လူတိုင်းက ဒီမိန်းကလေး နိုးလာတာကို စောင့်နေကြတယ်
Vol. 46 Ch. 686
ကျုံးတုမြို့
အန်းမိသားစုတွင်
၎င်းတို့သည် ထိပ်သီးမိသားစုတစ်ခုဖြစ်သောကြောင့် ကမ္ဘာပေါ်ရှိ အရှုပ်အထွေးတွေကြားမှာ လုံးဝမထိခိုက်ဘဲ ၎င်းတို့ အဆောက်အအုံများ အားလုံးလည်း နဂိုအတိုင်း မပျက်မစီး ကျန်ရှိနေခဲ့သည်။
ယခုအချိန်၌
အန်းမိသားစုစံအိမ် အပေါ်ဆုံးထပ်ရှိ သိပ်မကျယ်ဝန်းသော အခန်းလေးတစ်ခုထဲတွင် အန်းယန်သည် ခုတင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့သည်။
...
ရွှယ်အန်းက ခုတင်ဘေးတွင်ထိုင်ကာ သူမကို တိတ်တဆိတ် ကြည့်နေခဲ့သည်။
အခန်း အပြင်အဆင်သည် ခမ်းနားထည်ဝါခြင်းမရှိသည့်ပမား နည်းနည်းနွမ်းပါးသည်ဟုပင် ပြောလို့ရသည်။
ထိုသည်မှာ တစ်ချိန်တုန်းက အန်းယန်နေထိုင်ခဲ့သော အခန်းဖြစ်သည်။
ရွှယ်အန်းသည် အန်းယန်နောက်ကို လိုက်ပြီး အိမ်ပြန်လာသော ပထမဆုံးအကြိမ်တွင် သူမကို လူတော်တော်များများက အဖက်မလုပ်ခဲ့ကြပေ။ ထို့ကြောင့် အန်းယန်သည် ဒေါသနှင့် ရှက်ရွံ့စိတ်ကြောင့် ရွှယ်အန်းကို သူမ၏ ကိုယ်ပိုင်အခန်းထဲ ခေါ်လာပြီး ဤတွင်သာ နေခိုင်းဖို့ ဆုံးဖြတ်ခဲ့သည်။
ထိုလုပ်ရပ်ကြောင့် အကြီးအကျယ် ဂယက်ရိုက်သွားခဲ့သေးသည်။ ထိုစဉ်တုန်းက အာဏာရှိသော ကျင်းရှို့ရုံသည် ဤအကြောင်းကို ကြားသောအခါ ဒေါသပေါက်ကွဲခဲ့ပြီး အန်းယန်၏ အပြုအမူမှာ အန်းမိသားစု ဂုဏ်သိက္ခာကို စွန်းထင်းစေသည်ဟု မှတ်ယူခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဤသို့နာမည်ကျော်မိသားစုသည် လက်မထပ်ရသေးသာ သမီးတစ်ယောက်က ယောက်ျားတစ်ယောက်အား သူ့အခန်းထဲ ခေါ်လာပြီး အတူနေခွင့်ပေးမည်နည်း...
ထိုကိစ္စကြောင့် ကျင်းရှို့ရုံမှာ လူများနှင့်အတူ ကိုယ်တိုင်ကိုယ်ကျ သူတို့ကို လာရောက်စစ်မေးခဲ့သည်။
သို့သော် ပုံမှန်ဆို နူးညံ့သိမ်မွေ့တက်သော အန်းယန်သည် တစ်လက်မမှ အလျှော့မပေးခဲ့ဘဲ ဤကိစ္စအတွက် အန်းမိသားစုနှင့် အဆက်ဖြတ်ဖို့တောင် ဆန္ဒရှိခဲ့သည်။
ထိုတုန်းက ရွှယ်အန်းသည် ဘေးတွင်တိတ်တဆိတ် ရပ်နေခဲ့ပြီး သူ့စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိခဲ့သည်။
ဒီဘဝတော့ ဒီမိန်းကလေးကို ဘယ်တော့မှ စိတ်မပျက်စေရဘူး...
