ကြီးကျယ်ခမ်းနားသော ညစာစားပွဲ
Vol. 46 Ch. 679
ရွှယ်အန်းသည် ခမ်းနားသော ယာဉ်တန်းကြီးဖြင့် ပို့ဆောင်ခြင်းခံရပြီး ပွဲကျင်းပရာနေရာသို့ ရောက်ရှိချိန်တွင် ဟိုတယ်ကို သပ်ရပ်လှပအောင် ပြင်ဆင်ပြီးသားဖြစ်နေသည်။
ရွှယ်အန်း ကားပေါ်မှ ဆင်းလိုက်သည်နှင့်
အင်အားကြီးမားသော တပ်ဖွဲ့နှစ်ဖွဲ့သည် ညီညာစွာ ချီတက်လာသည်ကို တွေ့လိုက်ရသည်။
ရှေ့ဆုံးမှ ချီတက်လာသော တပ်ဖွဲ့သည် ရွှယ်အန်း၏ရှေ့တွင် ရပ်တန့်လိုက်ပြီးနောက် ညီညာစွာ နှုတ်ဆက်လာကြသည်။
“နည်းပြကို ကျွန်တော်တို့ အလေးပြုပါတယ်”
၎င်းတို့သည် မီးဖီးနစ် အထူးတပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။
၎င်းတို့၏နောက်တွင် အနီးကပ်လိုက်ပါလာသည်မှာ အနည်းငယ်အားပျော့သော်လည်း အလွန်စွမ်းအားကောင်းသော နောက်ထပ်တပ်ဖွဲ့တစ်ခု ဖြစ်သည်။
…
“မစ္စတာရွှယ်ကို ကျွန်တော်တို့ အလေးပြုပါတယ်”
ထိုတပ်ဖွဲ့ဝင်များလည်း ညီညာစွာ နှုတ်ဆက်ကြသည်။
၎င်းတို့သည် တပ်မှူးဟူ၏ လက်အောက်မှ ကောင်းကင်ဘုံသခင်အိမ်တော်၏ အမွေဆက်ခံသူ ကျန့်ချူ ဦးဆောင်သော သွေးချီလင် အထူးတပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။
ဤမြင်ကွင်းကို မြင်သောအခါ ရွှယ်အန်းလည်း အနည်းငယ်ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
ထိုအခိုက်အတန့်တွင် နောက်ဘက်မှ ကားတစ်စီးထဲမှ ကျိုးတာ့နျိုသည် တံခါးဖွင့်လိုက်ပြီး မစောင့်နိုင်တော့စွာ အလျင်အမြန် ပြေးလာခဲ့သည်။
ရွှယ်အန်းက သူ့ကို ပြန်လည်အသက်သွင်းပေးခဲ့သည့်အချိန်မှစ၍ သူသည် ရှန်းကျန်းတွင် အခြေစိုက်ကာ စောင့်ကြပ်ရန် တာဝန်ပေးခြင်းခံခဲ့ရပြီး ယခုတစ်ကြိမ်မှသ သူလည်း ကျုံးတုမြို့တော်သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
နည်းပြသည် ကျိုးတာ့နျိုအား ပြန်လည်အသက်သွင်းခဲ့သည်ကို လူတိုင်းသိကြသော်လည်း သူ့ကို လူကိုယ်တိုင်မြင်တွေ့ရသောအခါ မီးဖီးနစ်တပ်ဖွဲ့ဝင်များ၏ နှလုံးသားမှာ အလွန်ပင်ထိရှသွားသည်။
အထူးသဖြင့် ကျီယိသည် လျှင်မြန်စွယပြေးလွှားလာပြီးနောက် ချက်ချင်းဆိုသလို ကျိုးတာ့နျို၏ ကျောပေါ်သို့ ခုန်တက်လိုက်ကာ နီရဲသောမျက်လုံးများဖြင့် ပြောလိုက်သည်။
