← Chapters

ချောက်နက်ကြီးအပျက်အစီးထဲမှ သတ္တဝါများ (အပိုင်း၂)...

Vol. 56 Ch. 839

ချောက်နက်ကြီးအပျက်အစီးထဲမှ သတ္တဝါများ (အပိုင်း၂)...

Vol. 56 Ch. 839

~ဒါက အင်မော်တယ် အင်ပါယာ

အဆင့် အစွမ်းထက် ပုဂ္ဂိုလ် တစ်ဦးရဲ့ လက်ချက်ဖြစ်နိုင်လေသလား။

ချောက်နက်ကြီးအပျက်အစီးသည်

အင်မော်တယ် အင်ပါယာ တစ်ပါးနှင့် ဆက်စပ်နိုင်ခြေရှိသည်ဟူသော အတွေးဝင်လာသည်နှင့် လုရီ၏စိတ်နှလုံးမှာ ပို၍ပင် လေးလံလာခဲ့၏။ သူက သတိပေးလိုက်သည်။

"ဘိုးဘေးအကြီးအကဲတို့၊ ဒီနေရာပေါ်ပေါက်လာတာဟာ အင်မော်တယ်အင်ပါယာတစ်ပါးနဲ့ သေချာပေါက်ဆက်နွှယ်မှုရှိတယ်လို့ ကျွန်တော်သံသယရှိတယ်၊ ဒါကြောင့် ကျွန်တော်တို့ ဘေးကင်းရေးကို အဓိကထားရပါမယ်။"

ဤသည်ကို ကြားသောအခါ ယွီရွှမ်ယီနှင့် အခြားနှစ်ဦးတို့ အံ့အားသင့်သွားကြပြီး ယွီယွင်ချင်း၏ တည်ငြိမ်သော မျက်နှာပေါ်တွင်ပင် အံ့ဩမှုအရိပ်အယောင်တစ်ခု ထင်ဟပ်သွား၏။

"ဟေ...အင်မော်တယ် အင်ပါယာ ဟုတ်လား။ ဒါက ကံကြမ္မာ အင်မော်တယ် ဘုရင်ရဲ့ နယ်မြေ မဟုတ်ခဲ့ဘူးလား"

အစောပိုင်းက မီးလျှံနီ အင်မော်တယ်ဘုရင်၏ ကျန်ရစ်သောပုံရိပ်ယောင်မှ ယူဆောင်လာခဲ့သော သတင်းအချက်အလက်များကို ယွီမျိုးနွယ်မှ

ဘိုးဘေးများက သဘာဝအတိုင်း နားလည်ထားကြသည်။

သူတို့သည် မူလက ဤနေရာ၏မွေးဖွားခြင်းမှာ ထိုကံကြမ္မာအင်မော်တယ်ဘုရင်နှင့် ဆက်စပ်နိုင်သည်ဟု ထင်မှတ်ခဲ့ကြသော်လည်း ယခု ကြည့်ရသည်မှာ ထိုသို့မဟုတ်နိုင်သည့်ပုံပင်။

ဤအချက်က သူတို့၏ စိတ်ခံစားချက်ကို လေးနက်သော အရိပ်အချို့ သန်းသွားစေသည်။

"ဟုတ်ပါတယ်ယယ၊ ဒီနေရာက နေရာလပ်ဖွဲ့စည်းပုံက အင်မော်တယ်ဘုရင်တစ်ပါး ဖန်တီးနိုင်တာမျိုးနဲ့ မတူဘူး"

ဟု လုရီက လေးနက်သောအမူအရာဖြင့် ဆိုလိုက်၏။

ယွီမျိုးနွယ်မှ ဘိုးဘေးသုံးဦးက သူတို့နားလည်ကြောင်းပြသသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။

သူတို့လေးဦးလုံး ပို၍ပင် သတိကြီးစွာဖြင့် ဂရုတစိုက်ရှိနေကြတော့သည်။

မကြာမီမှာပင် သူတို့သည် လက်တွေ့ဘဝကို ပိုင်းဖြတ်ထားသည့်အလား ဖရိုဖရဲ အဖြစ်ဆုံး နယ်နိမိတ်ကို ဖြတ်ကျော်ကာ ချောက်နက်ကြီးအပျက်အစီး နယ်မြေ၏ အတွင်းပိုင်းသို့ ဝင်ရောက်သွားကြ၏။

