ညကို ပစ်ခတ်သော မြှား
Vol. 13 Ch. 191
ယီယွင် သည် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းထံ ချဉ်းကပ်ရန် ကြိုးစားမှုကို ရပ်တန့်လိုက်သည်။ ယီယွင် နီးကပ်လာလျှင် ဆေးပင်မှာ သံသယစိတ်များ ဖြစ်ပေါ်လာပေလိမ့်မည်။
ယခုအခါ ယီယွင် သည် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းနှင့် မီတာနှစ်ဆယ်ကျော်လောက်သာ ဝေး တော့သည်။ ယီယွင် သည် ထိုအကွာအဝေးကန့်သတ်ချက်တွင် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း ရိပ်မိနိုင်လောက်မည် မဟုတ်ဟု မှန်းဆခဲ့သည်။
ယီယွင် သည် သူ၏တပ်တစ်ထောင် ဓားမောက်အား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လျှက် ပုံရိပ်ယောင်လှည့်စားမှုများကို သတ်ပစ်ခဲ့သည်။
ယီယွင် ၏ သုတ်သင်ခြင်းခံရသော ပျက်စီးခြင်းသားရဲများ၏ သွေးများမှာ နေရာအနှံ စွန်းထင်းပြန့်ကျဲ့နေလျက်ရှိသည်။
ပုံရိပ်ယောင်ကမ္ဘာရှိ ယီယွင်ခန္ဓာကိုယ်အနှံမှာလဲ သွေးများဖုံးလွှမ်းလျက် နီရဲနေချေပြီ။
ဖြည်းညှင်းစွာပင် ယီယွင်၏ မျက်လုံးများ နီရဲလာကာ နဂိုက ကြည်လင်မဲနက်နေသော မျက်လုံးများထဲတွင် သွေးဆာနေသည့် ပုံစံဖြစ်ပေါ်လာသည်။ သတ်ဖြတ်ခြင်းလောကတွင် လုံးလုံးလျားလျား နစ်မြုပ်နေခဲ့သကဲ့သို့၊ တဖြည်းဖြည်း အသိတရားများ ပျောက်ဆုံးသွားသလိုပင်။
ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း သည် လူတစ်ဦးကို ပုံရိပ်ယောင်ထဲတွင် ထာ၀ရ ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်နိုင်သည်။ အကယ်၍ ထိုလူက ပုံရိပ်ယောင်အတွင်းမှ မနိုးထနိုင်ပါက၊ ၎င်းသည် ကိုယ်တွင်းရှိ ယွမ်ချီစွမ်းအင် အားလုံးကို လောင်ကျွမ်းစေကာ နောက်ဆုံးတွင် မောပန်းနွမ်းနယ်ကာ သေဆုံးစေမည်ဖြစ်သည်။
ယီယွင် တဖြည်းဖြည်း ရူးသွပ်လာသည်။ သူသည် တပ်တစ်ထောင် ဓားမောက်ကို အရူးအမူး လှည့်ပတ်နေသဖြင့် ချောက်ကမ်းပါးကို ပွင့်ထွက်သွားပုံ ပေါ်သည်။
ထိုအချိန်တွင် ယီယွင် က ထိုက်ခန်း လေး ကို ဆွဲလိုက်လေသည်။
"ဝူး အိုး အိုး"
ယီယွင် သည် နဂိုမူလ ပုံရိပ်ယောင်များကို မြားများဖြင့် စတင်ပစ်ခတ်လေသည်။
လေစီးမြားဖြင့် ထိမိသော ပုံရိပ်ယောင်များမှာ ပေါက်ကွဲထွက်ကုန် လေသည်။
