← Chapters

တံခါးစောင့် အကြီးအကဲ

Vol. 13 Ch. 182

တံခါးစောင့် အကြီးအကဲ

Vol. 13 Ch. 182

ယီယွင် သည် ပြဒါးစီး၀တ်ရုံ ကို ဝတ်ဆင်ထားသော်လည်း အရှိန်မှာ မယုံနိုင်ဖွယ်ကောင်းအောင် အရှိန်ရနေပြီဖြစ်သည်။

ပြဒါးစီး၀တ်ရုံ ကို အနိမ့်ဆုံးအလေးချိန်အထိသို့ လျှော့ချခဲ့သော်လည်း၊ ၎င်း၀တ်ရုံမှာ ဒယ်ဆောက် ၁၀ လုံးအလေးချိန် ရှိသေးသည်။ ထိုအလေးချိန်နှင့် ခွန်အားကန့်သတ်ချက်အောက်တွင် မထိခိုက်နိုင်ခြင်းမှာ အံဩဖွယ်ကောင်းလှသည်။ သို့သော် တဒင်္ဂလှုပ်ရှားမှုကို ယီယွင်မှ အပြည့်အ၀ နားလည်သွား‌သောကြောင့် ထိုဒဏ်များကို လုံးဝလျစ်လျူရှုနိုင်ခဲ့သည်။

ယီယွင် ရုတ်​တရက်​ရပ်​တန့်လိုက်ကာ လက်​နှစ်​ဖက်​လုံးဖြင့် လေထဲသို့ လက်သီးများထိုးလွှတ်လိုက်‌ ‌လေသည်​။ ယီယွင်ခန္ဓာကိုယ်​​မှ​ အသံများပင် ထွက်လာလေ၏​။

“ချလွမ်”

သတ္တုမြည်သံနှင့်အတူ တပ်တစ်ထောင်ဓားမောက် ဓားအိမ်မှ ကျွတ်သွားလေသည်။

ဓားမောက်တွင် လရောင်ကြောင့် ရောင်ပြန်ဟပ်ကာ တောက်ပလာသည်။

ဓားသွား၏အရိပ်များသည် လေထဲသို့ တိုးဝင်လာကာ ရေပက်မ၀င် နိုင်လောက်အောင် လျင်မြန်လှပေသည်။

ထိုကဲ့သို့ တောက်ပနေသော ဓားသွားသည် ကျင့်ကြံခြင်းအခန်း အတွင်းတွင် လေပွေငယ်တစ်ခု ဖြစ်ပေါ်လာ‌စေသည်။ သို့သော်လည်း အခန်းတွင်းရှိ ပရိဘောဂများကို တစ်စုံတစ်ရာ ပျက်စီးခြင်းမရှိပေ။ ၎င်းမှာ ယီယွင် စွမ်းအင်ကို အကြွင်းမဲ့ ထိန်းချုပ်ထားခြင်းကြောင့်‌ ဖြစ်သည်။

“ပြီးပြီ”

တပ်တစ်ထောင်ဓား‌မောက်ကို ဓားအိမ်ထဲပြန်သွင်းလိုက်တဲ့အခါ၊ ယီယွင်၏ခန္ဓာကိုယ်မှာလည်း လှုပ်ရှားမှုများမှ ရုတ်တရက်ငြိမ်သက် သွားခဲ့‌လေသည်။ ထိုပြောင်းလဲမှုများမှာ အလွန်မြန်ဆန်လွန်းသဖြင့် ရူပဗေဒသဘောတရားများကို ချိုးဖောက်နေသလိုပင်။

ယီယွင် သည် အခန်းမှောင်ထဲတွင် ငြိမ်သက်စွာ ရပ်လျှက်ရှိသည်။ ကျင့်ကြံခြင်းခန်းတိုင်းမှာ အတူတူပင်ဖြစ်သည်။ ကျင့်ကြံခြင်းခန်း၏ အစီအရင်ထဲသို့ ဝင်ရောက်လာသော လရောင်သည် ကြမ်းပြင်မှ ရောင်ပြန်ဟပ်ကာ အဖြူရောင်အလွှာတစ်ခု ဖြစ်ပေါ်လာသည်။ ထိုရောင်ပြန်ဟပ်မှုပေါ်တွင် ယီယွင်မှာ လုံးဝငြိမ်သက် နေလေသည်။ တစ်ကြိမ်တစ်ခါမျှ လှုပ်ရှားမှုမရှိခဲ့ သလိုမျိုး‌ပင်...

