ဖန်ဆင်းရှင်...
Vol. 54 Ch. 802
~လုရီသည် အင်မော်တယ် ဧကရာဇ် နယ်ပယ်မှ စွမ်းအားရှင် တစ်ဦး ဖြစ်ကြောင်း အာရုံခံမိသောအခါ ကျိုယိုမိစ္ဆာသည် အသံတိုးညင်းစွာ ဟိန်းဟောက်လိုက်ပြီး ကြမ်းတမ်း ရက်စက်သော ကျိုယိုချီများ လှိုင်းထန်လာကာ လုရီထံသို့ ပြေးဝင်တိုက်ခိုက်ရန် ကြံရွယ်လိုက်၏။
ထိုအခိုက်အတန့်မှာပင် ကျိုယိုမိစ္ဆာအနီးမှ နေရာလပ်သည် ရုတ်တရက် ကြေမွသွားပြီး ပြင်းထန်သော နေရာလပ် လှိုင်းထန်မှုများက ဖျက်ဆီးမွှေနှောက်ကာ ဟင်းလင်းပြင်ကိုပင် နေရာလပ် အက်ကွဲကြောင်းများထဲသို့ စုပ်ယူသွားဟန်တူသည်။
ကျိုယိုမိစ္ဆာသည်လည်း ခြွင်းချက်မရှိဘဲ နေရာလပ် အက်ကွဲကြောင်းအတွင်းသို့ ချက်ချင်း ပျောက်ကွယ်သွားတော့၏။
နောက်တစ်ခဏ၌ 'ဘုန်း'ဟူသော အသံနှင့်အတူ နေရာလပ် အက်ကွဲကြောင်းသည် ပြင်းထန်သော ကျိုယိုချီများဖြင့် ပေါက်ကွဲထွက်လာပြီး အရိပ်တစ်ခု ထိုးထွက်လာခဲ့ရာ ၎င်းမှာ ကျိုယိုမိစ္ဆာပင် ဖြစ်သည်။ သို့သော်ငြားလည်း ၎င်းမှာ မျက်စိတစ်မှိတ်အတွင်းသာဖြစ်ပြီး ကျိုယိုမိစ္ဆာ၏ သားရဲပုံသဏ္ဌာန်မှာ အလွန်အမင်း နွမ်းနယ်နေပုံရလေသည်။ သူ၏ လက်သည်းနှစ်ဖက်မှာ ကြေမွသွားပြီး သူ၏ ကိုယ်ခန္ဓာသည်လည်း ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေ၏။ ထိုဒဏ်ရာများမှ အနက်ရောင်အရည်များ ယိုစီးကျနေပြီး တစ်ချိန်တည်းမှာပင် ပို၍ ထူထပ်သော ကျိုယိုချီများကို ထုတ်လွှတ်နေသည်။
လုရီသည် အနည်းငယ် အံ့အားသင့်သွား၏။ ဤသားရဲပုံသဏ္ဌာန် ကျိုယိုမိစ္ဆာသည် လူသားပုံသဏ္ဌာန် တစ်ကောင်ထက် အမှန်ပင် များစွာ ပိုမိုအားကောင်းပါတကား။ သူသည် နေရာလပ် မူလဇာစ်မြစ်ကို အသုံးပြုခဲ့ပြီး မည်သည့် အင်မော်တယ် သိုင်းနည်းစနစ်ကိုမှ အသုံးမပြုခဲ့သော်လည်း ၎င်းမှာ သာမန်အင်မော်တယ် ဧကရာဇ်တစ်ဦး ခံနိုင်ရည်ရှိမည့်အရာ မဟုတ်ပေ။
ဤကျိုယိုမိစ္ဆာသည် ဤမျှလောက်သာ ဒဏ်ရာရရှိခဲ့သည်တဲ့လား။
ထိုအခိုက်အတန့်တွင် ကျိုယိုမိစ္ဆာသည် လုရီထံမှ တာအိုစွမ်းအင် လှိုင်းထနေသည်ကို အာရုံခံမိလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် လောဘနှင့် တပ်မက်မှုများ ပေါ်ထွက်လာကာ သူ၏ တိုးညှင်းသော ဟိန်းဟောက်သံက ပဲ့တင်ထပ်လာသည်။
"ဟီးဟီးဟီး...တာအိုစွမ်းအင်!"
