← Chapters

နတ်ဘုရားများကို ခေါင်းဖြတ်၍ နတ်ဆိုးများ သုတ်သင်ခံရခြင်း

Vol. 46 Ch. 684

နတ်ဘုရားများကို ခေါင်းဖြတ်၍ နတ်ဆိုးများ သုတ်သင်ခံရခြင်း

Vol. 46 Ch. 684

"သခင်ကြီး... သခင်ကြီး နိုးလာပြီ"

ရှောင်ယွီသည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

လူတိုင်း၏ အကြည့်များသည် ရွှယ်အန်းထံသို့ တညီတညွတ်တည်း ရောက်သွားကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော ပရိသတ်များသည် ပိုလို့ပင် စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လိုက်ကြပြီး လက်သီးများကို ဆုပ်ကာ အသက်ရှုအောင့်လျက် ကြည့်ရှုနေကြသည်။

ရွှယ်အန်းက ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အန်နာစတေးရှား၏ ဘေးသို့ ရောက်သွားသည်။

ထိုအခိုက်တွင် အန်းယန်သည် သူမ၏ လက်မောင်းထဲတွင် သတိလစ်မေ့မြောလျက် ရှိနေသည်။

ရွှယ်အန်းလည်း သူ၏လက်ကို ဆန့်တန်းလိုက်သည်။

...

အန်နာစတေးရှားသည် အနည်းငယ် အံ့အားသင့်သွားသော်လည်း အန်းယန်ကို သူ၏ လက်မောင်းထဲသို့ လျင်မြန်စွာ ထည့်ပေးလိုက်သည်။

ရွှယ်အန်းသည် အန်းယန်ကို မင်းသမီးလေးတစ်ပါးလို ပွေ့ချီထားပြီး ငုံ့ကြည့်လိုက်သည်။

ဤအချိန်တွင် အန်းယန်၏ မျက်လုံးများမှာ စေ့စေ့မှိတ်ထားပြီး သူမ၏ ပါးပြင်များမှာ ပုံမှန်မဟုတ်ဘဲ နီရဲနေသည်။

ရွှယ်အန်းသည် စကားတစ်ခွန်းမျှမပြောဘဲ သူမကို တိတ်ဆိတ်စွာ ကြည့်နေသည်။

ထိုအချိန်တွင် နတ်ရုပ်တုသည် လှောင်ပြောင်ရယ်မောကာ ပြောလိုက်သည်။

"ရွှယ်အန်း မင်း တကယ်ပဲ သတိပြန်ရလာတာလား၊ ကောင်းပြီလေ၊ မင်းမျက်စိရှေ့မှာပဲ ဒီလူတွေကို တစ်ယောက်ပြီးတစ်ယောက် ငါသတ်ပြမယ်"

နတ်ရုပ်တု၏ စကားဆုံးသည်နှင့် ၎င်းခန္ဓာကိုယ်သည် ရွှေရောင်အလင်းများဖြင့် တောက်ပလာကာ အနီးရှိ ချန်ဟောက်နှင့် အခြားသူများကို အဝေးသို့လွင့်စင်သွားစေသည်။

သို့သော် ဤရွှေရောင်အလင်းသည် ရွှယ်အန်းအနီးသို့ ရောက်သောအခါ ဘာမှမရှိသည့်ပမာ ပျောက်ကွယ်သွားသည်။

ထို့နောက် ရွှယ်အန်းသည် သူ၏ခေါင်းကို ညင်သာစွာမော့ပြီး မိုးထိအောင် မြင့်မားသော နတ်ရုပ်တုကို ကြည့်လိုက်ပြီး အေးစက်သောအသံဖြင့် ပြောလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်တစ်သောင်းက လူသားမျိုးနွယ်ရဲ့ ဘိုးဘေးတွေကို သတ်ဖြတ်ခဲ့တာ မင်းတို့ ကောင်းကင်နတ်ဆိုးတွေပဲ မဟုတ်လား"

ဤစကားကို ကြားသောအခါ နတ်ရုပ်တုနှင့် သူ၏ ရင်ဘတ်ပေါ်တွင် ရှိနေသော ကောင်းကင်နဂါးမျိုးနွယ်မှ သခင်မလေးအပါအဝင် အားလုံး တုန်လှုပ်သွားကြသည်။

"ရွှယ်အန်း..."

