ကြမ်းတမ်းသော တိုက်ပွဲ…
Vol. 58 Ch. 860
~“ဖရိုဖရဲချီ။ ဘယ်လိုဖြစ်နိုင်မှာလဲ။”
ကျိုယိုအင်မော်တယ်အင်ပါယာများထဲမှ တစ်ပါးက အသံခပ်နိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်၏။
သူ့မျက်လုံးများမှာ ရူးသွပ်သော ကြက်သွေးရောင်များဖြင့် ပြည့်နှက်နေသည်။
သူ မယုံကြည်နိုင်ခဲ့ပေ။
စွမ်းအား သာလွန်ရန်အတွက်၊ သူသည် ကျိုယိုချီနှင့်ပင် ပေါင်းစည်းခဲ့ပြီး၊ ကျိုယိုနှင့် အစစ်အမှန် စကြဝဠာ၏ ပေါင်းစည်းမှုမှတစ်ဆင့် ဤခြေလှမ်းကို လှမ်းရန် ရည်ရွယ်ခဲ့သည်။
သို့တိုင်အောင်ပင် သူသည် မျှော်လင့်ချက်၏ အရုဏ်ဦးကိုမျှ မမြင်တွေ့ခဲ့ရသေးပေ။
ယခုမူ၊ သူ၏တစ်ချိန်က အဖော်အဖက်များနှင့် ပြိုင်ဘက်များသည် ဤမျှလွယ်ကူစွာ ကျော်လွန်ခြင်း၏ မျှော်လင့်ချက်ကို ရရှိသွားခဲ့ကြရာ၊ ၎င်းမှာ သူလက်မခံနိုင်သော အရာတစ်ခု ဖြစ်သည်။
ဖရိုဖရဲချီကို အစပိုင်း ချေဖျက်ပြီးနောက်၊ အင်မော်တယ်အင်ပါယာများ၏ အရှိန်အဝါများ တဟုန်ထိုးထွက်ပေါ်လာပြီး၊ ပေါက်ကွဲထွက်လာသည်။ မူလက ကျိုယိုအင်မော်တယ်အင်ပါယာများနှင့် ကျိုယိုမိစ္ဆာနတ်ဘုရားများအဖွဲ့ကိုသာ တောင့်ခံထားနိုင်ခဲ့ရာမှ၊ ယခုအခါတွင်မူ သူတို့ကို တိုက်ပွဲတွင် ဖိအားပေးနိုင်နေပြီ ဖြစ်သည်။
လှည့်ပတ်အနည်းငယ်အတွင်းမှာပင်၊ ကျိုယိုမိစ္ဆာနတ်ဘုရားအများအပြားမှာ အကြိမ်ကြိမ် နောက်ဆုတ်သွားရန် အတင်းအကျပ် ဖိအားပေးခံလိုက်ရသည်။ ထို့နောက်တွင်၊ အင်မော်တယ် အင်ပါယာများအဖွဲ့မှာ လုရီ၏ လားရာအတိုင်း တိုးဝင်သွားကြပြီး၊ လုရီကို တိုက်ခိုက်နေသော ကျိုယိုမိစ္ဆာနတ်ဘုရားများကို တောင့်ခံထားရန် သဘာဝအတိုင်း ရည်ရွယ်နေကြသည်။
အင်မော်တယ်အင်ပါယာများ၏ လှုပ်ရှားမှုကို ခံစားမိသောအခါ၊ ကျိုယိုမိစ္ဆာနတ်ဘုရားများနှင့် ကျိုယိုအင်မော်တယ်အင်ပါယာများမှာ ချက်ချင်းပင် တစ်ဖန်ပြန်၍ ရှေ့တိုးလာကြပြီး၊ အင်မော်တယ်အင်ပါယာများကို တိုက်ခိုက်ရန် ကြိုးစားကြသည်။
သို့သော်လည်း၊ အင်မော်တယ်အင်ပါယာ နယ်ပယ်၏ အကန့်အသတ်တွင် အနည်းငယ်မျှသော ခြေလှမ်းတစ်လှမ်း ထပ်မံလှမ်းလိုက်ခြင်းက သူတို့ကို စွမ်းအားတွင် သိသာစွာ ခုန်ပျံကျော်လွှား
