← Chapters

ဖန်ဆင်းရှင်...

Vol. 54 Ch. 797

ဖန်ဆင်းရှင်...

Vol. 54 Ch. 797

~သို့သော်ငြားလည်း ထိုအော်ဟစ်သံသည် ခဏမျှသာ တည်တံ့ပြီးနောက် ငြိမ်သက်သွားခဲ့၏။ အင်မော်တယ် ဧကရာဇ်အဆင့် ကျိုယိုမိစ္ဆာသည် ဟုန်းဟုန်းတောက်လောင်နေသော မီးလျှံများနှင့် ပေါက်ကွဲထွက်နေသော ဟင်းလင်းပြင်မုန်တိုင်းတို့၏ တစ်ချိန်တည်းတွင် ဝါးမြိုခြင်းကို ခံလိုက်ရပြီးနောက် လျင်မြန်စွာပင် အပိုင်းပိုင်း စုတ်ပြတ်သွားကာ နောက်ဆုံး၌ ကျိုယိုချီအဖြစ်သို့ ပြောင်းလဲ ပျောက်ကွယ်သွားလေတော့သည်။

မီးလျှံများ ငြိမ်းသက်သွားပြီး ဟင်းလင်းပြင်သည်လည်း တည်ငြိမ်သွားသောအခါ ပတ်ဝန်းကျင်ရှိ ဂြိုဟ်များမှာမူ မီးလျှံမုန်တိုင်းကြောင့် အရည်ပျော်လုနီးပါး ဖြစ်သွားခဲ့ပြီး သူတို့၏ မူလပုံစံနှင့် လုံးဝမတူတော့သည်မှလွဲ၍ အရာအားလုံးသည် တိတ်ဆိတ်ငြိမ်သက်ခြင်းသို့ ပြန်လည်ရောက်ရှိသွား၏။

သို့တိုင်အောင် ကြယ်တာရာနယ်မြေအတွင်းမှ ကျိုယိုချီတို့သည် လုံးဝ ပျောက်ကွယ်သွားခြင်း မရှိသေးပါတကား။

လုရီသည် သူ၏ ပတ်ဝန်းကျင်၌ လှိုင်းထနေသော ကျိုယိုချီများကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် ကျိုယိုမိစ္ဆာ သေဆုံးသွားသည်နှင့်အမျှ ကျိုယိုချီတို့သည် အရပ်မျက်နှာအသီးသီးသို့ ပို၍ လျင်မြန်သောနှုန်းဖြင့် ပျံ့နှံ့လေတော့သည်။ အကယ်၍ ၎င်းတို့ကို ဤအတိုင်း ပျံ့နှံ့ခွင့်ပြုထားပါက ဖြစ်ပေါ်လာမည့် ပျက်စီးဆုံးရှုံးမှုမှာ မလွဲမသွေ ကြီးမားလှပေလိမ့်မည်။

လုရီသည် သက်ပြင်းတစ်ချက်အား ဖြည်းညင်းစွာ ရှိုက်ထုတ်လိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် တာအို အလင်းတန်း တစ်ခု လက်ခနဲ ဖြစ်ပေါ်လာ၏။ သူ၏ ကိုယ်တွင်းမှ

တာအိုစွမ်းအင်သည် လည်ပတ်လာပြီး တာအိုကို ဆွဲငင်လိုက်ရာ၊ နက်နဲသိမ်မွေ့သော တာအိုအလင်းတန်းတို့သည် ဟင်းလင်းပြင်ထဲမှ ပေါ်ထွက်လာကာ အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွားပြီး နောက်ဆုံးတွင် ကျိုယိုချီ အားလုံးကို လွှမ်းခြုံသွားလေ၏။

အဝေးတစ်နေရာမှ ဂြိုဟ်တစ်ခုပေါ်တွင် ကျိုယိုချီ၏ တိုက်စားခြင်းကို ခံခဲ့ရသော အပင်များသည် သူတို့၏ မူလအရောင်အဆင်းသို့ တဖြည်းဖြည်း ပြန်လည် ရောက်ရှိလာပြီး ကျိုယိုချီအမျှင်တန်းများသည်လည်း သူတို့ထံမှ လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။