နောက်တစ်ခဏ၌ သူသည် ထိုနေရာမှ ပျောက်ကွယ်သွား၏။
သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ကျိုယိုမိစ္ဆာသည် တစ်ဖန်ပြန်လည် ပေါ်ထွက်လာခဲ့လေသည်။
သူသည် လုရီနှင့် မလှမ်းမကမ်းတွင် ပေါ်ထွက်လာ၏။ ဤတစ်ကြိမ်တွင်မူ သူ၏ ပတ်ဝန်းကျင်မှ နေရာလပ်သည် လှောင်အိမ် တစ်ခုအတွင်း ပိတ်လှောင်ထားသကဲ့သို့ တံဆိပ်ခတ်ခံထားရပြီး
ကျိုယိုမိစ္ဆာမှာလည်း ထိုနေရာတွင် မြဲမြံစွာ ချည်နှောင်ခံထားရသည်။
ကြမ်းတမ်း ရက်စက်သော ကျိုယိုချီများသည် ကျိုယိုမိစ္ဆာ၏ ကိုယ်ခန္ဓာမှ ထွက်ပေါ်လာသော်လည်း ၎င်းမှာ လုံးဝ လှုပ်ရှားနိုင်ခြင်း မရှိတော့ချေ။
လုရီ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲဖြစ်ပြီး သူ၏ ဘယ်ဘက်လက်ကို မြှောက်ကာ လက်ဖဝါးကို ညင်သာစွာ ဆုပ်လိုက်ရာ နောက်တစ်ခဏ၌ ကျိုယိုမိစ္ဆာ တည်ရှိနေသော ဧရိယာမှ နေရာလပ်သည် ယခင်ကထက်ပင် ပိုမိုပြင်းထန်စွာ မှန်တစ်ချပ်ကဲ့သို့ ကြေမွသွားလေတော့သည်။
နေရာလပ် ကြေမွသွားသည်နှင့်အမျှ မိစ္ဆာ၏ အားကောင်းလှသော ရုပ်ခန္ဓာသည်လည်း ၎င်းနှင့်အတူ ကြေမွပျက်စီးသွား၏။ ၎င်းသည် အော်ဟစ်သံ တစ်ချက်ပင် မပြုနိုင်မီမှာပင် သူ၏ ကိုယ်ခန္ဓာသည် နေရာလပ် မုန်တိုင်းကြောင့် အခြေခံအကျဆုံး ကျိုယိုချီအဖြစ်သို့ လုံးဝ စုတ်ပြတ်သွားခဲ့သည်။
ဤသည်မှာ နေရာလပ် မူလဇာစ်မြစ် အင်မော်တယ် သိုင်းစွမ်းရည် "ကြေးမုံပန်း" ပင်တည်း။
ဤသည်မှာ လုရီ ယခင်က အင်မော်တယ်
ဧကရာဇ်အဆင့် ကျိုယိုမိစ္ဆာကို သတ်ဖြတ်ပြီးနောက် ရရှိခဲ့သော ဆုလာဘ်တစ်ခု ဖြစ်သည်။
သူ၏ လက်ရှိ နေရာလပ် မူလဇာစ်မြစ်အပေါ် ကျွမ်းကျင်ပိုင်နိုင်မှု၊ သူ၏ ကိုယ်ပိုင်နားလည်သဘောပေါက်မှုနှင့် တာအိုစွမ်းအင်တို့နှင့် ပေါင်းစပ်လိုက်သောအခါ လမ်းခရီးတွင် လေ့ကျင့်လိုက်ရုံဖြင့်ပင် ထိုသိုင်းစွမ်းရည်၏ အခြေခံများကို အလွယ်တကူ ဆုပ်ကိုင်နိုင်ခဲ့သည်။
၎င်းသည် အထွတ်အထိပ်အဆင့်သို့ မရောက်သေးသော်လည်း နေရာလပ် မူလဇာစ်မြစ်နှင့် မူလဇာစ်မြစ် အင်မော်တယ် သိုင်းစွမ်းရည်ကို ပေါင်းစပ်လိုက်ပါက အင်မော်တယ် ဧကရာဇ် ကျိုယိုမိစ္ဆာတစ်ကောင်ကို သတ်ဖြတ်ခြင်းသည် လေပြေညင်း တစ်ခုသဖွယ် လွယ်ကူလှသည် မဟုတ်ပါလော။
