အားအကောင်းဆုံး အထောက်အပံ့ (၂)...
Vol. 55 Ch. 816
~“ဒါက မင်း ကံကောင်းသွားတာပါ။ တကယ်လို့သာ ငါ အနားယူရမယ့်အလှည့်ဖြစ်ခဲ့ရင်၊ မူလဇာစ်မြစ်စွမ်းအားကို နားလည်သွားမယ့်သူက ငါ ဖြစ်မှာ”
ယွီချန်က အားကျမခံ ပြန်ပြောလိုက်သည်။
“…”
ယွီမိသားစု ဘိုးဘေးများစွာ၏ အပြစ်တင်စကားများအပေါ်တွင် ယွီချန်သည် လုံးဝကို ဂရုမစိုက်သည့်အလား ပျော်ရွှင်စွာ ရယ်မောလျက်ရှိ၏။
“ကံကြမ္မာဆိုတာကလည်း စွမ်းအားရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ။ အင်မော်တယ် အရှင်သခင်အဆင့်အထိ ကျင့်ကြံလာခဲ့ကြတဲ့ ခင်ဗျားတို့အားလုံးလည်း ကံကောင်းတဲ့ အခွင့်အရေးတွေနဲ့ မကြုံခဲ့ဖူးကြဘူးလား။ ဒီလောက် ရိုးရှင်းတဲ့ အကြောင်းတရားလေးကိုတောင် နားမလည်ကြတော့ဘူးလား။”
ထိုစကားကြောင့် ယွီမိသားစု ဘိုးဘေးများ၏ မျက်နှာများမှာ ဒေါသကြောင့် ညိုမှောင်သွားကြတော့သည်။
ဆူညံနေကြသော ယွီမိသားစု ဘိုးဘေးများကိုကြည့်ရင်း လုရီမှာ အသာအယာပြုံးနေမိ၏။
သူသည် ဤလေးစားဖွယ် ယွီမိသားစု၏
အင်မော်တယ် အရှင်သခင်များထံမှ ဤကဲ့သို့သော ပုံစံမျိုးကို မြင်တွေ့ရလိမ့်မည်ဟု ထင်
မထားခဲ့ပေ။
တကယ်ပင်… မည်သူ တစ်ဦးတစ်ယောက်ကမှ အခြား တစ်ယောက်ကို လေးစားကြပုံ မပေါ်။
ဆူဆူညံညံနှင့်ပင် လူတိုင်းသည် ကျိုယိုစစ်မြေပြင်ရှိ သူတို့၏ စခန်းသို့ ပြန်ရောက်လာခဲ့ကြသည်။ ဆွေးနွေးတိုင်ပင်ပြီးနောက်၊ ယွီချန်ကို စခန်းတွင်နေစေရန် ဆုံးဖြတ်လိုက်ကြ၏။ သူသည် ကြယ်တာရာနယ်မြေ တပ်မတော်မှ တပ်ဖွဲ့ဝင်အနည်းငယ်နှင့် အင်မော်တယ် ဧကရာဇ် စွမ်းအားရှင်အချို့ကို ဦးဆောင်ကာ အခြေအနေအရပ်ရပ်ကို စောင့်ကြည့်ရမည် ဖြစ်သည်။
အကြောင်းမှာတော့၊ ကျိုယိုစစ်မြေပြင်ကို အဓိကရှင်းလင်းပြီး ဖြစ်ပြီး ကျန်ရှိနေသေးသော ကျိုယိုမိစ္ဆာများ အများအပြား မရှိသော်လည်း…
အင်မော်တယ်အရှင်သခင် အဆင့် ကျိုယိုမိစ္ဆာများပင် မရှိတော့သည့်တိုင်… လိုအပ်သော ကြိုတင်ကာကွယ်မှုများကိုတော့ ဆက်လက် ထိန်းသိမ်းထားရန် လိုအပ်နေသေးသောကြောင့်တည်း။
အကယ်၍ ကျိုယိုဥမင်၏ တံဆိပ်တော်သည် ရုတ်တရက် ပျက်စီးသွားပါက၊ စောင့်ကြည့်မည့်သူ မရှိလျှင် အခြေအနေက အလျင်အမြန် ဆိုးရွားသွားနိုင်ပေသည်။
