← Chapters

ဒါဟာ အကောင်းဆုံး အခိုက်အတန့်ပဲ!

Vol. 46 Ch. 687

ဒါဟာ အကောင်းဆုံး အခိုက်အတန့်ပဲ!

Vol. 46 Ch. 687

အဖေနှင့် သမီးနှစ်ယောက်တို့သည် ဦးစွာ အံ့အားသင့်သွားပြီးနောက် ခေါင်းလှည့်ကြည့်လိုက်ကြသည်။

သူတို့မြင်လိုက်ရသည်မှာ သူတို့ မသိလိုက်ခင်မှာပင် သူမသည် ထထိုင်နေပြီး သူတို့သုံးယောက်ကို ပြုံးပြနေခြင်းဖြစ်သည်။

ကလေးမလေးနှစ်ယောက်သည် တဖြည်းဖြည်း အားရပါးရ ပြုံးလိုက်ကြပြီး ဇွန်းများကို ပစ်ချကာ သူမထံ ပြေးသွားကြသည်။

"မေမေ၊ နောက်ဆုံးတော့ မေမေ နိုးလာပြီ"

၎င်းတို့နှစ်ယောက်သား အန်းယန်၏ ရင်ခွင်ထဲသို့ တိုးဝင်သွားကြသည်။ အန်းယန်သည် နူးညံ့ကြင်နာစွာဖြင့် ကလေးမလေးနှစ်ယောက်၏ ခေါင်းလေးများကို ပွတ်သပ်ပေးပြီး ဒေါသထွက်ဟန်ဆောင်လိုက်သည်။

"အစားပုပ်လေးတွေ၊ ရေခဲမုန့် ခိုးစားကြပြန်ပြီ"

"ဖေဖေ စားခိုင်းတာ"

ရှန်းရှန်းနှင့် နျန့်နျန်တို့သည် ကျွမ်းကျင်စွာပင် အပြစ်ကို ရွှယ်အန်းအပေါ်သို့ လွှဲချလိုက်ကြသည်။

...

အန်းယန် မော့ကြည့်လိုက်သောအခါ သူမကို တိတ်ဆိတ်စွာ ကြည့်နေသော ရွှယ်အန်းကို တွေ့လိုက်ရသည်။ သူတို့နှစ်ဦး၏ အကြည့်များ ဆုံသွားကြသည်။

ခဏအကြာတွင်...

အန်းယန်သည် နားဘေးရှိ ဆံပင်ကို သပ်တင်လိုက်ပြီး သူမ၏ မျက်ဝန်းများ အနည်းငယ် နီရဲနေသော်လည်း ပြုံးလိုက်မျသည်။

"ယောကျာ်း"

ရွှယ်အန်း၏ နှုတ်ခမ်းများသည် တဖြည်းဖြည်း ကွေးတက်လာကာ နောက်ပြောင်ချင်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

ထို့နောက် သူထရပ်ကာ ကုတင်ဆီသို့ လျှောက်သွားပြီး အိပ်ရာပေါ်မှ အန်းယန်ကို ပွေ့ချီလိုက်သည်။ အန်းယန်သည် ညင်သာစွာ အော်လိုက်ပြီး ရွှယ်အန်း၏ အသံခပ်တုန်တုန်ဖြင့် သတိပေးလိုက်သည်။

"ရှန်းရှန်းနဲ့ နျန့်နျန် ရှိနေတယ်လေ..."

ရွှယ်အန်းက ခေါင်းလှည့်ကြည့်လိုက်သည်။

ကလေးမလေးနှစ်ယောက်သည် တစ်ယောက်မျက်လုံးကို တစ်ယောက် အုပ်ထားကြကာ ရယ်ကျဲကျဲဖြင့် ပြောလာသည်။

"မေမေ၊ သမီးတို့ ဘာမှမမြင်ပါဘူး"

ထို့နောက် ကလေးဆိုးလေးနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် စနောက် ရယ်မောကာ အခန်းထဲမှ ထွက်သွားကြသည်။ ခဏအကြာတွင် အပြင်ဘက်မှ ကလေးမလေးနှစ်ယောက်၏ ရယ်သံများ ထွက်ပေါ်လာသည်။ အန်းယန်၏ မျက်နှာသည် ချက်ချင်း နီရဲသွားပြီး ရွှယ်အန်း၏ ရင်ဘတ်ကို ဖွဖွလေး ထုလိုက်သည်။

"အဲ့တာရှင့်၊ သမီးတွေရှေ့မှာ ကျွန်မကို နောက်တယ်ပေါ့..."