အကယ်၍ သူ ၎င်းကို ချက်ချင်း မသတ်ဖြတ်နိုင်ပါက လုရီအတွက် ဆက်လက် ကျင့်ကြံနေရန် အကြောင်း မရှိတော့ပေ။
"ကြေးမုံပန်း" ၏ စွမ်းအားကို မြင်တွေ့ရသောအခါ လုရီသည် ကျေနပ်စွာ ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်၏။ *မူလဇာစ်မြစ် အင်မော်တယ် သိုင်းစွမ်းရည်တစ်ခုဟု ခေါ်ဆိုထိုက်ပါပေသည်။*
နောက်တစ်ခဏ၌ သူသည် သူ၏ အာရုံကို လှိုင်းထနေသော ကျိုယိုချီထံသို့ လွှဲပြောင်းလိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
*ဤကြယ်တာရာ ဒေသ၏ အစိတ်အပိုင်းမှာ
လုံးဝနီးပါး ညစ်ညမ်းသွားခဲ့ပြီ… ကြည့်ရသည်မှာ သူ အနည်းငယ် အားစိုက်ထုတ်ရဦးမည် ဖြစ်သည်။*
လုရီသည် သူ၏ နဖူးကို ပွတ်သပ်လိုက်ပြီး
ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။
ထို့နောက်တွင် လုရီသည် သူ၏ လက်များကို ဖြန့်ထုတ်လိုက်ရာ သူ၏ ကိုယ်တွင်းမှ တာအိုစွမ်းအင်များ လှိုင်းထလာပြီး ကောင်းကင်နှင့် မြေကြီးကို လှုပ်ခတ်သွားစေသည်။ နက်နဲ သိမ်မွေ့သော
တာအိုအလင်းတန်းတို့သည် ဟင်းလင်းပြင်ထဲမှ သက်ဆင်းလာပြီး လုရီကို ဗဟိုပြုကာ အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့ထွက်သွားရာ ၎င်းထိတွေ့မိသော ကျိုယိုချီအားလုံးသည် ချက်ချင်း ပျော်ဝင်၊ ပြိုကွဲပြီး တာအိုစွမ်းအင်၏ ဝါးမြိုခြင်းကို ခံလိုက်ရ၏။
ထို့နောက် အစွန်းတစ်နေရာမှ နေရာလပ်သည် ကြေမွသွားပြီး ရွှယ်ဟန်သည် နောက်ဆုံးတွင် ထိုအထဲမှ ထွက်လာခဲ့သည်။
လုရီထံမှ ထွက်ပေါ်နေသော အဆုံးမဲ့ တာအိုစွမ်းအင်ကို မြင်တွေ့ရသောအခါ သူသည် နေရာတွင်ပင် တောင့်ခဲသွားလေသည်။
*နေပါဦး… ဘာတွေဖြစ်ကုန်တာလဲ။*
သူသည် အလျင်အမြန် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုလိုက်ရာ အင်မော်တယ် ဧကရာဇ်အဆင့် ကျိုယိုမိစ္ဆာကို မည်သည့်နေရာတွင်မှ မမြင်တွေ့ရတော့ကြောင်း တွေ့ရှိလိုက်ရသည်။
*ကျိုယိုမိစ္ဆာ ဘယ်ရောက်သွားသနည်း။*
