တာအိုစွမ်းအင်အား သန့်စင်ခြင်း (၂)...
Vol. 55 Ch. 824
~ထို့ကြောင့်၊ ဤတစ်ကြိမ်တွင် ယွီရှင်းနှင့် ယွီမိသားစုမှ အခြားသော အင်အားကြီးအဖွဲ့ဝင်များသည် ဉာဏ်အလင်းစင်မြင့် တည်ဆောက်မှုကို ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ခဲ့ကြသည်။
သို့တိုင်အောင်ပင် ၎င်းကို ပြီးမြောက်ရန် အတော်ပင် အချိန်ကြာမြင့်ခဲ့၏။
ဤကာလအတွင်း လုရီသည် မေးခွန်းတစ်ခုကို စဉ်းစားနေခဲ့သည်။ ၎င်းမှာ၊ ဤရောက်ရှိလာမည့် တာအိုဒီရေသည် မယုံနိုင်လောက်အောင် ကျယ်ပြန့်မည်ဖြစ်ပြီး၊ အင်မော်တယ်အရှင်သခင်တစ်ပါးပင်လျှင် စကြဝဠာတစ်ခုလုံးတွင် ကြုံတွေ့နိုင်ခဲသော ရှားပါးသည့် အခွင့်အရေးတစ်ခု ဖြစ်နိုင်ဖွယ်ရှိသည်။ ဤသို့သော အခွင့်အရေးသည် အင်မော်တယ်ဧကရာဇ် စွမ်းအားရှင်တစ်ဦးကို အင်မော်တယ်အရှင်သခင်အဆင့်သို့ တက်လှမ်းရန် ဖြစ်နိုင်ခြေမြင့်မားစွာ ရှိစေရန် လုံလောက်သင့်သည်။
အကယ်၍ ယွီမိသားစု တပည့်များသာ ဤအရာကို ကြုံတွေ့ရမည်ဆိုလျှင်၊ လုရီသည် အတိတ်ကဆိုလျှင် များစွာ စဉ်းစားမိမည် မဟုတ်ပေ။
သို့သော် ယခုအခါတွင်၊ ကျိုယိုမိစ္ဆာများထဲမှ အင်အားကြီးသူများ နိုးထလာနေပြီဖြစ်ရာ၊
မကြာမီမှာပင် ကျိုယိုမိစ္ဆာအများအပြားသည် ကျိုယိုမှ ထိုးဖောက်ထွက်လာပြီး တကယ့်စကြဝဠာထဲသို့ ရောက်ရှိလာကြတော့မည်။ ထိုသို့ဖြစ်ပျက်လာသောအခါ၊ စကြဝဠာသည် ကျိုယိုမိစ္ဆာများကို ခုခံရန်အတွက် စွမ်းအားရှင်များ ပိုမိုလိုအပ်လာပေလိမ့်မည်။
ဤအချက်ကို ထောက်ရှုလျက်၊ လုရီသည်
ယွီရှင်းအား ထျန်းလော့ကြယ်တာရာနယ်မြေမှ အခြားသော စွမ်းအားရှင်များကိုပါ လာရောက်၍ ဤအဖြစ်အပျက်ကို ကြည့်ရှုခွင့်ပေးရန် အဆိုပြုလိုက်သည်။
ယွီရှင်းသည်လည်း လုရီ၏ ဆန္ဒများကို သဘာဝအတိုင်း လေးစားပြီး ထျန်းလော့ကြယ်တာရာနယ်မြေတစ်ခုလုံးကို အသိပေးလိုက်လေသည်။
ထျန်းလော့ကြယ်တာရာနယ်မြေမှ ထိပ်တန်းအင်အားစုများ၏ စွမ်းအားရှင်များသည် လုရီနှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိနိုင်သော်လည်း၊ သူ
ကျိုယိုစစ်မြေပြင်ကို တံဆိပ်ခတ်သည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသည် သို့မဟုတ် ကြားသိခဲ့ရသည်။ သူတို့သည် လုရီ၏ စွမ်းရည်များကို အတိုင်းအတာတစ်ခုအထိ နားလည်သဘောပေါက်ခဲ့ကြ၏။
