← Chapters

အခန်း (၃၅၉)

Vol. 28 Ch. 359

အခန်း (၃၅၉)

Vol. 28 Ch. 359

"ငါက အားနည်းတဲ့ဘက်ကို နည်းနည်းလောက် ကူညီပေးချင်ရုံပဲ။ ယွမ်ရှောင် ကျင့်ကြံဖို့ ဆယ်ရက်လောက် အချိန်ပေးပြီး တိုက်ခိုက်ခိုင်းလိုက်ပေမယ့် ထင်တာထက် ကျော်သွားပြီ"

"ဒီကောင်က နည်းနည်းတော့ လွန်တယ်"

မိုကျန်းကျီသည် ထူးဆန်းသော အသံဖြင့် ရေရွတ်လိုက်ပြီး အိပ်မက်နတ်ဆိုးကလည်း ထောက်ခံလိုက်သည်။

"ဘာမှမဖြစ်ဘူး။ နှစ်ဖက်လုံး အချင်းချင်း သတ်မပစ်နိုင်ရင်တောင် အနည်းဆုံး အင်အားတစ်ဝက်လောက် လျော့သွားပြီ။ ဒီအကောင်ပေါက်လေးတွေကတော့ ပြဿနာ မဟုတ်ဘူး"

ရှန်ရှောင်ချန်းသည် တိုက်ပွဲကွင်း အပြင်ဘက်ရှိ ကံပင်လယ် နယ်ပယ် ကျင့်ကြံသူများထံ လှမ်းကြည့်ရင်း ကောက်ကျစ်စွာ ပြုံးနေသည်။

"အစီအရင်ကို ပိတ်ထားရင် တိုက်ပွဲကွင်းထဲက ထွက်မရဘူး။ သူတို့ကို တစ်စစီ ဆွဲဖြဲပစ်လိုက်ရင် လွတ်မြောက်ဖို့ အခွင့်အရေးပဲ"

ခွန်ကျန်းသည် အမှောင်ထဲမှ လှုပ်ရှားသွားလာနေသည့် အသံများကို ကြားနေရသဖြင့် ရူးသွပ်သွားပုံပေါ်သည်။

"အဲ့ဒါက သူ့ကို စားပစ်မယ်လို့ ထင်လား"

ရှန်ရှောင်ချန်းက ရုတ်တရက် မေးခွန်းထုတ်၏။

"ဘာလို့ မစားရမှာလဲ။ သူက အဓိကဟင်းလျာပဲလေ"

မိုကျန်းကျီက တစ်ချက်ပြုံးလိုက်ပြီး နားခိုရာဂိုဏ်းသား လေး​ယောက်သည် စင်ပေါ်သို့ တစ်​ယောက်ယောက် တက်လှမ်းလာမည်ကို လေးစားစွာ စောင့်ဆိုင်းနေကြသည်။ သတ်ဖြတ်ပွဲ၌ ကောင်းကင်ခန်းဆောင်နယ်ပယ် ကျင့်ကြံသူ တစ်ရာကျော်သည် ယွမ်ရှောင်နှင့် အပေါင်းအပါများ၏ လက်ချက်ဖြင့် သတ်ဖြတ်ခံလိုက်ရပြီး တိုက်ပွဲကွင်းအတွင်း ပိတ်မိနေကာ ကြောက်မက်ဖွယ် အဆုံးသတ်ကုန်သည်။ မောက်မာသော ယန်မိစ္ဆာများမှာ မထီမဲ့မြင် သဘောထားခဲ့သည့် ယင်မိစ္ဆာများ လက်ချက်ဖြင့် သေဆုံးပြီး ရုန်းကျင့်ကြံသူများမှာ ဓားကျင့်ကြံသူများ၏ ဓားဖျားတွင် အသက်ပါသွားကြ၏။ ယွမ်ရှောင်သည် နတ်ဆိုးအရိုးများကို သိမ်းပိုက်၍ အလောင်းများကို သန့်စင်ပစ်ကာ အသုံးဝင်သည့်အရာ မချန်ထားရစ်သောကြောင့် တမလွန်နတ်ဆိုးများနှင့် ရေနဂါးများ၏ အဖြစ်မှာ ဆိုးရွားလှပေသည်။ အခြားဓားကျင့်ကြံသူများက သူ့ကို ကျော်လွန်၍ မစုပ်ယူရဲသဖြင့် ဓားအော်ရာ အရေအတွက် တစ်သောင်းခြောက်ထောင်အထိ မြင့်တက်လာသကဲ့သို့ ရုန်းအရေအတွက် နှစ်သောင်းနှစ်ထောင်အထိ ပိုင်ဆိုင်ခဲ့သည်။

