← Chapters

မတ်တပ်ရပ်စမ်း

Vol. 28 Ch. 358

မတ်တပ်ရပ်စမ်း

Vol. 28 Ch. 358

တုန်လှုပ်နေသူများ၏ အကြည့်အောက်တွင် ယွမ်ရှောင်သည် အဆောင်ဧကရာဇ်ကို ရိုက်ထုတ်ပြီးနောက် ရုန်းထီးအား ဆင့်ခေါ်၍ မီးမိစ္ဆာ၏ နဂါးတံဆိပ်ကို တားဆီးလိုက်သည်။ တန်ချိန်များစွာ လေးလံသော သံမဏိတုံးကြီးအလား ရတနာမှာ နူးညံ့ပုံပေါ်သော စက္ကူထီးနှင့် ရင်ဆိုင်အတွေ့၌ ပေထောင်ချီမြင့်မားသည့် မီးတောက်လှိုင်းလုံး ထွက်ပေါ်လာကာ ဝါးမျိုပစ်လိုက်သည်။ ဤတိုက်ခိုက်မှုကို မည်သူမှ ထိပ်တိုက်ရင်ဆိုင်ရဲမည်မဟုတ်ဘဲ လွင့်ထွက်သွားမည်ဟု လူတိုင်း ထင်နေသော်လည်း မယုံနိုင်စရာကောင်းလောက်အောင် ယွမ်ရှောင်သည် တည်ငြိမ်နေခဲ့၏။ နဂါးတံဆိပ်မှာ နောက်ပြန်ကန်ထွက်သွား၍ မီးမိစ္ဆာ၏ မျက်နှာကို ထိမှန်ကာ သွေးများ ပန်းထွက်လာပြီး မီးတောက်များအကြား နစ်မြုပ်သွားသည်။ ယွမ်ရှောင်မှာမူ ရုန်းထီးအောက်တွင် အစွန်းအထင်း ကင်းမဲ့စွာ ရပ်နေပြီး တိုက်ခိုက်မှုအရှိန်ကြောင့် ဆံပင်များ လေထဲလွင့်နေရုံသာ ဖြစ်၏။

"နောင်တရနေပြီလား"

မီးမိစ္ဆာ တစ်ယောက် မယုံကြည်နိုင်ဟန်ဖြင့် တုန်လှုပ်နေစဥ် သူက တည်ငြိမ်စွာ ပြုံးပြလိုက်သည်။

"မင်း....မင်း ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ"

မီးမိစ္ဆာက နောက်သို့ ဆက်တိုက်ဆုတ်ရင်း မျက်နှာထား ပျက်ယွင်းနေ၏။

"နောက်ဘဝရောက်မှ စဥ်းစားကြည့်လိုက်"

သူက ဓားမြှောင်ကို ဆင့်ခေါ်ကာ ဟင်းလင်းပြင်ချီ၊ ပျက်စီးနတ်ဘုရားအလိုတော်နှင့် ကပ်ဘေးမိစ္ဆာသွေး၏ စွမ်းအားများ ပြည့်နှက်နေပြီး တိုက်ကွက်များပင် အသုံးပြုစရာ မလိုအပ်သည့်တိုင်အောင် မီးမိစ္ဆာ၏ အဆုံးသတ်ကို ဆုံးဖြတ်ပြီးသားပင်။ အလွန်လျင်မြန်သောကြောင့် ပရိသတ်များ တစ်ယောက်မှ မမြင်နိုင်လိုက်ဘဲ ယွမ်ရှောင် လက်တစ်ချက်အဝေ့တွင် ကြောက်လန့်တကြား ဖြစ်နေသည့် မီးမိစ္ဆာ၏ ဦးခေါင်း ပေါက်ကွဲထွက်သွားသည်ကိုသာ မြင်လိုက်ရ၏။ ခေါင်းပြတ်ခန္ဓာကိုယ်မှာ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားပြီးနောက် ဒူးထောက်ကျသွားကာ လည်ပင်းမှတဆင့် သွေးများ ရေကာတာ ဆည်ကျိုးသကဲ့သို့ ဒလဟော ပန်းထွက်နေသည်။ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်နေပြီး ယွမ်ရှောင်အနေဖြင့် မီးမိစ္ဆာကို အားစိုက်ထုတ်စရာ မလိုဘဲ သတ်ပြလိုက်သောအခါ မင်သက်သွားကြပြီး စိတ်များ ဗလာဟင်းလင်းဖြစ်ကုန်၏။ ထိုအခိုက်တွင် ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်သည် မိုးပြာရောင် ဓားရှည်အသွင်ဖြင့် သူ၏ လက်တွင်း ကျရောက်လာကာ သွေးအန်နေသော အဆောင်ဧကရာဇ်မှာ မနည်းထရပ်လာသည့် အချိန်၌ တုန်လှုပ်ချောက်ချားဖွယ် ဤမြင်ကွင်းနှင့် ရင်ဆိုင်ခဲ့ရသည်။

