အတားအဆီးမဲ့
Vol. 46 Ch. 680
ထိုစကားဆုံးသည်နှင့် လူတစ်အုပ်သည် ခန်းမထဲသို့ ဒလဟော ဝင်ရောက်လာကြသည်။
ထိုလူစုကို မြင်သောအခါ ပွဲခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီးနောက် ဆူညံပွက်လောရိုက်သွားတော့သည်။
“ကျင်းမိသားစုပဲ!”
“ကျင်းမိသားစုက ဒီကိုလာရဲတယ်လား”
“သူတို့ ဘာလုပ်ချင်ကြတာလဲ”
ထိုမှတ်စကားများကြားတွင် နိုင်ငံတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်သူကြီးဝမ်ထောင်အား လှမ်းကြည့်လိုက်သည်။ ဝမ်ထောင်သည် ခက်ထန်သောမျက်နှာထားဖြင့် မတ်တပ်ထရပ်ကာ စကားပြောရန် ပြင်လိုက်သည်။
…
သို့သော် သူထိုသို့ပြုလိုက်စဉ်မှာပင် ကျင်းဟောက်နှင့် သူ၏ ကျင်းမိသားစုဝင်များသည် ဘေးသို့ကပ်၍ လက်များကို ဘေးတွင်ချကာ ရပ်နေလိုက်ကြသည်။
ထို့နောက် ပြတ်သားသော ခြေသံများနှင့်အတူ လုံတာ့သခင်မလေးသည် ဝင်ရောက်လာခဲ့သည်။
“ခင်ဗျားက ဘယ်သူလဲ၊ ဘာကြောင့် ဒီပွဲခန်းမထဲကို ကျူးကျော်ဝင်ရောက်လာရတာလဲ”
ဝမ်ထောင်က လေးနက်သောအသံဖြင့် မေးလိုက်သည်။
လုံတာ့သခင်မလေသည် ဝမ်ထောင်ကို လျစ်လျူရှုကာ ကျွမ်းကျင်စွာပင် စီးကရက်အလိပ်သေးတစ်လိပ်ကို ထုတ်ယူ၍ မီးညှိလိုက်သည်။ ထို့နောက် အားရပါးရတစ်ချက်ဖွာရှိုက်ပြီး မီးခိုးငွေ့များကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်သည်။
ဝမ်ထောင်လည်း မျက်မှောင်ကြုတ်ကာ ကျင်းဟောက်ဘက်သို့လှည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
“မိသားစုခေါင်းဆောင်ကျင်း၊ ဖိတ်ကြားချက်မရှိဘဲ ဒီနေရာကို အတင်းဝင်လာရဲတယ်ပေါ့၊ မင်း နောက်ဆက်တွဲအကျိုးဆက်တွေကို မစဉ်းစားမိဘူးလား”
ကျင်းဟောက်က လှောင်ပြုံးပြုံးကာ ပြန်ဖြေလာသည်။
“ဗိုလ်ချုပ်ဝမ်၊ ကျွန်တော့်သခင်မ သွားတဲ့နေရာတိုင်းကို ကျွန်တော်တို့က နောက်ကလိုက်ရမှာပဲ၊ အဲ့ဒါက မှားလို့လား”
"သခင်မ"
ဤခေါ်ဝေါ်မှုသည် လူအုပ်ကို တီးတိုးပြောဆိုစေတော့သည်။
“ကျင်းဟောက်က အသက်ရှစ်ဆယ်ရှိနေပြီကို ဒီလောက်ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက်ကို သခင်မအဖြစ် အသိအမှတ်ပြုတယ်လား၊ တကယ်ကို အရှက်မရှိတဲ့သူပဲ”
“ကျစ်ကျစ်... ကျင်းမိသားစုက အရင်တုန်းက သူတို့ရဲ့အာဏာနဲ့သြဇာကိုအားကိုးပြီး မာန်တက်နေခဲ့ကြတာ၊ အခု မစ္စတာရွှယ်က သူတို့နဲ့ ကိစ္စမရှင်းရသေးပေမဲ့ သူတို့က ကိုယ်တိုင် ထွက်ပေါ်လာကြပြီလား”
