← Chapters

ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း

Vol. 13 Ch. 193

ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း

Vol. 13 Ch. 193

ယီယွင်သာ ခရမ်းရောင်သလင်းကျောက်ကို အသုံးပြုပြီး ဆေးတစ်ပင်လုံးကို စုပ်ယူခဲ့မည်ဆိုပါက အာရုံစိုက်မှုများကို အလွယ်တကူရရှိလာမည်ဖြစ်ပြီး နတ်မြို့တော်၏ ဆေးပညာရှင်များကလည်း သံသယဝင်လာကြပေလိမ့်မည်။

သို့သော် လက်ရှိအခြေအနေတွင် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းက ကြီးမားစွာ ထိခိုက်ပျက်စီးနေ၏။ ယီယွင်က ထွက်ကျလာသော ဆေးအဆီအနှစ်များကို စုပ်ယူခြင်းသာဖြစ်ပြီး မည်သည့်သံသယမျှ ဖြစ်စေမည်မဟုတ်ပေ။

ဟုတ်သည်။ ယီယွင်က ထိုကိစ္စကို ကြုံကြိုက်၍ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ။ သူ့အဖို့ ထိခိုက်ပျက်စီးနေသော ဆေးပင်များကို အမြဲတမ်း ပြန်ယူသွား၍မရပေ။ထို့အပြင် ဆေးပင်များ ထိခိုက်ပျက်စီးနေလျှင် တန်ဖိုးများ ကြီးစွာကျဆင်းသွားပြီး တိုင်အာနတ်မြို့တော်မှ ပေးအပ်လာမည့် မှော်နဂါးကြေးပြား အဖိုးအခမှာလည်း နည်းပါးသွားပေလိမ့်မည်။

အကျဥ်းချုံးဆိုရသော် ယီယွင်အတွက် များစွာအကျိုးမရှိလှပေ။

ခရမ်းရောင်သလင်းကျောက်၏ ထိန်းချုပ်မှုအောက်တွင် ယန်ဂျင်ဆင်း၏ မည်သည့်ဆေးအဆီအနှစ်မျှ အလဟဿမဖြစ်ခဲ့ပေ။ ယင်းတို့ကို ယီယွင်က စုပ်ယူပစ်ခဲ့သည်။ စွမ်းအင်များက အလင်းစက်များပမာ စုစည်းလာသည်။

ယီယွင်က ထိုစွမ်းအင်များကို စုပ်ယူရန် ပြင်ဆင်နေချိန်တွင် သစ်ကိုင်းခြောက်ပမာ ဖြစ်နေသည့် ယန်ဂျင်ဆင်းက ဝှစ်ခနဲ့လှုပ်ရှားကာ မြေကြီးထဲသို့ တွင်းတူးကာပြေးလေသည်။ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းက ပြင်းထန်စွာ ထိခိုက်ပြီးသည့်နောက်တွင်ပင် ထွက်ပြေးရန်အတွက် ဆက်လက်ကြိုးစားနေချေသည်။

သို့သော် အသုံးမဝင်ပေ။ ယန်ဂျင်ဆင်း ထွက်ပြေးနေစဥ်တွင် အနက်ရောင်အလင်းတစ်ခု တောက်ပသွားကာ မီတာသုံးဆယ် ပတ်လည်ခန့်ရှိသည့် အလင်းအကာအရံတစ်ခု ဖြစ်သွားသည်။

ဖုန်း...။

ယန်ဂျင်ဆင်းက အလင်းအကာအရံနှင့် ဝင်တိုက်မိကာ နောက်သို့လွင့်သွားရသည်။

ယင်းသည် စိတ်ဝိညာဥ်ရှိသည့် အရာများကို ပိတ်လှောင်ရာတွင် အထူးအသုံးပြုသည့် ပုစဥ်းရင်ကွဲအစီအရင် ဖြစ်လေ၏။ ယန်ဂျင်ဆင်းသာ ပြီးပြည့်စုံသည့် အခြေအနေတွင် ရှိနေသည်ဆိုလျှင် ထိုအစီအရင်ထဲမှ ထွက်ပြေးလွတ်မြောက်နိုင်သည်။ ယခုတွင်မူ ထိုသို့လုပ်ရန် လုံးဝမဖြစ်နိုင်တော့ပေ။

ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းသည် ယခင်က တစ်ခါမျှပင် ထိခိုက်မိဖူးခြင်း မရှိပေ။ ယန်ဂျင်ဆင်း၏ စိတ်ဝိညာဥ် ဖရိုဖရဲဖြစ်နေကာ စွမ်းအင်များ ခမ်းခြောက်လာသည်ကို ခံစားမိနေ၏။ ထိုစွမ်းအင်များက ယီယွင်ဆီသို့ တိုးဝင်နေကြသည်။

ယီယွင် တပ်တစ်ထောင်ဓားမောက်ကို ကိုင်ထားလျက်ဖြင့် ယန်ဂျင်ဆင်းဆီသို့ ချဥ်းကပ်သွားလေသည်။

သူက ယန်ဂျင်ဆင်းကို လျော့တွက်မထားပေ။ ယန်ဂျင်ဆင်းက အကောက်ဥာဏ်များလေသောကြောင့် ယီယွင်က ယန်ဂျင်ဆင်းကို အပိုင်းပိုင်းဖြတ်ပြီး ထိန်းသိမ်းထားရန်ပင် တွေးထားလေသည်။

ထိုစဥ် ယန်ဂျင်ဆင်းက ကလေးအော်သံကဲ့သို့ စူးရှအော်သံ ပြုလာသည်။ ယန်ဂျင်ဆင်းက ယီယွင်ဆီသို့ ပြေးဝင်သွားပြီး ကျန်ရှိနေသည့် သန့်စင်သော ယန်ချီများကို စိတ်ဝိညာဥ်ဓားတစ်လက်အဖြစ် ဖွဲ့စည်းစေကာ ယီယွင်၏နဖူးအလယ်အား ထိုးလိုက်သည်။ ယန်ဂျင်ဆင်းက နောက်ဆုံးကြိုးပမ်းမှုအဖြစ် လောင်းကြေးထည့်ခဲ့ခြင်းပင်။

ယီယွင်က တုန့်ဆိုင်းမနေဘဲ တပ်တစ်ထောင်ဓားမောက်ဖြင့် ရှေ့သို့ ခုတ်ပိုင်းလိုက်သည်။

ဝုန်း...။

မြည်ဟီးသံတစ်ခုနှင့်အတူ တပ်တစ်ထောင်ဓားမောက်က ပိုင်းချသွားခဲ့လေ၏။

ဝှစ်...။

တပ်တစ်ထောင်ဓားမောက်ကြောင့် ယန်ဂျင်ဆင်း လွင့်စဥ်သွားရသည်။ ယီယွင်က ယန်ဂျင်ဆင်းကို နှစ်ပိုင်းဖြတ်ရန် ရွေးချယ်မထားပေ။ ထိုသို့မဟုတ်ပါက ယန်ဂျင်ဆင်း၏တန်ဖိုး ထိုးကျသွားပေလိမ့်မည်။

သို့သော် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း၏ စိတ်ဝိညာဥ်က သေတော့မည့်ပမာပင် အားနည်းသွားသည်ကို ယီယွင် သိရှိသွားခဲ့သည်။ ရှေးဦးဆေးပင် သေဆုံးသွားပါက နှစ်ပေါင်းထောင်ချီကာ ကျင့်ကြံလာသည် စိတ်ဝိညာဥ်ပုံစံ ပျောက်ကွယ်သွားလိမ့်မည်ဟု ဆိုလိုလေသည်။

သို့သော် ယီယွင်က သက်ညှာမှုမပြပေ။ သူနှင့် ယန်ဂျင်ဆင်းအကြားတွင် သေခြင်းနှင့်ရှင်ခြင်းသာ ရှိသည်။ သူသာ ယန်ဂျင်ဆင်းကို မသတ်နိုင်လျှင် သူ့အဖို့ ယန်ဂျင်ဆင်း၏ မှော်ပုံရိပ်ယောင်ထဲတွင် အညံ့ခံသွားရပေလိမ့်မည်။ ထိုသို့ဖြစ်သွားခဲ့လျှင် သူသည် ယန်ဂျင်ဆင်း၏ ​ဓာတ်မြေဩဇာအဖြစ် အဆုံးသတ်သွားရပေလိမ့်မည်။