"နောက်ဆုံးစကား ပြောဦးမလား"

"မလိုအပ်ဘူး"

သူ၏ မျက်နှာက ခါးသီးစွာ ပြုံးနေခဲ့ပြီး မည်သည့်နေရာတွင် မှားယွင်းသွားကြောင်း နားမလည်နိုင်ခဲ့ပေ။ ယွမ်ရှောင် ကျော်ကြားလာချိန်မှ စတင်၍ သတ်ဖြတ်ရန် ကြံစည်ခဲ့သော်လည်း ဤဆယ်ရက်အတွင်း နှစ်ကြိမ်တိုင်တိုင် ကျရှုံးခဲ့ရသည်။ သို့ရာတွင် ငရဲကိုးထပ်၏ ဘုရင်ခံအနေဖြင့် ဓားကျင့်ကြံသူများ ထွန်းကားလာမည်ကို ရပ်ကြည့်မနေနိုင်သဖြင့် တိုက်ပွဲမဝင်ဘဲ လက်နက်ချရန် မလိုလားခဲ့ချေ။

"ယွမ်ရှောင် မင်းလည်း အဆုံးသတ်နဲ့ မဝေးတော့ပါဘူး"

သူက ရှုံးနိမ့်သည့် အခြေအနေတွင် ရှိသော်လည်း ဘုရင်တံဆိပ်ဖြင့် ရုတ်တရက် တိုက်ခိုက်လိုက်ပြီး ဧရာမပါးစပ်ကြီးပမာ ပြောင်းလဲ၍ ယွမ်ရှောင်၏ ဦးခေါင်းကို ကိုက်ဖြတ်လာသည်။ သို့ရာတွင် ဓားတစ်ချက်တည်းဖြင့် ၎င်းမှာ နှစ်ပိုင်းဖြတ်တောက်ခံလိုက်ရပြီး သူ၏ တစ်သက်တာ ယုံကြည်မှု ဖျက်ဆီးခံလိုက်ရသည်။

"မဆိုးပါဘူး"

ယွမ်ရှောင်၏ လက်အတွင်း ထောင်စောင့်နဂါး တံဆိပ်ထွက်ပေါ်လာကာ အပိုင်းပိုင်းအစစ ဖြစ်နေသော ဘုရင်တံဆိပ်ကို ဝါးမျိုပေါင်းစပ်ခဲ့သည်။

"မင်း တစ်သက်လုံး ကြိုးစားပမ်းစား စုဆောင်းခဲ့တဲ့ ရုန်းတွေကို ငါ ယူလိုက်တော့မယ်"

သူက တစ်ချက်ပြုံးရင်း ခနဲ့လိုက်သည်။

"မဖြစ်နိုင်ဘူး"