ထိုစဉ် ဝမ်ထောင်သည် မျက်မှောင်ကြုတ်လိုက်ကာ အစောင့်အချို့ကို လက်ဟန်ပြလိုက်သည်။
အစောင့်များသည် ရှေ့သို့တိုးလာကာ ဖိတ်ကြားမထားသော ကျင်းမိသားစုမှ ဧည့်သည်များကို နှင်ထုတ်ရန် ပြင်ဆင်လိုက်ကြသည်။
ထိုအခိုက်အတန့်တွင် လုံတာ့သခင်မလေးသည် သူမ၏ခေါင်းကို မော့လိုက်ပြီး အေးစက်သော အကြည့်ဖြင့် ခန်းမတစ်ခုလုံးကို ဝေ့ကြည့်လိုက်သည်။
သူမ၏အကြည့် ရောက်ရှိသွားသည့်နေရာတိုင်းတွင် လူတိုင်း တုန်လှုပ်သွားပြီး နေရာမှာပင် ကြက်သေသေသွားကြသည်။
ရုတ်တရက် ပွဲခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ထို့နောက် လုံတာ့၏အကြည့်သည် ဂုဏ်ပြုထိုင်ခုံတွင် ထိုင်နေသော ရွှယ်အန်းထံသို့ ရောက်ရှိသွားသည်။ သူမသညါ သူ့ကို ခဏကြာကြည့်ပြီးနောက် သူမ၏နှုတ်ခမ်းများတွသ် လှောင်ပြောင်သည့်အပြုံးတစ်ခုအဖြစ် ဖြည်းညှင်းစွာ ကွေးညွှတ်သွားသည်။
“မင်းက ရွှယ်အန်းလား”
အစမှအဆုံးတိုင် ရွှယ်အန်းသည် ဤလူများကို တစ်ချက်ပင် လှည့်မကြည့်ဘဲ သူ၏ဝိုင်ကို ဖြည်းညှင်းစွာ သောက်နေခဲ့သည်။
ထိုစကားကိုကြားသောအခါ ရွှယ်အန်းသည် မော့မကြည့်သေးဘဲ အေးဆေးတည်ငြိမ်စွာပင် ပြောလိုက်သည်။
"ကျုံးတုမြို့တော်မှာ နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေရှိနေတာကို ငါ အာရုံခံမိသားပဲ၊ ဒါပေမဲ့ သူတို့က ခဏခဏပေါ်မလာတဲ့အတွက် ငါ သူတို့ကို လိုက်ရှာဖို့ စိတ်မဝင်စားခဲ့တာ”
ရွှယ်အန်းသည် သူ၏ဝိုင်ခွက်ကို ချလိုက်ပြီး လုံတာ့ကို ကြည့်လိုက်သည်။
“မမျှော်လင့်ဘဲ ကောင်းကင်နဂါးမျိုးနွယ်က မင်း ထပ်ဖြစ်နေပြန်ပြီပဲ”
လုံတာ့က ဂုဏ်ယူစွာပြုံးလိုက်သည်။
“ဟုတ်တယ်၊ ငါက ကောင်းကင်နဂါးမျိုးနွယ်ရဲ့ သခင်မလေး…”
ရွှယ်အန်းသည် လက်ကာပြလိုက်သည်။
“လုံတာ့... ဟုတ်ပြီ၊ မင်းအစ်မ လုံအာက မင်းအကြောင်းပြောဖူးတယ်၊ ပြီးတော့ မင်းမှာ လုံစန်းဆိုတဲ့ ညီလေးတစ်ယောက်လည်း ရှိသေးတယ်မလား”
လုံတာ့၏မျက်နှာသည် ရေခဲတမျှ အေးစက်သွားသည်။
“ဒါဆို သူတို့နှစ်ယောက်လုံးကို သတ်ခဲ့တာ နင်ပေါ့"
ရွှယ်အန်းသည် ဝန်ခံခြင်းမရှိသလို ငြင်းဆိုခြင်းလည်းမပြုဘဲ ကျင်းဟောက်ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။
