← Chapters

လက်ထဲက ရှေးဦးဆေးပင်

Vol. 13 Ch. 192

လက်ထဲက ရှေးဦးဆေးပင်

Vol. 13 Ch. 192

ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း သည် ပုန်းအောင်းရာတွင် အလွန်ကျွမ်းကျင်လှသည်။ ထိပ်တန်းလူသားပညာရှင်တစ်ဦးသည် ၎င်းတို့ရှေ့တွင်ရပ်နေလျှင်ပင် ဆေးပင်၏သဲလွန်စများကို ရှာတွေ့ရန် ခက်ခဲ‌ပေလိမ့်မည်။ ထို့ကြောင့် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း သည် ယခုဖြစ်ပျက်နေသည့်အရာကို ယုံကြည်ရန်ခက်ခဲနေလေသည်။

အလွန်အဆင့်နိမ့်သော ကျင့်ကြံမှုအဆင့်ရှိသော ကောင်လေးတစ်ဦးသည် မိမိ၏တည်ရှိမှုကို ရှာဖွေတွေ့ရှိရုံသာမက၊ မိမိဆီသို့ ဤမျှထိတ်လန့်ဖွယ်ကောင်းသော ထိုးနှက်ချက်ဖြင့် တိုက်ခိုက်နေလေပြီ။

ယင်လပြည့်ညကို ဂရုတစိုက်ရွေးချယ်ကာ စီရင်ထားသော အစီအရင်ပြားများကို ကျပန်းချထားပုံရပြီး နောက်ဆုံးတွင် မိမိ၏လမ်းကြောင်းကို ခန့်မှန်းသိရှိနိုင်ခြင်းသည် လူငယ်မှာ အရာအားလုံးကို တွက်ချက်ခဲ့သည်ဟု ဆိုလိုခြင်းဖြစ်သည်။ထိုလူငယ်က ယန်သွေးပန်းကို ပထမဆုံးအကြိမ် ရှာတွေ့ချိန်တွင် မိမိ၏ တည်ရှိမှုကို သတိပြုမိပြီးဖြစ်သည်။ ထိုပြီးပြည့်စုံသော အစီအရင်မျိုးကို ပြုလုပ်ရန်အတွက် လဝက်ခန့်ကြာအောင် တမင်စီစဉ်ထားတာလား။

ကြောက်စရာကောင်းတဲ့ လူငယ်…

ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း သည် နောက်ထပ်တွေးတောရန် အချိန်မရှိပေ။ ယီယွင် ပစ်ခတ်လိုက်သော လေစီးမြားသည် ၎င်းနှင့် တစ်ပေခန့်သာ ကွာတော့သည်။ရှောင်ရန် အချိန်မကျန်တော့ပေ။

ထိုမြားမှာ ယီယွင် ယခင်ကပစ်သောမြားထက် သုံးဆ ပိုမြန်လေသည်။

ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း ၏ သတိထားမိခြင်းကို လျော့ချရန် အားနည်းဟန်ဆောင်ကာ ယီယွင် ၏ လေးပစ်စွမ်းရည်မှာ သာမန်အဆင့်သာရှိသည်ဟု ၎င်းကို ထင်မှတ်စေခဲ့သည်။ ထိုသို့ဖြင့် ယီယွင်သည် တစ်ချက်တည်းဖြင့် အဆုံးစီရင်နိုင်သော မြားကို ပစ်ခတ်နိုင်ခဲ့သည်။

ဤသို့အသေးစိတ်အချက်ကိုပင် ယီယွင် က ချန်လှပ်ထားခြင်းမရှိပေ။ ယီယွင် ၏ ရှေးဦးဆေးပင်အား ဖမ်းယူရန် အစီအစဉ်သည် ပြီးပြည့်စုံလှပေသည်။

စက္ကန့်ပိုင်းလေးအတွင်းမှာပဲ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း က သူ့၏ သန့်စင်သော ယန် စွမ်းအင်အားလုံးကို ပုံဖော်ပြီး အမြင့်ဆုံးအထိ တွန်းပို့လိုက်သည်။ ၎င်း၏စိတ်ဝိညာဉ်စွမ်းအင်ဆုံးရှုံးသွားသည့်တိုင် မြားကိုတွန်းလှန်ရန် စီစဉ်နေခြင်းဖြစ်သည်။