နတ်ရုပ်တုသည် တစ်စုံတစ်ခု ထပ်ပြောရန် ကြိုးစားလိုက်သည်။

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

"ပြောစမ်း၊ မင်းတို့ကို ဘယ်သူက ခိုင်းတာလဲ"

ရွှယ်အန်းသည် သတိလစ်နေခဲ့ခြင်းမဟုတ်ဘဲ သူ၏ အသိစိတ်သည် အလွန်နက်နဲသော နေရာတစ်ခုသို့ ခရီးသွားနေခဲ့ပြီး ထိုနေရာတွင် ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းတစ်ခုကို တွေ့မြင်ခဲ့ရသည်။

ထိုမြင်ကွင်းမှာ လွန်ခဲ့သော နှစ်တစ်သောင်းတွင် လူသားမျိုးနွယ်၏ ဘိုးဘေးများ ကောင်းကင်နတ်ဆိုးများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် မြင်ကွင်းဖြစ်ပြီး ကောင်းကင်ဘုံမှ စစ်မှန်သောနတ်ဘုရားများ၏ ပုံရိပ်များလည်း ရှိနေခဲ့သည်။

သို့သော် ထိုပုံရိပ်များအရ ဤကောင်းကင်စစ်မှန်နတ်ဘုရားများသည် အခြားတစ်စုံတစ်ယောက်၏ ခိုင်းစေမှုကို ခံနေရသော အစေခံများသာဖြစ်ပြီး သူတို့၏ တကယ့်သခင်မှာ ကောင်းကင်ဘုံအထက်တွင် မြူခိုးများဖြင့် ဖုံးကွယ်ကာ ပုန်းအောင်းနေသည်မှာ ထင်ရှားသည်။

ထို့ကြောင့် ရွှယ်အန်းသည် ဤမေးခွန်းကို မေးလိုက်ခြင်းဖြစ်သည်။

"ရွှယ်အန်း... မင်းပြောတာ ဟုတ်တယ်၊ လွန်ခဲ့တဲ့ နှစ်တစ်သောင်းက ကောင်းကင်ဘုံက နေ ဒီကိုရောက်လာတဲ့ နတ်ဆိုးတွေ တကယ်ရှိခဲ့တယ်၊ ဒါပေမယ့် နောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူလဲဆိုတာ မင်းသိချင်ရင်တော့ အဲ့ဒါက မင်းနေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာပဲ"

ရွှယ်အန်းလည်း ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ၊ မင်းတို့ မပြောမှတော့ ငါကိုယ်တိုင် ကောင်းကင်ဘုံကို တက်ပြီး ရှာဖွေရုံပေါ့"

"မင်း နောက်နေတာလား၊ ကောင်းကင်ဘုံကို တက်မယ် ဟုတ်စ၊ မင်းကိုယ်မင်း ဘယ်သူထင်နေလဲ၊ အရင်ဆုံး ငါ့ကို ကျော်နိုင်မလား ကြည့်လိုက်စမ်း"

နတ်ရုပ်တုသည် ဆိုးယုတ်စွာ ဟားတိုက်ရယ်မောလိုက်သည်။

ရွှယ်အန်းသည် တိတ်ဆိတ်နေဆဲဖြစ်ပြီး သူ၏ခေါင်းကိုသာ ငုံ့ကာ အန်းယန်၏ နဖူးကို ညင်သာစွာ နမ်းရှိုက်လိုက်သည်။

