← Chapters

အတိတ်ကာလမှ အင်မော်တယ် အင်ပါယာများ…

Vol. 58 Ch. 858

အတိတ်ကာလမှ အင်မော်တယ် အင်ပါယာများ…

Vol. 58 Ch. 858

~တွင်းနက်ကြီး ပေါ်လာသည်နှင့် ဟိန်းဟောက်သံ တစ်ခု ပေါက်ကွဲထွက်လာသည်။ အားကောင်းသော စွမ်းအင် တုန်ခါမှုများက တွင်းနက်ကြီးထဲမှ ထုတ်လွှတ်လာသည်နှင့်အမျှ ပုံရိပ်များ တိုးထွက်လာကြသည်။

ဤပုံရိပ်များမှာ ကျိုယိုချီများဖြင့် ဖုံးလွှမ်းနေပြီး ချောက်နက်ကြီးမှ နတ်ဆိုးတစ္ဆေများနှင့်ပင် တူနေ၏။

အချို့မှာမူ တာအိုစွမ်းအင်များဖြင့် ဝန်းရံထားပြီး၊ မူလဇာစ်မြစ်က သူတို့နှင့်အတူ ရွေ့လျားနေသည်။

တွင်းနက်ကြီးထဲမှ ထိုးထွက်လာပြီးနောက်၊ ဤပုံရိပ်များမှာ မရပ်တန့်ဘဲ၊ မတူညီသော နေရာလပ်အတွင်း၌ အဆက်မပြတ် တိုက်ခိုက်နေကြသော အကြွင်းအကျန်အရိပ်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။

လုရီနှင့် ကျိုယိုမိစ္ဆာ နတ်ဘုရားကြားမှ တိုက်ပွဲအောက်တွင်၊ မူလကတည်းက ကြေမွနေသော မတူညီသည့် နေရာလပ်မှာ ပို၍ပင် စုတ်ပြတ်သတ်သွား၏။ အချိန်မရွေး အပြင်ဘက်စကြဝဠာကို ထိခိုက်သွားနိုင်သည့် အန္တရာယ် ရှိနေဟန်တူသည်။

အသံနိမ့်ဖြင့် အမိန့်‌သံတစ်ခု ချက်ချင်း ပဲ့တင်ထပ်သွား၏။

“နေရာလပ်အက်ကွဲကြောင်းကို ပိတ်ဆို့ထား။ တိုက်ပွဲတုန်ခါမှုတွေ မတူညီတဲ့ နေရာလပ်ကနေ ထွက်မသွားစေနဲ့။”

ထိုစကားများ ပြောဆိုပြီးသည်နှင့်၊ မူလဇာစ်မြစ်စွမ်းအားမှ ဖွဲ့စည်းထားသော စကြဝဠာတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး၊ ပတ်ဝန်းကျင်မှ နေရာလပ်ကို ဖုံးလွှမ်းကာ မတူညီသော နေရာလပ်မှ အက်ကွဲကြောင်းများကို တံဆိပ်ခတ်လိုက်တော့သည်။

တဟုန်ထိုးထွက်ပေါ်လာသော တာအိုစွမ်းအင်ကို ခံစားမိပြီး၊ ရင်းနှီးသော မူလဇာစ်မြစ်စွမ်းအားကို ခံစားမိသောအခါ၊ လုရီ မျက်နှာဝယ် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ထင်ဟပ်လာသည်။

*ဒါက အစစ်အမှန် စကြဝဠာကနေ လာတဲ့ စွမ်းအားပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျိုယိုကမ္ဘာထဲကို ဝင်ရောက်သွားခဲ့တဲ့ အင်မော်တယ် ဘုရင်တွေနဲ့ အင်မော်တယ် အင်ပါယာတွေဆီကပဲ။*

လုရီ၏ မျက်လုံးများက ဝေ့ဝဲကြည့်ရှုလိုက်ပြီး၊ မတူညီသော နေရာလပ်အတွင်း၌ လူးလားခေါက်တုံ့သွားလာနေသော ပုံရိပ်များကို လျင်မြန်စွာ ဖော်ထုတ်လိုက်၏။ အချို့မှာ လူသား၊ အချို့မှာ မျိုးနွယ်ခြားပင်။ လူသားနှင့် မိစ္ဆာမျိုးနွယ် နှစ်မျိုးလုံး ပါဝင်လေသည်။

လုရီသည် ရင်းနှီးသော ပုံရိပ်တစ်ခု၊ တစ်မူထူးခြားသော ဦးချိုတစ်ချောင်းရှိသည့် ချောမောသော အမျိုးသားတစ်ဦးကိုပင် တွေ့လိုက်ရသည်။