ဤသည်မှာ ယီယွင် ၏ နောက်ဆုံးပြင်ဆင်မှုဖြစ်သည်။ ထိုက်ခန်း လေး ကို ဆွဲထုတ်ခြင်းဖြင့် ယီယွင် သည် အတတ်နိုင်ဆုံး အချိန်တိုအတွင်း ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း ကို တိုက်ခိုက်နိုင်သည်။ တပ်တစ်ထောက်ဓားမောက်အား ထိုက်ခန်း လေး သို့ပြောင်းခြင်းသည် အချိန်အနည်းငယ်ကြာမည် ဖြစ်ပြီး ထိုအချိန်တိုလေးသည် ရှေးဦးဆေးပင်ကို လက်လွှတ်ဆုံးရှုံးရနိုင်သည်။
ယီယွင် က မြားများ၏ အမြန်နှုန်းကို တမင်တကာ အရှိန်လျှော့ထားလေသည်။ မြားတစ်စင်းစီ၏အမြန်နှုန်းကို ယီယွင် ၏အမြင့်ဆုံးမြန်နှုန်း၏ သုံးပုံတစ်ပုံခန့်သာအသုံးပြုထားလေသည်။ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းအတွက် ထိုမြားများသည် နှေးကွေးလွန်းကာ အရုပ်များသဖွယ်ဖြစ်နေသဖြင့် ၎င်းအတွက် အန္တရာယ်မရှိပေ။
ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းမှာ ယီယွင်ပျက်စီးသေဆုံးမည့် အချိန်ကိုစောင့်နေလေသည်။ ထိုလူသားသည် ပုံရိပ်ယောင်ထဲသို့ အလုံးစုံ နှစ်မြှုပ်ပြီး ရူးသွပ်သွားကာ ပင်ပန်းနွမ်းနယ်မှုကြောင့် သေဆုံးမည့် အချိန်တစ်ခုသာ ရှိတော့မည် ဖြစ်သည်။
ထိုလူသား၏အန္တရာယ်ကို ဖယ်ရှားခြင်းဖြင့်၊ရှေးဦးဆေးပင်သည် ဆေးပင်တောင်အတွင်း ယန်သွေးပန်းကို ပြုစုပျိုးထောင်ပြီး သန့်စင်သော ယန်ချီ စွမ်းအင် ကို ဖြည်းညှင်းစွာ စုပ်ယူနိုင်မည်ဖြစ်သည်။
နှစ်ထောင်ပေါင်းများစွာကြာသောအခါတွင် ရှေးဦးဆေးပင်သည် ၎င်း၏ ဆင့်ကဲဖြစ်စဉ်ကို ပြီးမြောက်စေကာ ပိုမိုအားကောင်းလာသည်။ ထိုသို့ဖြစ်သောအခါ၊ တိုင်အာ နတ်မြို့တော် ဆေးတောင်တန်း၏ တံဆိပ်ခတ်ထားသည့်အစီအရင်အတွင်းမှ လွတ်မြောက်သွားနိုင်သည်။
ထိုဆေးတောင် အမှတ်၆၀၏ အစီအရင်ကို တိုင်အာ နတ်မြို့တော် ၏ပထမဆုံးသောဧကရာဇ်မှ စီရင်ခဲ့လေသည်။ ထို့အတွက်ကြောင့် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း သည် ဤဆေးပင်တောင်ပေါ်တွင် နှစ်ထောင်ပေါင်းများစွာ ပိတ်မိနေခဲ့သည်။ထိုထောင်ကဲ့သို့ အစီအရင်အတွင်းမှ လွတ်မြောက်လိုသည်။
ထိုမှ လွတ်မြောက်သောအခါ၊ ၎င်းသည် နတ်အရိုင်းတောသို့ ၀င်ရောက်လျှက် အံ့သြဖွယ်နယ်မြေများကိုရှာဖွေကာ သန့်စင်သော ယန်ဆေးဖက်ဝင်အပင် များကို ရှာဖွေနိုင်မည်ဖြစ်သည်။ ယန်ဆေးပင်များ၏ စွမ်းအင်များကို တဖြည်းဖြည်း စုပ်ယူကာ ယခုထက် ပို၍ကြီးထွားလာနိုင်ပေမည်။
