တန်ပြန်သတ်ဖြတ်ခြင်း (၂)...
Vol. 58 Ch. 864
~နှစ်ဖက်ကြားမှ မူလကတည်းက ပြင်းထန်နေသော တိုက်ပွဲမှာ ကြက်သွေးရောင်အလွှာ၏ မကြုံစဖူးသော အပြောင်းအလဲအပြီးတွင် အဆင့်သစ်တစ်ခုသို့ မြင့်တက်သွားတော့သည်။
သို့သော် ဤသို့သော အပြောင်းအလဲများမှာ ကြာရှည်မခံခဲ့ပေ။ လအနည်းငယ်မျှအကြာတွင်၊ ကြက်သွေးရောင်အလွှာမှာ ပို၍ပို၍ တောက်ပလာပြီး၊ အင်မော်တယ်အင်ပါယာများပင်လျှင် အလွန်နီးကပ်စွာ မနေနိုင်တော့ပေ။ သို့မဟုတ်ပါက ပြင်းထန်သော မီးလောင်ဒဏ်ရာများ ခံစားရနိုင်လေသည်။
ကျိုယိုအင်မော်တယ် အင်ပါယာများနှင့် ကျိုယိုမိစ္ဆာနတ်ဘုရားများ၏ မျက်နှာများမှာ တဖြည်းဖြည်း ပို၍လေးနက်လာသည်။
ကြက်သွေးရောင်အလွှာအတွင်းမှ အားကောင်းသော တည်ရှိမှုကို ခံစားမိသည်နှင့်အမျှ
သူတို့၏ စိတ်နှလုံးများမှာ
တစ်စထက်တစ်စ ပို၍မငြိမ်မသက်ဖြစ်လာကြသည်။
ဤအချိန်တွင်၊ ကြက်သွေးရောင် အကာအကွယ် အလွှာမှာ ဖြည်းညင်းစွာ ကြက်သွေးရောင်ရွှေရောင်မီးတောက် အစုအဝေးများအဖြစ်သို့ ပျော်ဝင်သွားပြီး၊ အတွင်းမှ ပုံရိပ်ကို ထုတ်ဖော်ပြသလိုက်သည်။
လုရီသည် ဟင်းလင်းပြင်ထဲတွင် တင်ပျဉ်ခွေထိုင်နေပြီး၊ ဖရိုဖရဲချီအမျှင်တန်းများက သူ့ပတ်လည်တွင် ဝေ့ဝဲနေသည်။ သူ၏ နဖူးပြင်ထက်တွင်၊ ယင်ယန် တာအိုအင်းကွက်မှာ တဖျပ်ဖျပ်လက်နေ၏။ အင်းကွက်မှာ ယခင်ကထက် ပို၍ ဆန်းကြယ်ပြီး ရှုပ်ထွေးနေကာ၊ ဖရိုဖရဲ တာအိုအင်းကွက်ဖြင့် ပေါင်းစပ် ထည့်သွင်းထားသည်။
ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ရာ၊ ဖရိုဖရဲအလင်းများ သူ၏မျက်လုံးများအတွင်း၌
တဖျပ်ဖျပ်လက်နေသည်။ လုရီ၏အရှိန်အဝါမှာ
မတူညီသော နေရာလပ်ထဲသို့ ပျောက်ကွယ်သွားသည့်အလား၊ ဖရိုဖရဲချီနှင့် ရောနှောသွားကာ၊ သာမန်လူ တစ်ယောက်ကဲ့သို့ပင် ဖြစ်နေသည်။
သို့သော် သူတို့ လုရီကို မြင်လိုက်သည့်အခိုက်အတန့်တွင်၊ ကျိုယို အင်မော်တယ်
အင်ပါယာများနှင့် ကျိုယို မိစ္ဆာနတ်ဘုရားများမှာ အားလုံး တုန်လှုပ်သွားကြပြီး၊ အံ့အားသင့်သောအမူအရာများကို ပြသလိုက်ကြသည်။
