← Chapters

ရုတ်တရက်မြင်လိုက်ရသော ထိတ်လန့်ဖွယ် တည်ရှိမှု...

Vol. 56 Ch. 833

ရုတ်တရက်မြင်လိုက်ရသော ထိတ်လန့်ဖွယ် တည်ရှိမှု...

Vol. 56 Ch. 833

~ယွီချန်သည် အလွန်လျင်မြန်စွာ ရွေ့လျားသွား၏။ သူသည် နက်ရှိုင်းသော ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး မကြာမီမှာပင် ကျောက်စိမ်းကြယ်ဂြိုဟ်နှင့် အလွန်အလှမ်းဝေးသော ကြယ်တာရာနယ်မြေတစ်ခုသို့ ရောက်ရှိသွားသည်။

အင်မော်တယ်ဘုရင်အဆင့်သို့ အဆင့်တက်ခြင်းနှင့်အတူ ပါလာသော ကောင်းကင်ကပ်ဘေးကို ရင်ဆိုင်ရန်အတွက် ယွီချန်သည် ကျောက်စိမ်းကြယ်တာရာဂြိုဟ်အနီးတွင် အဆင့်ချိုးဖြတ်ရန် မဝံ့ရဲခဲ့ပေ။ ကောင်းကင်ကပ်ဘေးက ကျောက်စိမ်းကြယ်တာရာဂြိုဟ်ကို ထိခိုက်ပြီး ကြီးမားသော ပျက်စီးမှုများ ဖြစ်စေမည်ကို သူ စိုးရိမ်သောကြောင့် ဖြစ်ပါ၏။

ဤအခိုက်အတန့်တွင် ယွီချန်သည် သူ၏အဟန့်အတားကို ဖောက်ထွက်နိုင်ခဲ့ပြီး တစ်ဝက် အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့ဖြစ်လင့်ကစား လုရီမှာတော့ နေရာလပ်စွမ်းအားကို အသုံးချကာ

ယွီချန်၏နောက်သို့ လွယ်ကူစွာပင် ကပ်၍ လိုက်ပါလာနိုင်လေသည်။

ယွီမျိုးနွယ်မှ အခြားအဆင့်မြင့်ပုဂ္ဂိုလ်များမှာမူ အလှမ်းကွာဝေးစွာ ကျန်နေရစ်ခဲ့ပြီး ယခုအချိန်တွင် ဤနေရာသို့ အရှိန်ဖြင့် လိုက်ပါလာနေကြဆဲ ဖြစ်သည်။

ထိုအခါ ယွီချန်က ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ လုရီကို မြင်တွေ့သွား၏။

သူက ညင်သာစွာ ခေါင်းညိတ်၍ အသိအမှတ်ပြုလိုက်ပြီး နောက်ထပ် စကားမဆိုတော့ဘဲ အထက်သို့ မော့ကြည့်လိုက်သည်။ ထိုနေရာတွင် ကြောက်မက်ဖွယ် မုန်တိုင်း တိမ်တိုက်များက ဖြည်းညင်းစွာ စုဖွဲ့နေလေပြီ။ သူသည် ကပ်ဘေးကို ကျော်ဖြတ်ရန် အာရုံစိုက်ဖို့ လိုအပ်နေ၏။

စုဖွဲ့လာသော ကောင်းကင်ကပ်ဘေးကို ကြည့်ရင်း လုရီ၏ မျက်နှာအမူအရာမှာလည်း လေးနက်သွားတော့သည်။