ထိုအခိုက်တွင်၊ အခြားသော ယွီမိသားစု ဘိုးဘေးများကတော့ ကျောက်စိမ်းကြယ်တာရာဂြိုဟ်သို့ ပြန်ကာ တံခါးပိတ် ကျင့်ကြံကြတော့မည် ဖြစ်သည်။
လုရီသည်လည်း ယွီရှင်း အစရှိသော မိတ်ဆွေများကို နှုတ်ဆက်ကာ ထျန်းမင်ကြယ်တာရာစနစ်ဆီသို့ ပြန်လာခဲ့လေသည်။
……
သူသည် တိမ်ဖြူအင်မော်တယ်ဂိုဏ်းသို့ ပြန်ရောက်ပြီး လင်းလောင်တောင်ထိပ်သို့ ရောက်သည်နှင့်တစ်ပြိုင်နက်၊ သူ၏ ဥမင်စံအိမ်အပြင်ဘက်တွင် ယွီလင်းလောင်၊ လျိုနင်ရွှမ်းနှင့် အခြားသူများ ရှိနေသည်ကို သတိပြုမိလိုက်သည်။
လုရီ၏ မျက်ခုံးများ ပင့်တက်သွား၏။ သူသည် ဥမင်စံအိမ်၏ အဝင်ဝဆီသို့ သွားကြည့်လိုက်ရာ အားလုံးရောက်နေကြသည်ကို တွေ့လိုက်ရသည်။
လုရီ ပြန်လာသည်ကိုမြင်သော်၊ လျိုနင်ရွှမ်းနှင့် အခြားသူများက သူ့ကို စကားမဲ့ အပြစ်တင်နေသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်ကြရာ၊ လုရီမှာ အနည်းငယ် မျက်နှာပူသွားရလေသည်။
လုရီက အနေခက်စွာ ရယ်မောလိုက်ရင်း… မေးလိုက်၏။
“အားလုံးပဲ ဘာဖြစ်ကြတာလဲဗျ။”
“ဂျူနီယာမောင်လေး… ဘာလို့နင်ဘာသာတစ်ယောက်တည်း ကျိုယိုမိစ္ဆာတွေကို သွား
ဖြေရှင်းတာလဲ။ ငါတို့ကို ဘာလို့ မခေါ်သွားတာလဲ။”
“ဟုတ်တယ်၊ ဟုတ်တယ်။ စီနီယာအစ်ကို… ငါတို့လည်း နင့်ကို ကူညီနိုင်တာပဲကို။”
သုန်းကုန်းမင်ယွဲ့က မကျေမနပ်ဖြင့် ညည်းညူလိုက်သည်။
အမြဲတမ်း နူးညံ့သိမ်မွေ့သော ယွင်ရှီးပင်လျှင်
လုရီကို အနည်းငယ် ဒေါသထွက်နေသော မျက်ဝန်းများဖြင့် ကြည့်နေ၏။
"အဟမ်း..."
လုရီက ချောင်းတစ်ချက်ဟန့်လိုက်သည်။
*ဘယ်လိုပြောရပါ့…*
“ဘယ်သူက ကျွန်တော် ကျိုယိုမိစ္ဆာတွေကို သွားရှင်းတယ်လို့ ပြောလဲ။”
လင်းလောင်တောင်ထိပ်သခင်မက လုရီကို ပြုံးတစ်ဝက် မပြုံးတစ်ဝက် မျက်နှာထားဖြင့် ကြည့်ကာ…
“နင်မပြန်လာခင်မှာပဲ ငါ့အစ်ကိုကြီးက သတင်းပို့ပြီးသွားပြီ။”
ယွီဟန်ကွမ်းသည် ကျိုယိုစစ်မြေပြင်မှ အပြောင်းအလဲများကို စီမံခန့်ခွဲရန် ကျောက်စိမ်းကြယ်ဂြိုဟ်တွင် နေခဲ့ပြီး လုရီနှင့်အတူ ပြန်လိုက်မလာခဲ့ပေ။ ထို့ကြောင့် လုရီတစ်ယောက်တည်း ပြန်လာခဲ့ခြင်းဖြစ်၏။