အလယ်အလတ်အဆင့် ခရမ်းရောင်သွေးစစ်သည်တစ်ဦးတွင် တိုက်ခိုက်မှုစွမ်းအားအကန့်အသတ်ရှိသည်။ ပုံမှန်အားဖြင့်၊ ထိုသို့သောတိုက်ခိုက်မှုသည် ၎င်း၏ ယွမ်ချီစွမ်းအင် ကာကွယ်ရေးကို အန္တရာယ်ပြုမည်မဟုတ်ပေ။

သို့သော် ၎င်း၏ သန့်စင်သော ယန်ချီကို ပုံဖော်ရန် ကြိုးစားသောအခါတွင် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းက ၎င်း၏ သန့်စင်သော ယန်ချီ အနည်းငယ်သာ ကျန်တော့ကြောင်း သဘောပေါက်သွားသည်။ ပထမအချက်မှာ ယခုလတွင် ယင်ချီစွမ်းအားသည် အလွန်သိပ်သည်း နေခြင်းကြောင့်ဖြစ်သည်။ ဒုတိယအချက်မှာ ဆေးပင်သည် ယီယွင် ကို ၎င်း၏ပုံရိပ်ယောင် မှော်ပညာဖြင့် တိုက်ခိုက်စဉ်တွင် စွမ်းအင်များစွာကို သုံးစွဲခဲ့ခြင်းဖြစ်သည်။

ယီယွင် ဂရုတစိုက်ရွေးချယ်ခဲ့သော ယင်လပြည့်ည၏ သန်းခေါင်ကျော် တစ်နာရီ၏လေးပုံသုံးပုံခန့်သည် ယခုအခါတွင် ၎င်း၏အခန်းကဏ္ဍမှ ပါဝင်လာသည်။

သို့သော် ထိုအမျှစွမ်းအင်းနည်းပါးနေသော်လည်း ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း သည် မြားဒဏ်ကိုခုခံရန် လုံလောက်သည့် သန့်စင်သော ယန်ချီ ပမာဏသည် ကျန်ရှိနေသေးသည်ဟု ယုံကြည်သည်။

အဆိုးဆုံးမှာ ဒဏ်ရာအနည်းငယ်ရရှိရုံမျှသာဖြစ်မည်။

ထိုအခြေအနေမှ လွတ်မြောက်ပြီးပါက ထိုနေရာသို့ ဘယ်တော့မှ ပြန်မလာတော့ဟု ဆုံးဖြတ်ထားလေသည်။ နှစ်ရာချီကြာအောင် မြေအောက်ဥမင်လိုဏ်ခေါင်း အတွင်း၀င်ကာ ယန်သွေးပန်းကိုပင် ဂရုမစိုက်ပေ။သွေးယန်ပန်းသည် အရေးကြီးသော်လည်း မိမိ၏ကိုယ်ပိုင်ဘဝလောက် အရေးမကြီးချေ။

ထိုလူငယ်က ကြောက်စရာကောင်းလွန်းလှသည်။ဆေးပင်ကို ကံဆိုးလှသော အခြေအနေဖြစ်အောင် ၎င်းလူငယ်ကိုယ်တိုင် ပြုလုပ်နိုင်လျှင် သူသာ လူသားပညာရှင်တစ်ဦးကို ခေါ်ဆောင်ခဲ့ပါက ရှေးဦးဆေးပင်၏ကံကြမ္မာမှာ သေရုံမှလွဲ၍ တခြားမရှိပေ။

ထိုလူငယ်အား ယန်သွေးပန်းအတွက် မြေသြဇာအဖြစ်အသုံးပြုရန် တွေးကြည့်ခဲ့မိသော ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းသည် တုန်လှုပ်သွားသည်။ ရန်သူကို လျှော့တွက်မိလေသည်။ ထိုလူငယ်သည် ရှေးဦးဆေးပင်အား မည်သို့မှ လက်လွတ်မခံနိုင်သည့် နတ်ဆိုးတစ်ပါးပင် ဖြစ်နေလေသည်။