"ဇနီးလေး မကြောက်နဲ့တော့၊ မင်းကို နာကျင်စေခဲ့တဲ့သူတွေကို ငါက အဆတစ်ရာ ပြန်ပေးဆပ်ခိုင်းမယ်"

သို့သော် နတ်ရုပ်တုကမူ မထိန်းနိုင်တော့ဘဲ ပြုံးစစဖြင့် ပြောလိုက်သည်။

"တကယ့်ကို ကံဆိုးတဲ့ ချစ်သူစုံတွဲပဲ၊ ကောင်းပြီ၊ ငါ မင်းတို့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်။"

သူ ထိုသို့ပြောပြီးနောက်လက်ဖဝါးကို တစ်ဖန်ပြန်မြှောက်ကာ မိုးခြိမ်းသံကဲ့သို့သော အသံဖြင့် ရိုက်ချလိုက်သည်။

ဤလက်ဝါးရိုက်ချက်သည် ယခင်ကထက်ပင် ပိုမိုအားပြင်းပြီး မရေမတွက်နိုင်သော လူများကို နောက်သို့ လွင့်စင်သွားစေသည်။

ရွှယ်အန်းက တိတ်ဆိတ်စွာ ကြည့်နေပြီးနောက် သူ၏ နှုတ်ခမ်းထောင့်သည် ကွေးတက်သွားကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ကံကြမ္မာ"

ရွှယ်အန်း ပိုင်ဆိုင်သော ရွှေအင်မော်တယ် စွမ်းအင်များတွင် ကံကြမ္မာ၏ စွမ်းအား ပါဝင်သည်။

ဤတစ်ကြိမ်တွင် ၎င်းသည် အားလုံး၏ ရှေ့မှောက်တွင် တစ်ဖန်ထွက်ပေါ်လာခဲ့သည်။

လူတိုင်းသည် ဤအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီးပါ တိတ်ဆိတ်ငြိမ်သက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

လေသည်ပင် ရပ်တန့်သွားသည်။

မီးခိုးရောင် အလင်းတန်းလွှာများမှာ နတ်ရုပ်တုကို ရစ်ပတ်လိုက်ပြီး ၎င်း၏ လှုပ်ရှားမှုများကိုလည်း ရပ်တန့်စေခဲ့သည်။

သို့သော် ခဏအကြာတွင် ထိုအလင်းတန်းများသည် ကျယ်လောင်သော အသံဖြင့် ကြေမွသွားပြီး နတ်ရုပ်တု၏ မောက်မာသောရယ်သံသညခ ထွက်ပေါ်လာသည်။

"ရွှယ်အန်း အသုံးမဝင်ဘူးကွ၊ မင်းရဲ့ ရွှေအင်မော်တယ်စွမ်းအင်တွေက တကယ့်ကို စွမ်းပေမယ့် ငါက နတ်ဘုရားတစ်ပါးပဲ၊ ဒီလောကရဲ့ ကောင်းကင် တာအိုဥပဒေသတွေနဲ့ ငါက ချည်နှောင်မထားဘူး၊ မင်းရဲ့ နတ်ဘုရားစွမ်းအင်တွေက ငါ့ကို မထိခိုက်နိုင်ဘူးကွ"

ဤမြင်ကွင်းကို မြင်သောအခါ မရေမတွက်နိုင်သောလူများ၏ နှလုံးသားများ တင်းကျပ်သွားကြသည်။

ရွှယ်အန်းကမူ နတ်ရုပ်တု၏ လှောင်ပြောင်မှုကို လျစ်လျူရှုကာ အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

"ကံကြမ္မာဓားသွား၊ ပေါ်လာစမ်း"

ဘုန်း!