သူတို့သည် သေစေနိုင်သော ခြိမ်းခြောက်မှုတစ်ခုကို ခံစားလိုက်ရသည်။
လုရီသည် သူ့အတွင်းမှ တဟုန်ထိုးထွက်ပေါ်နေသော ဖရိုဖရဲချီကို တည်ငြိမ်စွာ ထိန်းချုပ်လိုက်သည်။ သူ၏လက်ရှိကျင့်ကြံခြင်းအခြေခံဖြင့်၊ သူ ပေါင်းစည်းနိုင်သော ဖရိုဖရဲချီပမာဏမှာ အကန့်အသတ်တစ်ခုသို့ ရောက်ရှိနေလေပြီ။
ဆက်လက်ပေါင်းစည်းလိုပါက၊ သူ၏စွမ်းအား ပိုမိုတိုးတက်လာသည်အထိ စောင့်ဆိုင်းရပေမည်။ လုရီ၏ မူလအစီအစဉ်မှာ နှစ်ငါးဆယ်ခန့်တွင် တံခါးပိတ် ကျင့်ကြံမှုမှ ထွက်လာရန် ဖြစ်သော်လည်း၊ သူသည် အချိန်ဇယားထက် စော၍ ထွက်ပေါ်လာရန်မှတစ်ပါး အခြား ရွေးချယ်စရာ
မရှိခဲ့ပေ။
သို့တိုင်အောင်ပင်၊ သူ့အတွင်းမှ တဟုန်ထိုးထွက်ပေါ်နေသော ဖရိုဖရဲချီနှင့် သူ၏ ယခင်စွမ်းအားကို များစွာ ကျော်လွန်နေသော စွမ်းပကားကို ခံစားမ်လိုက်၏။ လုရီမှာ ယုံကြည်ချက်များဖြင့် ပြည့်နှက်နေ၏။
ဖြည်းညင်းစွာ ခေါင်းမော့လိုက်ပြီး၊ ပတ်ဝန်းကျင်မှ မတူညီသော နေရာလပ်ကို စစ်ဆေးကြည့်လိုက်ရာ၊ မြင်ကွင်းအားလုံးမှာ သူ၏ စိတ်ထဲတွင် ချက်ချင်း ပေါ်လာခဲ့သည်။
အလောင်းများမှာ မတူညီသော နေရာလပ်ထဲတွင် နေရာအနှံ့ မျောလွင့်နေကြသည်။ အစစ်အမှန်စကြဝဠာမှ အင်မော်တယ်ဘုရင်များစွာ သေဆုံးခဲ့ကြကာ၊ နှစ်ဆယ်မပြည့်သော အရေအတွက်သာ ရှင်ကျန်နေတော့သည်။
သို့သော် အင်မော်တယ် အင်ပါယာ
ငါးဦးလုံးမှာမူ အသက်ရှင်နေကြဆဲ
ဖြစ်သော်လည်း၊ အလွန်တရာ အားနည်းသော အရှိန်အဝါများဖြင့်သာ ရှိနေကြသည်။
လုရီမှာ အခြေအနေကို လျင်မြန်စွာ နားလည်သွားပြီး အနည်းငယ် စိတ်သက်သာရာ ရသွား၏။
သူ စောစီးစွာ ထွက်လာခဲ့သောကြောင့် ကံကောင်းသည်။ လက်ရှိအခြေအနေအရ၊ အများဆုံး ငါးနှစ်အတွင်းမှာပင်၊ အင်မော်တယ် အင်ပါယာများသည် ကျိုယိုအင်မော်တယ်
အင်ပါယာများနှင့် ကျိုယိုမိစ္ဆာ နတ်ဘုရားများထံမှ ဝိုင်းရံတိုက်ခိုက်မှုကို ခုခံနိုင်စွမ်း မရှိတော့ချေ။
ထိုအခါကျလျှင် သူသည် မတူညီသော နေရာလပ်ထဲတွင် တစ်ဦးတည်းသော ရှင်ကျန်သူ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