သူတို့ ဝင်ရောက်လိုက်သည်နှင့် ယွီရွှမ်ယီ၏ မျက်လုံးများ အနည်းငယ် မှေးစင်းသွားပြီး သူ၏ခန္ဓာကိုယ်ကို ပုံရိပ်ယောင်ကမ္ဘာတစ်ခုကလွှမ်းခြုံသွားပြီး ရုတ်ချည်းပင် ထိုနေရာမှ

ပျောက်ကွယ်သွားတော့သည်။

သူ၏မူလနေရာတွင် နေရာလပ်သည် ရုတ်တရက်ပြိုကျသွားပြီး နေရာလပ်ဝဲဂယက် တစ်ခု ဖြစ်ပေါ်လာ၏။

နေရာလပ် ဝဲဂယက်မှာ ကြမ်းတမ်းပြီး ထိန်းချုပ်မရဖြစ်နေကာ ပြင်းထန်သော နေရာလပ်မုန်တိုင်းများကို ထုတ်လွှတ်နေသောကြောင့် အင်မော်တယ်ဘုရင်အဆင့်ရှိသော ယွီရွှမ်ယီပင် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။

သူတို့ပင်လျှင် အန္တရာယ်အချို့ကို ခံစားလိုက်ရသည်။

"ဒီနေရာက သိပ်အန္တရာယ်များတာပဲ၊ ငါသာ အင်မော်တယ်အရှင်သခင်အဖြစ် ရှိနေသေးရင် ခုနကအခိုက်အတန့်မှာ မသေရင်တောင် ဒဏ်ရာအပြင်းအထန်ရသွားလောက်တယ်" ယွီရွှမ်ယီက မကျေမနပ် ညည်းညူလိုက်၏။

လုရီက နေရာလပ်ဝဲဂယက်ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏မျက်လုံးများ၌ နက်နဲသော

တာအိုအလင်းရောင်များ စီးဆင်းစေကာ ပတ်ဝန်းကျင်ကို ကြည့်ရှုစစ်ဆေးလိုက်သည်။

သူသည် ချောက်နက်ကြီးအပျက်အစီးအတွင်းမှ နေရာလပ်မှာ သာမန် နေရာလပ်ထက် ပို၍ မှောင်မိုက်နေပြီး မည်သည့် ဟင်းလင်းပြင်နှင့်မျှ

မတူဘဲ ကြယ်များ၊ အလင်းရောင်နှင့် နွေးထွေးမှုတို့ ကင်းမဲ့နေသည်ကို တွေ့ရှိလိုက်ရသည်။

သို့သော် အင်မော်တယ် ဘုရင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦးအနေဖြင့် လုံးဝမှောင်မိုက်နေလျှင်ပင် သူ ရှင်းလင်းစွာ မြင်နိုင်သေး၏။

လုရီသည် နေရာလပ် တစ်ခုလုံးတွင် မရေမတွက်နိုင်သော အပျက်အစီးများ ပြန့်ကျဲနေသည်ကို မြင်တွေ့နိုင်လေသည်။

ဤအပျက်အစီးများတွင် ကျယ်ပြောသော

တိုက်ကြီးများ၊ ကြေမွသွားသော ဂြိုဟ်အပိုင်းအစများ၊ ထူးဆန်းသော အဆောက်အအုံများနှင့် ကောင်းကင်ယာဉ်ပျံများပင် ပါဝင်သည်။

ဒေသတစ်ခုလုံးမှာ သင်္ချိုင်းကုန်း တစ်ခုနှယ် သေမင်းတမန် တိတ်ဆိတ်ခြင်းဖြင့် လွှမ်းခြုံနေ၏။ ဤဒေသတွင် နေရာလပ်သည် အပြင်ဘက်ထက်ပင် ပို၍ဖရိုဖရဲဖြစ်နေသည်။

အချို့နေရာများတွင် နေရာလပ်မျဉ်းကြောင်းများ တစ်စက္ကန့်အတွင်း ပုံမှန်ရှိနေသော်လည်း နောက်တစ်စက္ကန့်တွင်မူ ၎င်းတို့ ပြိုကျကာ နေရာလပ်ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာသည်။

ယွီရွှမ်ယီ ကြုံတွေ့ခဲ့ရသော နေရာလပ်ဝဲဂယက်မှာ ထိုသို့သောနည်းဖြင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