"ရန်သူတွေ ကုန်တော့မယ်"

သူက တိုက်ပွဲကွင်းကို အကဲခတ်လိုက်ရာ ခုခံနေသည့် ရန်သူအနည်းငယ်သာ ကျန်ရစ်ကြောင်း မြင်ခဲ့ရ၏။ သူက တည်ငြိမ်စွာ ရပ်နေသော်လည်း အလောင်းများ၏ သွေးအဆီအနှစ်သည် တိတ်တဆိတ် စီးဝင်လာကာ ကပ်ဘေးမိစ္ဆာသွေးမှ ဝါးမျိုနေခဲ့သည်။ ထိပ်တန်းကျင့်ကြံသူများ၏ သွေး ဖြစ်သောကြောင့် ကပ်ဘေးမိစ္ဆာနှလုံးသားမှာ သိသိသာသာ အားကောင်းလာခဲ့ပြီး ကျင့်ကြံဆင့်ကို အခြေတည်အဆင့် ကောင်းကင်ခန်းဆောင်နယ်ပယ်သို့ ဖောက်ထွက်သွားစေခဲ့သည်။

"မိစ္ဆာနှလုံးသား တိုးတက်လာရင် အဆင့်တက်ဖို့ ပြဿနာ မရှိဘူး"

စစ်မင်းသမီး၏ တိုးတက်မှုသည် သုံးယောက်ပေါင်း အသွင်ကို တိုးတက်စေမည်မှာ သံသယမရှိသောကြောင့် အဆောင်ဧကရာဇ်နှင့် မီးမိစ္ဆာ သေဆုံးသွားသောအခါ ယေဘူယျအားဖြင့် ငရဲကိုးထပ်၌ အသန်မာဆုံး ဖြစ်လာပေလိမ့်မည်။ သို့သော် သူ၏ စိတ်က လေးလံနေပြီး ငရဲကိုးထပ်၏ အခြေအနေမှာ ထင်ထားသည်ထက် နက်ရှိုင်းကြောင်း ခံစားနေရသည်။ ရန်သူများ အမြစ်ပြတ် ချေမှုန်းခံလိုက်ရသော်လည်း မသိစိတ်က အန္တရာယ်ဟူ၍ အဆက်မပြတ် သတိပေးနေသည်။

"သခင်လေးယွမ် ဒါတွေက အမှတ်တွေပါ"

ဓားအစောင့်အရှောက်သည် တံဆိပ်ပြားအားလုံးကို စုစည်း၍ ကမ်းပေးလာခဲ့ပြီး ယွမ်ရှောင်မှာ စည်းမျဥ်းအရ ဘုရင်ခံအသစ် ဖြစ်လာခဲ့၏။

"ငရဲကိုးထပ် ဘုရင်ခံ"

ဓားအစောင့်အရှောက်က ဒူးထောက်လိုက်ပြီး ရှေ့ဆုံးမှ ဦးဆောင်လိုက်သောအခါ တိုက်ပွဲကွင်း အတွင်းနှင့်အပြင်ရှိ ကျင့်ကြံသူများလည်း လှိုင်းလုံးကြီးပမာ ဒူးထောက်လာကြသည်။