ယန်ဂျင်ဆင်း၏ မျက်နှာပြင်အရောင်အသွေး ဖျော့တော့နေသည်ကို ယီယွင် သတိထားမိသွားသည်။ ယန်ဂျင်ဆင်းထံမှ စွမ်းအင်စီးကြောင်းများ တစ်ခုပြီးတစ်ခု ထွက်ကျနေလေ၏။ ယန်ဂျင်ဆင်းက အသက်မရှင်လိုတော့သည့်ပမာပင်။

" ဒီစွမ်းအင်တွေလား " ယီယွင်က ယန်ဂျင်ဆင်း၏ အမြစ်ကို ကိုင်လိုက်သည်။ ခရမ်းရောင်သလင်းကျောက်၏ အမြင်အာရုံအောက်တွင် ယန်ဂျင်ဆင်း၏ ဒဏ်ရာထံမှ သန့်စင်သော ခရမ်းရောင်စွမ်းအင်များ ထွက်ကျနေသည်ကို သူ မြင်နေရသည်။ ယင်းစွမ်းအင်များက ဒဏ္ဍာရီလာ နဂါးစိမ်း၏ အသက်အဆီအနှစ်ပုံစံတစ်မျိုး အလားပင်။

ယီယွင် အနည်းငယ်တုန့်ဆိုင်းနေသည်။ ခရမ်းရောင်သလင်းကျောက်ကို အသုံးပြုကာ နဂါးစိမ်အဆီအနှစ်နှင့် ယန်ဂျင်ဆင်း၏ကိုယ်ထည်မှ ထွက်လာသော အလင်းစက်များကို စုစည်းလိုက်သည်။

ရုတ်ခြည်းမှာပင် ဆေးရနံ့တစ်ခုက သူ၏အာရုံကြောများထဲ စိမ့်ဝင်သွားကာ အလွန်တရာပင် သက်တောင်သက်သာ ဖြစ်သွားရသည်။

အလင်းစက်များ ဝင်လာချိန်တွင် ခန္ဓာကိုယ် နွေးထွေးသွားသည်ကို ယီယွင် ခံစားလိုက်ရသည်။ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း၏ ဆေးအဆီအနှစ်များက တဖြည်းဖြည်းချင်း အာနိသင်ပြလာ၏။ ထိုစွမ်းအင်များက နဂါးစိမ်းတစ်ကောင်ကို ကိုယ်စားပြုနေပြီး အလင်းစက်များနှင့် မတူလေသောကြောင့် ယီယွင် အံ့အားသင့်ရသည်။ ထိုစွမ်းအင်များက ယီယွင်၏ ဝိညာဥ်ထဲသို့ တိုးဝင်လာ၏။

ဝုန်း...။

စွမ်းအင်များ ဝိညာဥ်ထဲသို့ ဝင်လာချိန်တွင် ဝိညာဥ်တုန်ခါသွားသည်ဟု ယီယွင် ခံစားလိုက်ရသည်။ ထို့နောက်တွင်မူ သူ၏အမြင်အာရုံထဲတွင် ပုံရိုက်များ ပြည့်သွားသည်။

ပုံရိပ်များက ဖရိုဖယဲဆန်ကာ ရောက်တက်ရာရာများ ဖြစ်လေ၏။ အချို့ပုံရိပ်များက အရိုင်းနယ်မြေ သို့မဟုတ် တိုင်အာနတ်မြို့တော်ထဲမှ မြင်ကွင်းများ ဖြစ်လေသည်။ အချို့ပုံရိပ်များက လျှိုင်မျိုးနွယ်ထဲတွင်ဖြစ်ပြီး ယီယွင်နှင့် အစ်မဖြစ်သူတို့၏ ခက်ခဲသောဘဝများ ဖြစ်လေသည်။ သူ၏ယခင်ဘဝမှ ပုံရိပ်များလည်း ပါလေသည်။ ယင်းသည် ယီယွင်၏ဘဝမှ အဖြစ်အပျက်မျိုးစုံတို့ ဖြစ်လေ၏။