သူမ စကားမဆုံးခင်မှာပင်...

ရွှယ်အန်းသည် ကိုင်းညွတ်ကာ အန်းယန်၏ နှုတ်ခမ်းကို နမ်းလိုက်သည်။ အန်းယန် တောင့်တင်းသွားပြီးနောက် သူမ၏ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်လျှံလာကာ ရွှယ်အန်းကို တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။

အနမ်းသည် သုံးမိနစ်အပြည့် ကြာမြင့်ခဲ့သည်။

အန်းယန် အသက်ရှူမဝတော့မတတ် ဖြစ်သွားမှ ရွှယ်အန်းက သူမကို လွှတ်ပေးလိုက်ပြီး နားအနားသို့ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ငတုံးမလေး၊ ကိုယ် ဒီနှစ်ရက်အတွင်း ဘယ်လောက်စိတ်ပူခဲ့ရလဲ သိရဲ့လား၊ နောက်ဘယ်တော့မှ ဒီလိုအန္တရာယ်များတဲ့အလုပ်တွေ မလုပ်ရဘူးနော်၊ အရာအားလုံးကို ကိုယ်ထိန်းချုပ်ထားနိုင်တယ်၊ ကိုယ်လိုချင်တာက မင်းနဲ့ သမီးနှစ်ယောက် ဘေးကင်းဖို့ပဲ၊ နားလည်လား"

ရွှယ်အန်း၏ ရင်ဘတ်ထဲတွင် မျက်နှာအပ်ထားသော အန်းယန်မှာ ခေါင်းညိတ်လိုက်သည်။

"အင်း၊ နားလည်ပါတယ်"

အခန်းထဲတွင် နွေးထွေးသော အငွေ့အသက်များ ပြည့်နှက်နေသည်။

ခဏအကြာတွင် အန်းယန်သည် ရွှယ်အန်း၏ ရင်ဘတ်ပေါ်တွင် လက်ညှိုးလေးဖြင့် စက်ဝိုင်းများ ရေးဆွဲနေကာ တိုးတိုးလေး မေးလိုက်သည်။

"ယောကျာ်း၊ ကျွန်မ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားတာလဲ"

ရွှယ်အန်းက ခပ်ရေးရေးပြုံးကာ ပြန်ဖြေသည်။

"နှစ်ရက်နဲ့ သုံးညလောက် တိတိကျကျပြောရရင် ၆၃ နာရီ"

"ကျွန်မ တကယ် အဲ့လောက်ကြာကြာ အိပ်ပျော်သွားတာလား"

အန်းယန် အနည်းငယ် အံ့အားသင့်သွားသည်။

"ဟုတ်တယ်၊ မင်းက တကယ့် ငပျင်းလေးပဲ"

ရွှယ်အန်းက စနောက်ကာပြောလိုက်သည်။

အန်းယန်သည် တခစ်ခစ်ရယ်လိုက်ပြီး စကားပြန်မပြောတော့ပေ။

ထိုအချိန်တွင် ရွှယ်အန်းသညခ အန်းယန်ကို ပွေ့ချီကာ ပြတင်းပေါက်နားသို့ သွားလိုက်သည်။

အပြင်ဘက်တွင် လရောင်မှာ ပန်းချီကားတစ်ချပ်အလားတောက်ပလျက် ကြယ်တာရာများသည် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။

အပြင်ဘက်ရှိ အရာများကို ကြည့်ပြီး သူတို့နှစ်ယောက်၏ နှလုံးသားများမှာ ယခင်ကထက် ပိုမိုနီးကပ်သွားသလို ခံစားလိုက်ရသည်။

"ယန်အာ"

"ဟင်"

"နောက်ဆို ကိုယ်နဲ့အတူ အပြင်လောကကို လိုက်ခဲ့ပါ"