“ခွေးကောင် မင်းအတွက် ငါတို့အားလုံး ဘယ်လောက်တောင် မျက်ရည်ကျခဲ့ရလဲ မင်းသိလား၊ ဒီတစ်ခါ မင်းပြန်လာတော့ ငါတို့ကို တစ်ဝိုင်းတော့ ကျွေးရမယ်”
“ဟုတ်တယ်၊ မင်း ကျွေးရမယ်”
“ဟုတ်တယ်၊ ပြီးတော့ ငါတို့ကို မူးပြီးလဲကျသွားတဲ့အထိ တိုက်ရမယ်”
အသံများစွာသည် လျှင်မြန်စွာ ထွက်ပေါ်ပြီး ကျိုးတာ့နျိုသည် သူ၏ခေါင်းကိုကုတ်ကာ ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
“ရတာပေါ့၊ ငါဆိုတဲ့ တာ့နျိုက မင်းတို့ကို ကောင်းကောင်းတိုက်ပေးမှာ”
ထိုစကားကိုကြားသောအခါ မီးဖီးနစ်စစ်သားများအားလုံး ကျယ်လောင်စွာ ရယ်မောလိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက် ကျိုးတာ့နျိုကို ပွေ့ဖက်ရန် ပြေးလာကြသည်။
ဤသို့သော ခိုင်မာသည့် ညီအစ်ကိုသံယောဇဉ်သည် ကြည့်ရှုနေသူများစွာကိုလည်း အလွန်အမင်း ထိရှစေခဲ့သည်။
ဤအချိန်တွင် ကျန့်ချူလည်း ရှေ့သို့တိုးလာပြီး လေးစားစွာနှုတ်ဆက်လိုက်သည်။
“ဆရာ!”
ရွှယ်အန်းလည ခေါင်းညိတ်လိုက်ပြီး သူ၏နောက်ရှိ သွေးချီလင်တပ်ဖွဲ့ဝင်များကို လှမ်းကြည့်လိုက်ရာ သူ၏မျက်လုံးများ အရောင်တောက်သွားသည်။
“ငါ မင်းတို့ကို သင်ပေးခဲ့တဲ့ တာအိုစံအိမ်က စစ်သည်တော်ပညာရပ်ကို ဒီလောက်အချိန်တိုအတွင်းမှာ အပြည့်အဝနားလည်ပြီး ပေါင်းစပ်နိုင်ခဲ့တာလား”
ကျန့်ချူသည် သူ၏ခေါင်းကိုကုတ်လိုက်ပြီး အနည်းငယ်ရှက်ရွံ့စွာပြောလိုက်သည်။
“ကမ္ဘာကြီး ကမောက်ကမဖြစ်ပြီးတော့ ကျွန်တော်က တပ်ဖွဲ့တွေကို ဦးဆောင်ပြီး နေရာအနှံ့ တိုက်ပွဲဝင်ခဲ့ရတယ်၊ ဒါကြောင့် တိုးတက်မှုမြန်ဆန်ခဲ့တာပါ”
ရွှယ်အန်းက သူ့ပခုံးကို အသိအမှတ်ပြုသည့်အနေဖြင့် ပုတ်လိုက်သည်။
“အဲဒီအကြောင်းပြချက်တစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး၊ မင်းကိုယ်တိုင်ကလည်း တော်တဲ့တပ်မှူးတစ်ယောက်မို့လို့ပဲ”
ထိုစကားကိုကြားသောအခါ ကျန့်ချူ၏မျက်နှာသည် တဖြည်းဖြည်း လင်းလက်လာပြီး အားပါးတရခေါင်းညိတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာ၊ အားလုံးက ဆရာ့ကျေးဇူးကြောင့်ပါ၊ ကျန့်ချူ ဘယ်တော့မှ မမေ့ပါဘူး”
