ချောက်နက်ကြီးအပျက်အစီးဆီသို့ ဦးတည်ခြင်း (အပိုင်း၂) ...
Vol. 56 Ch. 836
~ယခုအခြေအနေကို ကြည့်ရသည်မှာ သိပ်အရေးမကြီးလှသေးပေ။ ထို့ကြောင့် ပိုမိုလုံခြုံအောင် လုပ်ဆောင်နိုင်မည်ဆိုလျှင် ပိုကောင်းသည်မှာ သေချာပါသည်။
မည်သို့ပင်ဆိုစေကာမူ ဘိုးဘေး ယွီရွှမ်ယီနှင့် အခြားအနည်းငယ်တို့သည် မူလဇာစ်မြစ်စွမ်းအားကို သိမြင်ပြီးဖြစ်ကြပြီး သူတို့သည်
အင်မော်တယ် ဘုရင် အဆင့်သို့ အဆင့်ချိုးဖြတ်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
သူတို့ အဆင့်ချိုးဖြတ်သည်နှင့် တစ်ပြိုင်နက် ၎င်းမှာ နှစ်တစ်ရာ သို့မဟုတ် နှစ်ရာခန့်သာ ကြာမြင့်မည်ဖြစ်ပြီး ဤအချိန်ပမာဏမှာ ပြဿနာကြီးကြီးမားမား ဖြစ်မည်မဟုတ်ပေ။
လူများလေ ပိုကောင်းလေမှာ သေချာပါသည်။
သူသည် မိမိ၏ စွမ်းဆောင်ရည်ကို ကြွားဝါလိုသူမျိုး မဟုတ်ပေ။
အကယ်၍ သူ၏ ကျင့်ကြံခြင်းအခြေခံသာ
အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိနေခဲ့မည်ဆိုလျှင် သူသည် ဒုတိယအကြိမ်မစဉ်းစားဘဲ ချောက်နက်ကြီးအပျက်အစီးထဲသို့ သေချာပေါက် ဝင်ရောက်တိုက်ခိုက်ပေလိမ့်မည်။
သို့သော် သူ၏ လက်ရှိကျင့်ကြံခြင်းအခြေခံမှာ အင်မော်တယ်အရှင်သခင် အဆင့်တွင်သာ ရှိသေးပြီး သူ၏ တိုက်ခိုက်ရေး စွမ်းရည်မှာ
အင်မော်တယ်ဘုရင် တစ်ပါးနှင့် ယှဉ်နိုင်သော်လည်း အင်မော်တယ်ဘုရင် တစ်ပါး ဖြစ်ရုံနှင့် လုံခြုံသည်ဟု မဆိုနိုင်ပေ။
လုရီ သဘောတူညီလိုက်သည်ကို မြင်သောအခါ အခြားသူများလည်း သက်ပြင်းချနိုင်သွားကြသည်။
ထို့နောက်တွင်တော့ ထိုအဖွဲ့သည် ခြောက်ကပ်သော ဂြိုဟ်အလွတ်ဒေသမှ ထွက်ခွာခဲ့ကြပြီး ကျောက်စိမ်းကြယ်တာရာဂြိုဟ်သို့ ပြန်လာခဲ့ကြ၏။
ကျောက်စိမ်းကြယ်တာရာဂြိုဟ်သို့ ပြန်ရောက်ပြီးနောက် ယွီချန်သည် သူ၏နယ်ပယ်ကို ခိုင်မာအောင်ပြုလုပ်ရန် တံခါးပိတ်ကျင့်ကြံသလို
ယွီရွှမ်ယီနှင့် အခြားသူများလည်း ကျင့်ကြံရန် ပြန်သွားကြလေသည်။ သူတို့သည် ယွီချန်၏ ကပ်ဘေးကျော်ဖြတ်ခြင်းကို ကြည့်ရှုရာမှ သိမြင်မှုများစွာ ရရှိခဲ့ကြပြီး ၎င်းကို သေသေချာချာ သိမြင်ရန် လိုအပ်နေ၏။