လုရီက သက်ပြင်းတစ်ချက်ချလိုက်ပြီး၊ "ဒီနေရာက နေရာလပ်က အပြင်ဘက်ထက်တောင် ပိုပြီးဖရိုဖရဲဖြစ်နေတယ်၊ ကျွန်တော်တောင် နေရာလပ်ရဲ့ပြောင်းလဲမှုတွေကို အပြည့်အဝ ကြိုမခန့်မှန်းနိုင်ဘူး။ ဘိုးဘေးအကြီးအကဲတို့၊ ကျွန်တော့်အနားမှာ ကပ်နေပေးကြပါ" ဟု သတိပေးလိုက်၏။

လုရီသည် နေရာလပ်မူလဇာစ်မြစ်ကို ကျွမ်းကျင်ပြီးဖြစ်သောကြောင့် ဤထူးဆန်းသောနေရာလပ်၏ ပြောင်းလဲမှုများကို ကြိုတင်မခန့်မှန်းနိုင်စေကာမူ.. အနီးအနားရှိ နေရာလပ်တစ်ခုလုံးကို ခိုင်မာအောင်ပြုလုပ်နိုင်လေရာ ရုတ်တရက်ပြိုကျကာ နေရာလပ်ဝဲဂယက်များ ဖြစ်ပေါ်ခြင်းကို တားဆီးနိုင်လေသည်။

ယွီရွှမ်ယီနှင့် အခြားသူများက ခေါင်းညိတ်ပြပြီး လုရီအနားသို့ ပို၍တိုးကပ်လိုက်ကြသည်။

လုရီ၏ကိုယ်တွင်းမှ တာအိုစွမ်းအင်များ တိုးထွက်လာပြီး သူတို့ပတ်လည်မှ နေရာလပ်ကို ခိုင်မာအောင်ပြုလုပ်လိုက်မှသာ ယွီရွှမ်ယီနှင့် အခြားသူများ ပတ်ဝန်းကျင်ကို ကြည့်ရှုလေ့လာကြတော့သည်။

သူတို့ပတ်လည်မှ အမြင် ဆိုးရွားသော အပျက်အစီးများကို မြင်တွေ့ရသော်လည်း သူတို့၏မျက်နှာအမူအရာများမှာ အလွန်တည်ငြိမ်နေဆဲပင်။

အင်မော်တယ်အရှင်သခင်များအနေဖြင့် သူတို့သည် မရေမတွက်နိုင်သော သတ်ဖြတ်မှုများနှင့် သွေးထွက်သံယိုမှုများကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ပြီးဖြစ်ရာ ဤသို့သောမြင်ကွင်းများက သူတို့ကို တုန်လှုပ်စေရန် မလုံလောက်ပေ။

"ဒီမှာ သက်ရှိသတ္တဝါတစ်ကောင်မှ မရှိလောက်ဘူးထင်တယ်"

ထိုသို့ ယွီချန် လေ့လာသုံးသပ်လိုက်စဉ် အလွန်ကြီးမားသော ဂြိုဟ်အပိုင်းအစတစ်ခုက မလှမ်းမကမ်းမှ ဖြည်းညင်းစွာ ဖြတ်သန်းသွား၏။

နောက်တစ်ခဏမှာပင် ထိုဂြိုဟ်၏အတွင်းပိုင်းသည် ရုတ်တရက် အပိုင်းပိုင်းအစစ ပြိုကျသွားပြီး ကြောက်မက်ဖွယ်အရာ တစ်ခုခု၏

ဝါးမြိုခြင်းကို ခံလိုက်ရသည့်အလား ဗဟိုဆီသို့ ပြိုကျသွားသည်။

ဂြိုဟ်အပျက်အစီး ပျောက်ကွယ်သွားပြီးနောက် နေရာလပ်နက်နဲမှု တစ်ခုသာ ကျန်ရစ်ခဲ့၏။ ဂြိုဟ်အပျက်အစီးကို ဝါးမြိုသွားသော နေရာလပ်

ဝဲဂယက်မှာ ဤအရာပင် ဖြစ်သည်။

နေရာလပ် ဝဲဂယက်သည် ခဏတာ တည်ရှိနေပြီးနောက် ရုတ်တရက် ပြန်လည် စုစည်းသွားပြီး နေရာလပ်မှာ မည်သည့်အချိန်ကမှ မပြိုကျခဲ့သကဲ့သို့ တည်ငြိမ် အေးချမ်းသွားတော့၏။