ကျိုယိုချီ၏ တိုက်စားမှုကြောင့် ကြမ်းတမ်းရက်စက်ပြီး သွေးဆာနေကြသော သတ္တဝါများသည်လည်း ငြိမ်သက်သွားကြ၏။ တာအိုစွမ်းအင်က သူတို့၏ ကိုယ်တွင်းမှ ကျိုယိုချီများကို အတင်းအကျပ် ဖယ်ထုတ်လိုက်သည့်အခါ သူတို့သည် နာကျင်စွာ အော်ဟစ်ငိုယိုကြပြီး နောက်ဆုံးတွင် ထိုကျိုယိုချီများမှာ လွင့်ပြယ်သွားလေသည်။

ပို၍ ဝေးကွာသော အရပ်၌ ဂြိုဟ်တစ်ခုသည် အပျက်အစီးများဖြင့် ပြည့်နှက်နေ၏။

ဤသည်မှာ တစ်ချိန်က ဉာဏ်ရည်ရှိသော သက်ရှိများ နေထိုင်ခဲ့သော ဂြိုဟ်ဖြစ်ပြီး ယခုအခါတွင်မူ အင်မော်တယ် ဧကရာဇ် အဆင့်

ကျိုယိုမိစ္ဆာကြောင့် လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ကျိုယိုချီ၏ တိုက်စားခြင်းကို ခံခဲ့ရသော ကျိုယို ကျင့်ကြံသူ အများအပြားမှာလည်း ကျိုယိုမိစ္ဆာ သေဆုံးသွားသည်နှင့် ထိန်းချုပ်မှု ကင်းလွတ်သွားကြသည်။

သူတို့သည် အပျက်အစီးများကြားတွင် ကြောင်တောင်တောင်ဖြင့် လျှောက်သွားနေကြရာမှ တာအိုစွမ်းအင်က ဂြိုဟ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး သူတို့၏ ကိုယ်ခန္ဓာများအတွင်းမှ ကျိုယိုချီများကို ဖယ်ထုတ်လိုက်သည့်အခါ တဖြည်းဖြည်း အသိစိတ် ပြန်လည်လာခဲ့သည်။

ပတ်ဝန်းကျင်မှ အပျက်အစီးများနှင့် နေရာအနှံ့မှ အလောင်းများကို မြင်တွေ့ရသောအခါ သက်ရှိများစွာတို့၏ မျက်နှာများထက်တွင် ရှုပ်ထွေးနားမလည်နိုင်သော အမူအရာများ ထင်ဟပ်လာပြီး၊ မည်သို့မည်ပုံ ဖြစ်ပျက်ခဲ့သည်ကိုပင် သူတို့

နားမလည်နိုင်ကြတော့ပေ။

…

တာအိုစွမ်းအင်သည် ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာပြီး အာကာသကို ဖြတ်ကျော်ကာ အလင်း၏အလျင်ထက်ပင် ကျော်လွန်၍ ကြယ်တာရာနယ်မြေတစ်ခုလုံးကို လျင်မြန်စွာ လွှမ်းခြုံသွားလေသည်။ ကြယ်တာရာနယ်မြေအတွင်းမှ ကျိုယိုချီများအားလုံးကို စုပ်ယူပြီးသည့်နောက်တွင်မှ လုရီသည် တာအိုစွမ်းအင်ကို ပျောက်ကွယ်သွားစေလိုက်၏။

တာအိုစွမ်းအင် ပျောက်ကွယ်သွားသည်နှင့် ကြယ်တာရာနယ်မြေတစ်ခုလုံးသည် ငြိမ်းချမ်းခြင်းသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ထင်မှတ်ရလေသည်။

လုရီသည်လည်း သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချလိုက်ပြီး စိတ်ကို လျှော့ချလိုက်၏။ ကျိုယိုချီကို ဖြေရှင်းပြီးသည့်နောက် ဤနေရာမှ ပတ်ဝန်းကျင်သည်လည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း…

လုရီသည် ပျက်စီးနေသော ဂြိုဟ်ကို တစ်ချက် လှမ်းကြည့်လိုက်ရာ သူ၏ အကြည့်များမှာ အနည်းငယ် တုန်ခါသွား၏။