လင်းလောင်တောင်ထိပ်သခင်မ၏ စကားကိုကြားသောအခါ လုရီမှာ ခေါင်းကိုက်သွားတော့သည်။
*အား… ဒီလူတော့… ဆရာ့ကို သွားပြောတာကိုး။*
လုရီက မူလက အနည်းငယ် အလုပ်များသွားသော်လည်း၊ တကယ်တမ်းတွင် နှစ်အနည်းငယ်သာ ကြာမြင့်ခဲ့သည်ဖြစ်ရာ၊ တံခါးပိတ်ကျင့်ကြံမှု တစ်ကြိမ်စာမျှသာ ဖြစ်သည်။ သူ ပြန်သွားလျှင်ပင် သူ့ကို မည်သူမျှ သတိထားမိလိုက်မည် မဟုတ်ဟု ထင်ထားခဲ့သည်။
*သစ္စာဖောက်က ကိုယ့်လူတွေထဲမှာပဲ ရှိနေတာပါလား။ နောက်တစ်ခါ အဲ့ဒီလူနဲ့ တွေ့ရင်တော့ တွေ့ကြသေးတာပေါ့။*
လုရီက ချောင်းတစ်ချက် ထပ်ဟန့်လိုက်ရင်း
ခပ်ဖွဖွရယ်မောကာ ပြောလိုက်သည်။
“ကျွန်တော့်ရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင်
အင်မော်တယ် အရှင်သခင် အဆင့် ကျိုယိုမိစ္ဆာတွေကိုတောင် အလွယ်တကူ ရှင်းနိုင်နေပြီလေ။ ဒါကြောင့် အစ်မတို့ရဲ့ ကျင့်ကြံခြင်းကို
မနှောင့်ယှက်ချင်လို့ပါ။”
ကျန်းရူယွီက လက်ပိုက်လိုက်ရင်း မကျေမနပ်ဖြင့် ဆို၏။
“ဒါဆို… ငါတို့ရဲ့ ပုံမှန် မဟုတ်တဲ့ ဂျူနီယာမောင်လေးက သူ အရမ်းတော်သွားပြီ၊ ငါတို့မလိုတော့ဘူးလို့ သဘောထားနေတာပေါ့ ဟုတ်လား။”
“ဘယ်ကလာဗျာ။”
လုရီက အပြုံးဖြင့် ချော့မော့ပြောလိုက်သည်။
“အစ်မရူယွီ… ခင်ဗျားတို့အားလုံးက ကျွန်တော့်ရဲ့ အခိုင်မာဆုံး ထောက်တိုင်တွေပဲလေ။ ဘယ်လိုလုပ် ခင်ဗျားတို့ကို မလိုအပ်ဘဲ နေပါ့မလဲ။ ဒါနဲ့ပြောရရင်… ကျွန်တော်တစ်ခု စဉ်းစားမိသွားပြီ။ မကြာခင်မှာ ကျိုယိုမိစ္ဆာတွေရဲ့ အကြီးစားတိုက်ခိုက်မှုတစ်ခု ဖြစ်လာနိုင်တယ်။ အဲ့ဒီအခါကျရင် အင်မော်တယ်ဘုရင်အဆင့်၊ ဒါမှမဟုတ် အင်မော်တယ်အင်ပါယာအဆင့် ကျိုယိုမိစ္ဆာတွေနဲ့တောင် ရင်ဆိုင်ရနိုင်တယ်။ ဒါကြောင့် အစ်မရူယွီတို့လည်း ကျင့်ကြံခြင်းကို အလေးအနက်လုပ်ထားဖို့လိုမယ်နော်။ အဲ့ဒီအချိန်ကျရင် ကျွန်တော့်ကို တစ်လက်တစ်အား ကူညီပေးကြပါဦး။”
သူ၏စကားများက လျိုနင်ရွှမ်းနှင့် အခြားသူများ၏ အာရုံကို အမှန်ပင် လွှဲပြောင်းသွားစေနိုင်ခဲ့သည်။
သူတို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး အံ့အားသင့်ဟန်ဖြင့်…
“အင်မော်တယ်ဘုရင်… ဒါမှမဟုတ်
အင်မော်တယ်အင်ပါယာအဆင့် ကျိုယိုမိစ္ဆာတွေ ဟုတ်လား။ ဘယ်လိုဖြစ်နိုင်မှာလဲ။ တကယ်ပဲ
