ကြမ်းတမ်းသော တိုက်ပွဲ (၃)...
Vol. 58 Ch. 862
~ဤအခင်းအကျင်းပြားများကို လုရီက ယွီချန်နှင့် ယွီမိသားစု၏ အခြားဘိုးဘေးများအား ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။ အကယ်၍ ကျိုယိုမိစ္ဆာများ ကျိုယိုကမ္ဘာမှ ထိုးထွက်လာပြီး၊ ကျိုယိုမိစ္ဆာနတ်ဘုရားက သူ့အား ပိတ်ဆို့ထားသည့် အခြေအနေတွင်၊ အခြားကျင့်ကြံသူများအဖို့ တိုက်ခိုက် စွမ်းအားရှိစေရန် ဖြစ်လေသည်။
ကံမကောင်းစွာဖြင့်၊ လုရီတွင် အင်မော်တယ်
အင်ပါယာအဆင့် စွမ်းအားကို အာမခံနိုင်သော ပစ္စည်းများ မရှိခဲ့ပေ။ ထို့အပြင် သူ
အင်မော်တယ်ဘုရင်အဆင့်သို့ အဆင့်ချိုးဖြတ်ပြီးနောက် ဖရိုဖရဲချီနှင့် ပေါင်းစည်းရန် အလျင်လိုနေခဲ့သည်။ သို့မဟုတ်ပါက၊ အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းပြီးနောက်၊ သူသည် ပိုမို အားကောင်းသော တာအို အင်မော်တယ်အခင်းအကျင်း တစ်ခုကို ဖန်တီးရန် ကြိုးပမ်းနိုင်ခဲ့ပေမည်။
ဤအခိုက်အတန့်တွင် ယွီချန်နှင့် ယွီမိသားစု၏ အခြား အင်မော်တယ် ဘုရင်များ၊ ယွီရှင်းနှင့် ယွီမိသားစု၏ အခြား အဆင့်မြင့် အဖွဲ့ဝင်များနှင့်အတူ၊တာအိုအင်းကွက်များဖြင့်
တဖျပ်ဖျပ်လက်နေသော ဆန်းကြယ်ပြီး နက်နဲသည့် အခင်းအကျင်းပြားများကို ထုတ်ယူလိုက်ကြသည်။
သူတို့သည် အခင်းအကျင်းပြားများကို အသက်သွင်းလိုက်ရာ၊ အလင်း နှစ်ပေါင်းများစွာကို လွှမ်းခြုံထားသော အခင်းအကျင်းများ ပေါ်ထွက်လာသည်။ ဤအခင်းအကျင်းများ အတွင်း၌၊ အင်မော်တယ် အရှင်သခင် အဆင့်အောက်ရှိ
ကျိုယိုမိစ္ဆာအားလုံးမှာ ချက်ချင်းဆိုသလို ချေမှုန်းခံလိုက်ရပြီး၊ အင်မော်တယ်ဘုရင် အဆင့်ရှိသူများမှာမူ ဖိနှိပ်ခံလိုက်ရသည်။
အခင်းအကျင်းပြားများ၏ သိသာ ထင်ရှားသော အစွမ်းကို မြင်သောအခါ၊ ကျင့်ကြံသူများမှာ ဝမ်းသာအယ်လဲဖြစ်သွားကြသည်။ အခင်းအကျင်းပြားများကို ကိုင်စွဲထားသော ကျင့်ကြံသူများမှာ ကျိုယိုမိစ္ဆာများကို သတ်ဖြတ်ချေမှုန်းရန် စတင်လိုက်ကြ၏။ ခဏတာအတွင်းမှာပင်၊ ယခင်က ကြေမွသွားခဲ့သော ကာကွယ်ရေးစည်းများမှာ ပြောင်းပြန်လှန်သွားပြီး၊ ကျိုယိုမိစ္ဆာ အများအပြားမှာ သတ်ဖြတ်ခံလိုက်ရသည်။
အင်မော်တယ် အခင်းအကျင်း တစ်ခုပြီးတစ်ခုက အနက်ရောင် မြူခိုးများကို လွှမ်းခြုံသွားပြီး၊ တိုးဝင်လာသော ကျိုယို မိစ္ဆာများကို အတွင်း၌ ပိတ်မိနေစေသည်။ အစစ်အမှန် စကြဝဠာ၏ ကျင့်ကြံသူများမှာ အသက်ရှူချောင်ခွင့် တစ်ချက် ရရှိသွားကြသော်လည်း၊ မျက်နှာများမှာ ဖြူဖျော့နေပြီး၊ အများစုမှာ သူတို့၏ ကိုယ်ပေါ်တွင် သိသာထင်ရှားသော ဒဏ်ရာများ ရထားကြ၏။
