← Chapters

တန်ပြန်သတ်ဖြတ်ခြင်း...

Vol. 58 Ch. 863

တန်ပြန်သတ်ဖြတ်ခြင်း...

Vol. 58 Ch. 863

~မီးလျှံနီ အင်မော်တယ်ဘုရင်သည် ကျိုယိုမိစ္ဆာများ ပိုမိုနီးကပ်လာသည်ကို ခံစားမိပြီး၊ မိမိကိုယ်မိမိ အာရုံစိုက်ရန် အတင်းအကျပ် ဖိအားပေးလိုက်သည်။ သူ၏အကြည့်ကို ပတ်ပတ်လည်သို့ ပို့လွှတ်လိုက်ရင်း သူ၏အကန့်အသတ်သို့ နီးကပ်နေပြီ ဖြစ်ကြောင်း နားလည်သွားသည်။

သူက အနည်းငယ် ပင့်သက်ချလိုက်ပြီး အတော်လေး မှင်တက်မိနေသည်။

ယခုအခါ သူ၏ မီးလျှံနီမျိုးနွယ်က သူ၏ အကာအကွယ်အောက်တွင် ပူပင်သောကကင်းမဲ့စွာ လေ့ကျင့်နေကြသော ကျယ်ပြန့်သည့် မီးလျှံနီဂြိုဟ်တစ်ခုကို မြင်တွေ့လိုက်ရသည့်အလား ရှိနေသည်။

ဝမ်းနည်းစရာမှာ၊ အစစ်အမှန် စကြဝဠာထဲသို့ ဝင်ရောက်ပြီးနောက် မကြာမီမှာပင်၊ မီးလျှံနီအင်မော်တယ်ဘုရင်သည် သူ၏စွမ်းအား၏ ပုံရိပ်ကို ခံစားမိပြီး၊ မီးလျှံနီ မျိုးနွယ်၏ လက်ရှိအခြေအနေကို သိရှိရန် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုခဲ့သည်။ ဤအရာအားလုံးမှာ ဘယ်တော့မှ ပြန်မရောက်လာ

နိုင်တော့သည့်အလား ထင်ရလေသည်။

မတူညီသော နေရာလပ်၏ အလယ်ဗဟိုတွင်၊ အင်မော်တယ်အင်ပါယာ ငါးပါးမှာ မရေမတွက်နိုင်သော ကျိုယိုအင်မော်တယ် အင်ပါယာများနှင့် ကျိုယို မိစ္ဆာနတ်ဘုရားများ၏ တိုက်ခိုက်မှုများကို ခုခံနေကြဆဲပင်။ သူတို့၏အရှိန်အဝါမှာ ယခင်ကထက် သိသိသာသာ အားနည်းသွားပြီး၊ ပတ်ဝန်းကျင်မှ အတွင်းစကြဝဠာပင်လျှင် များစွာ မှိန်ဖျော့သွားခဲ့သည်။

သို့သော်လည်း၊ သူတို့၏အခြေအနေမှာ အင်မော်တယ်ဘုရင်အဆင့်ရှိသူများထက် များစွာ ပိုကောင်းနေ၏။အကယ်၍သာ ယခင်ကဆိုလျှင် ဤအတိုင်းအတာအထိ ခုခံထားနိုင်မည် မဟုတ်ပေ။ သို့သော် ဖရိုဖရဲချီကို စုပ်ယူချေဖျက်ပြီးနောက်၊ သူတို့၏ စွမ်းအားမှာ မနည်း တောင့်ခံထားနိုင်လောက်အောင် တိုးတက်လာခဲ့သည်။

သို့တိုင်အောင်ပင်၊ သူတို့မှာ စိတ်နှလုံးလေးလံနေဆဲပင်။ အကြောင်းမှာတော့ ကျိုယို အင်မော်တယ်အင်ပါယာများနှင့် ကျိုယို မိစ္ဆာနတ်ဘုရားများမှာ အခြေအနေ ပိုကောင်းနေပြီး၊

