မူလဇာစ်မြစ်ရေကန်...
Vol. 57 Ch. 847
~ကျိုယိုမိစ္ဆာကောင်ကြီး၏ ခန္ဓာကိုယ်မှ သေလုမတတ် နာကျင်မှုကြောင့် စူးစူးဝါးဝါး အော်သံကြီး တစ်ချက် ထွက်ပေါ်လာသည်။ သူ၏အသားထဲသို့ လိမ်ဝင်နေခဲ့သော ပါးစပ်မှာ ပြန်လည်ပေါ်ထွက်လာပြီး၊ သူ၏ဦးခေါင်းပေါ်မှ ပါးစပ်သုံးခုနှင့်အတူ စူးရှစွာ အော်ဟစ်လိုက်လေသည်။
တာအိုစွမ်းအင်များ တဟုန်ထိုးထွက်ပေါ်လာပြီး ကျိုယိုမိစ္ဆာကောင်ကြီးကို လွှမ်းခြုံသွား၏။
ခဏတာအတွင်းမှာပင်၊ သူ၏ကိုယ်ပေါ်မှ မင်ကဲ့သို့သော ကျိုယိုချီများမှာ အငွေ့ပျံသွားတော့သည်။ တာအိုစွမ်းအင်၏ ဖုံးလွှမ်းမှုအောက်တွင် သူ၏ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ခြောက်သွေ့သွားကာ၊ ကြောက်မက်ဖွယ်ကောင်းသော အက်ကြောင်းများ တစ်စချင်းစီ ပေါ်လာသည်။
ဤအခိုက်အတန့်တွင်၊ ကျိုယိုမိစ္ဆာကောင်ကြီး၏ အရှိန်အဝါမှာ လျင်မြန်စွာ အားနည်းသွား၏။
သည်တစ်ကြိမ်တွင်၊ သူ၏ကိုယ်ပေါ်မှ ဒဏ်ရာအားလုံးမှာ ယခင်ကကဲ့သို့ လျင်မြန်စွာ ပြန်လည်မကောင်းမွန်တော့ဘဲ ဒဏ်ရာ အရေအတွက်မှာ တိုးပွားလာခဲ့သည်။
လုရီ ဤသည်ကို မြင်သော်၊ အသာအယာ သက်ပြင်းချလိုက်သည်။
သူမျှော်လင့်ထားသည့်အတိုင်းပင်၊ ကျိုယိုချီကို တာအိုစွမ်းအင်ဖြင့် သန့်စင်နိုင်လေသည်။
မူလဇာစ်မြစ်အင်မော်တယ် သိုင်းစွမ်းရည်ဖြင့်ပင် ထိခိုက်ရန်ခက်ခဲသော ဤမိစ္ဆာကောင်ကြီးမှာ ပေါင်းစပ်ထားသော တာအိုစွမ်းအင်အောက်တွင်မူ၊ မီးပြင်းကို ရေဖြင့် ငြှိမ်းသတ်လိုက်သကဲ့သို့ လျင်မြန်စွာ ငြိမ်းသတ်ခံလိုက်ရသည်။
တာအိုအလင်းလုံး၏ ထိရောက်မှုကို မြင်သောအခါ၊ လုရီက ကျိုယိုမိစ္ဆာကြီးကို တစ်ဖန်ပြန်၍ ထိန်းချုပ်လိုက်သည်။
နောက်ထပ် တာအိုအလင်းလုံးတစ်ခုကို ဖွဲ့စည်းပြီး ကျိုယိုမိစ္ဆာကောင်ကြီးပေါ်သို့ ထုချလိုက်၏။
ဘုန်း။
ကျိုယိုမိစ္ဆာကောင်ကြီး၏ ခန္ဓာကိုယ်မှာ တစ်လက်မချင်းစီ ကြေမွသွား၏။
ကျိုယိုချီမှာ အနက်ရောင်မြူခိုးများအဖြစ်သို့ ပြောင်းလဲကာ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ နောက်ဆုံးတွင်၊ သူ၏ခန္ဓာကိုယ်မှာ
ပြာကျသွားပြီး၊ လုံးဝ သေဆုံးသွားခဲ့လေတော့သည်။
အခြေအနေအား လုရီက ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး အခြား ဧရိယာတစ်ခုသို့ အလျင်အမြန် ခေါင်းလှည့်ကြည့်လိုက်သည်။