ထို့ကဲ့သို့ စွမ်းအင်များကို လွတ်လပ်စွာ လက်ခံရရှိခြင်းနှင့် စေလွှတ်နိုင်စွမ်းများကြောင့် ယီယွင်မှာ အလွန်နှစ်သက်သဘောကျ လျှက်ရှိသည်။

"ကောင်းလိုက်တာ တကယ်ကို ကြည်နူးစရာပဲ"

ယီယွင် ပျော်ရွှင်မှုများမှာ ကြာရှည်မခံလိုက်ပေ။ ယီယွင် သည် ရှေးဦး‌သွေးမျိုးစိတ်များ၏ စွမ်းအင်ကို ပိုမိုတောင်းတလာကာ နတ်အရိုင်းမြေ ကျောင်းတော်ခန်းမ သို့ နောက်တကြိမ် ထပ်ဝင်ရန် အတွက် လိုအပ်လာလေသည်။

လက်ရှိအချိန်တွင် ဆေးဖက်၀င်ပင်ရှာ‌‌ဖွေခြင်း ကိုသာ အားကိုးနေရပေသည်။

ထိုအလုပ်မှာ ယီယွင်ဘဝ၏ ကောင်းချီးတစ်ခုလိုပင်။ ၎င်းအလုပ်က ယီယွင်အား အခြေခံအကျဆုံးစုဆောင်းမှု စွမ်းရည်ကို ပေးခဲ့သည်။ ထိုသို့မဟုတ်ပါက ယီယွင်၏ လက်ရှိစွမ်းအားအရ တိုင်အာနတ်မြို့တော် တွင် မှော်နဂါးကြေးပြားများကို လျင်မြန်စွာစုဆောင်းရန် ခက်ခဲပေလိမ့်မည်။ လေးနှစ်ကျော် ပြုစုပျိုးထောင်ခဲ့သော စစ်သည်အားလုံးမှာ ယီယွင်ထက် အများကြီး သန်မာကြပေသည်။

ယီယွင် သည် တပ်တစ်ထောင် ဓားမောက်ကို ကိုင်ကာ ကျင့်ကြံခြင်းအခန်း အတွင်းမှ ထွက်လာလေသည်။

ကျင့်ကြံခြင်းအခန်းနှင့် မနီးမဝေးတွင် နတ်အရိုင်း‌မြေ ကျောင်းတော်ခန်းမကို ကြီးကြပ်ကွပ်ကဲသည့် အဖိုးအိုတစ်ဦး ရပ်နေသည်။ အဖိုးအို မျက်ခုံးကြားက အနီရောင်ကျောက်မျက်ရတနာဟာ လရောင်အောက်တွင် လင်းလက်တောက်ပနေလေသည်။

အဖိုးအိုက ယီယွင် အား ထူးထူးခြားခြား ကြည့်ပြီး "အိုး၊ မင်း ချိုးဖြတ်ပြီးပြီလား"

ဤအဖိုးအိုသည် သူ၏နတ်မျက်လုံးများကို ဖွင့်ထားပြီး ယီယွင် ၏ ကျင့်ကြံခြင်းအဆင့်ကို ပြောပြနိုင်ခဲ့သည်။ ယီယွင် သည် အစောပိုင်းအဆင့် ခရမ်းသွေးနယ်ပယ် ကျင့်ကြံခြင်းခန်းမသို့ ဝင်ရောက်ခဲ့သော်လည်း အလယ်အလတ်အဆင့် ခရမ်းရောင်နယ်ပယ် အဖြစ် ပြန်ထွက်လာသောကြောင့် အဖိုးအိုမှာ အံ့အားသင့်နေလေသည်။