မျက်စိတစ်မှိတ်အတွင်းမှာ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ရွှယ်အန်းသည် သူ၏ကတိကိုတည်ခဲ့ပြီး အန်းယန်ကို လောကတွင် ဘယ်သူမှမယှဉ်နိုင်သော အမျိုးသမီးတစ်ယောက် ဖြစ်လာစေခဲ့သည်။
သို့သော် ထိုမိန်းကလေးအတွက် သူသာ ဘေးမှာရှိနေပါက ဘာမှမလိုဘူးဆိုတာကို သူသိသည်။
ထိုအကြောင်းကိုတွေးမိချိန် ရွှယ်အန်းသည် သူမရှိသော လေးနှစ်တာကာလအတွင်း သူမ ဘယ်လိုဖြတ်သန်းခဲ့ရသည်ကို ရုတ်တရက် သတိရသွားသည်။
ထိုအတွေးဝင်လာသည်နှင့် ရွှယ်အန်း၏ နှလုံးသားကို တစ်စုံတစ်ခုက ဆွဲညှစ်လိုက်သလို နာကျင်မိသည်။
သူသည် လက်ကိုဆန့်ထုတ်ကာ အန်းယန်၏ ပါးပြင်လေးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူ့မျက်ဝန်းထဲတွင် အချစ်များနှင့် ပြည့်နှက်နေခဲ့သည်။
“ငတုံးမလေး… မင်းကို ဘယ်သူပဲထိထိ၊ ငါ သူတို့ကို ပြန်ဆပ်ခိုင်းမယ်”
ရွှယ်အန်းသိပေသည်။ အန်းယန်မှာ သူ့အားစိုးရိမ်သောကြောင့် ပုံမှန်ထက်ကျော်လွန်သော ကျင့်ကြံမှုအဆင့်ကို အသုံးပြုခဲ့သဖြင့် သူမကိုယ်ပေါ်က တံဆိပ်ကို နိုးထစေခဲ့တယ်။ အကျိုးဆက်အနေဖြင့် သူမရ
ဝိညာဉ်မှာ ပင်ပန်းသွားပြီး သတိလစ်မေ့မြောသွားခဲ့ရခြင်း ဖြစ်သည်။
ဤသည်မှာ အန်းယန်ကို ထိခိုက်စေတာမျိုးတော့ မဟုတ်ပဲ သူမကို တစ်ရက်၊နှစ်ရက်လောက် အိပ်ပျော်သွားရုံဖြစ်သည်။
သို့သော် ရွှယ်အန်း၏ သတ်ဖြတ်လိုစိတ်သည်တော့ အဆုံးအစမရှိ ထိုးတက်လာခဲ့သည်။
“အင်မော်တယ်ရဲ့ တံဆိပ်… ဟက် အင်မော်တယ်ဘုရင်ဖြစ်သလို စကြဝဠာပေါင်းများစွာမှာ တန်ခိုးအာဏာရှိတဲ့သူက သာမန်လူသားမိန်းမတစ်ယောက်အပေါ်မှာ တံဆိပ်ခတ်ခဲ့တယ်၊ ဒီအချက်တစ်ခုတည်းနဲ့တင် မင်း ဘယ်သူပဲဖြစ်ဖြစ် ငါ စကြဝဠာပေါင်းများစွာကို ဇောက်ထိုးမိုးမျှော်လုပ်ပြီး မင်းကို ချေမှုန်းဖျက်ဆီးပစ်မယ်”
ရွှယ်အန်း၏ သတ်ဖြတ်လိုစိတ်ကြောင့် အန်းမိသားစု စံအိမ်အပေါ်ရှိ ကောင်းကင်မှာ မည်းမှောင်သော တိမ်တိုက်များ ထူထပ်စွာ ဖြစ်ပေါ်လာခဲ့သည်။
အန်းစံအိမ်အပြင်ဘက်တွင် ထိုင်စောင့်နေကြသော တန်ခိုးရှင်များစွာ၏ မျက်နှာတွေသည် တည်ကြည်လေးနက်နေခဲ့သည်။
“ဒါ မစ္စတာရွှယ်က သူ့ရဲ့စိတ်စွမ်းအားနဲ့ ကောင်းကင်နဲ့မြေကြီးကို ပြောင်းလဲစေလို့ ဖြစ်ပေါ်လာတဲ့ ထူးခြားဖြစ်စဉ်ပဲ”
“ဒီခေတ်ရဲ့ နံပါတ်တစ် ပုဂ္ဂိုလ်ဆိုတဲ့အတိုင်းပဲ၊ အတွေးတစ်ခုတည်းနဲ့တင် သဘာဝတရားကိုတောင် နှောင့်ယှက်နိုင်တာပဲ”
“မစ္စတာရွှယ်ရဲ့ ဇနီးက အခုဘယ်လိုနေလဲ မသိဘူး၊ တစ်ခုခုသာမှားသွားရင်၊ မစ္စတာရွှယ်ရဲ့ ဒေါသနဲ့ဆို…”
ထိုစကားကိုကြားသောအခါ လူတိုင်း တိတ်ဆိတ်သွားကြပြီး သူတို့မျက်ဝန်းထဲရှိ ကြောက်ရွံ့မှုများသည် ထင်ရှားနေခဲ့သည်။
မစ္စတာရွှယ်သာ အမှန်တကယ် ဒေါသပေါက်ကွဲလာခဲ့ပါက ဤကမ္ဘာပေါ်တွသ် မည်သူက တားနိုင်မည်နည်း...
