ လွန်ခဲ့သော ဆယ်ရက်နီးပါးက ယီယွင်သည် ခရမ်းရောင်အဖြိုက်နက် နံရံအား ရှေးဦးမြားဖြင့် ပစ်ခွင်းခဲ့ဖူးကာ မြားမှာ တစ်ပေခန့်မျှ ကွေ့ကောက်စွာစိုက်၀င် သွားစေခဲ့သည်။ မြားမှာ ပစ်မှတ်အား တည့်မတ်စွာ စိုက်၀င်ခြင်း‌ပေ မရှိ‌ချေ။

ထို့အပြင် ထိုမြားများကို ပစ်ခွင်သူများမှာ ပေါ့ပါးလှသောမြားတွေကို အသုံးပြုနေကြသော်လည်း ပစ်ချက်များမှာ နက်နက်နဲနဲ ထိုးဖောက်ဝင်ရောက်နိုင်ဆဲပင်။၎င်းတို့၏ အစွမ်းမှာ တကယ်ကို အံ့မခန်းပင်။

ယီယွင် သိမ်ငယ်သလိုခံစားလိုက်ရလေသည် ။ "အစ်ကို၊ ဒီပစ်မှတ်ကို ဘယ်သူက ပစ်တာလဲ" ယီယွင် က သူ့ဘေးနားရှိ ကျင့်ကြံခြင်းစစ်သည် တစ်ဦးအားမေး လိုက်လေသည်။

"အိုး... ဒီမြားတွေကို ကောင်းကင်အဆင့် တတိယနေရာမှာ ရှိနေတဲ့ လီရှောင်း က ပစ်လိုက်တာလေ"

"ကောင်းကင်အဆင့် တတိယနေရာက လီရှောင်း"

ယီယွင် ၎င်းနာမည်အား မှတ်မိသည်။၎င်းသည် ကောင်းကင်၊ မြေကြီးနှင့် လူသားအဆင့်များတွင်ရှိသော ထိပ်တန်းအဆင့်ရှိသူများအားလုံးကို မှတ်သားထားလေသည်။

နတ်အရိုင်းတော၌၊ ပျက်စီးခြင်းနယ်မြေကျယ်ကြီး ရှိသည်။ ပျက်စီးခြင်း နယ်မြေကျယ်များတွင် အင်အားကြီးသော ပျက်စီးခြင်းသားရဲများ ခိုအောင်းနေကြသည်။

လက်ရွေးစင်အဆင့် ပျက်စီးခြင်း သားရဲများ၊ ဗိုလ်ချုပ်အဆင့် သားရဲများ သာမက ဘုရင်အဆင့် ပျက်စီးခြင်းသားရဲများပင် အများအပြားရှိခဲ့သည်။

ရှေးဦးမျိုးစိတ်များမှာမူ နတ်အရိုင်းတော၌ နက်ရှိုင်းလှသော တောတွင်း အတွင်းပိုင်းဒေသများ တွင်သာကျက်စားကြလေသည်။

တိုင်အာ နတ်မြို့တော် မှ အပြင်းထန်ဆုံး ကျင့်ကြံသူများသည် လေ့ကျင့်ဖော်ပြုလုပ်ပေးခြင်း သို့မဟုတ် ပန်းပဲထုခြင်းကဲ့သို့ ထူးဆန်းသောအလုပ်များကို မလုပ်ကြ‌ပေ။ ၎င်းတို့အတွက် မှော်နဂါးကြေးပြားရရန် နည်းလမ်းနှစ်သွယ်ရှိသည်။

ပထမနည်းလမ်းမှာ အခြားသူများနှင့် ရောင်းဝယ်ခြင်း နှင့် သိုင်းပြိုင်ပွဲများတွင် လောင်းကစားခြင်းတို့ ပါ၀င်သည်။

ထိုကျင့်ကြံသူများသည် အထူးသဖြင့် ပျက်စီးခြင်း ကောင်းကင်သခင်များ၊ ပန်းပဲဆရာများ သို့မဟုတ် ဆေးဖက်ပညာရှင်များဖြစ်သည်။ ၎င်းတို့သည် ပစ္စည်းများဝယ်ယူပြီးနောက် မှော်နဂါးကြေးပြားဖြင့် လဲလှယ်ရန်အတွက် အမတေများ၊ ဆေးရည် သို့မဟုတ် အံ့သြဖွယ်လက်နက်များကို ဖန်တီးနိုင်သည်။

