ကောင်းကင်ဘုံ၏လမ်းစဉ်သည် စွမ်းအားကြီးသောကြောင့် မြင့်မြတ်သူတွေ မရပ်မနား ကြိုးစားအားထုတ်ကြခြင်း
Vol. 46 Ch. 688
အောက်ထပ်မှ လူအုပ်ကြီးမှာ တိတ်ဆိတ်သွားပြီး ခဏအကြာတွင် တစ်စုံတစ်ယောက်သည် တုံ့ဆိုင်းဖ
စွာ မေးခွန်းတစ်ခု မေးလိုက်သည်။
“အကောင်းဆုံးအခွင့်အရေး”
ရွှယ်အန်း လှမ်းကြည့်လိုက်ချိန် စကားပြောသူမှာ တခြားသူမဟုတ်ဘဲ နိုင်ငံတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်နေသောကြောင့် သူ အနည်းငယ် ပြုံးလိုက်မိသည်။
“ဟုတ်တယ် အခုအချိန်ပဲ၊ လောကဓာတ်စွမ်းအင်တွေ ပြန်လည်ရှင်သန်လာပြီး ကံကြမ္မာတွေ ပြန်လည်အစပြုနေချိန်၊ ဒါက အကောင်းဆုံးအခွင့်အရေးပဲ၊ လူတိုင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို အမြန်ဆုံးမြှင့်တင်နိုင်အောင် ကျင့်စဉ်ကျမ်းပေါင်းများစွာကို ငါပေးမယ်၊ ပြီးတော့... ကမ္ဘာပေါ်က လျှို့ဝှက်နယ်မြေအသီးသီးကိုလည်း တစ်ခုပြီးတစ်ခု ငါဖွင့်ပေးမယ်၊ အဲ့ဒီအခါ အပြန်အလှန်အကျိုးကျေးဇူးတွေ ရလာလိမ့်မယ်၊ လူသားမျိုးနွယ်ရဲ့ တောက်ပလာမှုအပြင် လူသားမျိုးနွယ်တစ်ခုလုံးရဲ့ တောက်ပလာမှုက လက်တစ်ကမ်းအလိုမှာပဲ ရှိတော့တယ်”
ရွှယ်အန်း၏စကားလုံးများသည် ပွဲခန်းမတစ်ခုလုံးကို တိုက်ခတ်သွားသော လေပြင်းမုန်တိုင်းတစ်ခုနှင့် တူနေပြီး လူတိုင်းကို မထိုင်နိုင်အောင် ဖြစ်သွားစေသည်။
လူသားမျိုးနွယ်မှ လူအားလုံး စိတ်လှုပ်ရှားမှုများ ပြသကြသည်။ အဘယ့်ကြောင့်ဆို ၎င်းတို့မျိုးနွယ်စု၏ တောက်ပလာမည့်အရှိန်အဟုန်ကို မည်သူမျှ တားဆီးနိုင်တော့မည်မဟုတ်ကြောင်း သူတို့ သိသောကြောင့်ဖြစ်သည်။
...
အခြားနိုင်ငံများနှင့် လူမျိုးကွဲများကမူ မနာလိုမှုနှင့် ကျေးဇူးတင်မှုတို့ကို ပြသကြသည်။ ရွှယ်အန်း၏ စကားထဲမှ ဆိုလိုရင်းကို သူတို့လည်း နားလည်ကြသည်။
လူသားမျိုးနွယ်လည်း ထွန်းတောက်လာမည်ဖြစ်ရာ သူတို့လည်း ဤပြင်းထန်သောပြောင်းလဲမှုများ၏ အကျိုးကျေးဇူးကို ခံစားခွင့်ရမည်မှာ သဘာဝကျလှသည်။
ရွှယ်အန်းသည် စိတ်လှုပ်ရှားနေသော လူအုပ်ကို ကြည့်ပြ လက်ဝှေ့ယမ်းကာ တိတ်ဆိတ်ရန် အချက်ပြလိုက်ပြီး လေသံခပ်အေးအေးဖြင့် ပြောလိုက်သည်။
“ဒါ့အပြင် အခု ငါ မင်းတို့ကို ပြောပြနိုင်တာတစ်ခုရှိတယ်၊ အပြင်ဘက်ကမ္ဘာက မင်းတို့အားလုံး စိတ်ကူးနိုင်တာထက် အများကြီး ပိုကျယ်ပြန့်တယ်၊ စကြဝဠာနယ်ပယ်ပေါင်းစုံမှာ အားကြီးတဲ့ပြိုင်ဘက်တွေ ပြည့်နှက်နေတယ်၊ ဒါက ရက်စက်ကြမ်းကြုတ်ပေမဲ့ ဆွဲဆောင်မှုရှိတဲ့ စကြဝဠာတစ်ခုပဲ!”