သို့သော် ဤတိုတောင်းသော တိုက်ပွဲအတွင်းမှာပင်၊ အစစ်အမှန် စကြဝဠာမှ ကျင့်ကြံသူ
အများအပြား သေဆုံးသွားခဲ့သည်။ ပတ်ပတ်လည်ကို ကြည့်လိုက်ရာ၊ အလောင်းများမှာ နေရာတိုင်းတွင် ရှိနေ၏။ အချို့မှာ ကျိုယိုမိစ္ဆာများ၏ အလောင်းများ ဖြစ်ပြီး၊ အချို့မှာမူ သူတို့၏ မိတ်ဆွေများနှင့် မိသားစုဝင်များ ဖြစ်ကြသည်။
ဤသည်က အစစ်အမှန် စကြဝဠာ၏ ကျင့်ကြံသူများကို မျက်လုံးများ နီရဲသွားစေသည်။ သူတို့က အနက်ရောင်မြူခိုးများထဲမှ အဆက်မပြတ် တိုးထွက်လာသော ကျိုယိုမိစ္ဆာများကို
စားမတတ်၊ ဝါးမတတ် စူးစူးရဲရဲ ကြည့်နေကြတော့သည်။
ထျန်းမင်ဧရိယာတွင်၊ လုရီပေးအပ်သော အရင်းအမြစ်များ တိုးပွားလာသည်နှင့်အမျှ၊ သူ၏ မိတ်ဆွေများနှင့် မိသားစုဝင်များ၏ စွမ်းအားမှာ တဖြည်းဖြည်း တိုးတက်လာခဲ့သည်။
ကောင်းကင်နဂါး သူတော်စင်သားတော်နှင့်
ကျန့်ဖန်ကဲ့သို့သော အတော်အသင့် ပါရမီရှိသော ကျင့်ကြံသူများမှာ မကြာသေးမီကမှ ရွှေ
အင်မော်တယ် နယ်ပယ်သို့ ရောက်ရှိခဲ့ကြ၏။ မဟာတိုက်ပွဲကြီးတွင် ပါဝင် ဆင်နွှဲရန် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။ ယွီမိသားစု၏ ကျင့်ကြံသူများစွာနှင့်အတူ၊ ပြင်းထန်သော တိုက်ပွဲထဲတွင်၊ ပိုင်ယွိိီလုံ၊ ထျဲ့မန်၊ နှင့် ကောင်းကင်နန်းတော်သူတော်စင်သားတော်နှင့် သူတော်စင် သမီးတော်တို့မှာ သေဆုံးသွားခဲ့ကြ၏။
သူတို့၏ကိုယ်များမှာ ဟင်းလင်းပြင်ထဲတွင်
မျောလွင့်နေသည်။
ကျန့်ဖန်နှင့် ကောင်းကင် နဂါးသူတော်စင်
သားတော်တို့မှာ အနည်းငယ် မှင်သက်မိနေကြသည်။ ထို့နောက်၊ သူတို့သည် အင်မော်တယ်အခင်းအကျင်း၏ လားရာကို လှမ်းမျှော်ကြည့်လိုက်ကြပြီး၊ ကောင်းကင်နဂါး သူတော်စင်
သားတော်က အသံတိုးတိုးဖြင့် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“ယုတ်မာတဲ့ ကျိုယိုမိစ္ဆာတွေ။”
ကျန့်ဖန်က ပိုင်ယွိီလုံနှင့် ထျဲ့မန်တို့၏ အသက်မဲ့သော ကိုယ်များကို ကြည့်လိုက်ပြီး၊ ဖြည်းညင်းစွာ မျက်လုံးများကို မှိတ်လိုက်ကာ၊ ညင်သာစွာ ဆိုလိုက်၏။
“အရင်ဆုံး ကိုယ့်ကိုယ်ကို သက်သာအောင် လုပ်ကြရအောင်။ ဂျူနီယာ ညီလေးလုရီ ချန်ထားခဲ့တဲ့ အခင်းအကျင်းပြားတွေက အားကောင်းပေမဲ့၊ စွမ်းအင်အမြောက်အများ သုံးစွဲရတယ် လေ။ သူချန်ထားခဲ့တဲ့ ကြယ်တာရာခြင်ဆီနဲ့ ကြယ်တာရာအမြုတေတွေ ဘယ်တော့ကုန်သွားမလဲ ငါတို့