ထိုစဉ်မှာပင် ယွီရှင်းက ကြယ်တာရာနယ်မြေတပ်မတော်ကို စောစောက ထိုကျိုယိုကျင့်ကြံသူ၏ ဇာစ်မြစ်ကို စုံစမ်းရန်နှင့် ထျန်းလော့ကြယ်တာရာနယ်မြေတစ်ခုလုံးကို သေသေချာချာ စစ်ဆေးရန် ညွှန်ကြားလိုက်လေသည်။
နောက်ဆုံး ချောက်နက်ကြီးအပျက်အစီး ကိစ္စမှ ကျိုယိုကျင့်ကြံသူနှင့် ယခုတစ်ကြိမ်မှ ကျိုယိုကျင့်ကြံသူတို့ကြောင့် ထျန်းလော့ကြယ်တာရာနယ်မြေသည် အပေါ်ယံတွင် မြင်ရသလောက် တည်ငြိမ်အေးချမ်းခြင်းမရှိဘဲ အခြားသော
ကျိုယိုကျင့်ကြံသူများ ရှိနေရမည်ဟု ယွီရှင်း သဘောပေါက်လိုက်သည်။
အကယ်၍ သူတို့ သတိမထားပါက နောင်တွင် ပြဿနာကြီးကြီးမားမားများ ပေါ်ပေါက်လာနိုင်၏။
လုရီမှာမူ ယွီချန် ကောင်းကင်ကပ်ဘေးကို အောင်မြင်စွာ ကျော်ဖြတ်ပြီး အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်လာခဲ့ပြီး မူလဇာစ်မြစ်စွမ်းအားကို သိမြင်ခဲ့ကြသည့် ယွီမျိုးနွယ်မှ အခြား ဘိုးဘေးများ..ကောင်းကင်ကပ်ဘေး ကျော်ဖြတ်ခြင်း မရှိသေးသောကြောင့် လောလောဆယ်တွင် သူ့အနေနှင့် လုပ်ဆောင်ရန် လိုအပ်သောအရာ တစ်စုံတစ်ရာ မရှိတော့ပေ။
သို့ဖြစ်၍ သူသည် ထျန်းမင်ကြယ်မှ လာခဲ့ကြသော သူ၏ ဆွေမျိုးများနှင့် မိတ်ဆွေများအားလုံးကို လင်းလောင်တောင်ထိပ်သခင်မနှင့် အခြားသူများနှင့်အတူ ခေါ်ဆောင်ကာ ထျန်းမင်သို့ ပြန်သွားလေသည်။ ထျန်းမင်သို့ ပြန်ရောက်ပြီးနောက် လုရီသည် တံခါးပိတ်ကျင့်ကြံခြင်းကို တစ်ဖန်ပြန်လည် ဝင်ရောက်ခဲ့သည်။
အင်မော်တယ်အရှင်သခင်အဆင့်သို့ အဆင့်တက်ခြင်း အလုပ်ဆုလာဘ်မှ တာအိုစွမ်းအင် ပေါင်းစပ်မှု အရှိန်မြှင့်တင်ပေးခြင်းကြောင့်
လုရီ၏အတွင်းကမ္ဘာအတွင်းမှ တာအိုစွမ်းအင်ပေါင်းစပ်မှုမှာ ပို၍ပင် မြန်ဆန်လာ၏။
ဤအရှိန်အတိုင်းဆိုလျှင် သူသည် တာအိုစွမ်းအင်ကို လုံးဝပေါင်းစပ်နိုင်ရန် နှစ်တစ်ရာ ၊ နှစ်ရာပင် ကြာမြင့်တော့မည် မဟုတ်ပေ။ ထိုအခါ သူ အသုံးပြုသောအရာမှာ အင်မော်တယ်ဝိညာဉ်ချီနှင့် ရောနှောထားသော တာအိုစွမ်းအင် မဟုတ်တော့ဘဲ တာအိုစွမ်းအင် အစစ် ဖြစ်လာမည်ဖြစ်ပြီး သူ၏ စွမ်းအားမှာလည်း သိသိသာသာ တိုးတက်လာပေလိမ့်မည်။