“ငါကြားတာတော့ မင်းက ငါ့ရဲ့ ထျန်းယွမ်ကုမ္ပဏီကို အရမ်းစိတ်ဝင်စားတယ်ဆို”
ဤသာမန်မေးခွန်းလေးကပင် ကျင်းဟောက်ကို တုန်လှုပ်သွားစေပြီး သူ၏နဖူးတွင် ချွေးစေးများထွက်လာသည်။
မည်သို့ပင်ဆိုစေကာမူ ရွှယ်အန်းသည် ဤခေတ်၏ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်အဖြစ် လူသိများသည်။
သို့သော် သူ၏နောက်တွင် ရပ်နေသော လုံတာ့သခင်မလေးကို စဉ်းစားမိသောအခါ ကျင်းဟောက်သည် သူ၏ခါးကို ပြန်မတ်လိုက်ပြီး လှောင်ရယ်လိုက်သည်။
“ရွှယ်အန်း၊ မင်း ငါ့သမီးကို မင်း သတ်ခဲ့တာ၊ ငါ မင်းနဲ့ အဲဒီအကြောင်း မရှင်းရသေးဘူး၊ အခု မင်းက ငါ့ကို ပြန်မေးခွန်းထုတ်ရဲတယ်လား”
ဤစကားကြောင့် လူတိုင်းကြွပ်ကြွပ်ညံ့သွားသည်။
ရွှယ်အန်းဘေးတွင် ထိုင်နေသော အန်းယန်သည် ဒေါသကြောင့် သူမ မျက်နှာဖြူဖျော့သွားပြီး အရှက်မဲ့သော ထိုလူနှင့် ငြင်းခုံရန် ထရပ်မိတော့မလိုဖြစ်သွားသည်။
ရွှယ်အန်းက သူမ၏လက်ကို ညင်သာစွာပုတ်လိုက်သည်။
“စိတ်တုစရာမလိုဘူး၊ အရာအားလုံးကို ငါ့ တာဝန်ထားလိုက်”
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ကျင်း ဟောက်ကို ခပ်ရေးရေးပြုံးပြလိုက်ပြီး လုံတာါကို လက်ညှိုးထိုးလိုက်သည်။
“သူမက မင်း အားကိုးတဲ့သူလား”
ကျင်းဟောက်သည် အနည်းငယ် မှင်တက်သွားပြီး စကားပြောရန် ပြင်လိုက်သည်။
ထိုစဉ် ရွှယ်အန်း၏ ပုံရိပ်သည် လုံတာ့၏ဘေးသို့ ရောက်ရှိနေပြီးဖြစ်ကာ သူ၏လက်ကိုမြှောက်ပြီး ပြင်းထန်စွာ ပါးရိုက်ချလိုက်သည်။
ဖြောင်း!
ပြတ်သားသောအသံတစ်ခုသည် ထွက်ပေါ်လာပြီးနောက် လုံတာ့သည် လွင့်စင်သွားကာ စားပွဲတော်တော်များများကို တိုက်မိပြီး ပြုတ်ကျသွားသည်။
ဤပါးရိုက်ချက်သည် ကောင်းကင်ကိုပင် ဖြိုခွင့်ပစ်နိုင်သကဲ့သို့ ထင်ရသည်။
လူအများအပြားသည် ပုံရိပ်ယောင်များသာ မြင်လိုက်ရပြီး ယခင်က မောက်မာနေခဲ့သော လုံတာ့သခင်မလေး လွင့်စင်သွားသည်ကိုသာ တွေ့လိုက်ရသည်။
ကျင်းဟောက်နှင့် ကျင်းမိသားစုဝင်အားလုံး အနည်းငယ် တုန်ယင်လာကြသည်။
၎င်းတို့သည် အစွမ်းထက်လှသော လုံတာ့သခင်မလေးမှာ ရွှယ်အန်း၏ ပါးရိုက်မှုတစ်ချက်ကိုပင် မခံနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