ရွှယ်အန်းလည်း ပြုံးလိုက်ပြီး စကားပြောမည်အပြုတွင် ရင်းနှီးသော မျက်နှာများစွာသည် သူတို့ဆီသို့ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။
အပြစ်သားတို့ရဲ့မြို့တော်မှ Sin ဖြစ်သော ဂရစ်ဖင်သည် အဝေးမှ ဒူးထောက်ချလိုက်ကာ ရွှယ်အန်း၏ ဖိနပ်ထိပ်ဖျားကို ဦးတိုက်ရန် တွားသွားလာခဲ့သည်။
“ကျွန်တော့်ရဲ့ လေးစားရပါသော သခင်၊ အရှင့်ရဲ့ နတ်ဘုရားအလား တန်ခိုးအာဏာက ကမ္ဘာတစ်ဝှမ်းလုံးကို ပျံ့နှံ့နေတော့ အရှင်ရဲ့ အစေခံတစ်ယောက်အနေနဲ့ ကျွန်တော် အလွန်အမင်း ဂုဏ်ယူမိပါတယ်”
ရွှယ်အန်းက ဂရစ်ဖင်ကို ခြေထောက်ဖြင့် ကန်ချလိုက်ပြီး ရယ်မောလျက် ဆူတော့သည်။
“အဓိပ္ပာယ်မရှိတာတွေ တော်တော့၊ ထပြီး ကောင်းကောင်းမွန်မွန် ပြောစမ်းပါ”
ဂရစ်ဖင်လည်း ရှက်ကိုးရှက်ကန်းရယ်လိုက်ပြီး သူ၏အဝတ်အစားမှ ဖုန်များကိုခါကာ မတ်တပ်ထရပ်လိုက်သည်။
“ဟုတ်ကဲ့ပါ ကျွန်တော့်ရဲ့ ချစ်လှစွာသော သခင်၊ ကျွန်တော် ခုနကပြောခဲ့တာတွေအားလုံးက နှလုံးသားထဲက လာတာပါ”
ဂရစ်ဖင်၏ ပိုလွနဘှသော အသံကြောင့် သူ့ပတ်ဝန်းကျင်မှ လူများလည ရယ်မောကြသည်။
ရွှယ်အန်းလည်း ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ပြီး တစ်ခုခုပြောမည်အပြုတွင် မည်သူမျှ မသိလိုက်ခင် ရှောင်ရှသည် ရှေ့ဆုံးသို့ ရောက်လာပြီး ဂရစ်ဖင်ကို ကောက်ကျစ်သော အပြုံးဖြင့် ပြုံးပြလိုက်သည်။
“ဂရစ်ဖင် မတွေ့ရတာကြာပြီပဲ!”
အစပိုင်းတွင် ဂရစ်ဖင်သည် ရှောင်ရှကို မမှတ်မိပေ။ သူ သေချာကြည့်ပြီးမှသာ သူ့တစ်ကိုယ်လုံး တုန်ယင်သွားသည်။
“ရှ… ရှောင်ရှ… ဆရာ”
ရှောင်ရှသည် သူ့နောက်မှ ရှောင်ယွီကို လက်ဟန်ပြလိုက်ရာ ရှောင်ယွီသည် မျက်နှာချိုသွေးသောပုံစံဖြင့် ရှေ့သို့တိုးလာပြီး ဂရစ်ဖင်၏ ဆွဲခေါ်လိုက်သည်။
“လာ ငါတို့တွေ ဘေးဘက်သွားရအောင်”
ထိုသို့ပြောပြီးနောက် သူသည် ဂရစ်ဖင်ကို ဆွဲခေါ်သွားသည်။
ကြာမီပင် ဂရစ်ဖင်၏ ဟန်ဆောင်ပန်ဆောင် အော်ဟစ်သံများကို ကြားလိုက်ရသည်။
တစ်ချိန်က ရက်စက်ကြမ်းကြုတ်ခဲ့သော ဤလူသည် ယခုအခါ ပိုလို့ပင် ဟာသလုပ်တတ်သူ ဖြစ်လာသည်။
ဂရစ်ဖင်၏နောက်တွင် စီရင်စုမြို့နှင့် ပေကျင်းမှ လူများ လိုက်ပါလာကြသည်။
ထို့နောက် ရွှယ်အန်း၏အကြည့်သည် တစ်စုံတစ်ယောက်အပေါ်တွင် ရပ်တန့်သွားပြီး အနည်းငယ်အံ့အားသင့်သော လေသံဖြင့် ပြောလိုက်သည်။