ယွီချန်သည် အင်မော်တယ် ဘုရင်နယ်ပယ်သို့
မကြာသေးမီကမှ တက်လှမ်းခဲ့သည် ဖြစ်ရာ၊ လက်ရှိတွင် အင်မော်တယ်ဘုရင် ပထမအလွှာတွင်သာ ရှိနေသေးပြီး၊ သိပ်အစွမ်းမထက်လှပေ။ ကျိုယိုမိစ္ဆာကောင်ကြီးနှင့် ရင်ဆိုင်ရသောအခါ၊ သူသည် ခက်ခဲစွာ ခုခံကာကွယ်နိုင်ခဲ့သည်။
သူ၏ထူးဆန်းသော ပုံရိပ်ယောင်မူလဇာစ်မြစ်စွမ်းအားကို အသုံးပြုကာ ပုံရိပ်ယောင်ကမ္ဘာ
တစ်ခုပြီးတစ်ခု ဖန်တီးရင်း၊ မိစ္ဆာကောင်ကြီး၏ ဉာဏ်ရည် မမီမှုကို အခွင့်ကောင်းယူကာ တူတူပုန်းတမ်း ကစားနေရ၏။
သို့တိုင်အောင်ပင်၊ ဤမျှတိုတောင်းသော အခိုက်အတန့်အတွင်း၊ ယွီချန်၏ ကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ပေါ်လာနေရသည်။ အနက်ရောင်
ကျိုယိုချီအစအနများ လွတ်ထွက်နေကာ၊ ၎င်းဖြင့် ကူးစက်ခံထားရသည်မှာ သိသိသာသာပင်။
ဤအတိုင်းသာ ဆွဲထားမည်ဆိုလျှင်၊ ယွီချန်ခမျာ
အင်မော်တယ် ဘုရင်နယ်ပယ်သို့ ရောက်ရှိနေသည့်တိုင် ရှုံးနိမ့်သွားပေလိမ့်မည်။
အခြားတစ်ဖက်တွင်၊ ယွီရွှမ်ယီနှင့် ယွီယွင်ချင်းတို့မှာ နှစ်ယောက်၊ တစ်ယောက် ဖြစ်သော်လည်း၊ အခြေအနေမှာ မကောင်းမွန်လှပါပေ။ ယုတ်မာသော ကျိုယိုမိစ္ဆာကောင်ကြီးနှင့် ရင်ဆိုင်ရသောအခါ၊ သူတို့သည်လည်း အလားတူ ဖိနှိပ်ခံနေရပြီး၊ ယွီချန်ကဲ့သို့ပင် ပုံရိပ်ယောင် မူလဇာစ်မြစ်ကို အသုံးပြုကာ ပြေးတမ်း၊ လိုက်တမ်း ကစားနေရသည်။
သူတို့၏ အခြေအနေမှာ ယွီချန်ထက် အနည်းငယ် ပိုကောင်းသော်လည်း၊ မျက်နှာများအနည်းငယ် သွေးမရှိဖြစ်နေ၏။ ဤမျှ သိပ်သည်းသော ကျိုယိုချီအောက်တွင် ဤမျှ အားကောင်းသော မိစ္ဆာကောင်ကြီးနှင့် တိုက်ခိုက်ရခြင်းမှာ မလွယ်လှပါ။
လုရီသည် သူ၏မူလနေရာမှ ပျောက်ကွယ်သွား လိုက်သည်။ ယွီချန်၏ ပတ်လည်တွင် ပြန်လည်၍ ပေါ်ထွက်လာ၏။
ယွီရွှမ်ယီနှင့် ယွီယွင်ချင်းတို့နှင့် နှိုင်းယှဉ်ပါက၊ ယွီချန်၏ အခြေအနေမှာ ပိုဆိုးပြီး ဦးစားပေးအကူအညီ လိုအပ်သည်မှာ ထင်ရှားနေသည်။
မီးလျှံအမည်းည်းများဖြင့် ဝန်းရံနေသော ကျိုယို
မိစ္ဆာကောင်ကြီးသည် ပုံရိပ်ယောင်ကမ္ဘာ တစ်ခုကို ချိုးဖျက်ပြီး ယွီချန့်ထံသို့ တိုးဝင်လာခဲ့သည်။
ထိုအခိုက်မှာပင်၊ လုရီ၏ ခန္ဓာကိုယ် ရုတ်တရက် ပေါ်လာသည်။ သူက ကျိုယိုမိစ္ဆာကောင်ကြီး၏ ဦးခေါင်းကို ကန်ချလိုက်၏။
ဘုန်းခနဲ အသံ ဟိန်းသွားသည်။