တာအိုစွမ်းအင် ပေါင်းစပ်မှုနှင့်အတူ လုရီ၏
တာအိုနှင့် ဆက်သွယ်မှုမှာလည်း ပိုမိုနီးကပ်လာပြီး ကျင့်ကြံခြင်းအရှိန်မှာလည်း အဆက်မပြတ် မြန်ဆန်လာသည်။ သူသည် အင်မော်တယ်အရှင်သခင် အဆင့်သို့ အဆင့်တက်ခဲ့ပြီးဖြစ်၍ ကျင့်ကြံခြင်း အခြေခံ တိုးတက်ရန်မှာ အင်မော်တယ်ဧကရာဇ်အဆင့်ထက် များစွာပိုမိုခက်ခဲသော်လည်း သူ၏ တိုးတက်မှုအရှိန်မှာ သိပ်မနှေးကွေးသွားခဲ့ပေ။
ထို့အပြင် သူ ကျိုယိုဥမင်တွင် ထားခဲ့သော
တာအိုအင်မော်တယ်အခင်းအကျင်းက ကျိုယိုမိစ္ဆာများကို အလိုအလျောက် သတ်ဖြတ်ပြီး သူ့အား မူလဇာစ်မြစ်ကျောက်တုံးများဖြင့် ဆုချနေသောကြောင့် သူ၏ ကျင့်ကြံခြင်းအရှိန်မှာ လျင်မြန်သော တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။
ကျင့်ကြံခြင်းအခြေခံကို မြှင့်တင်ခြင်းအပြင် လုရီသည် အခြားသော ကဏ္ဍများကို တိုးတက်စေရန်လည်း လျစ်လျူမရှုခဲ့ပေ။ တာအိုစွမ်းအင် ပေါင်းစပ်မှုနှင့်အတူ လုရီ၏ တာအိုအပေါ် နားလည်မှုမှာ အဆက်မပြတ် နက်ရှိုင်းလာ၏။ သူ၏ တာအိုယင်ယန်အင်မော်တယ်ကျမ်းကို ဖန်တီးတွက်ချက်ရာတွင် တိုးတက်မှုမှာလည်း အံ့အားသင့်ဖွယ် ကောင်းမွန်နေခဲ့သည်။
လုရီသည် အင်မော်တယ်ဘုရင်အဆင့်အတွက် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို အောင်မြင်စွာ ဖန်တီးတွက်ချက်နိုင်ခဲ့၏။ ၎င်းမှာ သူ့အနေနှင့်
အင်မော်တယ်ဘုရင်အဆင့်သို့ ကျင့်ကြံရန် ဤနည်းစနစ်ကိုသာ အားကိုးရန် လိုအပ်သည်ကို ဆိုလိုသည်။ ထို့နောက်ပိုင်းအတွက်မူ အင်မော်တယ်အင်ပါယာအဆင့်အတွက် နည်းစနစ်တစ်ခုကို ဖန်တီးတွက်ချက်ရန် စီစဉ်ထားပါ၏။
အခင်းအကျင်းတာအို ဉာဏ်အလင်းနှင့် မူလဇာစ်မြစ်၏ သိမြင်မှုအမျိုးမျိုးအပြင် မူလဇာစ်မြစ်အင်မော်တယ်သိုင်းစွမ်းရည်များ တိုးတက်မှုနှင့် ကျင့်ကြံမှုတို့တွင်လည်း လုရီသည် နှေးကွေးမနေခဲ့ပေ။ သိုင်းနည်းစနစ်အမျိုးမျိုးမရှိပါက နယ်ပယ်မြင့်မားရုံနှင့် အလွန်အစွမ်းထက်သူတစ်ဦး ဖြစ်လာမည်မဟုတ်ပေ။ လုရီသည် စွမ်းအား ကြီးမြတ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ကျိုယိုမိစ္ဆာများကို ရင်ဆိုင်နေရသည်ဖြစ်ရာ မည်သည့်ဟာကွက်ကိုမျှ