သူသည် လုရီ၏ ကျောပြင်ကို ကြည့်ကာ အနည်းငယ် နားမလည်နိုင်ဖြစ်နေပြီး မရပ်တန့်နိုင်သော အရှိန်အဝါကို ခံစားမိကာ သူကိုယ်တိုင်ပင် မယုံကြည်နိုင်သော အတွေးတစ်ခုကို ဖော်ထုတ်လိုက်မိသည်။
*ကျိုယိုမိစ္ဆာ… သေသွားဝာာလား။*
သို့သော် ၎င်းမှာ မည်သို့ ဖြစ်နိုင်မည်နည်း။ မည်သို့ပင်ဆိုစေကာမူ နေရာလပ်ကို ဆုတ်ဖြဲကာ ဤနေရာသို့ ရောက်ရှိလာသည်မှာ အသက်ရှုချိန် အနည်းငယ်မျှသာ ရှိသေးသည် မဟုတ်ပါလား။ ဤမျှ တိုတောင်းသော အချိန်အတွင်း အင်မော်တယ် ဧကရာဇ်အဆင့် ကျိုယိုမိစ္ဆာတစ်ကောင်ကို မည်သို့ သတ်ဖြတ်နိုင်ခဲ့သနည်း။!
သာမန်အင်မော်တယ် ဧကရာဇ်များကြားတွင်ပင် တန်းတူများကြားမှ တိုက်ပွဲတစ်ခုသည် ဤမျှ တစ်ဖက်သတ် မဖြစ်သင့်ရာ၊ ကျိုယိုမိစ္ဆာ
တစ်ကောင်နှင့် ဆိုလျှင် ပြောစရာပင်မလိုတော့။
သို့တိုင်အောင် ထိုဖြစ်နိုင်ခြေသာ မဟုတ်ပါက၊ ကျိုယိုမိစ္ဆာသည် အဘယ်အရာကြောင့် ဤမျှ ရုတ်တရက် ပျောက်ကွယ်သွားနိုင်သည်ကို ရွှယ်ဟန် အမှန်တကယ်ပင် နားမလည်နိုင်တော့ချေ။
ယခု လုရီထံမှ ထုတ်လွှတ်နေသော တာအိုစွမ်းအင်သည်လည်း ထိုအချက်ကို သွယ်ဝိုက်သော သက်သေအဖြစ် ပေးနေလေသည်။
ရွှယ်ဟန်သည် ဟင်းလင်းပြင်ထဲတွင် အဆက်မပြတ် ပေါ်ထွက်နေသော ဆန်းကြယ်မြင်ကွင်းများ၊ နက်နဲသိမ်မွေ့သော တာအိုအလင်းတန်းကို ကြည့်လိုက်ရာ သူ၏ နှလုံးသားထဲတွင် တုန်လှုပ်မှုမှာ တိုး၍သာလာခဲ့၏။
*ဤသည်မှာ အဘယ်အခြေအနေနည်း။ တာအိုစွမ်းအင်တဲ့လား။! အင်မော်တယ်ဧကရာဇ်တစ်ပါးက ဤမျှ ကြီးစိုးလွန်းသော တာအိုစွမ်းအင်ပမာဏကို မည်သို့ ဆွဲငင်နိုင်မည်နည်း။! ဒါက တကယ်ပဲ အင်မော်တယ် ဧကရာဇ်လား၊ အင်မော်တယ် ဘုရင် မဟုတ်ဘူးလား။!*
ရွှယ်ဟန်၏ မျက်နှာအမူအရာသည် တဖြည်းဖြည်း တုန်လှုပ်သွားပြီး ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသည်။
*ယွီမိသားစုတွင် ဤသို့သော စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦး မည်သို့ ရှိနေနိုင်မည်နည်း။ ဤသို့သော တည်ရှိမှုမျိုးသည် ယခုခေတ်တွင်မဆိုထားဘိ ရှေးခေတ်ကာလများ၌ပင်လျှင် ကျိုးကြောင်းဆီလျော်မှု မရှိပေ။*
