← Chapters

ပြေးတမ်းလိုက်တမ်း

Vol. 28 Ch. 363

ပြေးတမ်းလိုက်တမ်း

Vol. 28 Ch. 363

နားခိုရာဂိုဏ်း၏ တံခါးများ ပွင့်ဟလာပြီး အဘိုးအိုများ၏ ရိုက်နှက်သတ်ဖြတ်ခံနေရသော ငရဲကိုးထပ် ကျင့်ကြံသူများအတွက် လွတ်မြောက်ရေး အရိပ်အယောင်ပင် ဖြစ်သည်။ လူသားများ၊ နတ်ဆိုးများနှင့် မိစ္ဆာများက လေအလျင်ကဲ့သို့ ထွက်ပြေးရန် ကြိုးစားနေကြပြီး ကြောက်မက်ဖွယ် နားခိုရာဂိုဏ်းအတွင်း ကြုံတွေ့ခဲ့ရသည်များမှာ သူတော်စင်များကိုပင် ရူးသွပ်သွားစေနိုင်လောက်သည်။

"ပြေးကြ"

"နီအန်သားရဲက ငါတို့အကုန်လုံးကို စားနိုင်မှ လွတ်မြောက်မှာ။ ဒီလိုဖြစ်ခွင့် မပေးနဲ့"

ရှင်သန်ရေးသည် ငရဲကိုးထပ် တိုက်ပွဲ၏ ရည်မှန်းချက်ဖြစ်လာကာ ထောင်ချီသော ကျင့်ကြံသူများ ဒရောသောပါး ထွက်ပြေးနေကြသဖြင့် တစ်ယောက်ကို တစ်ယောက် တိုက်မိကုန်သည်။

"သခင်လေးယွမ်"

ဓားအစောင့်အရှောက်၊ ရေသူမဘုရင်၊ ယင်မိစ္ဆာဘုရင်နှင့် ဖီးနစ်ဧကရီတို့သည် ထွက်ပြေးလိုသော်လည်း ယွမ်ရှောင်က ကြောက်မက်ဖွယ် ဆံနီအဘိုးအိုကို ဟန့်တားပေးထားသဖြင့် စိုးရိမ်ပူပန်နေကြ၏။

"ထွက်ပြေးကြတော့"

ယွမ်ရှောင်က တစ်ချက်ပင် လှည့်မကြည့်ဘဲ အမိန့်ပေးလာခဲ့ပြီး မောက်မာသော ဖီးနစ်ဧကရီပင် မလေးစားဘဲ မနေနိုင်တော့ပေ။ သူက အစစ်အမှန် ဘုရင်တစ်ပါး၏ သတ္တိမျိုးရှိကာ နောက်လိုက်ငယ်သားများကို ကာကွယ်ရန် ရဲရဲရင့်ရင့် ရှေ့ထွက်ရဲပြီး အန္တရာယ်ကို တစ်ကိုယ်တော် ရင်ဆိုင်ရန် အသင့်ဖြစ်နေသည်။ ထိပ်တန်းကျင့်ကြံသူများသည် အင်အားများကို စုစည်း၍ အဘိုးအိုများ၏ တိုက်ခိုက်မှုကို တောင့်ခံပေးရင်း နောက်ဆုံးတွင် အားလုံး လွတ်မြောက်သွားကြ၏။ ဖီးနစ်ဧကရီပင်လျှင် တစ်ကိုယ်လုံး သွေးများ ရွှဲရွှဲစိုကာ အပြာရောင် အမွေးအတောင်များကို အဘိုးအိုများ ​ဆွဲနုတ်သွားခြင်း ဖြစ်ရာ အစွမ်းထက်လွန်းလှသည်။ ငရဲကိုးထပ်၏ ထိပ်တန်းကျင့်ကြံသူ တစ်ဝက်သည် ယွမ်ရှောင် လက်ချက်ဖြင့် အသတ်ခံလိုက်ရသောကြောင့် ဤရန်သူများနှင့် ရင်ဆိုင်ရသည်မှာ အတန်ငယ် အခက်တွေ့ခဲ့ရသည်။