ထိုသို့အရည်အချင်းမရှိသူများ၊ တိုက်ခိုက်နည်းစနစ်များကိုသာ သိသူများအတွက်၊ ၎င်းတို့၏ အဓိက မှော်နဂါးကြေးပြားရရှိနိုင်သည့် နည်းမှာ ပျက်စီးခြင်း သားရဲများအား အမဲလိုက်ခြင်းဖြစ်သည်။

ပျက်စီးခြင်း သားရဲတစ်ကောင်အား သုတ်သင်ပြီးနောက်၊ ထိုပျက်စီးခြင်း သားရဲ၏အရိုးများ၊ အသားများ၊ အရွတ်များနှင့် ဦးချိုအမျိုးမျိုးတို့ကို တိုင်အာ နတ်မြို့တော် သို့လွဲအပ်ပေးပါကာ တိုင်အာ နတ်မြို့တော် သည် မှော်နဂါးကြေးပြားဖြင့် ညီမျှသောလျော်ကြေးငွေကို ပြန်ပေးမည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ ကျင့်ကြံသူများ၏ သုတ်သင်ခံရသော ပျက်စီးခြင်းသားရဲ အမျိုးအစားနှင့် အရေအတွက်ပေါ်မူတည်၍ ၎င်းတို့၏အဆင့်များ ဖြစ်ပေါ်လာမည်ဖြစ်ကာ ၎င်းအဆင့်မှာ ကောင်းကင်ဂုဏ်အဆင့်ဖြစ်သည်။

တိုင်အာ နတ်မြို့တော်ရှိ အဆင့်သုံးဆင့်မှာ- လူသားအဆင့်စာရင်း သည် ကျင့်ကြံသူများ ရရှိသည့် မှော်နဂါးကြေးပြားအသုံးပြုမှု စုစုပေါင်းပမာဏအပေါ် အခြေခံ၍ အဆင့်သတ်မှတ်ထားခြင်းဖြစ်သည်။ မြေအဆင့်စာရင်းသည် ပြိုင်ကွင်း အဆင့်သတ်မှတ်ချက်များအပေါ် အခြေခံသည်။ သို့သော် "ကောင်းကင်၊ မြေကြီး နှင့် လူ"ဟု အစဉ်လိုက်စီထားပုံမှာ ကောင်းကင်အဆင့်စာရင်းသည် ပျက်စီးခြင်း သားရဲများကိုအမဲလိုက်ခြင်းဖြစ်သည်။ အခြားအဆင့်နှစ်ခုထက် သာလွန်အဆင့်မြင့်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

မှော်နဂါးကြေးပြားအဆင့်သည် ချမ်းသာခြင်း၏ သင်္ကေတတစ်ခုဖြစ်သည်။ အရင်းအမြစ်များ ကြွယ်ဝခြင်းသည် စစ်သည်တော်များ၏ ကျင့်ကြံမှုအတွက် အရေးအကြီးဆုံးဖြစ်သော်လည်း တိုင်အာနတ်ပြည်ထောင် တွင် စစ်သည်တော်များစွာသည် ၎င်းတို့၏ မိသားစု မျိုးနွယ်စုများ သို့မဟုတ် ဂိုဏ်းခွဲများက ရွေးချယ်ခံရသူတို့အား ပံ့ပိုးပေးကြသည်။ အ‌ရွေးချယ်ခံတို့မှာ လုံလောက်သော အရည်အချင်းများ ရှိနေသရွေ့ အရင်းအမြစ်များကို ပံ့ပိုးပေးကြပေလိမ့်မည်။

မိမိကိုယ်တိုင် အရင်းအမြစ်များ ရှာ‌ဖွေစုဆောင်းနိုင်ရန်မှာ အများအားဖြင့် ပညာရှင်(ဝါ)ကဝိ နယ်ပယ်သို့ ဝင်ရောက်ပြီး နောက်ပိုင်းမှသာ ဖြစ်ပွားလေ့ရှိသည်။

အကျိုးဆက်အနေဖြင့်၊ စစ်သည်တစ်ဦး၏ ချမ်းသာကြွယ်ဝမှုကို ကိုယ်စားပြုသော မှော်နဂါးကြေးပြား အဆင့်သတ်မှတ်ချက်သည် တတိယနေရာတွင် စာရင်းဝင်ခဲ့သည်။