စေနိုင်ခဲ့သည်။ ယခင် ဖွဲ့စည်းပုံများကိုသာ မှီခိုရုံဖြင့်၊ လုံးဝ တောင့်ခံထားနိုင်ခြင်းမရှိပေ။
အင်မော်တယ်အင်ပါယာများသည် လုရီ၏ ဘေးသို့ ရောက်ရှိလာကြပြီး၊ သူတို့၏ကတိကို ဖြည့်ဆည်းလျက်၊ လုရီကို အနောက်တွင် ကာကွယ်ထားကာ၊ လုရီအတွက် အချိန်ပိုပေးရန် ရည်ရွယ်နေကြသည်။
ထိုအခိုက် အင်မော်တယ်အင်ပါယာများ အဖွဲ့မှာ သူတို့၏ အတွေးများကို တစ်ယောက်၏ စိတ်ထဲမှ တစ်ယောက်ထံသို့ ပေးပို့နေကြသည်။
“ဟားဟားဟား… ဖရိုဖရဲချီရဲ့ အကျိုးသက်ရောက်မှုက ဒီလောက်ကောင်းလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။”
“ငါ ဒီမဟာကပ်ဘေးကြီးကနေ ရှင်သန်လွတ်မြောက်ခဲ့ရင်၊
အဆင့်ချိုးဖြတ်နိုင်တယ်လို့ နိမိတ်တစ်ခု ရနေတယ်။”
“ကယ်တင်ရှင်က အရမ်းရက်ရောတာပဲ။ ဖရိုဖရဲချီကိုတောင် လက်ဆောင်ပေးတယ်။”
အင်မော်တယ်အင်ပါယာများ၏ အသံများက လုရီ၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။ လုရီ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေ၏။ သူက အသာအယာ အသက်ရှူထုတ်လိုက်ပြီး သူ၏အတွေးများကို ပေးပို့ကာ ဆိုလိုက်သည်။
“ ကျွန်တော်တို့သာ ဒီကပ်ဘေးကို ကျော်လွှားနိုင်ခဲ့ရင်၊ စီနီယာတို့အားလုံး အဆင့်ချိုးဖြတ်နိုင်အောင် ကူညီဖို့ ဖရိုဖရဲချီ အမျှင်တန်းတချို့ ထပ်ပေးမယ်။”
ဤစကားများက အင်မော်တယ် အင်ပါယာများ၏ မျက်လုံးများကို လင်းလက်သွားစေသည်။
ဖရိုဖရဲချီ အမျှင်တန်း တစ်တန်းမျှကပင် သူတို့ကို ကျော်လွန်ရန် မျှော်လင့်ချက် အရိပ်အယောင် တစ်ခု ပေးခဲ့ရာ၊ အကယ်၍ သူတို့သာ အမျှင်တန်း အနည်းငယ်မျှ ထပ်မံ ရရှိခဲ့ပါက၊ သူတို့၏ အောင်မြင်နိုင်ခြေမှာ ကြီးမားစွာ တိုးလာပေလိမ့်မည်။
“သဘောတူတယ်။”
လုရီက အင်မော်တယ် အင်ပါယာများကို ကြည့်လိုက်သည်။ ထို့နောက် သူတို့ကို ဝန်းရံထားသော အဝေးမှ ကျိုယိုအင်မော်တယ် အင်ပါယာများနှင့် ကျိုယိုမိစ္ဆာ နတ်ဘုရားများကို ကြည့်လိုက်ရာ၊ ၎င်းတို့၏ မျက်လုံးများမှာ လောဘများဖြင့် ပြည့်နှက်နေသည်။