သူ၏ အမိန့်နှင့်အတူ အဆုံးမရှိသော ဓားအလင်းတန်းများ ချက်ချင်း ပေါ်ထွက်လာပြီး ဤတစ်ကြိမ် ဓားအလင်းတန်းများမှာ အေးစက်သော ကောင်းကင်တာအိုဥပဒေသများဖြင့် တောက်ပနေသည်။

နတ်ရုပ်တုသည် အနည်းငယ် ထိတ်လန့်သွားပြီး တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သည်။

ရွှယ်အန်း၏ မျက်လုံးများသည် တောက်ပစွာ လက်သွားပြီး သူသည် ညင်သာစွာ အမိန့်ပေးလိုက်သည်။

"နတ်ဘုရားအားလုံးကို ချေမှုန်းပစ်လိုက်"

ထိုဓားစွမ်းအင်များသည် အရိုင်းဆန်စွာ တိုးဝင်သွားပြီး နတ်ရုပ်တုကို ချက်ချင်းပင် ဝါးမြိုသွားသည်။

"အားးးး၊ ဒါဘယ်လိုဖြစ်နိုင်မှာလဲ၊ မင်းက ဒီလို နတ်ဘုရားစွမ်းအင်မျိုး ဘယ်လိုပိုင်ဆိုင်နိုင်ရတာလဲ"

နတ်ရုပ်တုသည် ဤဓားစွမ်းအင်များ၏ ဖုံးလွှမ်းခြင်းကို ခံရပြီးနောက် နာကျင်စွာ အော်ဟစ်လိုက်သည်။

အဘယ့်ကြောင့်ဆို ဤဓားစွမ်းအင်များတွင် ကံကြမ္မာစွမ်းအားများ ပါဝင်သည်ကို သိသောကြောင့် ဖြစ်သည်။

သူ၏ မပျက်စီးနိုင်သော နတ်ဘုရားခန္ဓာကိုယ်ပင်လျှင် ဤစွမ်းအား၏ တိုက်စားမှုကို မခုခံနိုင်ခဲ့ပေ။

ဘန်း

ရှင်းလင်းသော ပေါက်ကွဲသံတစ်ခုနှင့်အတူ နတ်ရုပ်တုသည် တဖြည်းဖြည်း ပြိုကျလာပြီး သူ၏ အော်ဟစ်သံများမှာ ပိုလို့ပင် ပြင်းထန်လာသည်။

"ဟင့်အင်း... မလုပ်ပါနဲ့"

အဆုံးတွင်...

အလွန်အမင်း ထိတ်လန့်နေသော နတ်ဘုရားများသည် ကျိုးထျန်း စကြဝဠာ ကြယ်တာရာ အစီအရင်မှ ခွဲထွက်ကာ သင်္ဘောများပေါ်သို့ တက်ကာ ထွက်ပြေးရန် ပြင်ကြသည်။

သို့သော် ရွှယ်အန်းသည် နောက်ထပ် ခြေတစ်လှမ်းတိုးကာ လေသံအေးအေးဖြင့် ပြောလိုက်သည်။

"ပြောင်းပြန်"

ပိုလို့ပင် ထူထပ်သော ဓားစွမ်းအင်လှိုင်းများ ထပ်မံကျဆင်းလာပြီး ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးကို တံဆိပ်ခတ်လိုက်သည်။

ဓားအလင်းသည် အေးစက်နေပြီး ၎င်း၏ သတ်ဖြတ်လိုသော အရှိန်အဝါသည် ကောင်းကင်သို့ပင် ဆန်တက်နေသည်။

ရွှယ်အန်းသည် အန်းယန်ကို ပွေ့ချီလျက် ဟင်းလင်းပြင်တွင် ရပ်နေပြီး သူ၏ အကြည့်မှာ စူးရှကာ၊ ဝတ်ရုံများသည် လေထဲတွင် လွင့်နေပြီး၊ သူ့မျက်လုံးများမှာမူ ကြယ်များကဲ့သို့ တောက်ပနေကာ မည်သူမျှ မကြည့်ဝံ့သည့် ကြောက်ခမန်းလိလိ မြင်ကွင်းမျိုးဖြစ်နေသည်။