သက်ရှိ မရှိသော ဂြိုဟ်အလွတ်များအတွက်မူ လက်ခံနိုင်ဖွယ် ရှိကောင်းရှိနိုင်သော်လည်း အချို့သော ကြယ်တာရာစနစ်များတွင်မူ သက်ရှိသတ္တဝါများ နေထိုင်ကြသည် မဟုတ်ပါလော။ အထူးသဖြင့် သူတို့ထဲမှ တစ်ခုမှာ နှစ်ပေါင်းများစွာ ယဉ်ကျေးမှုတစ်ခုကို တည်ဆောက်ခဲ့ပြီး ဖြစ်လေသည်။

လုရီသည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

သူသည် ယဉ်ကျေးမှုရှိသော ဂြိုဟ်၏ အထက်ကောင်းကင်ယံတွင် ပေါ်လာပြီး အောက်သို့ ငုံ့ကြည့်လိုက်၏။

ဂြိုဟ်တစ်ခုလုံးသည် အပျက်အစီးများဖြင့် ဖုံးလွှမ်းနေပြီး တစ်ချိန်က ဂြိုဟ်အနှံ့ ပျံ့နှံ့တည်ရှိခဲ့သော ခန့်ညားထည်ဝါသည့် အဆောက်အအုံများသည် ယခုအခါ ဘေးအန္တရာယ်ကြားတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ကျိုယိုချီ၏ တိုက်စားခြင်းကို ခံခဲ့ရသော ဉာဏ်ရည်ရှိ သက်ရှိအချို့သည် သတိပြန်လည်ရလာကြသော်လည်း သူတို့ပင်လျှင်

ငူငူငိုင်ငိုင်နှင့် အသက်မဲ့နေကြဟန်တူသည်။ လုရီ အနည်းငယ် နားလည်နိုင်ပါ၏။ ဤအဖွဲ့အစည်းသည် စကြဝဠာနှင့် အဆက်အသွယ် မလုပ်ဖူးသေးဘဲ ကျိုယိုတို့ မည်မျှ စွမ်းအားကြီးပြီး ကြောက်မက်ဖွယ် ကောင်းသည်ကို နားလည်နိုင်ဖွယ်မရှိပေ။

ဤအဖွဲ့အစည်းအတွက်မူ ဤအဖြစ်အပျက်သည် သဘာဝ ဘေးအန္တရာယ် တစ်ခု ဖြစ်တန်ရာ၏။

လုရီ၏ မျက်လုံးများထဲတွင် နက်နဲဆန်းကြယ်သော တာအိုအလင်းတန်းများ လက်ခနဲ ဖြစ်ပေါ်လာပြီး ရှုပ်ထွေးသော အင်းကွက်တစ်ခုအဖြစ်သို့ ရောယှက်သွားသည်။ နောက်တစ်ခဏ၌ သူ၏ ပတ်ပတ်လည်တွင် သက်စောင့်စွမ်းအင်တို့ဖြင့် ပြည့်လျှံနေသော အစိမ်းရောင်အလင်းရောင်များ ပေါ်ထွက်လာခဲ့၏။

ထိုအလင်းရောင်သည် အသက်ကို ကိုယ်စားပြုသော အရောင်အဝါပင် ဖြစ်သည်။ လုရီ၏ သဘာဝတာအို စွမ်းအားသည်လည်း ယခင်က အဆင့်ချိုးဖြတ်အောင်မြင်မှု တုံ့ပြန်မှုအတွင်း မူလဇာစ်မြစ် နယ်ပယ်သို့ ရောက်ရှိခဲ့ပြီးဖြစ်ရာ သူ၏ ပြန်လည် အသက်သွင်းနိုင်စွမ်းမှာလည်း များစွာ တိုးတက်လာခဲ့သည်။ ထို့အပြင် ယခုအခါတွင် သူသည် အင်မော်တယ် ဧကရာဇ် နယ်ပယ်မှ စွမ်းအားရှင်တစ်ဦး ဖြစ်နေပြီး အောက်ဘက်မှ ဂြိုဟ်ပေါ်တွင် အင်မော်တယ်တစ်ဦးမျှပင် မရှိသည့်အတွက်၊ သူ၏ လက်ရှိစွမ်းအားဖြင့် သာမန်လူများကို ပြန်လည်အသက်သွင်းခြင်းသည် ဂြိုဟ်တစ်လုံးပေါ်မှ သာမန်လူအားလုံးကို ပြန်လည်အသက်သွင်းလျှင်ပင် သူ့အတွက် သိသာသော စွမ်းအင်ကုန်ခမ်းမှု ဖြစ်မည်မဟုတ်ပေ။