အခြေအနေကို အတည်ပြုပြီးနောက်၊ လုရီက သူ၏ မိတ်ဆွေဟောင်း၊ (ကျိုယိုစစ်မြေပြင်တွင် ပုံရိပ်ယောင်အဖြစ် မကြာခဏ ကြုံတွေ့ခဲ့ရသော လူသားပုံသဏ္ဌာန် )ကျိုယိုမိစ္ဆာနတ်ဘုရားဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။
လူသားပုံသဏ္ဌာန် ကျိုယိုမိစ္ဆာနတ်ဘုရားသည် လုရီ၏ အကြည့်ကို သတိပြုမိသွားပြီး၊ သူ၏ကြက်သွေးရောင်မျက်လုံးများမှာ မကြာခဏ တဖျပ်ဖျပ်လက်နေ၏။
ကျိုယိုချီများတဟုန်ထိုး ထွက်ပေါ်လာပြီး၊ လုရီကို သတိကြီးစွာဖြင့် စိုက်ကြည့်နေသည်။
အခြားသော ကျိုယိုအင်မော်တယ်အင်ပါယာများနှင့် ကျိုယိုမိစ္ဆာနတ်ဘုရားများမှာလည်း လုရီကို သတိဖြင့် ကြည့်ရှုနေကြ၏။
ဤအခိုက်အတန့်တွင်၊ လုရီ၏ ကိုယ်သည် ရုတ်တရက် ပျောက်ကွယ်သွားပြီး၊ လူသားပုံသဏ္ဌာန် ကျိုယိုမိစ္ဆာနတ်ဘုရား၏ နောက်တွင် ပြန်ပေါ်လာခဲ့သည်။
လူသားပုံသဏ္ဌာန် ကျိုယိုမိစ္ဆာနတ်ဘုရားမှာမူ သတိမပြုမိသည့်အလား၊ လုရီ၏ မူလနေရာကိုသာ စူးစိုက်ကြည့်နေဆဲပင်။
နောက်တစ်ခဏတွင်၊ လူသားပုံသဏ္ဌာန် ကျိုယိုမိစ္ဆာနတ်ဘုရား၏ တစ်ကိုယ်လုံးပေါ်တွင် အက်ကွဲကြောင်းများ ရုတ်ချည်း ပေါ်ပေါက်လာလေ၏။ အက်ကွဲကြောင်းများ အရေအတွက်မှာ တိုး၍တိုး၍ များပြားလာကာ၊ ကျိုးပဲ့သွားသော နေရာများမှ ရွှေရောင်အလင်းများ ထုတ်လွှတ်နေပြီး၊ ရွှေနီရောင်နေတစ်စင်း အတွင်းမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည့်အလား ရှိနေသည်။
ထိုအခါမှသာ အခြားသော ကျိုယိုမိစ္ဆာများနှင့် ကျိုယိုအင်မော်တယ်အင်ပါယာများမှာ တစ်ခုခု လွဲချော်နေပြီဖြစ်ကြောင်း သဘောပေါက်သွားကြသည်။
သူတို့သည် မလှုပ်မယှက်ဖြစ်နေသော လူသားပုံသဏ္ဌာန် ကျိုယိုမိစ္ဆာနတ်ဘုရားဆီသို့ လှမ်းမျှော်ကြည့်လိုက်ကြပြီး၊ သူ၏နောက်တွင် လုရီကို မြင်တွေ့လိုက်ရသောအခါ၊ သူတို့၏ဝိညာဉ်များမှာ ထိတ်လန့်တကြား ထွက်ပြေးသွားကြတော့သည်။
ချက်ချင်းဆိုသလို၊ သူတို့သည် လုရီနှင့် လူသားပုံသဏ္ဌာန် ကျိုယိုမိစ္ဆာနတ်ဘုရားထံမှ အဝေးသို့ ခွာလိုက်ကြပြီး၊ အလင်းနှစ်ပေါင်းများစွာ ပျံသန်းသွားကြသည်။
