ပြောင်းလဲမှု (၂)...
Vol. 56 Ch. 828
~ဤသို့သော စကားစမြည်ပြောဆိုမှုများသည် အင်အားစုများနှင့် မျိုးနွယ်များစွာတို့အကြား ဖလှယ်ဖြစ်ပွားခဲ့ကြပြီး ကောင်းကင်ကြယ်တာရာနယ်မြေမှ စွမ်းအားရှင်အားလုံးသည်
လုရီ၏အမည်ကို သူတို့၏ စိတ်အစဉ်တွင် မှတ်သားထားလိုက်ကြလေသည်။
...
ယွီမိသားစု၏ သိုင်းကျမ်းတိုက်အတွင်း၌မူ
အင်မော်တယ်ကျမ်းများနှင့် သိုင်းနည်းစနစ်အမျိုးမျိုးကို ကြည့်ရှုနေသော လုရီသည် ရုတ်တရက် တစ်စုံတစ်ရာကို ခံစားလိုက်မိပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သည်။
သူ၏ အကြည့်များသည် မဟာအခင်းအကျင်းများဖြင့် ဖုံးလွှမ်းထားသော သိုင်းကျမ်းတိုက်ကို ထိုးဖောက်ကာ နက်ရှိုင်းသော ဟင်းလင်းပြင်ထဲသို့ စူးစိုက်ကြည့်နေသည့်အလားပင်။
သူသည် ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် သူ့ထံသို့ ပျံသန်းလာသော အင်မော်တယ်အရှင်သခင်အဆင့် အရှိန်အဝါများစွာကို အာရုံခံလိုက်မိသည်။
ထို့ကြောင့် လုရီသည် နေရာလပ်မူလဇာစ်မြစ်ကို အသုံးပြု၍ ထွက်ခွာရန် စိတ်ကူးကို စွန့်လွှတ်လိုက်ပြီး ထိုနေရာ၌ပင် စောင့်ဆိုင်းနေလိုက်၏။
မကြာမီမှာပင် ယွီမိသားစု သိုင်းကျမ်းတိုက်၏ အုပ်ချုပ်သူဖြစ်သော ယွီဟန်ရွှယ်သည် ယွီရွှမ်ယီနှင့် အခြားသူများကို ခေါ်ဆောင်ကာ ရောက်ရှိလာလေသည်။
လုရီက သူတို့ကို တစ်ချက်အကဲခတ်လိုက်ရာ ယွီဟန်ရွှယ်၏ ဇရာရနေသော မျက်နှာသည် စိတ်လှုပ်ရှားမှုတို့ဖြင့် တောက်ပနေပြီး သူ၏အရှိန်အဝါမှာလည်း ယခင်ကထက် များစွာ အားကောင်းနေသည်ကို သတိပြုလိုက်မိ၏။
သူက ပြုံးရယ်လျက် ချီးကျူးစကားဆိုသည်။
"အကြီးအကဲ ဟန်ရွှယ်ကို ဂုဏ်ပြုပါတယ်။ အကြီးအကဲဟန်ရွှယ်ရဲ့ အစွမ်းက သိသိသာသာ တိုးတက်လာခဲ့ပါလားဗျာ။"
လုရီ ကျောက်စိမ်းကြယ်တာရာသို့ ပထမဆုံးအကြိမ် ရောက်ရှိလာစဉ်က ဤအကြီးအကဲသည် ရွှေအင်မော်တယ် အထွတ်အထိပ် အဆင့်၌သာ ရှိသေးပြီး သူ၏ အလားအလာများမှာ ကုန်ဆုံးနေကာ သက်တမ်းမှာလည်း များများစားစား
မကျန်တော့ဘဲ သိုင်းကျမ်းတိုက်၌ နောက်ဆုံး လက်ကျန်အင်အားကိုသာ စိုက်ထုတ်နေရသူ ဖြစ်သည်။
