နဂါးအရွတ်ကို သိမ်းပိုက်ခြင်း "ဒေါသမျက်လုံးရဲ့ နတ်ဆိုးစွမ်းရည်က ရေထဲမှာ ပိုပြီး အစွမ်းထက်
Vol. 28 Ch. 356
တယ်လို့ ကြားဖူးတယ်။ ရေနဂါးဘုရင်နဲ့ ရေသူမဘုရင်တောင် သူ့ပြိုင်ဘက် မဟုတ်လောက်ဘူး"
ယွမ်ရှောင်ကို ဝိုင်းဝန်းတိုက်ခိုက်နေကြသူများသည် ဒေါသမျက်လုံးကို အံ့သြလေးစားစိတ်ဖြင့် ချီးကျူးလိုက်ကြပြီး အောင်းယွမ်၏ တိုက်ကွက် အထမြောက်ခဲ့သည်မှာလည်း သူ့စနက် မကင်းပေ။ ဤတစ်ကြိမ်တွင် သူက မြင့်မြတ်ချီအားလုံးကို ဆူးတောင်များနှင့် ပေါင်းစပ်ကာ ပစ်မှတ်ကို ထိုးဖောက်ရန် လှံပေါင်းတစ်ထောင်အလား ပစ်ခတ်လိုက်၏။
"အောင်းယွမ်"
မိုးချုန်းသံပမာ ကျယ်လောင်သောအသံဖြင့် အောင်းယွမ်ကို အစွမ်းကုန် ထုတ်သုံးရန် အချက်ပြလိုက်ပြီး တိုက်ခိုက်ရန် အခွင့်အရေး ရလာခဲ့ပြီဖြစ်သည်။ ရန်သူတိုင်းသည် တာအိုဂါထာများ၊ မှော်ရတနာများ၊ နတ်ဆိုးစွမ်းရည်များဖြင့် တဝုန်းဝုန်း တိုက်ခိုက်လာကြပြီး အောင်းယွမ်၏ လက်သည်းနှင့် အစွယ်များတွင် အပြာရောင်မီးလျှံများ လွှမ်းခြုံနေသည်။ မီးလျှံများနှင့် အတွေ့၌ ရေခဲများ ဖြစ်တည်လာပြီး အေးစက်သော ချုပ်နှောင်မှုဖြင့် ထိန်းသိမ်းထားရန် ရည်ရွယ်၏။ ရန်သူများအတွက် မျှော်လင့်ချက်စုစည်းရာ အချိန်ဖြစ်ပြီး အသက်ပင် ရဲရဲမရှူဘဲ တိုက်ခိုက်လာကြသည်။
"ငါ့ကို ဒီလောက်သတ်ချင်နေတာလား။ မျက်လုံးတစ်ထောင် ရှိရင်တောင် ငါ့ကို စိန်ခေါ်ရဲတာ ကန်းနေလို့ ဖြစ်ရမယ်"
ယွမ်ရှောင်၏ မျက်နှာထား တင်းမာအေးစက်သွား၍ ဒေါသမျက်လုံးသည် နတ်ဆိုးစွမ်းရည်ဖြင့် အမြင်အာရုံ မှောက်မှားစေရန် ကြိုးပမ်းနေသော်လည်း မတုန်မလှုပ် စိုက်ကြည့်နေနိုင်သည်။ ပိုမို သန်မာသော ရန်သူများနှင့် ရင်ဆိုင်ရမည်ဖြစ်သောကြောင့် အချိန်မရှိသော်လည်း လမ်းပိတ်လာလျှင်မူ ရှင်းလင်းရပေလိမ့်မည်။ သူက လက်ဟန်တစ်ခုဖြင့် ဓားမြှောင်ကို ထိန်းချုပ်ကာ တိတိကျကျ ပစ်ခတ်လိုက်သောအခါ အလင်းနှင့် အလျင် ပေါင်းစပ်ကာ မြူခိုးများအတွင်း ထိုးဖောက်ဝင်ရောက်သွားသည်။
"မိုးပြာရောင်ကောင်းကင် ကွဲထွက်"
ဤသိုင်းတစ်ကွက်တည်းသာ မဟုတ်ဘဲ မျက်တောင်တစ်ခတ်အတွင်း ၎င်းသည် ထိုက်ကျိငါးပျံနှင့် အမြစ်မဲ့မြက် ဓားကွက်များအတိုင်း လှုပ်ရှားရင်း ဒေါသမျက်လုံးကို တိုက်ခိုက်ပစ်လိုက်သည်။ ဓားတစ်ချက်တည်းဖြင့် ရန်သူ၏ ခန္ဓာကိုယ်အထက်တွင် သုံးပေ နက်ရှိုင်းသော ဒဏ်ရာ ဖြစ်ပေါ်လာစေသဖြင့် နာနာကျင်ကျင် အော်ဟစ်လိုက်မိသော ရန်သူမှာ ယွမ်ရှောင်ကို အကြည့်ချင်းဆုံမိသောအခိုက် ကြောက်စိတ် ဖြစ်ပေါ်လာသည်။
"ငါ တောင်းပန်ပါတယ်။ တမလွန်ချောက်နက်ကို ဦးဆောင်ပြီး......"
