ဖန်ဆင်းရှင် မျိုးစေ့ စားပွဲတော်
Vol. 28 Ch. 355
လွန်ခဲ့သော ဆယ်ရက်တွင် ယွမ်ရှောင်၏ တိုက်ခိုက်ရေးစွမ်းအားသည် အစောပိုင်းအဆင့် ကောင်းကင်ခန်းဆောင်နယ်ပယ်ကို ယှဥ်နိုင်ခဲ့ပြီး လက်ရှိ၌ ပြည့်စုံခြင်းအဆင့်များကိုပင် ခုတ်ထစ်သတ်ဖြတ်နေခဲ့သည်။ နေမင်းသမီး၊ ဖုရှန်နှင့် ဖုကွေ့၏ အသေဆိုးကြောင့် ငရဲကိုးထပ်၏ ကျင့်ကြံသူများ အသက်ရှူရပ်မတတ် ဖြစ်သွားကာ ရက်ပိုင်းအတွင်း တစ်ဘဝစာ ကျင့်ကြံမှုကို ကျော်တက်သွားခြင်းမျိုးကြောင့် မည်သူမဆို တုန်လှုပ်သွားပေလိမ့်မည်။ ယခုအချိန်မှ စတင်၍ မည်သည့်မျိုးနွယ်ဝင်ဖြစ်ပါစေ ရန်သူများ၏ နှလုံးသားတွင် ကြောက်စိတ်တစ်ခု အမြစ်တွယ်လာ၏။
"တုန်လှုပ်မနေကြနဲ့။ ဒီကောင်က ဖြတ်လမ်းနည်း သုံးထားတာ ဖြစ်ရမယ်။ မကြာခင် ကျင့်စဥ်ဖောက်ပြန်သွားမှာပဲ"
အောင်းယွမ်သည် အော်ဟစ်သတိပေး၍ တိုက်ခိုက်လိုစိတ်အား ပြန်လည် မြှင့်တင်ပေးလိုက်သည်။
"မိတ်ဆွေတို့ မကောင်းဆိုးဝါး တစ်ကောင်ကို တောင်းပန်နေလို့ အပိုပဲ။ သူ့ကို သတ်လိုက်မှသာ ဒီပြဿနာကို တစ်ချက်တည်း အပြီးရှင်းပစ်နိုင်လိမ့်မယ်"
ဒေါသမျက်လုံးက အေးစက်စက် အော်ဟစ်ရင်း အနက်ရောင် မီးခိုးအဖြစ် ပြောင်းလဲကာ တိုက်ပွဲအတွင်း ဖြတ်သန်းရင်း ယွမ်ရှောင်ထံ ဦးတည်သွားခဲ့သည်။ မီးမိစ္ဆာနှင့် အဆောင်ဧကရာဇ် ဟန့်တားခံနေရသဖြင့် ထိုအုပ်စိုးသူနှစ်ယောက်မှာ ပစ်မှတ်ပြောင်းလဲလိုက်ကြပြီး သတ်ဖြတ်လိုစိတ် နက်ရှိုင်းနေ၏။
"သတ်ကြ"
ရန်သူများက အရှုံးမပေးလိုဟန်ဖြင့် မာန်ဖီဟိန်းဟောက်နေကြပြီး အတိတ်တွင် ထိပ်ဆုံး၌ ရပ်တည်ခဲ့သူများအဖို့ ယင်မိစ္ဆာများ၊ ဓားသမားများနှင့် ရေသူနတ်ဆိုးများကို ဦးညွှတ်ရန် မဖြစ်နိုင်ချေ။ ကြွေးကြော်သံများကြောင့် ရန်သူများသည် ကိုယ်စီ တိုက်ခိုက်နေသော ကျင့်ကြံသူများကို လျစ်လျူရှုကာ ယွမ်ရှောင်ထံ ပြေးထွက်လာရင်း တိုက်ကွက်ပေါင်းစုံ ပစ်လွှတ်လိုက်ကြ၏။ သို့ရာတွင် သူက တိုက်ကွက်များအကြား တည်ငြိမ်စွာ လှုပ်ရှားသွားလာနေရင်း ရန်သူများအား တစ်ကိုယ်တော် ရင်ဆိုင်နေသည်။ သူ အသက်ရှင်နေသရွေ့ တိုက်ခိုက်လာသော ရန်သူများမှာ နောက်ကျောဘက်ရှိ မူလဝိညာဥ်နယ်ပယ် ကျင့်ကြံသူသုံးယောက်၏ လက်အတွင်း ချေမှုန်းခံလိုက်ရပေလိမ့်မည်။

