← Chapters

ချောက်နက်ကြီးအပျက်အစီးထဲမှ သတ္တဝါများ (အပိုင်း၂)...

Vol. 56 Ch. 838

ချောက်နက်ကြီးအပျက်အစီးထဲမှ သတ္တဝါများ (အပိုင်း၂)...

Vol. 56 Ch. 838

~လုရီ၏ စိတ်ထဲတွင် ရုတ်တရက် သဘောပေါက်နားလည်သွားသော်လည်း ဒါက အံ့အားသင့်စရာတော့ မဟုတ်ခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ အကြီးအကဲယွီချန်၊

ယွီရွှမ်ယီနှင့် အကြီးအကဲယွီယွန်ချင်းတို့၏

ကပ်ဘေး ကျော်ဖြတ်ပွဲမှာ အတော်လေး

လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပြီး အနီးအနားမှ အင်အားစုများက တစ်စုံတစ်ခုကို သတိပြုမိကြမည်မှာ သေချာသည်။ ကောင်းကင်ကပ်ဘေးမှ ဤသို့သော လှုပ်ခတ်မှုမျိုးနှင့်ဆိုလျှင် ၎င်းမှာ အင်မော်တယ်အရှင်သခင် အဆင့်တွင် မဟုတ်သည်မှာ ရှင်းလင်းနေ၏။ အနည်းငယ် စဉ်းစားလိုက်ရုံဖြင့် သူတို့ အခြေအနေကို နားလည်သွားကြပေလိမ့်မည်။

သို့သော် ယွီမျိုးနွယ်သည် ဤအရာကို ဖုံးကွယ်ရန် ဘယ်တုန်းကမှ ရည်ရွယ်ခဲ့ခြင်းမရှိပေ။ အကြောင်းမှာ အင်မော်တယ်ဘုရင်တစ်ပါး ရှိနေခြင်းသည် ဖုံးကွယ်ထားရန် လိုအပ်သောအရာမဟုတ်သောကြောင့် ဖြစ်သည်။

နိုးထလာမည့် ကျိုယိုမိစ္ဆာ နတ်ဘုရားကို ထည့်သွင်း စဉ်းစားခြင်းသာ မရှိခဲ့ပါက ယွီ

မျိုးနွယ်သည် စစ်ပွဲ တစ်ခုကို စတင်ဆင်နွှဲပြီး ကြယ်တာရာ နယ်မြေများနှင့် အရင်းအမြစ်များကို သူတို့၏ ထိန်းချုပ်မှုအောက်သို့ ပိုမို ရယူရန် ကြိုးပမ်းလောက်ပြီ ဖြစ်၏။

ဤသည်မှာလည်း လုရီနှင့် ပတ်သက်နေသည်။

ယွီချန်နှင့် အခြားသူများ အင်မော်တယ်ဘုရင်အဆင့်သို့ အဆင့်တက်ခြင်းမှာ သူတို့သည် များပြားသော ကျင့်ကြံခြင်း အရင်းအမြစ်များကို လိုအပ်သည်ကို ဆိုလို၏။ လုရီ တစ်ဦးတည်းသာလျှင် ဤမျှ များပြားသော ထောက်ပံ့မှုကို ပိုင်ဆိုင်ထားကာ ယွီချန်နှင့် အခြားသူတို့၏ ကျင့်ကြံမှုအတွက် ပံ့ပိုးပေးနိုင်လေသည်။

သို့မဟုတ်လျှင် ကျင့်ကြံခြင်း အရင်းအမြစ်များ ပိုမို ရရှိရန်အတွက်ပင် ယွီချန်နှင့် အခြားသူများသည် ကြယ်တာရာ နယ်မြေများကို ပိုမိုသိမ်းပိုက်ရန်မှ လွဲ၍ အခြား ရွေးချယ်စရာ ရှိမည် မဟုတ်ပေ။ ထိုမူလဇာစ်မြစ် ကျောက်တုံးများ အားလုံးမှာမူ ကျိုယိုဥမင်များမှ တိုးထွက်လာသော