ဤကျင့်ကြံသူများသည် ရွှယ်အန်းနောက်ကို လိုက်လာကြသော်လည်း အန်းစံအိမ်ထဲကိုတော့ မဝင်ရဲကြပေ။ ထို့ကြောင့် အပြင်ဘက်တွင်သာ ထိုင်ကာ တိတ်တဆိတ် စောင့်ရှောက်ပေးနေခဲ့ကြသည်။
ထို့အပြင် မီဒီယာ သတင်းထောက်များစွာလည်း အပြင်ဘက်မှာ စောင့်ဆိုင်းနေကြတယ်။
အဘယ့်ကြောင့်တို ကမ္ဘာတစ်ဝှမ်းရှိ လူအားလုံးသည် အန်းယန်မှာ ရွှယ်အန်းကို ကယ်တင်ခဲ့သောကြောင့် သတိလစ်မေ့မြောသွားတာကို မြင်တွေ့ခဲ့ရလို့ဖြစ်သည်။
ထိုလုပ်ရပ်ကြောင့် အန်းယန်သည် မရေမတွက်နိုင်သေည လူများ၏ လေးစားမှုကို ရရှိခဲ့သည်။
အထူးသဖြင့် အမျိုးသမီးငယ်တော်တော်များများသည် ချက်ချင်းဆိုသလို အန်းယန်၏ အမာခံပရိသတ်များ ဖြစ်သွားကြသည်။
အဆုံးတွင် ရွှယ်အန်းသည် သူမကို ပွေ့ချီခေါ်ဆောင်သွားသည့်အခါမှာတော့ လူတော်တော်များများ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ကျန်နေခဲ့သည်။
မစ္စရွှယ် အဆင်မှပြေရဲ့လား
ထိုအကြောင်းကြောင့် ကမ္ဘာတစ်ဝှမ်းရှိ အဓိကမီဒီယာများသည် သတင်းထောက်များ လွှတ်ထားကြပြီး သတင်းဦးကို ပထမဆုံးရရန် ရည်ရွယ်နေကြသည်။
ကမ္ဘာတစ်ဝှမ်းလုံးရှိ လူများ စိုးရိမ်နေကြသော အချိန်တွင်...