ယခုအခါတွင်၊ ဤပုဂ္ဂိုလ်ကြီးသည် အင်မော်တယ်အရှင်သခင်အဆင့်သို့ တက်လှမ်းတော့မည်ဖြစ်ပြီး၊ အဆင့်ချိုးဖြတ်ခြင်းက မတွေးတောနိုင်သော အခွင့်အရေးဖြစ်သည့် တာအိုဒီရေကို ယူဆောင်လာမည်ကို ကြားသိရသောအခါ၊ ထိပ်တန်းအင်အားစုအမျိုးမျိုးမှ စွမ်းအားရှင်များသည် သူတို့၏ ဂျူနီယာများကို ခေါ်လာကာ ကျောက်စိမ်းကြယ်ဂြိုဟ်ဆီသို့ အပြေးအလွှား လာရောက်ကြတော့သည်။
လုရီသည် လင်းလောင်တောင်ထိပ်သခင်မနှင့် အခြားသူများကိုပင် ထျန်းမင်ကြယ်ဂြိုဟ်မှ မိတ်ဆွေများနှင့် အကြီးအကဲများကို ခေါ်ဆောင်လာစေခဲ့သည်။ ဤတစ်ကြိမ် တာအိုဒီရေသည် ယခင်ကထက်ပင် ပိုမို အားကောင်း၏။ သူ၏ တာအို တရား ဟောပြောမှုများမှ တုန်ခါမှုများပင်လျှင် ဤအရာနှင့် မနှိုင်းယှဉ်နိုင်ပေ။ လုရီသည် သူ၏ မိတ်ဆွေများနှင့် မိသားစုများလည်း အကျိုးကျေးဇူး ခံစားစေလိုသည်မှာ ဓမ္မတာပင်။
ထို့ကြောင့်၊ လုရီသည် ယွီမိသားစု၏ နယ်မြေတွင် တစ်နှစ်ကျော်ကြာ စောင့်ဆိုင်းခဲ့လေ၏။ ယွီမိသားစု ကြယ်တာရာနယ်မြေသို့ စွမ်းအားရှင်အများအပြား ရောက်ရှိလာမှသာ သူသည် သူ၏ အဆင့် ချိုးဖြတ်ခြင်းကို စတင်လိုက်တော့သည်။
တံခါးပိတ်ကျင့်ကြံနေသော ယွီချန်သည်လည်း ထွက်လာပြီး၊ လုရီ၏ အဆင့် ချိုးဖြတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော တာအိုဒီရေကို ခံစားရန်အတွက် ယွီမိသားစု၏ အခြားသော အင်မော်တယ်အရှင်သခင်
အကြီးအကဲများနှင့်အတူ ပူးပေါင်းလိုက်၏။
သူတို့သည် ဉာဏ်အလင်းစင်မြင့်၏ အဓိကဧရိယာတွင် ရပ်နေကြပြီး၊ အလယ်ဗဟိုဧရိယာကို တိတ်ဆိတ်စွာ ကြည့်ရင်း လုရီ အဆင့် ချိုးဖြတ်မည်ကို စောင့်ဆိုင်းနေကြသည်။
ယွီရွှမ်ယီက သူ့ဘေးမှ ယွီချန်ကို ရှုတည်တည်ဖြင့် ကြည့်လိုက်သည်။
“ရီအာရဲ့ အဆင့်ချိုးဖြတ်ခြင်းကနေ ဖြစ်ပေါ်လာတဲ့ တာအိုဒီရေက တကယ်ပဲ အဲ့ဒီလောက်တောင် ချဲ့ကားလွန်းလို့လား။ မင်းက မင်းရဲ့ အရေးကြီးတဲ့ တံခါးပိတ် ကျင့်ကြံမှုကိုတောင် ထားခဲ့ပြီး ဒါကို လာကြည့်ရလောက်အောင်ပဲလား။”
သူ့ဘေးမှ ယွီပေါ်ယွင်နှင့် အခြားသူများမှာလည်း တအံ့တဩဖြစ်နေကြ၏။