"ငါ့ရှေ့မှာ ဒူးထောက်ကြတယ်ဆိုတော့ အဆင်သင့်ဖြစ်ပြီလား။ အနာဂတ် ငရဲကိုးထပ်က ဘယ်မျိုးနွယ်ဖြစ်ဖြစ် အုပ်ချုပ်မှုတစ်ခုတည်းအောက်မှာ ရှိရမယ်ါ လူသားတွေက ဓားအပျက်အစီးနယ်မြေ၊ ရေနတ်ဆိုးတွေက ရေသူပင်လယ်၊ မိစ္ဆာတွေက အဆုံးမဲ့ငရဲပြည်ကို လေးစားရမယ်။ ဒါကို လက်မခံချင်ရင် ဆန့်ကျင်ဖို့ အခွင့်အရေးတစ်ခု ပေးမယ်"

ယွမ်ရှောင်က ကြေညာလိုက်ပြီး နောက်လိုက်များ၏ အရင်းအမြစ်ထောက်ပံ့မှုကြောင့် ဆယ်ရက်အတွင်း ပြဿနာကို ရှင်းလိုက်နိုင်သောအခါ ထိုက်တန်စွာ မျက်နှာသာပေးခဲ့သည်။ ထိပ်ဆုံးတွင် နေသားကျနေပြီဖြစ်သော ငရဲလေးထပ်မှ ကျင့်ကြံသူများ လက်ခံရခက်သော်လည်း ထိပ်တန်းအကြီးအကဲများ သေဆုံးကုန်ပြီဖြစ်ရာ နှလုံးသားအတွင် နက်ရှိုင်းစွာ စွဲထင်နေသည့် ကြောက်စိတ်ကြောင့် မဆန့်ကျင်ရဲတော့ပေ။

"ငါနဲ့ ပူးပေါင်းဆောင်ရွက်ရင် နောက်တစ်ရက် နေထွက်တာကို မြင်နိုင်ဖို့ အသက်ရှင်မှာပါ"

ရုန်းကျင့်ကြံသူများ၊ ယန်မိစ္ဆာများ၊ တမလွန်နတ်ဆိုးများနှင့် ရေနဂါးများ ခေါင်းငုံ့ထားကြပြီး ဓားကျင့်ကြံသူများ၊ ယင်မိစ္ဆာများနှင့် ရေသူနတ်ဆိုးများ ပြုံးပျော်နေကြ၏။ ယွမ်ရှောင်က နေမင်းငရဲကို ပေးအပ်လာသောအခါ ယင်မိစ္ဆာများအတွက် ပျော်ရွှင်ဖွယ်ဖြစ်ပြီး ယန်မိစ္ဆာများ ခံစားရလေလေ သူတို့ ကျေနပ်လေလေ ဖြစ်သည်။ ယင်မိစ္ဆာဘုရင်သည် သင်္ကေတဖြစ်သော နဂါးတံဆိပ်ကို ကိုင်ဆောင်ထားသဖြင့် နေမင်းငရဲ၏ ဘုရင်အသစ် ဖြစ်မည်မှာ သေချာသဖြင့် ယွမ်ရှောင်က စစ်မင်းသမီးနှင့် ယင်မိစ္ဆာမျိုးနွယ်ကို အထူးဂရုစိုက်ကြောင်း ရှင်းလင်းပြတ်သားနေ၏။

"ငါတို့ရဲ့ ဝေစုကရော"

လျစ်လျူရှုခံထားရသည်ဟု ခံစားရသော ဖီးနစ်ဧကရီက မေးလိုက်ခြင်းဖြစ်သည်။

"မင်းက ဘယ်ဝေစုကို မျက်စိကျနေတာလဲ"

ယွမ်ရှောင်က တစ်ချက်ပြုံးလိုက်ပြီး ကိုယ်ပွားနှင့် ဆက်ဆံရေးတစ်ခု ရှိနေသဖြင့် ခံစားချက်များမှာ အစစ်အမှန်ပင်။

"ကုန်းနတ်ဆိုးတွေ အန္တရာယ်ကင်းနေတာကိုက အောင်ပွဲပဲ။ ကံစမ်းချင်မနေနဲ့"