အိုး...ဒါက...။

စိတ်ရှုပ်ဖွယ်ရာ ပုံရိပ်များကို ကြည့်နေရင်းဖြင့် ထိုနဂါးစိမ်း ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း၏ စိတ်ဝိညာဥ် ပြိုကွဲသွားပြီးနောက် ကျန်ရစ်ခဲ့သည့် စိတ်စွမ်းအင်ဖြစ်ကြောင်းကို ယီယွင် နားလည်သွားလေသည်။

ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းက အပင်တစ်ပင်ဖြစ်သော်လည်း စိတ်ဝိညာဥ်တစ်ခု ဖြစ်တည်ဖူးလေသောကြောင့် စိတ်စွမ်းအားက အလွန်ပင်သန်မာသည်။ ထိုသို့သာမဟုတ်လျှင် ပုံရိပ်ယောင်ကို ဖန်တီးနိုင်မည်မဟုတ်ပေ။

စိတ်စွမ်းအားက ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း၏ တိုက်ခိုက်ရေးလည်း ဖြစ်သလို ခုခံရေးလည်း ဖြစ်လေ၏။ ယန်ဂျင်ဆင်း သေဆုံးပြီးနောက်တွင် ပြိုကွဲသွားသော စိတ်ဝိညာဥ်က ဝိညာဥ်အတွက် အကောင်းဆုံးဆေးတစ်ပါး ဖြစ်လာခဲ့သည်။

ယီယွင် ဝမ်းသာနေသည်။ သူ စွမ်းအင်များကို ငြိမ်သက်စွာပင် စုပ်ယူနေလေ၏။ မကြာမီတွင် ထိုစွမ်းအင်များက သူ၏ဝိညာဥ်ထဲသို့ စမ်းချောင်းတစ်ခုပမာ စီးဆင်းလာသည်။

တဖြည်းဖြည်းချင်းဖြင့် သူ၏ဝိညာဥ်တွင် အသေးစား​အပြောင်းအလဲများ ဖြစ်လာသည်ကို ယီယွင် ခံစားလိုက်ရသည်။ သို့သော် ယင်းတို့က မည်သည်အား ဆိုလိုကြောင်းကိုမူ သူ မသိပေ။

ယခုအခါ၌ စိတ်စွမ်းအားများအပြင် ယန်ဂျင်ဆင်း၏ ဆေးအဆီအနှစ်များကလည်း အာနိသင်ပြလာခဲ့သည်။ ၎င်းတို့က သူ၏သွေးကြောများထဲတွင် စီးဆင်းနေလျက်ရှိပြီး သူ၏ခန္ဓာကိုယ်တွင် သန်မာသော ယန်ဓာတ်များ ပြန့်ပွားလာနေ၏။

မိုးမြေယွမ်ချီတွင် သန့်စင်သည့် ယန်စွမ်းအင်များ အလျှံပယ်ပါဝင်နေသည်။ ထိုစွမ်းအင်များသည် ယန်ဂျင်ဆင်းက မိုးမြေယွမ်ချီများကို နှစ်ပေါင်းထောင်ချီအထိ စုပ်ယူရာမှ စုစည်းရရှိလာခဲ့သည့် အဆီအနှစ်များ ဖြစ်လေ၏။

ယန်ဂျင်ဆင်း၏ ဆေးအဆီအနှစ်များက ယန်သဘာဝဖြစ်ပြီး လပြည့်ည သန်းခေါင်ယံအချိန်တွင်မူ ယင်ချီများ သိပ်သည်းလေသည်။ ယီယွင်၏ ခန္ဓာကိုယ်ထဲတွင် ယန်မီးတောက်တစ်ခု တောက်လောင်နေသော်လည်း ခန္ဓာကိုယ်အပြင်ဘက်တွင်မူ ယင်ချီများ စီးဆင်းနေ၏။ မသိလိုက်မသိဘာသာဖြင့်ပင် ယီယွင်၏ ခန္ဓာကိုယ်အား ယန်ချီနှင့်ယင်ချီများ လွှမ်းခြုံသွားလေသည်။

ယီယွင်၏ ထိန်းချုပ်မှုအောက်တွင် ချီနှစ်မျိုးသည် အံ့ဩဖွယ်ကောင်းသည့် ယင်ယန်သင်္ကေတတစ်ခုအဖြစ် ဖွဲ့တည်သွားလေ၏။