ရွှယ်အန်း၏ စကားကို ကြားသောအခါ လူအများ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း အံ့အားသင့်မှုသို့ ပြောင်းလဲသွားသည်။
“ငါတို့ကမ္ဘာက တစ်ချိန်က ဘုံတစ်သောင်းရဲ့ မူလအစလို့ လူသိများခဲ့တယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာ စကြဝဠာမျိုးနွယ်ကြီးတချို့ရဲ့ သတ်ဖြတ်မှုကြောင့် လူသားမျိုးနွယ်ရြ့ အစွမ်းထက်သူတွေက ကောင်းကင်နဲ့မြေကြီးကို အဆက်ဖြတ်ဖို့ ကျန့်မုသစ်ပင်ကြီးကို ခုတ်လှဲခဲ့ကြတယ်၊ အဲ့ဒီအချိန်ကစပြီး ဒီနေရာက လောကဓာတ်စွမ်းအင်တွေ တဖြည်းဖြည်း ယုတ်လျော့လာပြီး စကြဝဠာနယ်ပယ်ပေါင်းစုံနဲ့ အဆက်ပြတ်သွားခဲ့ရတယ်”
ထိုသို့ပြောလိုက်စဉ် ရွှယ်အန်း၏ လေသံမှာ ရေခဲတမျှ အေးစက်နေသည်။
“အခု ငါတို့ကမ္ဘာက စကြဝဠာနယ်ပယ်ပေါင်းစုံဆီ ပြန်လည်ချိတ်ဆက်တော့မယ်၊ အဲ့ဒီရန်သူဟောင်းတွေက ဒီအတိုင်း လွယ်လွယ်နဲ့ လက်လွှတ်မှာမဟုတ်ဘူး၊ အရပ်မျက်နှာပေါင်းစုံက စိန်ခေါ်မှုတွေက ပိုလို့တောင် များပြားလာလိမ့်မယ်”
“ဒါပေမဲ့ ငါတို့နိုင်ငံမှာ စကားပုံဟောင်းတစ်ခုရှိတယ်၊ ‘ကောင်းကင်ဘုံက လုံ့လဝီရိယရှိသူကို ဆုချပြီး မြင့်မြတ်သူတွေကတော့ မိမိကိုယ်ကို တိုးတက်ရန် အမြဲကြိုးစားတယ်’ တဲ့၊ ဒီစကားက အဓိပ္ပာယ်ရှိတယ်၊ ဘာလို့လဲဆိုတော့ အဆက်မပြတ် မိမိကိုယ်ကို တိုးတက်အောင် ကြိုးစားမှသာ. ငါတို့ကမ္ဘာက စကြဝဠာနယ်ပယ်ပေါင်းစုံမှာ တကယ် ရပ်တည်နိုင်ပြီး အရင်က ဂုဏ်ကျက်သရေကို ပြန်လည်ရယူနိုင်မှာမို့လို့ပဲ”
သူ့စကားအပြီးတွင် ပွဲခန်းမတစ်ခုလုံး သင်္ချိုင်းကုန်းတစ်ခုပမ။ တိတ်ဆိတ်သွားသည်။
လူအများမှာ အံ့အားသင့်မှုကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
စကြဝဠာနယ်ပယ်ပေါင်းစုံ၊ ကောင်းကင်နှင့် မြေကြီး အဆက်အသွယ်ပြတ်တောက်ခြင်း၊ ကျန့်မုသစ်ပင်ကို ခုတ်လှဲခြင်း၊ စကြဝဠာမျိုးနွယ်ကြီးများ...
ဤအကြောင်းအရာ တစ်ခုချင်းစီသည် ကမ္ဘာကြီးကို တုန်လှုပ်စေလောက်အောင် ထိတ်လန့်စရာကောင်းလှသည်။
ယနေ့တွင်မူ ဤအကြောင်းအရာအားလုံးကို ရွှယ်အန်းက လူအများရှေ့ ချပြလိုက်ရာ တက်ရောက်လာသူအားလုံးကို အံ့အားသင့်စေသည်မှာ သဘာဝကျပါသည်။
ထိုအချိန်တွင် ရွှယ်အန်းသည် လူအျားကို စူးစိုက်ကြည့်လိုက်ရာ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုသည့်အရိပ်အယောင်တစ်ခု လက်သွားသည်။
“တစ်ချိန်က လူသ းမျိုးနွယ်ကို သတ်ဖြတ်ပြီး ကံကြမ္မာကို လုယူသွားတဲ့ စကြဝဠာမျိုးနွယ်ကြီးတွေအတွက်တော့... ငါပြောနိုင်တာတစ်ခုပဲရှိတယ်၊ မျိုးဖြုတ်သတ်ဖြတ်မှုရဲ့ သွေးကြွေးကို သွေးနဲ့ပြန်ဆပ်ရမယ်”
ဘုန်း
ဤစကားလုံးများသည် ပွဲခန်းမအတွင်းရှိ တင်းမာနေသောလေထုကို လုံးဝ မီးထတောက်စေလိုက်သည်။
နိုင်ငံတော်ကာကွယ်ရေးဦးစီးချုပ်နှင့် သူ့နောက်မှ ဗိုလ်ချုပ်များသညါ လူသားမျိုးနွယ်မှ လူများနှင့်အတူ အားလုံး ရှေ့သို့တက်လာပြီး မျက်နှာထားတည်တင်းစွာဖြင့် ကြွေးကြော်လိုက်ကြသည်။
“မျိုးဖြုတ်သတ်ဖြတ်မှုရဲ့ သွေးကြွေးကို သွေးနဲ့ပြန်ဆပ်ရမယ်”
ရုတ်တရက်ပင် ထိုအော်သံသည် ပွဲခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
“မျိုးဖြုတ်သတ်ဖြတ်မှုရဲ့ သွေးကြွေးကို သွေးနဲ့ပြန်ဆပ်ရမယ်”
ရွှယ်အန်း၏ စကားများသည် ရုပ်မြင်သံကြားနှင့် အင်တာနက်မှ တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
လူတိုင်း တုန်လှုပ်သွားကြသည်။
အဘယ့်ကြောင့်ဆို ရွှယ်အန်း၏ စကားများသည် လူတိုင်းအပေါ် သက်ရောက်မှု အလွန်ကြီးမားသောကြောင့်ဖြစ်ပြီး ထိုသက်ရောက်မှုသည် အမြစ်တွယ်နေသော အတွေးအခေါ်များစွာကိုပင် ပြောင်းလဲသွားစေခဲ့သည်။
ကမ္ဘာ့ပုံစံသည် ပြင်းထန်သောပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာသည်။ လူသားမျိုးနွယ်နှင့် ရန်လိုခဲ့သော နိုင်ငံများ၊ အင်အားစုများစွာသည် အရှက်မရှိ ပြောင်ပြောင်တင်းတင်းပင် မျက်နှာချိုသွေးလာကာ လူသားမျိုးနွယ်ကို ဖော်လံဖားယား ဆက်ဆံလာကြသည်။
အကြောင်းပြချက်မှာ ရိုးရှင်းလှသည်။
ရွှယ်အန်းသည် ကျင့်စဉ်ကျမ်းများစွာ ချီးမြှင့်ပေးမည်ဟု ပြောခဲ့သောကြောင့်ဖြစ်သည်။