ကုန်းနတ်ဆိုးများ၏ ပိုင်နက်က ကျယ်ပြန့်ပြီး ရေနတ်ဆိုးများအပေါ် သြဇာညောင်းရန် မလွယ်သဖြင့် သူမ အတွေးရခက်နေစဥ် ယွမ်ရှောင်က ဆက်ပြောသည်။ သူက နတ်ဆိုးများကို လုံးဝ ရှင်းပစ်လိုစိတ် မရှိသော်လည်း လူသားမျိုးနွယ် ပိုမို အားကောင်းလာစေပြီး သာမန်လူများ နည်းပါး၍ ကျင့်ကြံသူအရေအတွက် များပြားလာမည့် အနာဂတ်တစ်ခုကို ကြံစည်ထား၏။

"ကောင်းပြီ"

ဖီးနစ်ဧကရီက ညည်းညူလိုက်ပြီး ယွမ်ရှောင်နှင့် များစွာမတွေ့ဖူးသော်လည်း စိတ်အနှောင့်အယှက် ဖြစ်နေရသည်။

"ဟိုကလေးရော ဘယ်ရောက်နေတာလဲ။ သူတို့က တန်းတူ မိတ်ဆွေ ဖြစ်တယ်လို့ ပြောခဲ့တာပဲ။ ဘယ်ပျောက်နေတာလဲ မသိဘူး"

သူမက ကျင့်ကြံသူများအကြား လနတ်သားကို လိုက်လံရှာဖွေနေသော်လည်း ကောက်ရိုးပုံအတွင်း အပ်ပျောက် ရှာရသကဲ့သို့ပင်။ သို့သော် သူမသည် တစ်ခုခုကို တွေးမိလိုက်ပြီး ကျောရိုးအထိ စိမ့်တက်သွားကာ ကြောက်မက်ဖွယ် အမှန်တရားတစ်ခုနှင့် နီးစပ်လာခဲ့၏။

"ငါ အမှတ်အားလုံးကို စုဆောင်းပြီးပြီ။ ရန်သူတွေလည်း သေပြီး အချိန်ပြည့်ကာနီးပြီဆိုတော့ တိုက်ပွဲကွင်းကို ပိတ်လို့ ငရဲကိုးထပ်တိုက်ပွဲ အဆုံးသတ်လိုက်ရအောင်"

ထိုအချိန်တွင် ယွမ်ရှောင်သည် နားခိုရာဂိုဏ်းသားလေးယောက်ထံ စကားဦးသန်းလိုက်သည်။

"ဓားအပျက်အစီးနယ်မြေက ငရဲကိုးထပ် ဘုရင်ခံအသစ် ဖြစ်လာရမယ်"

မုကျန်းတန်းက မုတ်ဆိတ်ကို ပွတ်သပ်ရင်း တွေးတွေးဆဆနှင့် တောင်းဆိုလိုက်ခြင်းဖြစ်၏။

"ရေသူပင်လယ်က သခင်လေးယွမ်ကို အပြည့်အဝ ထောက်ခံတယ်"

ရေသူမဘုရင်ကလည်း ပြတ်ပြတ်သားသား ကြေညာသည်။

"အချိန်မပြည့်ရင်လည်း အစီအရင်ကို ပိတ်လို့ရပါပြီ "

ယင်မိစ္ဆာဘုရင်က ဖြတ်ပြောလိုက်ပြီး နားခိုရာဂိုဏ်းသည် ဤတိုက်ပွဲ၌ ကြီးကြပ်ရုံသာ ဖြစ်သောကြောင့် သူတို့အပေါ် အမှန်တကယ် လေးစားမှုမျိုး မရှိပေ။ လက်ရှိတွင် ငရဲကိုးထပ်သည် ယွမ်ရှောင်ကို ဒူးထောက်လိုက်သောအခါ အကြည့်အားလုံး နားခိုရာဂိုဏ်းသား လေးယောက်ထံ စုဝေးရောက်ရှိလာကာ မည်သို့ဆုံးဖြတ်မည်ဟူသော အဖြေက သော့ချက် ဖြစ်လာခဲ့လေသည်။

All Chapters