လူသားများသည် အမှန်တကယ်ပင် လိမ္မာပါးနပ်သော မျိုးစိတ်များပင် ဖြစ်သည်။

သန့်စင်သော ယွမ်ချီ သည် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း ၏ ပတ်ပတ်လည်တွင် သန့်စင်သော ယန် ၏ အလွှာတစ်ခု ဖန်တီးလိုက်လေသည်။ ၎င်းသည် လေးစီးမြား ၏ သက်ရောက်မှုကို ခုခံရန် ပြင်ဆင်ထားခြင်းဖြစ်သည်။

သို့သော် ယခုအချိန်တွင် ယီယွင် သည် ၎င်း၏ တဒင်္ဂလှုပ်ရှားမှုကြောင့် လှုပ်ရှားမှုစွမ်းရည်ကို မြှင့်တင်ပြီး ဆန့်ကျင်ဘက်သို့ ပြေးသွားလေသည်။ ယီယွင်က ပြုံးပြီး ရိုးရှင်းသော အတွေးတစ်ခုကို တိတ်တိတ်လေး ရေရွှတ်လိုက်သည်။

"ဗွမ်း"

လေစီးမြားသည် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း ၏ ယွမ်ချီ အကာအကွယ်ကိုထိမိသည့်အခိုက်တွင် မြားဦးမှ တောက်ပသော အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။ မြားဦးတွင် မိုးခြိမ်းသံကို ထုတ်လွှတ်နိုင်သော ပုတီးစေ့တစ်ခု မြှုပ်ထားလေသည်။

ယင်းမှာ နတ်ပုတီးစေ့ပင်...

တိုင်အာနတ်မြို့တော်မှ ပညာရှင် သေချာစွာ ပြုလုပ်ထားသော ရတနာတစ်ခုဖြစ်သည်။ယီယွင်မှာ ထိုပုတီးစေ့လေးကို ဝယ်ယူရန် မှော်နဂါးကြေးပြား ၂၀၀၀ ကို သုံးစွဲခဲ့ပေသည်။

မြှပ်နှံထားသော နတ်ပုတီးစေ့ပါသော လေစီးမြားကို ယီယွင်က မြားကျည်တောက်၏ အထူးနေရာတစ်ခုတွင် ထားရှိခဲ့သည်။ယင်လပြည့် အစီအရင် ကို မစခင်မှာပင် ယီယွင်က ထိုအထူးမြားကို ကိုင်ကာ လေးကို ဆွဲတင်ထားလေသည်။

ထိုအချိန်တွင် မိုးခြိမ်းသံများပေါက်ကွဲ ထွက်ပေါ်လာသည်။

“ဘွန်း”

တိတ်ဆိတ်‌သော ညကောင်းကင်ကို ဖြိုခွင်းလိုက်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ရေခဲပြာ မီးတောက် ဟိန်းသံအတွင်းမှ မြွေနှင့်တူသော အနက်ရောင်လျှပ်စီးကြောင်းများနှင်အတူ မီးတောက်များလည်း ထွက်ပေါ်လာလေသည်။

မီးက ရေခဲမီးတောက်…

မိုးခြိမ်းသံက ယင်မိုးကြိုးဖြစ်သည်။

ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းသည် မိုးခြိမ်းသံကို ကြောက်သည်။ ထိုအပြင် မိုးကြိုးမီးခိုးများထဲမှာ ယင်မီးကြိုးကို အကြောက်ဆုံးပင် ဖြစ်သည်။

မိုးခြိမ်းသံ၏ ပေါင်းစပ်မှုမှာ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း၏ အန္တရာယ်ဖြစ်သည်။

ရက်စက်တယ်၊ ရက်စက်လွန်းတယ်။

ရှင်သန်ရန် အခွင့်အလမ်းမရှိအောင် ၎င်းကို ချုပ်နှောင်ထားခဲ့သည်။

“အာ”

ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း က သွေးပျက် အော်ဟစ်လိုက်သည်။ ဘေးနားရှိ ယန်အကာအကွယ်သည် “ပင်း”ဟု မြည်သံနှင့် အတူ ကွဲထွက်သွားသည်။

ယင်မိုးခြိမ်းသံနှင့် ရေခဲမီးတောက် တို့သည် ရောယှက်လျက် မရေမတွက်နိုင်သော မီးကြိုးများနှင့် လျှပ်စီးမြွေများ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်မှ သန့်စင်သော ယင်ချီ နှင့် ထိတွေ့လိုက်သောအခါတွင် ဟာရီကိန်းမုန်တိုင်းကဲ့သို့ ၀န်းကျင်တစ်ခုလုံးကို ဖြတ်ကျော်သွားသည်။

“ကချာ ကချာ”

အအေး ချီ ကြောင့် ကျောက်ဆောင်များ ပြိုကျသွားသည်။ ထိုအရာများသည် အေးစက်သောမီးလျှံဖြင့် လောင်ကျွမ်းခံခဲ့ရပြီး၊ အအေးချီ များအတွင်း၌ တဖြည်းဖြည်း ပြာမှုန့်များအဖြစ် အရည်ပျော်ကုန်သည်။

ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း၏ စွမ်းအားများကို လုံးလုံးလျားလျား ထိန်းထားနိုင်သည့် ပြင်းထန်လှသော ယင်မိုးကြိုး စွမ်းအားသည် အနီးကပ်ပေါက်ကွဲသွားကာ ချောက်ကမ်းပါးတစ်ခုလုံး လွင့်စင်ကွဲအက်သွားကုန်သည်။

ပေါက်ကွဲမှုမဖြစ်ပွားမီ ယီယွင် သည် အဆိုပါနေရာမှ ထွက်ပြေးသွားခဲ့သည်။ မိုးခြိမ်းသံက ချောက်ကမ်းပါးကို ပြိုမကျခင်မှာပင် ယီယွင်မှာ ချောက်ကမ်းပါးမှ ခုန်ချခဲ့သည်။

“ဘွန်း”

ယီယွင်ကိုယ်ပေါ်တွင် မြေကြီးများ ဖုန့်မှုန့်များဖြင့် ဖုံးလွှမ်းသွားလေသည်။

အတွေးတစ်ခုဖြင့် ယီယွင် ၏ ခန္ဓာကိုယ်ကို အစိမ်းရောင်အလွှာ တခုမှာ ချပ်ဝတ်တန်ဆာအလွှာတစ်ခုကဲသို့ ယီယွင်အား လွှမ်းခြုံပေးထား လေသည်။

ထိုအရာသည် အစိမ်းရောင်ဆန်းကြယ် ကာကွယ်ရေးအဆောင်ဖြစ်ကာ သောင်းတန်စေတီမှ ယီယွင်ဝယ်ခဲ့သော နောက်ဆုံးပစ္စည်းဖြစ်သည်။

အဆောင်သည် အဆုံးမရှိသော စိမ်းလန်းသော သဘာဝတရား၏ စွမ်းအားများပါရှိသည်။ယင်ချီစွမ်းအင်များ ကျော်သွားသောအခါ အဆောင်သည် စိမ်းလန်းသော သဘာဝစွမ်းအားမှ ပြင်းထန်သော အသက်စွမ်းအားကို ထုတ်ပေးပြီး ယီယွင် ၏ ပျက်စီးမှုကို အနည်းဆုံးအထိ လျှော့ချပေးလေသည်။

အစိမ်းရောင်ဆန်းကြယ် အကာအကွယ် အဆောင် သည် သခင်တစ်ဦးမှ ဖန်တီးထားခြင်းမဟုတ်ပေ။သို့သော် ဈေးနှုန်းမှာ မနည်းလှပေ။

ထို အစိမ်းရောင်ဆန်းကြယ် အကာအကွယ်အဆောင် ကို မဝယ်ခင်က မည်သူဖန်တီးထားသည်ကို ယီယွင် သတိထားမိခဲ့သည်။ ၎င်းကို လူသားအဆင့်တွင် ပထမရနေသော လော့ဟော်အာ မှ ဖန်တီးခဲ့ခြင်းဖြစ်သည်။