လုရီက ဖြည်းညင်းစွာ သူ၏အတွေးများကို ပေးပို့လိုက် လေသည်။
“ကျန်တာကိုတော့ စီနီယာတို့နဲ့ပဲ ထားခဲ့တော့မယ်။”
ထိုသို့ ပြောဆိုနေစဉ်အတွင်း တာအိုရတနာဖြစ်သော အင်မော်တယ်မီးလျှံအင်ပါယာ
ခေါင်းလောင်းသည် လုရီ၏ ခေါင်းထက်သို့ အလိုအလျောက် ထွက်ပေါ်လာသည်။ ကြက်သွေးရောင် အမျှင်တန်းများက အောက်သို့ သက်ဆင်းလာပြီး၊ လုရီကို ဖုံးအုပ်သွားသည်။ အလင်းလွှာ၏ အပြင်ဘက်တွင်၊ အတွင်းစကြဝဠာ၏ ဖရိုဖရဲချီများ တဟုန်ထိုးထွက်ပေါ်လာကာ အလင်းလွှာနှင့် လုရီကိုပါ အတွင်း၌ လွှမ်းခြုံသွားလေသည်။
လုရီသည် မိမိကိုယ်မိမိ အတွင်း၌ တံဆိပ်ခတ်လိုက်ပြီး၊ ဖရိုဖရဲချီနှင့် ပေါင်းစည်းကာ တန်ပြန်တိုက်ခိုက်နိုင်သည့် အခွင့်အရေးကို ဆုပ်ကိုင်ရန် ပြင်ဆင်လိုက်၏။
ဖရိုဖရဲချီများ တဟုန်ထိုး ထွက်ပေါ်လာပြီး လုရီကို လွှမ်းခြုံသွားသည်နှင့်
တပြိုင်နက် ကျိုယိုမိစ္ဆာ နတ်ဘုရားများနှင့် ကျိုယိုအင်မော်တယ် အင်ပါယာများ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းများ လင်းလက်သွားသည်။
ရုတ်တရက်၊ ကျိုယိုအင်မော်တယ်အင်ပါယာတစ်ပါးက အင်မော်တယ်အင်ပါယာများကို ကြည့်ကာ ဆိုလိုက်သည်။
“လူကြီးမင်းတို့… ငါတို့ အချင်းချင်း သိကျွမ်းခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ အခု ဖရိုဖရဲချီက ငါတို့ရှေ့မှာပဲ ရှိနေပြီ။ မင်းတို့သာ ဆန္ဒရှိရင်၊ မင်းတို့ သေချာပေါက် ငါတို့နဲ့ ပူးပေါင်းနိုင်တယ်။ အဲ့ဒီလူသားကို သတ်လိုက်၊ ပြီးရင် ဖရိုဖရဲချီအားလုံးက ငါတို့အားလုံးရဲ့ဟာ ဖြစ်လာမှာ။”
အနီးမှ ကျိုယိုမိစ္ဆာနတ်ဘုရားကလည်း ပြောလာသည်။
“ငါတို့ရဲ့ အစစ်အမှန်ကျိုယိုကို ဝါးမြိုလိုတဲ့ ရည်ရွယ်ချက်က အတူတူပဲ။ ကျော်လွန်ဖို့ပဲ။ ငါတို့သာ ဖရိုဖရဲချီကို ရရှိခဲ့ရင်၊ အစစ်အမှန် စကြဝဠာကို စွန့်ခွာပြီး ကျိုယိုကို ပြန်သွားမယ်။ ဘယ်တော့မှ ထပ်ပြီး မတိုက်ခိုက်တော့ဘူး။”
“ဟုတ်တယ်… ဖရိုဖရဲချီက ငါတို့ရှေ့မှာပဲ ရှိနေပြီ။ မင်းတို့ တကယ်ပဲ လက်လွှတ်ခံမှာလား။”
