← Chapters

အရပ်ရှစ်မျက်နှာမှ လှုပ်ရှားမှုများ

Vol. 46 Ch. 683

အရပ်ရှစ်မျက်နှာမှ လှုပ်ရှားမှုများ

Vol. 46 Ch. 683

"မဟုတ်ဘူး"

အန်းယန်က ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံတက်ရန် ပြင်လိုက်သည်။

ထိုစဉ် တစ်စုံတစ်ယောက်ငည် သူမ၏ ပခုံးကို ဖိကိုင်ထားလိုက်သည်။

"ရှန်းရှန်း၊ နျန်နျန်နဲ့ ရွှယ်အာ့ကို ခေါ်ပြီး မြန်မြန်သွားတော့"

မျက်စိတစ်မှိတ်အတွင်းမှာပင် အန်းယန်သည် ဖန်းမင်ရွှယ်မှာ အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်သို့ တဟုန်ထိုး တက်သွားသည်ကို မြင်လိုက်ရသည်။

သူမ မရောက်ရှိမီမှာပင် အမှောင်စွမ်းအင်များဖြင့် ပြုလုပ်ထားသော နွယ်ပင်များသည် ကောင်းကင်ယံသို့ ပျံ့နှံ့သွားခဲ့ပြီး ၎င်းတို့၏ ပစ်မှတ်ဆီသို့ အပြေးအလွှား ဦးတည်သွားကြသည်။

ဘုန်း

အနက်ရောင် နွယ်ပင်များသည် ရုပ်တု၏ လက်ဖဝါးကို ရစ်ပတ်လိုက်ပြီး ၎င်း၏ ကျဆင်းလာမှုကို စတင်ဟန့်တားလိုက်သည်။

...

ထန် ထန် ထန်

ပြင်းထန်သော အသံများနှင့်အတူ ဤအနက်ရောင်နွယ်ပင်များသည် လက်ဖဝါး၏ ကြီးမားသော အင်အားကို မခံနိုင်ဘဲ ကြေမွသွားခဲ့သည်။

ဖန်းမင်ရွှယ်၏ မျက်နှာသည် တဖြည်းဖြည်း ဖြူဖျော့လာသည်။

သို့သော်လည်း ဖန်းမင်ရွှယ်သည် နောက်မဆုတ်ခဲ့ပေ။ သူမသည် နွယ်ပင်တစ်ပင် ကြေမွသွားတိုင်း နေရာတွင် နှစ်ပင် အစားထိုး၍ လျင်မြန်စွာ ဖန်တီးလိုက်သည်။

လက်ဖဝါး၏ ကျဆင်းလာနှုန်းသည် တဖြည်းဖြည်း နှေးကွေးသွားသော်လည်း ဖန်းမင်ရွှယ်မှာမူ အမှောင်စွမ်းအင်ကို အလွန်အကျွံ သုံးစွဲမှုကြောင့် တစ်ကိုယ်လုံး တုန်ရီနေကာ သူမ၏ ဂိတ်ဆုံးကိုရောက်ရှိနေကြောင်း ထင်ရှားသည်။

ထိုအခိုက်တွင် အနက်ရောင် အရိုးနဂါး ဒါဇင်ပေါင်းများစွာ ရုတ်တရက် ပေါ်ထွက်လာပြီး လက်ဖဝါး၏ အောက်သို့ ကျဆင်းလာသော အားကို ခုခံလိုက်ကြသည်။

ဖန်းမင်ရွှယ်သည် သူမ တာ၀န်များ ပေါ့ပါးသွားသည်ကို ခံစားလိုက်ရပြီး လှည့်ကြည့်လိုက်သည်။

ခါရာဆက် သည် အနီးအနားတွင် ရပ်နေပြီး သူ့မျက်လုံးများမှာ မှောင်ဖျော့ကာ အသက်မဲ့နေသည်။ ဖန်းမင်ရွှယ်သည် သူ့အား လှည့်ကြည့်သည်ကို မြင်သောအခါ ပြုံးပြလိုက်သည်။

