နက်ရှိုင်းသော ချောက်နက်ကြီးမှ ဟိန်းဟောက်သံ (၂)...
Vol. 57 Ch. 845
~သို့သော်လည်း၊ ဤအခိုက်အတန့်တွင်၊ ကျိုယိုချီသည် အသက်ရှိနေသည့်အလား၊ အနည်းငယ် လှုပ်ယမ်းစပြုလာပြီး အတွင်းသို့ ပြိုကျသွားသည်။
ထိုနှင့် တပြိုင်နက်တည်းမှာပင်၊ အားကောင်းသော ဖိအားကြောင့် ကြေမွသွားသော ပတ်ဝန်းကျင်မှ သွေးစက်များသည် အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် ကျိုယိုချီထဲသို့ စုပ်ယူခြင်းခံလိုက်ရ၏။
အားကောင်းသော အရှိန်အဝါများက ကျိုယိုချီ၏ နက်ရှိုင်းသောနေရာများမှ ထုတ်လွှတ်လာလေ၏။ ၎င်းတို့မှာ အင်မော်တယ်ဘုရင်အဆင့်နှင့် သက်ဆိုင်လေသည်။
လုရီနှင့် သူ၏အဖော်များ၏ မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျုံ့သွားပြီး၊ မျက်နှာထက်ဝယ်
အံ့အားသင့်သော အမူအရာ တစ်ခု ပေါ်လာသည်။
“အင်မော်တယ် ဘုရင်။”
“ဘယ်လို ဖြစ်နိုင်မှာလဲ။”
မကြာမီမှာပင်၊ ကျိုယိုချီသည် လုံးဝ ပျောက်ကွယ်သွားပြီး၊ မူလက အင်မော်တယ် အရှင်သခင် တစ်ဒါဇင်ခန့် ရပ်နေခဲ့သော နေရာတွင် ပုံရိပ်သုံးခုသာ ကျန်ရစ်တော့သည်။
ဤပုံရိပ်သုံးခုမှာ လုံးဝ မည်းနက်နေပြီး၊ ဆံပင်များမှာ ရေဘဝဲလက်တံများကဲ့သို့ လှုပ်ယမ်းနေကာ၊ အဖျားများတွင် ကြက်သွေးရောင်မျက်လုံးများ ရှိနေသည်။ သူတို့၏ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင်မူ၊ မျက်လုံးများနှင့် ပါးစပ်များစွာ ရှိနေ၏။
မျက်လုံးများက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေလေ၏။ ပါးစပ်များကမူ ဖြေရှင်းရန် ခက်ခဲသော နာကြည်းမှုများဖြင့် ပြည့်နှက်နေသည့်အလား၊ စူးရှပြီး ဝမ်းနည်းဖွယ် ဟစ်အော်သံများကို ထုတ်လွှတ်နေသည်။
ထိုပုံရိပ်သုံးခုကို မြင်လိုက်ရုံမျှဖြင့် လုရီနှင့် သူ၏အဖွဲ့မှာ အယုတ်မာဆုံးသော အရာများကို မျက်စိဖြင့် မြင်တွေ့လိုက်ရသည့်အလား ခံစားလိုက်ရသည်။
“ဒါက ဘယ်လို မိစ္ဆာကောင်ကြီးမျိုးလဲ။”
ကျိုယိုစစ်မြေပြင်၏ ဝါရင့် အစောင့်အရှောက်များ ဖြစ်သော ယွီချန်နှင့် အခြားသူများပင်လျှင် ကြက်သီးမွှေးညှင်းထသွားရလေ၏။
သူတို့သည် ကျိုယိုကျင့်ကြံသူများ ဖြစ်နိုင်သော်လည်း၊ အသွင်အပြင်မှာ သာမန်သက်ရှိများနှင့် ဘာတစ်ခုမျှ မတူညီပေ။
ကျိုယိုကျင့်ကြံသူများထက်၊ သူတို့သည် ကျိုယိုမိစ္ဆာများနှင့် ပို၍တူနေခြင်းသာ။
သို့သော် ကျိုယိုမိစ္ဆာများထဲ၌ပင်လျှင်၊ ဤမျှ ထူးဆန်းသော အသွင်အပြင် ရှိပြီး၊ ဤမျှ နက်ရှိုင်းသော နာကြည်းမှုများ ပါဝင်နေသော မိစ္ဆာမျိုးကို တစ်ခါမျှ မမြင်ဖူးကြပေ။