ယီယွင်၏ခန္ဓာကိုယ်က အတွင်းပိုင်းတွင် ပူနေပြီး အပြင်ပိုင်းတွင် အေးနေလျက်ရှိသည်။ သူက ရေခဲနှင့်မီးတို့ထဲတွင် တစ်လှည့်စီနေရသည့်ပမာ ဖြစ်နေလေ၏။

ဆေးအဆီအနှစ်များကို ချေဖျက်နေချိန်တွင် ယီယွင်၏ ချွေးပေါက်များထံမှ သွေးနက်များ ကျဆင်းလာ၏။ ထိုသွေးနက်များက လွန်ခဲ့သည့်ခြောက်လအတွင်း ယီယွင်၏ ခန္ဓာကိုယ်ထဲ၌ စုပုံနေခဲ့သည့် အညစ်အကြေးများ ဖြစ်လေသည်။ ယခုအခါတွင် ဆေးအဆီအနှစ်များက အညစ်အကြေးများကို မောင်းထုတ်ပစ်ခဲ့လေရာ ယီယွင် တက်ကြွလန်းဆန်းသွားရသည်။

ဆေးအဆီအနှစ်များ၏ ပြုပြင်ပေးမှုအောက်တွင် ကြွက်သားများ ပိုမိုသန်မာလာပြီး သွေးထဲတွင် အသက်စွမ်းအင်များ ပြည့်ဝလာသည်။ ထိုဖြစ်စဥ်က ရှည်ကြာလေပြီး ယီယွင်သည် ကိုယ်ပိုင်ကမ္ဘာထဲတွင် နစ်မြောနေခဲ့လေ၏။

နေထွက်လာကာ ချောက်ကမ်းပါးမှ ယင်ချီများလည်း အဝေးသို့မောင်းထုတ်ခံလိုက်ရ၏။ ယီယွင် ချောက်ကမ်းပါးထိပ်တွင် ရုပ်ထုတစ်ခုပမာ ထိုင်နေလေ၏။

ယင်းသည် ယန်ဂျင်ဆင်း၏ ဆေးအဆီအနှစ်များကို တဖြည်းဖြည်းချင်း ချေဖျက်နေခြင်း ဖြစ်လေ၏။ ထို့အပြင် ယန်ဂျင်ဆင်းက ရှေးဦးဆေးပင် ဖြစ်လေသည်။

တဖြည်းဖြည်းချင်းဖြင့် နောက်တစ်ရက်သို့ ကူးပြောင်းသွားခဲ့သည်။ ညမှောင်မှောင် ကောင်းကင်ယံတွင် လခြမ်းကွေးလေး ထွန်းလင်းနေ၏။

ယင်ချီများ ပါးလျနေကာ မြူခိုးအချို စုစည်းနေလေ၏။ ယီယွင်၏ခန္ဓာကိုယ်အား ရေခဲလွှာတစ်ခု လွှမ်းခြုံထားသည့်အလားပင်။ သူ၏ဆံပင်နှင့် မျက်ခုံးတို့တွင် ဆီးနှင်းများ ​ရှိနေလေ၏။

ယီယွင် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း၏ ဆေးအဆီအနှစ် ၇၀% အထိ စုပ်ယူနိုင်လာခဲ့သည်။ ယန်ဂျင်ဆင်း၏ စိတ်ဝိညာဥ်စွမ်းအင်များ ယီယွင်၏ စိတ်စွမ်းအားအတွက် ခန့်မှန်းမရနိုင်လောက်သော အကျိုးကျေးဇူးများ ပေးစွမ်းလေသည်။

သူ၏စိတ် ကျယ်ပြန့်သန်မာလာသည်ကို ယီယွင် ရှင်းလင်းစွာ ခံစားမိလေ၏။ သူ၏စိတ်စွမ်းအားများ အဆက်မပြတ်ပင် တိုးတက်လာနေသည်။ ယီယွင်သာ ဆန္ဒရှိလျှင် သူ၏ဦးနှောက်က ရှုပ်ထွေးသော ပုံရိပ်ယောင်များပင် ထုတ်လွှတ်ပေးနိုင်သည်။ ယင်းသည် ယန်ဂျင်ဆင်း၏ ပုံရိပ်ယောင်စွမ်းအားကို ယီယွင်က အမွေဆက်ခံခဲ့သည့်အလားပင်။