"နတ်ဆိုးဖြူနဲ့ သခင်လေးယွမ်က ထိုက်ကျိအစီအရင်နဲ့ နားခိုရာဂိုဏ်း တံခါးတွေကို အချိန်မီ ဖွင့်ပေးနိုင်ခဲ့တာ ကျေးဇူးတင်ရမယ်"

မုကျန်းတန်းက သက်ပြင်းချလိုက်ပြီး ထိုနှစ်ယောက်ကြောင့်သာမဟုတ်လျှင် တိုက်ပွဲကွင်းအပြင်ရှိ ကျင့်ကြံသူအားလုံး သေဆုံးသွားကာ တိုက်ပွဲကွင်းအတွင်းရှိ ထိပ်တန်းကျင့်ကြံသူများလည်း အဆုံးသတ်သွားနိုင်၏။ လွတ်မြောက်လာသော အချိန်ခဏအတွင်းမှာပင် အဘိုးအိုများ၏ လက်ချက်ဖြင့် ကျင့်ကြံသူတစ်ထောင်ကျော် အသတ်ခံလိုက်ရပြီး ကိုယ်တွင်းကလီစာများ စားသုံးခံနေရသည်။

"လူသားက အရသာရှိတယ်။ နတ်ဆိုးနဲ့ မိစ္ဆာအသားက စားမကောင်းဘူး"

အဘိုးအိုများက ရယ်မောနေကြပြီး ရွံရှာဖွယ် မျက်နှာများ သွေးစွန်းကာ တစ်ကိုယ်လုံး နှစ်ပိုင်းပြတ်နေသည့်တိုင်အောင် တွားသွားနေကြပြီး ကြောက်စရာမြင်ကွင်းကြောင့် ကျင့်ကြံသူများ ကြက်သီးထကုန်သည်။ ယွမ်ရှောင်သည် ထိုအဘိုးအိုကို တားဆီးရန် တစ်ကိုယ်တော် နောက်ချန်နေရစ်ခဲ့ခြင်းမှာ မျိုးနွယ်အားလုံးအတွက် သူရဲကောင်းပမာ ဖြစ်လာစေသည်။

"သခင်လေးယွမ်ကို တစ်ကိုယ်ကောင်းဆန်တယ်လို့ ထင်ထားခဲ့တာ။ ဒါပေမယ့် သူက ငါတို့ လွတ်မြောက်အောင် အချိန်ဆွဲပေးဖို့ နီအန်သားရဲနဲ့ ရင်ဆိုင်နေတယ်"

ရုန်းကျင့်ကြံသူတစ်ဦးက သက်ပြင်းချ၍ ရေရွတ်လိုက်သည်။

"အပိုတွေ မပြောနဲ့။ မင်းတို့တွေက သူ့ကို အရင်ရန်စခဲ့တာပဲ။ ဘာတစ်ကိုယ်ကောင်းဆန်တာလဲ"

ဓားကျင့်ကြံသူတစ်ယောက်က နှာခေါင်းရှုံ့လိုက်ပြီး ငြင်းခုံနိုင်နေသဖြင့် ကပ်ဘေးမှ လွတ်မြောက်ခဲ့ရပြီဖြစ်သည်။

ဆံနီအဘိုးအိုသည် ယွမ်ရှောင်ရှေ့သို့ ဘုန်းခနဲ ဆင်းသက်လာပြီး မီးလျှံကဲ့သို့ ဆံပင်များနှင့် သွေးမျက်လုံးများမှာ အရိုင်းဆန်၍ အနက်ရောင် လျှာကြီး တွဲလောင်းကျနေသဖြင့် မကောင်းဆိုးဝါးတစ်ကောင် အလားပင်။

"ငါ့အကြောင်း ကြားဖူးလား။ အင်မော်တယ်ပေါက်စလေး"

သူက လှောင်ပြုံးတစ်ချက်နှင့် မေးလိုက်သည်။

"မကြားဖူးဘူး"

ယွမ်ရှောင်က ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ထား၍ အေးစက်စက် စိုက်ကြည့်နေကာ ရန်သူမှ စကားပြောလိုလျှင် ခဏတာ အနားရပေလိမ့်မည်။ အချိန်ပိုရလေလေ နားခိုရာဂိုဏ်းအတွင်းမှ ကျင့်ကြံသူ အရေအတွက် များများ လွတ်မြောက်လေလေ ဖြစ်သည်။