ထိုပုံရိပ်သုံးခုမှာ၊ သူတို့၏ ကျင့်ကြံခြင်း အခြေခံများဖြင့် ကြောက်မက်ဖွယ် ကောင်းသော အင်မော်တယ် ဘုရင် နယ်ပယ်သို့ ရောက်ရှိသွားခဲ့သော်လည်း၊ အကျိုးအကြောင်း ဆင်ခြင်တုံတရားအားလုံး ဆုံးရှုံးသွားဟန်တူ၏။
သူတို့၏ ကြက်သွေးရောင်မျက်လုံးများအားလုံးမှာ လုရီနှင့် သူ၏အဖွဲ့အပေါ်တွင် စူးစိုက်နေပြီး၊ ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို သယ်ဆောင်ထားသည်။ သူတို့ကိုယ်ပေါ်မှ ပါးစပ်များအားလုံးမှာ ကျောချမ်းစရာကောင်းလောက်အောင် စူးရှသော အော်သံများကို ထုတ်လွှတ်နေသည်။
ထို့နောက်၊ သူတို့သည် ထိုနေရာတွင်ပင် ပျောက်ကွယ်သွားပြီး၊ လုရီနှင့် သူ၏အဖွဲ့ဆီသို့ တိုးဝင်လာကြ တော့သည်။
“သေလိုက်တော့”
လုရီ၏အဖွဲ့မှာ မျက်နှာအမူအရာများ သိမ်မွေ့စွာ ပြောင်းလဲသွားပြီး၊ နောက်တစ်ခဏတွင် ယွီချန်က ဆိုသည်။
“ဒီလိုလုပ်၊ ငါတစ်ကောင်ကို ကိုင်တွယ်မယ်။ ရီအာက တစ်ကောင်၊ ပြီးတော့ ရွှမ်ယီနဲ့ ယွင်ချင်း၊ မင်းတို့နှစ်ယောက်က တစ်ကောင်ကို ကိုင်”
ဤထူးဆန်းသော ကျိုယိုကျင့်ကြံသူများ၏ အရှိန်အဝါမှာ အလွန်အမင်း အားကောင်းလှပြီး၊ ယွီချန်ပင်လျှင် ယုံကြည်ချက်အနည်းငယ်သာ ရှိရာ၊ နောက်ပိုင်းမှ အဆင့် ချိုးဖြတ်လာသူများဖြစ်သော ယွီရွှမ်ယီနှင့် ယွီယွင်ချင်းတို့အတွက်မူ ပြောစရာမလိုတော့ပေ။ ထိုနှစ်ဦးက ကျိုယိုကျင့်ကြံသူတစ်ဦးတည်းကိုသာ ကိုင်တွယ်နိုင်ခဲ့သည်။
လုရီမှာ လေးနက်သော မျက်နှာထား ရှ်ိ၍ သိသာသော ခြိမ်းခြောက်မှုတစ်ခုကိုလည်း ခံစားနေရ၏။ ဤကျိုယိုကျင့်ကြံသူများ၏ စွမ်းအားမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလေရာ အင်မော်တယ်ဘုရင်များကြားတွင်ပင် သူတို့မှာ အားနည်းသည်ဟု မမှတ်ယူနိုင်ပေ။
ဤသည်က သူ့ကို အနည်းငယ် မယုံကြည်နိုင်ဖြစ်သွားစေသည်။
အဲ့ဒီဟိန်းဟောက်သံက တကယ်ပဲ ဘာလဲ။ ပြီးတော့ ရုတ်တရက်ပေါ်လာတဲ့ ကျိုယိုချီကရော။
ဒါက အင်မော်တယ်အရှင်သခင်တွေနဲ့ အဲ့ဒီအဆင့်အောက်က ကျိုယိုကျင့်ကြံသူတွေ အများကြီးကို အတင်းအကျပ် ပေါင်းစည်းပြီး၊ သူတို့ကို အင်မော်တယ်ဘုရင်နယ်ပယ်က မိစ္ဆာကောင်ကြီးတွေအဖြစ် ပြောင်းလဲလိုက်တာများလား။
ကျိုယိုကမ္ဘာက မိစ္ဆာနတ်ဘုရားဆီက လာတာလား။
ဒီလိုသာဆိုရင်၊ ကျိုယိုကမ္ဘာက မိစ္ဆာနတ်ဘုရားက ထင်ထားတာထက်တောင် ပိုပြီး အစွမ်းထက်ပြီး ကြောက်ဖို့ ကောင်းနေပြီ။ ငါတို့စကြဝဠာထဲကို မဝင်နိုင်သေးဘဲနဲ့တောင် ဒီလောက်အစွမ်းထက်တဲ့ မိစ္ဆာကောင်ကြီးတွေကို ဖန်တီးနိုင်နေတယ်လား။