ကျိုယိုမိစ္ဆာများထံမှ ပြောင်းလဲထားခြင်း ဖြစ်သည်။

ထိုအဖွဲ့သည် ကောင်းကင်ယာဉ်ပျံမှ ထွက်ခွာလာလေ၏။ ယွီချန်နှင့် အခြားသူတို့ကို မြင်သောအခါ အဖွဲ့ထဲမှ သလင်းဝိညာဉ် မျိုးနွယ်မှ

အင်မော်တယ် အရှင်သခင် ဘိုးဘေးများက

သူတို့၏ ကိုယ်တွင်းမှ ထုတ်လွှတ်နေသော နက်ရှိုင်းသည့် အရှိန်အဝါကို အာရုံခံမိသောအခါ ပို၍ပင် လေးစားစွာဖြင့် အရိုအသေပေးကြတော့သည်။

ယွီချန်က ပြုံးလိုက်ပြီး၊ "ဒီလို အခမ်းအနားတွေ

မလိုပါဘူး၊ အားလုံး ထကြပါ" ဟု ဆိုလိုက်၏။

သလင်းဝိညာဉ်မျိုးနွယ်မှ အင်မော်တယ်အရှင်သခင်များနှင့် အင်မော်တယ် ဧကရာဇ်များ မတ်တပ်ရပ်လိုက်ကြသော်လည်း သူတို့၏ စိတ်နှလုံးများမှာမူ အနည်းငယ် မတည်မငြိမ် ဖြစ်နေခဲ့သည်။

မူလက သူတို့သည် ယွီမျိုးနွယ်အတွင်း

အင်မော်တယ် ဘုရင်တစ်ပါး ပေါ်ထွက်လာသည်ဟု ကြားသိရသောအခါ အနည်းငယ် မယုံသင်္ကာဖြစ်ခဲ့ကြသည်။

မည်သို့ပင် ဆိုစေကာမူ နှစ်ပေါင်းများစွာ ကြာသည်အထိ စကြဝဠာတွင် အင်မော်တယ်ဘုရင်တစ်ပါးမှ ပေါ်ပေါက်ခဲ့ခြင်းမရှိပေ။

အဘယ်ကြောင့် ရုတ်တရက် တစ်ယောက်ပေါ်ထွက်လာနိုင်မည်နည်း။

မဟုတ်သေး။ ထိုမျှမက သုံးယောက်အထိ ပေါ်ထွက်လာနိုင်မည်နည်း။

သို့သော် နည်းလမ်း အမျိုးမျိုးဖြင့် စုံစမ်းမေးမြန်းပြီးနောက် သူတို့သည် လုရီ၏ အဆင့်ချိုးဖြတ်မှုကြောင့် ဖြစ်ပေါ်လာသော တာအိုလှိုင်းလုံးနှင့်

လုရီနှင့် ယွီမျိုးနွယ်မှ အင်မော်တယ် အရှင်သခင်များအကြား အမျိုးမျိုးသော ဆက်ဆံရေးများအကြောင်းကို သိရှိလာခဲ့ကြ၏။ ရလဒ်အနေဖြင့် သူတို့၏ စိတ်များ တဖြည်းဖြည်း လေးလံလာပြီး စတင် ယုံကြည်လာခဲ့ကြသည်။

ယွီမျိုးနွယ်အတွင်း အင်မော်တယ် ဘုရင် သုံးပါး ပေါ်ထွက်လာပြီးနောက် သူတို့သည် သလင်းဝိညာဉ် ကြယ်တာရာနယ်မြေကို ဝါးမြိုပြီး သလင်းဝိညာဉ် မျိုးနွယ်ကို သူတို့၏ လက်အောက်ခံအဖြစ် ပြုလုပ်မည်ကို သူတို့ စိုးရိမ်ခဲ့ကြသည်။

သို့သော် အံ့အားသင့်စရာ ကောင်းစွာပင်

ယွီမျိုးနွယ်သည် ထိုသို့သော ဆန္ဒများ မပြသခဲ့ပေ။

ဤသည်က သူတို့၏ စိုးရိမ်မှုအချို့ကို သက်သာစေခဲ့သည်။ မမျှော်လင့်ထားသည်မှာ ဤ

တစ်ကြိမ်တွင် ယွီမျိုးနွယ်မှ အင်မော်တယ်ဘုရင်များက ချောက်နက်ကြီး အပျက်အစီးထဲသို့ ရုတ်တရက် စွန့်စား ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းပင် ဖြစ်သည်။ ၎င်းက သလင်းဝိညာဉ်မျိုးနွယ်မှ ဘိုးဘေးများကို ယွီမျိုးနွယ်တွင် အခြားသော လျှို့ဝှက် ရည်ရွယ်ချက်များ ရှိသည်ဟု သံသယဝင်စေပြီး သူတို့ကို ဤနေရာတွင် စောင့်ဆိုင်းကာ ပြင်ဆင်ထားရန် တွန်းအားပေးခဲ့ခြင်း ဖြစ်၏။