အဲ့ဒီလောက်တောင် အစွမ်းထက်တဲ့ ကျိုယိုမိစ္ဆာတွေ ရှိလို့လား။”
ဘေးမှ လင်းလောင်တောင်ထိပ်သခင်မပင်လျှင် အလွန်အမင်း အံ့ဩသွားဟန်ဖြင့် သူမ၏ လှပသော မျက်နှာလေးထက်တွင် မှင်သက်နေသည့် အရိပ်အယောင်များ ယှက်သန်းသွား၏။
သူတို့၏ တုံ့ပြန်မှုကိုမြင်သော် လုရီမှာ
ယွီဟန်ကွမ်းသည် သူတို့၏ ဆရာ့ကို အခြေအနေအပြည့်အစုံ ရှင်းမပြထားကြောင်း နားလည်လိုက်သည်။
*ဒီကိစ္စကို အစ်မတို့နဲ့ သေချာပြောပြဖို့ လိုအပ်နေပြီပဲ။*
အကြောင်းမှာတော့၊ တာအိုယင်ယန် လျှို့ဝှက်သိုင်းစွမ်းရည်၏ အစွမ်းမြှင့်တင်ပေးမှုက မယုံနိုင်လောက်အောင် ကြီးမားလှသောကြောင့် ဖြစ်သည်။ အထူးသဖြင့် သူ၏ စီနီယာအစ်မများ၏ စွမ်းအားများ မြင့်တက်လာလေလေ၊ အစွမ်းမြှင့်တင်ပေးမှုက ပို၍ပို၍ ကြီးမားလာလေလေ ဖြစ်လိမ့်မည်။ နိုးထလာမည့် ကျိုယိုမိစ္ဆာများထဲမှ စွမ်းအားရှင်များကို ရင်ဆိုင်ရာတွင် သူတို့သည် လုရီအတွက် အရေးပါသော ထောက်တိုင်တစ်ခု ဖြစ်လာကြလိမ့်မည်။
အကယ်၍ အင်အားကြီးသော ကျိုယိုမိစ္ဆာများ နိုးထမလာခင်နှင့် ကျူးကျော်တိုက်ခိုက်မှု မစတင်ခင်မှာ၊ လင်းလောင် တောင်ထိပ် သခင်မနှင့် အခြားသူများ အင်မော်တယ် အရှင်သခင်အဆင့်သို့ ရောက်ရှိနိုင်ခဲ့မည်ဆိုလျှင်… လုရီကိုယ်တိုင် အင်မော်တယ်ဘုရင် အဆင့်တွင်သာ ရှိနေဦးလျှင်ပင်၊ ယင်ယန် တာအိုတံဆိပ် လျှို့ဝှက်သိုင်းစွမ်းရည်၊ ကောင်းကင်နှလုံးသား သိုင်းနည်းစနစ်နှင့် သူ၏ အခြားသော စွမ်းအားများကို ပေါင်းစပ်ကာ၊ ကျိုယိုမိစ္ဆာများထဲမှ အင်မော်တယ်
အင်ပါယာအဆင့် အထက်တန်းစားများကို ရင်ဆိုင်နိုင်မည်ဟု သူယုံကြည်သည်။
ကျိုယိုမိစ္ဆာ နတ်ဘုရား အဆင့်များကိုပင် ရင်ဆိုင်နိုင်ကောင်း ရင်ဆိုင်နိုင်ပေလိမ့်မည်။
လုရီက ဤကိစ္စကို ထုတ်ပြောရခြင်းမှာလည်း အစ်မလင်းလော့နှင့် အခြားသူများ ကျင့်ကြံခြင်းကို အလေးအနက်ထားပြီး သူတို့၏ စွမ်းအားများကို အမြန်ဆုံး မြှင့်တင်စေလိုသောကြောင့် ဖြစ်လေသည်။ သေချာသည်မှာတော့ သူသည် အကောင်းဆုံးသော အရင်းအမြစ်အားလုံးကို ပံ့ပိုးပေးမည်သာ။
