အလင်းကို စုပ်ယူပြီး အမှောင်ကို သန့်စင်ခြင်း
Vol. 46 Ch. 676
ဖန်းမင်ရွှယ်၏ ဆံနွယ်ရှည်များက လေမတိုက်ဘဲ လှုပ်ရှား ကခုန်နေသည်မှာ ရှေးဟောင်းခေတ်ရှိ နတ်ဆိုးနတ်ဘုရားတစ်ပါးနှင့်တူလှသည်။ သို့သော် သူမ၏ မျက်ဝန်းများထဲတွင်မူ အစွန်းရောက်သော အမှောင်၏ သန့်စင် စင်ကြယ်မှုရှိနေသည်။
သူမသည် ဝမ်းမြောက်ခြင်း၊ ဒေါသထွက်ခြင်းမရှိစွာ ငြိမ်သက်နေသည်။
လေထုအလယ်တွင် တိတ်ဆိတ်စွာ ပျံဝဲနေသည်မှာ အနုပညာလက်ရာတစ်ခုအလား ပြည့်စုံလွန်းလှသည်။
အမှောင်ကောင်စီရှိ လူတိုင်း ကြက်သေသေသွားကြသည်။
…
သို့သော် ထိုအချိန်မှာပင် မြင့်မြတ်သောအလင်းဖြင့် ဖွဲ့စည်းထားသော လှံရှည်တစ်စင်းသည် ကောင်းကင်ယံကို ဖြတ်သန်းကာ ဖန်းမင်ရွှယ်၏ ရင်ဘတ်ဆီသို့ တန်းတန်းမတ်မတ် ထိုးစိုက်လာသည်။
Metatron ၏ မျက်နှာသည် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
"ငါ့ရှေ့မှာ ဟန်ဆောင်မနေနဲ့၊ သွားသေလိုက်စမ်း!"
ဖန်းမင်ရွှယ်၏ မျက်လုံးများ ဖွင့်လိုက်သည့်အချိန်မှစ၍ Metatron သည် ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။
သူမသည် လေထဲတွင်သာ ပျံဝဲလာနေသော်လည်း သူသည်တော့ ပြင်းထန်လာသော အမှောင်စွမ်းအားကို ခံစားနေရသည်။
အဆုံးတွင် Metatron ၏ နှလုံးသားထဲတွင် ထိတ်လန့်မှုတစ်ခုဖြတ်ပြေးသွားသည်။
ထိုသို့ထိတ်လန့်မိသောကြောင့်ပင် Metatronက ရှက်ရွံ့စိတ်ကြောင့် ဒေါသမီးများ တောက်လောင်လာခဲ့သည်။ သူသည် နတ်ဘုရားတစ်ပါး ဖြစ်သော်လည်း သေမျိုးလောကမှ အမှောင်သခင်မတစ်ဦးကို ကြောက်ရွံ့နေမိသည်။
ထို့ကြောင့် Metatron သည် မဆင်မခြင် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
မြင့်မြတ်သောလှံသည် အလွန်မြန်သော အရှိန်ဖြင့် ချဉ်းကပ်သွားပြီး မျက်စိတစ်မှိတ်အတွင်း ဖန်းမင်ရွှယ်အနားသို့ ရောက်သွားသော်လည်း သူမ၏ ရင်ဘတ်ကို ထိုးဖောက်တော့မည်အပြုတွင် ရုတ်တရက် ရပ်တန့်သွားသည်။
ထို့နောက် ဝုန်းခနဲ ပေါက်ကွဲသွားသောကြောင့် Metatron ထိတ်လန့်စွာ အော်မိသွားသည်။
"မဖြစ်နိုင်ဘူး"
သူ စကားဆုံးသည်နှင့် ဖန်းမင်ရွှယ်သည် သူ့ကို မော့ကြည့်လာသည်။ သူမ၏ နက်မှောင်သော မျက်ဝန်းများတွင် မည်သည့်စိတ်ခံစားချက်မှ မရှိပေ။ ထို့နောက် သူမ၏ ညာဘက်လက်ညှိုးကို မြှောက်ကာ Metatron ဆီ ညွှန်ပြလိုက်သည်။