"မင်းတစ်ယောက်တည်းကို ဒီဝန်ထုပ်ဝန်ပိုး ထမ်းထားခွင့်မပေးနိုင်ဘူး"

သူ စကားဆုံးသည်နှင့် တပြိုင်နက် အရိုးနဂါးများသည် အော်ဟစ်ကာ ကြီးမားသော အင်အားကြောင့် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားကြသည်။

ခါရာဆက်လည်း ညည်းညူလိုက်ကာ လဲကျမတတ် ဖြစ်သွားသည်။

သို့သော် ထိုအခိုက်တွင် မြေပြင်နှင့် အရပ်မျက်နှာအသီးသီးမှ အလင်းတန်းများ စုစည်းလာပြီး ၎င်းတို့ထံသို့ တဟုန်ထိုး ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။

ကျိုးတာ့နျိုသည် ရှေ့ဆုံးမှ ဦးဆောင်လာပြီး လက်ဖဝါးအောက်သို့ ပထမဆုံး ပြေးဝင်ကာ သူ၏ လက်မောင်းများကို တွန်းလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်သည် အဆမတန် ကြီးမားလာသည်။

"ဆရာ့ကိုသတ်ချင်ရင် ငါ့အလောင်းကို ကျော်သွားရလိမ့်မယ်... ရားးး"

ကျိုးတာ့နျို ဟိန်းဟောက်လိုက်ရာ သူ၏ မျက်လုံးများမှာ သွေးနီရောင်အဖြစ်သို့ ပြောင်းသွားသည်။

ကျဆင်းလာသော လက်ဖဝါး၏ အရှိန်ကို ကျိုးတာ့နျို တစ်ယောက်တည်းဖြင့် ရပ်တန့်စေခဲ့သည်။

သို့သော် ဤမျှကြီးမားသော အင်အားအောက်တွင် ကျိုးတာ့နျို၏ ကြွက်သားများသည် အလွန်အကျွံ အားစိုက်ထုတ်မှုကြောင့် စတင် စုတ်ပြဲလာသည်။

ထိုအချိန်မှာပင် အခြားသူများလည်း ရောက်ရှိလာကြသည်။

ရှောင်ရှသည် သူ၏ မူလပုံစံသို့ ပြန်ပြောင်းကာ လက်ဖဝါးကို သူ၏ ဦးခေါင်းဖြင့် အသည်းအသန် တွန်းကန်ထားသည်။

ဂရစ်ဖင်ကမူ လက်ဖဝါးပေါ်သို့ ခုန်တက်ပြီး အသားစများကို ကိုက်ဖြတ်ရန် ကြိုးစားနေသည်။ သူ၏ သွားများသည် လက်ဖဝါးကို မည်သို့မျှ မလှုပ်ရှားနိုင်စေသည်မှာ ထင်ရှားသည်။

လင်နန်မှ ယွီမိသားစု ၊ မီးဖီးနစ်နှင့် သွေးချီလင်အထူးတပ်ဖွဲ့မှ လူများသည် ရုပ်တုကို စတင် တိုက်ခိုက်ကြသည်။

ဤအခိုက်တွင် ကျန့်ချူသည် ရွှယ်အန်းကို ထိုနေရာမှ ဆွဲထုတ်ရန် ကြိုးစားနေသည်။

သူ မည်မျှပင် ကြိုးစားသော်လည်း ရွှယ်အန်းကို တစ်လက်မမျှ မရွှေ့နိုင်ခဲ့ပေ။

"သခင်... နိုးလာပါတော့၊ သခင်"

ကျန့်ချူသည် စိုးရိမ်လွန်းသောကြောင့် ငိုတော့မတတ် ဖြစ်နေသည်။

သို့သော် ရွှယ်အန်းမှာ တုံ့ပြန်မှုမရှိသေးပေ။

ထို့ကြောင့် ကျန့်ချူသည် သူ့ ပုံစံအမှန်ကို ထုတ်ပြပြီး ရွှယ်အန်းကို သူ၏ လက်တံများဖြင့် တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားလိုက်သည်။