အန်းမိသားစုအိမ်ထဲရှိ အခြေအနေသည်လည်း အလွန်အမင်း လေးလံနေခဲ့တယ်။
ဤနေရာတွင် ရွှယ်အန်းနှင့် သိကျွမ်းသူများသာ ရှိနေသည်။
ပေကျင်းနှင့် စီရင်စုမြို့ရှိ လူများအပါအဝင် တစ်ယောက်မှ ထွက်မသွားကြဘဲ အပြင်ဘက်မှာ တိတ်တဆိတ် စောင့်ကြပ်ပေးနေကြသည်။
၎င်းတို့သည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနေသော မိုးတိမ်မည်းတွေကို မြင်ပြီး ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်ကို ခံစားမိသည့်အခါ လူတိုင်းမျက်နှာများ ဖြူဖျော့သွားကြသည်။
ဖန့်မင်ရွှယ်နင့် ထန်ရွှမ်အာတို့ သည်တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ၎င်းတို့နှစ်ယောက်လုံး မျက်ဝန်းတွေထဲက စိုးရိမ်ပူပန်မှုကို မြင်နိုင်သည်။
“ယန်အာ တစ်ခုခုဖြစ်သွားမှာ မဟုတ်ပါဘူးနော်”
ထန်ရွှမ်အာသည် စိုးရိမ်တကြီး ပြောလိုက်သည်။
ဖန့်မင်ရွှယ်လည်း ခေါင်းခါပြလိုက်သည်။
"ဘာမှမဖြစ်လောက်ပါဘူး”
ဖန်းမင်ရွှယ်သည် ထိုသို့ပြောလိုက်သော်လည်း မိုးတိမ်မည်းမျယးကို မော့ကြည့်လိုက်ပြီး စိုးရိမ်ပူပန်မှုတွေထဲ နစ်မြုပ်သွားခဲ့သည်။
နောက်နှစ်ရက်အကြာတွင်
ရွှယ်အန်းက အန်းယန်၏ဘေးတွင် တစ်ခဏလေးမှမခွာဘဲ နေခဲ့သည်။
ကောင်းကင်ပေါ်ရှိ တိမ်မည်းများကလည်း ပျောက်ကွယ်မသွားဘဲ ရှိနေဆဲဖြစ်သည်။
လူတော်တော်များများ၏ စိတ်များ တဖြည်းဖြည်း လေးလံလာခဲ့သည်။
ဤညနေတွင်
ရှန်းရှန်းနှင့် နျန်နျန်တို့သည် တံခါးကို ညင်သာစွာ တွန်းဖွင့်ပြီး အခန်းထဲကို ဝင်လာခဲ့သည်။
“ဖေဖေ”
ဤအချိန်တွင် သူတို့နှစ်ယောက်တည်းသာ အခန်းထဲကို ဝင်ရဲသူများဖြစ်သည်။
ရွှယ်အန်းသည် အတွေးနက်ကြီးထဲကနေ နိုးထလာပြီး ကလေးမလေးနှစ်ယောက်ကို အပြုံးလေးဖြင့် မော့ကြည့်လိုက်ပြီး လက်ကို ဆန့်တန်းလိုက်သည်။
ကလေးမလေးနှစ်ယောက်သည် သူ့ဆီ လျှောက်လာကြပြီးနောက် ရွှယ်အနထးလည်း သူတို့ကို ပွေ့ချီကာ သူ့ပေါင်ပေါ်မှာ တင်ပေးလိုက်သည်။
“ဖေဖေ၊ မေမေက မနိုးသေးဘူးလားဟင်”
ကလေးမလေးနှစ်ယောက်သည် ရွှယ်အနရင်ခွင်ထဲတွင် တိတ်တဆိတ် တိုးဝှေ့နေကြပြီး ခဏအကြာတွင် ညင်သာစွာ မေးလိုက်သည်။
ရွှယ်အန်းလည ခေါင်းခါလိုက်သည်။
“မနိုးသေးဘူး၊ ဒါပေမဲ့ မကြာခင် နိုးတော့မှာပါ”
“ဖေဖေ၊ မေမေက အန်တီချင်အာလိုမျိုး ဘယ်တော့မှ နိုးမလာတော့တာမျိုး ဖြစ်သွားမှာလားဟင်”
နျန်နျန်သည် ခေါင်းမော့လာပြီး သူမ၏ မျက်လုံးဝိုင်းကြီးတွေထဲတွင် မျက်ရည်များပြည့်လျှံနေခဲ့သည်။
ရွှယ်အန်းသည် ရယ်မောလိုက်ပြီး သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