လုရီနှင့်အတူ တာအိုဒီရေအဟုန် အကြိမ်များစွာ ကြုံတွေ့ပြီးနောက် ထိုအကြီးအကဲသည် အံ့ဩဖွယ်ရာ သူ၏ ကန့်သတ်ချက်များကို ချိုးဖျက်ကာ အင်မော်တယ် ဧကရာဇ် နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့သည်။
ဤတစ်ကြိမ် တာအိုဒီရေအဟုန်ကမူ အကြီးအကဲ၏ ဉာဏ်အလင်းကို နောက်တစ်ဆင့်သို့ ပို့ဆောင်ပေးလိုက်သည့်အလားပင်။ သူ၏ နိယာမသည် ပြည့်စုံခြင်း အဆင့်သို့ နီးကပ်လာနေပြီး ဤအတိုင်းသာ ဆက်သွားပါက
အင်မော်တယ်အရှင်သခင်နယ်ပယ်သို့ပင် ရောက်ရှိရန် မျှော်လင့်နိုင်သည်ဟု လုရီ တွက်ဆမိလေသည်။
ဤအရှိန်အဟုန်သည် ယွီရှင်းကဲ့သို့သော ယွီမိသားစု၏ အဆင့်မြင့်ပုဂ္ဂိုလ်များထဲမှ ပါရမီရှင်များထက်ပင် ပို၍မြန်ဆန်နေသေး၏။
လုရီက အနည်းငယ် တွေးဆကြည့်မိသည်။
ထိုအကြီးအကဲသည် သိုင်းကျမ်းတိုက်၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူပီပီ သိုင်းကျမ်းများနှင့် အင်မော်တယ် သိုင်းနည်းစနစ်အမျိုးမျိုးကို ဖတ်ရှုခဲ့သောကြောင့် နိယာမ နားလည်နိုင်စွမ်း၌ အလွန် ခိုင်မာသော အခြေခံအုတ်မြစ်ကို ချထားနိုင်ခဲ့ပြီး၊ တာအိုဒီရေအဟုန်၏ အကျိုးသက်ရောက်မှုများက ထပ်မံ အားမြှင့်ပေးလိုက်ရာ သူ၏ ယခင်အခြေခံ အုတ်မြစ်များကို အမြန်ဆုံးနှုန်းဖြင့် လက်တွေ့ကျသော နိယာမ နားလည်နိုင်စွမ်းအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်တန်ရာ၏။
အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော
ယွီဟန်ရွှယ်၏ မျက်နှာထက်၌ နူးညံ့သော အပြုံးတစ်ပွင့် ဖြစ်ပေါ်လာပြီး သူက ဖြည်းညှင်းစွာ ဆိုသည်။
"ဒီအရာအားလုံးအတွက် အင်မော်တယ်အရှင်သခင်လုရီကိုပဲ အများကြီး အကြွေးတင်ရမှာပါ။ မဟုတ်ရင်တော့ ဒီအဘိုးကြီးမှာ အသက်ရှင်ဖို့တောင် နှစ်ပေါင်းများများ ကျန်တော့မှာ မဟုတ်ပါဘူး။"
ယွီဟန်ရွှယ်၏ စကားများတွင် ရိုသေလေးစားသော လေသံတို့ ပါဝင်နေ၏။ အကြောင်းမှာ
အင်မော်တယ်အရှင်သခင်နယ်ပယ်သို့ တက်လှမ်းသွားခဲ့ပြီဖြစ်သော လုရီသည် ယွီမိသားစုအတွက် ဘိုးဘေးအဆင့်နှင့် တူနေသောကြောင့်တည်း။
