ကောင်းကင်ဘုံ စစ်မှန်သော နတ်ဘုရား
Vol. 46 Ch. 681
ဤအခိုက်အတန့်တွင် လူတိုင်း၏နှလုံးသားများ တင်းကျပ်သွားကြသည်။
အဘယ်ကြောင့်ဆို ဤနတ်ဘုရားများ၏ တန်ခိုးအာဏာသည် အလွန်အမင်း ဖိစီးလွှမ်းမိုးနေသောကြောင့်ဖြစ်ပြီး ထိုနေရာတွင် ရှိနေသော ကျွမ်းကျင်သည့် ကျင့်ကြံသူအများအပြား၏ စိတ်ထဲတွင်ပင် မျှော်လင့်ချက်မဲ့သည့် ခံစားချက်ကို ဖြစ်ပေါ်စေခဲ့သည်။
ရှယ်အန်းကို ဤခေတ်၏ အထူးချွန်ဆုံးပုဂ္ဂိုလ်အဖြစ် ရိုသေလေးစားကြသော်လည်း ယခုလောက် တန်ခိုးကြီးမားသော နတ်ဘုရားများနှင့် ရင်ဆိုင်တွေ့သည့်အခါ သူ အရင်ကလိုပဲ ဆက်ပြီးအနိုင်ရနိုင်ပါ့မလား
လူအများအပြားသည် မိမိတို့ဘာသာ တွေးတောရင်း အဝေးတွင်ရပ်နေသော ရှယ်အန်းထံသို့ အကြည့်များ မလွှဲမရှောင်သာ ရောက်သွားကြသည်။
ထိုအချိန်တွင်...
ရှယ်အန်းသည် သူ့လက်နှစ်ဖက်ကို နောက်ပစ်လျက်ရပ်နေပြီး ကောင်းကင်အပြည့်ရှိ နတ်ဘုရားများကို လျစ်လျူရှုသော မျက်နှာထားဖြင့် မော့ကြည့်နေကာ၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ အံ့ဩခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း အရိပ်အယောင်တစ်စုံတစ်ရာပင် မပြခဲ့ပေ။
...
ထိုအချိန်မှာပင် ဖန်မုန်ရှယ်သည် ရေကန်အလား တည်ငြိမ်နေသော မျက်နှာနှင့် ရှွှယ်အန်း၏နောက်သို့ တိတ်ဆိတ်စွာ လျှောက်လာပြီး ရပ်လိုက်သည်။
သူမ၏ လုပ်ဆောင်ချက်သည် တိုက်ပွဲခေါ်သံ ပေးလိုက်သကဲ့သို့ပင်ဖြစ်သည်။
မီးဖီးနစ်အဖွဲ့၊ သွေးချီလင်အဖွဲ့၊ လင်နန်ယွီတို့မိသားစု၊ ဒုစရိုက်မြို့တော်၊ အမှောင်ကောင်စီ၊ ညအမှောင်နတ်သူငယ်၊ ပေကျင်း၊ စီရင်စုမြို့၊ ကျုံးတု စသော လူသားမျိုးနွယ်ဝင်၏ အားကောင်းသော အဖွဲ့ဝင်များအားလုံးသည် ရွှယ်အန်း၏နောက်သို့ တိတ်ဆိတ်စွာ လျှောက်လာပြီး ငြိမ်သက်စွာ ရပ်နေကြသည်။
ဤတိတ်ဆိတ်သော နားလည်မှုနှင့် ထောက်ခံမှုသည် ဖန်သားပြင်ရှေ့တွင် ကြည့်ရှုနေကြသော ကြည့်ရှုသူအများအပြားကို စိတ်လှုပ်ရှားစေခဲ့သည်။
ဤမြင်ကွင်းသည် ကောင်းကင်ယံတွင် ချိတ်ဆွဲထားသည့်ပမာ ရှိနေသော နတ်ဘုရားများစွာကိုလည်း အံ့ဩစေခဲ့ကာ ခေတ္တရပ်တန့်သွားစေသည်။