ကျန့်ချူ တွေးလိုက်သည်မှာ လက်ဖဝါးသာ ကျလာခဲ့လျှင် အနည်းဆုံးတော့ သူသည် သခင်ကြီးအတွက် ကာကွယ်ပေးနိုင်လိမ့်မည် ဖြစ်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသော ပရိသတ်များ အပါအဝင် လူတိုင်း တိတ်ဆိတ်သွားကြသည်။

လူသားမျိုးနွယ်တွင် အားနည်းချက်များ ရှိကောင်းရှိနိုင်သော်လည်း အရေးကြီးဆုံး အခိုက်အတန့်များတွင် မယုံနိုင်လောက်စရာ စည်းလုံးညီညွတ်မှုကို ပြသခဲ့သည်။

ဤအရာသည် မည်သူ့ကိုမဆို စိတ်နှလုံးကို ထိခတ်စေရန် လုံလောက်သည်။

ထိုနေရာရှိ လူများသာမက အရပ်ရှစ်မျက်နှာမှ လူသားမျိုးနွယ်၏ အင်အားကြီးသူများလည်း အဆက်မပြတ် ပြေးဝင်လာကြသည်။

သူတို့တွင်ရှိသော ရည်ရွယ်ချက်တစ်ခုမှာ- နတ်ဘုရားကို နှိမ်နင်းပြီး မစ္စတာရွှယ်ကို ကယ်တင်ဖို့ပင်ဖြစ်သည်။

အန်းယန်လည်း အံ့အားသင့်စွာ ကြည့်နေကာ သူမ မသိလိုက်ခင်မှာပင် မျက်ရည်များ ကျဆင်းလာသည်။

သူမသည် ရွှယ်အန်းနှင့်အတူ နေချင်သော်လည်း ဟေးဘုရင်နှင့် ကျင့်ကြံသူအချို့သည် သူမကို တင်းတင်းကျပ်ကျပ် ဆွဲထားကြသည်။

"မစ္စရွှယ်၊ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့"

ဟေးဘုရင်သည် လေးနက်သော အသံဖြင့် ပြောလိုက်သည်။

ထိုအခိုက်တွင် ချင်ယွီလည်း ပြေးဝင်လာပြီး သူ၏ မျက်နှာမှာ တည်ကြည်နေသည်။

"အစ်မယန် မင်း ငါနဲ့လိုက်ခဲ့ရမယ်"

အန်းယန် ခေါင်းခါပြလိုက်သည်။

"ဟင့်အင်း၊ ငါမသွားဘူး"

ချင်ယွီသည် အလွန်အမင်း စိုးရိမ်နေပြီး "မစ္စတာရွှယ် ဘာမှမဖြစ်ဘူးဆိုတာ သေချာတယ်၊ မင်း သူ့ကိုယုံရမယ်၊ ဒါပေမယ့် မင်းနဲ့ ကလေးနှစ်ယောက် ဒီမှာရှိနေရင် သူတို့ တစ်ခုခုဖြစ်သွားရင် မစ္စတာရွှယ်ကို ဘယ်လိုရှင်းပြမလဲ"

အန်းယန်လည်း အံ့အားသင့်သွားသည်။

ထိုစဉ်မှာပင် ၎င်းတို့သည် ကျိုးတာ့နျိုမှာ လေထဲတွင် သွေ အမြောက်အများ အန်ထုတ်လိုက်သည်ကို မြင်လိုက်ရပြီး ဧရာမ လက်ဖဝါးကြီးလည်း တဖြည်းဖြည်း ပြန်လည် ကျဆင်းလာသည်။

အန်းယန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မှော်ရတနာကို ပြတ်ပြတ်သားသား ထုတ်လွှတ်လိုက်သည်။

"မစ္စချင်၊ ရှန်းရှန်း၊ နျန်နျန်နဲ့ ရွှယ်အာကို ခေါ်ပြီး မြန်မြန်သွားပါတော့"

"ဒါပေမယ့်..."