ရွှယ်အန်းသည် ကြယ်ရောင်စုံသော ကောင်းကင်ကို ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။

အန်းယန် မဆိုင်းမတွပင် ပြန်ဖြေသည်။

"ပြီးရော"

ရွှယ်အန်းသည် သူ့ရင်ခွင်ထဲတွင် ကြောင်ကလေးတစ်ကောင်လို ကွေးကွေးလေး နေနေသော အန်းယန်ကို ငုံ့ကြည့်ကာ ညင်သာစွာ ပြုံးလိုက်သည်။

"မင်း ဒါကို ကြိုသိနေခဲ့တာလား"

အန်းယန်က ခေါင်းကို ညင်သာစွာ ညိတ်ပြသည်။

"ဒီကမ္ဘာလောကကြီးက ရှင့်အတွက် သေးငယ်လွန်းနေမှန်း ကျွန်မသိပါတယ်၊ ပြီးတော့ ကျွန်မလည်း အပြင်လောကက ဘယ်လိုပုံစံလဲဆိုတာ မြင်ချင်တယ်"

ရွှယ်အန်းက ပြုံးလိုက်ပြီး မော့ကြည့်လိုက်ရာ သူ၏အကြည့်များသည် ကောင်းကင်ဘုံကို ထိုးဖောက်ပြီး အမည်မသိသောတစ်နေရာသို့ စိုက်ကြည့်နေသကဲ့သို့ ဖြစ်နေသည်။

"အပြင်လောကက သာမန်လူတွေ စိတ်ကူးနိုင်တာထက် အများကြီး ပိုပြီး အံ့ဩဖို့ကောင်းတယ်"

အန်းယန်က ရွှယ်အန်း၏ မျက်နှာဘေးတိုက်ကို စိုက်ကြည့်နေမိသည်။ သူမ အကြိမ်ပေါင်းများစွာ မြင်ဖူးခဲ့သော်လည်း ယခုတစ်ကြိမ်တွင် ရွှယ်အန်း၏ မျက်ဝန်းထဲမှ တောက်ပမှုကို မြင်ရပြီး သူမ ထပ်မံ၍ စွဲလန်းမိသွားခဲ့သည်။

အချိန်အတော်ကြာပြီးနောက်...

အန်းယန်သည် တိုးတိုးလေး မေးလိုက်သည်။

"ယောကျာ်း၊ ချင်အာနဲ့ မင်ရွှယ်တို့ကော၊ သူတို့ကို ဘယ်လိုလုပ်ကြမလဲ"

ရွှယ်အန်းက ပြုံးလျက် ပြန်ဖြေသည်။

"ငါတို့က အပြီးတိုင် ထွက်သွားကြမှာ မဟုတ်ဘူး၊ ဒီနယ်မြေရဲ့ ကံကြမ္မာက အခုဆိုရင် ပိုပြီးတော့ စုစည်းလာနေပြီ၊ ဒါက လူတိုင်းအတွက် သူတို့ရဲ့စွမ်းရည်တွေကို မြှင့်တင်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ၊ သူတို့အတွက် အပြင်ထွက်တာထက် ဒီမှာနေပြီး ကာကွယ်တာက ပိုပြီး ဘေးကင်းတယ်"

အန်းယန်က သဘောပေါက်သလိုဖြင့် ခေါင်းညိတ်ပြသည်။

"ဒါဆို ကျွန်မတို့ ဘယ်တော့ ထွက်ခွာကြမလဲ"

"မလောနဲ့ဦး‌ေလ၊ လုပ်စရာတွေ အများကြီး ကျန်သေးတယ်၊ အဲ့ဒါတွေအားလုံး ပြီးမှပဲ ကိုယ်တို့ ထွက်သွားကြမယ်"

သူတို့စကားပြောနေစဉ်တွင် အပြင်ဘက်မှ ညင်သာစွာ တံခါးခေါက်သံထွက်လာပြီး ထန်ရွှမ်အာ၏ အသံထွက်ပေါ်လာသည်။

"ယန်အာ၊ နင် နိုးနေပြီလား"