ဧရာမနတ်ဘုရားများ၏ နတ်ဘုရင်သည် အေးစက်စွာ နှာမှုတ်လိုက်ပြီး ကြီးမားသော ဖိအားလှိုင်းတစ်ခုသည် လူအုပ်ကြီးထံသို့ တိုက်ရိုက် တိုးဝင်လာသည်။
၎င်းဖြတ်သန်းသွားရာနေရာတိုင်းတွင် ကြယ်နှင့်လများပင် မှေးမှိန်သွားကြသည်။
ကြည့်ရှုသူအများအပြားသည် သူတို့၏ရင်ဘတ်ထဲတွင် ဖိအားကို ခံစားလိုက်ရပြီး ထိတ်လန့်တကြားဖြင့် နောက်သို့ဆုတ်လိုက်ကြသည်။
ဤနတ်ဘုရားတို့၏ အရှိန်အဝါတစ်ခုတည်းကပင် လူသားမျိုးနွယ်ရှိအားကောင်းသူ အများအပြားကို လွှမ်းမိုးသွားစေရန် လုံလောက်သည်။
သို့သော် ဤကြောက်မက်ဖွယ်စွမ်းအားသည် ရွှယ်အန်းအနီးသို့ ရောက်လာသောအခါတွင်...
ရွှယ်အန်းသည် သူ့ပါးစပ်ကို အနည်းငယ်ဖွင့်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။
"ထွက်သွား"
ဤပေါ့ပါးသောအသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း ကိုးကောင်းကင်မှ မိုးကြိုးသံကဲ့သို့ပင် တိုက်ရိုက် ထိုးဖောက်ချေမှုန်းသွားသည်။
ဖျစ်!
ထိုဖိအားလှိုင်းသည် မီးခိုးများအလား လွင့်ပြယ်သွားသည်။
ထိုသို့အပြုအမှုသည် နတ်ဘုရားများကို တုန်လှုပ်စေခဲ့သည်။
ထိုအချိန်တွင် နဂါးမိန်းမပျိုသည် ကျယ်လောင်စွာပြောလိုက်သည်။
"နတ်ဘုရင်၊ အဲ့လူက သာမန်ကျင့်ကြံသူတစ်ဦးဖြစ်ပေမဲ့ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က အရမ်းထူးဆန်းပြီး လျှော့တွက်လို့မရတော့၊ အာရုံစိုက်သေချာစိုက်ဖို့ လိုအပ်ပါတယ်"
"ဟား နောက်ဆုံးတော့ သူက နည်းနည်းပိုအားကောင်းတဲ့ ရွှေအင်မော်တယ်ပဲလေ၊ ဒီနေ့ ငါတို့က ဒီကမ္ဘာကို ပြားပြားဝပ်အောင်လုပ်ပြီး သူ့ရဲ့ကံကြမ္မာကို သိမ်းပိုက်ဖို့ ဆုံးဖြတ်ထားတယ်"
ဧရာမနတ်ဘုရားတို့၏ နတ်ဘုရင်သည် လှောင်ရယ်လိုက်ပြီး ပိုလို့ပင်ကြီးမားလာသည်။
မူလတွင် သူသည် ပေတစ်ရာခန့် မြင့်သော်လည်း တိုးမြှင့်ပြီးနောက် ပေတစ်သောင်းအထိ မြင့်မားလာကာ ကောင်းကင်ထိပင်ရှည်လျားသော တိုက်တန်တစ်ကောင်ကဲ့သို့ ဖြစ်လာပြီး အောက်ဘက်ရှိ ရှယ်အန်းကို မထီမဲ့မြင် ကြည့်လိုက်သည်။