ကျိုယိုမိစ္ဆာနတ်ဘုရားများနှင့် ကျိုယိုအင်မော်တယ်အင်ပါယာများ၏ စကားကို ကြားသောအခါ၊ အင်မော်တယ်အင်ပါယာများ၏ အကြည့်များမှာ ဝေ့ဝဲသွားပြီး၊ ပထမဆုံး စကားပြောခဲ့သော ကျိုယို အင်မော်တယ် အင်ပါယာကို စူးစူးရဲရဲ ကြည့်လိုက်ကြသည်။
ထိုသူသည် ပိန်လှီသော အမျိုးသားတစ်ဦးဖြစ်ပြီး ပုတ်သင်ညိုတစ်ကောင်၏ အမြီးရှိသည်။
ထိုစဉ် အင်မော်တယ်အင်ပါယာများထဲမှ တစ်ပါးက မထီမဲ့မြင် ဆို၏။
“ဟမ့်၊ မင်းရဲ့သစ္စာဖောက်မှုက အေးခဲလဝန်း သေခဲ့ရတာကွ။ အခု မင်းက ငါတို့ကို ခင်မင်မှုအကြောင်း လာပြောနေတာလား။ ရယ်စရာကောင်းလိုက်တာ။”
ထိုစဉ် ကံကြမ္မာအင်မော်တယ်အင်ပါယာက
လည်း အေးစက်စွာ ထပ်ပြောလိုက်သည်။
“ငါတို့က မင်းတို့ ကျိုယိုသတ္တဝါတွေရဲ့ စကားကို ယုံမယ်လို့ ထင်နေတာလား။ ဟမ့်..မင်းတို့သာ ဖရိုဖရဲချီကို ရခဲ့ရင်၊ မင်းတို့ကို ထိန်းနိုင်မယ့်သူ တစ်ယောက်မှ မကျန်နိုင်ဘူး။”
သူတို့ စကားပြောနေစဉ်မှာပင်၊ တာအိုစွမ်းအင်များက သူတို့၏ပတ်လည်တွင် ရစ်သိုင်းနေပြီး၊ သူတို့၏ သက်ဆိုင်ရာ အတွင်းစကြဝဠာများ ပေါ်ထွက်လာကာ၊ လုရီရှိနေသော ဒေသတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
သူတို့သည် ကျိုယိုမိစ္ဆာနတ်ဘုရားများနှင့် ကျိုယိုအင်မော်တယ်အင်ပါယာများကို မယုံပေ။
အကယ်၍ သူတို့သာ အစစ်အမှန် စကြဝဠာကို စွန့်လွှတ်လိုပြီး၊ အစစ်အမှန်အရှိတရားကို သစ္စာဖောက်ကာ၊ ကျိုယိုနှင့် ပူးပေါင်းလိုခဲ့ပါက၊ ထိုကျိုယိုအင်မော်တယ် အင်ပါယာနှစ်ပါးကဲ့သို့ပင် ကြာမြင့်စွာကတည်းက ထိုရွေးချယ်မှုကို ပြုလုပ်ခဲ့ပြီးဖြစ်ပေလိမ့်မည်။
သို့သော် သူတို့သည် ယခုအချိန်အထိ တောင့်ခံထားခဲ့ကြသည်။
သူတို့အတွက်မူ၊ အစစ်အမှန် စကြဝဠာသည်လည်း သူတို့၏မျိုးနွယ်ဝင်များ မွေးဖွားကြီးပြင်းရာနေရာ ဖြစ်သည်။ ကျိုယိုနှင့် ပူးပေါင်းခြင်းက ကျိုယိုကို အစစ်အမှန် စကြဝဠာကို
ဖျက်ဆီးခွင့်ပေးခြင်းပင်။ တာအို၏ အကန့်အသတ်များကို ဖောက်ထွက်ကာ ကျော်လွန်ရန် အခွင့်အရေးပေးမည်ဆိုသည့်တိုင်၊ သူတို့သည် ကျိုယိုမိစ္ဆာများကို ရင်ဆိုင်ရန်သာ ရွေးချယ်ခဲ့ကြသည်။