ထိုစဉ်မှာ ယွီချန်က ဆက်လက်၍ ကြေညာလိုက်သည်။

"ဒီတစ်ခေါက် ငါတို့က ချောက်နက်ကြီးအပျက်အစီးထဲ ဝင်ဖို့ စီစဉ်နေတာ။ သလင်းဝိညာဉ်မျိုးနွယ်က မိတ်ဆွေတွေက ဘာလို့ ဒီကို ရောက်နေကြတာလဲ။"

သလင်းဝိညာဉ်မျိုးနွယ်မှ အစွမ်းထက်ပုဂ္ဂိုလ်အမျိုးမျိုး အနည်းငယ် ကြောင်ငေးသွားကြသည်။

..အလိုလေး.. သူတို့ တကယ်ပဲ ချောက်နက်ကြီးအပျက်အစီးထဲ ဝင်မလို့လား။..

မိမိတို့အနေနှင့် ယွီမျိုးနွယ်တွင် အခြားရည်ရွယ်ချက် ရှိလိမ့်မည်ဟု ယူဆထားခဲ့သည်လေ။

မည်သို့ပင်ဆိုစေကာမူ ချောက်နက်ကြီးအပျက်အစီးသည် သလင်းဝိညာဉ်ကြယ်တာရာနယ်မြေနှင့် ကောင်းကင် ကြယ်တာရာနယ်မြေတို့၏ နယ်နိမိတ်တွင် တည်ရှိပြီး အငြင်းပွားမှုတစ်ခုအတွက် အကြောင်းပြချက်အဖြစ် အသုံးပြုနိုင်လေသည်။

ယခုတော့ ကြည့်ရသည်မှာ ထိုသူတို့က တကယ်ပဲ ချောက်နက်ကြီးအပျက်အစီးထဲသို့ ဦးတည်နေကြသည်လား။

သလင်းဝိညာဉ်မျိုးနွယ်မှ ကျင့်ကြံသူများ တစ်ယောက်မျက်နှာတစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြပြီးနောက် ယွီမျိုးနွယ်သည် အင်မော်တယ်ဘုရင် သုံးပါးအထိ မွေးထုတ်နိုင်ခဲ့သည်ကို ပြန်လည် တွက်ဆမိလိုက်ကြသည်။

ဤသို့သော အစွမ်းထက်ကျင့်ကြံသူများအတွက် စကြဝဠာတားမြစ်နယ်မြေ တစ်ခုဖြစ်လျှင်ပင် လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ပေလိမ့်မည် မဟုတ်လော။

ဤသို့တွေးမိသည်နှင့် သလင်းဝိညာဉ်မျိုးနွယ်မှ အင်မော်တယ်အရှင်သခင်တစ်ဦးက အမြန်ပင်တုံ့ပြန်လိုက်သည်။

"ကျွန်တော်တို့က အင်မော်တယ် ဘုရင်တွေရဲ့ ခမ်းနားမှုကို မြင်ဖူးချင်ပြီး ကျောက်စိမ်းကြယ်ဂြိုဟ်ကို လာရောက်လည်ပတ်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမဲ့ လေးစားရပါသော အင်မော်တယ်ဘုရင်တွေရဲ့ ကျင့်ကြံမှုကို အနှောင့်အယှက်ပေးမိမှာ စိုးရိမ်ခဲ့ပါတယ်။ အခု ဒီအခွင့်အရေးနဲ့ဆိုတော့ အကြီးအကဲတွေနဲ့ တွေ့ဆုံချင်ခဲ့တာပါပဲ။"