သူတို့၏ အတွင်းပိုင်း တာအိုစွမ်းအင်များ ကုန်ဆုံးလာသည်နှင့်အမျှ သူတို့အပေါ်မှ ဖိအားမှာ တိုး၍ ၊ တိုး၍ ကြီးမားလာသောကြောင့်တည်း။

“ဟားဟားဟားဟား။ မင်းတို့ ဘယ်လောက်

ကြာကြာ တောင့်ခံထားနိုင်ဦးမှာလဲ။ သုံးနှစ်လား။ ငါးနှစ်လား။ ဒီလောက် တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ၊ အဲ့ဒီလူသားက ဘာလုပ်နိုင်မှာလဲ။”

“မင်းတို့သာ ငါတို့နဲ့ ပူးပေါင်းဖို့ ရွေးချယ်ခဲ့ရင်၊

ဒီလောက် စိတ်ပျက်စရာ ကောင်းတဲ့ အခြေအနေထဲကို ကျရောက်ခဲ့မှာ မဟုတ်ဘူး။”

“ဒါတွေ အားလုံးက မင်းတို့ရဲ့ ရွေးချယ်မှုပဲ။

မင်းတို့ရဲ့ကံကြမ္မာကို လက်ခံလိုက်တော့။ ငါတို့ မင်းတို့ကို သတ်ပြီးတာနဲ့၊ အတွင်းက လူသားတွေကို ချေမှုန်းပစ်မယ်။ ဖရိုဖရဲချီကို စတင် စုပ်ယူပြီး၊ ဒီတာအို ကမ္ဘာကို ကျော်လွန်သွားကြမှာကွ၊ ဟီးဟီးဟီး။”

“…”

ကျိုယို မိစ္ဆာနတ်ဘုရားများနှင့် ကျိုယိုအင်မော်တယ်အင်ပါယာများ၏ အသံများက ပဲ့တင်ထပ်လာပြီး၊ အင်မော်တယ်အင်ပါယာများ၏ စိတ်ထဲသို့ တိုက်ရိုက်ဝင်ရောက်လာ၏။ အင်မော်တယ်အင်ပါယာများ၏စိတ်ဆန္ဒကို အားနည်းစေရန်နှင့် ရင်တွင်း စိတ်ပျက်အားလျော့မှုကို လှုံ့ဆော်ရန် ကြိုးပမ်းနေကြခြင်းပင်။

အင်မော်တယ်အင်ပါယာများမှာ တည်ငြိမ်နေဆဲဖြစ်ပြီး၊ တိုက်ခိုက်မှုများကို စနစ်တကျ ဆက်လက်ခုခံနေကြသည်။

ကံကြမ္မာအင်မော်တယ်အင်ပါယာက အေးစက်စွာ မထီမဲ့မြင် ကဲ့ရဲ့လိုက်သည်။

“ဒီလို အသေးအဖွဲ ပရိယာယ်တွေနဲ့တော့

လာမကစားနဲ့။”

“ဟားဟားဟားဟား… ငါတို့သေရင်ရော ဘာဖြစ်လဲ။ မင်းတို့လို ယုတ်မာတဲ့ ကျိုယိုမိစ္ဆာတွေနဲ့ ပူးပေါင်းမယ် ဟုတ်လား။ အိပ်မက် မက်နေစမ်း။”

“ဟမ့်… နောက်ဆုံးမှာ ရယ်ရမယ့်သူတွေက မင်းတို့ ဖြစ်ပါ့မလား”

“…”

ကျိုယိုအင်မော်တယ် အင်ပါယာများနှင့် ကျိုယို မိစ္ဆာနတ်ဘုရားများမှာ ဤသည်ကို ကြားသောအခါ တိတ်ဆိတ်သွားကြပြီး၊

အသည်းအသန် ပြန်လည်လစတင်တိုက်ခိုက်လိုက်ကြ၏။ အင်မော်တယ် အင်ပါယာများကို အနားယူခွင့် မပေးတော့ပေ။

"ဘုန်း.. ဘုန်း.. ဘုန်း.. ဘုန်း.."