မရေမတွက်နိုင်သော နှစ်များတစ်လျှောက် ကျိုယိုကမ္ဘာထဲတွင် အမဲလိုက်ခံရပြီး အသက်လုပြေးခဲ့ရသည့်တိုင်၊ သူတို့သည် ကျိုယိုနှင့် ပူးပေါင်းရန် စိုးစဉ်းမျှ မတွေးခဲ့ကြပေ။
ဤအကြောင်းတရားအတွက်၊ အချို့သော အင်မော်တယ်
အင်ပါယာများမှာ သူတို့၏အသက်ကိုပင် စတေးခဲ့ကြသည်။
ယခုအခါ၊ ဖရိုဖရဲချီကို စုပ်ယူပြီးနောက်၊ စွမ်းအားများမှာ ကြီးမားစွာ တိုးတက်လာခဲ့ပြီး၊ သူတို့တွင် ယခင်ကထက်ပင် ကြီးမားသော မျှော်လင့်ချက်များ ရှိနေလေသည်။ သဘာဝအတိုင်း၊ လက်မြှောက်အရှုံးပေးခြင်းက ရွေးချယ်စရာ မဟုတ်နေပေ။
ကျိုယိုမိစ္ဆာ နတ်ဘုရားများနှင့် ကျိုယိုအင်မော်တယ် အင်ပါယာများမှာ အင်မော်တယ် အင်ပါယာများ၏ ရည်ရွယ်ချက်များကို ရှေးကတည်းက သိရှိထားကြသည်။ ထိုသို့ ခိုင်မာသည့် သံန္နိဋ္ဌာန်နှင့် ရင်ဆိုင်ရသောအခါ၊ ကျိုယိုမိစ္ဆာ နတ်ဘုရားများနှင့် ကျိုယိုအင်မော်တယ် အင်ပါယာများမှာ တစ်ယောက်ကို တစ်ယောက် အရိပ်အခြေ ကြည့်လိုက်ကြပြီး၊ နောက်တစ်ခဏတွင်၊ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြတော့သည်။
ပြီးတော့ မဟာတိုက်ပွဲကြီး ဖြစ်ပွားနေစဉ်မှာပင်၊ အင်မော်တယ်မီးလျှံ အင်ပါယာ ခေါင်းလောင်းအတွင်း၌၊ ယင်ယန်တာအိုအင်းကွက်သည် လုရီ၏ နဖူးပြင်ထက်တွင် တဖျပ်ဖျပ်လက်နေသည်။ လျိုနင်ရွှမ်းနှင့် အခြားသူများ၏ အသံများက သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။
“ဂျူနီယာမောင်လေး… အဆင်ပြေရဲ့လား။”
“စီနီယာအစ်ကို… ငါတို့ အခု ဘာလုပ်ကြမလဲ။”
“ကောင်စုတ်လေး… ငါတို့ အခု ထွက်လာသင့်ပြီလား။”
လူတိုင်း၏ စုံစမ်းမေးမြန်းမှုများကို ရင်ဆိုင်ရင်း၊ လုရီက ခေါင်းခါလိုက်ပြီး မှာကြားလိုက်၏။
“ ကျွန်တော့်ရဲ့စွမ်းအားကို မသုံးသရွေ့၊ ခင်ဗျားတို့ လက်ရှိ အခြေအနေကနေ ထွက်သွားလို့ မရဘူးဗျ။ အခြေအနေက အခု အရေးကြီးနေပြီ။ ခင်ဗျားတို့ရဲ့ ယင်ယန်တာအိုအင်းကွက်အခြေအနေကို ထိန်းသိမ်းထားပါ။ ကျွန်တော် ဖရိုဖရဲချီကို ပေါင်းစည်းပြီး စုပ်ယူဖို့ လိုတယ်။”