လုရီသည် သူ၏ လက်ဖဝါးကို အောက်သို့ ဖိချလိုက်ရာ အသက်စွမ်းအင်တို့ဖြင့် ပြည့်နှက်နေသော အလင်းတန်းများသည် ဂြိုဟ်တစ်ခုလုံးပေါ်သို့ ကြွေကျသွားပြီး လျင်မြန်စွာ လွှမ်းခြုံသွားလေ၏။ ယခင်က သက်ရှိ ဖုတ်ကောင်များသဖွယ်ဖြစ်နေသော ဉာဏ်ရည်ရှိသက်ရှိများသည် ကြွယ်ဝသော သက်စောင့်စွမ်းအင်ကို ခံစားမိလိုက်ကြပြီး သူတို့၏ ကိုယ်ပေါ်မှ ဒဏ်ရာများသည် အလွန်အမင်း လျင်မြန်သော နှုန်းဖြင့် ကျက်သွားသည်။

မြေပြင်ပေါ်တွင် လဲလျောင်းနေသော အလောင်းများမှာလည်း ပဉ္စလက်ပြလိုက်သကဲ့သို့ လုံးဝ ပြန်လည်ကောင်းမွန်လာ၏။ သွေးများက ခန္ဓာကိုယ်ထဲသို့ ပြန်လည် စီးဝင်သွားပြီး၊ ကြေမွသွားသော ကိုယ်ခန္ဓာများက အသစ်တဖန် ပြန်လည်တည်ဆောက်ကာ၊ အသက်မဲ့နေသော မျက်လုံးများသည်လည်း သူတို့၏ အရောင်အဝါကို ပြန်လည်ရရှိလာသည်။

သေဆုံးသွားခဲ့ရသော သက်ရှိများ တစ်ယောက်ပြီးတစ်ယောက် ပြန်လည် အသက်ရှင်လာကြပြီး မတ်တပ်ထရပ်လိုက်ကြသည်။

ဤအဖြစ်အပျက်ကြောင့် ဝမ်းနည်းပူဆွေးမှုနှင့် ရှုပ်ထွေးမှုများကြားတွင် ရှိနေကြသေးသော သက်ရှိထင်ရှား ကျန်ရစ်သူများမှာ မျက်လုံးများပြူးကျယ်ကာ အံ့အားသင့်သွားကြ၏။

ဤလူသားပုံစံ မျိုးနွယ်ထဲတွင် ပေါင်းစည်းခြင်း နယ်ပယ်နှင့် ညီမျှသော စွမ်းအားရှိ ပုဂ္ဂိုလ်များလည်း ရှိနေပါ၏။ သူတို့သည် ကောင်းကင်ယံမှလာသော စွမ်းအားလှိုင်းများကို အာရုံခံမိလိုက်ကြသည်။ ထိုစွမ်းအားလှိုင်းများသည် အလွန်ကျယ်ပြောပြီး ကြီးကျယ်ခမ်းနားလှရာ သူတို့တွင် ခုခံလိုစိတ်ပင် မရှိတော့ပေ။ ထိုစွမ်းအားသည် နတ်ဘုရား တစ်ပါး၏ စွမ်းအားနှင့် နှိုင်းယှဉ်နိုင်လေသည်။

ထူးခြားသော ပုဂ္ဂိုလ်များ တစ်ယောက်ပြီး

တစ်ယောက် အတိုင်းထက်အလွန် စိတ်လှုပ်ရှားသွားကြပြီး သူတို့ မျိုးနွယ်၏ ဘာသာစကားဖြင့် ကြွေးကြော်လိုက်ကြသည်။ ထို့နောက် သက်ရှိများစွာသည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြပြီး သူတို့၏ မျက်နှာအမူအရာများမှာ အလွန်အမင်း ရိုသေကိုင်းရှိုင်းလျက် သူတို့၏ မျက်ဝန်းများထဲတွင် ထက်သန်သော ယုံကြည်ကိုးကွယ်မှုတို့ဖြင့် ပြည့်နှက်နေ၏။