ကျင့်ကြံခြင်းနည်းလမ်းများကို လိုအပ်နေသော နိုင်ငံများစွာအတွက် ၎င်းမှာ နှိုင်းယှဉ်၍မရသော သွေးဆောင်မှုတစ်ခု ဖြစ်သည်။
ဟုတ်ပါသည်၊ ဤကဲ့သို့သော ကိစ္စရပ်များကို နိုင်ငံတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခြားသူများမှ တာဝန်ယူကိုင်တွယ်သွားမည်ဖြစ်သည်။
စားသောက်ပွဲအပြီးတွင် ရွှယ်အန်းသည် အန်းမိသားစု၏ အတွင်းပိုင်းစံအိမ်သို့ ပြန်လာပြီး ထန်ရွှမ်အာကို ခေါ်လိုက်သည်။
“ဘာကိစ္စရှိလို့လဲ”
ထန်ရွှမ်အာသည် အပြေးအလွှား ရောက်လာကာ မေးလိုက်သည်။
ထိုအချိန်တွင် သူမ၏ ပါးပြင်များမှာ အရက်ရှိန်ကြောင့် ပန်းရောင်သန်းနေသည်။
သူမလည်း ယနေ့ည စားသောက်ပွဲတွင် ဝိုင်နီ နှစ်ခွက် သောက်ခဲ့သည်။ သူမ အိပ်တော့မည်ဆဲဆဲ ရွှယ်အန်းသည် သူမကို ခေါ်သည်ကြားသောအခါ အပြေးအလွှား ရောက်လာခြင်းဖြစ်သည်။
ရွှယ်အန်သည် အလှပဆုံးမျက်နှာပိုင်ရှင် မိန်းကလေးကို ကြည့်ကာ စိတ်ထဲတွင် လွမ်းဆွတ်သလို ခံစားလိုက်ရသည်။
ထိုစဉ်က သူပြန်မလာသေးချိန်၊ အန်းယန်လည်း ဘယ်ရောက်နေမှန်းမသိချိန်တွင် ၎င်းသည် ရှန်းရှန်းနှင့် နျန့်နျန့်ကို စောင့်ရှောက်ရမည့် ကြီးမားသောတာဝန်ကို တစ်ယောက်တည်း ထမ်းဆောင်ခဲ့ရသည်။
ဤအကြောင်းကြောင့်ပင် ရွှယ်အန်းသည် သူမကို အလွန်တန်ဖိုးထားသည်။
“ရွှယ်အာ မင်း ကျင့်ကြံချင်လား”
ရွှယ်အန်းက ပြုံးကာ မေးလိုက်သည်။
“ဟင်”
ထန်ရွှမ်အာ၏ မျက်လုံးများ ဝိုင်းစက်သွားပြီး ရွှယ်အန်းကို နားမလည်သလို ကြည့်လိုက်သည်။
“အန်းယန်နဲ့ မင်ရွှယ်တို့လိုမျိုး၊ အင်မော်တယ်ဖြစ်လာအောင် ကျင့်ကြံတာလား”
“ဒါပေမဲ့... ကျွန်မ လုပ်နိုင်ပါ့မလား”
ရွှယ်အန်း၏ မေးခွန်းကို ရင်ဆိုင်ရသောအခါ ထန်ရွှမ်အာသည် အမှန်တကယ်ပင် တုံ့ဆိုင်းနေခဲ့သည်။
အကယ်၍ အခြားတစ်ယောက်ယောက်သာ ဤမြင်ကွင်းကို မြင်ခဲ့ပါက အားမရလို့ သေမတတ် ဖြစ်သွားနိုင်သည်။
အခြားသူများအမြင်တွင် ခေတ်အဆက်ဆက် နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်သော ရွှယ်အန်းသည် ကိုယ်တိုင်ကိုယ်ကျ ကျင့်ကြံလိုလားဟု မေးလာလျှင် အဖြေမှာ ‘ဟုတ်ကဲ့’ သာဖြစ်ရမည်!