လုရီက အသာအယာ ပြုံးလိုက်သည်။
"အကြီးအကဲက ကျွန်တော့်ကို မြှောက်ပင့်လွန်းနေပါပြီ။ ဒါတွေအားလုံးက ခင်ဗျားကိုယ်တိုင် ကြိုးစားအားထုတ်မှုကြောင့်သာ ဖြစ်ပါတယ်။"
ယွီရွှမ်ယီကမူ အနည်းငယ် လောကြီးသောဟန်ဖြင့် ဝင်ရောက်ပြောဆိုလာသည်။
"ရီအာ၊ ဟန်ရွှယ်ရဲ့ကိစ္စက တကယ်ကို အံ့ဩစရာကောင်းပေမဲ့ အခု ငါတို့ မင်းကို အကူအညီတောင်းစရာ ကိစ္စ တစ်ခု ရှိနေသေးတယ်။"
လုရီက လူအုပ်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး
ခပ်ဖွဖွရယ်မောလိုက်၏။
"ဘိုးဘေးယွီချန်က ကျွန်တော့်ကို ဘိုးဘေးတို့အားလုံးအတွက် အကာအကွယ်ပေးသူအဖြစ် ဆောင်ရွက်စေချင်တယ်လို့ မျှော်လင့်နေတာများလား။"
ယွီယွမ်ယိုနှင့် အခြားသူများမှာ ကြက်သေသေသွားကြပြီး သူတို့ပြင်ဆင်လာသော စကားများမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားကာ ပြောမထွက်နိုင်တော့ချေ။
ယွီယင်းက မျက်တောင်တစ်ချက် ပုတ်ခတ်လိုက်ပြီး ရယ်မောပြောဆိုသည်။
"ခစ်ခစ်...ရီအာကတော့ အမြဲတမ်း အားကိုးရတာပဲ။ ဟုတ်တယ်၊ အဲ့ဒီအတိုင်းပဲဟယ်။"
လုရီက ရယ်မောလိုက်ပြီး သူ၏ခန့်မှန်းချက်အတွက် မအံ့ဩမိပါပေ။ မည်သို့ပင် ဆိုစေကာမူ ဤတာအိုဒီရေအဟုန်၏ အတိုင်းအတာမှာ ကြီးမားလှသဖြင့် ယွီမိသားစု၏ ဘိုးဘေးများသည် သူတို့၏ ပါရမီနှင့် နားလည်နိုင်စွမ်းတို့ဖြင့် မူလဇာစ်မြစ်ကို နားလည်ခံစားရန် အချိန်ကျရောက်နေပြီ ဖြစ်သည်။
ထို့အပြင် ယခင်တစ်ကြိမ် ဘိုးဘေးယွီချန်နှင့် ကြုံတွေ့ခဲ့ရသော မမျှော်လင့်ထားသည့် အခြေအနေကို ထည့်သွင်းစဉ်းစားပါက သူတို့က သူ့အား အကာအကွယ်ပေးသူအဖြစ် ဆောင်ရွက်ရန် တောင်းဆိုခြင်းမှာ သဘာဝကျလှပေသည်။
"ရီအာ၊ မင်း ဘယ်လို သဘောရလဲ။ ငါတို့ကို အကူအညီ ပေးနိုင်မလား။"
ယွီပေါ်ယွင်က မေးမြန်းလိုက်၏။
"ရတာပေါ့။ ဘိုးဘေးတို့ မူလဇာစ်မြစ်ကို နားလည် ခံစားနိုင်တာက ကြီးကျယ်တဲ့ ကိစ္စကြီးတစ်ခုပဲလေ။ ကျွန်တော်က အချိန်မရွေး အားပါတယ်။ ဘိုးဘေးတို့ အားလုံး အဆင်သင့် ဖြစ်တာနဲ့ ချက်ချင်းပဲ စလို့ ရပါတယ်။"