လော့ဟော်အာ ၏ထုတ်ကုန်များသည် တိုင်အာနတ်မြို့တော် တွင် အလွန်ရေပန်းစားသည်။

အဘယ်ကြောင့်ဆိုသော် သူမသည် အရည်အသွေးကောင်းမွန်သော ကုန်ပစ္စည်းများကို ထုတ်လုပ်ခဲ့ပြီး သူမ၏ နာမည်ဂုဏ်သတင်းကြောင့် အာမခံချက်လည်း ရှိသောကြောင့်ဖြစ်သည်။

ထိုအစိမ်းရောင်ဆန်းကြယ် အကာအကွယ်အဆောင် သည် ယီယွင် ကို စိတ်မပျက်စေခဲ့ပေ။ အုံ့ဆိုင်းနေသည့် အစိမ်းရောင်အလင်းတန်းသည် ယင်ချီ၏ အစိတ်အပိုင်း အများအပြားကို ပြေးလွှား ပိတ်ဆို့ထားသည်။ ယီယွင် သည် စောစောက ချောက်ကမ်းပါးမှ ခုန်ချခဲ့သည့်အခါ ပြင်းထန်သော ဒဏ်ရာ မရရှိခဲ့သည့်အပြင် အမှန်တကယ်လည်း မနာကျင်ခဲ့ပေ။

ယင်ချီ ပမာဏအနည်းငယ်သည် ယီယွင် ၏သွေးလမ်းကြောင်းထဲသို့ ဝင်ရောက်သွားသော်လည်း ၎င်းကို ခရမ်းရောင်သလင်းကျောက်မှ စုပ်ယူသွားခဲ့သည်။

အချိန်အတော်ကြာလာသည်နှင့်အမျှ ခရမ်းရောင်သလင်းကျောက်၏ မူလအစရှိသည့် စွမ်းအင်စုပ်ယူမှုစည်းမျဉ်းများကို ယီယွင် သိရှိခဲ့သည်။ မည်သူမျှ မပိုင်ဆိုင်သော စွမ်းအင်ကိုသာ စုပ်ယူနိုင်သည်တစ်နည်းအားဖြင့် ၎င်းပိုင်ရှင်နှင့် စွမ်းအင်၏ စိတ်ဝိညာဉ်ဆိုင်ရာ ဆက်သွယ်မှု ဆုံးရှုံးသွားသော စွမ်းအင်ကိုသာ စုပ်ယူနိုင်မည်ဖြစ်သည်။

ဥပမာအားဖြင့်၊ ဆေးပင်များကို ခူးဆွတ်ပြီးသောအခါ ၎င်းတို့သည် သေပြီးသားဖြစ်သောကြောင့် ယီယွင် သည် ၎င်းတို့၏စွမ်းအင်ကို စုပ်ယူနိုင်မည်ဖြစ်သည်။

ရှေးဦးမျိုးစိတ်များ၏ ရုပ်ကြွင်းသည်လည်း သေဆုံးပြီး ဖြစ်သောကြောင့် စွမ်းအင်စုပ်ယူနိုင်လေသည်။ အကယ်၍ ရှေးဦးမျိုးစိတ်များ အသက်ရှင်နေသေးပါက ယီယွင် သည် ၎င်း၏ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်ကို စုပ်ယူရန် နည်းလမ်းမရှိပေ။

ထိုကဲ့သို့ စွမ်းအင်စုပ်ယူမှုဆိုင်ရာ အခြေခံမူများနောက်ကွယ်ရှိ ခရမ်းရောင်သလင်းကျောက်၏ အကြောင်းရင်းကို ယီယွင် မသိခဲ့ပေ။ ခရမ်းရောင် သလင်းကျောက်၏ စည်းမျဉ်းများဖြစ်ဖွယ်ရှိသည်။