"မကြားဖူးလည်း ကိစ္စမရှိပါဘူး။ မင်းက အစားအသောက်ကောင်းလေးပဲ"

ဆံနီအဘိုးအိုက လှစ်ခနဲ ချဥ်းကပ်လာပြီး အနီရောင် နောက်ချန်ပုံရိပ်များ ကျန်ရစ်ကာ လေထုကိုပင် ပေါက်ကွဲသွားစေသည်။ ယွမ်ရှောင်သည် ထောင်စောင့်နဂါးတံဆိပ်ကို ဆင့်ခေါ်ကာ ရိုက်ချလာသော အဘိုးအို၏ လက်ဝါးအား ခုခံရန် အစွမ်းကုန်ထုတ်သုံးခဲ့၏။ ညာလက်တွင် ကောင်းကင်သင်္ချိုင်းဓားဝိညာဥ် ထွက်ပေါ်လာကာ နတ်ဆိုးစွမ်းရည်များစွာ ပေါက်ကွဲထွက်ပေါ်လာသော်လည်း ပစ်မှတ်ကို မထိနိုင်ခင်မှာပင် ရန်သူ၏ လက်ဝါးသည် ရင်ဘတ်ကို ထိမှန်သွားကာ လေပေါ် မြောက်တက်သွားစေ၏။

"သန်မာလှချည်လား"

ယွမ်ရှောင်၏ ရင်ဘတ်က ဂျွတ်ခနဲ ချိုင့်ဝင်သွားကာ အနက်ရောင်သွေးများ ပန်းထွက်လာ၍ ပြန်လည်မွေးဖွားလာပြီးကတည်းက ဤမျှလောက် ပြင်းထန်သော ဒဏ်ရာမျိုး မရဖူးပေ။ သူ၏ မျက်လုံးများ အဆမတန် ပြူးထွက်နေကာ ရင်ဘတ်မှ နာကျင်မှုသည် လူမဆန်သော်လည်း အသက်တံဆိပ်နှင့် ပျက်စီးနတ်ခန္ဓာမှ ကာကွယ်ပေးထားသဖြင့် အတွင်းအင်္ဂါများ လွတ်မြောက်သွားရသည်။

"မတ်တပ်ရပ်နိုင်သေးတယ်ပေါ့။ မဆိုးဘူး။ ပြန်လည်ဝင်စားလာတဲ့ ဝိညာဥ်တစ်ကောင်အတွက်တော့ တော်တော်လေး သန်မာတယ် ပြောရမယ်"

ဆံနီအဘိုးအို၏ စကားသံက တည်ငြိမ်အေးဆေးသော်လည်း တိုက်ကွက်မှာ လျှပ်စီးပမာ လျင်မြန်၍ နောက်တစ်ဖန် ငယ်ထိပ်ကို ပစ်မှတ်ထားကာ ရိုက်ချလာပြန်သည်။ ထိုအခိုက်အတန့်တွင် သူ၏ ရင်ဘတ်မှ အပြာရောင်မီးလျှံများ ထွက်ပေါ်လာ၍ ထိုလက်ကို ဝါးမျိုသွားသဖြင့် အရိုးသာ ကျန်ရစ်ခဲ့၏။

"မင်းရဲ့ ခန္ဓာကိုယ်က ဘာကြီးလဲ"

ဆံနီအဘိုးအိုက မျက်နှာ ပျက်သွားပြီး သားရဲတစ်ကောင်ပမာ ဟိန်းဟောက်နေသည်။

"မင်းရဲ့အဖေ"