ယွီချန်က သူ၏အကြည့်များကို ရုပ်သိမ်းလိုက်ပြီး အခြားနေရာများသို့ စစ်ဆေးလိုက်သည်။

ယွီရွှမ်ယီနှင့် အခြားသူများလည်း အလွန်သတိကြီးစွာဖြင့် ပတ်ဝန်းကျင်ကို လေ့လာနေကြ၏။

ယွီယွန်ချင်းက တုံ့ပြန်လိုက်သည်။

"ဒါက စကြဝဠာ တားမြစ်နယ်မြေပဲလေ။ နှစ်တွေတစ်လျှောက် ဝင်ရောက်ခဲ့တဲ့ အစွမ်းထက် ပုဂ္ဂိုလ်အများကြီးထဲက အနည်းအကျဉ်းလောက်ပဲ အသက်ရှင်လျက် ထွက်သွားနိုင်ခဲ့တာ ၊ ဒီတော့ ဒီမှာ သက်ရှိသတ္တဝါ တစ်ကောင်တစ်လေ မရှိတာကတော့ သဘာဝကျပါတယ်။"

ထိုအခါ ယွီရွှမ်ယီက နှုတ်ခမ်းမဲ့လိုက်ကာ

"အဲ့ဒါလည်း မသေချာပါဘူး။ ရီအာက အရင်က ကျိုယိုကျင့်ကြံသူတွေက ကျင့်ကြံသူအပြည့်ပါတဲ့ သင်္ဘောတစ်စီးကို ဒီနေရာထဲ ခေါ်သွင်းလာတာကို တွေ့ခဲ့တယ်မဟုတ်လား။ သူတို့ သေသွားပြီလား ဘယ်သူသိနိုင်မှာလဲ" ဟု ဆိုလိုက်၏။

ဟုတ်၏။ ၎င်းမှာ လုရီ ဤတစ်ကြိမ် ချောက်နက်ကြီးအပျက်အစီးထဲသို့ ဝင်ရောက်လာရခြင်း၏ ရည်ရွယ်ချက်များထဲမှ တစ်ခုပင် ဖြစ်သည်။

သူသည်လည်း ယခင်က ဝင်ရောက်ခဲ့သော

ကျိုယိုကျင့်ကြံသူများ၏ လက်ရှိ အခြေအနေကို သိချင်နေပြီး သူက ရယ်မောလိုက်ကာ ပြောလေ၏။

"ဒါက ချောက်နက်ကြီးအပျက်အစီးရဲ့ အစွန်အဖျားပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ တားမြစ်နယ်မြေထဲကို ပိုနက်နက်ရှိုင်းရှိုင်း ဝင်သွားရမယ် ထင်ပါရဲ့။"

အခြားသူများကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။

ယွီချန်က ခပ်တိုးတိုး ရယ်မောလိုက်ကာ

"ဟားဟားဟား၊ အဲ့ဒီအပျက်အစီးတွေကို သဲလွန်စတစ်ခုခုများ ရှိမလား သွားစစ်ဆေးကြည့်လို့ရတယ်ကွ။"

"ကဲ၊ ငါတို့ ..အဲ့ဒီကောင်းကင်ယာဉ်ပျံကနေ စလိုက်ကြရအောင်။"

ထိုအဖွဲ့သည် အဝေးတစ်နေရာတွင် တိတ်ဆိတ်စွာ လွင့်မျောနေသော ကောင်းကင်ယာဉ်ပျံဆီသို့ ပျံသန်းသွားကြ၏။

ကောင်းကင်ယာဉ်ပျံမှာ ပျက်စီးနေခဲ့ပြီ ဖြစ်ပြီး ၎င်း၏အခင်းအကျင်းများမှာ အချိန်ကြာမြင့်စွာကတည်းက အသုံးမဝင်တော့ပေ။

သင်္ဘော ကိုယ်ထည်ကပင်လျှင် အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်နေခဲ့လေပြီ။