“မဆိုးဘူး”

အဖိုးအိုက မုတ်ဆိတ်မွေးကို လက်ဖြင့် သပ်လိုက်လေသည်။ ဘေးဖက်မှကြည့်လျှင် အဖိုးအို၏မျက်ခုံးကြားရှိ အနီရောင်ကျောက်မှာ သည် မျက်လုံးတစ်လုံးကဲ့သို့ ဖြစ်နေကာ ထူးဆန်းသောခံစားချက်ကို ပေါ်လွင်စေသည်။

ယခင်က ချီမယ်ရာ ခန်းမအတွင်း လေကျင့်ပြီးနောက်တွင် ယီယွင်က၎င်းနေအိမ်သို့ ပြန်သွားခြင်းကြောင့် အဖိုးအိုကို သတိမထားမိခြင်း ဖြစ်‌သည်။

ယခုတွင် ယီယွင်က အဖိုးအိုအား သတိထားကြည့်မိသောအခါ နက်နဲသော ရေကန်တစ်ခုအသွင် နားမလည်နိုင်သည့် အသွင်အပြင်ရှိနေ လေသည်။

သို့သော် ရုတ်တရက် နားမလည်နိုင်သော ခံစားချက် ပျောက်ကွယ်သွားကာ အဖိုးအိုမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား‌သည်။ မတည်မငြိမ်ဖြစ်‌နေသော ယွမ်ချီ စွမ်းအား အနည်းငယ်မျှပင် မကျန်ခဲ့‌ချေ။ယီယွင် ရှေ့မှ အဖိုးအိုသည်လည်း သာမန်သေမျိုးများ ကဲ့သို့ပင် ပြောင်းလဲသွားလေသည်။

ထိုရုတ်တရက်ပြောင်းလဲမှုသည် ယီယွင်ကို ထိတ်လန့်သွားစေခဲ့သည်။

ယီယွင်မှာ သက်ပြင်းရှည်ကြီး ချလိုက်လေသည်။ တိုင်အာ နတ်မြို့တော်တွင် စွမ်းအင်ကြီးမားသော်လည်း ဂုဏ်သတင်းမကျော်‌ကြားသော ပုဂ္ဂိုလ်ပေါင်းများစွာ ရှိသည်။

ယီယွင် သည် အဖိုးအို၏ ကျင့်ကြံမှုအဆင့်ကို မပြောနိုင်ပေ။ ‌သို့သော် အဖိုးအိုမှာ မြင့်မားသော အဆင့်တွင် ရှိလိမ့်မည်ဟု ယီယွင် ခန့်မှန်းမိသည်။

တိုင်အာနတ်မြို့တော် တွင် လူအများအပြားသည် ကြီးမား‌ထင်ရှားသော ရာထူးများ မရှိကြသော်လည်း အားလုံးမှာ ထိပ်တန်းပြိုင်ဘက်ကင်းများ ဖြစ်ကြလေသည်။

ယီယွင်ရှေ့မှ အဖိုးအို၊ နည်းပြဆရာ ချင် နဲ့ ဆေးပင်ရုံးမှ ၀မ်တို့မှာ လူသားများထဲတွင် အလွန်ကျွမ်းကျင်ကြသူပင် ဖြစ်ကြသည်။

"ကံကောင်းတဲ့ အောင်မြင်မှုလား။ မင်းဟာ လူသစ်တစ်ယောက်လိုပါပဲ။ မှော်နဂါး ကြေးပြား တစ်ထောင်လောက် ဝင်ငွေရှိပြီး နတ်အရိုင်းမြေ ကျောင်းတော်ခန်းမ ကို ထပ်ပြီး လာနိုင်တယ်ဆိုတာ မဆိုးဘူးလို့ ပြောရမယ်"

အဖိုးအိုကမေးစေ့ကို ပွတ်သပ်သည်။ တချို့သော လူသစ်များသည် စွမ်းရည်ထက်မြက်ကြပြီး လောင်းကစားတိုက်ပွဲများ၊ အရောင်းအ၀ယ် သို့မဟုတ် ၎င်းတို့၏ ဆရာများထံမှ မှော်နဂါး ကြေးပြားများကို အမြန်ဆုံး ရရှိနိုင်ကြလေသည်။