ပြိုင်ကွင်း အဆင့်သတ်မှတ်ချက်တွင် တခြားစစ်သည်များနှင့် ယှဥ်ပြိုင်‌သော တိုက်ပွဲများသာသက်ရောက်ပေသည်။ သို့သော် တိုင်အာနတ်ပြည်ထောင် သည် လူသားများအပေါ် အဓိကခြိမ်းခြောက်မှုမှာ ပျက်စီးခြင်း သားရဲများမှ လာသည်ဟု ယုံကြည်သည်။

ပျက်စီးခြင်း သားရဲတို့သည် တော၏ကြီးမား‌နယ်ပယ်ကို သိမ်းပိုက်ထားကြသည်။ ထိုကြောင့် ကျတ်တီးမြေထဲတွင် လူများ ရှာမတွေ့သေးသော အဆုံးမရှိသောပမာဏဖြင့်ရတနာများမှာ အတောမသတ်နိုင်အောင် များပြားစွာ ကျန်ရှိနေပေသည်။

ထို့ကြောင့်၊ နတ်အရိုင်းမြို့‌တော်သည် စစ်သည်များကြားတွင် သတ်ဖြတ်ခြင်းကို မအားပေးကြပေ၊ သို့သော် ပျက်စီးခြင်း သားရဲများအား သတ်ဖြတ်ခြင်းကို ခွင့်ပြုပေးထားသည်။

ထို့ကြောင့်၊ ပျက်စီးခြင်း သားရဲ အမဲလိုက်ခြင်းအတွက် ကောင်းကင်အဆင့်ကို ပေးအပ်ခဲ့ပြီး ရရှိနိုင်သောဆုလာဘ်များ မှာလည်း မြင့်မားလှ‌ပေသည်။

" ဟား ဟား၊ မင်းဒီမှာ လူသစ်ဖြစ်ရမယ်။ မင်း အနောက်မှာ‌ လေးတစ်ချောင်း လွယ်ထားတာ ငါမြင်တယ်၊ အိုး... အကောင်းဆုံးလေးမလား၊ ကျန်း မိသားစုက လုပ်ထားတာ" ယီယွင် သည် သည် စစ်သားတစ်ဦးကို ပေါ့ပေါ့ပါးပါး စကားစမြည်ပြောမိသော်လည်း၊ ထိုသူသည် အကဲဖြတ်မှုစွမ်းရည်အလွန်ကောင်းပြီး ယီယွင် လေး၏ အရည်အသွေးကို တစ်ချက်ချင်း ပြောပြနိုင်‌လေသည်။

"ကောင်းကောင်းလေ့ကျင့်ပါ။ မင်းရဲ့လေးနဲ့မြားကို ကောင်းကောင်းလေ့ကျင့်ရင် ကောင်းကင် အဆင့်မှာ အကျိုးကျေးဇူးကောင်းတွေ ရလိမ့်မယ်၊ စီနီယာ လီရှောင်းရဲ့ လေးပစ်စွမ်းရည်က အရမ်းကောင်းတာ၊ လီရှောင်း တစ်လက်မလောက်ထူတဲ့ သံချပ်ကာကြံ့ကို မြားတစ်ချောင်းတည်းနဲ့ စုတ်ပြတ်သွားအောင် ပစ်ခွင်းတာကို ငါ့မျက်စိနဲ့ တပ်အပ် မြင်ဖူးတယ်"

ထိုကျင့်ကြံသူက အသက်ဆယ့်ငါးနှစ်ခန့်ရှိပြီ ဖြစ်သည်။ ၎င်းက သူမြင်တွေ့ရသော မြင်ကွင်းအား စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် အားရပါးရ ရှင်းပြနေလေသည်။၎င်း‌ကြောင့် ယီယွင်၏ စိတ်ခံစားချက်များမှာ လှိုင်တံပိုးကဲ့သို့ တဟုန်ထိုးရိုက်ခတ်‌ နေလျှက်ရှိသည်။

သံချပ်ကာ ကြံ့တစ်ကောင်သည် ၎င်း၏ ခုခံနိုင်စွမ်းကြောင့် ပျက်စီးခြင်း သားရဲများကြားတွင် ကျော်ကြားသည်။လီရှောင်း သည် မြားတစ်စင်းဖြင့် သတ်ပစ်ရုံသာမက အပိုင်းပိုင်းပါ ဖြတ်ပစ် နိုင်လေသည်။၎င်း၏ လေးပစ်စွမ်းရည်မှာ ကြောက်စရာကောင်းလှသည်။