“ကျင်းကျင်း၊ မင်း ဘယ်တုန်းက ရောက်တာလဲ၊ ဦးလေးရှဲ့နဲ့ ဒေါ်လေးပန်တို့ရော ဘယ်မှာလဲ”
လူအုပ်နောက်ကွယ်တွင် ပုန်းနေသူမှာ ရှဲ့ကျင်းကျင်းပင် ဖြစ်သည်။
ရွှယ်အန်း၏စကားကို ကြားသောအခါ သူမ၏ကိုယ်သည် အနည်းငယ်တုန်သွားပြီးနောက် သူမအင်္ကျီစကို လိမ်ကျစ်ကာ ရှက်ရွံ့စွာဖြင့် ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။
“မစ္စတာ… ကျွန်မအဖေနဲ့အမေက ဒီအတိုင်းမနေတတ်လို့ မီးဖိုချောင်ထဲမှာ ကူညီလုပ်ကိုင်ပေးနေကြပါတယ်…”
သူမ စကားမဆုံးခင်မှာပင် ရွှယ်အန်းသည် သူမ၏ဆံပင်ကိုဖွလိုက်ပြီး ပြုံးလျက်ပြောလိုက်သည်။
“လာပါဦး၊ မင်းရဲ့ အစ်ကိုရှောင်အန်းနဲ့တောင် သူစိမ်းဆန်နေသေးတာလား”
ရှဲ့ကျင်းကျင်းသည် ခဏတာ တောင့်တင်းသွားပြီးနောက် သူမ၏မျက်နှာပေါ်တွင် စိတ်သက်သာရာရသော အပြုံးတစ်ခု ပျံ့နှံ့သွားသည်။
“ဟုတ်၊ အစ်ကိုရှောင်အန်း!”
ထိုမိန်းကလေး၏ နှလုံးသားသည် အလွန်အမင်း ရှုပ်ထွေးနေခဲ့သည်။
ကမ္ဘာကြီးတွင် ကမောက်ကမဖြစ်မှုများ စတင်ကတည်းက ရှဲ့အိုကြီး၏ စားသောက်ဆိုင်သည် ဆက်လက်မဖွင့်နိုင်တော့ပေ။ သို့သော် ချင်ယွီသည် ရှဲ့အိုကြီး၏ မိသားစုသည် ရွှယ်အန်းနှင့် အလွန်ရင်းနှီးသော ဆက်ဆံရေးရှိသည်ကို သိသောကြောင့် ၎င်းတို့အား ကြည့်ရှုစောင့်ရှောက်ပေးခဲ့ရာ ရှဲ့အိုကြီး၏မိသားစုသည် ထိခိုက်မှုများစွာ မခံစားခဲ့ရပေ။
သို့သော် နေ့ရက်တိုင်းသည် မျှော်လင့်ချက်ကင်းမဲ့နေခဲ့သည်။ ၎င်းတို့တွင် မျှော်လင့်ချက်ဆိုတာမရှိဘဲ နတ်ဘုရားများနှင့် နတ်ဆိုးများ၏ ရက်စက်ကြမ်းကြုတ်မှုအောက်တွင် ကြောက်ရွံ့စွာ နေထိုင်ရုံမှတပါး အခြားမရှိသောကြောင့်ဖြစ်သည်။
ရွှယ်အန်းပြန်လာပြီး နတ်ဘုရားများနှင့် နတ်ဆိုးများကို သတ်ဖြတ်စပြုမှသာ လူတိုင်း မျှော်လင့်ချက်ကို ပြန်လည်မြင်တွေ့ခဲ့ရသည်။
ရှဲ့အိုကြီးမိသားစုသည်လည်း ခြွင်းချက်မဟုတ်ပေ။ ရွှယ်အန်းသည် နတ်ဘုရားများနှင့် နတ်ဆိုးများကို သတ်ဖြတ်သည်ဟုသော သတင်းရောက်လာတိုင်း ရှဲ့အိုကြီးသည် စိတ်လှုပ်ရှားသောကြောင့် အရက်နှစ်ခွက်လောက် သောက်လေ့ရှိသည်။
ထိုအခါမှသာ ဒေါ်လေးပန်သည် ရှဲ့အိုကြီးကို မဆူတော့ဘဲ သူ့ကို အရက်နှင့်မြည်းရန်ပင် ဟင်းအနည်းငယ်ကို တမင်တကာ ပိုချက်ပေးလေ့ရှိသည်။