မည်သို့ပင်ဆိုစေ ဤသည်မှာ အနှစ်တစ်ထောင်တွင် တစ်ကြိမ်သာရနိုင်သော အခွင့်အရေးဖြစ်သည်။
သို့သော် ထန်ရွှမ်အာမှာမူ အနည်းငယ် တုံ့ဆိုင်းနေခဲ့သည်။
ရွှယ်အန်းက ထိုစကားကြားတော့ ရယ်လိုက်သည်။
“ဒါပေါ့၊ မင်းလုပ်နိုင်တယ်၊ မလုပ်နိုင်ရင်တောင် ငါက မင်း လုပ်နိုင်အောင် လုပ်ပေးလို့ရတယ်”
“ပြီးတေ။့... ကျင့်ကြံပြီးရင် မင်း အမြဲတမ်းနုပျိုပြီး အလှအပကို ထိန်းသိမ်းထားနိုင်တယ်”
ရွှယ်အန်းသည် မျက်စိတစ်ဖက်မှိတ်ပြကာ ပျော်ရွှင်စွာ ပြောလိုက်သည်။
ထန်ရွှမ်အာသည် မိန်းကလေးတစ်ယောက်ဖြစ်သောကြောင့် ထာဝရနုပျိုခြင်းကို မည်သို့မျှ မတွန်းလှန်နိုင်သဖြင့် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ ကျွန်မ ကျင့်ကြံချင်တယ်၊ ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ၊ အရမ်းရှုပ်ထွေးရင် ကျွန်မ မသင်နိုင်မှာစိုးတယ်"
ရွှယ်အန်းက အားရပါးရ ရယ်ချလိုက်သည်။
“မင်း ကျောင်းတက်တုန်းကလည်း ဒီလိုပတွေးတာပဲ၊ ဒီလောက်နှစ်တွေကြာတာတောင် မပြောင်းလဲသေးဘူးလား”
ထန်ရွှမ်အာသညါ ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်သည်။
“ကျွန်မက အလုပ်မရှုပ်စေချင်လို့ပါ”
“ကောင်းပြီလေ၊ ဒါဆို မင်းကျင့်ကြံတဲ့အခါ အလုပ်မရှုပ်အောင် ငါလုပ်ပေးမယ်”
ထိုသို့ပြောပြီးနောက် ရွှယ်အန်း၏ မျက်လုံးများသည် တောက်ပလာပြီး သူ၏ အမြင့်ဆုံးကျင့်ကြံစွမ်းအားဖြင့် ထန်ရွှမ်အာ၏ ခန္ဓာကိုယ်ကို စတင်ပြောင်းလဲပေးတော့သည်။
အစပိုင်းတွင် ရွှယ်အန်းသည် ထန်ရွှမ်အာကို မူလသဘာဝနတ်ဆေးလုံးတစ်လုံး ပေးခဲ့ဖူးသဖြင့် သူမအတွက် ကောင်းမွန်သော အခြေခံတစ်ခု ချပေးခဲ့သည်။
သို့သော် ထိုအချိန်က ရွှယ်အန်း၏ ကျင့်ကြံခြင်းအဆင့်သည် ယခုအခြေအနေသို့ ပြန်မရောက်သေးသည့်အပြင် မူလသဘာဝနတ်ဆေးလုံးမှာလည်း ထူးထူးခြားခြားမဟုတ်သောကြောင့် အလွန်အခြေခံကျသော အုတ်မြစ်တစ်ခုသာ ဖြစ်ခဲ့သည်။
ယခုမူ ရွှယ်အန်းသည် သူ၏ အမြင့်ဆုံးကျင့်ကြံစွမ်းအားကို တိုက်ရိုက်အသုံးပြုကာ သူမ၏ ကြွက်သားနှင့် ရိုးတွင်းခြင်ဆီကို အသစ်တဖန် ပြုပြင်ပေးနေသည်။