ဘုန်း
ညအမှောငိထက်ပင် ပိုမိုနက်ရှိုင်းသော အမှောင်တစ်ခုသည် ချက်ချင်းဆိုသလို ဖြတ်သန်းလာပြီး Metatron မတုံ့ပြန်နိုင်ခင်မှာပင် သူ၏ ရင်ဘတ်ကို ထုတ်ချင်းပေါက် ထိုးဖောက်သွားပြီဖြစ်သည်။
Metatron ညည်းညူလိုက်ကာ သူ၏ မြင့်မြတ်သောအလင်းသည် ပိုလို့ပင်မှိန်ဖျော့လာပြီး ဒဏ်ရာရသွားသည်။
သို့သော် သူသည် အဆင့်မြင့် နတ်ဘုရားတစ်ပါးဖြစ်သောကြောင့် ထိုကဲ့သို့သော ဒဏ်ရာလေးသည် သူ့ကို ဖျက်ဆီးရန် မလုံလောက်ပေ။
သူသည် ဒေါသတကြီး နှာမှုတ်လိုက်ပြီး သူ၏ မြင့်မြတ်သောအလင်းတောင်ပံကို တစ်ချက်ခတ်လိုက်ရာ သူ၏ ခန္ဓာကိုယ်သည် နေရာတွင်ပင် ပျောက်ကွယ်သွားပြီး နောက်တစ်ကြိမ် ပြန်ပေါ်လာသောအခါ ဖန်းမင်ရွှယ်၏ နောက်ကျောသို့ ရောက်နေပြီ ဖြစ်သည်။
ကြီးမားသော တောင်ပံကြီးများသည် ဖန်မု့န်ရွှယ်ကို အပြည့်အဝ ဖုံးလွှမ်းသွားသည်။
Metatron မထီမဲ့မြင် ပြုံးလိုက်သည်။
"မင်းကို လျှော့တွက်မိတာ ငါ ဝန်ခံတယ်၊ ဒါပေမယ့် ဒီမှာပဲ အဆုံးသတ်ပြီ၊ သေလိုက်စမ်း၊ မြင့်မြတ်တဲ့အလင်းအပြစ်ဒဏ်"
သူ၏ စကားသံနှင့်အတူ သူမ ပတ်ပတ်လည် ဖုံးအုပ်ထားသော မြင့်မြတ်သောအလင်းတောင်ပံများသည် ရုတ်တရက် တုန်ခါသွားပြီး ဗုံးများ ပေါက်ကွဲနေသည့်ပမာ အလင်းတန်းများလည်းကြားမှ ဖြာထွက်လာသည်။
"မင်ရွှယ်!" ခါရာဆက် နှင့် အခြားသူများ အော်ဟစ်လိုက်ကြသည်။
ရွှယ်အန်းမှာမူ တည်ငြိမ်နေဆဲဖြစ်ပြီး မည်သည့် လှုပ်ရှားမှုမျှမရှိပေ။
သို့သော် Metatron သည် ဖန်းမင်ရွှယ် သေချာပေါက် သေဆုံးပြီဟု ထင်နေစဉ်တွင် မူလတွင် တောက်ပစွာလင်းထိန်နေသော မြင့်မြတ်သောအလင်းတောင်ပံမှာ တဖြည်းဖြည်းမှိန်ဖျော့လာပြီး အနက်ရောင် မြူခိုးများ ဖုံးလွှမ်းလာသည်။
Metatron က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ဘာတွေဖြစ်နေတာလဲ”
သူ၏ စကားမဆုံးမီမှာပင် ပတ်ပတ်လည် ဖုံးအုပ်ထားသော မြင့်မြတ်သောအလင်းတောင်ပံများသည် ပြင်းထန်စွာ ပေါက်ကွဲထွက်သွားပြီး ဖန်းမင်ရွှယ်သည် ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ လေထဲတွင် ရပ်နေကာ Metatron ကို တည်ငြိမ်ကာ နက်မှောင်သော မျက်လုံးများဖြင့် ကြည့်နေဆဲဖြစ်သည်။
"အား! ငါ့တောင်ပံတွေကို ဖျက်ဆီးရဲတယ်ပေါ့၊ ငါ မင်းကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်!"