ဒုတိယမြောက်ည ကုန်လွန်သွားခဲ့၏။

ယီယွင်က တတိယမြောက် နံနက်ခင်းအထိ သမထထိုင်နေဆဲပင်။ ရုတ်ခြည်းမှာပင် သူ၏ဝိညာဥ်ထဲတွင် တစ်စုံတစ်ခု အက်ကွဲသံကဲ့သို့သော အသံဖျော့ဖျော့တစ်ခုကို သူ ကြားရသည်။

ချက်ချင်းဆိုသလိုပင် သူ၏ခေါင်းထဲတွင် အားကောင်းသော စုပ်ယူအားတစ်ခု ဖြစ်ပေါ်လာသည်ဟု ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှ စိတ်ဝိညာဥ်စွမ်းအင် ၊ သွေး ၊ ခြင်ဆီတို့အားလုံးကို မျက်ခုံးအလယ်သို့ သတိပေးခြင်းမရှိဘဲ စုပ်ယူသွားလေသည်။

ထိုခံစားချက်သည် သူ၏သွေးနှင့် ဝိညာဥ်တို့ကို စုပ်ယူနေသည့်အလား ဖြစ်နေလေသောကြောင့် ယီယွင် ထိတ်လန့်သွားရသည်။

ဒါဘာဖြစ်တာလဲ။

သွေး ၊ ခြင်ဆီ ၊ ဝိညာဥ်တို့က သူ၏မျက်ခုံးအလယ်တွင် တစ်စုံတစ်ခု မွေးဖွားလာတော့မည့်အလား စုစည်းလာကြသည်။ ထို့နောက်တွင်မူ ယီယွင် ပြင်းထန်သော နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။ သူ၏မျက်ခုံးအလယ်ကို တစ်စုံတစ်ခုက တူးထုတ်နေသည့်အလားပင် ခံစားနေရသည်။

ယီယွင်၏နဖူးတွင် ချွေးများသီးနေ၏။ သူ ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်စွမ်း မရှိတော့သောကြောင့် ထိတ်လန့်သွားရလေသည်။

ယီယွင် စိတ်ဝိညာဥ်စွမ်းအင်ကို ခရမ်းရောင်သလင်းကျောက်နှင့် ပေါင်းစည်းစေပြီး သူ၏ခန္ဓာကိုယ်ထဲမှ သွေးနှင့်စွမ်းအင်များ ဗြောင်းဆန်နေသည်ကို တည်ငြိမ်စေရန် ကြိုးပမ်းလိုက်သည်။ သို့သော် ထိုအခိုက်တွင် သူ၏မျက်ခုံးအလယ်၌ သွေးနှင့်ဝိညာဥ်တို့မှ ဖြစ်တည်လာသည့် ပုတီးစေ့ကဲ့သို အရာတစ်ခု ရှိနေသည်ကို မြင်လိုက်ရလေသည်။

ထိုပုတီးစေ့က အနက်ရောင်လွှမ်းနေပြီး ဘေးပတ်လည်မှ သွေးကြောများနှင့် ချိတ်ဆက်နေသည်။ ၎င်းက သူ၏ခန္ဓာကိုယ်နှင့် ခွဲထုတ်မရနိုင်အောင် ဖြစ်လာခဲ့လေ၏။

ထိုပုတီးစေ့ ပေါ်လာခဲ့ချိန်တွင် သူ၏ခန္ဓာကိုယ်မှ သွေးများစုပ်ယူခံနေရသကဲ့သို့ ခံစားချက်များ ပျောက်ကွယ်သွားပြီး နာကျင်မှုများ လွင့်ပါးသွားလေသည်။

အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားလေ၏။ တစ်ခုတည်းသော ကွဲပြားချက်မှာ ယီယွင်၏ မျက်ခုံးအလယ်၌ ပုတီးစေ့ငယ်တစ်ခု ဖြစ်ပေါ်နေခြင်းပင်။

အိုး...ဒါကဘာလဲ။

All Chapters