ဤကောင်းကင်ကပ်ဘေးသည် သူကိုယ်တိုင် အဆင့်ချိုးဖြတ်စဉ်ကကဲ့သို့ မုန်တိုင်းတိမ်တိုက်များမပါဘဲ ကောင်းကင်မိုးကြိုးများသာ ပါဝင်သည့် ပုံစံမျိုးနှင့်မတူဘဲ ရိုးစင်းခြင်း မရှိပေ။ သို့သော် ၎င်း၏ စွမ်းအားမှာ မည်သို့မျှ လျှော့တွက်၍ မရဘဲ သူ အင်မော်တယ်အရှင်သခင် အဆင့်သို့ အဆင့်တက်စဉ်က ရင်ဆိုင်ခဲ့ရသော ကပ်ဘေးနှင့် အကြမ်းဖျင်းအားဖြင့် တူညီလေသည်။

လုရီ အနည်းငယ် စိုးရိမ်နေမိသေးသည်။ အကြောင်းမှာ ဘိုးဘေးယွီချန်သည် သူ၏အဟန့်အတားကို ဖောက်ထွက်နိုင်ခဲ့ပြီး တစ်ဝက် အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူသည် အင်မော်တယ်ဘုရင် စစ်စစ်တစ်ပါး မဟုတ်သေးသောကြောင့် ဖြစ်၏။ ဤသို့သော ကပ်ဘေးမျိုးသည် လုရီအပေါ် သက်ရောက်မှု မရှိနိုင်သော်လည်း

ဘိုးဘေး ယွီချန်အတွက်မူ အလွန် အန္တရာယ်များမည်မှာ သံသယ ဖြစ်ဖွယ်မရှိပေ။

လုရီ၏ စိတ်ထဲတွင် အနည်းငယ် လေးလံနေသော်လည်း သူသည် အပြည့်အဝ ပြင်ဆင်ထားပြီး ဖြစ်သည်။ အကယ်၍ ဘိုးဘေးယွီချန်သာ ကောင်းကင်ကပ်ဘေးကို မကျော်လွှားနိုင်ဘဲ ပြာမှုန်ဖြစ်သွားခဲ့လျှင်ပင် လုရီက သဘာဝမူလဇာစ်မြစ်၏ စွမ်းအားကို အသုံးပြု၍ သူ့ကို ပြန်လည်အသက်သွင်းနိုင်သေးသည်။

အများဆုံးတော့ အကြိမ်အနည်းငယ် ပိုကြိုးစားရုံသာ ဖြစ်၏။

သို့သော် လုရီသည် ဤအစီအစဉ်ကို ဘိုးဘေးယွီချန်အား ထုတ်ဖော်ပြောကြားခြင်း မပြုခဲ့ပေ။ ဘိုးဘေးက သူ့တွင် နောက်ထပ် နည်းလမ်းတစ်ခု ရှိသေးသည်ဟု သိသွားပါက သူ၏ အစွမ်းအစ အပြည့်အဝကို ထုတ်ဖော်နိုင်တော့မည် မဟုတ်သည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

လုရီသည် ဘိုးဘေးယွီချန် အဆင့်တက်နိုင်ရေးအတွက် အမှန်တကယ်ပင် အားထုတ်ကြိုးပမ်းပေးနေခဲ့ခြင်း ဖြစ်၏။

လုရီ တွေးတောနေစဉ်မှာပင် အရှိန်အဝါအချို့ လျင်မြန်စွာ ချဉ်းကပ်လာသည်။ နောက်သို့ လှည့်မကြည့်ဘဲနှင့်ပင် ထိုသူများမှာ ယွီရွှမ်ယီနှင့် အခြားသူများဖြစ်ကြောင်း လုရီ သိရှိလိုက်သည်။

အဝေးတစ်နေရာတွင်တော့ ယွီရှင်းနှင့် အခြားသော အင်မော်တယ်ဧကရာဇ် အဆင့် ယွီမျိုးနွယ်မှ အဆင့်မြင့် ပုဂ္ဂိုလ်များလည်း ဤနေရာသို့ အလျင်အမြန် လာနေကြသည်။