လုရီသည် သူ၏ နတ်ဘုရားအာရုံကို တစ်ချက်လွှတ်လိုက်ရုံဖြင့် သူတို့၏ အတွေးများကို လျင်မြန်စွာ ဖတ်ရှုနိုင်ပြီး သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် အပျော်ဘက်သို့ သန်းသွားသည်။

ဤသက်ရှိများသည် သူ့အား နတ်ဘုရားတစ်ပါး၊ ဖန်ဆင်းရှင်တစ်ဦးဟု အမှန်တကယ် မှတ်ယူနေကြပါတကား။

သူသည် အနည်းငယ် ရယ်ဖို့ ကောင်းသည်ဟု ခံစားမိသော်လည်း၊ ပြန်စဉ်းစားကြည့်လျှင် သေဆုံးပြီးသူများစွာကို ပြန်လည်အသက်သွင်းနိုင်သည့်အတွက် သူသည် နတ်ဘုရား တစ်ပါးနှင့် အမှန်တကယ်ပင် များစွာ ကွာခြားခြင်း မရှိတော့ပါချေ။

စကြဝဠာထဲမှ အင်မော်တယ် ဧကရာဇ်တစ်ပါးအတွက် သူ၏ ကိုယ်တွင်း၌ပင် အတွင်းကမ္ဘာတစ်ခု ရှိနေသည်ကို ထည့်သွင်း စဉ်းစားလျှင်ဂြိုဟ်တစ်ခု၊ ကြယ်တာရာ စနစ်တစ်ခုကို ဖန်တီးခြင်းသည် အမှန်ပင် ကြီးမားသော ကိစ္စ မဟုတ်ပေ။

ဖန်ဆင်းရှင်ဟု ခေါ်ဝေါ်ခြင်းခံရသည်မှာ ချဲ့ကားပြောဆိုခြင်း မဟုတ်တန်ရာ။

လုရီသည် စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်မိ၏။

ဤဂြိုဟ်ပေါ်မှ တစ်ချိန်က သေဆုံးသွားခဲ့သော သက်ရှိများ ပြန်လည်အသက်ရှင်လာသည်ကို မြင်သောအခါမှသာ လုရီသည် သဘာဝမူလဇာစ်မြစ်ကို ထိန်းချုပ်ခြယ်လှယ်ခြင်းအား ရပ်တန့်လိုက်တော့သည်။

သူသည် ဤတစ်ကြိမ် ကျိုယိုမိစ္ဆာများ၏ ဖျက်ဆီးမှုအောက်တွင် ပျက်စီးသွားခဲ့ရသော သက်ရှိများကိုသာ ကယ်တင်လိုခြင်းဖြစ်သည်။ ထိုမတိုင်ခင် သေဆုံးသွားခဲ့သူများအတွက်မူ

လုရီသည် ကြားဝင်စွက်ဖက် ကယ်တင်လိုစိတ် မရှိခဲ့ပေ။ ဤသည်မှာ ဂြိုဟ်တစ်ခု၏ သဘာဝနိယာမဖြစ်သလို သက်ရှိများ၏ သေခြင်းရှင်ခြင်း နိယာမလည်း ဖြစ်သည်။ သူသည် ဤနိယာမကို ချိုးဖောက်နိုင်သော်လည်း ယဉ်ကျေးမှုတစ်ခုလုံးနှင့် ရင်ဆိုင်ရသည့်အခါတွင်မူ ထိုသို့

မပြုလုပ်ခြင်းက ပိုကောင်းသည်ဟု သူခံစားမိ၏။

သူသည် ယဉ်ကျေးမှုတစ်ခု၏ သဘာဝအတိုင်း ဖွံ့ဖြိုးတိုးတက်မှုကို ဝင်ရောက်စွက်ဖက်လိုခြင်း မရှိပါချေ။ ကျိုယိုမိစ္ဆာများ၏ ဖျက်ဆီးမှုအောက်တွင် သေဆုံးသွားသော သက်ရှိများကို သူ ပြန်လည်အသက်သွင်းပေးရခြင်းမှာ သူ၏ သနားကြင်နာစိတ်ကြောင့် သက်သက်သာ ဖြစ်လေသည်။

ဆက်လက်၍ လုရီသည် ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားလေတော့၏။

…

All Chapters