"ဒေါသမျက်လုံး အောင်းယွမ် သူ့ကို သတ်ပစ်စမ်း"
မီးမိစ္ဆာက ဒေါသတကြီး အမိန့်ပေးလိုက်ပြီး ဖီးနစ်ဧကရီ၏ လျင်မြန်သော လှုပ်ရှားမှုများကြောင့် ထိုးဖောက်ချိုးဖျက်ရန် အကြိမ်ကြိမ် တားဆီးခံနေရသည်။
"မင်း ရူးနေတာလား။ ဓားကျင့်ကြံသူတွေ မြင့်တက်လာရင် ကုန်းနတ်ဆိုးတွေ ဓားစက်ကွင်းအတွက် အစာဖြစ်သွားလိမ့်မယ်။ ကိုယ့်မျိုးနွယ်ကိုယ် သစ္စာဖောက်တာမျိုးကို ဘိုးဘေးတွေက ခွင့်လွှတ်မှာ မဟုတ်ဘူး"
သူက ဒေါသတကြီး မေးခွန်း ထုတ်လိုက်သည်။
"ဓားကျင့်ကြံသူတွေက အဲ့လောက်မများပါဘူး။ တမလွန်နတ်ဆိုးတွေနဲ့ ရေနဂါးတွေက လုံလောက်ပါတယ်။ ကုန်းနတ်ဆိုးတွေ အလှည့် ရောက်လာမှာ မဟုတ်ဘူး"
ဖီးနစ်ဧကရီက လှောင်ရယ်၍ တုံ့ပြန်လိုက်၏။
"ဒါကို မင်းက ယုံနေတယ်ပေါ့။ သူတို့ရဲ့ ဓားတွေ ရှေးဟောင်းနတ်ဆိုးငရဲဘက် လှည့်လာရင် နောင်တရလိမ့်မယ်"
"ငါ ယုံတာ မယုံတာက မင်းနဲ့ ဘာဆိုင်လို့လဲ။ စိတ်မကောင်းစရာပဲ။ မင်းကို ယွမ်ရှောင်က အသေသတ်ပစ်ဖို့ သေချာနေပြီ"
ဖီးနစ်ဧကရီကို သတ်ရန် မဆိုထားနှင့်၊ အနိုင်ယူရန်ပင် ခက်ခဲနေသောကြောင့် ယွမ်ရှောင်ကို မသတ်နိုင်သည့်အတွက် မီးမိစ္ဆာမှာ အရူးတစ်ပိုင်း ဒေါသထွက်နေ၏။ ဝိညာဥ်မျက်လုံးနှင့် အောင်းယွမ်က ပစ်မှတ်ကို တိုက်ခိုက်နေသောအခါ အခွင့်အရေးရှိနိုင်သဖြင့် မျှော်လင့်ချက်တစ်ခု ဖြစ်တည်လာသည်။ ထိုနှစ်ယောက်၏ ခွန်အားကို သူက အတိအကျ သိထားသောကြောင့် ယွမ်ရှောင်အနေဖြင့် ရှုံးနိမ့်ရပေလိမ့်မည်။
"ယွမ်ရှောင်က ပြိုင်ဘက်ကင်း မဟုတ်ဘူး"
ဤသို့ဖြင့် ရန်သူများအကြား မျှော်လင့်ချက် အရိပ်အယောင် ဖြစ်ပေါ်လာပြီး သတ်ဖြတ်လိုစိတ် ပြန်လည် မြင့်တက်လာကာ တိုက်ပွဲကွင်း အတွင်းရော အပြင်ပါ အော်ဟစ်သံများ ပိုမို ကျယ်လောင်လာသည်။ အကြေးခွံများဖြင့် တုတ်ခိုင်သန်မာသော နဂါးအမြှီးသည် ရုန်းထီးနှင့် တကွ ယွမ်ရှောင်ကို ပြင်းထန်စွာ ရိုက်ချလိုက်ပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာစေသည်။ ဒဏ်ရာရသွားသော မြင်ကွင်းကြောင့် ရန်သူတစ်ဒါဇင်ကျော် ချက်ချင်း ရှေ့တက်လာကာ ဝိုင်းထားလိုက်ကြသည်။ အောင်းယွမ်သည် မူလဝိညာဥ် နယ်ပယ် ရောက်ကာနီး နဂါးတစ်ကောင်ဖြစ်ကာ သင်တုန်းဓားကဲ့သို့ ထက်ရှသော လက်သည်းများ ပိုင်ဆိုင်၍ နတ်ဆိုးအရှိန်အဝါ ပြင်းထန်စွာ ရစ်သိုင်းနေ၏။ အမှန်တကယ် ကြောက်စရာကောင်းသည်မှာ ဒေါသမျက်လုံးဖြစ်ပြီး မြူခိုးများအကြား ပုန်းအောင်းနေ၍ လက်တံများ အထက်တွင် မျက်လုံးတစ်လုံးစီနှင့် ချိတ်ဆက်ထားသော ဆူးတောင်ပေါင်း တစ်ထောင်ခန့် ရှိနေသည်။ ၎င်းတို့၏ စွမ်းရည်သည် ကြောက်မက်ဖွယ်ကောင်းလွန်းပြီး ဝိညာဥ်အထိ စိုက်ကြည့်နိုင်ကာ ညှို့ယူဖမ်းစားနိုင်စွမ်းနှင့် ပရိယာယ်ပေါင်းစုံ ပြည့်နှက်နေသည်။ တစ်ချိန်က သင်္ဘောသားတစ်ယောက် ဖြစ်ခဲ့ပြီး အညှိုးအတေးများဖြင့် ရေနတ်ဆိုးတစ်ကောင် ဖြစ်လာကာ အသက်ကြီးရင့်နေသောကြောင့်သာ မဟုတ်လျှင် သူက မူလဝိညာဥ်နယ်ပယ်သို့ ရောက်ရှိနေပြီးဖြစ်ပေလိမ့်မည်။
"ယွမ်ရှောင်ကို အပြတ်ရှင်းလိုက်ကြ"
ယွမ်ရှောင် ဒဏ်ရာရသွားသော်လည်း ရန်သူများမှာ ဝိုင်းထားရုံသာ တတ်နိုင်ပြီး အောင်းယွမ်နှင့် ဒေါသမျက်လုံးကို အသေသတ်ရန် လှုံ့ဆော်ပေးနေကြသည်။ လွယ်လွယ်ကူကူ အောင်ပွဲခံနိုင်မည်ဟု စိတ်စောနေကြသည့် ရန်သူများအကြားတွင် သူ၏ ရုန်းထီးသည် နဖူးထံ ပူးကပ်သွားကာ ခရမ်းရောင် ဒေါင်လိုက်မျက်လုံး တစ်ခု ပြည့်စုံစွာ ဖြစ်ပေါ်လာခဲ့သည်။ ထိုမျက်လုံးအတွင်း ခေါင်းကိုးလုံး နဂါးတစ်ကောင် ဟိန်းဟောက်နေကာ မျက်နှာတစ်ခွင် ရုန်းများ ပြည့်နှက်စေသောကြောင့် လူသားတစ်ယောက်နှင့်ပင် မတူညီတော့ပေ။ ကောင်းကင်တာအိုဆေးလုံး လက်တစ်ဆုပ်ကို သူက မြိုချလိုက်ပြီး ဆေးအာနိသင်ကြောင့် နေကိုးစင်းဒန်တန်အတွင်း မြင့်မြတ်ချီများ တစ်ဖန် မြင့်တက်လာသည်။ လောကတာအိုနှလုံးသားက တည်ငြိမ်စွာ အလုပ်လုပ်နေပြီး တိုးပွားလာသော ချီစွမ်းအင်ကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိလာခဲ့သည်။