လုရီသည် အခင်းအကျင်းများမှတဆင့် ဤကောင်းကင်ယာဉ်ပျံသည် ဖန်တီးမှုဝိညာဉ် ရတနာအဆင့်နှင့် နီးစပ်ကြောင်း ကောက်ချက်ချလိုက်၏။ သို့သော် အချိန်ကာလ ကြာမြင့်ပြီးနောက် ပစ္စည်းကိုယ်တိုင်ပင် ဆွေးမြေ့စပြုနေပြီဖြစ်ရာ အခြားအရာများ မဆိုထားနှင့်၊ ယခုအခါတွင် အမှိုက်သာသာ ဖြစ်နေလေပြီ။

ကောင်းကင်ယာဉ်ပျံအတွင်းသို့ ဝင်ရောက်ပြီးနောက် လုရီနှင့် သူ၏အဖော်များသည် သင်္ဘောတစ်စီးလုံးကို ရှာဖွေခဲ့ကြပြီး အတွင်း၌ ဘာမျှ

မရှိသလောက်၊ အခွံသက်သက်သာ ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။

ယွီချန်နှင့် အခြားသူများမှာမူ အံ့ဩခြင်းမရှိကြပေ။

"ဒီချောက်နက်ကြီးအပျက်အစီးက နှစ်ပေါင်းများစွာ တည်ရှိခဲ့တာ။ အစွန်အဖျားက အန္တရာယ်များတယ်လို့ ဆိုပေမဲ့ အင်မော်တယ်အရှင်သခင်တွေတောင် ကံကောင်းနေသေးသရွေ့ အသက်ရှင်နိုင်တယ်။ ဒီကောင်းကင်ယာဉ်ပျံကို လူပေါင်းများစွာ လာရောက် လည်ပတ်ခဲ့ပြီးလောက်ပြီ။"

"ပိုနက်တဲ့ နေရာကို သွားကြရအောင်။"

ထိုအဖွဲ့သည် ကိုယ့်ကိုယ်ကို အလင်းတန်းများအသွင် ပြောင်းလဲကာ သတိကြီးစွာဖြင့် လျင်မြန်စွာ အတွင်းပိုင်းဒေသများဆီသို့ ပျံသန်းသွားကြတော့သည်။

လမ်းတစ်လျှောက်တွင် လုရီနှင့် သူ၏အဖော်များသည် သူတို့ကြုံတွေ့ရသည့် မည်သည့်အရာကိုမဆို စေ့စေ့ငုငု စစ်ဆေးနေကြ၏။

ကြေမွသွားသော ဂြိုဟ်အပိုင်းအစများပေါ်တွင် အထီးကျန်ဆန်မှုသာ ရှိသည်။ အများစုမှာ သက်ရှိလက္ခဏာများ မပြသော်လည်း အချို့တွင် စခန်းချခဲ့သည့် သဲလွန်စများရှိပြီး ယခင်က တစ်စုံတစ်ယောက် ဤနေရာတွင် နေထိုင်ခဲ့သည်မှာ ထင်ရှားလှလေသည်။

အချို့ဆွေးနွေးပြီးနောက် လုရီနှင့် သူ၏အဖော်များသည် ၎င်းတို့မှာ ချောက်နက်ကြီးအပျက်အစီးထဲသို့ အနားယူပြုပြင်ရန် ဝင်ရောက်ခဲ့သော ကျင့်ကြံသူများ ချန်ထားခဲ့သည့် သဲလွန်စများဖြစ်ကြောင်း ကောက်ချက်ချလိုက်ကြသည်။

ကောင်းကင်ယာဉ်ပျံများနှင့် နန်းတော်များကဲ့သို့ သက်ရှိများပါဝင်သင့်သော အရာများမှာမူ အခွံသက်သက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အတွင်း၌ တန်ဖိုးရှိသောအရာ ဘာမျှမရှိသလောက်ဖြစ်၏။ အများစုမှာ အခြားသူများ ယူဆောင်သွားခဲ့ပြီး ဖြစ်နိုင်ပေသည်။

တကယ်တမ်းတွင် ယခင်က အရာများ ရှိနေသေးလျှင်ပင် ၎င်းတို့တွင် တန်ဖိုးများစွာရှိလိမ့်မည်ဟု လုရီ မထင်မိပါပေ။

မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ယာဉ်ပျံများနှင့် နန်းတော်များကို ဖန်တီးရန် အသုံးပြုခဲ့သော ပစ္စည်းများပင် ဆွေးမြေ့နေပြီဖြစ်ရာ အခြားအရာများလည်း ခြွင်းချက်မရှိနိုင်ပါ။