မကြာမီမှာပင် ယွီရွှမ်ယီနှင့် အခြားသူများ

လုရီ၏ ဘေးသို့ ရောက်ရှိလာကြ၏။ စုဖွဲ့ပြီးလုနီးပါးဖြစ်နေသော ကောင်းကင်ကပ်ဘေးကို ကြည့်ရင်း ၎င်း၏ ကြောက်မက်ဖွယ်စွမ်းအားကို အာရုံခံမိသောအခါ သူတို့အားလုံး၏ မျက်နှာထက်တွင် စိုးရိမ်သော အရိပ်အယောင်များ ထင်ဟပ်လာကြသည်။

"ဒီလောက်ပြင်းထန်တဲ့ ကောင်းကင်ကပ်ဘေးကြီး...အဘိုးကြီးယွီချန် ..ဒါကို ကျော်နိုင်ပါ့မလား..."

ထိုသို့ ယွီရွှမ်ယီက စိတ်ပူစွာ တီးတိုးရေရွတ်လိုက်၏။

သူ၏ဘေးတွင်ရှိသော ယွီယွမ်ယိုက သူ့ကို သဘောမကျသည့်အကြည့်ဖြင့် ကြည့်လိုက်၏။၊

"ဘာလို့ မင်္ဂလာမရှိတဲ့စကား ပြောရတာလဲကွ! ယွီချန်က နှစ်ပေါင်းများစွာ ပြင်ဆင်ခဲ့တာ၊ ပြီးတော့ ရီအာက သူ့အတွက် ပြင်ဆင်ပေးထားတဲ့ တာအိုစွမ်းအင်လည်း ရှိနေမှတော့ ပြဿနာမရှိနိုင်ပါဘူး။"

အခြားသူများကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။

ထိုအဖွဲ့သည် နောက်ထပ်စကားမဆိုကြတော့ဘဲ အားလုံးက လေးနက်တည်ကြည်စွာဖြင့် ကောင်းကင်ကပ်ဘေးကို ရင်ဆိုင်နေသော ယွီချန်ကို စောင့်ကြည့်နေကြသည်။ မကြာမီမှာပင်

ယွီရှင်းနှင့် အခြားသူများလည်း ရောက်ရှိလာခဲ့ကြလေသည်။

တင်းမာနေသော လေထုကို အာရုံခံမိသောအခါ သူတို့လည်း စကားမဆိုဘဲ ယွီချန်၏ ကပ်ဘေးကျော်ဖြတ်ခြင်းကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြတော့သည်။

ဂျိန်း! ဂျိမ်း! ဂျိန်း!

ဟင်းလင်းပြင်ထဲမှ ကောင်းကင်ကပ်ဘေးသည် အမှုန်အမွှားအလျဉ်များကို ထုတ်လွှတ်နေပြီး ၎င်း၏ ကြောက်မက်ဖွယ် စွမ်းအားမှာ တည်ငြိမ်သော ကြယ်တာရာ စနစ်ကြီးတစ်ခုလုံးကို ချက်ချင်းပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိလေသည်။

ဤနေရာသည် ဟင်းလင်းပြင်ဖြစ်သော်လည်း အမှုန်အမွှားစီးကြောင်းများက ဟင်းလင်းပြင်တွင် လှိုင်းဂယက်များ ထစေပြီး ပင်လယ်ပြင်မှ လှိုင်းလုံးများကဲ့သို့ လှုပ်ခတ်နေစေ၏။

"စတင်တော့မယ်!"

ယွီယွင်ချင်းက ရုတ်တရက် ထုတ်ဖော်လိုက်သည်။

တဆက်တည်း၌ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ မိုးကြိုးတစ်ချက်က မုန်တိုင်းတိမ်တိုက်များမှ ကျဆင်းလာပြီး ကြမ်းတမ်းသော မိုးကြိုးတိုင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ယွီချန်ကို လွှမ်းခြုံသွားတော့၏။