ဤသို့တွေးလိုက်ပြီးနောက် လုရီသည် ရာရှိုမွန်ကြယ်တာရာနယ်မြေ၏ ကျိုယိုစစ်မြေပြင်နှင့် နောက်ပိုင်း မင်ယွမ်စစ်မြေပြင်တို့တွင် သူတွေ့ကြုံခဲ့ရသော ကျိုယိုမိစ္ဆာအရှင်သခင်အကြောင်း၊ ထိုမိစ္ဆာအရှင်သခင် ပြောသွားသော စကားများနှင့် သူ၏ ကိုယ်ပိုင်သုံးသပ်ချက်များကို ပြန်လည်ပြောပြလိုက်လေသည်။
နားထောင်ပြီးနောက်တွင် လျိုနင်ရွှမ်းနှင့် အခြားသူများ၏ မျက်နှာအမူအရာများမှာ အကြိမ်ကြိမ်ပြောင်းလဲသွားပြီး လေးနက်စွာ တွေးဆနေကြ၏။
“ကျိုယိုမိစ္ဆာတွေက အဲ့ဒီလောက်တောင် အစွမ်းထက်တာလား… ဂျူနီယာမောင်လေး လုရီရဲ့ အဆင့် ချိုးဖြတ်မှုက သူတို့ရဲ့ နိုးထမှုကို အရှိန်မြှင့်ပေးလိုက်သလို ဖြစ်သွားတာပေါ့…”
လျိုနင်ရွှမ်းက လေးနက်သော မျက်နှာထားဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူမသည် လုရီ၏ အဆင့် ချိုးဖြတ်မှုကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များအတွက် သူ့ကို အပြစ်တင်မည် မဟုတ်ပေ။ အကြောင်းမှာတော့ လျိုနင်ရွှမ်းအတွက် သူမသည် လုရီ၏ ဘက်တွင် အခြေအနေအရပ်ရပ် မခွဲခြားဘဲ ခြွင်းချက် မရှိ ရပ်တည်ပေးမည့်သူ ဖြစ်သောကြောင့်တည်း။
သို့သော်လည်း၊ နိုးထလာသော ကျိုယိုမိစ္ဆာများသည် အနာဂတ်တွင် သူတို့၏ စကြဝဠာအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ပေသည်။
“အဲ့ဒီ အင်အားကြီးတဲ့ ကျိုယိုမိစ္ဆာတွေ အပြည့်
အဝ နာလန်ထူပြီး ငါတို့ စကြဝဠာကို ကျူးကျော်လာဖို့ ဘယ်လောက်ကြာမှာလဲ။”
ယွင်ရှီးက ဖြည်းညင်းစွာ မေးလိုက်၏။
“ကျွန်တော်လည်း မသိဘူး။ ဒါပေမဲ့ သိပ်တော့
မကြာလောက်ဘူး။”
လုရီက မင်ယွမ်စစ်မြေပြင်မှ ကျိုယိုမိစ္ဆာအရှင်သခင်၏ စကားများကို အခြေခံ၍ ခန့်မှန်းလိုက်သည်။ တိကျသော အချိန်ကာလသည် ရှေးဟောင်းခေတ်မှ ယခုအချိန်အထိ ကြာမြင့်ခဲ့သော နှစ်ဘီလီယံပေါင်းများစွာကိုတော့ ကျော်လွန်မည်မဟုတ်ပေ။ အကြောင်းမှာတော့ ထိုအချိန်ကာလသည် အလွန်တရာ ကြီးမားကျယ်ပြန့်သောကြောင့်တည်း။
သို့သော်… အင်မော်တယ် အင်ပါယာ အဆင့် ပုဂ္ဂိုလ်များ နိုးထလာသည်နှင့်တစ်ပြိုင်နက်၊ သူတို့၏ စွမ်းအားအပြည့်ကို ပြန်လည် ရရှိရန်မှာ တစ်ညတည်းနှင့်တော့ ဖြစ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။