ယခုအခါ ထိုယန်သွေးပန်း တစ်ပင်ထဲသာရှိသည့်အတွက် ကံမကောင်းလှပေ။
သွေးယန်ပန်းနှစ်ပွင့် သို့မဟုတ် အခြားသော သန့်စင်သော ယန်ဆေးဖက်ဝင်အပင် များရှိပါက၊ ကောင်းကင်ခရမ်းရောင် ယန်ဂျင်ဆင်းအတွက် ကောင်းကင်အဆင့်ယွမ်ချီအား ပိုမိုစုပ်ယူနိုင်မည်ဖြစ်သည်။ ထိုရှေးဦးဆေးပင်၏ အစီအရင်မှ လွတ်မြောက်ရန် နှစ်တစ်ထောင်ခန့် လိုအပ်ပေမည်။
ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း သည် အနာဂတ်ကို တွေးတောရန်အတွက် ၎င်း၏ဉာဏ်ရည်ဉာဏ်သွေးကို အသုံးချခဲ့သည်။ ရုတ်တရက်၊ ကောင်းကင်အဆင့် ယွမ်ချီစွမ်အား တွင် အပြောင်းအလဲ အနည်းငယ် ဖြစ်ပေါ်လာသည်။
မနီးမဝေးရှိ အစီအရင်ပြား ဆီမှ တိုးညှင်းသောအသံထွက်လာကာ မီးတောက်တစ်ခုသဖွယ် လောင်ကျွမ်းသွားလေသည်။
ထိုမီးတောက်၏ အရင်းမြစ်မှာ ယင်လပြည့်ည အစီအရင်အား အသက်ဝင်စေသော အဆောင် လက်ဖွဲ့မှဖြစ်သည်။
အမှန်ပင် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း ဟာ အသက်ဝင်စေသော အဆောင် လက်ဖွဲ့ကဲ့သို့ အရာများကို နားမလည်သလို လောင်ကျွမ်းနေသော မီးတောက်ရဲ့ အဓိပ္ပါယ်ကိုလည်း နားလည်နိုင်စွမ်းမရှိချေ။
အန္တရယ်များကို ကာကွယ်ရန်အနေဖြင့် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း သည် အစီအရင်ပိုင်ရှင် ယီယွင် ကို စောင့်ကြည့်နေခဲ့သည်။ ရှေးဦးဆေးပင်မြင်တွေ့နေရသည်မှာ ထိုက်ခန်း လေး ဖြင့် ဦးတည်မဲ့ပစ်ခတ်နေသော ယီယွင်ကိုသာဖြစ်သည်။ ယီယွင် ၏ မျက်လုံးများသည် နီမြန်းနေလျက် မျက်လုံးသူငယ်အိမ်များမှာလည်း အာရုံစူးစိုက်မှု မရှိတော့ပေ။ ယီယွင်၏ အရှိန်မှာ တဖြေးဖြေး နှေးကွေးလာကာ သိသိသာသာ လျော့ကျသွားသည်။
ယီယွင် သည် အစီအရင်ပြား ၏ပြောင်းလဲမှုနှင့် မသက်ဆိုင်သလိုပင်။
သို့သော် အမှန်မှာ၊ အစီအရင်ပြားများကို အသက်၀င်အောင် လုပ်ပြီးသည်နှင့် ရလဒ်ဖြစ်ပေါ်လာမည် ဖြစ်သည်။
သို့ရာတွင် ထိုအစီအရင်ပြား၏ပိုင်ရှင်သည်စိတ်နောက်သွားသောအခါ အစီအရင်ပြားမှာ ဆက်လက်လည်ပတ်နေလိမ့်မည်၊ ထို့နောက် ၎င်းအစီအရင်မှာ ဖြည်းဖြည်းချင်းထိန်းချုပ်မှုများ ဆုံးရှုံးသွားကာ ၎င်း၏မူလစွမ်းအင်များကိုပါ ထုတ်နိုင်တော့မည်မဟုတ်ပေ။