ဤအသံကို ကြားသောအခါ အန်းယန်က ရွှယ်အန်း၏ ရင်ခွင်ထဲမှ အမြန်ရုန်းထွက်လိုက်ကာ အနည်းငယ် မျက်နှာပူလဖကခ သူမ၏ အဝတ်အစားနှင့် ဆံပင်ကို သပ်ရပ်အောင် ပြင်ဆင်ပြီးမှ ပြန်ဖြေသည်။

"အင်း... ဟုတ်တယ် ရွှမ်အာ၊ ဝင်ခဲ့လေ"

ထိုအခါမှ တံခါးပွင့်လာသည်။

ထို့နောက် ထန်ရွှမ်အာနှင့် ဖန်းမင်ရွှယ်တို့ ဝင်လာကြသည်။

အန်းယန်သည် ပုံမှန်အတိုင်း ရပ်နေသည်ကို မြင်သောအခါ ၎င်းတို့နှစ်ယောက်လုံး သက်ပြင်းချလိုက်ကြသည်။

"အားလုံး အဆင်ပြေတာပဲ၊ ကောင်းတယ်"

ထန်ရွှမ်အာက ပြုံးလျက် ပြောလိုက်သည်။

ရှန်းရှန်းနှင့် နျန့်နျန်တို့ ပျော်ရွှင်စွာ ပြုံးပြီး ထွက်သွားသည်ကို မြင်ကတည်းက အန်းယန် နိုးလာမှန်း သူတို့သိနေကြသည်။

သို့သော်လည်း ကလေးမလေးနှစ်ယောက်၏ လျှို့ဝှက်သော အမူအရာကြောင့် ဘာဖြစ်ခဲ့သည်ကို ထန်ရွှမ်အာနှင့် ဖန်းမင်ရွှယ်တို့ ခန့်မှန်းမိကြပြီး အချိန်အတော်ကြာ စောင့်ဆိုင်းပြီးမှ တံခါးလာခေါက်ခြင်း ဖြစ်သည်။

မကြာမီတွင် ချန်ရှို့ဟယ်၊ ယန်ပင်းယိ၊ ချောင်လဲ့၊ ချင်ယွီနှင့် အခြားသူများလည်း သတင်းကြားကာ အပြေးအလွှား ရောက်လာကြသည်။

အခန်းထဲတွင် လူများဖြင့် ပြည့်ကျပ်သွားပြီး အပြင်ဘက်တွင်ပင် လူများရပ်နေကြသည်။

ရက်ပေါင်းများစွာ လူတိုင်း၏ နှလုံးသားကို ဖိစီးထားသော အုံ့မှိုင်းမှုများ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ရွှယ်အန်းသည် ခပ်ရေးရေးပြုံးကာ ပြောလိုက်သည်။

"လူစုံတက်စုံ ရောက်နေကြပြီဆိုတော့ ဒီည စားသောက်ပွဲ လုပ်ကြတာပေါ့!"

ဤစကားကြောင့် လူတိုင်း ပျော်ရွှင်စွာဖြင့် သဘောတူကြောင်း တုံ့ပြန်ကြသည်။

လျင်မြန်စွာပင်...

အန်းမိသားစုသည် ကြီးကျယ်ခမ်းနားသော စားသောက်ပွဲအတွက် ပြင်ဆင်မှုများ စတင်တော့သည်။

အန်းယန် နိုးလာသည့်သတင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားသည်။

အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသော သိုင်းပညာရှင်အုပ်စုသည်လည်း ဤသတင်းကို ကြားသောအခါမှ သက်ပြင်းချနိုင်ခဲ့ကြသည်။

သတင်းမီဒီယာသမားများမှာမူ သတင်းကို သူတို့၏ ဌာနများသို့ ချက်ချင်း ပေးပို့ကြသည်။

ရွှယ်အန်းသည် အပြင်ဘက်ရှိ အခြေအနေကို ကောင်းစွာသိသောကြောင့် ထိုလူများကို စားသောက်ပွဲသို့ တက်ရောက်ရန် ဖိတ်ကြားလွှာများ ပေးပို့လိုက်သည်။

ထို့ကြောင့် အပြင်ဘက်မှ လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။

၎င်းတို့စောင့်ဆိုင်းခဲ့ရသော နေ့ရက်များသည် အချည်းနှီး မဖြစ်ခဲ့ပေ။

မီဒီယာသမားများမှာမူ ပိုလို့ပင် ဝမ်းမြောက်နေကြသည်။

ထိုနေ့ညနေတွင်...