တာအိုစွမ်းအင်သည် ရွှယ်ဟန်ကို လွှမ်းခြုံသွားပြီးဖြစ်ရာ ကြွယ်ဝသော တာအိုအလင်းတန်းနှင့် တာအိုယွင်ကို ခံစားမိသောအခါ သူသည် အလိုအလျောက် မျက်လုံးများကို မှိတ်လိုက်ပြီး လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းကာ တရားထိုင်ခြင်းသို့ ကျရောက်သွားတော့သည်။
တည်ငြိမ်သော ကြယ်ပေါ်မှ ဒေသများကို တိုက်စားနေသော ကျိုယိုချီ၊ ဂြိုဟ်အမျိုးမျိုးပေါ်မှ ကျိုယိုချီ၊ အကြွင်းအကျန် ကြယ်စဉ်တန်းအပြင်ဘက်မှ ဧရိယာနှင့် ကြယ်တာရာဒေသတစ်ခုလုံးအတွင်းမှ ကျိုယိုချီတို့သည် တာအိုအလင်းတန်း ပျံ့နှံ့သွားသည်နှင့်အမျှ တစ်စတစ်စ သန့်စင်ခြင်း၊ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
အချိန်သည် ဤနည်းအတိုင်း ကုန်ဆုံးသွားပြီး မည်မျှကြာသွားသည်မသိပြီးနောက် ကျိုယိုချီအားလုံးသည် တာအိုအလင်းတန်းကြောင့် သန့်စင်သွားပြီး အရာအားလုံးသည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။ သို့သော် သက်ရှိများ နေထိုင်ခဲ့သော ဂြိုဟ်များသည်လည်း ကျိုယိုမိစ္ဆာများ၏ ဖျက်ဆီးမှုကြောင့် လူသူကင်းမဲ့ကာ ပျက်စီးသွားခဲ့သည်။
ညစ်ညမ်းသွားသော သက်ရှိများသည် သတိပြန်လည်ရလာကြသောအခါ သူတို့၏ မျိုးနွယ်တူများမှာ မလှမ်းမကမ်းတွင် သေဆုံးလဲလျောင်းနေသည်ကိုသာ တွေ့ရှိလိုက်ကြရသည်။ တစ်ခဏအတွင်း ငိုယိုသံများနှင့် ရှိုက်သံများ နေရာအနှံ့တွင် ပေါ်ထွက်လာခဲ့၏။
ကျိုယိုချီအားလုံး စုပ်ယူဝါးမြိုခြင်းခံလိုက်ရသည်ကို မျက်မြင်တွေ့ရှိပြီးနောက် လုရီသည်
တာအို စွမ်းအင်ကို ထုတ်လွှတ်ခြင်းအား ရပ်တန့်လိုက် တော့ည်။
သူ၏ အကြည့်များသည် ဟင်းလင်းပြင်ကို ကျော်ဖြတ်ကာ အလင်းနှစ်ပေါင်းများစွာ၊ အလင်းနှစ်ဆယ်ပေါင်းများစွာကိုပင် ထွင်းဖောက်မြင်နိုင်ပြီး ဂြိုဟ်တစ်ခုစီပေါ်မှ ကြေကွဲဖွယ်ရာများကို မြင်တွေ့လိုက်ရ၏။ သူသည် သူ၏ နဖူးကို ပွတ်သပ်လိုက်ပြီး အနည်းငယ်
ကူကယ်ရာမဲ့စွာဖြင့် ထိုနေရာမှ ပျောက်ကွယ်သွားကာ သက်ရှိ ရှိသော ဂြိုဟ်တစ်ခုစီသို့ သွားရောက်ပြီး သက်ရှိများကို ပြန်လည် အသက်သွင်းခြင်းအား စတင်လိုက်သည်။