အချိန်ကား အကြီးမားဆုံးသော စွမ်းအားပင်တည်း။

လုရီက နေရာလပ်ကို ခိုင်မာအောင်ပြုလုပ်ထားသောကြောင့် ဤဒေသတွင် အန္တရာယ်အရှိဆုံးအရာဖြစ်သည့် ပုံမှန်မဟုတ်၊ ပေါ်ပေါက်လာသော နေရာလပ်ဝဲဂယက်များသည် သူတို့အတွက် ခြိမ်းခြောက်မှု တစ်စုံတစ်ရာ မဖြစ်လာတော့ပေ။

ထိုအဖွဲ့သည် အလွယ်တကူဖြင့် စူးစမ်းရှာဖွေနေကြ၏။

ထိုစဉ်မှာပင် အဝေးတစ်နေရာမှ နေရာလပ်သည် ရုတ်တရက် ကွဲကြေသွား၏။ တဆက်တည်း၌ ငွေရောင်အလင်းတန်းများ စီးဆင်းနေကာ ခြေလေးချောင်းရှိသော ကျားသစ်လို သတ္တဝါ

တစ်ကောင်သည် နေရာလပ် ဝဲဂယက်မှ တိုးထွက်လာ၏။ ၎င်းသည် ကြောက်မက်ဖွယ်ဖိအားကို ထုတ်လွှတ်ပြီး လုရီနှင့် အခြားသူများဆီသို့

တဟုန်ထိုး ပြေးဝင်လာတော့သည်။

ငွေရောင်ကျားသစ် နီးကပ်လာသည်နှင့် လုရီသည် သူ ခိုင်မာအောင် ပြုလုပ်ထားသော နေရာလပ်သည် ဖိသိပ်ခံနေရသည်ကို ခံစားလိုက်ရသည်။

ဤကျားသစ်နှင့်တူသော သတ္တဝါသည် နေရာလပ်ကို ထိန်းချုပ်နိုင်ပြီး လုရီနှင့် သူ၏အဖွဲ့ကို တိုက်ခိုက်ရန် နေရာလပ်ကို ဖိသိပ်ရန် ကြိုးစားနေသည်ပင်။

သို့သော် လုရီ၏ ကျွမ်းကျင်မှုမှာ နေရာလပ်မူလဇာစ်မြစ် ဖြစ်သည့်အလျောက် သဘာဝအတိုင်းပင် သူသည် ဤကိစ္စတွင် ငွေရောင်ကျားသစ်

တစ်ကောင်ကို ရှုံးနိမ့်မည် မဟုတ်ပေ။

သို့ဖြစ်လင့်ကစား လုရီသည် အံ့အားသင့်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားပြီး ရေရွတ်လိုက်မိသည်။

"ပြီးပြည့်စုံခြင်း အဆင့် နေရာလပ် နိယာမတဲ့လား! ပြီးတော့ အင်မော်တယ် အရှင်သခင် အဆင့်မှာပါလား"

ချောက်နက်ကြီးအပျက်အစီးအတွင်း၌ ဤသို့သော အစွမ်းထက်မိစ္ဆာ တစ်ကောင် တည်ရှိနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ၎င်း၏ ကျင့်ကြံခြင်း အခြေခံမှာ အင်မော်တယ်အရှင်သခင် အဆင့်သို့ ရောက်ရှိနေရုံသာမက ၎င်းကျွမ်းကျင်သော နိယာမမှာပင် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေ၏။ အထူးသဖြင့် နေရာလပ် နိယာမ ဖြစ်နေသတည်း။

တစ်နည်းအားဖြင့်ဆိုသော် ဤကျားသစ်သာ ချောက်နက်ကြီးအပျက်အစီးမှ ထွက်ခွာသွားပါက ၎င်းသည် အပြင်လောကတွင် ထိပ်တန်းအဆင့် စွမ်းအားကြီး တည်ရှိမှုများထဲမှ တစ်ဦးအဖြစ် သေချာပေါက် သတ်မှတ်ခံရပေလိမ့်မည်။

လုရီပင် တုန်လှုပ်သွားခဲ့လျှင် ယွီမျိုးနွယ်မှ အခြားသူများအကြောင်းကိုတော့ ပြောရန်ပင်