"ကျွန်မယောက်ျားကို ဒီကောင်တွေ အနိုင်ကျင့်တာကို ဒီအတိုင်း ကြည့်မနေနိုင်ဘူး၊ ကျွန်မယောက်ျားကို ကျွန်မပဲ အနိုင်ကျင့်လို့ရတယ်၊ တခြားဘယ်သူမှ အနိုင်ကျင့်ခွင့်မရှိဘူး"

အန်းယန်၏ မျက်နှာသည် သတ်ဖြတ်လိုသော အသွင်အပြင်များဖြင့် ပြည့်နှက်နေကာ သူမ သိုလှောင်လက်စွပ်ထဲမှ လက်နက်ကို ထုတ်ကာ ကောင်းကင်သို့ ပျံတက်သွားပြီး နတ်ရုပ်တုဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။

ဘန်း

အန်းယန်၏ ဒယ်အိုးသည် နတ်ရုပ်တုကို ရိုက်ခတ်လိုက်သောအခါ ဒယ်အိုးအတွင်းမှ အာတီဖက်ဝိညာဉ် လေစွင်းသည် အော်ပြောလိုက်သည်။

"မဖြစ်နိုင်တာ.. ဒါက စစ်မှန်သောနတ်ဘုရားရဲ့ စွမ်းအားပဲ"

၎င်းသည် ပြန်ကန်ထွက်လာသော အင်အားကြောင့် ပြင်းထန်စွာ ဖယ်ရှားခံလိုက်ရသည်။

ထို့နောက် ဒယ်အိုးပေါ်တွင် အက်ရာတစ်ခု ပေါ်လာသည်။

ထိုအရာကို မြင်သောအခါ အန်းယန်သည် အံ့ကြိတ်လိုက်ပြီး ဒယ်အိုးကို လွှင့်ပစ်ကာ လက်ဗလာဖြင့် ရှေ့သို့ တိုးဝင်သွားသည်။

ဤအချိန်တွင် ချန်ဟောက်၊ ကျန့်ချူနှင့် အခြားသူများသည် နတ်ရုပ်တုကို အသည်းအသန် တိုက်ခိုက်နေကြသည်။

သို့သော် ၎င်းတို့၏ တိုက်ခိုက်မှုများသည် နတ်ရုပ်တု၏ အကာအကွယ်ကိုပင် မထိုးဖောက်နိုင်ပုံရပြီး ၎င်းသည် တစ်ချက်မျှပင် လှည့်မကြည့်လာခဲ့ပေ။

ချန်ဟောက်သည် အန်းယန် ပြေးဝင်လာသည်ကို မြင်သောအခါ ထိတ်လန့်သွားသည်။

"အစ်ယန်၊ ဒီကနေ မြန်မြန်ထွက်သွားပါ၊ ဒါ မင်းအတွက် နေရာမဟုတ်ဘူး"

သို့သော် အန်းယန်သည် သူ့စကားကို မကြားဟန်ဖြင့် သူမ၏ မျက်လုံးများသည် တဖြည်းဖြည်း သွေးနီရောင်သို့ ပြောင်းသွားကာ အစွမ်းထက်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

"ဘာဖြစ်တာလဲ၊ ငါတို့သခင်မလေးမှာ ဒီလောက်ကြီးမားတဲ့စွမ်းအား ဘယ်တုန်းက ရှိသွားတာလဲ"

ရှောင်ရှသည် ကျဆင်းလာသော ဧရာမ လက်ဖဝါးကို အသည်းအသန် ခုခံနေရင်း ရေရွတ်လိုက်သည်။

ပုံမှန်ဆိုလျှင် နူးညံ့သိမ်မွေ့သော အန်းယန်သည် အဆုံးတွင် လုံးဝ ထိန်းချုပ်မရ ဖြစ်သွားခဲ့သည်။

သူမသည် မိုးခြိမ်းသံကဲ့သို့သော လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ဖောင်း