ယွီချန်နှင့် အခြားသူတို့၏ မျက်နှာအမူအရာမှာ စကားပြောနေသော အင်မော်တယ်အရှင်သခင်ကို ကြည့်ရင်း အနည်းငယ် အပျော်စနောက်ချင်သလို ဖြစ်သွားကြသည်။

သူတို့သည် မူလက ယွီမျိုးနွယ်မှ အင်မော်တယ်အရှင်သခင်များဖြစ်ကြပြီး သလင်းဝိညာဉ်မျိုးနွယ်မှ အင်မော်တယ်အရှင်သခင်များနှင့် သဘာဝအတိုင်း အတော်အတန် ဆက်ဆံခဲ့ဖူးပါသည်။

ထို'ရှဲ့လီ'ဟု အမည်ရသော သလင်းဝိညာဉ်

မျိုးနွယ်မှ အင်မော်တယ် အရှင်သခင်သည် သဘောထားကောင်း မရှိဟု လူသိများသော်လည်း ယခုမူ အတော် လေး လေးစားဖွယ်ဖြစ်နေသည်တကား။

သို့တိုင် သူတို့သည် အခြား စကား များများစားစားမပြောဘဲ ပြုံးရုံမျှဖြင့်၊ "စိတ်ရင်းစေတနာက အဓိကပါပဲ" ဟုသာ တုံ့ပြန်လိုက်ကြသည်။

သလင်းဝိညာဉ်မျိုးနွယ်မှ ကျင့်ကြံသူများနှင့် အင်မော်တယ်ဘုရင်များ ယဉ်ကျေးသော စကားအချို့ အပြန်အလှန်ပြောဆိုပြီးနောက် လူတိုင်း ချောက်နက်ကြီးအပျက်အစီး အပြင်ဘက်မှ စခန်းချရာနေရာသို့ ဆက်လက်ထွက်ခွာခဲ့ကြသည်။

ထို့နောက်တွင်တော့ ယွီချန်နှင့် အခြားသူတို့က

ယွီမျိုးနွယ်မှ ကျင့်ကြံသူများကို ညွှန်ကြားချက်အချို့ပေးလိုက်၏။ သို့နှင့် နောက်ဆုံးစီမံမှုများ ပြုလုပ်ပြီးနောက် လုရီနှင့်အတူ ချောက်နက်ကြီးအပျက်အစီးဆီသို့ ခရီးဆက်ခဲ့ကြလေသည်။

ကောင်းကင်ကြယ်တာရာနယ်မြေနှင့် သလင်းဝိညာဉ်ကြယ်တာရာနယ်မြေမှ ကျင့်ကြံသူများအားလုံး ဟင်းလင်းပြင်တွင် ရပ်နေကြပြီး လုရီနှင့် အခြားသူတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း သူတို့၏ မျက်နှာအမူအရာများမှာ အတော်လေး ရှုပ်ထွေးနေကြ၏။

ဤသည်မှာ အင်မော်တယ်ဘုရင်တစ်ပါး ချောက်နက်ကြီးအပျက်အစီးထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခြင်းဖြစ်ပြီး ဤစကြဝဠာ တားမြစ်နယ်မြေအတွင်း၌ ဝှက်ထားသော လျှို့ဝှက်ချက်များမှာ ဤခရီးစဉ်အတွင်း ဖော်ထုတ်ခံရနိုင်ပေသည်။

—------

လုရီ၊ ယွီချန်၊ ယွီရွှမ်ယီနှင့် ယွီယွင်ချင်းတို့သည် အလွန် မြန်မြန်ဆန်ဆန် သွားလာနေကြပြီး

ချောက်နက်ကြီး အပျက်အစီးအနီးသို့ လျင်မြန်စွာ ချဉ်းကပ်လာကြသည်။ အပျက်အစီး နယ်မြေအနီးသို့ ရောက်လေလေ ပတ်ဝန်းကျင်မှ အမှောင်ထုက ပို၍ ထူထပ်လာလေလေ ဖြစ်လေသည်။

လုရီက သူ၏ အကြည့်များကို ပတ်ပတ်လည်သို့ ပို့လွှတ်လိုက်ရာ ဤနေရာမှ အမှောင်ထုသည်

ကျိုယိုချီနှင့် ကွဲပြားကာ အထူး ထူထဲသော မကောင်းဆိုးဝါး အငွေ့အသက်များ မရှိသည်ကို တွေ့ရှိလိုက်ရ၏။