အတွင်းမှ အလင်းရောင်မှာ နေမင်း၏ မီးလျှံများကဲ့သို့ မျက်စိကျိန်းလောက်အောင် တောက်ပလှရာ ယွီမျိုးနွယ်မှ အင်မော်တယ် ဧကရာဇ် အဆင့် ပုဂ္ဂိုလ်များပင် မျက်လုံးများကို အနည်းငယ် မှေးစင်းထားလိုက်ရသည်။

မည်သို့ပင် ဆိုစေကာမူ သူတို့အားလုံးမှာ

အင်မော်တယ် နယ်ပယ်မှ အစွမ်းထက်သူများ

ဖြစ်ကြပြီး ဤသို့သော အလင်းရောင်မျိုးက

သူတို့ကို သက်ရောက်မှု ရှိမည် မဟုတ်ပေ။

လူတိုင်းက မျက်စိကျိန်းဖွယ် အလင်းရောင်ကို ထွင်းဖောက်ကြည့်ရင်း မိုးကြိုးတိုင်ကြီးအတွင်းမှ မြင်ကွင်းကို အကဲခတ်နေကြသည်။

ယွီချန်သည် အိပ်မက်ဆန်သော်လည်း လက်တွေ့ကျသော လောကတစ်ခုပြီး တစ်ခုကို ဖန်ဆင်းလိုက်ပြီး အင်မော်တယ်အရှင်သခင် အဆင့်သို့ ရောက်ရှိနေသော ပုံရိပ်ယောင် အရိပ်များဟု လူသိများသည့် မိမိ ကိုယ်ပွား ပုံစံအချို့ကို ဖန်တီးလိုက်၏။ အိပ်မက်ဆန်သော လောကများက သူ့ကို လွှမ်းခြုံထားပြီး မိုးကြိုးတိုင်ကြီးကို တားဆီးထားစဉ်မှာပင် ပုံရိပ်ယောင် အရိပ်များက ကောင်းကင်ကပ်ဘေးကို ရဲရင့်စွာ ခုခံကာကွယ်ရင်း တစ်ခုပြီး တစ်ခု ပျက်စီးသွားကြသည်။

သို့သော် ဤပုံရိပ်ယောင် အရိပ်များမှာ စိတ်အာရုံမှ ဖန်တီးထားခြင်း ဖြစ်ပြီး ယွီချန်၏ နတ်ဘရားဝိညာဉ် မပျက်စီးသရွေ့နှင့် အင်မော်တယ်ဝိညာဉ်ချီ လုံးဝမကုန်ခမ်းသရွေ့ အကန့်အသတ်မရှိ ဖြစ်တည်နေနိုင်လေသည်။

ပျက်စီးသွားသော ပုံရိပ်ယောင်အရိပ်များမှာ ပြန်လည်ပေါ်ထွက်လာပြီး ကောင်းကင်မိုးကြိုးကို ဆက်လက်ရင်ဆိုင်ကြ၏။

မကြာမီမှာပင် ပထမလှိုင်း ကောင်းကင်မိုးကြိုး ကျော်လွှားသွားပြီး ယွီချန်သည် အတော်လေး လွယ်ကူစွာပင် ခုခံနိုင်ခဲ့သည်။

ထို့နောက် ဒုတိယ၊ တတိယ...

ကောင်းကင်ကပ်ဘေးများ တစ်ခုပြီးတစ်ခု ကျဆင်းလာပြီး ကြမ်းတမ်းသော စွမ်းအင်လှုပ်ခတ်မှုများကြောင့် ပတ်ဝန်းကျင်နေရာလပ်တွင် လှိုင်းဂယက်များ ဖြစ်ပေါ်လာ၏။ နေရာလပ်တစ်ခုလုံးမှာ မသိနိုင်သော စွမ်းအား တစ်ခု၏ ရိုက်ချိုးခြင်းကို ခံလိုက်ရသည့်အလား ကွဲကြေနေသော မှန်တစ်ချပ်ကဲ့သို့ နေရာတိုင်းတွင် အက်ကြောင်းများ ပြည့်နှက်နေသည်။