သူက တောင်းပန်လိုသော်လည်း လေထဲတွင် တဝီဝီ လှုပ်ရှားနေသော ဓားပျံသည် လက်တံများကို နုတ်နုတ်စင်း၍ သွေးအိုင်တစ်ခု ဖန်တီးလိုက်၏။ ခန္ဓာကိုယ်ပေါက်ကွဲသွားသည်နှင့် တပြိုင်နက် စကားသံ တိခနဲ ရပ်တန့်သွားကာ ယွမ်ရှောင်သည် ကောင်းကင်သင်္ချိုင်းဓားကို ပြန်လည် ဖမ်းယူ၍ ဒေါင်လိုက်မျက်လုံးမှာလည်း ရုန်းထီးအသွင် ပြောင်းလဲလာခဲ့သည်။ အောင်းယွမ်၏ ရိုက်ချက်ကို ထီးဖြင့် ကာကွယ်ရင်း ဓားလက်ကိုင်၌ ကြာပန်းတစ်ပွင့် ပွင့်လန်းလာသောအခါ စွမ်းအားနှစ်ဆ တိုးလာစေသည်။ ကပ်ဘေးဓားကိုပင် ဖြတ်တောက်နိုင်သော ဓားသွားကြောင့် အကြေးခွံများနှင့် ရေနဂါးအရိုးပင် တားဆီးရန် မစွမ်းဆောင်နိုင်ချေ။ အောင်းယွမ်၏ လက်သည်းမှာ ပြတ်တောက်သွား၍ သွေးများ စီးထွက်နေစဥ် ယွမ်ရှောင်သည် မြေပြင်၌ လျှောတိုက် ဝင်ရောက်လာသဖြင့် အခြားတိုက်ကွက်များမှ လွတ်မြောက်သွားခဲ့သည်။
အောင်းယွမ် မတုံ့ပြန်နိုက်ခင်မှာပင် ရုန်းထီးသည် တာအိုနဂါးအသွင်ဖြင့် တောင်လောင်နဂါးသွေးပညာရပ်ကို အားဖြည့်ပြီး ပစ်ခတ်လာခဲ့သည်။
"ကျေးဇူးပြုပြီး ချမ်းသာပေးပါ"
သူမ၏ သွေးကြောများတလျှောက် မီးများ တောက်လောင်နေကာ အသားများ မီးကျွမ်းနေသဖြင့် တစ်ကိုယ်လုံး ကွေးကောက်နေသည်။ ထိုအချိန်တွင် ယွမ်ရှောင်သည် တောင်းပန်မှုကို လျစ်လျူရှု၍ လည်ပင်းမှ နဂါးအရွတ်တစ်ချောင်း ဆွဲထုတ်လိုက်ပြီး ရန်သူကို အသက်မျော့မျော့သာ ကျန်ရစ်စေခဲ့၏။
"မင်းရဲ့ မျိုးစေ့က မဆိုးဘူး။ အရွတ်အကြောတွေကို သန်မာစေတာပဲ"
သူ၏ မှတ်ချက်ကို သေလုမျောပါး ဖြစ်နေသော အောင်းယွမ်က မကြားနိုင်ဘဲ သွေးပညာရပ်၏ တရစပ် လောင်ကျွမ်းမှုအောက်တွင် နောက်ဆုံးထွက်သက် ရှူထုတ်လိုက်ရသည်။ ဒေါသမျက်လုံးနှင့် အောင်းယွမ် အသတ်ခံလိုက်ရသောအခါ ရန်သူများ စိတ်ဓာတ်ကျ၍ ဖရိုဖရဲ ဖြစ်ကုန်ကာ တောင်းပန်စကားဆိုနေလျှင်လည်း အပိုသာဖြစ်ကြောင်း နားလည်သဘောပေါက်ခဲ့ရ၏။ တိုက်ခိုက်ရန် စိတ်အားထက်သန်နေခဲ့သော တမလွန်နတ်ဆိုးများသည် ကြောက်စိတ်ကြောင့် တုန်လှုပ်နေကြပြီး တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်လာကြသည်။
"နောက်ကျသွားပြီ"