"ရွှေအင်မော်တယ်... မင်းမှာ ငါတို့ရဲ့ လက်အောက်ခံဖြစ်လာဖို့ အစွမ်းအစရှိတယ်၊ အခုချက်ချင်း လက်နက်ချမယ်ဆိုရင် မင်းကို အသေမသတ်ဘဲ ချမ်းသာပေးမယ်"
နတ်ဘုရား၏အသံသည် လေးဘက်လေးတန်တွင် ပဲ့တင်ထပ်သွားပြီး လူသားနိုင်ငံများစွာ ကြားလိုပ်ရသည်။
ထိုသို့သောမြင်ကွင်းနှင့် ရင်ဆိုင်ရသောအခါ မရေမတွက်နိုင်သော လူများ၏ မျက်နှာများ ဖြူဖျော့သွားကြပြီး သူတို့၏စိတ်ထဲတွင် အဆုံးမဲ့ မျှော်လင့်ချက်မဲ့မှုများ တိုးပွားလာသည်။
သို့သော် ထိုအချိန်မှာပင် ရွှယ်အန်းက လျစ်လျူရှုသောလေသံဖြင့် ပြောလိုက်သည်။
"ကြယ်တာရာယာဉ်ကို အသုံးပြုပြီး ဟင်းလင်းပြင်ကို ဖြတ်ကျော်လာရတာဆိုတော့ မင်းတို့နတ်ဘုရားတွေ ဒီကမ္ဘာကို ရောက်လာဖို့ တော်တော်ကြိုးစားခဲ့ရတာပဲ"
"ဟားဟား မင်းက ကြယ်တာရာယာဉ်တွေအကြောင်းကိုတောင် သိနေတာပဲ၊ မင်းက ဒီလိုနောက်ကျကျန်နေတဲ့နေရာမှာ ပိတ်မိနေတဲ့ ကျင့်ကြံသူတစ်ယောက်နဲ့ မတူဘူးကို၊ ဒါပေမဲ့ နတ်ဘုရားဆိုတာ နတ်ဘုရားပဲ၊ မင်းတို့လို သာမန်လူတွေ အနိုင်ယူနိုင်တဲ့အရာ မဟုတ်ဘူး"
ဧရာမနတ်ဘုရားတို့၏ နတ်ဘုရင်သည် လှောင်ရယ်လိုက်ပြီး မြေကြီးကို နင်းချေရန် ခြေထောက်ကို မြှောက်လိုက်သည်။
"အခု ငါ့ကိုဖြေ၊ မင်း လက်နက်ချမှာလား မချဘူးလား၊ မဟုတ်ရင် မင်းတို့အားလုံးကို ငါနင်းခြေပြီး အမှုန့်ဖြစ်သွားအောင် လုပ်ပစ်မယ်"
သူ၏ခြေထောက်ပင် မရောက်သေးသော်လည်း ကြီးမားသော ဖိအားကြောင့် ဆယ်မိုင်ပတ်လည်အတွင်းရှိ အဆောက်အအုံများဟည် မိုးခြိမ်းသံများမြည်ကာ ပြိုကျကုန်သည်။ မြေကြီးသည် တုန်ခါလာပြီး မည်သည့်အချိန်မဆို ပြိုကျသွားနိုင်ကဲ့သို့ ဖြစ်နေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော မရေမတွက်နိုင်သော ကြည့်ရှုသူများသည် အသက်ရှူအောင့်ထားမိကြပြီး၊ အချို့သော သတ္တိနည်းသူများသည် မျက်စိများကို မှိတ်ထားကြကာ ဆက်လက်မကြည့်ရှုနိုင်တော့ပေ။