လေထဲမှ ပြုတ်ကျသွားသော ယီယွင် ၏ခန္ဓာကိုယ်ကို လိမ်ခေါက်နေလျှက်ရှိသည်။ ယီယွင် တဒင်္ဂလှုပ်ရှားမှု ၏ ကြီးမားသော အောင်မြင်မှုအဆင့်သို့ ရောက်ရှိပြီးကတည်းက ပတ်ဝန်းကျင်ရှိ ချီ စီးဆင်းမှုကို တိကျစွာ ထိန်းချုပ်နိုင်ခဲ့သည်။ ထို့ကြောင့် ယီယွင် ချောက်ကမ်းပါးရှေ့သို့ မဆင်းမီ ဆယ်မီတာအကွာ လေထဲသို့ ရွေ့လျားနိုင်ခဲ့သည်။

"ချာ"

တပ်တစ်ထောင် ဓားမောက်က ချောက်နံရံကို ဓားဖြင့်ထိုးစိုက် လိုက်သောအခါ မီးပွားများ ပြန့်ကျဲစွာထွက်ပေါ်လာလေသည်

တပ်တစ်ထောင် ဓားမောက်ကို အသုံးပြု၍ ယီယွင်က ပြုတ်ကျနေသော ကိုယ်ခန္ဓာကို ရပ်တန့်လိုက်သည်။

ထို့နောက် ယီယွင် သည် သူ၏ခြေလက်များကို အသုံးပြုကာ ချောက်ကမ်းပါးထိပ်သို့ သွက်လက်စွာ ပြန်တက်လိုက်လေသည်။

ယီယွင် သည် ချောက်ကမ်းပါးမှ ပြုတ်ကျမလာမှီ အချိန်တွင် သူသည် ဒုတိယအစီအရင်ပြား ဖြစ်သည့် ပုစဉ်းရင်ကွဲအစီအရင်ကို အသက်သွင်းခဲ့သည်။

ယီယွင် သည် အစီအရင်ပြား နှစ်ခုကိုချထားသောအခါ၊ ယင်လပြည့်အစီအရင် သည် ပုစဉ်းရင်ကွဲအစီအရင်၏ အထက်တွင်ရှိသည်။

ပုစဉ်းရင်ကွဲအစီအရင် သည် ယီယွင် ဝယ်ခဲ့သော သခင်တစ်ဦးမှ ဖန်တီးခဲ့သော နောက်ဆုံးပစ္စည်းဖြစ်သည်။

ယီယွင် ဝယ်ခဲ့သော အစီအရင်ပစ္စည်းသုံးမျိုးမှာ သခင်များ က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဈေးအကြီးဆုံးမှာ နတ်ပုတီးစေ့ ၊ထို့နောက် ယင်လပြည့် အစီရင်၊ ပုစဉ်းရင်ကွဲ အစီအရင်မှာ စျေးအသက်သာဆုံး ဖြစ်သည်။

ပုစဉ်းရင်ကွဲ အစီအရင်သည် ချိတ်ပိတ်နိုင်သည့် အစီအရင်တစ်ခုမျှသာ ဖြစ်သည်။ ပုစဉ်းရင်ကွဲအစီအရင်ဖြင့် ချိတ်ပိတ်ထားသော ပျက်စီးခြင်းသားရဲများ သို့မဟုတ် ဆေးပင်များသည် ပုစဉ်းရင်ကွဲ ကပ်နေသော သစ်ပင်ကဲ့သို့ အားနည်းနေလိမ့်မည်။ ၎င်းတို့၏ လှုပ်ရှားမှုသည် နှေးကွေးမည် (ဝါ) ရွေ့လျားရန်ပင် မဖြစ်နိုင်သလောက်ပင် ဖြစ်နေပေမည်။ယင်း အခြေအနေကြောင့် ထိုအစီအရင်‌ကို ပုစဉ်းရင်ကွဲ အစီအရင်ဟုခေါ်ဆိုကြခြင်းဖြစ်သည်။