ကျိုယိုမိစ္ဆာကောင်ကြီးတစ်ကောင် ချဉ်းကပ်လာသည်ကို မြင်သော်၊ လုရီသည် ၎င်းအကြောင်းကို ဆက်မစဉ်းစားတော့ဘဲ၊ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ရုတ်တရက် သူ့မျက်လုံးများထဲတွင် ဆန်းကြယ်သော တာအိုအလင်းများ ဝေဝါးသွားသည်။
နောက်တစ်ခဏ၌၊ သူ၏ တစ်ကိုယ်လုံးမှ သွေးနှင့် စွမ်းအင်များ တဟုန်ထိုးမြင့်တက်လာပြီး၊ ရွှေရောင်နှင့်အနီရောင်အလင်းများက အမှောင်ထုကို လင်းဖြာသွားစေ၏။
မူလက ကြွပ်ဆတ်ပြီးသားဖြစ်ကာ လုရီကြောင့်သာ ထိန်းထားနိုင်သော နေရာလပ်အား တစ်ဖန် ပြန်၍ ပြိုကျသွားစေသည်။
လုရီသည် ယခင် ရပ်နေသောနေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။
ကျိုယိုမိစ္ဆာကြီး၏ ရှေ့မှောက်သို့ ဘွားခနဲ ရောက်ရှိသွား၏။
ကျိုယိုမိစ္ဆာကြီးက အသံနိမ့်ဖြင့် ဟိန်းဟောက်လိုက်ပြီး၊ သူ၏ပတ်လည်တွင် ကျိုယိုချီများ တဟုန်ထိုး ထုတ်ဖော်လာသည်။
လုရီကို ဖမ်းဆုပ်ရန် လက်သုံးဖက်ကို ဆန့်ထုတ်လိုက်ရာ၊ ၎င်းလက်တို့သည် ရုတ်တရက် ဖောင်းကားလာပြီး၊ ဧရာမ လက်မောင်းကြီးများအဖြစ်သို့ ပြောင်းလဲသွားကာ လုရီထံသို့ ဆန့်တန်းလာသည်။
လက်မောင်းများပေါ်တွင်၊ ကြက်သွေးရောင်မျက်လုံး ရာပေါင်းများစွာက အနီရောင် သို့မဟုတ် အနက်ရောင် အလင်းတန်းများကို ပစ်လွှတ်လိုက်သည်။ အချို့က သူ၏ နတ်ဘုရား အာရုံကို တုန်ခါစေရန် ကြိုးစားကာ၊ လုရီ၏ စိတ်ကို ထိန်းချုပ်ပြီး သူ၏ လှုပ်ရှားမှုများကို ရှုပ်ထွေးသွားစေရန် ရည်ရွယ်ခြင်းပင်။
သို့သော်လည်း၊ ထိန်းချုပ်ခြင်း သို့မဟုတ် လှုပ်ရှားမှုများကို ရှုပ်ထွေးစေခြင်း ဖြစ်စေဖို့ လုရီလို အလွန် ခိုင်မာသော အခြေခံ အုတ်မြစ်များနှင့် ပြိုင်ဘက်ကင်းသော နတ်ဘုရား
အာရုံရှိသူ တစ်ဦးအတွက်၊ ယင်းတို့မှာ အသုံးမဝင်ပေ။
သူ့တစ်ကိုယ်လုံးမှာ ပို၍ ပြင်းထန်သော ကြက်သွေးရောင်
ရွှေအလင်းများဖြင့် တောက်ပလာသည်။ တဆက်တည်း၌ ပတ်ဝန်းကျင်မှ နေရာလပ်ကို လိမ်ယှက်ကာ၊ အလင်းတန်းအားလုံးကို လားရာအမျိုးမျိုးသို့ လမ်းညွှန်လိုက်သည်။
ခြေတစ်လှမ်းတည်းဖြင့်၊ သူသည် အမျက်ချောင်းချောင်းထွက်နေသော စွမ်းအားကို ထုတ်လွှတ်လိုက်၏။
ခွန်အားအမျိုးအစား
မူလဇာစ်မြစ် အင်မော်တယ်သိုင်းစွမ်းရည်၊
“ဟင်းလင်းပြင် ခြေလှမ်း”။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ပေါက်ကွဲထွက်လာပြီး၊ နေရာလပ်ထဲတွင် ပြင်းထန်သော မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေကာ ကျိုယိုမိစ္ဆာကြီးဆီသို့ တန်းတန်းမတ်မတ် ပစ်ခွင်းသွားသည်။