ဤသို့သော အလွန်အမင်း အင်အားကြီးမားသော နင်းချေမှုနှင့် ရင်ဆိုင်ရသော်လည်း ရွှယ်အန်းသည် မတ်မတ် ရပ်နေဆဲဖြစ်ပြီး သူ၏ဝတ်ရုံသည် ပြင်းထန်သောလေထဲတွင် တဖျပ်ဖျပ်လွင့်နေကာ သူ၏နှုတ်ခမ်းထောင့်တွင် အေးစက်သောပြုံးရိပ်တစ်ခု ပေါ်လာသည်။
"ခြေထောက်နံ့က ဆိုးလိုက်တာ ငါပြောနိုင်တာတစ်ခုကတော့ မင်းခြေထောက်က... ဆေးဖို့လိုနေပြီ"
ဤစကားကို ပြောလိုက်သောအခါ စိတ်ပူနေကြသော် လူတိုင်း တောင့်တင်းသွားကြသည်။
အနောက်တွင်ရပ်နေသော ရှောင်ရှပင်လျှင် လက်မထောင်လိုက်မိသည်။
"တွေ့လား ဒါမှ ငါ့ဘော့စ်ဟေ့၊ ဒီလိုအချိန်မှာတောင် သူ စနောက်နိုင်သေးတယ်"
ဧရာမနတ်ဘုရားတို့၏ နတ်ဘုရင်ဟည် 'ခြေထောက်နံ့' ဆိုသည်မှာ မည်သည်ကိုဆိုလိုကြောင်း နားမလည်သော်လည်း ၎င်းသည် ကောင်းသည့်အရာမဟုတ်မှန်း ခန့်မှန်းနိုင်သောကြောင့် သူ၏စိတ်ထဲတွင် ဒေါသမီးများ တောက်လောင်လာသည်။
"မင်း သေချင်နေတာပဲ"
ဤသို့ပြောပြီးနောက် ဧရာမနတ်ဘုရားတို့၏ နတ်ဘုရင်က အားပြင်းစွာ နင်းချလိုက်သည်။
ဘုန်း!
ဆယ်မိုင်ပတ်လည်အတွင်းရှိ မြေကြီးသည် အသံတစ်ခုဖြင့် ပြိုကျသွားပြီး ဧရာမခြေရာကြီးတစ်ခု ကျန်ရစ်ခဲ့သည်။
လူအုပ်ကြီးသည် အံ့ဩတကြီးဖြင့် အာမေဋိတ်သံများ ပြုကြသည်။
ဖန်မုန့်ရွယ်နှင့် အခြားသူများက အေးစက်စွာ နှာမှုတ်လိုက်ပြီး ရှေ့သို့တိုးရန် ပြင်လိုက်စဉ် ရွှယ်ယ်အန်းက သူ၏လက်ကို ဝှေ့ယမ်းပြကာ မဆင်မခြင် မလုပ်ကြရန် အချက်ပြလိုက်သည်။
ထို့နောက် သူသည် အန်းယန်ဘက်သို့ ပြုံးလျက်လှည့်လိုပ်သည်။
"မိန်းမ... ကိုယ်နတ်ဘုရားတစ်ပါးကို ဘယ်လိုသတ်ပြမလဲဆိုတာ ကြည့်ထား"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ကောင်းကင်သို့ ပျံတက်သွားသည်။
မရေမတွက်နိုင်သော လူများသည် ရွှယ်အန်းမှာ အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်သို့ တန်းတန်းမတ်မတ် ပျံတက်သွားသည်ကို မော့ကြည့်နေကြသည်။
သူ၏ခန္ဓာကိုယ်သည် ဧရာမနတ်ဘုရင်နှင့် လုံးဝမယှဥ်နိုင်ဘဲ နတ်ဘုရင်၏ လက်ချောင်းတစ်ချောင်းလောက်ပင် မကြီးပေ။
ထို့ကြောင့် ထိုသို့သောမြင်ကွင်းသည် စိတ်လှုပ်ရှားစရာများဖြင့် ပြည့်နှက်နေပြီး ကြည့်ရှုသူအများအပြား၏ သွေးများကို ဆူပွက်စေခဲ့သည်။