ထိုအခါ ယွီချန်က မျက်လုံးလှန်လိုက်ပြီး ညင်သာစွာ ရယ်မောလိုက်သည်။
“ဒီအချိန်တစ်လျှောက်လုံး ငါ ဘာလို့ အဆင့်ချိုးဖြတ်ဖို့ မကြိုးစားသေးလဲဆိုတာ မင်းတို့
သိကြလား။”
လူအုပ်မှာ မှင်သက်သွားကြပြီး၊ ယွီယင်းက အနည်းငယ် နားမလည်စွာ မျက်မှောင်ကြုတ်လိုက်သည်။
“မင်းက နောက်ဆုံးပြင်ဆင်မှုတွေ မလုပ်ရသေးလို့ မဟုတ်ဘူးလား။”
“ဟဲဟဲ… တကယ်တော့၊ ငါက ပြင်ဆင်မှုတွေ လုပ်ပြီးသား။ အချိန်မရွေး အဆင့်ချိုးဖြတ်လို့ ရနေပြီ။”
ယွီချန်က ခေါင်းခါလိုက်၏။
“ဒါဆို ဘာလို့ မင်း အဆင့်မချိုးဖြတ်သေး…”
ယွီယွမ်ယိုက စတင်မေးလိုက်သော်လည်း
ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားသည်။ သူ၏ မျက်နှာ အမူအရာသည်လည်း အနည်းငယ် ပြောင်းလဲသွားပြီး အနည်းငယ် ထူးဆန်းစွာ ကြည့်လိုက် တော့သည်။
“မင်းက ရီအာရဲ့ အဆင့်ချိုးဖြတ်တာကို စောင့်နေတာလား။ ဒီတာအိုဒီရေကို စောင့်နေတာလား။”
လေးနက်သော အမူအရာဖြင့် ယွီချန်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်။ မင်းတို့က ရီအာရဲ့ အဆင့် ချိုးဖြတ်တဲ့ မြင်ကွင်းကို ကိုယ့်မျက်စိနဲ့ကိုယ် မမြင်ဖူးတော့ နားလည်ချင်မှ နားလည်လိမ့်မယ်။ သူ
အင်မော်တယ်အရှင်သခင်အဆင့်ကို တက်လှမ်းတဲ့အခါ ရင်ဆိုင်ရမယ့် ကောင်းကင်ကပ်ဘေးက ငါ အင်မော်တယ်ဘုရင်အဆင့်ကို ဖြတ်ကျော်တုန်းက ရင်ဆိုင်ခဲ့ရတာထက် အားမနည်းလောက်ဘူးဆိုတာ ငါသေချာတယ်။ ပိုတောင် အားကောင်းနေနိုင်သေးတယ်ကွ။ ငါက နှိုင်းယှဉ်ကြည့်ချင်တာ။ ဒါ့အပြင်၊ ရီအာရဲ့ အဆင့် ချိုးဖြတ်ခြင်းကနေ ဖြစ်ပေါ်လာတဲ့ တာအိုဒီရေက သေချာပေါက် ကျယ်ပြန့်ပြီး နက်ရှိုင်းမှာပဲ။ အခုချိန်မှာတောင်၊ ငါ အဲ့ဒီကနေ အများကြီး ရရှိသင့်တယ်။ ရီအာ အဆင့် ချိုးဖြတ်ပြီးသွားရင်၊ ငါက
တာအိုဒီရေကို စီးပြီး တစ်ရှိန်ထိုး အင်မော်တယ်ဘုရင်အဆင့်ကို တက်လှမ်းသွားမယ်။ အောင်မြင်နိုင်ခြေက သေချာပေါက် သိသိသာသာ တိုးလာမှာ လေ။”
ယွီချန်၏ စကားကို ကြားသောအခါ၊ ယွီရွှမ်ယီနှင့် အခြားသူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး၊ လုရီ ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု
မတွေးတောနိုင်အောင် ဖြစ်သွားကြသည်။
ထိုအခိုက်မှာပင်၊ လုရီ၏ အရှိန်အဝါသည် ရုတ်တရက် တဟုန်ထိုး မြင့်တက်လာတော့သည်။
တဆက်တည်း၌ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါက ကောင်းကင်နှင့်မြေကြီးကို ဆွဲငင်လိုက်ပြီး အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားကာ၊ ဧရာမကြယ်ကြီးတစ်လုံးကဲ့သို့ လူတိုင်း၏ ရင်ဘတ်ပေါ်သို့ ဖိနှိပ်ကျရောက်လာ၏။
အနီးအနားဧရိယာတွင်၊ အင်မော်တယ်ဧကရာဇ်အဆင့် ကျင့်ကြံသူများပင်လျှင် သူတို့၏ ရင်ဘတ်ထဲတွင် ဖိအားအနည်းငယ်ကို ခံစားလိုက်ရပြီး၊ ရွှေအင်မော်တယ်အဆင့်ရှိသူများမှာမူ မျက်နှာများ ဖြူဖျော့သွားကာ မျက်လုံးများမှာ တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေတော့သည်။
ယွီရှင်းသည်ပင်လျှင် လုရီ၏ အဆင့် ချိုးဖြတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော အပြောင်းအလဲများ ယခင်ကထက် ဤမျှလောက် ချဲ့ကားလွန်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် တတ်နိုင်သမျှ ချဲ့ကားမှန်းဆခဲ့ပြီး
ဖြစ်သော်လည်း၊ အံ့အားသင့်မိဆဲပင်။
“မြန်မြန်။ ရွှေအင်မော်တယ် အဆင့်အောက်က ကျင့်ကြံသူတွေ၊ နောက်ဆုတ်ကြ။”
ယွီရှင်းက ဟစ်အော်လိုက်သည်။
ယွီမိသားစု တပည့်များ ဖြစ်စေ၊ ထျန်းမင်မှ မိတ်ဆွေများနှင့် မိသားစုဝင်များ ဖြစ်စေ၊ သူတို့အားလုံး မျက်နှာများ ဖြူဖျော့သွားပြီး အလျင်အမြန် နောက်ဆုတ်သွားကြသည်။
လုကောင်းယန်နှင့် ဝမ်စီးချီတို့သည် လျိုနင်ရွှမ်းနှင့် အခြားသူများ၏ စောင့်ရှောက်မှုအောက်တွင် လျင်မြန်စွာ နောက်သို့ရွှေ့သွားကြပြီး၊ သူတို့၏ မျက်နှာများမှာ အနည်းငယ် ဖြူဖျော့နေသော်လည်း၊ သူတို့၏ မျက်လုံးများမှာမူ အာကာသ၏ နက်ရှိုင်းသောနေရာတွင် ပျံဝဲနေသော လုရီကို မယုံကြည်နိုင်မှုများဖြင့် ကြည့်ရင်း လုံးဝ နားမလည်နိုင်အောင် ဖြစ်နေကြသည်။
အဲ့ကောင်လေးက တကယ်ပဲ ငါ့သား ဟုတ်ရဲ့လား။
လုကောင်းယန်မှာ မှင်တက်မိနေသည်။
လုကောင်းယန်နှင့် ဝမ်စီးချီတို့သည် လုရီ အလွန်တရာ အစွမ်းထက်သည်ကို သိရှိကြ၍ သူ၏ တာအို တရား ဟောပြောပွဲ တစ်ခုချင်းစီက ယူဆောင်လာသော ဆန်းကြယ်မြင်ကွင်းများအရ ထင်ရှားနေသော်လည်း၊ လုရီသည် ထျန်းမင်တွင် သူ၏ အစွမ်းအပြည့်ကို မသုံးခဲ့သည်မှာ
နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သည်။ လုရီ
အမှန်တကယ် မည်မျှလောက် အစွမ်းထက်သည်ကိုမူ၊ နှစ်ဦးသားမှာ ခန့်မှန်းရုံသာ တတ်နိုင်ပြီး တကယ်တမ်း မသိရှိကြပေ။
သို့သော် ယခုအခါတွင်၊ သူတို့ အနည်းငယ် သဘောပေါက်သွားကြပြီ။
ရွှေအင်မော်တယ်အဆင့်ရှိ စွမ်းအားရှင်များပင်လျှင် သူတို့သား၏ ရှေ့တွင် ခိုင်ခိုင်မာမာ
မရပ်တည်နိုင်ကြပေ။
ဒီကောင်လေး တကယ်ပဲ ဒီလောက်တောင် ကြမ်းတာလား။
လုကောင်းယန်နှင့် ဝမ်စီချီ နှစ်ဦးလုံးမှာ မှင်တက်မိနေကြသည်။
သူတို့သာမက၊ ကျန့်ဖန်၊ ပိုင်ယွိီလုံနှင့် ကောင်းကင်နဂါးသူတော်စင်သားတော်တို့ပင်လျှင် လုံးဝ တုန်လှုပ်သွားကြသည်။
လုရီ၏ စွမ်းအားသည် ယခုအခါ အလွန်တရာ ကြီးမားလာပြီဖြစ်ပြီး၊ သူတို့၏ ကျင့်ကြံမှုမှာလည်း လုရီ၏ လမ်းညွှန်မှုအောက်တွင် နှစ်များတစ်လျှောက် ချောမွေ့စွာ တိုးတက်လာခဲ့ကာ၊ အားလုံးမှာ နှစ်ရာပေါင်းအနည်းငယ်အတွင်း ရွှေအင်မော်တယ်အဆင့်သို့ ရောက်ရှိခဲ့ကြသည်ကို သူတို့ သိရှိကြသော်လည်း၊
၎င်းသည် သူတို့ အတိတ်က အိပ်မက်ပင် မမက်ဝံ့သော နယ်ပယ်တစ်ခု ဖြစ်လေသည်။
သို့တိုင်အောင်ပင် သူတို့သည် လုရီ၏ စွမ်းအားကို မမြင်နိုင်ကြသေးဘဲ၊ လုရီ အမှန်တကယ် မည်မျှလောက် အစွမ်းထက်သည်ကို ရှင်းလင်းစွာ မသိရှိကြပေ။
ယခုမူ၊ သူတို့ နောက်ဆုံးတွင် နားလည်သွားကြပြီ။
ရွှေအင်မော်တယ်များအနေဖြင့်၊ သူတို့သည်
လုရီ၏ အရှိန်အဝါကို ရင်ဆိုင်ရာတွင် လှုပ်ရှားရန် သတ္တိပင် မရှိကြပေ။
လေ့ယင် သူတော်စင် သမီးတော်၊ ကောင်းကင်နန်းတော် သူတော်စင် သမီးတော်နှင့် အခြားသော အင်မော်တယ်များ၊ ငယ်စဉ်ကတည်းက လုရီကို သူတို့၏ နှလုံးသားထဲတွင် စွဲထင်နေခဲ့ကြသော မိန်းမလှလေးများမှာမူ၊ ယခုအခါ လှပသော မျက်လုံးကလေးများမှာ တလက်လက်တောက်ပနေပြီး ရှုပ်ထွေးသော အမူအရာများဖြင့် ကြည့်နေကြသည်။
ဟင်းလင်းပြင်အထက်တွင် ရပ်နေသော လုရီသည် ကမ္ဘာကြီး၏ အလယ်ဗဟိုကဲ့သို့ ထင်ရပြီး၊ သူမတို့၏ အာရုံကို အလိုအလျောက် ဆွဲဆောင်နေလေသည်။