ရန်သူကို ရင်ဆိုင်ရန်အတွက် ယွမ်ရှောင်က အင်မော်တယ် ကျောက်စိမ်းများကို နှမြောမနေတော့ပေ။ သို့ရာတွင် နောက်လိုက်ငယ်သားများ လွတ်မြောက်သွားအခါ ထပ်မံ ခေါင်းမာနေလျှင် အန္တရာယ်ရှိသည်ကို နားလည်သဖြင့် သေကြောင်းမကြံလိုပေ။ သူက ဓားပျံအပေါ် ခုန်တက်ကာ ထွက်ပြေးရန် ကြိုးစားလိုက်ပြီး စိတ်လှုပ်ရှားနေကာ ယနေ့တွင် ဤဆံနီမိစ္ဆာလက်မှ လွတ်မြောက်ရပေလိမ့်မည်။ ရန်သူသည်လည်း တစ်ကိုယ်လုံး အနက်ရောင်မီးများ တောက်လောင်၍ လေမုန်တိုင်းပမာ ပြေးလိုက်လာသဖြင့် ဓားပျံမှာ ပင်လယ်ဖြတ်သန်း ဓားတစ်ထောင် သိုင်းကွက်ဖြင့် လျင်မြန်ဖြတ်လတ်စွာ အရှိန်မြှင့်လိုက်၏။ ယွမ်ရှောင်၏ ဆံပင်များ လွင့်ပျံနေပြီး နောက်ချန်ပုံရိပ်ပေါင်း တစ်ထောင်ဖြင့် လေထဲတွင် ဖမ်းရခက်စေသည်။

"သာမန်အင်မော်တယ်လေးက ဘယ်ပြေးမလို့လဲ"

ဆံနီအဘိုးအိုက ဒေါသတကြီး ဖြစ်နေပြီး ရူးသွပ်စွာ လိုက်လံ ဖမ်းဆီးနေကာ အဖြောင့်အတိုင်းဆိုလျှင် ဓားပျံထက် ပိုမို မြန်ဆန်နေခဲ့သည်။ ယွမ်ရှောင်သည် စွမ်းအင်များ ပြန်လည် ဖြည့်တင်းရန် ကောင်းကင်တာအိုဆေးလုံးများ မျိုချလိုက်ပြီး တိုက်ပွဲကွင်း၏ ထောင့်ချိုးများအတိုင်း ကွေ့ပတ်ပျံသန်းနေကာ တစ်ခုခု ချွတ်ချော်သွားလျှင် နီအန်သားရဲ၏ အဆာပြေ ဖြစ်သွားပေလိမ့်မည်။

"ဘုန်း"

သူက ဓားပျံကို အောက်နိမ့်လိုက်ပြီး မြေပြင်နှင့် ပွတ်တိုက်ကာ ရုတ်တရက် ကွေ့ချလိုက်သဖြင့် အဘိုးအိုသည် နံရံထံ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်သွားသည်။ အရှိန်ပြင်းလွန်းသောကြောင့် ဦးခေါင်းကွဲအက်သွားကာ သွေးများ စီးထွက်လာသဖြင့် သူက လှောင်ပြောင်ရယ်မောနေခဲ့သည်။

"နှစ်ပေါင်းများစွာ သံကြိုးခတ်ခံထားရတော့ မင်းက မွေးမြူရေးတိရိစ္ဆာန် ဖြစ်သွားပြီလား"

ထိုစကားသည် အဘိုးအိုများကို ဒေါသတကြီး ဖြစ်သွားစေကာ ငရဲကိုးထပ်၏ ကျင့်ကြံသူများ မင်သက်ကုန်သည်။ သူတို့က ယွမ်ရှောင် မလွတ်မြောက်မည်ကို ပူပန်ကြောင့်ကြနေသော်လည်း တစ်ဖက်လူမှာ နားခိုရာဂိုဏ်းအတွင်း နွားရိုင်းသတ်သမားပမာ လှုပ်ရှားနေ၏။ ထို့ကြောင့် ယွမ်ရှောင် အသက်ရှင်လျက် ထွက်လာနိုင်ရန် သူတို့အားလုံး အမြန်ဆုံး ထွက်ပြေးရမည်ဖြစ်ကာ ဓားအစောင့်အရှောက်က အော်ဟစ် သတိပေးနေသည်။.

"ငါ့ကို သာမန်အင်မော်တယ်လို့ ခေါ်တယ်လား။ ဒါဆိုရင် မင်းက မွေးမြူရေး ဝက်တစ်ကောင် ဖြစ်ရမယ်။ လာစမ်းပါ၊ ငါ့ကို လိုက်ဖမ်းစမ်း"

ယွမ်ရှောင်သည် လေထဲတွင် လှည့်ပတ်ပျံသန်းနေရင်း နံရံအတွင်းမှ ခုန်ထွက်လာသော ဆံနီအဘိုးအိုကို လက်ညှိုးကွေး၍ စိန်ခေါ်လိုက်လေသည်။

All Chapters