လုရီကို အံ့အားသင့်စေဆုံး အရာမှာ ဤနေရာမှ နေရာလပ်သည် အလွန် ထူးခြားနေခြင်းပင် ဖြစ်သည်။ နေရာလပ် မျဉ်းကြောင်းများ ဖြန့်ကျက်ပုံမှာ အလွန် ပုံမမှန် ဖြစ်နေ၏။ သူတို့ ချောက်နက်ကြီး အပျက်အစီးအနီးသို့ ချဉ်းကပ်လာသည်နှင့်အမျှ နေရာလပ်သည် ထူးဆန်းသော ကျိုးပဲ့မှုကို ကြုံတွေ့ခဲ့ရသည့်အလား ဧရာမအက်ကွဲကြောင်းကြီးကို စကြဝဠာကိုယ်တိုင်မှ ခွဲထုတ်ထားသကဲ့သို့ ဖြစ်နေသည်။

ဤသည်မှာ မိမိ ဘာသာဖန်တီးထားသော ကမ္ဘာငယ်တစ်ခုနှင့် အနည်းငယ် ဆင်တူနေလေ၏။

သို့ဖြစ်သော်လည်း ထိုသို့သော ကမ္ဘာမျိုးကို ချောက်နက်ကြီး အပျက်အစီးကဲ့သို့ သာမန်မျက်စိဖြင့် တိုက်ရိုက် မမြင်နိုင်သလို ဤမျှ

ကျယ်ပြောလိမ့်မည်လည်း မဟုတ်ပေ။

လုရီက ပတ်ဝန်းကျင်ကို စူးစမ်းစွာ ကြည့်ရှုနေစဉ်မှာပင် ယွီချန်က ရှင်းပြလာသည်။

"အခု ငါတို့ ချောက်နက်ကြီး အပျက်အစီးထဲကို အပြည့်အဝ မဝင်ရသေးဘူး၊ အစွန်အဖျားကိုတောင် မရောက်သေးဘူး။ ဒီမှာ အန္တရာယ်ကြီးကြီးမားမား မရှိပေမဲ့ နေရာလပ်က သိပ်မတည်ငြိမ်ဘူးလေ။ နေရာလပ် အက်ကွဲကြောင်းတွေက အချိန်မရွေး ပေါ်လာတတ်ပြီး အဲ့ဒီထဲ

ဝါးမြိုခံရတဲ့ ကျင့်ကြံသူတွေ ဘယ်တော့မှ ပြန်ထွက်လာတာ မရှိဘူးလေ။"

"ရီအာ၊ မင်းက နေရာလပ် မူလဇာစ်မြစ်ကို ကျွမ်းကျင်မှတော့ ဒီနေရာက ပြဿနာ တချို့ကို မြင်နိုင်မှာပဲ ဟုတ်တယ်မလား"

ယွီရွှမ်ယီက ပြုံးစစဖြင့် စကားထောက်လိုက်ခြင်းပါ။

လုရီ၏ အကြည့်များတွင် နက်နဲသော တာအိုအင်းကွက်များ ဖြတ်ပြေးသွားပြီး သူက ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါရဲ့၊ ဒီနေရာက နေရာလပ်က တကယ်ပဲ သိပ်ထူးဆန်းတယ်။ ချောက်နက်ကြီးအပျက်အစီး ဘယ်လို ဖြစ်ပေါ်လာခဲ့လဲဆိုတာ ကျွန်တော်ဖြင့် စိတ်ကူးလို့တောင် မရဘူး။"

အကယ်၍ သူ သံသယရှိသည့်အတိုင်းသာ ချောက်နက်ကြီး အပျက်အစီးသည် ကမ္ဘာငယ် တစ်ခု၏ ပေါ်ထွန်းမှု ဆိုပါက ကမ္ဘာငယ် တစ်ခုကို ယခုလို အခြေအနေသို့ ရောက်ရှိစေရန်မှာ

အင်မော်တယ် ဘုရင် တစ်ပါးပင်လျှင် စွမ်းဆောင်နိုင်မည် မဟုတ်ပေ။

All Chapters