လုရီက အပြုံးဖြင့် ခွန်းတုံ့ပြန်လိုက်သည်။
ယွီမိသားစုမှ အင်မော်တယ် အရှင်သခင်
အများအပြားမှာ စိတ်အေးသက်သာစွာဖြင့် သက်ပြင်းချလိုက်ကြသည်။
"ငါကတော့ ဒီတစ်ခေါက် တာအိုဒီရေ အဟုန်ကနေ ရလိုက်တဲ့ အကျိုးအမြတ်တွေကို
အပြည့်အဝ စုပ်ယူဖို့ လိုသေးတယ်။ အချိန်
အကြာကြီးတော့ မဟုတ်ပါဘူး၊ တစ်နှစ် အတွင်းမှာတော့ မူလဇာစ်မြစ်ကို နားလည် ခံစားနိုင်လောက်မှာပါ။"
ယွီရွှမ်ယီနှင့် အခြားသူများကလည်း သူတို့
မကြာမီ မူလဇာစ်မြစ်ကို နားလည် ခံစားနိုင်တော့မည်ဖြစ်ကြောင်း ညွှန်ပြကြသည်။
ထို့နောက်တွင်မူ ယွီမိသားစုမှ ဘိုးဘေးများစွာသည် သူတို့၏ နောက်ဆုံး ပြင်ဆင်မှုများကို စတင်ရန် စိတ်အားထက်သန်စွာဖြင့် သိုင်းကျမ်းတိုက်မှ ထွက်ခွာသွားကြတော့သည်။
လုရီက ယွီဟန်ရွှယ်ကို ပြုံးပြနှုတ်ဆက်ပြီးနောက် သူလည်း ထွက်ခွာလာခဲ့သည်။
သူသည် သူ၏စီနီယာအစ်မနှင့် အခြားသူများ အခြေအနေ မည်သို့ရှိသည်ကို ပြန်စစ်ဆေးကြည့်ရန် စီစဉ်လိုက်သည်။ ထို့အတူ ကျောက်စိမ်းကြယ်တာရာသို့ ပထမဆုံးအကြိမ် ရောက်ဖူးကြသော သူ၏ မိခင်နှင့် အဘိုးကြီးလုတို့လည်း ဤနေရာနှင့် အကျွမ်းတဝင်ရှိ၊ မရှိကိုလည်း သူ
မသိရသေးပေ။
ယခုအခါတွင် တိမ်ဖြူအင်မော်တယ်ဂိုဏ်းသည် အားကောင်းနေပြီဖြစ်သော်လည်း ကျောက်စိမ်းကြယ်တာရာနှင့် နှိုင်းယှဉ်ပါက တစ်ဆင့်နိမ့်နေဆဲပင်။ အဘိုးကြီးလု၊ သူ၏မိခင်နှင့် သူ၏မိတ်ဆွေအချို့တို့ စိတ်အကျဉ်းကျသလို ခံစားနေရမည်ကို လုရီ စိုးရိမ်မိလေသည်။
သူသည် လင်းလောင်တောင်ထိပ်သခင်မ၏ ခြံဝန်းငယ်လေးသို့ ဦးစွာ ပြန်လာခဲ့သည်။ လုရီ ပြန်လာသည်ကို အာရုံခံမိသော လင်းလောင်တောင်ထိပ်သခင်မနှင့် အခြားသူများမှာ မိမိတို့၏ အခန်းများမှ ထွက်လာကြသည်။
လုရီက လူအုပ်အား တစ်ချက် ဝေ့ကြည့်လိုက်ပြီး သူတို့၏ စွမ်းအင်လှုပ်ခတ်မှုများကို အာရုံခံမိသောအခါ အပြုံး တစ်ပွင့် ဖြစ်ပေါ်လာ၏။ သူတို့၏ အကျိုးအမြတ်များမှာ အတော်ပင် ကောင်းမွန်လှပေသည်။
မည်သို့ပင်ဆိုစေကာမူ လုရီသည် သူတို့အတွက် အကျိုးရှိစေမည့် အရင်းအမြစ်အားလုံးကို သူတို့အပေါ်၌ အသုံးပြုခဲ့သည်။ သူ၏ စီနီယာအစ်မများဖြစ်စေ၊ သူ၏ ဆရာကိုယ်တိုင် ဖြစ်စေ