အားလုံးသည် ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အသွားကြသည်။

စိတ်ဓာတ်ပိုပျော့ညံ့သူများဆိုလျှင် ဒူးထောက်ချင်စိတ်ပင် ပေါက်လာသည်။

အဘယ့်ကြောင့်ဆို အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းသောကြောင့် ဖြစ်သည်။

ထိုအခိုက်တွင် ကံကြမ္မာဓားသွားနှင့် ပြောင်းပြန်စွမ်းအင်တို့ဖြင့် ဖုံးလွှမ်းနေသော ကောင်းကင်နှင့် မြေကြီးအတွင်းမှ နတ်ဘုရားများ၏ အသံများ ထွက်ပေါ်လာသည်။

"ရွှယ်အန်း၊ မင်း ဒီလောက်အထိ လုပ်ဖို့လိုလို့လား"

ထိုစကားကို ကြားသောအခါ ရွှယ်အန်း၏ နှုတ်ခမ်းများသည် အေးစက်စွာ ကွေးတက်သွားသည်။

"မင်းတို့ ဒီနေရာကို ခြေချလိုက်တဲ့ အချိန်ကတည်းက အမြစ်ပြတ်ချေမှုန်းခံရဖို့ ပြင်ဆင်ထားသင့်တယ်"

"မဟုတ်ဘူး၊ ငါတို့နဲ့ဘာမှမဆိုင်ပါဘူး၊ ဒါတွေအားလုံး ကောင်းကင်နဂါးမျိုးနွယ်က လုံတာ့ရဲ့ လှည့်စားမှုကြောင့်ပါ၊ ငါ့ကို အသက်ချမ်းသာပေးပါ"

အချို့သော နတ်ဘုရားများကသည်အသနားခံစပြုလာသည်။

တစ်ကမ္ဘာလုံး အုတ်အော်သောင်းတင်း ဖြစ်ကုန်သည်။

ဒါဆို... အင်အားကြီးသူတွေရှေ့မှာဆို နတ်ဘုရားတွေတောင် ကြောက်ရွံ့တတ်ကြတာလား...

ရွှယ်အန်းက ခေါင်းခါလိုက်ပြီး သူ၏ လေသံမှာ အေးစက်နေသည်။

"အခုပြောစမ်း၊ လွန်ခဲ့တဲ့ နှစ်တစ်သောင်းက ဒီလောကကို လာပြီး သတ်ဖြတ်ဖို့ မင်းတို့ကို ဘယ်သူက အမိန့်ပေးခဲ့တာလဲ"

"ဟင့်အင်း၊ ငါတို့ အသေသာပဲခံမယ်၊ ဘယ်တော့မှ မပြောဘူး"

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ၊ ဒါဆို မင်းတို့အားလုံး သေလိုက်ကြတော့"

"အားးးး ရွှယ်အန်း၊ မင်း မမောက်မာစမ်းနဲ့၊ ငါတို့ကို အမိန့်ပေးခဲ့တဲ့သူက မင်းတို့ စိတ်ကူးထဲတောင် ထည့်မတွေးဝံ့တဲ့ ပုဂ္ဂိုလ်ပဲ၊ အချိန်တန်ရင် မင်းလည်း မြှုပ်စရာမြေတောင် ရှိမှာမဟုတ်ဘူး"

ရွှယ်အန်းက အနည်းငယ်ပြုံးလိုက်သည်။

"စကြဝဠာတိုင်းရဲ့ ဥပဒေဆိုတာ ငါပဲ၊ ဘယ်သူပဲဖြစ်ဖြစ် အတိတ်က လူသားမျိုးနွယ်အကို ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုတွေကို ကျူးလွန်ရဲခဲ့မှတော့ ငါက သူတို့ကို အမြစ်ပြတ် သုတ်သင်ပစ်မယ်"