Metatron က နာကျင်စွာ အော်ဟစ်ပြီး ဆက်လက်တိုက်ခိုက်ရန် ကြိုးစားသည်။
ထိုအခိုက်တွင် ဖန်းမင်ရွှယ်၏ ဆံပင်များ ရုတ်တရက် ထောင်တက်သွားပြီး အမျှင်ပေါင်း သုံးထောင်အဖြစ် ပြောင်းလဲသွားကာ ချက်ချင်းပင် ရှေ့သို့ တိုးဝင်လာပြီး Metatronကို တင်းကျပ်စွာ ချည်နှောင်လိုက်သည်။
Metatron ရုန်းသော်လည်း ဆံနွယ်များသည် မရေမတွက်နိုင်သော အပ်များကဲ့သို့ သူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။
သူ စကားပင် မပြောနိုင်ခင်မှာပင် ဆံနွယ်များသည် သူ၏ ခန္ဓာကိုယ်မှ မြင့်မြတ်သောအလင်းကို အရူးအမူး စုပ်ယူတော့သည်။
ဆံနွယ်များသည် မရေမတွက်နိုင်သော ပြွန်ချောင်းများအဖြစ် ပြောင်းလဲသွားပြီး သူ့ အတွင်းရှိ တောက်ပသော အလင်းရောင်များလည်း ဖန်းမင်ရွှယ်ဆီသို့ အပြင်းအထန် စီးဝင်နေသည်။
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ… မင်ရွှယ်က မြင့်မြတ်တဲ့အလင်းတွေ အများကြီးကို စုပ်ယူနေတာ၊ သူ့ရဲ့ အမှောင်စွမ်းအားနဲ့ ပဋိပက္ခဖြစ်ပြီး ပေါက်ကွဲသွားမှာကို မကြောက်ဘူးလား"
ခါရာဆက်က အံ့အားတသင့် ပြောလိုက်မိသည်။
အန်နာစတေးရှားသည် ခေါင်းယမ်းလိုက်ပြီး တည်ငြိမ်သောမျက်နှာဖြင့် ပြောလိုပ်သည်။
"ရှင် နားမလည်ပါဘူး၊ မင်ရွှယ် အခု အမှောင်စွမ်းအားကို ထိန်းချုပ်ထားနိုင်ပြီ၊ ပြီးတော့ အမှောင်နဲ့ အလင်းဆိုတာ အခြေခံအားဖြင့် တူညီတဲ့ရင်းမြစ်တစ်ခုတည်းပဲ၊ အလင်းကို စုပ်ယူတော့ သူ့ အမှောင်စွမ်းအာက ပိုသန့်စင်ပြီး အားကြီးလာမှာပဲ"
သူမ၏ ရှင်းပြချက်ကို ကြားသောအခါ ခါရာဆက် လည်း နားလည်တစ်ဝက် မလည်တစ်ဝက်ဖြင့် ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင်…
ကောင်းကင်ထက်မှ Metatron သည် သေခြင်းတရား၏ အရိပ်အယောင်ကို အဆုံးတွင် ခံစားလိုက်ရသည်။
အဘယ့်ကြောင့်ဆို သူ၏ ခန္ဓာကိုယ်ထဲမှ အလင်းစွမ်းအားသည် ရူးသွပ်စွာ စုပ်ယူခံနေရသောကြောင့် ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း သူ၏ မြင့်မြတ်သောအလင်း တစ်ဝက်ကျော်ကို ဆုံးရှုံးသွားပြီဖြစ်သည်။
ဤအတိုင်းသာ ဆက်သွားပါက မကြာမီတွင် သူသည် ခြောက်ကပ်သွားသည်အထိ စုပ်ယူခံရပြီး သေဆုံးသွားလိမ့်မည်။
ထိုအခါ သူသည် အဆင့်မြင့်နတ်ဘုရားဖြစ်သော်လည်း သေဆုံးရမည်သာ ဖြစ်သည်။
"မလုပ်ပါနဲ့… ကျေးဇူးပြုပြီး၊ ငါ့ကို လွှတ်ပေးပါ၊ ငါ မှားမှန်းသိပါပြီ၊ ငါ အခုချက်ချင်း နတ်ဘုံကို ပြန်ပါ့မယ်၊ ပြီးတော့ ဘယ်တော့မှ ဆင်းမလာတော့ပါဘူး!"