ရွှယ်အန်း ကျုံးတုမြို့တော်သို့ ပြန်လာသည့် သတင်းပျံ့နှံ့သွားသောအခါ ရှဲ့အိုကြီး၏ မိသားစုကိုလည်း ဖိတ်ကြားပြီး ကျုံးတုမြို့တော်သို့ ခေါ်ဆောင်ခဲ့ကြသည်။
သို့သော် ရွှယ်အန်းကို မတွေ့ခင်တွင် ရှဲ့ကျင်းကျင်း၏ ခံစားချက်များသည် ရှုပ်ထွေးနေခဲ့သည်။
သူမသည် အစ်ကိုရှောင်အန်းကို တွေ့ချင်သော်လည်း သူ့ကိုတွေ့ရန်လည်း ကြောက်ရွံ့မိခဲ့သည်။
အဘယ့်ကြောင့်ဆို ၎င်းသည် ယခုအခါ ဤခေတ်၏ အကြီးကျယ်ဆုံးသော ပုဂ္ဂိုလ်ဖြစ်လာသောကြောင့် အစ်ကိုရှောင်အန်းသည် သူမအတွက် လုံးဝ လက်လှမ်းမမီနိုင်သူဖြစ်ကြောင်း ကောင်းစွာသိသောကြောင့်ဖြစ်သည်။
ရွှယ်အန်းသည် ယခုလို ပုံမှန်အတိုင်းဆက်ဆံမှသာ ရှဲ့ကျင်းကျင်း၏ နှလုံးသားသည် ရုတ်တရက် တည်ငြိမ်သွားသည်။
သူမ ဘာလို့ အဲ့လောက်တောင် တွေးနေရမှာလဲ၊ အနည်းဆုံးတော့ သူက သူမရဲ့ အစ်ကိုရှောင်အန်းပဲလေ...
ရှဲ့ကျင်းကျင်းသည် သဘာဝကျကျပင် ရွှယ်အန်း၏နောက်သို့ လိုက်ပါသွားပြီး ထန်ရွှမ်အာနှင့် အခြားသူများဖြင့်အတူ စကားပြောကာ ရယ်မောလျက် ပွဲခန်းမထဲသို့ ဝင်ရောက်သွားကြသည်။
ပွဲခန်းမသည် ကြည့်ရှုသူများနှင့် ပြည့်ကျပ်နေပြီဖြစ်ကာ ရွှယ်အန်းဝင်လာသည်ကို မြင်လိုက်လျိန် စိတ်အားထက်သန်သော လက်ခုပ်သံများ ထွက်ပေါ်လာသည်။
ရွှယ်အန်းလည်း ခေါင်းညိတ်ပြုံးပြလိုက်ပြီးနောက် အလယ်ဗဟိုနေရာသို့ သွားလိုက်သည်။
သူထိုင်သာ အခြားသူများလည်း နေရာယူကြပြီးနောက် ပွဲသည် တရားဝင်စတင်ခဲ့သည်။
၎င်းတို့ ခံစားခဲ့ရသော ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုတို့ကြောင့် လူအများအပြားသည် တင်းမာသောစိတ်အခြေအနေ ရှိကြသောကြောင့် ယခုလို ရုတ်တရက် စိတ်အပန်းဖြေလိုက်ရသောအခါ ပတ်ဝန်းကျင်သည် လျင်မြန်စွာပင် တက်ကြွလာသည်။
ထိုစဉ် နိုင်ငံတော်ကာကွယ်ရေးဦးစီးချုပ်သည် မတ်တပ်ထရပ်ကာ သူ၏ခွက်ကို မြှောက်လိုက်ပြီး လည်ချောင်းထဲကို လောင့်ထည့်လိုက်သည်။
“လူကြီးမင်းတို့... ခင်ဗျားတို့ ခဏလောက် တိတ်ဆိတ်ပေးကြပါ”
ကြီးမားသော ပွဲခန်းမကြီးသည် လျင်မြန်စွာ ငြိမ်သက်သွားသည်။
ထို့နောက် နိုင်ငံတော် ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားသည်။