သူမတို့၏ ပါရမီမှာ မူလကတည်းက မြင့်မားလှပြီး ဤသို့သော တာအို ဒီရေအဟုန်အောက်တွင်မူ
သူမတို့သည် ပန်းများပွင့်လန်းသကဲ့သို့ပင် ဖြစ်ကြလေသည်။
"ဒီအတိုင်းဆိုရင် ခင်ဗျားတို့ နိယာမ ပြည့်စုံခြင်းအဆင့်ကို ရောက်ဖို့ သိပ်မဝေးတော့ဘူးထင်တယ်။"
လုရီက ကျေနပ်သော အပြုံးဖြင့် ဆိုလိုက်သည်။
လင်းလောင်တောင်ထိပ်မှ လူများမှာလည်း အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။
ဤတစ်ကြိမ် တိုးတက်မှုမှာ ကြီးမားလှပေသည်။
လျိုနင်ရွှမ်းက ခပ်ယဲ့ယဲ့ပြုံးလျက် ခေါင်းညိတ်ပြသည်။
"ဟုတ်တယ်၊ ငါ ပြည့်စုံခြင်း အဆင့်ကို ရောက်ဖို့ သိပ်မကြာတော့ဘူးလို့ ခံစားနေရတယ်။ ပြီးတော့ ငါ့ရဲ့ ကျင့်ကြံမှုမှာလည်း အတော်လေး တိုးတက်လာခဲ့ပြီး အင်မော်တယ် ဧကရာဇ် နယ်ပယ်ကိုတောင် ပိုပြီးမြန်မြန် တက်လှမ်းနိုင်လောက်တယ်။"
သူမစကားအား အခြားသူများကလည်း ခေါင်းညိတ်ထောက်ခံလိုက်ကြ၏။
ကျန်းရူယွီက လုရီကို တံတောင်ဖြင့် မထိတထိ တွတ်လိုက်ရင်း စနောက်လိုက်သည်။
"ငါတို့ရဲ့ ထူးဆန်းတဲ့ ဂျူနီယာမောင််လေးက အခု အင်မော်တယ် အရှင်သခင် ဖြစ်သွားပြီဆိုတော့ တကယ်ကို အထင်ကြီးစရာပဲနော်။"
ထိုစကားကြောင့် အခြားသူများ၏ မျက်နှာအမူအရာတို့သည် ချက်ချင်းပင် အနည်းငယ် ထူးဆန်းသွားကြတော့၏။
မည်သို့ပင်ဖြစ်စေ အင်မော်တယ် အရှင်သခင်တစ်ပါးသည် စကြဝဠာ၏ အထွတ်အထိပ်စွမ်းအားရှင်များထဲမှ တစ်ဦးပင် ဖြစ်သည်တကား။
ဟုတ်ပေသည်၊ ဤသည်မှာ စကြဝဠာထဲတွင် အင်မော်တယ် ဘုရင်များနှင့် အင်မော်တယ်
အင်ပါယာများ တည်ရှိနေခြင်းကို ထည့်မစဉ်းစားလျှင် ထိုသို့ ဖြစ်လေ၏။
သုန်းကုန်းမင်ယွဲ့က တခစ်ခစ် ရယ်မောရင်း ဆိုသည်။
"ငါတို့ ကြယ်တာရာကောင်းကင်ဘုံမှာ ရှိနေတုန်းက ယွီမိသားစုရဲ့ ဦးလေးတော်တွေ၊ ဆွေမျိုးတော်တွေတောင်မှ ငါတို့ စီနီယာအစ်ကိုကို အရမ်း ရိုရိုသေသေ လေးစားစားနဲ့ ပြောဆိုဆက်ဆံခဲ့ကြတာလေ"
"ငါတို့ စီနီယာအစ်ကိုက စကြဝဠာရဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။"