ထိုအခိုက်အတန့်တွင် လုံတာ့သည် ကွဲကြေနေသော ပန်းကန်များနှင့် မှောက်လျက်ဖြစ်နေသော ပရိဘောဂများကြားမှ ဖြည်းညှင်းစွာ ထလာပြီး သူမ၏နှုတ်ခမ်းထောင့်မှ သွေးစတစ်စကို သုတ်ကာ ရွှယ်အန်းကို ကြောက်မက်ဖွယ်ကောင်းသောအပြုံးဖြင့် စိုက်ကြည့်နေသည်။
“နင် တစ်ယောက်တည်း နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေကို သတ်ဖြတ်ရဲတာ အံ့ဩစရာမရှိပါဘူး၊ နင့်ရဲ့စွမ်းအားက တကယ်ကို အစွမ်းထက်တယ်၊ ဒါပေမဲ့ နင်တကယ် ကြီး… ဒါနဲ့ လုံလောက်ပြီလို့ထင်နေလား”
လုံတာ့သည် သူမ၏ခေါင်းကို နောက်သို့လှန်ကာ နဂါးဟိန်းသံဖြင့် ဟိန်း
ဟောက်လိုက်သည်။
ပွဲခန်းမထဲရှိ ပန်းကန်ခွက်ယောက်များအားလုံး ချက်ချင်းပင် ကွဲကြေသွားသည်။
သူမ အနီးအနားရှိလူများသည် နားများကို ပိတ်လျက် နာကျင်စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားကြပြီး မြင့်မားသော မျက်နှာကျက်သည်လည်း ဤနဂါးဟိန်းသံအောက် မိုးချုန်းသံကဲ့သို့ ပြိုကျလာသည်။
ကြယ်ရောင်စုံသော ညကောင်းကင်သည် ရုတ်တရက် မှောင်မိုက်သွားသည်။
ကျုံးတုမြို့တော်ရှိ ပြည်သူများအားလုံး တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိကြပြီး ၎င်းတို့၏အခန်းများထဲမှ ထွက်ကာ အပေါ်သို့ မော့ကြည့်ကြသည်။
ဤပွဲသည် ကမ္ဘာလုံးဆိုင်ရာ မီဒီယာများ၏ အာရုံစိုက်မှုကို ရရှိထားပြီးဖြစ်ရာ ယခုအချိန်တွင် သတင်းထောက်များသည် ၎င်းတို့၏ကင်မရာများကို သဘာဝမကျစွာ မှောင်မိုက်နေသော ကောင်းကင်သို့ လှည့်လိုက်ကြသည်။
“ကြည့်စမ်း၊ အဲဒါ… အဲဒါ ဘာကြီးလဲ”
တစ်စုံတစ်ယောက်သညခ တုန်ယင်စွာ အော်လိုက်သည်။
အမှန်ပင်...
အဝေးရှိ မိုးကုတ်စက်ဝိုင်းတွင် ရွှေရောင်အလင်းတန်းလှိုင်းလုံးကြီးတစ်ခု တိုးဝင်လာပြီး မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်။
ရွှေရောင်အလင်းတန်းပေါ်တွင် မြင့်မားကြီးမားသော ရွှေချပ်ဝတ်နတ်ဘုရားများ၏ ပုံရိပ်များစွာ ရပ်နေကြသည်။
ဤရွှေချပ်ဝတ်နတ်ဘုရားများသည် ရွှေရောင်အလင်းများဖြင့် တောက်ပနေပြီး မည်သူမျှ တည့်တည့်မကြည့်ဝံ့သော ခန့်ညားထည်ဝါသည့် မျက်နှာများ ရှိကြသည်။
သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။