ယီယွင် ဘာမှပြန်မဖြေ‌ရသေးခင် အဖိုးအိုက ပြုံးလျှက် ရုတ်တရက်အလျင်အမြန် လှုပ်ရှားလိုက်လေသည်။

အဖိုးအိုမှာ လက်ညိုးကို ဆန့်ထုတ်ကာ ယီယွင် ၏ မျက်ခုံးနှစ်ခု အလယ်သို့ ညွှန်ပြလိုက်သည်။

အဘိုးကြီး၏ အရှိန်သည် မြန်ဆန်ခြင်းမရှိသော်လည်း၊ လက်ချောင်းများတွင် ဖော်ပြ၍မရနိုင်သော ဆန်းကြယ်မှုတစ်ရပ် ပါရှိနေသကဲ့သို့ ရှိပြီး ယီယွင်အား စိုးရိမ်ထိတ်လန့်သွားစေသည်။

ယီယွင်မှာ ဘာမျှမတွေး‌တောမနေဘဲ နောက်သို့ခုန်လိုက်တာ တပ်တစ်ထောင်ဓားအား ထုတ်လိုက်လေသည်။

လူတစ်ရပ်ခန့်ရှိသော ဓားမောက်ဖြင့် အဖိုးအိုအား ခုတ်လိုက်လေသည်။

ယီယွင်မှာ အလျော့ပေးခြင်းမရှိသလို၊ တပ်တစ်ထောင် ဓားသွားက အဖိုးအိုအား ထိခိုက်မိမှာကိုလဲ မစိုးရိမ်ပေ။ ထိုသို့စိုးရိမ်နေခြင်းမှာလည်း အဓိပ္ပါယ် မရှိလှချေ၊ အဘယ်ကြောင့်ဆိုသော် မိမိမသိနိုင်‌သော ကျင့်ကြံခြင်းအဆင့်ရှိသော အဖိုးအိုအား တိုက်ခိုက်နိုင်ပါက တိုင်အာနတ်မြို့တော်မှာ နည်းပြတစ်ယောက်ပင် ဖြစ်လာနိုင်သည်။

"အာ အင်း" အဖိုးအိုက အော်လိုက်‌သည်။ “လူယုတ်မာလေး၊ မင်းမလွယ်တာတော့ သေချာတယ် မင်း လူကြီးတွေကို လေးစားဖို့ လိုတယ်ဆိုတာ မင်းမသိဘူးလား”

အဖိုးအိုက ယီယွင် ကို စမ်းသပ်နေသော်လည်း ယီယွင်၏ တုံ့ပြန်မှု ထိုအမျှ မြန်ဆန်ပြီး ပြတ်သားလိမ့်မည်ဟု မမျှော်လင့်ထားပေ။

တခြားလူများမှာ ရုတ်တရက် စမ်းသပ်ခံရတဲ့အခါ အံ့အားသင့်သွားပြီး “ဒီလူကြီး ဘာလုပ်နေတာလဲ”ဟုသာ ကြောင်ကြည့်နေကြမည် ဖြစ်သည်။

သို့သော် ယီယွင် မှာမူ၊ မျက်စိတစ်မှိတ်မျှပင် မကြာသော ခေတ္တခဏအတွင်းမှာပင် ဓားမှာ ဓားအိမ်အပြင်သို့ ထုတ်နှင့်ပြီးသား ဖြစ်နေလေသည်။

ချွန်ထက်သောဓားကို ဆွဲထုတ်လိုက်ရုံသာမက စကားတစ်ခွန်းမှ မပြောဘဲ အဖိုးအို၏ ခေါင်းဆီသို့ ပိုင်းဖြတ်လိုက်သည်။ ထိုတုံ့ပြန်မှုမှာ အဖိုးအိုအတွက် အံ့သြသွားစေကာ တစ်ချိန်တည်းမှာပင် ယီယွင်အား သဘောကျသွားလေသည်။