ဘုန်း

ဓားစွမ်းအင်များသည် အဆပေါင်းများစွာ ပိုမိုပြင်းထန်လာသည်။

ပျက်သုဉ်းခြင်း မီးတောက်များကဲ့သို့သော ဓားအလင်းများကြားတွင် ထိုနတ်ဘုရားများသည် ရုန်းကန်၊ အသနားခံကာ နာကျင်စွာ အော်ဟစ်နေကြသည်။

လူတိုင်း အံ့အားသင့်ကာ မှင်သက်နေကြသည်။

လူတိုင်းသည် ကောင်းကင်ပေါ်တွင် မားမားမတ်မတ် ရပ်နေသော ထိုပုံရိပ်ကို ကြောင်ငေးကြည့်နေကြသည်။

တစ်စုံတစ်ယောက်သည် တိုးညင်းစွာ ရေရွတ်လိုက်သည်။

"လူသားတစ်ယောက်က ကောင်းကင်ဘုံက နတ်ဘုရားအားလုံးကို ခေါင်းငုံ့စေပြီး ဒီလောကကို နောက်တစ်ခါ ခြေမချဝံ့အောင် လုပ်နိုင်ခဲ့တယ်၊ ဒါ... ဒါမှ ကောင်းကင်အောက်က တကယ့်ကို အရှုံးမရှိတဲ့သူပဲ"

ထိုအချိန်တွင် ကောင်းကင်ဘုံမှ နတ်ဘုရားများသည် အဆုံးမရှိသော ရွှေရောင်အလင်းများကြားတွင် ဖျက်ဆီးခံရလုနီးပါးဖြစ်နေပြီး ၎င်းတို့၏ ဝိညာဉ်များသည် ဤနေရာမှ ထွက်ပြေးရန် ကြိုးစားနေကြသည်။

ရွှယ်အန်းလည်း မော့ကြည့်ပြီး ခပ်အေးအေး ပြောလိုက်သည်။

"ယန်အာ မင်းက ကြာပန်းတွေကို အကြိုက်ဆုံးလို့ ပြောခဲ့ဖူးတယ်နော်၊ ဒါကြောင့် ဒီတစ်ခါတော့ ဒီနတ်ဘုရားတွေကို ကြာပန်းဖြစ်သွားအောင် ပြောင်းလိုက်မယ်"

အဖြူရောင် မီးတောက်များသည် ၎င်းတို့ဆီ ပျံဝဲသွားသည်။

ထိုနတ်ဘုရားများ၏ ဝိညာဉ်များသည် အလွန်အမင်း ထိတ်လန့်စွာ အော်ဟစ်ကြသည်။

"ဟင့်အင်း... ဒါက ပျက်သုဉ်းခြင်း မီးတောက်ပဲ၊ မင်းက ဘယ်လိုလုပ်..."

၎င်းတို့၏ အသံများသည် တဖြည်းဖြည်း တိုးလျှသွားသည်။

ပတ်ဝန်းကျင်ရှိ ရွှေရောင်အလင်းများလည်း ငြိမ်သက်သွားပြီးနောက် အနည်းငယ် တုန်ခါသွားကာ ကြာပန်းတစ်ပွင့်ပြီးတစ်ပွင့် ယိမ်းနွဲ့ကာ ကြီးထွားပွင့်လန်းလာသည်။

သူသညါ စိတ်တစ်ချက်တွေးလိုက်ရုံဖြင့် မီးတောက်များကို ရေကန်အဖြစ် ပြောင်းလဲလိုက်သည်။

နတ်ဘုရားများကို သတ်ဖြတ်ပြီး နတ်ဆိုးများကို ချေမှုန်းရခြင်းသည် အလွန် ပျော်ရွှင်ဖွယ်ကောင်းသောကိစ္စဖြစ်သည်။

All Chapters