ဟူ ဟူ ဟူ
ယင်လပြည့် အစီအရင်ပေါ်ရှိ အဆောင် လက်ဖွဲ့မှာ လောင်ကျွမ်းသွား လေသည်။
ထိုအစီအရင်ပြားသည် ဆယိမိုင်အတွင်းရှိ ယင်ချီ ကို စုစည်းထားသည်။ အသက်၀င်နေသော အဆာင် လက်ဖွဲ့ လောင်ကျွမ်းသွားသောအခါ၊ ဤ ယင်ချီများမှာ ပြန့်ကျဲသွားကာ ယင်ချီ ဒြပ်ထုများမှာ နေရာအနှံ့ ပျံ့နှံ့သွားသည်။
“ဘက်(စ်)”
လေပွေငယ်တစ်ခုအသွင် လှည့်ပတ်သွားကာ သိပ်သည်းပြီး မတည်ငြိမ်သော ယင်ချီများကို ထုတ်လွှတ်လိုက်သည်။
အေးစက်လှသောလေ၏ဗဟိုတွင် လေပွေငယ်တစ်ခုရှိပြီး အရပ်မျက်နှာအားလုံးသို့ ကျယ်ပြန့်လျက် ၎င်းဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖျက်ဆီးသွားသကဲ့သို့ ဖြစ်နေသည်။ ၎င်း၏ စွမ်းအားသည်လည်း တိုးလာခဲ့သည်။
ထိုအချိန်သည် တစ်နေ့တာအတွင်း ယင်ချီစွမ်းအင် အပြင်းထန်ဆုံး အချိန်ဖြစ်သည်။ ယင်လပြည် အစီအရင်၏ ပေါက်ကွဲသံသည် ယင်ချီစွမ်းအင် အမြင့်ဆုံးသို့ရောက်ရှိစေခဲ့သည်။
ယင်ချီ လေပွေနှင့် မနီးမဝေးရှိ ယန်သွေးပန်းမှာ မြေအောက် နက်ရှိုင်းစွာ နစ်မြုပ်နေသော်လည်း ထိုစွမ်းအင်လှိုင်းများက ဖြိုခွင်းနေဆဲဖြစ်သည်။ ၎င်း၏ကိုယ်ခန္ဓာမှ ထွက်သော အလင်းတန်းများ ကွယ်ပျောက်သွားကာ သာမန် အနီရောင် အသီးတစ်လုံးနှင့် မခြားနားတော့ပေ။
ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းမှာမူ ရှေးဦးအပင်ဖြစ်သဖြင့် ၎င်းဆေးပင်အား အလွန်အကျွံမထိခိုက်စေနိုင်ပေ။
သို့သော် ဖရိုဖရဲအခြေအနေနှင့် ထူထပ်သော ယင်ချီ လေပွေကြောင့် ကောင်းကင်ခရမ်းရောင် ယန်ဂျင်ဆင်းကို ထိတ်လန့်သွားစေသည်။
ရှေးဦးဆေးပင်မှာ သွေးယန်ပန်းကို တတ်နိုင်သမျှ အမြန်ဆုံး ယူဆောင်သွားချင်သည်။ သို့သော် ယီယွင်မှာလည်း ရူးသွပ်လုနီးပါး ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် အောင်မြင်မှုနှင့် ခြေလှမ်းတလှမ်း အလိုတွင် မရပ်တန့်ချင်ပေ။