အဖိုးအိုက အော်နေသော်လည်း သူ့၏လက်လှုပ်ရှားမှုများမှာ တိကျလှသည်။ ယီယွင် ၏ဓားရိုးကို ရိုးရှင်းစွာပင် လှန်လိုက်လေသည်။

"ချလွမ်"

ဓားမြည်သံနှင့်အတူ တုန်ခါမှုတစ်ခုမှာ ယီယွင် ၏ လက်ကောက်ဝတ်သို့ ရောက်ရှိလာသည်။ ယီယွင်လက်ကောက်ဝတ် ထုံသွားသလို ခံစားလိုက်ရပြီး ဓား‌မောက်မှာလည်း လွတ်ကျသွားလေသည်။

ဓား၏ကျောရိုးမှာ အားအနည်းဆုံး အပိုင်းဖြစ်သည်။

အဖိုးအိုမှာ ယီယွင်၏ လှုပ်ရှားမှုများတွင် အားနည်းချက်ကို အလွယ်တကူ ရှာဖွေတွေ့ခဲ့သည်။ထိုနောက်တွင် အဖိုးအို၏ လက်ချောင်းမှာ ရေပြင်ပေါ်ရှိ ပုစဉ်းတစ်ကောင်ကဲ့သို့ ယီယွင်၏နဖူးကို ညင်သာစွာထိလိုက်သည်။

ယီယွင်နဖူးမှာ ထုံသွားသလို ခံစားလိုက်ရသည်။ လျှပ်စီးကြောင်းကဲ့သို့ပင်၊ယီယွင်၏ တပ်တစ်ထောင်ဓားမောက်မှာလည်း ထိုနေရာ၌ပင် လွတ်ကျသွားလေသည်။

ယီယွင် သည် သူ့ကိုယ်သူ ဟန်ချက် ထိန်းရန်အတွက် နောက်သို့ ဆုတ်လိုက်လေသည်။

"ဟဲဟဲ ကောင်လေး၊ ငါမင်းကိုသတ်ချင်ရင် မင်းသေလိမ့်မယ်"

အဖိုးအိုက လက်ချောင်းများကို ပြန်ရုတ်လိုက်လေသည်။

ယီယွင် မှာ အားနည်းသူများကို အနိုင်ကျင့်သော ထိုအဖိုးအိုနှင့် ကြုံတွေ့နေရသဖြင့် စကားမပြောနိုင်ပင် ဖြစ်နေလေသည်။

"ငါ မင်းကို သတ်ချင်ရင် မင်းသေလိမ့်မယ်" ဒါ ဘယ်လိုအဓိပ္ပာယ်မရှိတဲ့ စကားမျိုးလဲ၊ အဖိုးအို၏ အစွမ်းဖြင့် ယီယွင်အား သတ်ရန် လွယ်ကူလှသော်လည်း ယီယွင်မှာ အဖိုးအို၏ တိုက်ခိုက်မှုကို မည်သို့ကာကွယ်ရမည် မသိဖြစ်နေလေသည်။

အဖိုးအိုက ယီယွင်၏ စိတ်ကိုဖတ်ကာ ခေါင်းခါပြပြီး "မင်း စိတ်မကျေမနပ်ဖြစ်နေတာ ငါသိပါတယ်၊ ဒါပေမယ့် မင်းရဲ့ဓါးပေါ်က လက်ညှိုးတစ်ချောင်းက မင်းရဲ့ဓားသွားထက် ၃၀% နှေးကွေးပြီး ဒယ်ဆောက် အိုးတစ်ရာလောက်ပဲ အလေးချိန် ရှိတယ်။ အခြေခံနိယာမအမှန်တရားတွေ ဒါမှမဟုတ် ကောင်းကင်အဆင့် ယွမ်ချီစွမ်းအားတောင် မပါဘူး၊ ရိုးရှင်းတဲ့ လက်ချောင်းတစ်ချောင်းနဲ့ ပုတ်လိုက်ရုံပါပဲ"