သူတို့၏ အကြည့်အောက်မှာပင် ယွမ်ရှောင်သည် အောင်းယွမ်နှင့် ဒေါသမျက်လုံးကို ဓားစက်ကွင်းအဖြစ် သန့်စင်၍ ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်တွင် တပ်ဆင်လိုက်သောအခါ ဓားစက်ကွင်းအရေအတွက် စုစုပေါင်း ကိုးခုအထိ ရှိလာခဲ့သည်။ ဤပမာဏသည် ဒေါသထွက်နေသော ပရိသတ်များကို ဆွံ့အသွားစေပြီး ရန်သူများမှာ သူ့ကို သတ်ရန် ကြိုးပမ်းခဲ့သော်လည်း သေခြင်းတရားဖြင့် အဆုံးသတ်ကုန်၏။
"ဒီရေနတ်ဆိုးနှစ်ကောင် သေပြီဆိုတော့ ဘယ်သူက ယွမ်ရှောင်ကို သတ်နိုင်တော့မှာလဲ"
ကြည့်ရှုနေသူများအကြား တီးတိုးစကားများ ထွက်ပေါ်လာကာ အဆောင်ဧကရာဇ် နှင့် မီးမိစ္ဆာလည်း အခြေအနေအမှန်ကို သဘောပေါက်သွား၍ ယွမ်ရှောင်၊ စစ်မင်းသမီး၊ လနတ်သား၊ ဓားအစောင့်အရှောက်၊ ရေသူမဘုရင်၊ ဖီးနစ်ဧကရီနှင့် ယင်မိစ္ဆာဘုရင်တို့သည် အရေအတွက်အသာစီးကို ပြောင်းပြန်လှန်နိုင်စွမ်း ရှိနေခဲ့သည်။ တိုက်ပွဲကွင်း အတွင်း၌ ရုန်းကျင့်ကြံသူများ၊ ယန်မိစ္ဆာများ၊ တမလွန်နတ်ဆိုးများနှင့် ရေနဂါးများ အလောင်းချင်းထပ်နေသဖြင့် စိုးရိမ်ပူပန်နေခဲ့သော ဓားကျင့်ကြံသူများ၏ မျက်လုံးများ စိတ်အားထက်သန်မှု တောက်လောင်လာ၏။
"ငါတို့က အသတ်ခံရမယ်လို့ ထင်ထားတာ။ တကယ်တော့ ငါတို့ကမှ အနိုင်ရသူတွေ ဖြစ်နေခဲ့တာပဲ"
မုတရှုံနှင့် တုကုန်းယွမ်က ကျယ်လောင်စွာ ရယ်မောနေကြပြီး ယင်မိစ္ဆာများနှင့် ရေသူနတ်ဆိုးများပင် ပူးပေါင်း အောင်ပွဲခံနေကြ၏။ ကုန်းနတ်ဆိုးများသာ အနေရခက်နေပြီး ဓားကျင့်ကြံသူများနှင့် မနီးစပ်လိုသော်လည်း ဖီးနစ်ဧကရီ ဘက်ရွေးမှန်ခဲ့သဖြင့် စိတ်အေးနေကြသည်။
"ဧကရီရဲ့ အတွေးက တကယ်ကို မှန်ကန်နေတာပါလား။ ဓားကျင့်ကြံသူတွေနဲ့ ရင်ဘောင်တန်း တိုက်ခိုက်ရလိမ့်မယ်လို့ ထင်မထားဘူး။ ပုံမှန်အခြေအနေနဲ့ ကွာခြားလိုက်တာ"
"ငါ့ဆွေမျိုးတွေကို ဓားကျင့်ကြံသူတွေ သတ်ခဲ့တာပဲ။ လက်စားချေမယ်လို့ သစ္စာဆိုထားပေမယ့် အခု ဘာဆက်လုပ်ရမလဲ"
ကုန်းနတ်ဆိုးများသည် အတွေးပေါင်းစုံနှင့် ရှုပ်ထွေးနေစဥ် တိုက်ပွဲ၏ တင်းမာမှုသည် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ ရေနဂါးများနှင့် တမလွန်နတ်ဆိုးများ အညံ့ခံချင်သော်လည်း ငြင်းပယ်ခံလိုက်ရပြီး ရုန်းကျင့်ကြံသူများနှင့် ယန်မိစ္ဆာများမှာမူ အသည်းအသန် တိုက်ခိုက်နေဆဲပင်။
"ယွမ်ရှောင် ဘယ်ရောက်သွားတာလဲ"
ပရိသတ်များသည် အချက်တစ်ချက်ကို ရုတ်တရက် သတိပြုလိုက်မိပြီး ခဏအတွင်း ပြန်ပေါ်လာသော်လည်း တခုခု ပြောင်းလဲသွားပုံပေါ်သည်။