ကံကြမ္မာမျဉ်းကြောင်းများက သူ့ပတ်လည်တွင် ယှက်နွှယ်နေသည်။ သူ၏အတွင်းစကြဝဠာမှာ ကံကြမ္မာမူလဇာစ်မြစ်မှ ပြောင်းလဲထားသည့်အလားပင်။

လှုပ်ရှားမှုတိုင်းက သူ့ထံသို့ ကံကောင်းခြင်းများကို ယူဆောင်လာပေးပြီး၊ သူတိုက်ခိုက်နေသော ပြိုင်ဘက်များထံသို့မူ ကံဆိုးမိုးမှောင်ကျမှုကို ဆောင်ကျဥ်းသွားကာ၊ သူတို့၏ ကံကြမ္မာလမ်းကြောင်းများကို နှောင့်ယှက်နေသည်။

ဒါက …

ကံကြမ္မာ အင်မော်တယ်ဘုရင်။

သို့သော်လည်း၊ လုရီကို တုန်လှုပ်သွားစေသည်မှာ ကံကြမ္မာအင်မော်တယ်ဘုရင်သည် အင်မော်တယ်ဘုရင်နယ်ပယ်တွင် မဟုတ်ဘဲ၊ အင်မော်တယ်အင်ပါယာအဆင့် စွမ်းအားသို့ ရောက်ရှိနေပြီး၊ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခြင်းပင်တည်း။

သူ၏ပြိုင်ဘက်မှာလည်း ကျိုယိုမိစ္ဆာနတ်ဘုရားအဆင့်မှ စွမ်းအားရှင် တစ်ဦး ဖြစ်ပြီး၊ သူတို့မှာ နှစ်ဦးတည်း ရှိနေသည်။

ကျိုယိုမိစ္ဆာနတ်ဘုရားနှစ်ပါးနှင့် ရင်ဆိုင်ရသောအခါ၊ အင်မော်တယ်အင်ပါယာအဆင့်တွင်ပင် ရှိနေသော်လည်း၊ ကံကြမ္မာအင်မော်တယ်ဘုရင်မှာ ဖိနှိပ်ခံနေရပြီး မိစ္ဆာနတ်ဘုရားနှစ်ပါးကို မနည်းခုခံထားနိုင်ရုံသာ ရှိသည်။

ထို့အပြင်၊ အလွန်သိပ်သည်းသော ကြက်သွေးရောင်မီးတောက်များကိုလည်း လုရီ တွေ့လိုက်ရ၏။

ဤမီးတောက်များ၏ ပိုင်ရှင်မှာ နီရဲရဲ အသားအရေ ရှိသော အမျိုးသားတစ်ဦးဖြစ်ပြီး၊ သူ၏အသွင်အပြင်မှာ မီးလျှံနီမျိုးနွယ် အင်မော်တယ်ဘုရင်၏ အကြွင်းအကျန်အရိပ်နှင့် တစ်ပုံစံတည်းပင်။

သူသည် အမှန်ပင် မီးလျှံနီ မျိုးနွယ် အင်မော်တယ်ဘုရင်ဖြစ်ပြီး၊ ထိုစဉ်က ကျိုယိုကမ္ဘာသို့ ဝင်ရောက်သွားခဲ့သူ ဖြစ်သည်။

မီးလျှံနီ မျိုးနွယ် အင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်မှာ အမာရွတ်များဖြင့် ဖုံးလွှမ်းနေ၏။ သွေးများ ပြင်းထန်စွာ စီးကျနေကာ၊ သူ့အရှိန်အဝါမှာ ယခင်ကထက် များစွာ အားနည်းနေ၏။

သူသည်လည်း အင်မော်တယ်ဘုရင်အဆင့် စွမ်းအားရှင်နှစ်ဦး၏ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်ခံနေရသည်။

လုရီကို အံ့အားသင့်သွားစေသည်မှာ ထိုနှစ်ဦးထဲမှ တစ်ဦးသည် ကျိုယိုအင်မော်တယ်ဘုရင် မဟုတ်ဘဲ၊ အစစ်အမှန် စကြဝဠာမှ အင်မော်တယ် ဘုရင်တစ်ပါးလည်း ဖြစ်နေသောကြောင့်တည်း။

ဤအင်မော်တယ် ဘုရင်သည် သူ ကျိုယိုကျင့်ကြံသူ တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည့်အလား၊ ကျိုယိုချီများဖြင့် ဖုံးလွှမ်းနေသည်။

*အစစ်အမှန် စကြဝဠာကို သစ္စာဖောက်တဲ့ အင်မော်တယ်ဘုရင်*

လုရီသည် ယခင်က ချောက်နက်ကြီးအပျက်အစီးတွင် သိရှိခဲ့ရသော အခြေအနေကို ချက်ချင်း ပြန်လည်အမှတ်ရသွားသည်။