တကယ်လို့ ထိုလူသားအား မဖယ်ရှားနိုင်ခဲ့ပါက ထိုလူသားသည် ဘယ်လောက်ပဲ စဉ်းစားနိုင်စွမ်းမရှိပါစေ တစ်ခုခု မှားနေပြီဆိုသည်ကို ရိပ်မိနိုင်သည်။ ထို့နောက် တိုင်အာနတ်မြို့တော်သို့ ပြန်ကာ မြို့တော်ရှိ အကြီးအကဲများထံသို့ သတင်းပို့လိုက်ပါက မိမိရှေးဦးဆေးပင်၏ သာယာသောနေ့ရက်များမှာ ကုန်ဆုံးသွားမည် ဖြစ်သည်။ လူသားပညာရှင် များသည် ထိုဆေးတောင်အမှတ် ၆၀သို့ မကြာခဏ ဆိုသလိုလာရောက်ကြမည်ဖြစ်ကာ ၎င်းတို့ကို အမြဲတစေ သတိထားရပေလိမ့်မည်။ ထိုအခါ ယန်သွေးပန်းကို ပြုစုပျိုးထောင်ခြင်း နှင့် သန့်စင်သော ယွမ်ချီ ကို စုပ်ယူရန် နည်းလမ်းရှိတော့မည် မဟုတ်ပေ။
စက္ကန့်ပိုင်းအနည်းငယ်အတွင်း၌ပင် ထိုလူသားကို အဆုံးသတ် နိုင်တော့မည်။ ထိုအခါမှ စိတ်ချလက်ချ ထွက်ခွာသွားနိုင်ပြီဖြစ်သည်။ ထို့နောက်တွင် အစီအရင်ပြားသည် မည်သို့ပင် ပြုမူပါစေ၊ ယင်းနှင့် မည်သည့်သက်ဆိုင်မှုမျှ ရှိတော့မည် မဟုတ်ပေ။
ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း ၏ အတွေးသည် ပြီးပြည့်စုံသော်လည်း ရုတ်တရက် ထူးဆန်းမှုတစ်ခု ဖြစ်ပျက်သွားသည်။
ယင်ချီလေပွေ ဖြစ်အောင် စုစည်းထားသော ထိုယင်လပြည့် အစီအရင်သည် လူ့လက်မောင်းအရွယ်ခန့် ရှိသော လေပွေမြားကို ရုတ်တရက် ပစ်လွှတ်လိုက်သည်။
ထိုလေပွေမြားသည် ၎င်း၏ စွမ်းအင်များ ပြည့်လျှံနေသောကြောင့် ယင်လပြည့် အစီအရင်မှ မတော်တဆ ပစ်လွှတ်လိုက်ပုံရသည်။
လေပွေမြားသည် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း ဆီသို့ ဦးတည်လာခြင်းမရှိပေ၊ အကြောင်းမှာ ထိုသို့ဦးတည်လာပါက ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း သည် ၎င်းမြားအား အလွယ်တကူ ရှောင်တိမ်းနိုင်သောကြောင့် ဖြစ်သည်။
သို့သော် မြားမှာ ယန်သွေးပန်းဆီသို့ ဦးတည်သွားလေသည်။
ယင်ချီလေပွေသည် ယန်သွေးပန်းနှင့် အလွန်နီးကပ်လာလေသည်။ ယန်သွေးပန်း တွင် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်စွမ်းမရှိသောကြောင့်၊ ထို ယင်ချီလေပွေ၏ တိုက်ခိုက်မှုကြောင့် သေဆုံးမည်မှာ သေချာလှသည်။
ထိုကဲ့သို့အဖြစ်မျိုးကို ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းက လုံးဝအဖြစ်ခံမည် မဟုတ်ပေ။
ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း သည် သန့်စင်သော ယန်ချီစွမ်းအင် ကို အဆက်မပြတ်စုပ်ယူရမည်ဖြစ်ကာ ထို့မှသာ တိုင်အာ ဆေးပင်တောင်မှ လွတ်မြောက်နိုင်မည်ဖြစ်သည်။ ထိုယန်သွေးပန်းမှာ ၎င်းအတွက် အလွန်အရေးကြီးသည်။
ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း သည် ကောင်းကင်အဆင့် ယွမ်ချီ စွမ်းအား ကို စုပ်ယူနိုင်ရုံသာမက နှစ်ထောင်အနည်းငယ်အတွင်း ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း သည် ၎င်း၏ ဆင့်ကဲဖြစ်စဉ်ကို ပြီးမြောက်စေကာ ယန်သွေးပန်းကိုပင် အပြည့်အဝစုပ်ယူနိုင်ခဲ့သည်။ ဤ ယင်ချီ လေပွေမှ ယန်သွေးပန်းအား ဖျက်ဆီးမည်အရေးကို မည်သို့ ခွင့်ပြုနိုင်မည်နည်း။ အကယ်၍ ထိုသို့ဖြစ်ခဲ့ပါက တိုင်အာ ဆေးပင်တောင် မှ မလွတ်မြောက်နိုင်ပဲ နောက်ထပ် နှစ်ပေါင်း နှစ်ထောင်ကျော်ခန့် အချိန်ယူရမည်ဖြစ်သည်။အချိန်ကြာလာသည်နှင့်အမျှ လူသားပညာရှင်များ ရှာတွေ့သွားကြမည် ဖြစ်သည်။
ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း က ယီယွင်အား တိုက်ခိုက်ရန် ၎င်း၏ မှော်ပညာကို အသုံးပြုနေသည့်ကို ဂရုမစိုက်အားပဲ ယန်သွေးပန်းဆီသို့ အသည်းအသန် ပြေးသွားလေသည်။
ယင်လပြည့် အစီအရင်၏ သန့်စင်သော ယင်ချီလေပွေ သည် အန္တရာယ်ရှိသော်လည်း ကောင်းကင်ခရမ်းရောင် ဂျင်ဆင်းအား ထိခိုက်နိုင်စွမ်း မရှိပေ။
သို့သော် ထိုအချိန်တွင် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းသည် ယန်သွေးပန်းဆီသို့ အပြေးသွားကာ၊ ပုံရိပ်ယောင်အတွင်း၌ နစ်မြှုပ်နေပုံရသော ယီယွင် သည် ရုတ်တရက် ပြောင်းလဲသွားလေသည်။
ယီယွင်၏မျက်လုံးများက လင်းလက်လာကာ သိမ်းငှက်ကဲ့သို့ ကောင်းကင်ခရမ်းရောင် ယန်ဂျင်ဆင်း၏ လှုပ်ရှားမှုကို သတိထားကြည့်နေလေသည်။
ယီယွင်သည် အရာအားလုံးကို သပ်ရပ်စွာ အစီစဉ်တကျ ဖန်တီးထားပြီး၊ အားလုံးသည် မျက်စိတစ်မှိတ်တစ်မှိတ်အတွင်း ထိုအခွင့်အရေးကို ဖြစ်ပေါ်စေခဲ့သည်။
ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းအတွက် မြားမှာမည်မျှပင် တိကျမှန်ကန်နေပါစေ ၎င်းအတွက်အဓိပ္ပါယ်မရှိပေ။ ဆေးပင်၏အမြန်နှုန်းသည် အလွန်လျင်မြန်ပြီး တိုက်ခိုက်မှုအားလုံးကို ရှောင်ရှားနိုင်သည်။ ဆေးပင်ကိုတိုက်ခိုက်ရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ ၎င်း၏နောက်ထပ်လှုပ်ရှားမှုကို ခန့်မှန်းရန်ဖြစ်သည်။
၎င်းမှာ ယီယွင် ရဲ့ တစ်ခုတည်းသော အခွင့်အရေးပင်။