“နျန်နျန်က ငတုံးလေးလား၊ ဖေဖေက သမီးကို ဘယ်တုန်းက လိမ်ဖူးလို့လဲ၊ မေမေက မကြာခင် နိုးလာမှာပါ”
“ဒါပေမဲ့ သမီး ကြောက်တယ်”
နျန်နျန်က တိုးတိုးလေး ပြောလိုက်သည်။
ရှန်းရှန်းသည်တော့ စကားတစ်ခွန်းမှ မပြောခဲ့ပေမဲ့ သူမ ပါးပြင်ပေါ်တွင်တော့ မျက်ရည်များ မသိလိုက်ခင်မှာကျဆင်းနေခဲ့ပြီဖြစ်သည်။
ရွှယ်အန်း နှလုံးသားတစ်ခုလုံး တုန်ခါသွားပြီး ရုတ်တရက် နောင်တများဖြင့် ပြည့်နှက်သွားခဲ့သည်။
ဤရက်ပိုင်းတွင် သူသညါ ယန်အာ ဘေးမှာနေဖို့သ။ အာရုံစိုက်နေခဲ့သောကြောင့် ကလေးမလေးနှစ်ယောက်ကို လျစ်လျူရှုမိသွားခဲ့သည်။
သူတို့နှစ်ယောက်သည် အရမ်းလိမ္မာသေ ကြောင့် မငိုမယို၊ မဂျီမကျဘဲ တစ်ချထန်လုံး ဘေးတွင် တိတ်တဆိတ် စောင့်နေတက်သည်။
သို့သော် သူတို့ မည်မှ ရင့်ကျက်နေပါစေ၊ သူတို့သည် ကလေးများသာဖြစ်သည်။
မိခင်ဖြစ်သူ သတိလစ်မေ့မေမျာနေသည်ကိုမြင်သောအခါ ၎င်းတို့ မည်သို့ခံစားကြရမည်နည်း။
ထိုအကြောင်းကို တွေးမိချိန် ရွှယ်အန်း နာကျင်သွားကာ အပြုံးဖြင့် အမြန်ပြောလိုက်သည်။
“အဆင်ပြေပါတယ်၊ မကြောက်ပါနဲ့၊ ဖေဖေကတိပေးတယ်၊ မေမေက မကြာခင် နိုးလာမှာပါ၊ သမီးတို့ ဖေဖေ့ကို မယုံဘူးလား”
ထိုစကားကို ကြားသောအခါ ကလေးမလေးနှစ်ယောက်လည်း ခေါင်းလေးကို ညိတ်ပြလိုက်သော်လည်း သူတို့မျက်နှာလေးများမှာ ညှိုးငယ်နေဆဲပင်ဖြစ်သည်။
ထိုမြင်ကွင်းကိုမြင်သောအခါ ရွှယ်အန်း အတွေးတစ်ခုရသွားပြီး အပြုံးဖြင့် ပြောလိုက်သည်။
“ရှန်းရှန်း၊ နျန်နျန်၊ သမီးတို့နှစ်ယောက် ရေခဲမုန့် စားချင်လား”
ကလေးမလေးနှစ်ယောက်၏ မျက်လုံးလေးများ အနည်းငယ် အရောင်တောက်သွားသည်။
“ဒါပေမဲ့…”
သူတို့နှစ်ယောက်လုံး တစ်ခုခုပြောရန် ပြင်လိုက်သည်။ ရွှယ်အန်းလည်း ရယ်လိုက်သည်။
“သမီးတို့အမေ မနိုးသေးတာ အချိန်ကိုက်ပဲ၊ ငါတို့ ရေခဲမုန့်ဘူးကြီးတစ်ဘူးကို ခိုးစားကြရင် မကောင်းဘူးလား”
အဆုံးမှာတွင် ကလေးမလေးနှစ်ယောက် စိတ်ပြောင်းသွားပြီး ခေါင်းညိတ်လိုက်ကြသည်။
“ဟုတ်"
အန်းယန် ဝတ်ဆင်ထားသော သိုလှောင်လက်စွပ်ထဲတွင် ရေခဲမုန့် အများကြီးရှိသောကြောင့် ရွှယ်အန်း ဘူးကြီးတစ်ဘူးကို ထုတ်ယူလိုက်သည်။
“လာ ဖေဖေနဲ့တူတူစားမယ်”
“ဟုတ်”
ထိုသို့နှင့် သားအဖသုံးယောက်က ဇွန်းတစ်ချောင်းစီကိုင်ပြီး စားပွဲပေါ်သို့ငုံ့ကာ ရေခဲမုန့် စားကြတော့သည်။ သူတို့ ပျော်ပျော်ပါးပါး စားသောက်နေကြစဥ် အနောက်မှ နူးညံ့သော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“စားလို့ကောင်းရဲ့လား”