အချို့သော အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်အင်ပါယာများသည် စကြဝဠာကို သစ္စာဖောက်ပြီး ကျိုယိုနှင့် ပူးပေါင်းခဲ့ကြသည် ဟူ၍။

ဤအင်မော်တယ်ဘုရင်သည် သူတို့ထဲမှ တစ်ဦးပင် ဖြစ်လိမ့်မည်။

လုရီသည် စစ်မြေပြင်တစ်ခုလုံးကို အကဲခတ်ကြည့်ရှုလိုက်ရာ၊ ကျိုယိုမိစ္ဆာနတ်ဘုရား (၁၁) ပါးထက်မနည်းကို တွေ့ရှိလိုက်ရသည်။

ကျိုယိုချီများဖြင့် ဖုံးလွှမ်းနေသော အင်မော်တယ်အင်ပါယာနှစ်ပါးကိုပါ ထည့်ပေါင်းလိုက်လျှင်၊ စုစုပေါင်း (၁၃) ပါးရှိသည်။၊ လုရီ၏ ရှေ့မှ ကျိုယိုမိစ္ဆာနတ်ဘုရားကိုပါ ထည့်သွင်းလိုက်ပါက အင်မော်တယ်အင်ပါယာအဆင့် စွမ်းအားရှင် (၁၄) ပါးအထိ ရှိနေသည်။

အစစ်အမှန် စကြဝဠာထဲတွင်မူ၊ အင်မော်တယ်အင်ပါယာအဆင့် စွမ်းအားရှင် ငါးဦးသာ ကျန်ရှိတော့သည်။

အင်မော်တယ်အင်ပါယာအဆင့်ရှိ ကျိုယိုစွမ်းအားရှင် (၁၃) ပါး၏ ဝိုင်းရံတိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ၊ သူတို့သည် နှောင့်နှေးစေရန်သာ တတ်နိုင်ပြီး၊ တန်ပြန်တိုက်ခိုက်ရန်ပင် အလွန်ခက်ခဲနေသည်ကို တွေ့ရှိရသည်။

ဤသည်ကို မြင်သော်၊ လုရီ၏ မျက်လုံးအိမ်များ အနည်းငယ် ကျုံ့သွားပြီး၊ လက်ရှိအခြေအနေ မည်မျှဆိုးရွားသည်ကို နားလည်သွား၏။

ကျိုယို၏ စွမ်းအားမှာ သူ၏မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့သည်။ သူ့ကိုပါ ထည့်သွင်းသည့်တိုင်၊ အစစ်အမှန် စကြဝဠာသည် ထိပ်တန်းအဆင့်စွမ်းအားတွင် လုံးဝ အားနည်းနေရသည်။

အင်မော်တယ်ဘုရင်အဆင့်မှ ကွာခြားချက်မှာလည်း အလားတူ သိသာလှ၏။ ကျိုယိုမိစ္ဆာများကြားမှ အင်မော်တယ်ဘုရင်အရေအတွက်မှာ အစစ်အမှန် စကြဝဠာထက် နှစ်ဆကျော် ပိုမိုများပြားကာ၊ အစစ်အမှန် စကြဝဠာ၏ အင်မော်တယ်

ဘုရင်များ အားလုံး နီးပါးက သူတို့ဝိုင်းရံတိုက်ခိုက်သည်ကို ရင်ဆိုင်နေရခြင်းပင်။

မဟာတိုက်ပွဲကြီးမှာ မတူညီသော နေရာလပ်ထဲတွင် ပျံ့နှံ့နေလေ၏။ အတွင်းစကြဝဠာကို အက်ကွဲကြောင်းများ တံဆိပ်ခတ်ရန် အသုံးပြုထားသည့်တိုင်၊ ဤသို့သော ကြမ်းတမ်းသည့် တိုက်ခိုက်မှုများက မတူညီသော နေရာလပ်ကို ဆက်လက်ကြေမွစေသည်။

ဤမတူညီသော နေရာလပ်တစ်ခု လုံးဝကြေမွသွားရန် အချိန်များစွာ ကြာတော့မည် မဟုတ်‌ပေ။ ထိုအခါကျလျှင်၊ ဤမျှများပြားသော စွမ်းအားရှင်များ ပါဝင်သော တိုက်ပွဲများ၏ နောက်ဆက်တွဲအကျိုးဆက်များဖြင့်၊ ကောင်းကင်ကြယ်တာရာနယ်မြေတစ်ခုလုံးမှာ အချိန်တိုအတွင်း အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားနိုင်လေသည်။

လုရီ၏ တစ်ဖက်တွင်၊ ကျိုယိုကမ္ဘာမှ စွမ်းအားရှင်များအားလုံး ထိုးထွက်လာသည်နှင့်၊ လူသားပုံသဏ္ဌာန် ကျိုယိုမိစ္ဆာနတ်ဘုရားကို ဝန်းရံထားသော တွင်းနက်ကြီးများမှာ ပျောက်ကွယ်သွားပြီး၊ လက်မောင်းများအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားသည်။