Metatron သည် အသနားခံလာသည်။
အမှောင်ကောင်စီနှင့် ညအမှောင်နတ်သူငယ်များသည် သူ၏ တောင်းပန်သံကို တိတ်ဆိတ်စွာ နားထောင်နေကြသည်။
မကြာခင်ကပင် မောက်မာနေခဲ့သော မြင့်မြတ်အလင်း ကောင်းကင်တမန်သည် ယခုအခါ အသနားခံနေရသည်လား...
ဖန်းမင်ရွှယ် ဘာမှမကြားသည့်အလား သူမ၏ ဆံနွယ်များသည် ချက်ချင်းပင် ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားပြီး စုပ်ယူနှုန်းသည် ရုတ်တရက် မြန်ဆန်လာသည်။
"မ… မင်း ငါ့ကို အဲ့လိုလုပ်လို့မရဘူး၊ ငါက နတ်ဘုရားတစ်ပါး၊ အား! မင်း အခု ငါ့ကို မလွှတ်ရင် ငါ့ကိုယ်ငါ ဖျက်ဆီးပစ်မယ်၊ ဒါဆို ငါတို့အားလုံး အတူတူ သေကြတာပေါ့"
Metatron သည် ကြောက်မက်ဖွယ် မျက်နှာထားဖြင့် အတူတကွ ပျက်စီးကြမည်ဟု ခြိမ်းခြောက်လိုက်သည်။
သို့သော် သူ၏ စကားများသည် ဖန်းမင်ရွှယ်ထံမှ မည်သည့် တုံ့ပြန်မှုကိုမျှ မရရှိခဲ့သည့်အပြင် မြင့်မြတ်သောအလင်းကို စုပ်ယူနေသည့် အရှိန်သည်လည်း လုံးဝမလျော့သွားပေ။
Metatron သည် မျက်စိဖြင့်မြင်နိုင်သည်အထိ အိုမင်းရင့်ရော်လာသည်။
အဆုံးတွင် Metatron ၏ မျက်လုံးထဲတွင် ရက်စက်သော အလင်းတန်းတစ်ခု ပေါ်လာသည်။
ဤအတိုင်းသာ ဆက်သွားပါက သူသည် မိမိကိုယ်ကို ဖျက်ဆီးရန် စွမ်းဆောင်နိုင်ခြင်းရှိတော့မည်မဟုတ်ပေ။
ထို့ကြောင့် သူသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"သေစမ်း!"