ခဏအကြာတွင် မီးခိုးရောင်အလင်းကွင်းတစ်ခု ထန်ရွှမ်အာ၏ ခန္ဓာကိုယ်မှ ခွဲထွက်သွားသည်။
ထိုအကျိုးဆက်ကြောင့် ထန်ရွှမ်အာ၏ အသွင်အပြင်မှာ ပိုလို့ပင် သန့်စင်သွားသည်။
ထိုစဉ် ရွှယ်အန်းသည် ညင်သာစွာ ပြောလိုက်သည်။
“စိတ်ကို တစ်ခုတည်းမှာ စုစည်းထား၊ တခြားအတွေးတွေ မတွေးနဲ့”
ထန်ရွှမ်အာသည် သူ၏စကားကြောင့် သတိဝင်သွားပြီး နစ်မြုပ်သည့်အခြေအနေသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။
ရွှယ်အန်းလည်း သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ ဤနူးညံ့သောမိန်းကလေး၏ စိတ်သည် ဖြူစင်လှသောကြောင့် အခြားသူများအတွက် အလွန်ခက်ခဲသော တည်ငြိမ်ခြင်းနယ်ပယ်သို့ ရောက်ရှိရန်မှာ သူမအတွက် လက်ဖဝါးလှန်လိုက်သလို လွယ်ကူလှသည်။
ရွှယ်အန်းသည် သူ၏ အားကောင်းသော ဝိညာဉ်အာရုံဖြင့် ကျမ်းတစ်စောင်ကို တိုက်ရိုက် ပို့လွှတ်လိုက်သည်။
ထို့နောက် သူ၏ ကိုယ်ပိုင်ကျင့်ကြံခြင်းအဆင့်ကို အသုံးပြုကာ ထန်ရွှမ်အာကို လည်ပတ်စေခဲ့သည်။
မကြာမီပင် ထန်ရွှမ်းအော်၏ ခန္ဓာကိုယ်မှ အလင်းများ တောက်ပလာပြီး သူမ၏ စွမ်းအင်အရှိန်အဝါသည် တဖြည်းဖြည်း တက်လာသည်။
မကြာခင်မှာပင် သူမသည် ရှောင်ယောင်းအဆင့်သို့ ရောက်ရှိသွားသည်။
ထန်ရွှမ်းအော် ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်သောအခါ သူမ၏ ကိုယ်ခန္ဓာကို အံ့အားသင့်စွာ ကြည့်မိတော့သည်။
သူမ၏ ခန္ဓာကိုယ်ထဲတွင် အားကြီးသော စွမ်းအားတစ်ခု လည်ပတ်နေသည်ကို ခံစားရပြီး သူမ၏ စိတ်ထဲတွင်လည်း အချက်အလက်အသစ်အချို့ ရောက်ရှိလာသည်။
“ရွှယ်အန်း၊ ဒါက ဘာတွေလဲ...”
ရွှယ်အန်းသည် ညင်သာစွာ ပြုံးလိုက်သည်
“ရွှယ်အာ မင်းက စိတ်ထားဖြူစင်ပြီး အလုပ်ရှုပ်မခံချင်တဲ့အတွက် ငါမင်းကို ကျောက်စိမ်းသန့်စင် လွတ်လပ်ခြင်းကျမ်းကို ပေးလိုက်တာ”
“ဒီကျမ်းက ရှေးဟောင်းနတ်ဘုရားဂိုဏ်းတစ်ခုက ဆင်းသက်လာတာ၊ နူးညံ့ပြီး ငြိမ်းချမ်းတယ်၊ မင်းနဲ့ အရမ်းကိုက်ညီတယ်”