ချန်ရှောင်ယိသည် ရဟတ်ယာဉ်ပေါ်မှ ပြေးလိုက်သည်။
"ဒါကို ကင်မရာနဲ့ သေချာရိုက်လိုက်ရဲ့လား"
ဓာတ်ပုံဆရာအများအပြားသည် အစွမ်းကုန်ကြိုးစားနေကြသည်။
"ပိုနီးအောင်သွားပေးပါ၊ မှတ်တမ်းတင်ထားပါတယ်"
တစ်ချိန်တည်းမှာပင် ချန်ရှောင်ယိသည် သူ၏လက်သီးများကို တင်းတင်းဆုပ်ထားပြီး ရှေ့သို့စူးစိုက်ကြည့်ပာ မရေမတွက်နိုင်သောသူများနှင့် တူညီသောအတွေးကို တွေးနေမိသည်။
ရွှယ်အန်း နိုင်ကိုနိုင်ရမယ်
ဤအချိန်တွင် ရွှယ်အန်းသည် ဧရာမနတ်ဘုရင်၏ ရှေ့သို့ရောက်နှင့်နေပြီဖြစ်သည်။
ဧရာမနတ်ဘုရင်သညခ လှောင်ရယ်လိုက်သည်။
"သာမန်လူသားတစ်ယောက်က ငါတို့နတ်ဘုရားတွေရဲ့ စကားကို ဆန့်ကျင်ရဲတယ်လား၊ ငရဲကို သွားစမ်း"
ထိုသို့ပြောပ။ သူ၏ဧရာမလက်ဝါးကို မြှောက်ကာ ရိုက်ချလိုက်သည်။
ရွှယ်အန်းသည် ဧရာမနတ်ဘုရင်၏ ရှေ့တွင် ရပ်နေသော်လည်း သူ၏အကြည့်သည် ၎င်းနောက်ရှိ နတ်ဘုရားအများအပြားထံသို့ ရောက်နေပြီး သူ၏နှုတ်ခမ်းတွင် အေးစက်သောပြုံးရိပ်တစ်ခု ပေါ်လာသည်။
"မလောနဲ့၊ မင်းတို့အလှည့် မကြာခင် ရောက်လာမှာပါ"
သူ၏အပြုံးကို မြင်လိုက်ရသောအခါ၊လုံတာဘသည် ကြီးမားသောအန္တရာယ်ကို ခံစားလိုက်မိပြီး တုန်ရီသွားသည်။
သို့သော် သူမသည် မိမိကိုယ်ကို လှောင်ပြောင်ခြင်စွာ ခေါင်းခါယမ်းလိုက်ပြီး သူမ စိတ်ထင်နေခြင်းဟုသ တွေးလိုက်မိသည်။
ကောင်းကင်ဘုံရှိ စစ်မှန်သော နတ်ဘုရားများစွာ ဆင်းသက်လာသည့်အတွက် ရွှယ်အန်းသည် စစ်မှန်သောအင်မော်တယ် ဖြစ်လျှင်ပင် ယနေ့တွင် သေဆုံးရမည်ဖြစ်သည်။
ထိုအချိန်မှာပင်...
ဧရာမနတ်ဘုရင်၏ လက်ဝါးသည် လေထဲမှ ရိုက်ခတ်လာခဲ့သည်။
သို့သော် ရှယ်အန်းသည် ရှောင်တိမ်းခြင်းသို့မဟုန် နောက်ဆုတ်ခြင်းမပြုဘဲ၊ ရုတ်တရက် မော့ကြည့်လိုက်ပြီး သူ၏မျက်လုံးများသည် စူးရှစွာတောက်ပနေကာ အေးစက်စွာ ပြောလိုက်သည်။
"ပထမ လက်သီးချက်... ကောင်းကင် နဲ့ မြေကြီးကို ဖျက်ဆီးခြင်း"
သူ ထိုသို့ပြောပြီးနောက် လက်သီးကို မြှောက်ကာ ထိုးချလိုက်သည်။
ဘုန်း..