မြားပစ်ရာတွင် စစ်သည်တစ်ဦး၏ တိကျမှုသည် အရေးကြီးဆုံးမဟုတ်ပေ။ စစ်သည်တော်၏ အမြင်အာရုံနှင့် ဉာဏ်စွမ်းပကားဖြင့် မြားကို တိကျစွာပစ်ရန် မခက်ခဲပေ။

ခက်ခဲသောအပိုင်းမှာ လေးနှင့်မြား အတွင်းသို့ ယွမ်ချီနှင့် ခွန်အားများ‌ ပေါင်းစပ် ထိုးသွင်းခြင်းဖြစ်သည်။

အမှန်တကယ်ကြောက်စရာကောင်းသော လေးပစ်သမားများသည် ခြေလှမ်းတစ်ရာအကွာအ‌ဝေးရှိ မိုးမခသစ်ရွက်ကို မြားနှင့် ပစ်ခွင်းခြင်းမျိုးထက် ခြေလှမ်းတစ်ရာအကွာအဝေးမှ တောင်ကုန်းလေးအား ဖြိုခွင်းခြင်းမျိုးကိုသာ ပြုလုပ်ကြပေသည်။

တကယ်တမ်း ကောင်းမွန်‌သော လေးပစ်သူများသည် များသောအားဖြင့် အလွန်သန်မာသော သူရဲကောင်းများဖြစ်သည်။ ၎င်းတို့၏ အဓိကလက်နက်များမှာ လေးများမဟုတ်သော်လည်း ဓားရှည်၊ ဓား‌မောက်၊ လှံ၊ စသည်တို့ဖြစ်သည်။ လေးများသည် ၎င်းတို့၏လက်နက်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းတို့၏ ပြင်းထန်သော တိုက်ခိုက်မှုများသည် အညီအမျှ ပြင်းထန်ကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်များသည် ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ပြည့်နှက်နေလေသည်။

လီရှောင်း သည် မြေအဆင့်တွင် ထိပ်တန်းဆယ်ဦးစာရင်းတွင် ပါဝင်ကြောင်း ယီယွင် က သိထားသည်။

ရှေးဒဏ္ဍာရီများတွင် နေကိုပစ်ချခဲ့သည့် ဟော်ယီ ၏ဒဏ္ဍာရီရှိခဲ့သည်။ တိုင်အာနတ်ပြည်ထောင်၏ အုတ်မြစ်ဖြစ်သော ရတနာ လေးကို ကြယ်ခွင်း လေးဟု အမည်ပေးခဲ့သည်။

တစ်စုံတစ်ယောက်၏ လေးပစ်စွမ်းရည်သည် နတ်အဆင့်သို့ ရောက်သောအခါ၊ ကြယ်များနှင့် နေတို့ကို ပစ်ချနိုင်သည်။ ၎င်းတို့မှာ လေးနှင့်မြား၏တန်ခိုးကို ချဲ့ကားသရုပ်ဖော်ထားခြင်းမျိုးသာ ဖြစ်သည်။

လက်ရှိ ယီယွင် အတွက်၊ လေးနှင့်မြားသည် ပျက်စီးခြင်းသားရဲများကို တိုက်ခိုက်ရန် ယီယွင်အတွက် ကြီးမားသောအားသာချက်တစ်ခုဖြစ်သည်။ လေးနှင့်မြားများ၏ အမဲလိုက်ခြင်းအရှိန်သည် အနီးကပ်လက်နက်များ မယှဉ်နိုင်သော အရာတစ်ခုဖြစ်သည်။

လီရှောင်း ၏ မြားကိုမြင်တော့ ယီယွင် က ဘာမှ‌မပြောနိုင်တော့ပဲ၊ လေ့ကျင့်လေသည်။

တစ်နှစ်မပြည့်ခင်မှာပဲ ယီယွင် ဟာ ကောင်းကင် နှင့် မြေကြီးအဆင့်တွင် နေရာတစ်နေရာရရှိရန်အတွက် ၎င်း၏ ‌ဓားနှင့်လေးကို အသုံးပြုချင်ခဲ့သည်။