လုရီ၏ သုံးသပ်ချက်အရ၊ အနည်းဆုံး နှစ်ထောင်ပေါင်းများစွာ၊ သို့မဟုတ် နှစ်သောင်းပေါင်းများစွာ၊ သို့မဟုတ် ထို့ထက်ပင် ပိုကြာနိုင်လေသည်။
ဤအကြောင်းကြောင့်ပင် လုရီမှာ အလွန်အမင်း စိတ်ပျက်အားငယ် မနေခြင်း ဖြစ်၏။ သူ၏ လက်ရှိ တိုးတက်နှုန်းအရ၊ ကျိုယိုမိစ္ဆာများ၏ ကျူးကျော်မှု မစတင်မီတွင် သူတို့အား ခုခံနိုင်မည့် စွမ်းအားကို ရရှိရန် မျှော်လင့်ချက် ရှိနေသေးသည်။
လုရီ၏ စကားကိုကြားသော် လျိုနင်ရွှမ်းနှင့် အခြားသူများမှာ တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်လိုက်ကြပြီး အားလုံး၏ မျက်နှာထက်တွင် လေးနက်သော အမူအရာများ ထင်ဟပ်နေကြသည်။
“ကျွန်မ နားလည်ပြီ။ ကျွန်မ အပြည့်အဝ တံခါးပိတ်ကျင့်ကြံပြီး အစွမ်းကုန် ကြိုးစားအားထုတ်မယ်။”
လျိုနင်ရွှမ်းက လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
ကျန်းရူယွီကလည်း ခေါင်းညိတ်လိုက်ရင်း သူမ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
“ကျွန်မကတော့ ကိုယ့်ရဲ့ ထူးဆန်းတဲ့ ဂျူနီယာမောင်လေးအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ဘူး။ အချိန်ကျလာရင်၊ အစ်မက မင်းအတွက်
အခိုင်မာဆုံး ထောက်တိုင် ဖြစ်စေရမယ်။”
ဤမျှ လေးလံသော သတင်းကို ကြားသိရသော်လည်း၊ ကျန်းရူယွီ၏ ပင်ကိုစရိုက်မှာ အမြဲတမ်း ပွင့်လင်းပြတ်သားသူ ဖြစ်ရာ၊ သူမသည် အပြုံး မပျက်နိုင်သေးပေ။ သူမ၏ အမြင်အရ၊ တကယ်တမ်း ခုခံနိုင်စွမ်း မရှိတော့လျှင်၊ သေရုံသာ ရှိသည်။
သူမ၏ ထူးဆန်းသော ဂျူနီယာ မောင်လေးနှင့်အတူတူ သေရခြင်းသည်လည်း အလွန်ဆိုးရွားမည် မဟုတ်ပေ။
သူမ၏ ချစ်စဖွယ်မျက်နှာလေးထက်တွင် ကလေးဆန်သောအဆီများ အနည်းငယ်ရှိနေသေးသော သုန်းကုန်းမင်ယွဲ့က လေးနက်စွာ ဆို၏။
“အစ်မရူယွီ ပြောတာမှန်တယ်။ စီနီယာ
အစ်ကိုကြီး.. ကျွန်မကို လိုအပ်တဲ့ အချိန်ကျရင်၊ ကျွန်မ အစွမ်းကုန် ကြိုးစားပေးမှာပါ။”
ယွင်ရှီးက လုရီကို ကြည့်ကာ… ပြောလိုက်သည်။
“လုရီ… ငါတို့ နှစ်ကိုယ်တူ ကျင့်ကြံတာကို မကြာခဏ လေ့ကျင့်ဖို့ လိုမယ်။ ဒါက ငါတို့ရဲ့ ကျင့်ကြံခြင်းကို တိုးတက်ဖို့ အမြန်ဆုံး နည်းလမ်းပဲ။”
“????”