ကျယ်လောင်သောအသံတစ်ခုနောက်တွင် မျက်စိဖြင့်မြင်နိုင်သော တုန်ခါမှုလှိုင်းတစ်ခုသည် ကောင်းကင်ယံသို့ ပျံ့နှံ့သွားပြီး ကောင်းကင်တစ်ခွင်ရှိ တိမ်များကိုပင် လွင့်စက်သွားစေသည်။
မရေမတွက်နိုင်သော လူများလည်း မော့ကြည့်လိုက်ကြသည်။
သူတို့သည် ရွှယ်အန်းမှာ တိတ်ဆိတ်စွာရပ်နေပြီး သူ၏လက်သီးသည် တိုင်းတာမရနိုင်လောက်အောင် ကြီးမားသော နတ်ဘုရား၏လက်နှင့် ထိကပ်လိုက်သည်ကို တွေ့လိုက်ရသည်။
ဂျွတ်..
ကြည်လင်သောအသံတစ်ခု ထွက်ပေါ်လာပြီးနောက် ဧရာမနတ်ဘုရင်၏လက်ပေါ်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပေါ်လာပြီး အပေါ်အထိ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
ဧရာမနတ်ဘုရင်သည် သူ၏တည်ငြိမ်မှုကို မထိန်းနိုင်တော့ဘဲ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ဒါ ဘယ်လိုမကောင်းဆိုးဝါး လက်သီးကွက်မျိုးလဲ"
သူပြောနေစဉ်မှာပင် သူ၏လက်မောင်းကို သူကိုယ်တိုင် ဖြတ်တောက်ပစ်လိုက်သည်။
ဧရာမလက်ကြီးသည် မြေပေါ်မကျမီ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်။
ဤမြင်ကွင်းကို မြင်သောအခါ လူတိုင်းသည် အံ့ဩသွားကြပြီး သူတို့၏ အောင်ပွဲခံသံများကို မထိန်းနိုင်တော့ပေ။
"ရွှယ်အန်း အသက်ရှည်ပါစေ"
"ရွှယ်အန်း နိုင်ကိုနိုင်ရမယ်"
"လူသားမျိုးနွယ် အောင်ပွဲခံရမယ်"
ဤအော်ဟစ်သံများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
ဧရာမနတ်ဘုရင်၏ မျက်နှာသည် အလွန်အရုပ်ဆိုးနေသည်။ သူသည် နှစ်ပေါင်းတစ်သောင်းကြာ နေထိုင်ခဲ့သော စစ်မှန်သော နတ်ဘုရားတစ်ပါးဖြစ်သော်လည်း ယနေ့တွင် သာမန်ကျင့်ကြံသူတစ်ဦး၏ လက်ချက်ကြောင့် လက်တစ်ဖက်ကျိုးသွားခဲ့ရသည်။ ထိုအရှက်ရမှုကြောင့် သူ့ကို ဒေါသပိုထွက်စေဟဘ်။
"သေလိုက်စမ်းးးးးး"
သူပြောလိုပ်စဉ်မှာပင် ဧရာမနတ်ဘုရင်၏လက်ထဲတွင် ဧရာမတူကြီးတစ်လက် ရုတ်တရက်ပေါ်လာပြီး ပြင်းထန်စွာ ရိုက်ချလိုက်သည်။
တူ၏အသံသည် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသည်။
မရေမတွက်နိုင်သော လူများသည် အသံကြောင့် နာကျင်မှုကို ခံစားလိုက်ဈရသည်။
အန်းယန်နှင့်အတူ ဖန်းမင်ရွှယ်နှင့် အခြားသူများလည်း သတိပေးလိုက်သည်
"သတိထား"
သို့သော် ထိုအချိန်မှာပင် ရွှယ်အန်းသည် သူ၏လက်ကို ဆန့်တန်းလိုက်ပြီး ပေါ့ပါးသောလေသံဖြင့် ပြောလိုက်သည်။
"ဓား ထွက်လာခဲ့”