ပုစဉ်းရင်ကွဲအစီအရင်သည် ယီယွင်သတ်မှတ်ထားသော အကာအကွယ်နောက်ဆုံးအစီအရင်ဖြစ်သည်။ ခရမ်းရောင်‌ကောင်ကင် ယန်ဂျင်ဆင်း၏ လှုပ်ရှားနိုင်စွမ်းကို ယုတ်လျော့စေမည် နတ်ပုတီးစေ့နှင့် ယင်လပြည့်အစီအရင်မှာ လုံလောက်ကြောင်း ယီယွင် အာမမခံနိုင်ပေ။

ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း မှာ ခွန်အားတွေ ကျန်ရှိနေသေးကာ မြေကြီးအတွင်းမှ လွတ်မြောက်သွားပါက ယီယွင်မှာ အကြီးအကျယ် ဆုံးရှုံးရမည် ဖြစ်သည်။

ထို့ကြောင့် ပုစဉ်းရင်ကွဲအစီအရင်ဖြင့် ယီယွင်သည် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း ထွက်ပြေးရန် ဖြစ်နိုင်ခြေကို တားဆီးနိုင်ခဲ့သည်။

ယီယွင် သည် ခုန်ကာ ချောက်ကမ်းပါးထိပ်သို့ ပြန်တက်သွားလေသည်။ ချောက်ကမ်းပါးထိပ်တွင် ထူထပ်သော ယင်ချီ သည် တဟုန်းဟုန်းတောက်နေဆဲပင်။တိုက်ခတ်သည်လေများမှာ အရိုးအတွင်းထိစိမ့်၀င်သွားလေသည်။တိုက်ခတ်လိုက်သောလေများသည် လူတစ်ယောက်ရဲ့အရေပြားကို ဓားနဲ့ခုတ်သကဲ့သို့ နာကျင်စေသည်။

မြေပြင်ပေါ်ရှိ မြက်များနှင့် ကျောက်တုံးများမှာ ပြန့်ကျဲနေလေသည်။ ချောက်ကမ်းပါးထိပ်တွင် ချိုင့်ခွက်ကြီးဖြစ်ကာထိုမှ အဖြူရောင် မီးခိုးငွေ့များ ထူထပ်စွာထွက်လျက်ရှိသည်။ ထိုအဖြူရောင် မီးခိုးငွေ့များသည် ပေါက်ကွဲသွားသော နေရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ မီးခိုးများ၏ပုံစံမှာ ဧရာမကြာပန်းနှင့်တူသည်။

ကြာပန်းပွင့်ပုံမီးခိုးကို ဖြစ်ပေါ်စေသည့် ပြင်းထန်သော ပေါက်ကွဲသံကြောင့် ယီယွင်မှာ ကျေနပ်နေလျှက်ရှိသည်။

ယီယွင် နောက်ဆုံးမှာတော့ ကြာပန်းပွင့်ပုံ အလယ်၌ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းရဲ့ ပုံစံအစစ်အမှန်ကို ယီယွင်၏ သာမန်မျက်စိဖြင့် တွေ့လိုက်ရသည်။

၎င်းသည် တစ်ပေခန့်ရှည်ပြီး အထူမှာ လက်ကောက်၀တ်ခန့်ရှည်သော သစ်သားချောင်းနှင့်တူသည်။

၎င်း၏ ခန္ဓာကိုယ်သည် စိမ်းပြာရောင်နှင့် ခရမ်းရောင်ရောစပ်နေပြီး ၎င်းကို မြေထဲ၌တစ်ဝက်ခန့်နစ်မြှုပ်နေသည်။ ၎င်းအနီးတစ်ဝိုက်တွင် မိုးကြိုးမီးကျည်များ ကျန်ရှိနေပြီး အစိတ်အပိုင်း အများအပြားသည် ရေခဲထဲတွင် အေးခဲနေကြသည်။

ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း ၏ အမြစ်အများစုသည် နတ်ပုတီးစေ့ ပေါက်ကွဲမှုတွင် ပျက်စီးသွားခဲ့ပြီး ၎င်း၏ ကြီးမားသော ပင်စည်တုံးတစ်တုံးကိုပင် လွင့်စင်သွား‌စေခဲ့သည်။