အဆောင်ဧကရာဇ်မှာ အသက်တံဆိပ်ချင်း ဝါးမျိုသည်ကို နားမလည်နိုင်သဖြင့် စိတ်ပိုင်းဆိုင်ရာ ထိချက်ပြင်းသော​ကြောင့် မျက်လုံးများ ပြူးထွက်လာကာ လက်ချောင်းများပင် တုန်ရီနေ၏။ ပါးစပ်အဟောင်းသား ဖြစ်နေစဥ် ကောင်းကင်သင်္ချိုင်းဓားရှည် စွပ်ခနဲ ဝင်ရောက်လာပြီး နောက်စေ့မှ ဖောက်ထွက်သွားရာ ယွမ်ရှောင်ကို စိုက်ကြည့်နေရင်း ဖြည်းဖြည်းချင်း ဒူးထောက်ကျသွားကာ မြေကြီးသို့ မှောက်ရက်လဲကျခဲ့သည်။ အဆောင်ဧကရာဇ် အဆုံးသတ်ချိန်မှ စတင်၍ အခြားတိုက်ပွဲများ အားလုံး ရပ်တန့်သွားပြီး ရန်သူများ တိုက်ခိုက်ရန် သတ္တိပျောက်ဆုံးကုန်၏။

သုံး​ယောက် ပေါင်းစပ်ထားသောအခါ ယွမ်ရှောင်၏ အင်အားက မယုံနိုင်စရာကောင်းလောက်အောင် တိုးတက်လာကာ ပြည့်စုံခြင်းအဆင့် မူလဝိညာဥ်နယ်ပယ်ကိုပင် ယှဥ်နိုင်လာခဲ့သည်။ သူ၏ နောက်လိုက်များပင် ခက်ခဲမည်ဟု စဥ်းစားထားသော်လည်း ရန်သူတစ်ယောက်ကို ဓားတစ်ချက်ဖြင့် ဟင်းရွက်လှီးသည့်ပမာ လွယ်ကူလျင်မြန်စွာ အဆုံးသတ်ပြခဲ့၏။ အဆောင်ဧကရာဇ်နှင့် မီးမိစ္ဆာသည် သေရမည်ကို မကြောက်သော်လည်း အသတ်ခံလိုက်ရသော ပုံစံကြောင့် သိက္ခာမရှိတော့ပေ။ ရုန်းကျင့်ကြံသူများ၊ ရေနဂါးများ၊ ယန်မိစ္ဆာများနှင့် တမလွန်နတ်ဆိုးများ စိတ်ဓာတ်ပျက်ပြားသွားကာ တိုက်ပွဲကွင်းအတွင်း၌ တစ်ယောက်ချင်းစီ တုန်လှုပ်နေရင်း မျက်ဝန်းများ၌ ကြောက်စိတ်နှင့် မျှော်လင့်ချက်မဲ့မှုများ ထင်ဟပ်နေသည်။

ရန်သူများ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကာ ယွမ်ရှောင်ရှေ့မှောက်တွင် အသနားခံခဲ့ကြသည်။

"သခင်လေးယွမ် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

"ကျုပ်တို့ အရှုံးပေးပါတယ်။ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ"

ငရဲကိုးထပ်၏ ထိပ်တန်းကျင့်ကြံသူ တစ်ရာကျော် တောင်းပန်နေကြသော်လည်း ယွမ်ရှောင်က အေးစက်စက် တုံ့ပြန်လိုက်သဖြင့် တိတ်ဆိတ်ကုန်သည်။

"မင်းတို့က သွေးကျိန်စာမှာ ပါဝင်ပြီး ရွေးချယ်မှု လုပ်ခဲ့ကြတယ်။ အခု အကျိုးဆက်ကို ရင်ဆိုင်ရမယ်။ အခုမှ ဘက်ပြောင်းဖို့ မစဥ်းစားနဲ့။ မတ်တပ်ရပ်စမ်း၊ ကိုယ့်ကိုကိုယ် အရှက်မခွဲနဲ့။ ဂုဏ်သိက္ခာရှိရှိ သေခွင့်ပေးလိုက်မယ်"