လုရီ၏ အရှိန်အဝါ ဆက်လက်မြင့်တက်လာသည်နှင့်အမျှ၊ အင်မော်တယ်ဧကရာဇ်များနှင့် အင်မော်တယ် အရှင်သခင်များမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ ဉာဏ်အလင်း စင်မြင့်ပေါ်တွင် မရပ်တည်နိုင်ကြတော့ပေ။ သူတို့အားလုံး တစ်ယောက်ပြီး တစ်ယောက် နောက်သို့ ဆုတ်သွားကြရလေသည်။
လုရီ၏ အရှိန်အဝါ တဟုန်ထိုး မြင့်တက်လာပြီး အတိုင်းအတာ တစ်ခုသို့ ရောက်ရှိသောအခါ၊ ၎င်းသည် နောက်ဆုံးတွင် ဖြည်းညင်းစွာ လျော့ကျလာတော့သည်။
ပြီးတော့ လုရီ၏ အရှိန်အဝါ မြင့်တက်မှု ရပ်တန့်သွားသည်နှင့်၊ နက်ရှိုင်းသော ဟင်းလင်းပြင်သည် ရုတ်တရက် ပို၍ ဖိနှိပ်လာပြီး ကောင်းကင်မိုးကြိုးတန်းများက ဟင်းလင်းပြင်ထဲမှ ပေါ်ပေါက်လာတော့သည်။
လုရီ အင်မော်တယ် အရှင်သခင် အဆင့်သို့ အဆင့် ချိုးဖြတ်ပြီးနောက် ကောင်းကင် ကပ်ဘေးသည် ပေါ်ပေါက်လာလေပြီ။
ဤတစ်ကြိမ်တွင်၊ ကပ်ဘေးသည် ကမ္ဘာခြား
မျိုးနွယ်မိုးကြိုးများမှ သာမက တာအိုစွမ်းအင်အမျှင်တန်းများပင် လွင့်ပျံနေသည်ကို တွေ့ရသည်။
ဤမြင်ကွင်းကို မြင်သောအခါ၊ ယွီရွှမ်ယီကဲ့သို့သော အင်မော်တယ် အရှင်သခင်များပင်လျှင် မှင်တက်သွားကြသည်။
“ဒါ… အဲ့ဒါ တာအိုစွမ်းအင်လား။ ဘာဖြစ်လို့ ကောင်းကင်ကပ်ဘေးထဲမှာ တာအိုစွမ်းအင် ပါဝင်နေရတာလဲ။”
“မဟုတ်ဘူး… မိုးကြိုးတိမ်တွေ မရှိဘူး။
ကမ္ဘာခြား ကောင်းကင်မိုးကြိုးတွေပဲ ရှိတယ်။ ဒါက ကပ်ဘေးရော ဟုတ်ရဲ့လား။ ဘာဖြစ်လို့ ကပ်ဘေးက ဒီလိုပုံစံ ဖြစ်နေရတာလဲ။”
ယွီမိသားစုမှ အင်မော်တယ်များ တစ်ယောက်
ပြီးတစ်ယောက် ထုတ်ပြောလိုက်ကြသည်။
သူတို့သည် အနည်းငယ် ကြောက်လန့်နေကြသည်ကို ဝန်ခံရပေမည်။
ကပ်ဘေးမှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ်ဖိအားသည် ဤမျှလောက် ဝေးကွာသော အကွာအဝေးတွင်ပင် သူတို့ကို သေခြင်း၏ ခြိမ်းခြောက်မှုကို ခံစားစေ၏။
ဤသို့သော ကပ်ဘေးမျိုးကိုသာ သူတို့ ယခုအချိန်တွင် ဖြတ်ကျော်ရမည် ဆိုလျှင် သူတို့အတွက် သေချာပေါက်နီးပါး သေဆုံးခြင်းကိုသာ ဆိုလိုပေလိမ့်မည်။
ပုံရိပ်ယောင် မူလဇာစ်မြစ်ကို ကျွမ်းကျင်ပိုင်နိုင်သော ယွီချန် တစ်ယောက်သာ အနည်းငယ် ပိုကောင်းသော်လည်း၊ သူသည်လည်း အလွန်တရာ တည်တင်းနေမိသည်။