တာအိုစွမ်းအင်များက မတူညီသော နေရာလပ်အတွင်း၌ တဟုန်ထိုးထွက်ပေါ်လာပြီး၊ နောက်ဆက်တွဲအားလှိုင်းအကြွင်းအကျန်များက ဧရိယာကို ဖျက်ဆီးကာ၊ နေရာလပ်ကို အကြိမ်ကြိမ်အခါခါ စုတ်ဖြဲပစ်လိုက်၏။

သို့သော်လည်း၊ နေရာလပ်တစ်ခုလုံးကို ဖုံးလွှမ်းထားသော ဖရိုဖရဲချီက ထိခိုက်မှုများ လွတ်ထွက်သွားခြင်းမှ တားဆီးထားလေသည်။

ယခု အခိုက်အတန့်တွင်၊ ဖရိုဖရဲချီမှာ စတင်

တုန်ခါလာပြီး၊ အသည်းထိတ်ဖွယ် ကောင်းသော လှိုင်းလုံးကြီးတစ်ခု အဖြစ်သို့ ဖွဲ့စည်းကာ၊ အရပ်လေးမျက်နှာသို့ တဟုန်ထိုး ပျံ့နှံ့သွားသည့်အလား ရှိနေသည်။ ဤမြင်ကွင်းကို မြင်သော်၊

မတူညီသော နေရာလပ်ထဲမှ ကျင့်ကြံသူ အားလုံးမှာ တုန်လှုပ်သွားကြသည်။

ထို့နောက်၊ အင်မော်တယ် အင်ပါယာများ၏ နောက်တွင်၊ စက်လုံး ပုံသဏ္ဌာန် ဖရိုဖရဲချီမှာ အတွင်းမှ တစ်စုံတစ်ခု၏ စုပ်ယူခံလိုက်ရသည့်အလား၊ ဖြည်းညင်းစွာ အတွင်းဘက်သို့ ပြိုကျသွား၏။ ဖရိုဖရဲချီ၏ နောက်တွင် ကြက်သွေးရောင်ရွှေရောင် အလွှာတစ်ခုကို ထုတ်ဖော်ပြသလာသည်။

ဖရိုဖရဲချီမှာ အလွှာနှင့် ပေါင်းစည်းသွားပြီး၊ ၎င်းကို တဖြည်းဖြည်း ပို၍ တောက်ပကာ ပို၍ ပူလောင်လာစေသည်။

အနီးအနားမှ အင်မော်တယ် အင်ပါယာများပင်လျှင် နောက်မှ ကြောက်မက်ဖွယ်အပူရှိန်ကို ခံစားလိုက်ရပြီး၊ အရေပြားများ အနည်းငယ် စပ်ဖျဉ်းဖျဉ်းဖြစ်လာသည်။

သို့သော် သူတို့၏မျက်နှာအမူအရာများမှာ ဝမ်းသာအယ်လဲ ဖြစ်နေ၏။

“ကြည့်ရတာ အဲ့ဒီ ကောင်လေး အဆင်ပြေသွားပြီလား။”

“ဒီလောက် များတဲ့ ဖရိုဖရဲချီကို ဒီအတိုင်းကြီး စုပ်ယူလိုက်တာပဲ။ အဲ့ဒီကယ်တင်ရှင်ရဲ့ စွမ်းအားက သိသိသာသာ တိုးတက်လာခဲ့မှာပဲ။”

ထိုသို့ အင်မော်တယ် အင်ပါယာများ ပျော်ရွှင်နေစဉ်မှာပင်၊ ကျိုယိုအင်မော်တယ် အင်ပါယာများနှင့် ကျိုယို မိစ္ဆာနတ်ဘုရားများ၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားသည်။

ထိုသူတို့က အသံမြှင့်၍ ဟိန်းဟောက်ကာ တိုက်ခိုက်မှုများကို ပိုမိုပြင်းထန်စေတော့သည်။

အင်မော်တယ် အင်ပါယာများ၏ ကာကွယ်ရေးကို ဖောက်ထွက်ပြီး ကြက်သွေးရောင် အလွှာအတွင်းမှ လူသား ကျင့်ကြံသူ၏ အားဖြည့်မှုကို တတ်နိုင်သမျှ အမြန်ဆုံး နှောင့်ယှက်ရန် ရည်ရွယ်နေကြသည်။