ကျိုယိုမိစ္ဆာကြီးသည် ဒရောသောပါး နောက်သို့လွင့်စဉ်သွား၏။
သူ၏ဦးခေါင်းမှာ သွေးမြှုပ်များအဖြစ်သို့ ပြောင်းလဲသွားသည်။ လုရီက တိုက်ရိုက်ပင် ထုခွဲလိုက်ခြင်း ဖြစ်သတည်း။
သို့သော် ရုတ်ချည်းပင်၊ သူ၏ အတွင်းပိုင်းအသားများ လှုပ်ယမ်းလာပြီး၊ ဦးခေါင်းအသစ်စက်စက် တစ်ခု ပြန်ပေါက်ပွားလာ၏။
ကျိုယိုမိစ္ဆာကောင်ကြီးသည် ပြိုင်ဘက် အသစ်တစ်ဦးကို မြင်သော်၊ ဟိန်းဟောက်လိုက်ပြီး
တစ်ဖန် ပြန်၍ တိုးဝင်လာသည်။
“ရီအာ။”
ယခုမှသာ ယွီချန့်ခမျာ အသက်ရှူချောင်သွားရပြီး၊ လေရှူသွင်းလိုက်ရင်း လုရီကို တအံ့တဩ ပြန်ကြည့်လိုက်သည်။
သူလှည့်ကြည့်လိုက်ရာ အခြားကျိုယိုမိစ္ဆာကောင်ကြီး တစ်ကောင် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၏။ လုရီ သတ်ဖြတ်လိုက်သည်မှာ ထင်ရှားနေလေသည်။
ယွီချန် စကားမပြောနိုင်မီမှာပင်၊ ကျိုယိုမိစ္ဆာကောင်ကြီးမှာ တစ်ဖန် ပြန်၍ တိုးဝင်လာရာ၊ သူက အားတင်း၍ ပြောလိုက်ရသည်။
“အတူတူ သတ်ကြစို့။”
လုရီက ခပ်ဖွဖွခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့ပါ”
သူသည် နေရာလပ် မူလဇာစ်မြစ်စွမ်းအားကို တိုက်ရိုက်အသုံးပြုလိုက်၏။ မူလဇာစ်မြစ်
အင်မော်တယ်သိုင်းစွမ်းရည် ကြေးမုံပန်းကို အသက်သွင်းကာ တိုးဝင်လာသော ကျိုယိုမိစ္ဆာကောင်ကြီးကို ချည်နှောင်လိုက်သည်။
တစ်ချိန်တည်းမှာပင် ယွီချန်၏ မျက်လုံးများမှာလည်း တာအိုအင်းကွက်များ ဖြာလက်လာပြီး၊ အဆုံးမဲ့သော သံကြိုးများ ဖန်တီးကာ
ကျိုယိုမိစ္ဆာကောင်ကြီးကို တင်းတင်းကျပ်ကျပ် ချုပ်နှောင်လိုက်၏။
ကြေးမုံပန်းတစ်ခုတည်းသာဆိုလျှင်၊ ယင်းအကောင်ကြီးသည် လျင်မြန်စွာ ဆုတ်ဖြဲနိုင်ပေလိမ့်မည်။ သို့သော် ယွီချန်၏ စွမ်းအားနှင့် ပေါင်းစပ်လိုက်သောအခါ၊ မိစ္ဆာကောင်ကြီးမှာ တင်းတင်းကျပ်ကျပ် ချုပ်နှောင်ခံလိုက်ရသည်။
ကျိုယိုမိစ္ဆာကောင်ကြီးမှာ ဟိန်းဟောက်လိုက်ပြီး၊ မည်းနက်သော ကျိုယိုမီးလျှံများ ပြင်းထန်စွာ လောင်ကျွမ်းလာကာ၊ နေရာလပ်မှာ ကွဲအက်သွားပြီး၊ ပုံရိပ်ယောင်သံကြိုးများမှာ တစ်စချင်းစီ တချွင်ချွင် မြည်လာသည်။
ဤအခိုက်အတန့်တွင်၊ လုရီသည် တာအိုစွမ်းအင်ကို ဖိသိပ်ပြီးဖြစ်နေ၏။ တည်ငြိမ်သော မျက်နှာထားဖြင့် သူက ၎င်းကို ကျိုယိုမိစ္ဆာကောင်ကြီးထံသို့ ပစ်လွှတ်လိုက်သည်။
ဘုန်း။