"သခင်လေးယွမ် ငါတို့ကို အဆောင်ဧကရာဇ်နဲ့ မီးမိစ္ဆာက အတင်းအကြပ် စေခိုင်းလို့ပါ။ လက်အောက်ငယ်သားတွေအနေနဲ့ ရွေးချယ်စရာ မရှိဘူး။ သူတို့ သေပြီဆိုတော့ ကျုပ်တို့က အမှုထမ်းဖို့ အသင့်ပါပဲ။ အခွင့်အရေးတစ်ခုလောက် ပေးသနားပါ"

အသက်ကြီး ရုန်းကျင့်ကြံသူ တစ်ယောက်က မျှော်လင့်ချက် ကင်းမဲ့နေဟန်ဖြင့် အော်ဟစ်လိုက်၏။

"မတ်တပ်ရပ်စမ်း။ ငါ ရန်သူကို အထင်မသေးချင်ဘူး"

ယွမ်ရှောင်က ထိုလူ၏ လည်ချောင်းကို ဓားဖြင့် ထိုးဖောက်ပြီး အေးစက်စက် အမိန့်ပေးလိုက်၏။

"သခင်လေးယွမ် ကျွန်မတို့ နောင်တရပါပြီ။ ဘာကြောင့် သတ်ဖြတ်ချင်နေရတာလဲ။ ဒီနေ့ ကရုဏာ ပြသရင် ကောင်းကင်ဘုံက ကောင်းချီးပေးပြီး အင်မော်တယ်အဖြစ်ကို ချောချောမွေ့မွေ့ ရောက်ရှိပါလိမ့်မယ်"

အမျိုးသမီး.ရုန်းကျင့်ကြံသူ တစ်ယောက်က မျက်ရည်စက်လက်ဖြင့် တောင်းပန်လိုက်ပြန်သည်။

"ငါက ကိုယ်ကျင့်တရားနဲ့ လိင်အပေါ် အကြောင်းပြပြီး အကြပ်ကိုင်တာကို မုန်းတယ်။ သတ်ကြစမ်း"

ယွမ်ရှောင်က တစ်ချက်သာ စိုက်ကြည့်၍ အပေါင်းအပါများကို ညွှန်ကြားလိုက်သောအခါ ဓားအစောင့်အရှောက် ဦးဆောင်၍ တွန့်​ဆုတ်ခြင်းမရှိ ပြေးတက်သွားကြသည်။ ဤရန်သူများကို သနားညှာတာပေးလိုက်လျှင် တိုက်ပွဲကွင်း အပြင်ရောက်သည်နှင့် စစ်တပ်များအား ဦးဆောင်ကာ အပြစ်မဲ့သူများဖြင့် ခြိမ်းခြောက်ပေလိမ့်မည်။ သူ၏ စိတ်က ပြတ်သားပြီး အဖွဲ့အစည်းများကို ကျူပင်ခုတ် ကျူငုတ်မကျန်အောင် ရှင်းလင်းမှသာ ပြဿနာကို အပြီးတိုင် ဖြေရှင်းနိုင်ပေလိမ့်မည်။

"မကောင်းဆိုးဝါး ကျင့်ကြံသူတွေကို အစုလိုက်အပြုံလိုက် သတ်နေတယ်။ မင်းရဲ့ အပြစ်က ပင်လယ်လို နက်ရှိုင်းတယ်။ ရက်စက်မှုကြောင့် ကောင်းကင်ဘုံက အပြစ်ပေးလိမ့်မယ်"

ထိုအမျိုးသမီးက လက်ညှိုးငေါက်ငေါက်ထိုး၍ ဆဲရေးနေစဥ် နတ်ဆိုးဖြူ ရောက်ရှိလာပြီး လက်သီးတစ်ချက်ဖြင့် ဦးခေါင်းကို အစိတ်စိတ်အမွှာမွှာ ထိုးခွဲပစ်လိုက်သည်။

"ဘုန်း"

သတ်ဖြတ်ပွဲကြီး စတင်ခဲ့ပြီး ယွမ်ရှောင် ရောက်လေရာရာ မည်သူမျှ ဓားတစ်ချက်ကိုပင် မခုခံနိုင်ခဲ့ပေ။