နတ်ရုပ်တု၏ လက်မောင်းပေါ်တွင် သေးငယ်သော အက်ရာတစ်ခု ပေါ်လာသည်။

အဆုံးတွင် နတ်ရုပ်တုသည် အန်းယန်အား လှည့်ကြည့်လာခဲ့သည်။

သို့သော် ထိုအချိန်မှာပင် အန်းယန်၏ ခန္ဓာကိုယ်ပေါ်ရှိ သံကြိုးများ၏ အင်အားကြီးခဲ့သော အရှိန်အဝါသည် လျင်မြန်စွာ မှေးမှိန်သွားကာ သူမလည်း လဲကျသွားသည်။

အမှောင်စုန်းမ အန်နာစတေးရှားသည် အန်းယန်ကို မြေပြင်သို့ ပြန်ခေါ်ဆောင်ရန် အမြန် ပြေးလာသည်။

ဤအခိုက်တွင် နတ်ရုပ်တု၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အမူအရာတစ်ခု ပေါ်လာသည်။

"ဒီသံကြိုးတွေ... ဟား စိတ်ဝင်စားစရာပဲ၊ ဒါပေမယ့် မင်းတို့အားလုံး သေလို့ရပြီ"

ထိုသို့ပြောပြီးနောက် ရုပ်တု၏ မျက်လုံးများတွင် အေးစက်သော အလင်းနှစ်ခု ပေါ်လာပြီး အန်းယန်ကို ထိုးစိုက်လိုက်သည်။

အန်နာစတေးရှားသည် သူမထံသို့ ရောက်ရှိသွားချိန်တွင် အန်းယန်ကို ပွေ့ဖက်လိုက်နိုင်ပြီး ထိုထိုးနှက်ချက်နှစ်ခုကို ကပ်သီးလေး ရှောင်တိမ်းနိုင်ခဲ့သည်။

သို့သော် နတ်ရုပ်တုသည် အန်းယန်ကို မလွှတ်ပေးရန် ဆုံးဖြတ်ထားသည့်ပမာ နောက်ထပ် တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်လိုက်သည်။

ဤတစ်ကြိမ်တွင် ချန်ဟောရခနှင့် အခြားသူများသည် အန်းယန်ကို ကယ်တင်ရန် အသည်းအသန် ပြေးဝင်လာကြသည်။

ရှောင်ရှ၊ ကျိုးတာ့နျိုနှင့် အခြားသူများမှာမူ ကျဆင်းလာသော ဧရာမ လက်ဖဝါးကို အသည်းအသန် ခုခံနေဆဲဖြစ်သည်။

ရှောင်ယွီသည် ကြောင်ငေးစွာ ကြည့်နေပြီးနောက် ငိုသံဖြင့်ပြောမိလိုက်သည်။

"သခင်လေး နိုးလာပါတော့၊ သခင်မလေးကို လူတွေ အနိုင်ကျင့်နေကြပြီ"

ရုတ်တရက်ဆိုသလို

ရှောင်ယွီသည် ရွှယ်အန်း၏ ခန္ဓာကိုယ် လှုပ်ရှားသွားသည်ကို ခံစားလိုက်ရသည်။

သူမ တုံ့ပြန်မှု မပြုနိုင်မီမှာပင် ရွှယ်အန်း၏ မျက်လုံးများတွင် အလင်းရောင်တစ်ချက် ပေါ်လာသည်။

ရှောင်ယွီသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ရန် ပြင်လိုက်စဉ်

ကြီးမားသော အရှိန်အဝါတစ်ခုသညခ သူမကို လွင့်စင်သွားစေသည်။

ထို့နောက် ရွှယ်အန်းသည် ဖြည်းညှင်းစွာ မော့ကြည့်လိုက်ရာ သူ၏ မျက်လုံးများမှာ အဆုံးမဲ့သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

သူ၏ အကြည့် ရောက်ရှိသွားသည့် နေရာတိုင်းတွင် ဟင်းလင်းပြင်ပင် မီးလောင်ပြာကျသွားမတတ်ပင် ဖြစ်နေသည်။

All Chapters