မူလက တည်ကြည် လေးနက်နေသော အငွေ့အသက်သည် ယွင်ရှီး၏ စကားကြောင့်
လုံးဝ ပျက်စီးသွားတော့၏။ လျိုနင်ရွှမ်းနှင့် အခြားသူများ၏ မျက်နှာများ အနည်းငယ် တောင့်တင်းသွားပြီး အတော်ပင် အနေရခက်နေပုံရသည်။
အကယ်၍ သူမတို့ အနည်းငယ်သာ ရှိနေပါက ကိစ္စမရှိသော်လည်း၊ သူမတို့၏ ဆရာလည်း ထိုနေရာတွင် ရှိနေသည်လေ။
လုရီ ယူဆောင်လာသော တုန်လှုပ်ဖွယ်သတင်းတွင် နစ်မြုပ်နေသော လင်းလောင်တောင်ထိပ်သခင်မသည်ပင်လျှင် ယွင်ရှီး၏ စကားကြောင့် နှုတ်ခမ်းများတွန့်ကွေးသွားပြီး မျက်နှာမှာ အနည်းငယ် တောင့်တင်းသွားသည်။
သို့သော်လည်း၊ သူမသည် မကြားဟန်ဆောင်ကာ လုရီကို ကြည့်လိုက်ရင်း…
“ကောင်စုတ်လေး… တခြားနယ်မြေတွေမှာရှိတဲ့ ကျိုယိုဥမင်တွေအားလုံးကို တံဆိပ်ခတ်ပြီးသွားပြီ။ ဒါပေမဲ့ ထျန်းမင်မှာ တစ်ခုကျန်သေးတယ် နော်။”
ထိုစကားကိုကြားမှ လုရီမှာ ပင်လယ်မျိုးနွယ်များ သောင်းကျန်းစဉ်က ပင်လယ်ဧရိယာတွင် ပေါ်ပေါက်ခဲ့သော ကျိုယိုဥမင်ကို ရုတ်တရက် သတိရသွားတော့သည်။
ထိုအချိန်က ကျိုယိုဥမင်သည် အပြည့်အဝ မပွင့်သေးဘဲ၊ ယွီမိသားစု၏ မဟာအခင်းအကျင်းကြီးဖြင့် ပိတ်ဆို့ထားခဲ့သည်။ ထိုအခင်းအကျင်းက ကျိုယိုချီများ ယိုစိမ့်ခြင်းကို ကာကွယ်ပေးပြီး
ထျန်းမင်ကြယ်တာရာစနစ်ကို အကာအကွယ်ပေးထားခဲ့၏။
အချိန်များစွာ မကြာသေးသောကြောင့်၊ ကျိုယိုဥမင်သည် အပြည့်အဝ မပွင့်သေးပေ။ ထို့ကြောင့်လည်း လုရီမှာ ထိုကိစ္စကို အချိန်တစ်လျှောက်လုံး မေ့နေခဲ့ခြင်း ဖြစ်သည်။
ယခုအခါ သူသည် တာအိုစွမ်းအင်ကို အသုံးပြု၍ တာအိုအင်မော်တယ်အခင်းအကျင်းကို ဖန်တီးနိုင်နေပြီဖြစ်ရာ၊ အပြည့်အဝ မပွင့်သေးသော ထိုကျိုယိုဥမင်ကို ပို၍ပင် ကောင်းမွန်စွာ တံဆိပ်ခတ်နိုင်ပေလိမ့်မည်။
အကယ်၍ ကျိုယိုဥမင်သည် နောက်ဆုံးတွင် အမှန်တကယ် ပွင့်သွားလျှင်ပင်၊ အင်မော်တယ်အခင်းအကျင်း၏ တံဆိပ်ခတ်မှုဖြင့် ထျန်းမင်ကြယ်ဂြိုဟ် ပျက်စီးခြင်းမှ ကာကွယ်နိုင်ပေလိမ့်မည်။
ထိုသို့တွေးမိသော် လုရီမှာ အနည်းငယ် စိတ်လှုပ်ရှားလာသည်။
*ကျိုယိုဥမင် အပြည့်အဝမပွင့်သေးခင်မှာ… ငါ သူ့ကို လုံးဝ ပိတ်ပစ်နိုင်မယ့် အခွင့်အရေးများ ရှိနေမလား။*
လုရီက ခေါင်းညိတ်ကာ…
“ဆရာ့စကားက ကျွန်တော့်ကို သတိပေးလိုက်တာပဲ။ ကျွန်တော် ပင်လယ်ဧရိယာကို တစ်ချက် သွားကြည့်ဖို့ စီစဉ်ထားပါတယ်။”
လင်းလောင်တောင်ထိပ်သခင်မက ခေါင်းညိတ်လိုက်သည်။
“ငါ နင်နဲ့အတူ လိုက်ခဲ့မယ်။ အဖွားယွမ်လင်က အဲ့ဒီဥမင်ကို စောင့်ကြပ်နေတုန်းပဲ။”
လုရီက ခပ်ဖွဖွခေါင်းညိတ်လိုက်သည်။
“အချိန်မဆွဲသင့်တော့ဘူး။ ကျွန်တော်တို့ အခုပဲ သွားကြရအောင်။”