တာအိုစွမ်းအင်များ ပျံ့နှံ့သွားပြီး၊ ကျိုယိုမိစ္ဆာကောင်ကြီးကို ချက်ချင်းဝါးမြိုသွားကာ၊ အသံနက်ကြီးဖြင့် အော်လိုက်ရာ အော်သံမှာ
တစ်ဖန် ပြန်၍ ပဲ့တင်ထပ်လာသည်။
ယွီချန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး၊ ဤမြင်ကွင်းကို ကြည့်ရင်း အနည်းငယ် ထိတ်လန့်သွားသည်။
မိစ္ဆာကောင်ကြီး၏ ပြန်လည် ရှင်သန်နိုင်စွမ်းကို သူ ကောင်းစွာ သိ၏။ မူလဇာစ်မြစ် စွမ်းအားဖြင့် တိုက်ခိုက်ခံရလျှင်ပင်၊ ၎င်းသည် ချက်ချင်း ပျောက်ကင်းနိုင်လေသည်။
သို့သော် လုရီ၏ တိုက်ခိုက်မှုက ဤမျှ ကြီးမားသော ပျက်စီးမှုကို ယူဆောင်လာရာ၊ သူ့ကို မယုံကြည်နိုင်ဖြစ်သွားစေသည်။
လုရီမှာမူ တည်ငြိမ်နေဆဲပင်။
စုစည်းထားသော တာအိုစွမ်းအင်လုံး တစ်လုံးတည်းဖြင့် ကျိုယိုမိစ္ဆာကောင်ကြီးကို သတ်ရန်
မလုံလောက်ကြောင်း သူ ရိပ်မိပါ၏။ သူက နောက်ထပ် စွမ်းအင်လုံး အသစ်တစ်ခုကို စုစည်းလိုက်သည်။
တစ်ဖန်ပြန်၍၊ ဘောလုံးသည် ကျိုယိုမိစ္ဆာကောင်ကြီးထံသို့ တိုးဝင်သွားပြီး၊ ၎င်းကို မျိုချသွားသည်။
ကြွယ်ဝသော တာအိုစွမ်းအင်ထဲတွင်၊ ကျိုယို
မိစ္ဆာကောင်ကြီး၏ ရုန်းကန်မှုမှာ အားနည်းသွား၏။ သူ၏ အရှိန်အဝါမှာ လျင်မြန်စွာ အားနည်းလာကာ၊ သူ့ကိုယ်ပေါ်မှ ကျိုယိုချီမှာ တစ်စချင်းစီ အနက်ရောင်မြူခိုးများအဖြစ်သို့ ပျံ့လွင့်သွားလေသည်။ ခန္ဓာကိုယ်မှာမူ၊ ယခင်
မိစ္ဆာကောင်ကြီးကဲ့သို့ပင် ပြာများအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားသည်။
“တကယ်ပဲ သေသွားပြီလား။”
ယွီချန်မှာ မှင်သက်မိနေသည်။
တွေးကြည့်လို့တောင် မဖြစ်နိုင်ဘူး။
သူ့ကို ဒီလောက် ခက်ခဲတဲ့အခြေအနေအထိ တွန်းပို့ခဲ့တဲ့ ကျိုယိုမိစ္ဆာကောင်ကြီးကို ရီအာက အားစိုက်ထုတ်စရာမလိုဘဲ သတ်ဖြတ်လိုက်တာလား။
ဒီလို စွမ်းအားက တကယ်ပဲ လန့်စရာကောင်းလှတယ်။
ထိုအခိုက်အတန့်မှာ ယွီချန်က လုရီကို ရှုပ်ထွေးသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။
ရီအာက အင်မော်တယ်အရှင်သခင်နယ်ပယ်မှာပဲ ရှိသေးတာလေ…
ယွီချန် အလျင်အမြန် ခေါင်းခါလိုက်ပြီး ဆို၏။
“သွားကြစို့… ရွှမ်ယီနဲ့ ယွင်ချင်းကို သွားကူညီရအောင်။”
လုရီလည်း သဘောတူကာ ခေါင်းညိတ်လိုက်သည်။
သူနှင့် ယွီချန်တို့သည် နောက်ဆုံးကျန်ရှိသော ကျိုယိုမိစ္ဆာကောင်ကြီးထံသို့ တိုးဝင်သွားကြတော့သည်။