အန်းမိသားစု၏ ခန်းမဆောင်ကြီးသည် လူများဖြင့် ပြည့်လျှံနေခဲ့ပြီး နေရာအသီးသီးမှ ပညာရှင်များနှင့် ခေါင်းဆောင်များ စုရုံးရောက်ရှိနေကြသည်။ အန်းယန်သည် ရွှယ်အန်း၏ လက်ကိုတွဲကာ လူတိုင်း၏ရှေ့မှောက်သို့ လျှောက်လှမ်းဝင်ရောက်လာသောအခါ ပွဲ၏ အငွေ့အသက်သည် အထွတ်အထိပ်သို့ ရောက်သွားခဲ့သည်။ အားလုံး မတ်တပ်ရပ်ကာ သူတို့၏ ဖန်ခွက်များကို မြှောက်၍ ဂုဏ်ပြုကြသည်။

ရွှယ်အန်းက အနည်းငယ်ပြုံးလိုက်ပြီး သူ၏ ဝိုင်ခွက်ကို မြှောက်လိုက်သည်။

"ဒီတစ်ခွက်က အားလုံးကို ဂုဏ်ပြုဖို့ပါ"

သူ ထိုသို့ပြောပြီးနောက် ခွက်ထဲမှ ဝိုင်ကို တစ်ကျိုက်တည်း မော့ချလိုက်သည်။

"သခင်ကြီးက အရမကြင်နာတတ်ပါပေတယ်၊ ကျွန်တော်တို့ကသာ သခင်ကြီးကို ကျေးဇူးတင်ရမှာပါ"

"ဟုတ်ပါတယ်၊ ဒီနေ့ကစပြီး ငြိမ်းချမ်းမှု ပြန်လည်ရရှိတာက သခင်ကြီးရဲ့ ကျေးဇူးကြောင့်ပါ"

အားလုံးလည်း ထောက်ခံစကားများ ပြောဆိုကြပြီး ၎င်းတို့၏ ခွက်ထဲမှ ဝိုင်များကို မော့ချလိုက်ကြသည်။

ထိုအခိုက်အတန့်ကို ကင်မရာများမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းလုံးသို့ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

စားသောက်ပွဲ ဆက်လက်ကျင်းပနေပြီး လူအများအပြားသည် အနည်းငယ် မူးယစ်နေကြသည်။

ရွှယ်အန်း ထရပ်လိုက်ပြီး အခန်းတစ်ခုလုံးကို ဝေ့ကြည့်လိုက်ရာ လူတိုင်း တိတ်ဆိတ်သွားကြသည်။ ထို့နောက် သူသည် ခပ်အေးအေးပင် ပြောလိုက်သည်။

"မိတ်ဆွေတို့၊ နယ်မြေက အခုမှ တည်ငြိမ်စပဲ ရှိသေးတယ်၊ ဒါပေမယ့် အရာအားလုံးက မပြီးဆုံးသေးဘူး၊ ဒီနတ်ဘုရားတွေနဲ့ မိစ္ဆာတွေရဲ့ လောဘကြီးတဲ့စိတ်က ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူး!"

ရွှယ်အန်း၏ စကားကို ကြားသောအခါ ယခင်က သက်ဝင်လှုပ်ရှားနေသော ပတ်ဝန်းကျင်သည် တည်ငြိမ်သွားသည်။

လူအများအပြား၏ မျက်နှာအမူအရာများမှာ လေးနက်သွားကြသည်။

"သခင်ကြီး၊ ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ"

"ဟုတ်တယ်၊ ဘာလုပ်သင့်လဲ"

ရွှယ်အန်းက ခပ်ရေးရေးပြုံးလာသည်။

"အရမ်းရိုးရှင်းပါတယ်၊ အနိုင်ကျင့်မခံချင်ရင် ကိုယ်တိုင်က အားကောင်းနေဖို့ လိုတယ်၊ ပြီးတော့ အခုချိန်ဟာ အဲ့ဒီအတွက် အကောင်းဆုံး အချိန်ပဲ"

All Chapters