“တာအိုစွမ်းအင်… မိုးကြိုးကပ်ဘေးထဲမှာ တကယ်ပဲ တာအိုစွမ်းအင် ရှိနေပါလား။”
ယွီချန်က ခပ်တိုးတိုး ရေရွတ်လိုက်၏။
သူသည် သူ၏ အင်မော်တယ် ဘုရင် အဆင့်သို့ အဆင့်ချိုးဖြတ်သောအခါတွင်လည်း ကောင်းကင်ကပ်ဘေးနှင့် ယှက်နွှယ်နေသော
တာအိုစွမ်းအင်ကို ကြုံတွေ့ရဖွယ် ရှိသည်ဟု သံသယဝင်မိသည်။
အကယ်၍ ထိုသို့သာဆိုလျှင်၊ ကပ်ဘေး၏ စွမ်းအားသည် အများကြီး တိုးလာနိုင်ပေသည်။
သို့သော်လည်း၊ ယွီချန်သည် သူ၏ အင်မော်တယ်ဘုရင်အဆင့်သို့ အဆင့် ချိုးဖြတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ကပ်ဘေးပင်လျှင် လုရီ၏ လက်ရှိကပ်ဘေးနှင့် မနှိုင်းယှဉ်နိုင်ဟု ယုံကြည်သည်။
ဤသည်မှာ အလွန်ချဲ့ကားလွန်းလှသည်။ သူ၏ကိုယ်ပိုင်ကပ်ဘေးသည် မည်သည့်ကပ်ဘေးတိမ်များမှမပါဘဲ ကောင်းကင်မိုးကြိုးများဖြင့်သာ ဖွဲ့စည်းထားလိမ့်မည်ဟု သူ မယုံကြည်နိုင်ပေ။
သူ့ဘေးမှ ယွီမိသားစု အင်မော်တယ်အရှင်သခင်များ၏ မှင်သက်နေသော အမူအရာများကို မြင်သော်၊ ယွီချန်သည် စိတ်တည်ငြိမ်သွားပြီး ပြောလိုက်သည်။
“ဘာတွေ ဒီလောက်တောင် တုန်လှုပ်နေစရာ ရှိလို့လဲ။ ရီအာ အဆင့်ချိုးဖြတ်တိုင်း၊ ကပ်ဘေးက ဒီအတိုင်းပဲကွ။”
အဆင့်ချိုးဖြတ်တိုင်း ဒီအတိုင်းပဲ…။
ယွီမိသားစု၏ အင်မော်တယ် အရှင်သခင်များမှာ ငြိမ်ကျသွားကြသည်။
သူတို့ တိတ်ဆိတ်နေစဉ်မှာပင်၊ ကောင်းကင်မိုးကြိုးများက တဟုန်ထိုး မြင့်တက်လာပြီး လုရီထံသို့ ပစ်ခွင်းလာသည်။
သူတို့ကို မျက်လုံးများ ပြူးကျယ်သွားစေသောအရာမှာ လုရီသည် ရှောင်တိမ်းခြင်း သို့မဟုတ် ခုခံခြင်းမပြုဘဲ မယုံနိုင်လောက်အောင် ကြီးကျယ်လွန်းသော ကပ်ဘေးကို သူ၏
ရုပ်ခန္ဓာကိုယ်သပ်သက်ဖြင့်သာ ခံယူနေခြင်းပင်။
ထို့ထက်ပင် အံ့ဩစရာ ကောင်းသော အရာမှာ
လူတိုင်းကို ကြောင်သွားစေသော လုပ်ဆောင်မှုတစ်ခု ဖြစ်သည်။
သူက ကပ်ဘေးကို ဖမ်းဆုပ်ရန် လက်လှမ်းလိုက်သည်။ ကပ်ဘေးမိုးကြိုးများကြားမှ တာအိုစွမ်းအင်ကို ဖြည်းညင်းစွာ သန့်စင်နေ၏။
ထို့နောက် သန့်စင်ပြီးသော တာအိုစွမ်းအင်အားလုံးကို ပျော်ရွှင်သောမျက်နှာဖြင့် သိမ်းဆည်းလိုက်လေတော့သည်။
ယခုအခါတွင် ယွီချန်ပင်လျှင် တိတ်ဆိတ်သွားခဲ့ရတော့၏။