အသက်ရှူချိန်အနည်းငယ်အကြာတွင်၊ မလှုပ်မယှက်ဖြစ်နေခဲ့သော လူသားပုံသဏ္ဌာန် ကျိုယိုမိစ္ဆာနတ်ဘုရားမှာ အပိုင်းပိုင်းအစအစများအဖြစ်သို့ ပြိုကွဲသွား၏။ တိုက်စားနေသော ရွှေရောင်အလင်းတန်းအောက်တွင် ခြေရာ လက်ရာ စိုးစဉ်းမျှ မကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။ မတူညီသော နေရာလပ်တွင် လှိုင်းဂယက် တစ်ခုမျှပင် မဖြစ်ပေါ်စေဘဲ၊ နောက်ဆက်တွဲ
သက်ရောက်မှုများလည်း မပြန့်ကျဲခဲ့ပေ။
စွမ်းအားအားလုံးမှာ လူသားပုံသဏ္ဌာန် ကျိုယိုမိစ္ဆာနတ်ဘုရား၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး၊ သူ၏သေဆုံးမှုနှင့်အတူ ပျောက်ကွယ်သွားသည့်အလား ရှိနေသည်။
ဤမြင်ကွင်းကို ကြည့်ရင်း၊ မတူညီသော နေရာလပ်တစ်ခုလုံးမှာ သုသာန်တစပြင်လို တိတ်ဆိတ်သွားလေသည်။
အင်မော်တယ်အင်ပါယာများ၊ ကျိုယိုအင်မော်တယ်အင်ပါယာများနှင့် ကျိုယိုမိစ္ဆာနတ်ဘုရားများပင်လျှင် လုံးဝ တုန်လှုပ်သွားကြသည်။
လုရီ ပြသခဲ့သော စွမ်းအားမှာ အင်မော်တယ်အင်ပါယာတစ်ပါး၏ အဆင့်ကို များစွာ ကျော်လွန်သွားခဲ့သည်ပင်။
အချို့သော အင်မော်တယ်
အင်ပါယာများမှာ ခန့်မှန်းခဲ့ကြသော်လည်း၊ ဖရိုဖရဲချီသည် တာအိုကမ္ဘာကို ကျော်လွန်သော စွမ်းအားတစ်ခု ဖြစ်ပြီး၊ လုရီ ဤမျှ များပြားသော ဖရိုဖရဲချီကို စုပ်ယူထားခြင်းက သူ၏ စွမ်းအားမှာ အလွန် ကြောက်မက်ဖွယ်ကောင်း
သင့်သည်ဟု ဆိုလိုနေသည်။
သို့သော် သူတို့သည် ဤမျှ လွှမ်းမိုးနိုင်သော စွမ်းအားကို မမျှော်လင့်ထားခဲ့ကြပေ။ ၎င်းက သူတို့ကို မှင်တက်သွားစေသည်။
ကျိုယိုမိစ္ဆာများနှင့် ကျိုယိုအင်မော်တယ် အင်ပါယာများမှာ လုရီကို ခက်ထန်စွာ ကြည့်နေကြပြီး၊ ဆုတ်ခွာရန် အတွေးများ ရှိနှင့်နေပြီ ဖြစ်သည်။
သူတို့သည် အတူတကွ စုစည်းရန် ကြိုးပမ်းကြသော်လည်း၊ နောက်တစ်ခဏတွင်၊ အသားတစ် နှင့်တူသော ကျိုယိုမိစ္ဆာနတ်ဘုရားတစ်ပါးမှာ ကြက်သွေးရောင်ရွှေရောင်မီးတောက်များဖြင့် မီးစွဲလောင်သွားသည်။
မီးတောက်များက ကျိုယိုမိစ္ဆာနတ်ဘုရားကို ချက်ချင်း လောသ်မြိုက်သွားပြီး၊ ၎င်းမှာ အော်ဟစ်ရန်ပင် အခွင့်အရေး မကျန်ခဲ့ပေ။