"ဘာလို့ အရှိန်အဝါ ပြောင်းလဲနေတာလဲ။ နတ်ဆိုး အရှိန်အဝါ အပြင် သွေးအရှိန်အဝါ တစ်ခုလည်း ရှိနေသလိုပဲ။ ပိုသန်မာလာပေမယ့် ကြောက်စရာ တော်တော်ကောင်းနေပြီ"
မုတရှုံက စိတ်လှုပ်ရှားစွာ မှတ်ချက်ချလိုက်ပြီး ဖရိုဖရဲ ဖြစ်နေသော တိုက်ပွဲကွင်းအတွင်း မည်သို့ဖြစ်ပျက်သွားကြောင်း မည်သူမှ မမြင်နိုင်ခဲ့ပေ။ ယွမ်ရှောင် ခြေတစ်ချက် ဆောင့်လိုက်သောအခါ ကွင်းတစ်ခုလုံး တုန်ခါသွားပြီး ဓားအလင်းရောင်မှာ ပတ်ဝန်းကျင်တလျှောက် ဖြန့်ကျက်သွားကာ တုန်လှုပ်နေသည့် ကျင့်ကြံသူတိုင်း လှည့်ကြည့်လာမိသည်။
"အဆောင်ဧကရာဇ် မီးမိစ္ဆာ လာစမ်း"
သူ၏ အကြည့်သည် ငရဲကိုးထပ်ရှိ အကြီးဆုံး ဆူးနှစ်ချောင်းထံ ကျရောက်သွားပြီး ဆွဲနုတ်ပစ်ရန် မစောင့်နိုင်တော့ချေ။ အင်အားအကြီးဆုံး ကျင့်ကြံသူနှစ်ယောက်ကို တစ်ကိုယ်တော် စိန်ခေါ်လိုက်သဖြင့် အားလုံး မင်သက်သွားကာ ရင်တထိတ်ထိတ် ဖြစ်ရင်း တိတ်ဆိတ်ကုန်၏။
"ဟုတ်ကဲ့"
"ကောင်းပြီလေ"
နတ်ဆိုးဖြူက ခေါင်းညိတ်၍ အဆောင်ဧကရာဇ်ကို တိုက်ခိုက်နေရာမှ ဆုတ်ခွာသွားသကဲ့သို့ မီးမိစ္ဆာ၏ ပြိုင်ဘက် ဖီးနစ်ဧကရီသည်လည်း အနည်းငယ် မကျေမနပ် ဖြစ်နေသည့်တိုင်အောင် မငြင်းဆန်ခဲ့ပေ။ ဤအလှည့်အပြောင်းကြောင့် မီးမိစ္ဆာနှင့် အဆောင်ဧကရာဇ်သည် မျှော်လင့်ချက် ရှိလာပြီး ယွမ်ရှောင်ရှေ့သို့ ရဲရင့်စွာ ရောက်ရှိလာကြသည်။ အဆောင်ဧကရာဇ်၏ မျက်လုံးများ လက်စားချေလိုစိတ်ဖြင့် တောက်လောင်နေပြီး ယန်မိစ္ဆာများ ကျရှုံးလျှင် ယင်မိစ္ဆာမျိုးနွယ်၏ ကျွန်ဘဝ ရောက်မည်ကို စိုးရိမ်သော မီးမိစ္ဆာကလည်း အညံ့ခံရန် မစဥ်းစားပေ။ သူတို့က သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အကြည့်ချင်းဖလှယ်လိုက်ပြီး ဤအဆင့်အထိ ရောက်ရှိလာမည်ဟု ထင်မထားပေ။ မည်မျှ မယုံကြည်နိုင်ပါစေ၊ အမှန်တရားက သူတို့ကို ရိုက်နှက်သွားကာ ယွမ်ရှောင်အား ရင်ဆိုင်ရန် တစ်ခုတည်းသော ယုံကြည်မှုသည် ငရဲကိုးထပ်၏ အသန်မာဆုံး ကျင့်ကြံသူ ဟူသော ဂုဏ်ပုဒ်မှ မြစ်ဖျားခံလာခြင်းပင်။
"ငါတို့ ရပ်ကြည့်နေရမှာလား"
"မရပ်နဲ့။ ကျန်တဲ့ ရန်သူတွေကို အကုန်သတ်"
အဆောင်ဧကရာဇ်နှင့် မီးမိစ္ဆာ ဘေးချင်းယှဥ် ပြေးတက်လာစဥ် ဖီးနစ်ဧကရီက မေးခွန်းထုတ်လိုက်ရာ ယွမ်ရှောင်သည် အပေါင်းအပါများကို အေးစက်စက် အမိန့်ပေးခဲ့လေသည်။