ကောင်းကင်ယံထက်တွင် ကြီးမားသော ရွှေရောင်လှေကြီးများ ပေါ်လာကြပြီး တစ်စီးစီသည် မိုင်တစ်ရာခန့် ကျယ်ဝန်းကာ ၎င်းတို့၏စီတန်းလိုက်ချိန် ကျုံးတုမြို့တော်ကို လုံးဝ ဖုံးလွှမ်းသွားသည်။
အဆုံးတွင် ကောင်းကင်တစ်ခုလုံး ရွှေရောင်အလင်းများအောက် မြုပ်သွားပြီး ကောင်းကင်နှင့်မြေကြီးကြားတွင် ထူးဆန်းသော ဖြစ်ရပ်များ ပေါ်ပေါက်လာသည် — နတ်သမီးများ ပန်းကြဲနေခြင်း၊ ရှေးဟောင်းနတ်ဘုရားများ သတ်ဖြတ်နေခြင်းများတို့လိုမျိုး ဖြစ်သည်။
ဤမြင်ကွင်းသည် လူတိုင်းကို မှင်တက်သွားစေသည်။
ရုပ်မြင်သံကြားမှ ကြည့်ရှုနေသူများအပါအဝင် လူတိုင်းသည် ထိုအခိုက်အတန့်တွင် ကြက်သေသေနေကြသည်။
ကမ္ဘာကြီးတစ်ခုလုံးသည် ဤအခိုက်အတန့်တွင် အသက်ပင်ရှုမှားနေခဲ့သည်။
ထိုအချိန်တွင် လုံတာ့သည် နဂါးအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်သို့ ပျံတက်ကာ မြင့်မားသော ကောင်းကင်ယံတွင် သူမ၏ကိုယ်ကို ခွေလိမ်လျက် ကျယ်လောင်သော နဂါးသံဖြင့် ကြောက်မက်ဖွယ်ရယ်မောလိုက်သည်။
“ရွှယ်အန်း၊ နင် ဒါကို မမျှော်လင့်ထားဘူး မဟုတ်လား။ နဂ် မပြန်လာခင်ကတည်းက ငါ နတ်ဘုံက နတ်ဘုရားတွေကို ဆက်သွယ်ထားခဲ့တယ်၊ အားလုံးက နင့်ကို သတ်ဖို့ပဲ — နင်က နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေကို သတ်ဖြတ်ရဲတဲ့ သွေးရဲတဲ့အကောင်တစ်ကောင်ပါပဲ"
သူမ၏အသံ ပဲ့တင်ထပ်သွားစဉ် ထိုရွှေရောင်သင်္ဘောကြီးများ တုန်ခါသွားပြီး ရှေးဟောင်းမျက်နှာများဖြင့် နတ်ဘုရားများ တစ်ပါးပြီးတစ်ပါး ပေါ်လာကြသည်။
“ဟား လုံတာ့သခင်မလေးရဲ့ သတင်းအချက်အလက်က တကယ်မှန်တာပဲ၊ ဒီနေရာက တကယ်ကို မူလမြစ်ဖျားခံရာမြေပဲ”
“ဒီနေရာကနေ ပျံ့နှံ့နေတဲ့ ကံကြမ္မာကောင်းရဲ့အနံ့ကို ငါရတယ်၊ ဟားဟား ဒီမြေကို ငါတို့သာ ရယူနိုင်ရင် ဧရာမနတ်ဘီလူးမျိုးနွယ်ရဲ့ စွမ်းအားက ကောင်းကင်ကို ထိုးတက်သွားမှာပဲ”
ဤရှေးဟောင်းနတ်ဘုရားများသည် အကျိုးအမြတ်ခွဲဝေခြင်းကို ထိန်းချုပ်မှုမရှိဘဲ ဆွေးနွေးနေကြသည်။
ဤကြီးမားသော ဖိအားအောက်တွင် ရှိနေသူအားလုံး၏ မျက်နှာများသည် အလွန်တည်ကြည်နေကြသည်။
ထိုအခိုက်အတန့်တွင် စိမ်းဖန့်ဖန့်မျက်နှာနှင့် အစွယ်များပါသော နတ်ဘုရားတစ်ပါးသညခရှေ့သို့ကိုင်းလိုက်ပြီး လှောင်ပြောင်လာသည်။
“ကောင်းကင်နဂါးမျိုးနွယ်က ကောင်မလေး၊ သူတို့ထဲက ဘယ်တစ်ယောက်က မင်းပြောတဲ့ ရွှယ်အန်းလဲ”