နေရာလပ်မုန်တိုင်း ဖြစ်စဉ်အတွင်း၊ ကျိုယိုမိစ္ဆာကြီး၏ လက်မောင်းများသည် ပြင်းထန်သော စွမ်းအားအောက်တွင် သွေးမြူခိုးများအဖြစ်သို့ ချက်ချင်း ကြေမွသွားစေ၏။ သူ၏စူးရှသော အော်သံများနှင့် ဟိန်းဟောက်သံများကြောင့် လုရီ ခေါင်းအနည်းငယ် မူးနောက်သွားရသည်။
နေရာလပ်မုန်တိုင်း ကျိုယိုမိစ္ဆာကြီးထံသို့ ချဉ်းကပ်လာသောအခါ၊ သူ့ကိုယ်ပေါ်မှ ကျိုယိုချီများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး၊ လှုပ်ရှားနေသော အနက်ရောင်အလင်းလုံးကြီးတစ်ခုအဖြစ် ဖွဲ့စည်းကာ၊ တကိုယ်လုံးကို ဖုံးလွှမ်းလိုက် တော့သည်။
နောက်တစ်ခဏတွင်၊ နေရာလပ်မုန်တိုင်းသည် အနက်ရောင်အလင်းလုံးကြီးကို လုံးဝ တိုက်စားသွားလေသည်။
ဘုန်း။ ဘုန်း။ ဘုန်း။
နေရာလပ်စုတ်ပြဲမှု၏ လက္ခဏာများမှာ အလင်းနှစ်ပေါင်းများစွာအထိ ပျံ့နှံ့သွားပြီး၊ ဒေသတစ်ခုလုံး၏ နေရာလပ်က လုံးဝ ကြေမွသွားရတော့၏
။
ဤသည်မှာ လုရီ သူ၏စွမ်းအားကို မပျံ့နှံ့စေဘဲ စုစည်းလိုက်သည့် ရလဒ် ဖြစ်သည်။
နေရာလပ်မုန်တိုင်းသည် အလယ်ဗဟိုတွင် တဟုန်ထိုးမြင့်တက်နေ လေသည်။ ဤအခိုက်အတန့်တွင်၊ အနက်ရောင်မြူခိုး အမျှင်တန်းများက မုန်တိုင်းအတွင်းမှ လွင့်မျောထွက်လာ၏။
လုရီက မျက်ခုံးအနည်းငယ် ပင့်လိုက်ရာ၊ နေရာလပ် မုန်တိုင်းသည် ထိုနေရာတွင်ပင် ကြေမွသွားပြီး၊ အတွင်းမှ ကျိုယိုမိစ္ဆာကြီးကို ထုတ်ဖော်ပြသလိုက်သည်။
ဤအချိန်တွင်၊ ကျိုယိုမိစ္ဆာကြီးမှာ တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး၊ မူလက ဧရာမလက်မောင်း တစ်ဒါဇင်ကျော်ရှိရာမှ ယခုအခါ လေးခုမှာ တိုက်ရိုက်ကျိုးပြတ်သွားပြီး၊ ကျန်လက်မောင်းများအားလုံးမှာလည်း ဒဏ်ရာအချို့ ရရှိနေလေသည်။
ကျိုယိုမိစ္ဆာကြီး၏ စွမ်းအားမှာ ကြီးမားသော်လည်း၊ လုရီနှင့် နှိုင်းယှဉ်သောအခါတွင်မူ ကွာခြား လှ၏။
သူ၏တိုက်ခိုက်မှု ထိရောက်သည်ကို မြင်သော်၊ လုရီသည် ဆက်လက်တိုက်ခိုက်ရန် ပြင်လိုက်သည်။
ထိုသို့ ပြုလုပ်မည့်ဆဲဆဲမှာပင် ကျိုယိုမိစ္ဆာကြီး၏ အသားများ လှုပ်ယမ်းလာပြီး၊ ဒဏ်ရာများ ချက်ချင်း ပျောက်ကင်းသွားသည်။ ပြတ်တောက်သွားသော လက်မောင်းများပင်လျှင် မူလ အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်ကို တွေ့လိုက်ရသည်။
လုရီ ဤသည်ကို မြင်သော်၊ မျက်မှောင်ကြုတ်လိုက်၏။
ဤသတ္တဝါ၏ ပြန်လည် ရှင်သန်နိုင်စွမ်းက သူ ထင်ထားတာထက် ပိုအားကောင်းနေပါလား။