"ဘန်း"
"လောကတာအိုနှလုံးသား အပြည့်အဝ ဖွဲ့စည်းပြီးပြီ။ မင်းတို့ကို ကျေးဇူးတင်ရမှာပဲ"
သူက အခြေတည်အဆင့် ကံပင်လယ်နယ်ပယ်သို့ မြင့်တက်သွားကာ အဖြူရောင်ဝတ်ရုံပေါ်ရှိ သွေးများ အငွေ့ပျံသွား၍ ဖြူဖျော့နေသော မျက်နှာသည်လည်း သွေးရောင်ပြန်လွှမ်းလာသည်။ ဒဏ်ရာလက္ခဏာ လုံးဝ မရှိဘဲ ပို၍ သန်မာလာပုံရသောကြောင့် ရန်သူများ၏ မျှော်လင့်ချက် ပျက်စီးသွားကာ မျက်နှာထား ညှိုးငယ်ပြီး မျက်မှောင်ကြုတ်လိုက်မိကြ၏။
"ဒီနေ့ ငါ့အတွက် စားသောက်ပွဲကြီးပေါ့"
ယွမ်ရှောင်က တိုက်ပွဲကွင်းကို တစ်ချက်ဝေ့ကြည့်ပြီး လူသား၊ နတ်ဆိုးနှင့် မိစ္ဆာ ဖန်ဆင်းရှင် မျိုးစေ့များ နေရာအနှံ့ ပြန့်ကြဲနေသဖြင့် မှတ်ချက်ချလိုက်၏။ အရင်းအမြစ်၊ သွေးအဆီအနှစ်၊ ပျက်စီးအဆီအနှစ်များပါ မချန် လုယက်တတ်သော စရိုက်ကြောင့် ရန်သူများမှာ နောက်ဘဝသို့ မည်သည့်အရာမျှ သယ်ဆောင်သွားနိုင်မည် မဟုတ်ချေ။ မျက်စိတစ်မှိတ်အတွင်း ပိုမို သန်မာလာသော ပစ်မှတ်ကြောင့် ရန်သူများသည် နှောင့်နှေးမနေရဲတော့ဘဲ ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။ မျက်လုံးနတ်ဆိုးသည် ခြိမ်းခြောက်မှု အများဆုံး ဖြစ်ကာ အောင်းယွမ်၏ အမြှီးရိုက်ချက်ကို မရှောင်တိမ်းနိုင်ခဲ့သော အကြောင်းအရင်းပင်။
ဒေါသမျက်လုံးသည် မြူခိုးများအကြား ပုန်းအောင်းနေ၍ များပြားလှသော မျက်လုံးများဖြင့် နတ်ဆိုးစွမ်းရည်ကို တစ်ဖန် အသက်သွင်းလိုက်၏။ ဝမ်းနည်းကြေကွဲဖွယ် ပင်လယ်အော်သံများ လွင့်ပျံလာကာ ကြားရသူတိုင်း တုန်ရီသွားစေကာ တစ်ကိုယ်လုံး မျက်စိကျိန်းစပ်လောက်အောင် တောက်ပ၍ မျက်လုံးထောင်ပေါင်းများစွာသည် သက်တန့်ရောင်များ လင်းလက်နေသည်။
နတ်ဆိုးစွမ်းရည် ပန်းတစ်ထောင်ပင်လယ်မျက်လုံး
ယွမ်ရှောင်၏ အမြင်အာရုံ၌ မျက်လုံးများစွာသည် ရောင်စုံပန်းခင်းကြီးပမာ ပြောင်းလဲသွားကာ ပန်းတစ်ပွင့်ချင်းစီက ဝဲဂယက်ပမာ ပွင့်လန်း၍ သူ၏ အကြည့်ကို အတွင်းအထိ ညှို့ယူသွားလေသည်။