မလိုတော့ပါချေ။

သူတို့သည်လည်း ချောက်နက်ကြီးအပျက်အစီးအတွင်း၌ ဤသို့သော ကြောက်မက်ဖွယ်မိစ္ဆာတစ်ကောင် တည်ရှိနေသည်ကို မိမိတို့မျက်လုံးကိုပင် မယုံနိုင်လောက်အောင် အံ့အားသင့်နေကြ၏။

ဤနေရာ အဘယ်ကြောင့် သည်လောက် အန္တရာယ်များရသည်ကို အံ့ဩစရာမရှိတော့ပေ။ ချောက်နက်ကြီး အပျက်အစီးထဲသို့ ဝင်ရောက်လာသော ကျင့်ကြံသူတစ်ဦးသာ ဤကျားသစ်နှင့် ကြုံတွေ့ခဲ့ပါက အနည်းငယ်မျှသာ လွတ်မြောက်နိုင်ဖွယ်ရှိသည်။

မည်သို့ပင်ဆိုစေကာမူ အရှိန်အဟုန်အရ

နေရာလပ်နိယာမသည် အစွမ်းအထက်ဆုံးဟု ဆိုနိုင်လေသည်။ နေရာလပ်ကို ဖြတ်သန်းသွားလာခြင်းထက် ပိုမြန်သောအရာ အဘယ်မှာ ရှိပါအံ့နည်း။

သို့သော် အံ့အားသင့်မှုမှ လွဲ၍ သူတို့ များစွာ

မပူပန်မိပါ။

မည်သို့ပင်ဆိုစေကာမူ ရှိနေသော ယွီမျိုးနွယ်

ဘိုးဘေးမှာ အင်မော်တယ်ဘုရင်အဆင့်တွင် ရှိနေပြီး လုရီမှာ အင်မော်တယ်အရှင်သခင်ဟု ဆိုသော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ယွီမျိုးနွယ်ဘိုးဘေးများထက်ပင် သာလွန်နိုင်နေသည် မဟုတ်လော။

ထိုအခိုက်အတန့်၌ ယွီချန်က ခပ်ဖွဖွ နှာခေါင်းရှုံ့လိုက်ပြီး ငွေရောင်ကျားသစ်ကို လက်လှမ်း၍ ဖမ်းဆုပ်မည်ပြု၏။ အင်မော်တယ်ဘုရင်အဆင့်၏ ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်ပြီး ၎င်းကို ပုံရိပ်ယောင်ကမ္ဘာ တစ်ခုအတွင်း ထောင်ချောက်ဆင်ရန် ပြင်ဆင်လိုက်၏။

ထိုအခိုက်အတန့်တွင် ငွေရောင်ကျားသစ်သည် ယွီချန်၏ အရှိန်အဝါကို အာရုံခံမိသောအခါ ၎င်း၏ ငွေရောင်အမွေးအမှင်များ ထောင်ထလာပြီး မည်သည့်သတိပေးချက်မျှမရှိဘဲ နေရာလပ်ကို ဆွဲဖြဲကာ အခြားနေရာလပ်ဘုံတစ်ခုထဲသို့ ဝင်ရောက်သွားလေတော့သည်။

"ဟားဟားဟား၊ လိုက်ကြည့်ကြပြီး ဘာဆက်ဖြစ်မလဲ ကြည့်ကြရအောင်ဗျ"

လုရီက မျက်လုံးများကို မှေးစင်းလိုက်ပြီး ရယ်မောလိုက်ကာ ဆိုလိုက်၏။

လုရီသည် ငွေရောင်ကျားသစ် ထွက်ပြေးခြင်းကို တားဆီးနိုင်ခဲ့သော်လည်း သူ ထိုသို့ မလုပ်ခဲ့ပေ။

ငွေရောင်ကျားသစ် မည်သည့်နေရာသို့ ထွက်ပြေးမည်ကို သိလိုသောကြောင့် ဖြစ်သည်။

အခြား မည်သူမျှ ကန့်ကွက်ခြင်းမရှိခဲ့ပေ။

အကြောင်းကတော့ ယင်းက မိမိတို့ ကြုံတွေ့ခဲ့ရသော ပထမဆုံး သက်ရှိသတ္တဝါ ဖြစ်ပြီး အကျိုးအမြတ်အချို့ ရရှိနိုင်ကောင်း ရရှိနိုင်ပေသည်။

All Chapters