“ဟားဟားဟား။ စိတ်မရှည်တော့ဘူးလား။”

အင်မော်တယ် အင်ပါယာများအပေါ်မှ ဖိအားမှာ သိသိသာသာ တိုးလာသော်လည်း၊ ဤသို့သော တိုက်ခိုက်မှုများကို ရင်ဆိုင်ရာတွင် သူတို့ မျက်နှာမှာ အပြုံးများပင် ဝေဆာနေကြသည်။

အကြောင်းမှာတော့ တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးမှာ ပေါ်ပေါက်လာတော့မည် ဖြစ်သောကြောင့်တည်း။

ကံကြမ္မာအင်မော်တယ် အင်ပါယာသည် အမှောင်အလင်းတိုင် တစ်ခုပြီးတစ်ခု ထိမှန် ခံလိုက်ရပြီး၊ သွေးများ ထပ်တလဲလဲ အန်ထုတ်နေရသော်လည်း၊ မျက်နှာမှာ အပြုံးအပြည့်ဖြင့် ရှိနေသည်။

“ငါ ကံကြမ္မာရဲ့ အပြောင်းအလဲ တစ်ခုကို မြင်နေရတယ်။ ကံဆိုးမိုးမှောင်ကျမှုက မင်းတို့ကို လွှမ်းခြုံနေပြီ။”

“ တောက်..စကားများတယ်။”

ကျိုယိုအင်မော်တယ် အင်ပါယာများနှင့် ကျိုယိုမိစ္ဆာနတ်ဘုရားများမှာ တစ်ဖန် ပြန်၍ ငေါက်ငမ်းလိုက်ကြပြီး၊ ကံကြမ္မာ အင်မော်တယ် အင်ပါယာကို သွေးအန်စေသော တိုက်ခိုက်မှုများကို ထုတ်လွှတ်လိုက်ကြသည်။

သို့တိုင်အောင်ပင်၊ ကံကြမ္မာအင်မော်တယ်

အင်ပါယာသည် ခြေတစ်လှမ်းမျှ နောက်မဆုတ်ဘဲ၊ ကံကြမ္မာမြစ်မှ စွမ်းအားကို ငှားယူကာ၊ ကြက်သွေးရောင် အလွှာ၏ ရှေ့မှောက်တွင် တည်ငြိမ်စွာ ကာကွယ်နေသည်။

အဝေးမှ အင်မော်တယ်ဘုရင်များ၏ စစ်မြေပြင်တွင်၊ မူလက စိတ်ဓာတ်ကျနေသော မီးလျှံနီ မျိုးနွယ် အင်မော်တယ်ဘုရင်သည် ကြက်သွေးရောင်အလွှာ ထိန်ငြီးနေအောင် ထွန်းလင်းနေသည်ကို မြင်သောအခါ သူ၏ စိတ်နှလုံးထဲတွင် တုန်လှုပ်သွားရသည်။

တစ်ဆက်တည်း၌ သူ၏ ကိုယ်ပိုင်မူလဇာစ်မြစ်ကို ဖော်ထုတ်ကာ၊ သူ၏ အလားအလာကို နက်ရှိုင်းစွာ တူးဖော်ရင်း၊ တိုးဝင်လာသော ကျိုယိုအင်မော်တယ် ဘုရင်ကို အသစ်တဖန်၊ ပြင်းထန်သော ရှင်သန်လိုစိတ်ဖြင့် ရင်ဆိုင်လိုက်သည်။

*မီးလျှံနီ မျိုးနွယ် မရှိတော့ဘူး။ ဒါပေမဲ့ ငါ ရှိနေသေးတယ်။ ငါ ရှိနေသရွေ့၊ မီးလျှံနီ မျိုးနွယ်

မပျောက်ကွယ်ဘူး။*

*ငါ အသက်ရှင်ရမယ်။ မီးလျှံနီ မျိုးနွယ်ကို

တစ်ဖန်ပြန်ပြီး လက်ဆင့်ကမ်းဖို့။*

All Chapters