၎င်းမှာ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း ရဲ့ ဆေးဖက်ဝင်အပင် အစွမ်းကို ပျက်စီးစေမည် သေချာသည်။

သို့‌သော်လည်း တခြားနည်းလမ်းမရှိပေ။ ယီယွင် သည် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းကို ဖမ်းမိရန် ၎င်း၏လှည့်ကွက်များနှင့် ခွန်အားအားလုံးကို အသုံးပြုခဲ့သည်။

ထိုသို့ပြုလုပ်ရာတွင် ယီယွင်မှာ အရာအာလုံးကိုလွယ်လွယ်ကူ လုပ်ဆောင်နိုင်ခဲ့ခြင်း မဟုတ်ရုံသာမက ကျရှုံးခြင်းနှင့်လည်း ရင်ဆိုင်ရနိုင်ပေသည်။

သို့သော်...

ယီယွင် အတွက် ရှေးဦးဆေးပင် ပြတ်တောက်ခြင်းသည် ကြီးကြီးမားမားကိစ္စမဟုတ်ပေ။

ရှေးဦးဆေးဖက်ဝင်အပင်၏ စွမ်းအင်သည် သန့်ရှင်းသော်လည်း စွမ်းအင်ပမာဏအရ ၎င်းသည် ရှေးဦးမျိုးစိတ်များထက် များစွာလျော့နည်းသည်။

လူတို့သည် ရှေးဦးဆေးဖက်ဝင်အပင်ကို စုဆောင်းသောအခါ၊ ကောင်းကင်အဆင့် ယွမ်ချီစွမ်းအားသည် ၎င်း၏ ဆေးဖက်ဝင်အပင်၏ အစွမ်းသတ္တိကို ပျက်စီးစေမည်စိုးကြောင့် ၎င်းတို့သည် ရှေးဦးဆေးပင်ကို ထိခိုက်မည်ကို အလွန်ကြောက်လန့်လျက်ရှိကြသည်။

ထို ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း မှာလည်း အလားတူပင်။

ရှေးဦးဆေးပင်များကိုသာမက သာမန်လူများမှာ ဂျင်ဆင်းကို တူးတဲ့အခါတွင် ဂျင်ဆင်း၏ အမြစ်များကို မကျိုးမပဲ့စေရန် စုတ်တံကို အသုံးပြု‌လေ့ရှိကျသည် မဟုတ်ပါက ဂျင်ဆင်း၏ စွမ်းအင်များကုန်ဆုံးသွားပေမည်။

ယီယွင် သည် ဆေးပင် ကျိုးပဲ့ဒဏ်ရာမှ ထွက်လာသော ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း အတွင်းရှိ သန့်စင်သောစွမ်းအင်ကို ခံစားနိုင်သည်။

ယီယွင် ပြုံးလိုက်သည်။ ခရမ်းရောင်သလင်းကျောက်၏အတွင်းပိုင်း စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ယွမ်ချီ နှင့် ဆေးဖက်ဝင်အပင်များမှာ ‌မှိန်ဖျော့သော အလင်းအစက်များ တ‌ဖြည်းဖြည်း ဖြစ်ပေါ်လာပြီး ယီယွင် ထံသို့ ပျံ့လွင့်လာကြသည်။

ဆေးပင်ပင်စည်မှ ထွက်လာပြီးနောက် လွင့်စင်သွားသော စွမ်းအင်ကို ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းက ထိန်းချုပ်နိုင်စွမ်းမရှိတော့သဖြင့် ခရမ်းရောင်အရည် သလင်းကျောက်မှ ထိုစွမ်းအင်များကို အလွယ်တကူစုပ်ယူနိုင်ပေသည်။

ထိုသန့်စင်သောစွမ်းအင်ကိုမြင်လိုက်ရသော ယီယွင်၏ မသိစိတ်က နှုတ်ခမ်းများကို သပ်လိုက်‌လေသည်။ ယီယွင်အမူအရာမှာ ၎င်းရှေ့တွင် ရုတ်တရက်ပေါ်လာတဲ့ စားသောက်ပွဲကြောင့် ရူးသွပ်နေပုံပင်…

All Chapters