တစ်နှစ်အတွင်း ထိပ်တန်း ၁၀၀၀ သို့ ဝင်ရောက်နိုင်ခြင်းမှာ ထိုသူသည် လူသားများကြားတွင် အထွတ်အထိပ်များထဲမှ တစ်ဦးဖြစ်သည်။ထို ထိပ်တန်းအတွင်းသို့ ၀င်ရောက်ပါက နတ်အရိုင်းမြို့တော်၏ ဂိုဏ်းကွဲအမျိုးမျိုး၏ အာရုံစိုက်မှုကို ရရှိမည်ဖြစ်သည်။ သို့သော် ယီယွင် ၏ ရည်မှန်းချက်မှာ ထိုထက်ပို၍ ကျော်လွန်လေသည်။

တိုင်အာဆေးတောင်တန်းသည် အတောမသတ်နိုင်အောင် ကျယ်ပြန့်လှသည်။ ရှာမတွေ့သေးသော ရတနာများစွာနှင့်အတူ တောင်တန်းတခွင်လုံးတွင် မရေမတွက်နိုင်အောင် များပြားလှသော အံ့ဖွယ်များဖြင့် ပြည့်နှက်နေလေသည်။

ထိုအချိန်တွင် ကောင်းကင်ယံမှ နေရောင်မှာ ထိန်လင်းနေလျှက်ရှိသည်။ လီနင်အထည်ကို ၀တ်ဆင်ထားသော လူငယ်တစ်ဦးသည် ကျားသစ်ကဲ့သို့ သွက်လက်‌ပေါ့ပါးစွာ တောင်တန်းများကြားတွင် ဖြတ်သန်းသွားလာ နေသည်။

လူငယ်၏ပခုံးထက်တွင် အနက်ရောင်လေးရှည်တစ်ချောင်းနဲ့ မြားကျည်တောက်တစ်ခုကို လွယ်ထားလေသည်။ မြားကျည်တောက်မှာ အရွယ်ရောက်ပြီးသူတစ်ဦး ခါးအရွယ်အစားခန့်ရှိပြီး ၎င်းထဲတွင် တောက်ပနေသောမြားများပါရှိသည်။

လူငယ်ထံတွင် အထုပ်အပိုးများစွာဖြင့် မတ်စောက်သော တောင်တန်းများနှင့် ထူထပ်လှသော သစ်ပင်ခြုံနွယ်များကြား ဖြတ်သန်းသွားလျှက် ရှိသည်။

"ပင်း ပင်း"

လူငယ်၏ ခြေလှမ်းများသည် အားပါလှသည်။ ​မြေပြင်​​ပေါ်ရှိ ​ခြေချလိုက်​​သည်​နှင် ​တန်ချိန်ပေါင်းပါစွာ လေးလံသော တူဖြင့် ထုနှက်သကဲ့သို့ မြည်ဟီးသွားလေသည်။ခြေချမိသမျှအရာတိုင်းမှာ ကြေမွပေါက်ကွဲ သွားပေလိမ့်မည် ဖြစ်သည်။

ရုတ်တရက် လူငယ်က ချွန်ထက်သောဓားရှည်ကြီးကို ဆွဲထုတ်ကာဝှေ့ယမ်းလိုက်လေသည်။ ကြီးမားလှသော သစ်ပင်ကြီး သုံးပင်မှာ မြက်ပင်ကဲ့သို့ ပြတ်ထွက်သွားလေသည်။ ခုတ်ချက်များမှာ တိကျပြတ်သားလှသည်။အပင်၏ ပြတ်သွားသည့်နေရာများမှာလည်း အတိအကျပင်ဖြစ်သည်။

လူငယ်မှာ ပင်စည်တစ်တုံးကို ကောက်ကိုင်လိုက်ကာ မြေကြီးပေါ်တွင် ခြေစုံရပ်လျှက် အားကုန်လွှဲ လွှင့်ပစ်လိုက်လေသည်။

“ဝူး”

လေခွဲသံနှင့်အတူ ကြီးမားလှသောသစ်ပင်၏ပင်စည်သည် ဥက္ကာပျံတစ်ခုကဲ့သို့ ကောင်းကင်ထံသို့ လွင့်ပျံသွားလေသည်။

ထို့နောက် ကျန်ရှိသော ပင်စည်များကိုလည်း ထိုနည်းအတိုင်းပင် ပြုလုပ်လိုက်လေသည်။

"ဝူး ဝူး ဝူး"