"မင်းရဲ့ဓားကို ငါလှန်ပစ်နိုင်ရတဲ့ အကြောင်းရင်းက မင်းရဲ့ဓားပညာမှာ ချို့ယွင်းချက်တွေအများကြီးရှိလို့ပဲ။ ဟာကွက်တွေ ပြည့်နေတယ်" အဖိုးအိုက ဆက်တိုက်‌ပြောဆိုနေသည်။

အဖိုးအို၏ စကားကိုကြားတော့ ယီယွင်မှာ ငြိမ်သက်သွားလေသည်။ သေချာစဉ်းစားကြည့်လျှင် ယီယွင်၏ဓားပညာစွမ်းရည်မှာ ဘာမှမဟုတ်ပေ။ ယီယွင်တွင်ရှိသော ဓားသိုင်းနည်းစနစ် အနည်းငယ်သာရှိသည့် ‘ဆန်းကြယ်မှုကိုးပါး ဓားကောင်းကင်သိုင်း' နှင့် ‘နဂါးနံရိုးကျားအရိုးလက်သီးသိုင်း’ တို့သာဖြစ်သည်။

၎င်းတို့မှာ ရိုးစင်းသော ဓားသိုင်းနည်းစနစ်များဖြစ်သည်။ ထို့အပြင်၊ ယီယွင်၏ ‘ဆန်းကြယ်မှုကိုးပါး ဓားကောင်းကင်သိုင်း’မှာလည်း မသေသပ်လှပေ။

ယီယွင်ထက် သိုင်းပညာအဆင့်နိမ့်ကျတဲ့လူများကို ယီယွင်က အရှိန်နှင့် ခွန်အားဖြင့် ယှဉ်မည်ဆိုပါက ကျိုးခွေ့ ကဲ့သို တစ်ချက်တည်းဖြင့် တစ်ဖက်ကို အလွယ်တကူ တိုက်ခိုက်ချေမှုန်းနိုင်ပေသည်။ အားလုံးမှာ ယီယွင်၏အရှိန်ကြောင့်ပင်။ လျင်မြန်သော လှုပ်ရှားမှုကို အနိုင်ယူရန် နည်းလမ်းမရှိပေ။ အရှိန်မှာ ဓားသိုင်းနည်းစနစ်များတွင် မသက်ရောက်ပေ။

သို့သော် ယနေ့ကဲ့သို့၊ ယီယွင်မှာ ၎င်းထက်များစွာ အားကောင်းသူတစ်ဦးကို တိုက်ခိုက်ပါက ယီယွင် ၏ ဓားသိုင်းနည်းစနစ်များသည် ချို့ယွင်းချက်များနှင့် ပြည့်နှက်နေသည်မှာ ချက်ချင်းသိသာစေသည်။

ယီယွင်မှာ မိမိတွင် ချို့ယွင်းချက်များ များစွာရှိနေသည်ကို သိရှိလိုက်ရကာ ဖိအားများကို စတင်ခံစားလိုက်ရပေသည်။

ယီယွင် ၎င်း၏လှုပ်ရှားမှုစွမ်းရည်တစ်ခုသာ ကောင်းမွန်စွာ ကျွမ်းကျင်ခြင်း ရှိသည်။

တခြားသူများကဲ့သို ယီယွင်မှာ ခွန်အားပိုင်းတွင် ထူးခြားမှုမရှိပေ။ ယီယွင်၏ဓားသိုင်းနည်းစနစ်များသည် ချို့ယွင်းချက်များနှင့် ပြည့်နှက်နေပြီး ‘နဂါးနံရိုး ကျားအရိုးလက်သီးသိုင်း' ကို ကျင့်ကြံခြင်းနည်းစနစ်အဖြစ်သာ သိထားသည်။ ယီယွင်သည် အခြေခံနိယာမအမှန်တရားများကို စတင်နားလည်လာပြီဖြစ်သည်။