“လူကြီးမင်းတို့... ဒီအဖြစ်အပျက်တွေ မတိုင်ခင်က တစ်နေ့နေ့မှာ ကျွန်တော်တို့တွေ အတူတကွ ဒီနေရာမှာ ထိုင်ပြီး ဒီလောက်အေးချမ်းစွာ သောက်စားနိုင်ကြလိမ့်မယ်လို့ ဘယ်သူကများ ထင်ခဲ့မိမှာလဲ”
ဤစကားကိုကြားသောအခါ လူအများအပြား တိတ်ဆိတ်သွားကြသည်။
အမှန်ပင်၊ ကမ္ဘာကြီးကို နတ်ဘုရားများနှင့် နတ်ဆိုးများက သိမ်းပိုက်ထားချိန်တွင် မည်သူသည် အရက်သောက်ရန် စိတ်ပါမည်နည်း...
“အမှန်အတိုင်းပြောရရင် ကျွန်တော်လည်း မျှော်လင့်ချက်မဲ့ခဲ့ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေက အရမ်းကို အစွမ်းထက်လွန်းလို့ပါပဲ၊ လူသားတွေက သူတို့ကို ယှဉ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"
“ဒါပေမဲ့ လူသားမျိုးနွယ်ကတော့ လက်မလျှော့ခဲ့ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့သိတယ်၊ အဲဒီ နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေနဲ့ ဆွေးနွေးလို့ကောင်းတာ ဘာမှမရှိဘူး၊ စကားတစ်လုံးပဲရှိတယ်... တိုက်! နိုင်နေရင်လည်း တိုက်၊ မနိုင်ရင်လည်း တိုက်! ဒါက လူသားလူမျိုးတွေရဲ့ စိတ်ပိုင်းဖြတ်မှုပဲ”
“ဒါပေမဲ့ ဒီအချက်ကြောင့်ပဲ ကျွန်တော်တို့ လူပေါင်းများစွာ ဆုံးရှုံးခဲ့ရတယ်၊ အဲ့တာကို ဘယ်လိုမှ မတတ်နိုင်ဘူး၊ စစ်ပွဲမှာ အကျအဆုံးဆိုတာ လိုအပ်တယ်၊ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ ကျွန်တော်တို့ နောက်ဆုံးမှာ အောင်ပွဲခံနိုင်ခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ မစ္စတာရွှယ်က ကျွန်တော်တို့ကို ကူညီခဲ့လို့ပဲ”
“ဒါကြောင့် ကျွန်တော်ပြောချင်တာက ဒီတစ်ခွက်ကို မစ္စတာရွှယ်အတွက် သောက်ကြရအောင်”
ပွဲခန်းမတစ်ခုလုံး သဘောတူညီသော အသံများဖြင့် ပဲ့တင်ထပ်သွားသည်။
လူတိုင်းသည် ၎င်းတို့၏ခွက်များကို မြှောက်ကာ ရွှယ်အန်းကို ဂုဏ်ပြုရန် ပြင်ဆင်လိုက်ကြသည်။
သို့သော် ထိုအခိုက်အတန့်မှာပင် အပြင်ဘက်မှ အေးစက်စက် အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“တော်တော်လေး စည်ကားနေတာကိုး၊ ပုရွက်ဆိတ်တွေလိုပဲ၊ သေခါနီးနေတာတောင် ဘာမှမသိနေတာ သနားဖို့ကောင်းလိုက်တာ”