မချန်ထားလိုပါ။
ဤအကြောင်းကြောင့်ပင် သူသည် ကဏ္ဍအားလုံးကို ဘက်စုံမြှင့်တင်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
အချိန်များ ကုန်လွန်သွားပြီး ကျိုယိုကျင့်ကြံသူက ယွီချန်ကို အင်မော်တယ်ဘုရင်အဆင့်သို့ အဆင့်ချိုးဖြတ်စဉ် လုပ်ကြံရန် ကြိုးပမ်းခဲ့သည့်အချိန်မှစ၍ နှစ်ပေါင်းနှစ်ရာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါ၏။ ဤကာလအတွင်း ယွီရွှမ်ယီနှင့် ယွီယွင်ချင်းတို့
နှစ်ဦးစလုံးလည်း အင်မော်တယ်ဘုရင်အဆင့်သို့ ဆက်တိုက် တက်လှမ်းခဲ့ကြသည်။
ယွီချန်သည် သူ၏ ယခင်အဆင့်တက်စဉ်က
ကျိုယိုမိစ္ဆာများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသောကြောင့် ဤတစ်ကြိမ်တွင် သူတို့နှစ်ဦးစလုံးသည်လည်း သူတို့၏ အဆင့်တက်စဉ်တွင် လုရီကို အကာအကွယ်ပေးသူအဖြစ် ဖိတ်ခေါ်ခဲ့ကြ၏။
လုရီအပြင် နယ်ပယ်အသစ်အား ခိုင်မာသွားသော ယွီချန်လည်း ရှိနေပြီး အင်မော်တယ် ဘုရင်အဆင့်ရှိ အစွမ်းထက်ပုဂ္ဂိုလ်နှစ်ဦးက အကာအကွယ်ပေးသူများအဖြစ် ဆောင်ရွက်နေသောကြောင့် ကျိုယိုကျင့်ကြံသူသည် ဤသည်ကို ကြိုတင်မျှော်လင့်ထားပုံ ရပြီး နောက်ထပ်လုပ်ကြံ မပေါ်ပေါက်လာခဲ့ပေ။
သူတို့နှစ်ဦးစလုံး ကောင်းစွာပြင်ဆင်ထားပြီး
လုရီထံမှ တာအိုစွမ်းအင် လက်ဆောင်များလည်း ရရှိထားသောကြောင့် သူတို့၏ အင်မော်တယ်ဘုရင် အဆင့်သို့ အဆင့်တက်လှမ်းခြင်းမှာ သဘာဝအတိုင်း အလွန် ချောမွေ့ခဲ့လေသည်။ အဆင့်ချိုးဖြတ်ပြီးနောက် နှစ်ဦးစလုံးသည် မိမိတို့၏ နယ်ပယ်များကို ခိုင်မာအောင် စတင်လုပ်ဆောင်ခဲ့ကြ၏။ နောက်ထပ် နှစ်ငါးဆယ်ခန့် ကြာပြီးနောက် ယွီရွှမ်ယီနှင့် ယွီယွင်ချင်းတို့ နှစ်ဦးစလုံးသည် အလားတူပင် နယ်ပယ်များကို ခိုင်မာအောင် ပြုလုပ်နိုင်ခဲ့ပြီး အင်မော်တယ်ဘုရင်အဆင့် ခွန်အားကို ပိုင်ဆိုင်သွားကြသည်။
ထို့နောက်တွင်တော့ လုရီနှင့် ယွီချန်တို့ အပါအဝင် အခြားသူများသည် စုရုံး ဆွေးနွေးတိုင်ပင်ကြပြီး အခြေအနေကို စစ်ဆေးရန် ချောက်နက်ကြီးအပျက်အစီးဆီသို့ ဦးတည်ရန် ဆုံးဖြတ်လိုက်ကြလေ၏။