တောက်ယွင်ရှောင်း နှင့် လျှိုင်ချမ်းယု တို့အား ယီယွင် က အလွယ်တကူ နှိမ်နင်းနိုင်ခဲ့သည်။ သို့သော် တော်ဝင်မိသားစု သို့မဟုတ် မျိုးနွယ်စုကြီး၏မိသားစုမှ ပြုစုပျိုးထောင်ခဲ့သော လူငယ်သူရဲကောင်းများနှင့် နှိုင်းယှဉ်ပါက ယီယွင်မှာ အလှမ်းဝေးနေသေးသည်။

ယီယွင်၏ မာကျောမူ ခန္ဓာကိုယ် နှင့် နဂါးပေါင်းစည်းမှု သည် နတ်အရိုင်းမြေစခန်း၏ လူတိုင်းတွင်ရှိသောအရာပင် ဖြစ်သည်။

တော်ဝင်မိသားစု ဒါမှမဟုတ် မျိုးနွယ်စုကြီး၏မိသားစုများကြားတွင် ကွာဟချက်က ကြီးမားပြီး သင်ယူစရာ များစွာ ရှိပေသည်။

ယီယွင်အတွက် အချိန်မှာ အဖိုးတန်ပြီး၊ ၎င်း၏မှော်နဂါး ကြေးပြားများသည် ကိန်းဂဏန်းများသာဖြစ်သည်။

အဖိုးအိုက "စစ်သည်တစ်ယောက်အတွက်၊ ၎င်းရဲ့ ကျင့်ကြံခြင်းအဆင့်က အရေးကြီးဆုံးပဲ၊ ဒါပေမယ့် လက်နက်အသုံးပြုမှုကိုလည်း လျစ်လျူရှုထားလို့မရဘူး။ မင်းကို ဓားဒဏ်ရာနန်းတော် ကို သွားကြည့်ဖို့ အကြံပေးတယ်။"

"အိုး ဓားဒဏ်ရာ နန်းတော်"

ယီယွင်သည် ထိုနာမည်ကို ကြားလိုက်ရသောအခါ ဓားနဲ့ပတ်သက်သော နေရာတစ်ခုလို့ ခံစားလိုက်ရသည်။

"အကြီးကဲတွေ၊ ဒီအငယ်တန်းတွေ အားလုံးကအခုဓား‌မောက် ကိုသုံးနေတယ်။ငါကော ဓားမောက်သုံးရမလား၊ ဒါမှမဟုတ် ဓားစွမ်းရည်ကို ဓား‌‌မောက်စွမ်းရည်အဖြစ် ပြောင်းလို့ရမလား"

ယီယွင် သည် ဓားမောက်ကို စတင်အသုံးပြုနေပြီဖြစ်သောကြောင့် ဓားကိုအသုံးပြုရန် ငြင်းပယ်လိုက်ခြင်းက ဘာမှပြောင်းလဲနိုင်မည် မဟုတ်ပေ။

ဓားကောင်းတစ်လက်ကို အသုံးပြုလိုပါက လက်တွေ့အသုံးတည့်သော လက်နက်ကောင်းတစ်ခုကို ဝယ်ယူရမည်ဖြစ်ပြီး၊ ဓားကောင်းတစ်လက်၏ စျေးနှုန်းမှာ မနည်းလှပေ။

"ဟဲဟဲ၊ ဓားဒဏ်ရာ နန်းတော် က ဓားတွေချည်းပဲ မဟုတ်ဘူး။ မင်း အဲဒီကိုရောက်တာနဲ့ သိလိမ့်မယ်။ ဓားဒဏ်ရာ နန်းတော် ကို မင်းပထမဆုံးအကြိမ် သွားမယ်ဆိုရင် ၅၀% လျှော့ဈေးရှိတယ်။ နှစ်နာရီကို မှော်နဂါး ကြေးပြား ၅၀ ပဲရှိတယ်။ နာရီ ၄၀ ဝယ်ဖို့လည်း စဉ်းစားကြည့်နိုင်တယ်..."