ဤသည်မှာ ကောင်းကင်ကြယ်တာရာ နယ်မြေမဟုတ်ဘဲ ရာရှိုမွန် ကြယ်တာရာ နယ်မြေ ဖြစ်သော်လည်း လုရီသည် ဤအပြစ်မဲ့သော သက်ရှိများ ကျိုယိုမိစ္ဆာများ၏ လက်ချက်ဖြင့် ဒုက္ခခံစားရပြီး သူတို့၏ အသက်များ ပျောက်ကွယ်သွားသည်ကို မြင်ရသည်ကို မခံရပ်နိုင်ခဲ့ပေ။ လုရီပင်လျှင် လက်ပိုက်ကြည့်မနေနိုင်ခဲ့ချေ။
အကယ်၍ သူတို့သာ ရာရှိုမွန်မျိုးနွယ်မှ ဖြစ်ပါက လုရီသည် သူတို့ကို ဂရုစိုက်ရန် ပျင်းရိနေမိပေလိမ့်မည်။ သို့သော် ဤသက်ရှိများသည် ရာရှိုမွန်မျိုးနွယ်မှ မဟုတ်ကြသဖြင့် စဉ်းစားပြီးနောက်တွင် သူသည် ကြည့်မနေနိုင်တော့ချေ။
သဘာဝမူလဇာစ်မြစ်ကို အသုံးပြု၍ သက်ရှိများကို ပြန်လည်အသက်သွင်းနေစဉ်မှာပင် သူသည် စိတ်ထဲမှ ညည်းညူနေမိသည်။
*ဟူး..ငါကတော့ တကယ်ကို စိတ်ထားနူးညံ့လွန်းတာပဲ။*
လုရီသည် ကျိုယိုမိစ္ဆာများကြောင့် ပျက်စီးသွားခဲ့ရသော သက်ရှိအားလုံးကို ပြန်လည်အသက်သွင်းပြီးနောက်တွင်မှ တာအိုအလင်းတန်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
လုရီသည် တာအိုယွင်ကို နားလည်သဘောပေါက်ရာတွင် နစ်မြုပ်နေဆဲဖြစ်သော ရွှယ်ဟန်ကို မြင်တွေ့လိုက်ရသောအခါ သူ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားပြီး အနည်းငယ် အပျော်ဘက်သို့ သန်းသွား၏။
*ဒီလူကတော့ တကယ်ကို အေးအေးဆေးဆေးနိုင်တာပဲ။*
သူသည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး
ရွှယ်ဟန်၏ ရှေ့မှောက်တွင် ပေါ်လာကာ မျက်နှာထားတည်တည်ဖြင့် ဆိုလိုက်သည်။
"ဟေ့၊ နိုးတော့။"
လုရီ၏ ရုတ်တရက်ထွက်ပေါ်လာသော အသံသည် တာအိုထဲတွင် နစ်မြုပ်နေသော ရွှယ်ဟန်၏ ဝိညာဉ်ကို လန့်သွားစေမတတ်ပင်။ သူသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး စွမ်းအားနိယာမ လှိုင်းထလာကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်၏။
သို့သော် နောက်တစ်ခဏ၌ သူ၏ ကိုယ်ခန္ဓာသည် မမြင်နိုင်သော စွမ်းအားတစ်ခု၏ ချုပ်တည်းခြင်းကို ခံလိုက်ရသကဲ့သို့ လုံးဝ မလှုပ်မယှက်နိုင် ဖြစ်သွားသည်။