သူတို့သည် ယွီပေါ်ယွင်နှင့် အခြားသူများ အဆင့်တက်သည်အထိ မစောင့်လို၍ မဟုတ်ဘဲ
သူတို့သည် စစ်မှန်သော ပြီးပြည့်စုံခြင်းသို့ မရောက်ရှိသေးသောကြောင့် အဆင့်ချိုးဖြတ်ရာတွင် အောင်မြင်မှု အခွင့်အလမ်းမှာ သေချာပေါက် မမြင့်မားသေးသောကြောင့် ဖြစ်သည်။ အကယ်၍ သူတို့ အတင်းအကြပ်လုပ်ဆောင်ပါက ကောင်းကျိုးထက် ဆိုးကျိုးသာ ဖြစ်နိုင်၏။
ထို့အပြင် ယွီယွင်ချင်းနှင့် ယွီရွှမ်ယီဟူသော
အင်မော်တယ် ဘုရင်နှစ်ပါးနှင့်ဆိုလျှင် သူတို့တွင် အင်မော်တယ် ဘုရင်အဆင့်ရှိ အစွမ်းထက်ပုဂ္ဂိုလ် စုစုပေါင်း လေးဦး ရှိနေပြီ ဖြစ်သည်။ ဤသို့သော အင်အားစုမျိုးမှာ စကြဝဠာတစ်ခွင်လုံးကို ခြုံကြည့်လျှင်ပင် ပြိုင်ဘက်ကင်းလောက်ပေသည်။ ချောက်နက်ကြီးအပျက်အစီးထဲသို့ ဝင်ရောက်ခြင်းမှာ ပြဿနာကြီးကြီးမားမား ဖြစ်ပေါ်လာဖွယ် မရှိပေ။ အကယ်၍ ပြဿနာများ တကယ်ရှိနေပါက သူတို့ လောလောဆယ် ဆုတ်ခွာပြီး နောင်တွင်မှ ပြန်လာနိုင်ပါသေးသည်။
သို့ဖြစ်၍ လုရီနှင့် အခြားသူများသည် ကောင်းကင်ယာဉ်ပျံကို စီးနင်းကာ ချောက်နက်ကြီးအပျက်အစီးဆီသို့ ရောက်ရှိလာကြ၏။
ထိုနက်ရှိုင်းသော အက်ကွဲကြောင်းကြီးသည် ဟင်းလင်းပြင်တွင် လွင့်မျောနေပြီး ကြောက်မက်ဖွယ်စွမ်းအားတစ်ခုက စကြဝဠာတွင် ကြီးမားသော ဓားဒဏ်ရာတစ်ခုကို ဆွဲဖြဲထားသည့်နှယ်။ ဤအက်ကွဲကြောင်းကို မြင်သောအခါ လုရီသည် အနည်းငယ် အုံ့မှိုင်းသော ခံစားချက်ကို မထိန်းနိုင်ဘဲ ဖြစ်သွားသည်။
"ဒီလောက်နှစ်တွေအများကြီး ကြာပြီးတဲ့နောက် ကျွန်တော် ဒီနေရာကို ပြန်ရောက်လာလိမ့်မယ်လို့ မထင်ခဲ့ဘူး။"
ထိုအခါ လုရီ၏ ဘေးမှ ယွီရှင်းက ဖြည်းညင်းစွာ ရေရွတ်လိုက်သည်။
"ဒီနှစ်တွေတစ်လျှောက်လုံး ထျန်းလော့ကြယ်တာရာနယ်မြေနဲ့ သလင်းဝိညာဉ်ကြယ်တာရာနယ်မြေက ငါတို့ရဲ့ တပ်ဖွဲ့တွေက ဒီနေရာကို စောင့်ကြပ်နေခဲ့လို့ ချောက်နက်ကြီးအပျက်အစီးက ငြိမ်းချမ်းနေခဲ့တာပဲ…”
လုရီအပြင် ယွီချန်၊ ယွီရွှမ်ယီနှင့် ယွီယွင်ချင်းတို့အပြင် ယွီမျိုးနွယ်မှ အကြီးတန်းအဖွဲ့ဝင်အချို့လည်း ချောက်နက်ကြီးအပျက်အစီးဆီသို့ လိုက်ပါလာခဲ့ကြလေသည်။