အဖိုးအိုက ယီယွင် ကို ပြုံးပြသည်။ ယီယွင်က အံဩစွာဖြင့် ရပ်နေလေသည်။ နောက်ထပ် မှော်နဂါး ကြေးပြား ၁၀၀၀ ပင်။

တိုင်အာနတ်မြို့တော် ၏ အရင်းအမြစ်များသည် အလွန်စျေးကြီးလှသည်။

ကျောက်ချင်ချန်း ကဲ့သို့ မထူးခြားသောလူများမှာ တိုင်အာနတ်မြို့တော် တွင် နေ့စဉ်ဘ၀ အတွက် ကုန်းရုန်းရှာဖွေနေရပေသည်။

သို့ရာတွင် ထိပ်တန်းအရင်းအမြစ်များ၏ တန်ဖိုးမှာ သောင်းနဲ့ချီပြီး ကြီးမားလှပေသည်၊၎င်းမှာ ကြီးမားသောကွာဟချက်ပင်။

တိုင်အာနတ်မြို့တော် မှ ကျွမ်းကျင်သူ ၁၀% သည် အရင်းအမြစ်များ၏ ၉၀%အား ပိုင်ဆိုင်သည်ဟု ချင်ဟုန်စီပြောသည်မှာ အံ့သြစရာမဟုတ်ပေ။

"ကျွန်တော် ဓားဒဏ်ရာ နန်းတော် ကိုသွားချင်ပါတယ်။ တခြားနေရာတွေကိုလည်း သွားချင်ပါတယ်။ဒါပေမယ့် အဲဒီနေရာတွေသွားဖို့ဆို အရင်းအနှီးအများကြီးလိုတယ်။ မှော်နဂါး ကြေးပြား အလုံအလောက်မရှာနိုင်သေးဘူး၊ ခွန်အားတွေမြှင့်ဖို့ လိုအပ်ပြီး အားကောင်းလာတဲ့အခါ မှော်နဂါး ကြေးပြားတွေများများရဖို့အတွက် ပြိုင်ကွင်းကိုသွားမယ်။ အဲဒီမှာဆို ပိုမြန်စေမှာ"

အရင်းအမြစ်များ စုဆောင်းခြင်းသည် အခက်ခဲဆုံးဖြစ်သည်။ ယီယွင် သည် ယခု ခရမ်းသွေးနယ်ပယ်၏ အလယ်လတ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ခရမ်းသွေးနယ်ပယ်၏ နှောင်းပိုင်းအဆင့် သို့မဟုတ် ခရမ်းသွေးနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက်၊ ယီယွင်သည် ပြိုင်ကွင်းထဲတွင် ယှဉ်ပြိုင်ရန် ယုံကြည်မှုရရှိစေမည် ဖြစ်သည်။

ငါးရက်အတွင်းမှာ ယီယွင်မှာ လိုက်လံ‌စုံစမ်းမေးမြန်းလျှက်ရှိသည်။ တိုင်အာနတ်မြို့တော် ကောင်းကင် အဆင့်, မြေကြီး အဆင့်, လူသားဂုဏ် အဆင့်တို့တွင်၊ မြေကြီး အဆင့် သည် ပြိုင်ကွင်းအတွက် ရည်ညွှန်းသောအဆင့်ဖြစ်ကြောင်း သိလိုက်ရသည်။

ပြိုင်ကွင်းပေါ်တွင် နံပါတ်တစ်ဖြစ်ခဲ့သည့် မြေကြီးအဆင့် ပထမဆုံးလူမှာ ချင်ဟောင်ထျန်း ဖြစ်သည်။

ယခင်ကသိမြင်ခဲ့ဖူးသည့် ယန်းချန် နှင့် ယောင်တာအို တို့သည် ဆယ်ဂဏန်းတွင် အဆင့်သတ်မှတ်ခံခဲ့ရသည်။ တိုင်အာနတ်မြို့တော် ကိုရောက်ဖူးတဲ့ ကျင့်ကြံသူတစ်ယောက်အတွက် သုံးနှစ်အတွင်းမှာ ထိုကဲ့သို့သောရလဒ်ရရှိခြင်းသည် အတော်အတန် ထူးချွန်သော အောင်မြင်မှုတစ်ရပ်ပင်ဖြစ်သည်။

All Chapters