"ရုန်းကျင့်ကြံသူတွေ တိုက်ခိုက်ကြစမ်း"

"ယန်မိစ္ဆာတွေ ဘာရပ်ကြည့်​နေတာလဲ"

တိုက်ပွဲကွင်းအပြင်ဘက်မှ ကြည့်ရှုနေသူများကို စစ်ကူတောင်းလိုက်သော်လည်း ကြောက်စိတ်ကြောင့် မည်သူမှ မလှုပ်ရဲပေ။ ထို့ကြောင့် ထိပ်တန်းကျင့်ကြံသူ တစ်ရာကျော်မှာ စိတ်ဓာတ်ကျ၍ ကြောက်စိတ်ဖိအားအောက်တွင် သေခြင်းမှလွဲလျှင် လွတ်လမ်း မရှိတော့ချေ။

"နားထောင်စမ်း။ မင်းတို့ရဲ့ သိုလှောင်အိတ်တွေက ငါ့အပိုင်ပဲ"

ယွမ်ရှောင်က အေးစက်စက် ကြေညာလိုက်သော်လည်း မည်သူမျှ ရတနာ ပြိုင်လုဝံ့မည် မဟုတ်ပေ။ သွေးအဆီအနှစ်၊ ပျက်စီးအဆီအနှစ်၊ ဓားစက်ကွင်းများနှင့် နတ်ဆိုးအရိုးအားလုံးကို သူက သိမ်းယူလိုက်ပြီး အင်မော်တယ်ကျောက်စိမ်းများလည်း မကျန်ပေ။

"ဘယ်သူ လုပ်တာလဲကွ"

နဂါးတံဆိပ်မှာ ယင်မိစ္ဆာဘုရင်ရှေ့သို့ ပြုတ်ကျလာသောကြောင့် အထိတလန့် ဖြစ်သွားသည်။ ပစ်ချလိုက်သူမှာ ယွမ်ရှောင်ဖြစ်၍ တစ်ချက်သာကြည့်ပြီး လှည့်ထွက်သွားသည်။

"ဒါက တင်တောင်းကြေးများလား"

ဦးလေးနှစ်က ခေါင်းတယမ်းယမ်းဖြင့် မှတ်ချက်ပေး၏။

"တော်စမ်းပါကွာ"

ယင်မိစ္ဆာဘုရင်သည် အမြဲတမ်း တပ်မက်နေခဲ့သော ရတနာကို သိမ်းယူလိုက်ပြီး အမှန်တကယ် ပိုင်ဆိုင်ရလိမ့်မည်ဟု ထင်မထားပေ။

"မယူနဲ့ကွ"

"ဘာကြောင့်လဲ"

"လက်ဆောင်ဆိုတာ ယူပြီးရင် အကြွေးတင်တတ်တယ်။ ငါ့တူမလေးတော့ သိမ်းပိုက်ခံရတော့မယ်"

"ငတုံးကောင် ယူယူ မယူယူ ငါ့သမီးက မျှော်လင့်ချက် မရှိတော့ဘူးဟ"

ယင်မိစ္ဆာဘုရင်က ဦးလေးနှစ်ကို နားရင်း တစ်ချက်ရိုက်ကာ ညည်းညူလိုက်သည်။

"နေမင်းငရဲတစ်ခုလုံး တင်တောင်းမယ်ဆိုရင်တော့ တန််တယ်ကွ"

ဦးလေးနှစ်က ကျေနပ်စွာ ရယ်မောလိုက်၏။ တိုက်ပွဲကွင်းအတွင်း ယွမ်ရှောင်နှင့်အပေါင်းအပါများ စိတ်ဓာတ်တက်ကြွနေသော်လည်း နားခိုရာဂိုဏ်းသားလေးယောက်၏ မျက်နှာထားက အေးစက်တင်းမာနေခဲ့လေသည်။

All Chapters