ယီယွင်သည် တဒင်္ဂလှုပ်ရှားမှု ၏ ကြီးမားသော အောင်မြင်မှုအဆင့်သို့ ရောက်ရှိပြီးအချိန်မှစကာ အသေးစိတ်အချက်အလက်များကို တိုင်းတာနိုင်ပြီး လွန်ကဲသောကန့်သတ်ချက်တစ်ခုသို့ ပြောင်းလဲနိုင်ခဲ့သည်။ တစ်ခဏချင်းမှာပဲ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းပြုလုပ်မည့် လမ်းကြောင်းကိုပါ တွက်ချက်နိုင်ခဲ့သည်။
ထိုက်ခန်း လေး သည် ပြောင်လက်တောက်ပနေကာ အနက်ရောင် လေးကြိုးမှာလည်း တင်းကျပ်လျက် အဆင်သင့်ဖြစ်နေလေပြီ။
ယီယွင် သည် လေးကြိုးကိုဆွဲကာ ရှေးဦးသတ္တ၀ါကြီး၏ ပုံရိပ်ယောင်အား တိုက်ခိုက်နေပုံဟန်ဆောင်လျက် အဆုံးသတ် တိုက်ခိုက်ရန်အတွက် စောင့်ဆိုင်းနေလေသည်။
ယီယွင် ၏ စွမ်းအင်အားလုံးသည် ဆူနာမီလှိုင်းလုံးများကဲ့သို့ ထိုက်ခန်း လေး သို့ထည့်သွင်းထားလေသည်။ ထူးထူးခြားခြား သွန်းလုပ်ထားသော ထိုက်ခန်း သတ္တုသည် ကြည်လင်ပြတ်သားသော အသံထွက်လာကာ ယီယွင်က သူ့လက်ချောင်းများကို လွှတ်ပေးလိုက်သည်။
"ပင်း"
လေထုထဲတွင် မိုးခြိမ်းသံ ထွက်ပေါ်လာသလိုပင်။ ထိုက်ခန်း လေး ၏ လေးကြိုးသည် ရှေ့သို့ တိုးသွားကာ ကြီးမားသော တွန်းအားကို လေစီးမြားဆီသို့ ပို့လိုက်သည်။ ဤကြီးမားလှသောစွမ်းအားဖြင့် မြားသည် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း သို့ ဦးတည်ပျံသန်းသွားကာ အလင်းတန်းတစ်ခုဖြစ်ပေါ်စေသည်။
ထိုမြားသည် ယီယွင် ၏ နောက်ဆုံးတိုက်ခိုက်မှုဖြစ်သည်။
လေစီးမြားသည် မျဉ်းလိုင်းတခုသဖွယ် ညအမှောင်တွင် ဖြတ်သန်းပစ်ခတ်သွားလေသည်။
ယန်သွေးပန်းကို ကယ်တင်ရန် စိတ်အားထက်သန်သော ကောင်းကင်ခရမ်းရောင် ယန်ဂျင်ဆင်းအား မြှားနှင့် ထိတော့မည် ဖြစ်သည်။
ရှေးဦးဆေးပင်၏ နောက်ဆုံးအခိုက်အတန့်သို့ရှိပုံရပြီး ခရမ်းရောင်သွေး၏အလယ်အလတ်အဆင့်၌သာရှိသော အသက်ဆယ့်နှစ်နှစ်အရွယ် ကောင်လေး ယီယွင်မှာ ဤမျှထိတ်လန့်ဖွယ်ကောင်းသောထိုးနှက်ချက်အား ကျားတစ်ကောင်ကဲ့သို့ ရုတ်တရက်ပြုလုပ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
သွေးယန်ပန်းကို တိုက်ခိုက်ရန် ယင်လပြည့် အစီအရင်ကို အသုံးပြု၍ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း၏ အာရုံကို အပြည့်အဝ လွှဲပြောင်းစေကာ နောက်ဆုံးတွင် ထိုဆေးပင်၏ လမ်းကြောင်းကို တွက်ချက်ခဲ့သည်။
အရာအားလုံးမှာ ပြီးပြည့်စုံလွန်းလှသည်…