သစ်ပင်သုံးပင်တို့သည် ကောင်းကင်ပေါ်သို့ပျံတက်သွားလေသည်။ ယီယွင် က ခုန်လိုက်ကာ ထိုက်အန်း လေးကို လက်နှင့် ကိုင်လိုက်ပြီး လေးကြိုးကို ဆွဲလိုက်လေသည်။

“ပင်း ပင်း ပင်း”

ဧရာမစပါးအုံးပျက်စီးခြင်း သားရဲ၏နံရိုးဖြင့်ပြုလုပ်ထားသည့် လေးကြိုးသည် သုံးကြိမ်တိုင်တုန်ခါသွား လေသည်။ ယီယွင် သည် မြားသုံးချောင်းကို ဆက်တိုက် ပစ်ခွင်းလိုက်လေသည်။

မြားသုံးစင်းသည် ချက်ချင်း ပေါက်ကွဲသံကဲ့သို့ အသံများ မြည်ဟီးသွား‌ လေသည်။ ထိုမြားများသည် လေထုအတွင်း၌ မြင်နိုင်သော လှိုင်းတံပိုးများကို ဖြစ်ပေါ်စေပြီး ၎င်းတို့အနီးတစ်ဝိုက်တွင် မြူဆိုင်းသော အခိုးအငွေ့များ ဖန်တီးလိုက်သည်။

ဤလေးများသည် အသံထက်မြန်နှုန်းဖြင့် ပျံသန်းကာ အသံပေါက်ကွဲမှုများ ဖြစ်ပေါ်လာစေသည်။ယီယွင်၏ ခန္ဓာကိုယ်သည် အသံထက်မြန်‌သောနှုန်းသို့ မရောက်ရှိသေးသော်လည်း အသံထက်မြန်သော မြားများကို လွယ်ကူစွာ ပစ်လွှတ်နိုင်‌လေသည်။

မြားသုံးစင်းသည် သစ်ပင်သုံးပင်နောက်သို့ လိုက်သွား‌လေသည်။

"ပင်း ပင်း ပင်း"

သုံးကြိမ်ဆက်တိုက် မြည်ဟီးသံများနှင့်အတူ ကောင်းကင်ထက်သို့ ဝေးကွာစွာ ပျံသန်းသွားသော သစ်ပင်များ၏ ပင်စည်များကို မြားသုံးစင်းဖြင့် ထိုးဖောက် ပွင့်ထွက်သွားကာ မရေမတွက်နိုင်သော သစ်သားအပိုင်းအစများနှင့်အတူ သစ်ရွက်များကို လွင့်စင်ပျံကျဲသွား‌‌ လေသည်။

ယီယွင် သည် ထိုသို့ရင်သပ်ရှု‌မောဖွယ် မြင်ကွင်းကိုမြင်တွေ့လိုက်ရ လေသည်။

ယီယွင် သည် လေးနှင့် ဆယ်ရက်ကြာ လေ့ကျင့်နေခဲ့သည်။

ဆယ်ရက်အတွင်း ယီယွင် သည် မရေမတွက်နိုင်လောက်ကို လေးကို အကြိမ်ပေါင်းများစွာ ဆွဲတင်ခဲ့ပြီး လက်ချောင်းများမှာ သွေးများဖြင့်ပင် ဖုံးလွှမ်းနေလေသည်။

ယနေ့တွင်တော့ ယီယွင် ၏မြားပစ်စွမ်းရည်သည် စီနီယာ ကျင့်ကြံသူများနှင့် မယှဉ်နိုင်သော်လည်း ယီယွင်နှင့်ယှဉ်ပြိုင်နိုင်သော လူသစ်များမှာ အလွန်နည်းပါးလှသည်။

"နောက်လေးရက်၊ ငါးရက်လောက်မှာ၊ ငါနောက်ဆုံး ပြင်ဆင်မှုတွေလုပ်ပြီးရင် အဲဒီ‌ဆေးပင်ကို ဖမ်းဖို့အချိန်ကျလိမ့်မယ်။"

ယီယွင် သည် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း ကိုဖမ်းရန် ပြီးပြည့်စုံသော အကြံအစည်တစ်ခု ပေါ်လာခဲ့သည်။ ထိုအကြံစည် တစ်ချက်တည်းဖြင့်သာ အောင်မြင်အောင်ပြုလုပ်ရမည် ဖြစ်သည်။

All Chapters