မသိနိုင်ဘူး။ အဲ့ဒီအခါကျရင်၊ နောက်ထပ် မဟာတိုက်ပွဲကြီးတစ်ခု ဆင်နွှဲရဦးမှာပဲ။”
ဖုန်းပုမင်၊ လေ့ယင် သူတော်စင် သမီးတော်နှင့် အခြားသူများမှာ ကျန့်ဖန် စကားကို ခပ်ဖွဖွ ခေါင်းညိတ်လိုက်ကြပြီး၊ ဟင်းလင်းပြင်ထဲတွင် တင်ပျဉ်ခွေထိုင်ကာ သူတို့၏ ဒဏ်ရာများကို
ပြန်လည် ကုသနေကြတော့သည်။
…
အချိန်များ ကုန်လွန်သွားပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် အနှစ်လေးဆယ် ကုန်လွန်သွားခဲ့သည်။
မတူညီသော နေရာလပ်ထဲတွင်၊ ပြင်းထန်သော တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေဆဲပင်။
အစစ်အမှန် စကြဝဠာ၏ အင်မော်တယ်ဘုရင်များ၏ ထက်ဝက်ကျော်မှာ သေသူက သေ၊ ဒဏ်ရာရသူက ရနေကြသည်။ ကျန်ရှိသူ
အများစုမှာလည်း မရှုမလှ ဒဏ်ရာရထားကြသည်။ ကျိုယိုအင်မော်တယ် ဘုရင်များမှာလည်း ပြင်းထန်သော တိုက်ပွဲတွင် သိသာထင်ရှားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရသော်လည်း၊
သူတို့၏ အရေအတွက်မှာ မူလကတည်းက အစစ်အမှန် စကြဝဠာမှ အင်မော်တယ် ဘုရင်များထက် များစွာ ကျော်လွန်နေသောကြောင့်၊ ယခုအခါတွင်မူ ပို၍ပင် များပြားစွာ ကျန်ရှိနေသေးသည်။
တိုက်ပွဲမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာရှည်လာပြီး၊ အစစ်အမှန် စကြဝဠာ၏ အင်မော်တယ်
ဘုရင်များအတွင်းမှ တာအိုစွမ်းအင်မှာ ကုန်ခမ်းရတော့မည်။ သူတို့သည် မူလဇာစ်မြစ် အင်မော်တယ်
သိုင်းစွမ်းရည်များကိုပင်
ထုတ်မသုံးနိုင်တော့ပေ။
ယခုပုံအတိုင်းသာ ဆက်သွားပါက၊ သူတို့သည် အနီးကပ် တိုက်ခိုက်ရန်အတွက် သူတို့၏
အင်မော်တယ် ဘုရင် ကိုယ်ထည်များကိုသာ အားကိုးရတော့မည် ဖြစ်သည်။ ကျိုယို
အင်မော်တယ် ဘုရင်များမှာလည်း စွမ်းအား အများအပြား သုံးစွဲကြုံတွေ့ခဲ့ရသော်လည်း၊ အရေအတွက် များပြားမှုကြောင့်၊ အနီးကပ် တိုက်ခိုက်ရာတွင်ပင် ကျိုယိုဘက်က လုံးဝ အားသာချက်
ရှိနေသည်။
"အား..."
ဤအခိုက်အတန့်တွင်၊ မချိမဆန့် နာကျင်သော အော်ဟစ်သံ တစ်ခု ပဲ့တင်ထပ်သွားသည်။
မီးလျှံနီ အင်မော်တယ် ဘုရင်၏ အသိစိတ်မှာ မှေးမှိန်သွားပြီး၊ သူက အော်ဟစ်သံလာရာ လားရာကို လှမ်းမျှော်ကြည့်လိုက်၏။
မီတာ ဆယ်မီတာကျော် မြင့်သော လူသန်ကြီးတစ်ဦးမှာ ကျိုယို အင်မော်တယ် ဘုရင်များစွာ လက်ချက်ဖြင့် အပိုင်းပိုင်း စုတ်ဖြဲခံလိုက်ရပြီး၊ အင်မော်တယ် ဘုရင်သွေးများမှာ မတူညီသော နေရာလပ်တစ်လျှောက် ပက်ဖျန်းသွားလေသည်။