သူ ထိုသို့ပြောလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မြင့်မြတ်သောအလင်းများသည် အန္တရာယ်ရှိစွာ လင်းလက်လာသည်။
၎င်းမှာ စိတ်ဝိညာဉ်တစ်ခုသည် မိမိကိုယ်ကို ဖျက်ဆီးခြင်း၏ ရှေ့ပြေးနိမိတ် ဖြစ်သည်။
သို့သော် ထိုအချိန်မှာပင် ရွှယ်အန်းသည် မျက်လုံးများကို အနည်းငယ် မှေးကျဥ်းလိုက်သည်။ သူ၏ ကြီးမားသော နတ်ဘုရားအာရုံသည် ရှေ့သို့ တိုးထွက်သွားပြီး မသိလိုက်ခင်အချိန်အတွင်းမှာပင် Metatron ၏ နတ်ဘုရားအာရုံကို တိုက်ရိုက် ဖြိုခွဲလိုက်သည်။
"မင်းမှာ ဒီလောက်အားကောင်းတဲ့ နတ်ဘုရားအာရုံ ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်ရတာလဲ"
Metatron သည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ တုန်လှုပ်ခြောက်ခြားသွားသည်။
ရွှယ်အန်းလည်း အေးစက်စက် ပြောလိုက်သည်။
"မင်းသေပြီးမှ စဉ်းစားပေါ့"
ထိုစကားနှင့်အတူ Metatron ၏ ကျန်ရှိသော နတ်ဘုရားအာရုံသည် အမြစ်ပြတ်ဖျက်ဆီးခြင်းခံလိုက်ရသည်။
သူ၏ ခန္ဓာကိုယ်သည်လည်း ဖန်းမင်ရွှယ်အတွက် အာဟာရသက်သက် ဖြစ်သွားပြီး မြင့်မြတ်သောအလင်းအားလုံးလည စုပ်ယူခြင်း ခံလိုက်ရသည်။
ခဏအကြာတွင်…
Metatron ၏ ခန္ဓာကိုယ်သည် ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားပြီး ဖန်းမင်ရွှယ် ဆံနွယ်များလည်း ပြန်လည်ရုပ်သိမ်းသွားကာ ပုံမှန်အတိုင်း ဖြစ်သွားသည်။
သို့သော် ဖန်းမင်ရွှယ်၏ အမှောင်ဓာတ်သည် ပိုလို့ပင် အားကောင်းလာသည်။
ဤအမှောင်၏ ဖိအားသည် အလွန်ပြင်းထန်သောကြောင့် သူမ၏ ပတ်လည်တွင် လေပွေငယ်များပင် ပေါ်နေပြီး သူမ၏ မျက်နှာသည်လည်း အထွတ်အထိပ် နတ်ဘုရားမတစ်ပါးကဲ့သို့ ကြည်ညိုလေးစားဖွယ်ဖြစ်ရာကောင်းလာသည်။
ရွှယ်အန်းက တိတ်ဆိတ်စွာ မလှုပ်မယက်ကြည့်နေသည်။
ဖန်းမင်ရွှယ်သည်လည်း မလှုပ်ရှားလာချေ။
ခဏအကြာတွင်…
ဖန်းမင်ရွှယ်၏ မျက်လုံးများထဲတွင် အလင်းရောင်တစ်ချက် လက်သွားသည်။
ထို့နောက် သူမ၏ မျက်နှာအမူအရာသည် ဇဝေဇဝါဖြစ်နေရာမှ တဖြည်းဖြည်း ကြည်လင်လာသည်။
အဆုံးတွင် သူမ၏ မျက်လုံးများသည် တောက်ပမှု ပြန်လည်ရရှိလာပြီး ရွှယ်အန်းကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေသည်။
"ရွှယ်အန်း…"
ရွှယ်အန်း ခပ်ရေးရေး ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ မေးလိုက်သည်။
"နိုးပြီလား"
ဖန်းမင်ရွှယ်သည် စောစောက ဖြစ်ပျက်ခဲ့သမျှကို သတိမရပေ။ သူမသိသည်မှာ သူမ မျက်လုံးဖွင့်လိုက်သည်နှင့် ရွှယ်အန်းသည် အဝေးမှ သူမကို ပြုံးပြနေသည်ကို မြင်လိုက်ရခြင်းပင်။
ထိုစားချက်အရ သူမ မသေသေးဘူးဆိုတာကို အတည်ပြုနိုင်ခဲ့သည်။
သူမ သေသွားခဲ့လျှင်တောင်မှ ရွှယ်အန်းကို မြင်တွေ့ရသောကြောင့် လုံလောက်သော နှစ်သိမ့်မှုတစ်ခုပင်ဖြစ်သည်။