သူက လုရီကို အေးစက်စွာ ကြည့်လိုက်ပြီး၊ အနက်ရောင်မြူခိုးများဖြင့် ဖုံးလွှမ်းနေသော မျက်နှာပေါ်တွင် အပြုံးရိပ်တစ်ခု ပေါ်လာသည်။

“အခုရော… မင်း ငါတို့ကို ကိုင်တွယ်နိုင်သေးလား။”

လုရီ၏ မျက်နှာအမူအရာမှာ ခက်ထန်အေးစက်နေသည်။

သူ၏မျက်လုံးများက လှိုင်းထန်နေသော မတူညီသည့် နေရာလပ်ကို ဝေ့ဝဲကြည့်လိုက်ရာ၊ သူ၏အကြည့်ထဲတွင် ဖရိုဖရဲချီများ တဖျပ်ဖျပ်လက်နေသည်။

နောက်တစ်ခဏတွင်၊ သူသည် အပြည့်အဝမဖွဲ့စည်းရသေးသော အတွင်းစကြဝဠာကို မရမက ထိန်းချုပ်လိုက်ရာ၊ ၎င်းသည် အဆက်မပြတ် ကျယ်ပြန့်လာပြီး၊ ဖရိုဖရဲချီများ အတွင်း၌ တဟုန်ထိုးထွက်ပေါ်လာသည်။

မကြာမီမှာပင်၊ အတွင်းစကြဝဠာသည် ဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ ပတ်ဝန်းကျင်မှ အင်မော်တယ် ဘုရင်များနှင့် အင်မော်တယ် အင်ပါယာများ၏ အတွင်း စကြဝဠာများကိုပါ ပေါင်းစပ် ထည့်သွင်းလိုက်သည်။

ဖရိုဖရဲချီများက ပတ်ပတ်လည်တွင် တဟုန်ထိုးထွက်ပေါ်လာပြီး၊ မယုံနိုင်လောက်အောင် ခိုင်မာလှ၏။

သို့ဖြစ်ရာ အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်အင်ပါယာများကြားမှ တိုက်ပွဲများပင်လျှင် ဖရိုဖရဲချီကို မထိုးဖောက်နိုင်ဘဲ မတူညီသော နေရာလပ်ကို မကြေမွစေနိုင်တော့ပေ။

လုရီ အတွင်းစကြဝဠာကို ထိန်းချုပ်လိုက်သည်နှင့်၊ ပတ်ဝန်းကျင်မှ မဟာတိုက်ပွဲကြီးများမှာ ရပ်တန့်သွားကြလေသည်။

ကျိုယိုမိစ္ဆာများဖြစ်စေ၊ အစစ်အမှန် စကြဝဠာ၏ စွမ်းအားရှင်များဖြစ်စေ၊ အားလုံးမှာ ပုံရိပ်ယောင်ဖရိုဖရဲချီကို ငေးကြည့်နေကြပြီး၊ သူတို့၏မျက်လုံးများထဲတွင် မယုံနိုင်သော အမူအရာများ လက်ခနဲ ဖြစ်ပေါ်သွားသည်။

“ဖရိုဖရဲချီ။”

“ဒါ တကယ်ပဲ ဖရိုဖရဲချီပါလား။”

ဒေါသတကြီး၊ စူးရှသည့်အသံ၊တုန်လှုပ်နေသော အသံ

များ ဖြစ်စေ၊ မတူညီသော နေရာလပ်အတွင်း၌ ပဲ့တင်ထပ်သွားတော့သည်။

စွမ်းအားရှင်အားလုံးမှာ ယခင်က လူသားပုံသဏ္ဌာန် ကျိုယိုမိစ္ဆာ

နတ်ဘုရားကဲ့သို့ပင် တုံ့ပြန်ကြသည်။ ဖရိုဖရဲချီကို မြင်သောအခါ မယုံကြည်နိုင်သော အမူအရာများကို ထုတ်ဖော် ပြသကြသည်။

မကြာမီမှာပင်၊ လုရီသည် လောဘကြီးပြီး တပ်မက်နေသော မျက်လုံးများစွာ သူ၏အပေါ်သို့ တိုးဝှေ့လာသည်ကို ခံစားလိုက်ရသည်။

ကျိုယိုမိစ္ဆာနတ်ဘုရားအားလုံး… ကျိုယိုအင်မော်တယ်ဘုရင်အားလုံး… ကျိုယိုကျင့်ကြံသူအားလုံးက…သူတို့၏အကြည့်များကို လုရီထံသို့ ဦးတည်လိုက်ကြတော့သည်။

All Chapters