နောက်ကျလာသော ကပ်ဘေးတစ်ခုချင်းစီမှာ ပို၍ အားပြင်းလာသော်လည်း နှစ်ပေါင်းများစွာ ပြင်ဆင်ခဲ့သော ယွီချန်မှာမူ အဆင်သင့်ဖြစ်နေခဲ့သည်။ သူသည် အင်မော်တယ်သိုင်းနည်းစနစ်အမျိုးမျိုးကို အသုံးပြုပြီး မတူညီသော အင်မော်တယ်လက်နက်များကို စတေးကာ ကောင်းကင်ကပ်ဘေးလှိုင်းတစ်ခုချင်းစီကို ပိတ်ဆို့တားဆီးခဲ့၏။

သူ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေပြီး အသက်ရှူသံမှာ အနည်းငယ် မောဟိုက်နေသော်လည်း သူ့တွင် အားအင်အနည်းငယ် ချန်လှပ်ထားနိုင်သေးသည်မှာ ထင်ရှားလှသည်။

ဤအချိန်တွင်တော့ လုရီနှင့် အခြားသူများ၏ စိတ်ထဲတွင် အတော်လေး ပေါ့ပါးသွားကြ၏။

ကောင်းကင်ကပ်ဘေးမှာ ပြီးဆုံးခါနီး ဖြစ်နေပြီး ယွီချန်သည် ကျော်လွှားနိုင်လိမ့်မည်ဟု ထင်ရပါသည်။

ယွီရွှမ်ယီနှင့် အခြားသူများ၏ မျက်နှာထက်တွင် အပြုံးပန်းများ ဝေဆာကြတော့သည်။

"ကြည့်ရတာတော့ ပြဿနာ မရှိလောက်တော့ဘူး။"

"ဒီအဘိုးကြီးက နှစ်တွေ အများကြီး ပြင်ဆင်ခဲ့ပြီး တကယ်ပဲ တစ်ချို့အရာတွေကိုတော့ ပြင်ဆင်ထားနိုင်ခဲ့တာပဲ။"

"ယွီချန်က အဆင့်ချိုးဖြတ်နိုင်ပြီဆိုတော့ နောက်ဆို ငါတို့ အလှည့်ပေါ့။"

ထိုအဖွဲ့သည် စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြ၏။

ဤအခိုက်အတန့်တွင် ယွီရှင်းနှင့် အခြားသူများအားလုံးမှာလည်း အလွန်စိတ်လှုပ်ရှားကာ မျက်နှာထက်တွင် အပြုံးများ ဝေဆာနေသည်။

ယွီချန်သာ အင်မော်တယ်ဘုရင်အဖြစ်သို့ အဆင့်တက်နိုင်ခဲ့လျှင် သူသည် ဤစကြဝဠာ၏ ပထမဆုံးသော အင်မော်တယ်ဘုရင် ဖြစ်လာပေလိမ့်မည်။

ထိုသို့ဆိုလျှင် သူတို့၏ ယွီမျိုးနွယ်သည် စကြဝဠာတစ်ခုလုံး၏ နံပါတ်တစ် မျိုးနွယ်ဖြစ်လာမည် မဟုတ်လော။

ဂျိန်း!

နောက်ဆုံးလှိုင်း ကောင်းကင်ကပ်ဘေး ပြီးဆုံးသွားသောအခါ ယွီချန်သည် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေပြီး သူ၏ ခန္ဓာကိုယ်မှာ သွေးများ စိုစွတ်နေကာ သူ၏ အသက်ရှူသံမှာလည်း အလွန် အားနည်းသွားခဲ့လေပြီ။ သူပြင်ဆင်ခဲ့သော အင်မော်တယ် လက်နက်များပင်လျှင် ယခုအခါ အားလုံး ကြေမွပျက်စီးသွားခဲ့ပြီ ဖြစ်လေသည်။

All Chapters